Villainess Series 1 : အဓိကဇာတ...

By PhuPhuUchiha

233K 21.6K 306

*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလ... More

၁..Transmigration
၂..ခေါင်းမာတတ်ခြင်း
၃..အကူအညီ
၄..ရက်စက်ခြင်း
၅..ပင်ပန်းနွမ်းနယ်ခြင်း
၆..အပြစ်ရှိခြင်း
၇..အကျည်းတန်အမာရွတ်
၈..ငန်းမလေး နှင့် ဘဲမလေး
၉..ဖရိုဖရဲဖြစ်လာခြင်း
၁၀..သူမ၏မျက်၀န်း
၁၁..ခေါ်ဆောင်သွားခြင်း
၁၂..လူလိမ်မလေး
၁၃..သံသယဖြစ်စရာ
၁၄..အေးစက်ခြင်း
၁၅..သူရဲကောင်း
၁၆..စောင့်ဆိုင်းပေးရခြင်း
၁၇..အလံဖြူလည်း မပြနိုင်ပါ
၁၈..ဖမ်းဆီးခံလိုက်ရခြင်း
၁၉..အလိမ်အညာ
၂၀..ပန်းအိုး
၂၁..မကောင်းသောအငွေ့အသက်
၂၂..ယုန်ဖြူလေး
၂၃..ဖမ်းဆီးလိုက်ခြင်း
၂၅..ဇနီး
၂၆..ဗီလိန်
၂၇..ငြင်းဆိုသည်
၂၈..အကြံပေးခြင်း
၂၉..ရူးသွပ်‌စေခြင်း
၃၀..အလဟသ
၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်
၃၁..သနားစရာကောင်းခြင်း
၃၃..ကယ်ဆယ်ခြင်း
၃၄..အစီစဉ်ကျရှုံးခြင်း
၃၅..ပြောင်းလဲစေခြင်း
၃၆..ဓားသွား
၃၇..ဘယ်တော့မှလက်မလွှတ်ဘူး
၃၈..မျက်ရည်
၃၉..နေရာ
၄၀..၀န်ခံလိုက်
၄၁..ခွင့်မပြုခြင်း
၄၂..ဆိုင်းဘုတ်
၄၃..ပြန်လည်ရောက်ရှိလာခြင်း
၄၄..တွေ့ဆုံလိုခြင်း
၄၅..စိတ်ကြီး၀င်လာခြင်း
၄၆..မြှားတစ်ထောင်
၄၇..ထွက်ခွာသွားခြင်း
၄၈..ရူးမိုက်မိခြင်း
၄၉..ငိုနေခြင်း
၅၀...ကတိ
၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း
၅၂..ကိုယ့်အက္ခရာ
နိဂုံး

၂၄..အကျိုးဆက်

3.9K 396 6
By PhuPhuUchiha

[Unicode]

ချူ၀မ်၀မ် ညှဉ်းပန်းနှိပ်စက်မှုကိုမခံရမှန်းစုရှင်းသိသည်။

ချူ၀မ်၀မ်ကသူမရဲ့ထက်မြက်သောညဏ်ပညာကို အသုံးပြု၍သူမ၏မဟာမိတ်များနှင့် သူငယ်ချင်းများရဲ့အကူအညီဖြင့်နောက်ဆုံးတွင် အပြစ်မရှိကြောင်း တွေ့ရှိလာရလိမ့်မည်ဖြစ်သည်၊အဓိကဇာတ်ဆောင်မင်းသမီးနှင့် ပတ်သက်သည့်စွပ်စွဲချက်အထောက်အထား မလုံလောက်သောကြောင့် ချူ၀မ်၀မ်သည် နောက်ဆုံးတွင် လွတ်မြောက်လာမည်ဖြစ်သည်။

'ဒါပေါ့,ဘာလို့လဲဆိုတော့သူမက နတ်ဘုရားမလိုအဓိကဇာတ်ဆောင်မင်းသမီးမို့လို့လေ,စာဖတ်သူတို့ကဘာတွေမျှော်လင့်နေတာလဲ?!

စုရှင်းနိုးလာတော့ အခန်းကိုကြည့်ကာချက်ချင်း မှတ်မိလိုက်သည်၊ထိတ်လန့်စွာဖြင့်လီဟန်ကို သူမအိပ်ယာဘေးတွေင်တွေ့လိုက်ရသည်၊ တုန်တုန်ယင်ယင်ဖြစ်သွားသော သူမကိုယ်လေးကျုံ့ကာပိုးထည်စောင်ထဲတွင် အသာပြန်ကွေးနေလိုက်၏။သူမရဲ့တုံ့ပြန်မှုကို အဓိကဇာတ်ဆောင်မြင်သွားတော့သူ့ရဲ့မျက်၀န်းတွေကမှေးကျဉ်းလျက် မျက်နှာမှာလည်းမဲမှောင်ကာလည်ပင်းတွင်လည်းသွေးကြောများထောင်နေပြီး ပန်းနုရောင်နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ်ဖိထားသည်။

စုရှင်း တုန်လှုပ်သွားပြီးမျက်လုံးကိုချက်ချင်းမှိတ်လိုက်သည်။

ထိုနက်မှောင်သောမျက်၀န်းများက သူမ၏ မျက်နှာကိုစတင်လေ့လာနေချိန်ဘာတွေတွေးနေလဲမသိပေ၊ခေါင်းပဲထုသတ်ဖို့စဉ်းစားနေတာလား ဒါမှမဟုတ် ရင်ဘတ်ထဲကနှလုံးကိုပဲ တိုက်ရိုက်ဆွဲထုတ်ပစ်မလားဆိုတာဘုရားသခင်ပဲသိပေလိမ့်မည်။

'အရမ်းရက်စက်တာပဲ!'ကြောက်ဖို့ကောင်းလိုက်တာ၊စုရှင်းချွေးအေးများထွက်လာတော့သည်။

အဓိကဇာတ်ဆောင်အားသူမ ဘုရားသခင်အကြောင်းဘယ်လောက်သိလဲဆိုတာ တိတ်တဆိတ်တွေးနေပုံပင်၊စုရှင်း..သူတစ်ခုခုပြောလာဖို့စောင့်နေလိုက်၏။သို့သော် တိတ်ဆိတ်မှုကလွဲလို့ဘာသံမှထွက်မလာချေ၊ခိုးကြည့်ဖို့လည်း မဝံ့ရဲပေ။

'ငါကသစ်ပင်၊ငါကသစ်ပင်၊ငါက သစ်ပင်လို့၊အဓိကဇာတ်ဆောင်ရေ,ကျေးဇူးပြုပြီး ကျွန်မကိုလျစ်လျူရှုပေးပါ၊ကျွန်မစိတ်ထဲ မထားပါဘူး'

ထို့နောက် သူမအိပ်ယာဘေးကအေးစက်တယ့်ရောင်ဝါတွေကိုလျစ်လျူရှုပြီးသေခြင်းတရားနဲ့ ကစားဖို့ဆုံးဖြတ်လိုက်ရတော့သည်.. အဲ့တာမှ..ကျွန်မတို့ရဲ့ချစ်လှစွာသောနန်းဘုရင်ဆီက တစ်ခုခုကြားရမှာမလား။

'သေသာသေလိုက် ချင်တော့တယ်,အမေရေ!'

အဘယ်ကြောင့်ဆိုသော လီဟန်သည်သူမအခန်းထဲတွင်တစ်ညလုံးနေဖို့စီစဉ်နေပုံရသည်-သူမအတွက်တော့တစ်ညက နှစ်တစ်ထောင်လောက်ကြာသလိုခံစားရမှာအသေအချာပင်ဖြစ်၏။

'သူ မပင်ပန်းဘူးလား?'

အာ,အဓိကဇာတ်ဆောင်နှုတ်ဆိတ်နေတာ ကြောက်ဖို့ကောင်းလိုက်တာဟာ၊ငါ့ကိုပြုစုပေးတုန်းကလည်း တစ်ခွန်းမှမဟဘူး၊အဲ့လိုနှုတ်ဆိတ်နေတာကငါ့ကို ပိုနှိပ်‌စက်နေသလိုပဲ၊သူအရမ်းဒေါသထွက်နေလို့..ငါ့ကို..တိတ်တဆိတ်သတ်ပစ်ဖို့များတွေးနေတာလား?

ဒါတော့အရမ်းများသွားပြီလို့ထင်တယ်!သူမသည်သေမယ့်နေ့ကိုစောင့်နေရသော်လည်းဖြစ်နိုင်သမျှအဆိုးဆုံးဖြင့်အနှိပ်စက်ခံရမည်ဆိုပါက
မည်ကဲ့သို့အကြံအစည်ဖြစ်မည်ကို ခန့်မှန်းရသည်မှာဟာသတော့မဟုတ်ပေ။

ငါ့လက်တွေမကျိုးသေးပါဘူးဟဲ့,ဘာလို့အစားစားတာပါသူ့အကူအညီယူရမှာလဲ?ကိုယ့်တူကိုကိုင်နိုင်တယ်,အိုကေလား!

တစ်ကယ်လို့လူတွေကသာ ဒီလိုမျိုးအဓိကဇာတ်ဆောင်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေချင်လား ဒါမှမဟုတ် အထပ်၂၀ရှိတယ့်အဆောက်အဦးပေါ်ကနေခုန်ချမလားလို့မေးရင်,ကျွန်မနောက်ကဟာပဲ ရွေးဖြစ်မယ်။

လီဟန်၏ လှပသောမျက်၀န်းများသည်၎င်းတို့အတွင်း ပြင်းထန်တယ့်ရန်လိုမှုကိုဖုံးကွယ်ထားခြင်းမရှိပေ။ထိုမျက်၀န်းများသည် သူမ၏လုပ်ဇာတ်များအားရွံ့ရှာနေပြီးဆိုသည့်အကြည့်မျိုးဖြစ်သည်ဟု စုရှင်းတွေးမိလိုက်သည်၊ထို့နောက် လီဟန်သည်သူမအားဆေးတစ်ခွက်တိုက်လိုက်သည်-ကြည့်ရတာအဆိပ်ဖြစ်မယ်ထင်တယ်-_-

'ဘုရားသခင်ရော၊မိုးနတ်မင်းကြီးရော၊ကျွန်မကိုကယ်ကြပါအုန်း'ဆေးကအရမ်းခါးတယ်၊မသောက်နိုင်တော့ဘူး၊တစ်ကယ်ပါပဲ!

သူမညစာနဲ့ဆေးသောက်ပြီးသွားတော့ အဓိကဇာတ်ဆောင်က သူမအားအိပ်ယာပေါ်ပြန်အိပ်ဖို့ ကူညီပေးလိုက်သည်၊ထို့နောက် သူသည်သူမအိပ်ယာဘေးတွင်၀င်ထိုင်လိုက်သည်။

ဒီရင်းနှီးတယ့်မြင်ကွင်း..သူမလွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ယုံရှုနန်းဆောင်ကို ပြန်သွားသလိုခံစားလိုက်ရသည်၊သို့သော် လီဟန်သည်သူမပေါင်ပေါ်အိပ်ခြင်းဖက်ထားခြင်းများမလုပ်ပေ၊သူမအိပ်ယာဘေးတွေစာအုပ်ဖတ်ရင်းထိုင်စောင့်နေသည်၊စုရှင်းအိပ်ပျော်ဟန်ဆောင်လိုက်သည်၊အဘယ်ကြောင့်ဆိုသောသူတစ်ခုခုလုပ်မည်ကိုစိုးရိမ်နေသောကြောင့်ဖြစ်သည်။

'ငါ့အလံ၊ငါ့တိုဟူး..အရာအားလုံးဒီခွေးရူးဆီကနေကာကွယ်ရမယ်'

"ကျင်းအာရော?"

စုရှင်းသူမကိုယ်ပိုင်အစေခံကို မတွေ့မိ၍ထူးဆန်းသလိုခံစားလိုက်ရသည်၊သူမရဲ့အန္တရာယ်ရှိတဲ့ အကြံအစည်ကိုသိသွားပြီးရင်တောင်ကျင်းအာကသူမနားကဘယ်တော့မှထွက်မသွားတတ်ဘူးဆိုတာသူမသိသည်။

မဟုတ်မှ...

သူမသံသယစိတ်တွေပိုတိုးလာတော့ကာဇာတ်လမ်းကိုပြန်အမှတ်ရသွား၏။

"အ..အရှင်မင်းသား"

လက်များခဏ္ဏတာရပ်တန့်သွားသော်လည်းလီဟန်သည် သူ့လက်ထဲရှိစာအုပ်ကိုနောက်စာမျက်နှာသို့မလှန်မီ၊မျက်ခုံးတွေကြားက မျက်၀န်းကပိုမိုနက်ရှိုင်းလာပြီးသူမမေးခွန်းကို လုံးဝလျစ်လျူရှုလိုက်၏။

"ကျွန်မ..ကျွန်မအစေခံလိုချင်လို့ပါ"

"အိပ်တော့"

"အ..အရှင့်သား,ကျင်းအာဘယ်မှာလဲဟင်?"

လီဟန်စာအုပ်ကို ပိတ်ပြီးစားပွဲစွန်းတွင်တင်လိုက်ကာပေါ့ပေါ့ပါးပါးမတ်တပ်ထရပ်လိုက်သည်၊သူမလည်း ထထိုင်ပြီးသူ့ကိုကြည့်လိုက်သည်။

"တစ်ယောက်ယောက်,လာကြစမ်း!"

တံခါးပွင့်လာပြီးမင်းသားကိုယ်ရံတော်ထဲကတစ်ယောက်ရောက်လာသည်;ထိုလူသည်မျက်လုံးကိုမြေပြင်တွင်ကြည့်နေကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

"အစေခံကို သွားခေါ်လိုက်"

"ဟုတ်ကဲ့"

အစောင့်ကထွက်သွားပေမယ့် သူပြန်လာချိန်မှာတော့ အစေခံအဝတ်အစားနဲ့ စုတ်ပြတ်သတ်နေတဲ့လူတစ်ယောက်ကို ဆွဲခေါ်လာသည်၊သူမအသက်ပြင်းပြင်းရှုရှိုက်ကာ

"ကျင်းအာ!"

သူမကျင်းအာဆီသွားပြီး စစ်ဆေးကြည့်ချင်သော်လည်း လီဟန်၏အကြည့်ကသူမကိုသတိပေးနေခြင်းဖြစ်သည်။

သူမစိုးရိမ်တကြီးသာငြိမ်နေလိုက်သည်၊သူမ၏မျက်၀န်းများသည် လီဟန်နှင့်ကျင်းအာကိုတစ်လှည့်စီကြည့်နေသည်။

"ဘာ..လုပ်လိုက်တာလဲ,အ..အရှင့်သား?"

“မင်းရဲ့အစေခံတွေနဲ့သက်တော်စောင့်တွေအကုန်လုံး သူတို့ပြစ်ဒဏ်သူတို့ခံပြီးပြီ”

"ပြစ်..ပြစ်ဒဏ်?"

"သူတို့က သူတို့သခင်ကိုတောင်အန္တာရာယ်ကနေကောင်းကောင်းမကာကွယ်ပေးနိုင်ဘူး,အဲ့တာကြောင့် သူတို့ရဲ့လျှာကိုဖြတ်ပစ်ဖို့အကြံပေးလိုက်တာ"

"ဘာပြောလိုက်တာလဲ?!"သူမအသံသည် ပိုပြင်းထန်လာကာ မျက်လုံးများပင်နီရဲလာတော့၏။

"ဒီမင်းသားကို မနှောင့်ယှက်ဖို့သတိပေးခဲ့တယ် မဟုတ်လား"

'လျှာတွေ?'

ကျင်းအာပါးစပ်က ဆို့ထားတယ့်နီရဲနေတယ့်အ၀တ်စကိုကြည့်လိုက်ပြီးစုရှင်း နှုတ်ခမ်းများပေါ်သို့လက်နှစ်ဖက်ဖြင့်အုပ်လိုက်ကာ အထိတ်တလန့်ဖြင့်မောဟိုက်သွားသည်၊၀တ္ထုထဲကအတိုင်းပဲ,အဆုံးမှာ,အဓိကဇာတ်ဆောင်က ကျင်းအာရဲ့လျှာကိုဖြတ်ခဲ့သည်၊အတွေးတွေက သူမကိုပျို့အန်ချင်နေသည်!

အခုမြင်နေရတာတွေကိုသူမ တစ်ကယ်မယုံချင်ပေ၊သူမဒီလို ဘယ်တုန်းကမှမဖြစ်လာစေချင်ခဲ့ပါ၊ဒါမဖြစ်နိုင်ဘူး!

'ကျင်းအာ!မဟုတ်ဘူး,ဒီလိုမဖြစ်ရဘူး'သူမမျက်လုံးများမှိတ်ကာ မျက်ရည်များပါးပြင်ပေါ်သို့စီးကျလာတော့သည်။

'အခုကျင်းအာတင်မဟုတ်ဘူး.. တခြားသူ​တွေ​တောင်​?'သူမအသားများတဆတ်ဆတ်တုန်လာပြီးထုံကျင်နေတော့သည်။

"အာ,ပြီးတော့မင်းရဲ့ မိန်းကလေးအစေခံတွေကိုလည်း ဂေဟာနီပို့ဖို့စဉ်းစားထားတယ်၊ နန်းတော်မှာလည်း မိန်းမစိုးတွေနည်းပါးနေတယ်လို့ကြားတယ်.. မင်းရဲ့အစေခံယောက်ျားလေးတွေနဲ့အသုံးမကျတဲ့သက်တော်စောင့်တွေကို လွှတ်လိုက်ရင် မကောင်းဘူးလား?"

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကသူ့စကားတွေကိုပြန်ကြားယောင်လာသည်။

သူ့သတိပေးချက်..

"ငါပြောတာကို ကြားလား?ကိုယ့်ကိုကိုယ်ထပ်ပြီးထိခိုက်အောင်လုပ်ရင် မင်းကိုတင်မဟုတ်ဘူး အခြားသူတွေပါ ကြီးမားတဲ့အကျိုးဆက်ကိုခံစားရလိမ့်မယ်"

စုရှင်းတုန်ရီနေတဲ့ နှုတ်ခမ်းတွေနဲ့မျက်၀န်းများပွင့်လာကာ သူ့နာမည်ကိုအော်ခေါ်လိုက်၏။

"လီဟန်!"

****

[Zawgyi]

ခ်ဴ၀မ္၀မ္ ညႇဥ္းပန္းႏွိပ္စက္မႈကိုမခံရမွန္းစု႐ွင္းသိသည္။

ခ်ဴ၀မ္၀မ္ကသူမရဲ႕ထက္ျမက္ေသာညဏ္ပညာကို အသုံးျပဳ၍သူမ၏မဟာမိတ္မ်ားႏွင့္ သူငယ္ခ်င္းမ်ားရဲ႕အကူအညီျဖင့္ေနာက္ဆုံးတြင္ အျပစ္မ႐ွိေၾကာင္း ေတြ႕႐ွိလာရလိမ့္မည္ျဖစ္သည္၊အဓိကဇာတ္ေဆာင္မင္းသမီးႏွင့္ ပတ္သက္သည့္စြပ္စြဲခ်က္အေထာက္အထား မလုံေလာက္ေသာေၾကာင့္ ခ်ဴ၀မ္၀မ္သည္ ေနာက္ဆုံးတြင္ လြတ္ေျမာက္လာမည္ျဖစ္သည္။

'ဒါေပါ့,ဘာလို႔လဲဆိုေတာ့သူမက နတ္ဘုရားမလိုအဓိကဇာတ္ေဆာင္မင္းသမီးမို႔လို႔ေလ,စာဖတ္သူတို႔ကဘာေတြေမွ်ာ္လင့္ေနတာလဲ?!

စု႐ွင္းႏိုးလာေတာ့ အခန္းကိုၾကည့္ကာခ်က္ခ်င္း မွတ္မိလိုက္သည္၊ထိတ္လန္႔စြာျဖင့္လီဟန္ကို သူမအိပ္ယာေဘးေတြင္ေတြ႕လိုက္ရသည္၊ တုန္တုန္ယင္ယင္ျဖစ္သြားေသာ သူမကိုယ္ေလးက်ံဳ႕ကာပိုးထည္ေစာင္ထဲတြင္ အသာျပန္ေကြးေနလိုက္၏။သူမရဲ႕တုံ႔ျပန္မႈကို အဓိကဇာတ္ေဆာင္ျမင္သြားေတာ့သူ႕ရဲ႕မ်က္၀န္းေတြကေမွးက်ဥ္းလ်က္ မ်က္ႏွာမွာလည္းမဲေမွာင္ကာလည္ပင္းတြင္လည္းေသြးေၾကာမ်ားေထာင္ေနၿပီး ပန္းႏုေရာင္ႏႈတ္ခမ္းေတြကို တင္းတင္းၾကပ္ၾကပ္ဖိထားသည္။

စု႐ွင္း တုန္လႈပ္သြားၿပီးမ်က္လုံးကိုခ်က္ခ်င္းမွိတ္လိုက္သည္။

ထိုနက္ေမွာင္ေသာမ်က္၀န္းမ်ားက သူမ၏ မ်က္ႏွာကိုစတင္ေလ့လာေနခ်ိန္ဘာေတြေတြးေနလဲမသိေပ၊ေခါင္းပဲထုသတ္ဖို႔စဥ္းစားေနတာလား ဒါမွမဟုတ္ ရင္ဘတ္ထဲကႏွလုံးကိုပဲ တိုက္႐ိုက္ဆြဲထုတ္ပစ္မလားဆိုတာဘုရားသခင္ပဲသိေပလိမ့္မည္။

'အရမ္းရက္စက္တာပဲ!'ေၾကာက္ဖို႔ေကာင္းလိုက္တာ၊စု႐ွင္းေခြၽးေအးမ်ားထြက္လာေတာ့သည္။

အဓိကဇာတ္ေဆာင္အားသူမ ဘုရားသခင္အေၾကာင္းဘယ္ေလာက္သိလဲဆိုတာ တိတ္တဆိတ္ေတြးေနပုံပင္၊စု႐ွင္း..သူတစ္ခုခုေျပာလာဖို႔ေစာင့္ေနလိုက္၏။သို႔ေသာ္ တိတ္ဆိတ္မႈကလြဲလို႔ဘာသံမွထြက္မလာေခ်၊ခိုးၾကည့္ဖို႔လည္း မဝံ့ရဲေပ။

'ငါကသစ္ပင္၊ငါကသစ္ပင္၊ငါက သစ္ပင္လို႔၊အဓိကဇာတ္ေဆာင္ေရ,ေက်းဇူးျပဳၿပီး ကြၽန္မကိုလ်စ္လ်ဴ႐ႈေပးပါ၊ကြၽန္မစိတ္ထဲ မထားပါဘူး'

ထို႔ေနာက္ သူမအိပ္ယာေဘးကေအးစက္တယ့္ေရာင္ဝါေတြကိုလ်စ္လ်ဴ႐ႈၿပီးေသျခင္းတရားနဲ႔ ကစားဖို႔ဆုံးျဖတ္လိုက္ရေတာ့သည္.. အဲ့တာမွ..ကြၽန္မတို႔ရဲ႕ခ်စ္လွစြာေသာနန္းဘုရင္ဆီက တစ္ခုခုၾကားရမွာမလား။

'ေသသာေသလိုက္ ခ်င္ေတာ့တယ္,အေမေရ!'

အဘယ္ေၾကာင့္ဆိုေသာ လီဟန္သည္သူမအခန္းထဲတြင္တစ္ညလုံးေနဖို႔စီစဥ္ေနပုံရသည္-သူမအတြက္ေတာ့တစ္ညက ႏွစ္တစ္ေထာင္ေလာက္ၾကာသလိုခံစားရမွာအေသအခ်ာပင္ျဖစ္၏။

'သူ မပင္ပန္းဘူးလား?'

အာ,အဓိကဇာတ္ေဆာင္ႏႈတ္ဆိတ္ေနတာ ေၾကာက္ဖို႔ေကာင္းလိုက္တာဟာ၊ငါ့ကိုျပဳစုေပးတုန္းကလည္း တစ္ခြန္းမွမဟဘူး၊အဲ့လိုႏႈတ္ဆိတ္ေနတာကငါ့ကို ပိုႏွိပ္‌စက္ေနသလိုပဲ၊သူအရမ္းေဒါသထြက္ေနလို႔..ငါ့ကို..တိတ္တဆိတ္သတ္ပစ္ဖို႔မ်ားေတြးေနတာလား?

ဒါေတာ့အရမ္းမ်ားသြားၿပီလို႔ထင္တယ္!သူမသည္ေသမယ့္ေန႔ကိုေစာင့္ေနရေသာ္လည္းျဖစ္ႏိုင္သမွ်အဆိုးဆုံးျဖင့္အႏွိပ္စက္ခံရမည္ဆိုပါက
မည္ကဲ့သို႔အၾကံအစည္ျဖစ္မည္ကို ခန္႔မွန္းရသည္မွာဟာသေတာ့မဟုတ္ေပ။

ငါ့လက္ေတြမက်ိဳးေသးပါဘူးဟဲ့,ဘာလို႔အစားစားတာပါသူ႕အကူအညီယူရမွာလဲ?ကိုယ့္တူကိုကိုင္ႏိုင္တယ္,အိုေကလား!

တစ္ကယ္လို႔လူေတြကသာ ဒီလိုမ်ိဳးအဓိကဇာတ္ေဆာင္နဲ႔ တိတ္တိတ္ဆိတ္ဆိတ္ေနခ်င္လား ဒါမွမဟုတ္ အထပ္၂၀႐ွိတယ့္အေဆာက္အဦးေပၚကေနခုန္ခ်မလားလို႔ေမးရင္,ကြၽန္မေနာက္ကဟာပဲ ေ႐ြးျဖစ္မယ္။

လီဟန္၏ လွပေသာမ်က္၀န္းမ်ားသည္၎တို႔အတြင္း ျပင္းထန္တယ့္ရန္လိုမႈကိုဖုံးကြယ္ထားျခင္းမ႐ွိေပ။ထိုမ်က္၀န္းမ်ားသည္ သူမ၏လုပ္ဇာတ္မ်ားအား႐ြံ႕႐ွာေနၿပီးဆိုသည့္အၾကည့္မ်ိဳးျဖစ္သည္ဟု စု႐ွင္းေတြးမိလိုက္သည္၊ထို႔ေနာက္ လီဟန္သည္သူမအားေဆးတစ္ခြက္တိုက္လိုက္သည္-ၾကည့္ရတာအဆိပ္ျဖစ္မယ္ထင္တယ္-_-

'ဘုရားသခင္ေရာ၊မိုးနတ္မင္းႀကီးေရာ၊ကြၽန္မကိုကယ္ၾကပါအုန္း'ေဆးကအရမ္းခါးတယ္၊မေသာက္ႏိုင္ေတာ့ဘူး၊တစ္ကယ္ပါပဲ!

သူမညစာနဲ႔ေဆးေသာက္ၿပီးသြားေတာ့ အဓိကဇာတ္ေဆာင္က သူမအားအိပ္ယာေပၚျပန္အိပ္ဖို႔ ကူညီေပးလိုက္သည္၊ထို႔ေနာက္ သူသည္သူမအိပ္ယာေဘးတြင္၀င္ထိုင္လိုက္သည္။

ဒီရင္းႏွီးတယ့္ျမင္ကြင္း..သူမလြန္ခဲ့တဲ့ ရက္သတၱပတ္ေတြက ယုံ႐ႈနန္းေဆာင္ကို ျပန္သြားသလိုခံစားလိုက္ရသည္၊သို႔ေသာ္ လီဟန္သည္သူမေပါင္ေပၚအိပ္ျခင္းဖက္ထားျခင္းမ်ားမလုပ္ေပ၊သူမအိပ္ယာေဘးေတြစာအုပ္ဖတ္ရင္းထိုင္ေစာင့္ေနသည္၊စု႐ွင္းအိပ္ေပ်ာ္ဟန္ေဆာင္လိုက္သည္၊အဘယ္ေၾကာင့္ဆိုေသာသူတစ္ခုခုလုပ္မည္ကိုစိုးရိမ္ေနေသာေၾကာင့္ျဖစ္သည္။

'ငါ့အလံ၊ငါ့တိုဟူး..အရာအားလုံးဒီေခြး႐ူးဆီကေနကာကြယ္ရမယ္'

"က်င္းအာေရာ?"

စု႐ွင္းသူမကိုယ္ပိုင္အေစခံကို မေတြ႕မိ၍ထူးဆန္းသလိုခံစားလိုက္ရသည္၊သူမရဲ႕အႏၲရာယ္႐ွိတဲ့ အၾကံအစည္ကိုသိသြားၿပီးရင္ေတာင္က်င္းအာကသူမနားကဘယ္ေတာ့မွထြက္မသြားတတ္ဘူးဆိုတာသူမသိသည္။

မဟုတ္မွ...

သူမသံသယစိတ္ေတြပိုတိုးလာေတာ့ကာဇာတ္လမ္းကိုျပန္အမွတ္ရသြား၏။

"အ..အ႐ွင္မင္းသား"

လက္မ်ားခဏၰတာရပ္တန္႔သြားေသာ္လည္းလီဟန္သည္ သူ႕လက္ထဲ႐ွိစာအုပ္ကိုေနာက္စာမ်က္ႏွာသို႔မလွန္မီ၊မ်က္ခုံးေတြၾကားက မ်က္၀န္းကပိုမိုနက္႐ိႈင္းလာၿပီးသူမေမးခြန္းကို လုံးဝလ်စ္လ်ဴ႐ႈလိုက္၏။

"ကြၽန္မ..ကြၽန္မအေစခံလိုခ်င္လို႔ပါ"

"အိပ္ေတာ့"

"အ..အ႐ွင့္သား,က်င္းအာဘယ္မွာလဲဟင္?"

လီဟန္စာအုပ္ကို ပိတ္ၿပီးစားပြဲစြန္းတြင္တင္လိုက္ကာေပါ့ေပါ့ပါးပါးမတ္တပ္ထရပ္လိုက္သည္၊သူမလည္း ထထိုင္ၿပီးသူ႕ကိုၾကည့္လိုက္သည္။

"တစ္ေယာက္ေယာက္,လာၾကစမ္း!"

တံခါးပြင့္လာၿပီးမင္းသားကိုယ္ရံေတာ္ထဲကတစ္ေယာက္ေရာက္လာသည္;ထိုလူသည္မ်က္လုံးကိုေျမျပင္တြင္ၾကည့္ေနကာ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး ဒူးတစ္ဖက္ေထာက္လိုက္သည္။

"အေစခံကို သြားေခၚလိုက္"

"ဟုတ္ကဲ့"

အေစာင့္ကထြက္သြားေပမယ့္ သူျပန္လာခ်ိန္မွာေတာ့ အေစခံအဝတ္အစားနဲ႔ စုတ္ျပတ္သတ္ေနတဲ့လူတစ္ေယာက္ကို ဆြဲေခၚလာသည္၊သူမအသက္ျပင္းျပင္း႐ႈ႐ိႈက္ကာ

"က်င္းအာ!"

သူမက်င္းအာဆီသြားၿပီး စစ္ေဆးၾကည့္ခ်င္ေသာ္လည္း လီဟန္၏အၾကည့္ကသူမကိုသတိေပးေနျခင္းျဖစ္သည္။

သူမစိုးရိမ္တႀကီးသာၿငိမ္ေနလိုက္သည္၊သူမ၏မ်က္၀န္းမ်ားသည္ လီဟန္ႏွင့္က်င္းအာကိုတစ္လွည့္စီၾကည့္ေနသည္။

"ဘာ..လုပ္လိုက္တာလဲ,အ..အ႐ွင့္သား?"

“မင္းရဲ႕အေစခံေတြနဲ႔သက္ေတာ္ေစာင့္ေတြအကုန္လုံး သူတို႔ျပစ္ဒဏ္သူတို႔ခံၿပီးၿပီ”

"ျပစ္..ျပစ္ဒဏ္?"

"သူတို႔က သူတို႔သခင္ကိုေတာင္အႏၲာရာယ္ကေနေကာင္းေကာင္းမကာကြယ္ေပးႏိုင္ဘူး,အဲ့တာေၾကာင့္ သူတို႔ရဲ႕လွ်ာကိုျဖတ္ပစ္ဖို႔အၾကံေပးလိုက္တာ"

"ဘာေျပာလိုက္တာလဲ?!"သူမအသံသည္ ပိုျပင္းထန္လာကာ မ်က္လုံးမ်ားပင္နီရဲလာေတာ့၏။

"ဒီမင္းသားကို မေႏွာင့္ယွက္ဖို႔သတိေပးခဲ့တယ္ မဟုတ္လား"

'လွ်ာေတြ?'

က်င္းအာပါးစပ္က ဆို႔ထားတယ့္နီရဲေနတယ့္အ၀တ္စကိုၾကည့္လိုက္ၿပီးစု႐ွင္း ႏႈတ္ခမ္းမ်ားေပၚသို႔လက္ႏွစ္ဖက္ျဖင့္အုပ္လိုက္ကာ အထိတ္တလန္႔ျဖင့္ေမာဟိုက္သြားသည္၊၀တၳဳထဲကအတိုင္းပဲ,အဆုံးမွာ,အဓိကဇာတ္ေဆာင္က က်င္းအာရဲ႕လွ်ာကိုျဖတ္ခဲ့သည္၊အေတြးေတြက သူမကိုပ်ိဳ႕အန္ခ်င္ေနသည္!

အခုျမင္ေနရတာေတြကိုသူမ တစ္ကယ္မယုံခ်င္ေပ၊သူမဒီလို ဘယ္တုန္းကမွမျဖစ္လာေစခ်င္ခဲ့ပါ၊ဒါမျဖစ္ႏိုင္ဘူး!

'က်င္းအာ!မဟုတ္ဘူး,ဒီလိုမျဖစ္ရဘူး'သူမမ်က္လုံးမ်ားမွိတ္ကာ မ်က္ရည္မ်ားပါးျပင္ေပၚသို႔စီးက်လာေတာ့သည္။

'အခုက်င္းအာတင္မဟုတ္ဘူး.. တျခားသူ​ေတြ​ေတာင္​?'သူမအသားမ်ားတဆတ္ဆတ္တုန္လာၿပီးထုံက်င္ေနေတာ့သည္။

"အာ,ၿပီးေတာ့မင္းရဲ႕ မိန္းကေလးအေစခံေတြကိုလည္း ေဂဟာနီပို႔ဖို႔စဥ္းစားထားတယ္၊ နန္းေတာ္မွာလည္း မိန္းမစိုးေတြနည္းပါးေနတယ္လို႔ၾကားတယ္.. မင္းရဲ႕အေစခံေယာက်္ားေလးေတြနဲ႔အသုံးမက်တဲ့သက္ေတာ္ေစာင့္ေတြကို လႊတ္လိုက္ရင္ မေကာင္းဘူးလား?"

လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကသူ႕စကားေတြကိုျပန္ၾကားေယာင္လာသည္။

သူ႕သတိေပးခ်က္..

"ငါေျပာတာကို ၾကားလား?ကိုယ့္ကိုကိုယ္ထပ္ၿပီးထိခိုက္ေအာင္လုပ္ရင္ မင္းကိုတင္မဟုတ္ဘူး အျခားသူေတြပါ ႀကီးမားတဲ့အက်ိဳးဆက္ကိုခံစားရလိမ့္မယ္"

စု႐ွင္းတုန္ရီေနတဲ့ ႏႈတ္ခမ္းေတြနဲ႔မ်က္၀န္းမ်ားပြင့္လာကာ သူ႕နာမည္ကိုေအာ္ေခၚလိုက္၏။

"လီဟန္!"

****

Continue Reading

You'll Also Like

31.2K 2.4K 43
အချစ်တို့ရေ နောက်ထပ်အသစ်လေးတစ်ပုဒ် ကြေညာမို့ပါရှင်... ဒီခါတော့ Chinese novel မဟုတ်ပဲ Korean novel လေးပါ စင်ဒရဲလားဇာတ်လမ်းထဲက စုန်းမကြီးရဲ့ ခန္ဓာကိုယ...
171K 18.9K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
16.3K 1.8K 13
သမိုင္​းေၾကာင္​းတစ္​ေလ်ွာက္​ အေလးစား အၾကည္​ညိဳခံရမည္​့ ေတာ္​ဝင္​ေသြးဆိုတာ ဘယ္​လိုမ်ိဳးလဲ။ ယြီးေရွာင္​ေရွာင္​ကေတာ့ ခင္​ပြန္​းလင္​ကို အလိုလိုက္​ ဖူးဖူ...