[Unicode]
'ဧကရာဇ်နဲ့ကျွန်မ'၀တ္ထုကိုရေးတယ့်စာရေးဆရာကတစ်ကယ်မိုက်မဲပြီးပျင်းရိဖို့ကောင်းတယ်၊ဘာလို့လဲဆိုတော့ ဝတ္ထုထဲမှာ ဗီလိန်နဲ့အဓိကဇာတ်ဆောင်တို့ရဲ့ နောက်ခံဇာတ်ကြောင်းက များစွာကွာခြားခြင်းမရှိတာကြောင့်ပဲ၊သူတို့နှစ်ယောက်လုံးမှာ ကလေးဘဝက ဒဏ်ရာတွေရှိကြတယ်၊နှစ်ယောက်လုံးကလည်း အချစ်မခံရဘဲ လျစ်လျူရှုခံခဲ့ကြရတယ်။
ထီးနန်းအတွက်တိုက်ခိုက်ကြရင်း မင်းသားလီချန်းအသတ်ခံလိုက်ရတယ်၊မင်းသားလီဟိုင်လက်ချက်နဲ့ပေါ့၊အဲ့ဒီနောက်မှာ မင်းသားလီဟိုင်က ဧကရာဇ်အသစ်အဖြစ်နန်းတက်လာခဲ့တယ်။
ဟယ်ပေ မြို့စားအိမ်တော်ပြိုလဲသွားတော့ လီနင်အမေက မိမိကိုယ်ကိုသတ်သေသွားခဲ့တယ်၊ ထို့နောက် ကောင်လေးကိုဧကရာဇ် လီဟိုင်က မွေးစားခဲ့ပြီး ငါးနှစ်သားအရွယ်မှာတင်လုပ်ကြံသတ်ဖြတ်သူနှင့်သူလျှိုဖြစ်ရန် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်၊သူသည် နာကျင်မှု၊ကြောက်ရွံ့မှုနှင့်သေခြင်းတို့မရှိဘဲဧကရာဇ်၏ရုပ်သေးရုပ်အဖြစ်ကြီးပြင်းလာခဲ့သည်။
လီနင် အမျိုးသမီးဇာတ်ဆောင်ကို ပထမဆုံးအကြိမ်တွေ့တော့.. သူ့နှလုံးခုန်နှုန်းတွေအရမ်းမြန်နေတာသတိထားမိသွားပြီး-တွေးလိုက်တာက;ဒီလူကိုသာသတ်ပစ်လိုက်ရရင် အရမ်းစိတ်ကျေနပ်စရာကောင်းမှာပဲ။ဟုတ်ပါတယ် အဲ့ဒီမိန်းကလေးက မာနကြီးပြီးစိတ်တိုလွယ်သောမင်းသမီးလေး ချူ၀မ်၀မ်ဖြစ်သည်။
'ဘယ်လို ဆိုက်ကိုကောင်ပါလိမ့်!'
"လောလောဆယ်တော့ လုပ်ကြံမှုမအောင်မြင်သေးဘူး၊နန်းဘုရင်လည်း ကျဉ်းထဲကြပ်ထဲရောက်နေတယ်၊အရှင့်သား,ကျုပ်တို့သံပူလာတယ့်အချိန်မှ လုပ်ကြံရင်ကောင်းမယ်"
ငါသိပြီ၊ဟယ်ပေ မြို့စားက ပိုင်စုရှင်းရောသူမအဖေပါ အဓိကဇာတ်ဆောင်ကိုထပ်ဆန့်ကျင်ဖို့ကောင်းကောင်းအသုံးချချင်နေတာပဲ။
"ကျုပ်တို့အခွင့်အရေးလက်လွှတ်မသွားခင် ပြတ်ပြတ်သားသားဆောင်ရွက်မှပဲရမယ်"
သူမဗီလိန်နဲ့ဆန့်ကျင်ဘက်နေရာဖြစ်တယ့် ပိုင်မုရိုနားတွင်ထိုင်လိုက်သည်။
"အဟမ်း,မိန်းကလေးရဲ့ထင်မြင်ချက်လေးလဲသိပါရစေ"
သူမမြို့စားရဲ့အကြည့်ကို ခဏတာတွေ့ပြီး အဝေးတစ်နေရာကိုလှမ်းကြည့်လိုက်သည်၊သူမစိတ်ထဲမသက်မသာ ခံစားနေရသည်။
"မိန်းကလေးပိုင်နဲ့လီဟန်က တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းခင်မင်ကြတာလူတိုင်းသိတယ်၊မိန်းကလေးပိုင်က ကျွန်တော့ဘက်ကဆိုတာဘယ်လိုယုံကြည်ရမလဲ?"
လီနင်က ယောက်ျားပီသခြင်း ဒါမှမဟုတ် အတွင်းခံ၀တ်ကြော်ငြာမော်ဒယ်ပုံစံမျိုး' ဖြစ်ပြီး လီဟန်ကချောတယ့်ကောင်လေး ဒါမှမဟုတ် idolကောင်လေးတွေလိုပုံစံမျိုးပဲ။
နန်းဘုရင်ကပိန်သွယ်ပြီး Liu Yuning ဒါမှမဟုတ် Jackson Wangတို့လိုပုံစံမျိုး၊ဟယ်ပေမြို့စားကတော့ Zhou Yiwei၊Jason Mamoaနဲ့The Rockတို့လိုကြွက်သားအပြည့်နဲ့ပုံစံမျိုး။
အဓိကဇာတ်ဆောင်ကအေးစက်တယ့်မျက်နှာထားမျိုးရှိပြီး ဒီလျှို့ဝှက်ဗီလိန်ကတော့ အပြုံးလေးနဲ့ဖုံးကွယ်ထားရတာကိုနှစ်သက်သည်၊လီနင်သည် လူအများရှေ့တွင်နေရောင်ခြည်လိုနွေးထွေးတယ့်အပြုအမူမျိုးဖော်ပြလေ့ရှိသည်၊ ဝတ္ထုမှာနောက်ဆုံးအခန်းထိတိုင်အောင် သူ့တစ်ကယ့်အကြံအစည်ကိုဖုံးကွယ်ထားသည်။
"စိတ်မပူပါနဲ့ အရှင့်သား"ပိုင်မုရိုကသူ၏သမီးဘက်ကိုလှည့်ကာဆိုလိုက်၏
"ရှင်းအာ,အဲ့ဒီခွေးမင်းသားနဲ့ကစားနေတာဘယ်တော့ရပ်မှာလဲ?အဖေ့သမီးအကြောင်းအဖေသိပါတယ်,သမီးသူ့ကိုဂရုစိုက်ဟန်ဆောင်ခဲ့တာမလား?"
လီနင် ပြုံးလိုက်ကာ"သရုပ်ဆောင်တယ်?ဒါအမှန်ပဲလား?"
သူမမော့ကြည့်လိုက်တော့ ဗီလိန်ရဲ့စူးစမ်းနေတယယ်မျက်လုံးတွေနဲ့ဆုံမိသွား၍အားတင်းကာ အတင်းပြန်ပြုံးပြလိုက်ရသည်။
"အင်အားကြီးတယ့်သူတွေမှာလည်း ဘယ်တော့မှသစ္စာခံမရှိကြဘူးပဲ"
သူသည်ရယ်မောနေပုံပေါက်ကာ ခေါင်းကို တစ်ဖက်သို့ယမ်းနေသည်။
"မင်းသားက ကျွန်မအဲ့လိုအရာတွေဘယ်လိုလုပ်ခဲ့ရမှန်းမသိပါဘူး;ကျွန်မကအမြဲတမ်း ဘေးကင်းအောင်ကစားတယ်၊တစ်ဖက်ကတော့ အပြစ်ကင်းစင်စွာကြည့်တယ်၊ဝံပုလွေတွေက အသားအတွက်တိုက်ခိုက်ကြပြီးသေသွားတဲ့အခါ ကျားကအသားကိုအသာလေးယူပြီးနောက်ဆုံးမှာအောင်နိုင်သူဖြစ်သွားသလိုမျိုးပေါ့"
"အထက်ကပြောခဲ့သလိုပဲ,ဂိမ်းဆော့တဲ့သူတွေက ကြည့်နေတဲ့သူတွေလောက် ရှင်းရှင်းလင်းလင်းမမြင်ရဘူးလေ"သူမလက်ဖက်ရည်အိုးကို မြှောက်လိုက်ပြီး ခွက်ထဲသို့လက်ဖက်ရည်ကိုဂုဏ်သရေရှိစွာလောင်းထည့်လိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် အရှင်မင်းသား,ကျွန်မကဘယ်သူဧကရာဇ်ဖြစ်မလဲဆိုတာကိုဂရုမစိုက်ဘူး၊သစ္စာတရား?ချစ်ခြင်းမေတ္တာ?အဲဒါမျိုးတွေ ဘယ်သူကဂရုစိုက်နေမှာလဲ?
သူမလတ်လတ်ဆတ်ဆတ်ဖျော်ထားတယ့်လက်ဖက်ရည်ခွက်ကို နှာခေါင်းနားသို့ကပ်ကာလက်ဖက်ရည်၏ရနံ့ကိုရှူရှိုက်ရင်းမျက်လုံးများခဏမှိတ်ထားလိုက်သည်၊ရနံ့မှာစံပယ်ရနံ့လေးဖြစ်သည်၊ပြီးတော့မှ ဖြေးဖြေးချင်းသောက်လိုက်သည်။
"စိတ်မပူပါနဲ့ မင်းသား,ကျွန်မကငယ်ငယ်ကတည်းကမျက်စိဘယ်တော့မှယိမ်းယိုင်တယ့်သူမျိုးမဟုတ်ပါဘူး,ကျွန်မကဧကရာဇ်ဘေးကအဖိုးတန်ထိုင်ခုံတစ်လုံးကိုပဲလိုချင်တာပါ,ဧကရီအဖြစ်သရဖူဆောင်းပြီးတာနဲ့ကျွန်မနဲ့ပိုင်မိသားစုဂုဏ်သိက္ခာကိုထိပါးရဲတယ့်သူမှန်သမျှသေခြင်းတရားကဘာလဲဆိုတာ သိခွင့်ပေးလိုက်မယ်"
ခွက်ကိုချလိုက်ပြီးပြတ်ပြတ်သားသား အသံနဲ့ ပြောလိုက်သည်"အဖေက ကျွန်မအတွက်အဲ့လိုဖြစ်လာဖို့အမြဲအိပ်မက်မက်နေရတာဆိုတော့,ကမ္ဘာကြီးကကျွန်မကို တစ်နေ့ဉီးညွှတ်လာရလိမ့်မယ်-သူ့ရဲ့သမီးကိုပေါ့"
လီနင်သည် အံအားသင့်စွာရယ်မောလိုက်ပြီး ပိုင်မူရို၏လက်ခုပ်တီးသံများနှင့်အတူထွက်ပေါ်လာတော့သည်။
"ရှင်းအာ,သမီးကတစ်ကယ်အဖေ့သမီးပဲ၊အဖေ့ကိုဘယ်တော့မှစိတ်မပျက်စေဘူး"
မလှမ်းမကမ်းမှလီနင်သည် သူမ၏ကူးပြောင်းလာတယ့်ဝိညဉ်အားမြင်နေရသကဲ့သို့ စိုက်ကြည့်နေလေသည်။
"အမတ်ချုပ်,ဖြစ်နိုင်မယ်ဆိုရင် အမတ်ချုပ်ရဲ့ သမီးနဲ့နှစ်ယောက်ထဲစကားပြောချင်တယ်"
"အဲဒါက.."ပိုင်မုရိုက တုံ့ဆိုင်းသွားပေမယ့် နောက်ဆုံးတော့သဘောတူလိုက်သည်။
မှန်ပါသည်၊ကိုယ့်သမီးကို ဒီဝံပုလွေကြီးထံ၍ ထားရစ်ခဲ့လေပြီဖြစ်သည်၊ဘယ်လို ဖခင်ကောင်းလဲဟ?အမတ်ချုပ်သည် သူ၏ဦးခေါင်းထက်ရှေးကျသောယဉ်ကျေးမှုကို မည်သို့ဂရုစိုက်နိုင်မည်နည်း။
အသက်ကြီးသူမရှိလျှင် ယောက်ျားနှင့်မိန်းမကို အခန်းတစ်ခန်းတွင်ထားခွင့်မပြုချေ၊သို့သော် ဤဗီလိန်သည် ထိုကျင့်ဝတ်ကိုလျစ်လျူရှုဝံ့သည်။သို့သော် တော်ဝင်မင်းသားတစ်ပါးဖြစ်သလို နောင်ဧကရာဇ်ဖြစ်နိုင်ချေရှိသေးမည့်သူကို အဘယ်သို့မရိုသေဝံ့မည်နည်း၊ကိုယ်ခေါင်းကိုယ်မလိုချင်တော့ဘူးဆိုရင်တော့!
"မိန်းကလေးပိုင်,မင်းနဲ့အတူဒီရေကပြန်လာနေပြီ၊အခုကစပြီး,နောက်ဆုံးမှာအရာအားလုံးပြောင်းလဲသွားလိမ့်မယ်"
လီနင်သည်ထိုင်ခုံမှထလိုက်ကာ သူမဆီသို့လျှောက်လာပြီးဒူးတစ်ဖက်ထောက်လျက်လက်တစ်ဖက်ကိုသူမရှေ့သို့ ဆန့်တန်းလိုက်သည်။
သူ့လက်ကိုလက်ခံလိုက်သည့်အချိန် သူမကိုယ့်နှုတ်ခမ်းအတွင်းသားကိုဖွဖွလေးကိုက်ထားမိသည်၊ဗီလိန်က အောင်ပွဲခံစွာပြုံးလိုက်သည်။ သူသည် သူ့နှုတ်ခမ်းတွေကို သူမလက်ဖမိုးပေါ်တွင်ဖွဖွလေးနမ်းလိုက်၏။စုရှင်းသူမလက်ကို ပြန်ဆွဲထုတ်ရန်ပင် ကြောင်အကာမေ့နေတော့သည်။
လီနင်မော့ကြည့်လိုက်ကာ"ငါပြောခဲ့တယ်လေ, နောက်ဆုံးတော့ မင်းကိုဖမ်းမိပြီ,သခင်မလေး"
သူမမျက်လုံးတွေ ပြူးကျယ်သွားသည်၊ဒီအသုံးအနှုန်းတွေက..
'လာနောက်နေတာလား?ဒါက ဘယ်လိုချီးထုပ်အခန်းမျိုးလဲ?!
--
မြို့တော်တွင်လီချာ၏လက်ထပ်ထိမ်းမြားမှုနှင့် မဟာမိတ်ပြုရန်အတွက်ဒူအင်ပါယာသို့ ထွက်ခွာသွားသည့်ခေါင်းစဉ်များဖြင့်စည်ကားလျက်ရှိသည်။နောက်နှစ်ရက်ကြာတော့ မြို့တော်ကိုနောက်ထပ်ကောလာဟလတွေထပ်ပျံ့နှံ့သွားသည်။
'ယာဘက်အမတ်ချုပ်၏သမီး ချူ၀မ်၀မ်သည် နန်းဘုရင်အားကျန်းမာလာစေရန် နှစ်ရက်ကြာ မမောမပန်းပဲ ပြုစုစောင့်ရှောက်ပေးနေရတယ်တယ့်၊ဒါပေမယ့် ဘယ်ဘက်အမတ်ချုပ်ရဲ့တရားဝင်အကြီးဆုံးသမီးဖြစ်တယ့် ပိုင်စုရှင်းကတော့ဖျားနာနေတယ့်မင်းသားကိုလာရောက်လည်ပတ်ခြင်းမပြုဘဲငြင်းပယ်ခဲ့တယ်၊နန်းတပ်ခေါင်းဆောင်သေလုမြောပါးသတင်းကို နန်းဘုရင်ရဲ့အစေခံအားလုံးတံခါးများပင်ပိတ်ထားခဲ့ကြသည်၊ဟယ်ပေမြို့စားကတောင်တောင်းဆိုမှုကိုငြင်းပယ်ခဲ့တယ်ပြီးတော့မိန်းကလေးပိုင်ဟာ ယခုတော့အအေးမိပြီးသူ့အခန်းထဲမှာလောလောဆယ်အနားယူနေတယ်တယ့်"
ပြည်သူလူထု- "ဘယ်လိုတောင်ရက်စက်လိုက် တယ့်လူပါလိမ့်"
****
[Zawgyi]
'ဧကရာဇ္နဲ႔ကြၽန္မ'၀တၳဳကိုေရးတယ့္စာေရးဆရာကတစ္ကယ္မိုက္မဲၿပီးပ်င္းရိဖို႔ေကာင္းတယ္၊ဘာလို႔လဲဆိုေတာ့ ဝတၳဳထဲမွာ ဗီလိန္နဲ႔အဓိကဇာတ္ေဆာင္တို႔ရဲ႕ ေနာက္ခံဇာတ္ေၾကာင္းက မ်ားစြာကြာျခားျခင္းမ႐ွိတာေၾကာင့္ပဲ၊သူတို႔ႏွစ္ေယာက္လုံးမွာ ကေလးဘဝက ဒဏ္ရာေတြ႐ွိၾကတယ္၊ႏွစ္ေယာက္လုံးကလည္း အခ်စ္မခံရဘဲ လ်စ္လ်ဴ႐ႈခံခဲ့ၾကရတယ္။
ထီးနန္းအတြက္တိုက္ခိုက္ၾကရင္း မင္းသားလီခ်န္းအသတ္ခံလိုက္ရတယ္၊မင္းသားလီဟိုင္လက္ခ်က္နဲ႔ေပါ့၊အဲ့ဒီေနာက္မွာ မင္းသားလီဟိုင္က ဧကရာဇ္အသစ္အျဖစ္နန္းတက္လာခဲ့တယ္။
ဟယ္ေပ ၿမိဳ႕စားအိမ္ေတာ္ၿပိဳလဲသြားေတာ့ လီနင္အေမက မိမိကိုယ္ကိုသတ္ေသသြားခဲ့တယ္၊ ထို႔ေနာက္ ေကာင္ေလးကိုဧကရာဇ္ လီဟိုင္က ေမြးစားခဲ့ၿပီး ငါးႏွစ္သားအ႐ြယ္မွာတင္လုပ္ၾကံသတ္ျဖတ္သူႏွင့္သူလွ်ိဳျဖစ္ရန္ ေလ့က်င့္ေပးခဲ့ျခင္းျဖစ္သည္၊သူသည္ နာက်င္မႈ၊ေၾကာက္႐ြံ႕မႈႏွင့္ေသျခင္းတို႔မ႐ွိဘဲဧကရာဇ္၏႐ုပ္ေသး႐ုပ္အျဖစ္ႀကီးျပင္းလာခဲ့သည္။
လီနင္ အမ်ိဳးသမီးဇာတ္ေဆာင္ကို ပထမဆုံးအႀကိမ္ေတြ႕ေတာ့.. သူ႕ႏွလုံးခုန္ႏႈန္းေတြအရမ္းျမန္ေနတာသတိထားမိသြားၿပီး-ေတြးလိုက္တာက;ဒီလူကိုသာသတ္ပစ္လိုက္ရရင္ အရမ္းစိတ္ေက်နပ္စရာေကာင္းမွာပဲ။ဟုတ္ပါတယ္ အဲ့ဒီမိန္းကေလးက မာနႀကီးၿပီးစိတ္တိုလြယ္ေသာမင္းသမီးေလး ခ်ဴ၀မ္၀မ္ျဖစ္သည္။
'ဘယ္လို ဆိုက္ကိုေကာင္ပါလိမ့္!'
"ေလာေလာဆယ္ေတာ့ လုပ္ၾကံမႈမေအာင္ျမင္ေသးဘူး၊နန္းဘုရင္လည္း က်ဥ္းထဲၾကပ္ထဲေရာက္ေနတယ္၊အ႐ွင့္သား,က်ဳပ္တို႔သံပူလာတယ့္အခ်ိန္မွ လုပ္ၾကံရင္ေကာင္းမယ္"
ငါသိၿပီ၊ဟယ္ေပ ၿမိဳ႕စားက ပိုင္စု႐ွင္းေရာသူမအေဖပါ အဓိကဇာတ္ေဆာင္ကိုထပ္ဆန္႔က်င္ဖို႔ေကာင္းေကာင္းအသုံးခ်ခ်င္ေနတာပဲ။
"က်ဳပ္တို႔အခြင့္အေရးလက္လႊတ္မသြားခင္ ျပတ္ျပတ္သားသားေဆာင္႐ြက္မွပဲရမယ္"
သူမဗီလိန္နဲ႔ဆန္႔က်င္ဘက္ေနရာျဖစ္တယ့္ ပိုင္မု႐ိုနားတြင္ထိုင္လိုက္သည္။
"အဟမ္း,မိန္းကေလးရဲ႕ထင္ျမင္ခ်က္ေလးလဲသိပါရေစ"
သူမၿမိဳ႕စားရဲ႕အၾကည့္ကို ခဏတာေတြ႕ၿပီး အေဝးတစ္ေနရာကိုလွမ္းၾကည့္လိုက္သည္၊သူမစိတ္ထဲမသက္မသာ ခံစားေနရသည္။
"မိန္းကေလးပိုင္နဲ႔လီဟန္က တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္းခင္မင္ၾကတာလူတိုင္းသိတယ္၊မိန္းကေလးပိုင္က ကြၽန္ေတာ့ဘက္ကဆိုတာဘယ္လိုယုံၾကည္ရမလဲ?"
လီနင္က ေယာက်္ားပီသျခင္း ဒါမွမဟုတ္ အတြင္းခံ၀တ္ေၾကာ္ျငာေမာ္ဒယ္ပုံစံမ်ိဳး' ျဖစ္ၿပီး လီဟန္ကေခ်ာတယ့္ေကာင္ေလး ဒါမွမဟုတ္ idolေကာင္ေလးေတြလိုပုံစံမ်ိဳးပဲ။
နန္းဘုရင္ကပိန္သြယ္ၿပီး Liu Yuning ဒါမွမဟုတ္ Jackson Wangတို႔လိုပုံစံမ်ိဳး၊ဟယ္ေပၿမိဳ႕စားကေတာ့ Zhou Yiwei၊Jason Mamoaနဲ႔The Rockတို႔လိုႂကြက္သားအျပည့္နဲ႔ပုံစံမ်ိဳး။
အဓိကဇာတ္ေဆာင္ကေအးစက္တယ့္မ်က္ႏွာထားမ်ိဳး႐ွိၿပီး ဒီလွ်ိဳ႕ဝွက္ဗီလိန္ကေတာ့ အျပဳံးေလးနဲ႔ဖုံးကြယ္ထားရတာကိုႏွစ္သက္သည္၊လီနင္သည္ လူအမ်ားေ႐ွ႕တြင္ေနေရာင္ျခည္လိုေႏြးေထြးတယ့္အျပဳအမူမ်ိဳးေဖာ္ျပေလ့႐ွိသည္၊ ဝတၳဳမွာေနာက္ဆုံးအခန္းထိတိုင္ေအာင္ သူ႕တစ္ကယ့္အၾကံအစည္ကိုဖုံးကြယ္ထားသည္။
"စိတ္မပူပါနဲ႔ အ႐ွင့္သား"ပိုင္မု႐ိုကသူ၏သမီးဘက္ကိုလွည့္ကာဆိုလိုက္၏
"႐ွင္းအာ,အဲ့ဒီေခြးမင္းသားနဲ႔ကစားေနတာဘယ္ေတာ့ရပ္မွာလဲ?အေဖ့သမီးအေၾကာင္းအေဖသိပါတယ္,သမီးသူ႕ကိုဂ႐ုစိုက္ဟန္ေဆာင္ခဲ့တာမလား?"
လီနင္ ျပဳံးလိုက္ကာ"သ႐ုပ္ေဆာင္တယ္?ဒါအမွန္ပဲလား?"
သူမေမာ့ၾကည့္လိုက္ေတာ့ ဗီလိန္ရဲ႕စူးစမ္းေနတယယ္မ်က္လုံးေတြနဲ႔ဆုံမိသြား၍အားတင္းကာ အတင္းျပန္ျပဳံးျပလိုက္ရသည္။
"အင္အားႀကီးတယ့္သူေတြမွာလည္း ဘယ္ေတာ့မွသစၥာခံမ႐ွိၾကဘူးပဲ"
သူသည္ရယ္ေမာေနပုံေပါက္ကာ ေခါင္းကို တစ္ဖက္သို႔ယမ္းေနသည္။
"မင္းသားက ကြၽန္မအဲ့လိုအရာေတြဘယ္လိုလုပ္ခဲ့ရမွန္းမသိပါဘူး;ကြၽန္မကအၿမဲတမ္း ေဘးကင္းေအာင္ကစားတယ္၊တစ္ဖက္ကေတာ့ အျပစ္ကင္းစင္စြာၾကည့္တယ္၊ဝံပုေလြေတြက အသားအတြက္တိုက္ခိုက္ၾကၿပီးေသသြားတဲ့အခါ က်ားကအသားကိုအသာေလးယူၿပီးေနာက္ဆုံးမွာေအာင္ႏိုင္သူျဖစ္သြားသလိုမ်ိဳးေပါ့"
"အထက္ကေျပာခဲ့သလိုပဲ,ဂိမ္းေဆာ့တဲ့သူေတြက ၾကည့္ေနတဲ့သူေတြေလာက္ ႐ွင္း႐ွင္းလင္းလင္းမျမင္ရဘူးေလ"သူမလက္ဖက္ရည္အိုးကို ေျမႇာက္လိုက္ၿပီး ခြက္ထဲသို႔လက္ဖက္ရည္ကိုဂုဏ္သေရ႐ွိစြာေလာင္းထည့္လိုက္သည္။
"ပြင့္ပြင့္လင္းလင္းေျပာရရင္ အ႐ွင္မင္းသား,ကြၽန္မကဘယ္သူဧကရာဇ္ျဖစ္မလဲဆိုတာကိုဂ႐ုမစိုက္ဘူး၊သစၥာတရား?ခ်စ္ျခင္းေမတၱာ?အဲဒါမ်ိဳးေတြ ဘယ္သူကဂ႐ုစိုက္ေနမွာလဲ?
သူမလတ္လတ္ဆတ္ဆတ္ေဖ်ာ္ထားတယ့္လက္ဖက္ရည္ခြက္ကို ႏွာေခါင္းနားသို႔ကပ္ကာလက္ဖက္ရည္၏ရနံ႔ကို႐ွဴ႐ိႈက္ရင္းမ်က္လုံးမ်ားခဏမွိတ္ထားလိုက္သည္၊ရနံ႔မွာစံပယ္ရနံ႔ေလးျဖစ္သည္၊ၿပီးေတာ့မွ ေျဖးေျဖးခ်င္းေသာက္လိုက္သည္။
"စိတ္မပူပါနဲ႔ မင္းသား,ကြၽန္မကငယ္ငယ္ကတည္းကမ်က္စိဘယ္ေတာ့မွယိမ္းယိုင္တယ့္သူမ်ိဳးမဟုတ္ပါဘူး,ကြၽန္မကဧကရာဇ္ေဘးကအဖိုးတန္ထိုင္ခုံတစ္လုံးကိုပဲလိုခ်င္တာပါ,ဧကရီအျဖစ္သရဖူေဆာင္းၿပီးတာနဲ႔ကြၽန္မနဲ႔ပိုင္မိသားစုဂုဏ္သိကၡာကိုထိပါးရဲတယ့္သူမွန္သမွ်ေသျခင္းတရားကဘာလဲဆိုတာ သိခြင့္ေပးလိုက္မယ္"
ခြက္ကိုခ်လိုက္ၿပီးျပတ္ျပတ္သားသား အသံနဲ႔ ေျပာလိုက္သည္"အေဖက ကြၽန္မအတြက္အဲ့လိုျဖစ္လာဖို႔အၿမဲအိပ္မက္မက္ေနရတာဆိုေတာ့,ကမ႓ာႀကီးကကြၽန္မကို တစ္ေန႔ဉီးၫႊတ္လာရလိမ့္မယ္-သူ႕ရဲ႕သမီးကိုေပါ့"
လီနင္သည္ အံအားသင့္စြာရယ္ေမာလိုက္ၿပီး ပိုင္မူ႐ို၏လက္ခုပ္တီးသံမ်ားႏွင့္အတူထြက္ေပၚလာေတာ့သည္။
"႐ွင္းအာ,သမီးကတစ္ကယ္အေဖ့သမီးပဲ၊အေဖ့ကိုဘယ္ေတာ့မွစိတ္မပ်က္ေစဘူး"
မလွမ္းမကမ္းမွလီနင္သည္ သူမ၏ကူးေျပာင္းလာတယ့္ဝိညဥ္အားျမင္ေနရသကဲ့သို႔ စိုက္ၾကည့္ေနေလသည္။
"အမတ္ခ်ဳပ္,ျဖစ္ႏိုင္မယ္ဆိုရင္ အမတ္ခ်ဳပ္ရဲ႕ သမီးနဲ႔ႏွစ္ေယာက္ထဲစကားေျပာခ်င္တယ္"
"အဲဒါက.."ပိုင္မု႐ိုက တုံ႔ဆိုင္းသြားေပမယ့္ ေနာက္ဆုံးေတာ့သေဘာတူလိုက္သည္။
မွန္ပါသည္၊ကိုယ့္သမီးကို ဒီဝံပုေလြႀကီးထံ၍ ထားရစ္ခဲ့ေလၿပီျဖစ္သည္၊ဘယ္လို ဖခင္ေကာင္းလဲဟ?အမတ္ခ်ဳပ္သည္ သူ၏ဦးေခါင္းထက္ေ႐ွးက်ေသာယဥ္ေက်းမႈကို မည္သို႔ဂ႐ုစိုက္ႏိုင္မည္နည္း။
အသက္ႀကီးသူမ႐ွိလွ်င္ ေယာက်္ားႏွင့္မိန္းမကို အခန္းတစ္ခန္းတြင္ထားခြင့္မျပဳေခ်၊သို႔ေသာ္ ဤဗီလိန္သည္ ထိုက်င့္ဝတ္ကိုလ်စ္လ်ဴ႐ႈဝံ့သည္။သို႔ေသာ္ ေတာ္ဝင္မင္းသားတစ္ပါးျဖစ္သလို ေနာင္ဧကရာဇ္ျဖစ္ႏိုင္ေခ်႐ွိေသးမည့္သူကို အဘယ္သို႔မ႐ိုေသဝံ့မည္နည္း၊ကိုယ္ေခါင္းကိုယ္မလိုခ်င္ေတာ့ဘူးဆိုရင္ေတာ့!
"မိန္းကေလးပိုင္,မင္းနဲ႔အတူဒီေရကျပန္လာေနၿပီ၊အခုကစၿပီး,ေနာက္ဆုံးမွာအရာအားလုံးေျပာင္းလဲသြားလိမ့္မယ္"
လီနင္သည္ထိုင္ခုံမွထလိုက္ကာ သူမဆီသို႔ေလွ်ာက္လာၿပီးဒူးတစ္ဖက္ေထာက္လ်က္လက္တစ္ဖက္ကိုသူမေ႐ွ႕သို႔ ဆန္႔တန္းလိုက္သည္။
သူ႕လက္ကိုလက္ခံလိုက္သည့္အခ်ိန္ သူမကိုယ့္ႏႈတ္ခမ္းအတြင္းသားကိုဖြဖြေလးကိုက္ထားမိသည္၊ဗီလိန္က ေအာင္ပြဲခံစြာျပဳံးလိုက္သည္။ သူသည္ သူ႕ႏႈတ္ခမ္းေတြကို သူမလက္ဖမိုးေပၚတြင္ဖြဖြေလးနမ္းလိုက္၏။စု႐ွင္းသူမလက္ကို ျပန္ဆြဲထုတ္ရန္ပင္ ေၾကာင္အကာေမ့ေနေတာ့သည္။
လီနင္ေမာ့ၾကည့္လိုက္ကာ"ငါေျပာခဲ့တယ္ေလ, ေနာက္ဆုံးေတာ့ မင္းကိုဖမ္းမိၿပီ,သခင္မေလး"
သူမမ်က္လုံးေတြ ျပဴးက်ယ္သြားသည္၊ဒီအသုံးအႏႈန္းေတြက..
'လာေနာက္ေနတာလား?ဒါက ဘယ္လိုခ်ီးထုပ္အခန္းမ်ိဳးလဲ?!
--
ၿမိဳ႕ေတာ္တြင္လီခ်ာ၏လက္ထပ္ထိမ္းျမားမႈႏွင့္ မဟာမိတ္ျပဳရန္အတြက္ဒူအင္ပါယာသို႔ ထြက္ခြာသြားသည့္ေခါင္းစဥ္မ်ားျဖင့္စည္ကားလ်က္႐ွိသည္။ေနာက္ႏွစ္ရက္ၾကာေတာ့ ၿမိဳ႕ေတာ္ကိုေနာက္ထပ္ေကာလာဟလေတြထပ္ပ်ံ႕ႏွံ႔သြားသည္။
'ယာဘက္အမတ္ခ်ဳပ္၏သမီး ခ်ဴ၀မ္၀မ္သည္ နန္းဘုရင္အားက်န္းမာလာေစရန္ ႏွစ္ရက္ၾကာ မေမာမပန္းပဲ ျပဳစုေစာင့္ေ႐ွာက္ေပးေနရတယ္တယ့္၊ဒါေပမယ့္ ဘယ္ဘက္အမတ္ခ်ဳပ္ရဲ႕တရားဝင္အႀကီးဆုံးသမီးျဖစ္တယ့္ ပိုင္စု႐ွင္းကေတာ့ဖ်ားနာေနတယ့္မင္းသားကိုလာေရာက္လည္ပတ္ျခင္းမျပဳဘဲျငင္းပယ္ခဲ့တယ္၊နန္းတပ္ေခါင္းေဆာင္ေသလုေျမာပါးသတင္းကို နန္းဘုရင္ရဲ႕အေစခံအားလုံးတံခါးမ်ားပင္ပိတ္ထားခဲ့ၾကသည္၊ဟယ္ေပၿမိဳ႕စားကေတာင္ေတာင္းဆိုမႈကိုျငင္းပယ္ခဲ့တယ္ၿပီးေတာ့မိန္းကေလးပိုင္ဟာ ယခုေတာ့အေအးမိၿပီးသူ႕အခန္းထဲမွာေလာေလာဆယ္အနားယူေနတယ္တယ့္"
ျပည္သူလူထု- "ဘယ္လိုေတာင္ရက္စက္လိုက္ တယ့္လူပါလိမ့္"
****