Uni ♡
ဆေးရုံအခန်းထဲ ဝင်လာတဲ့ Chan ခြေထောက်တွေဟာ လေးတိလေးကန်... ကိုယ့်ခြေထောက်တွေကိုပင် ကိုယ်မသယ်နိုင်လောက်အောင် Chan လူရော စိတ်ရောပင်ပန်းနေပြီ...
ကုတင်ထက်ရှိ ဒဏ်ရာတို့ကင်းစင်ကာ ဝင်းမွတ်မွတ်ဖြစ်နေသော မျက်နှာလေးကို မြင်လိုက်ရတော့မှ ပင်ပန်းမှုတို့က ခဏတာပြေပျောက်သွားသလို အမောပြေရ၏...
ဒီလူသား၏ မျက်နှာကိုမမြင်ရမခြင်း ပင်ပန်းခြင်းတို့ပျောက်ကွယ်မည်မဟုတ်သောကြောင့် အလုပ်ဆင်းတာနဲ့ ဆေးရုံကိုပဲတန်းလာဖြစ်သည်... ဒီမှာပဲ အိပ်၊ ဒီကနေပဲ အလုပ်သွားတာမို့ အိမ်တောင် မပြန်ဖြစ်တော့တာကြာပြီ...
Chanလုပ်နေကျ အလုပ်တစ်ခုကို လုပ်ရန် ကိုယ်ကို Krisမျက်နှာအထိ ကိုင်းလိုက်ပြီး မျက်ခုံးနှစ်ခုကြား အနမ်းအသာငုံ့ပေးလိုက်ပြီးမှ ကိုယ်ကိုပြန်မတ်ကာ လည်တိုင်တွင်စည်းနှောင်ထားသော နက်ခ်တိုင်ကို ဖြည်ချပစ်လိုက်သည်...
ထို့နောက် ခြေလက်သွားဆေးပြီးတာနဲ့ Krisဘေးနားကပ်ဝင်လှဲလိုက်ပြီး ဘေးတစောင်းမြင်နေရသော Kris မျက်နှာကိုကြည့်နေမိသည်...
အခြေနေတွေအားလုံးကောင်းရဲ့နဲ့ သတိရမလာသေးတာကို ဆရာဝန်တွေလည်း အဖြေရှာမရပဲ... စောင့်ကြည့်အနေအထားနဲ့ ဆေးရုံမှာပဲအခြေနေကို စောင့်ကြည့်နေကြသည်မှာ ခုဆို တစ်လနီးနီးရှိတော့မည်...
အိပ်ပျော်နေသော Krisကတော့ ဘာအပူအပင်မှ မရှိတာ ကောင်းလိုက်တာ... ကုမ္ပဏီကို Krisကိုယ်စား တာဝန်ယူတော့မှပဲ Krisဘယ်လောက်ပင်ပန်းနေခဲ့မလဲဆိုတာ Chanကိုယ်ချင်းစာမိတော့သည်...
ဒါတောင် Chan အလုပ်လုပ်တာ သုံးပတ်ပဲရှိသေးတာ Krisလို နှစ်တွေအကြာကြီးတောင်မဟုတ်...
*Krisထွက်သွားမှာစိုးတဲ့ စိတ်တစ်ခုထဲနဲ့ Krisကို အရာအားလုံးထိုးပေးထားခဲ့တာ Chanတော်တော်ဆိုးတယ်မလားဟင်...*
*Chan မွေးနေ့လည်း ပြီးသွားခဲ့ပြီ Kris... အဟက် မွေးနေ့ကို တစ်ယောက်တည်း အလုပ်လုပ်ရင်းဖြတ်သန်းဖူးတာ ပထမဆုံးပဲသိလား...*
*Chan တော်တော်ပင်ပန်းနေပြီမို့ မြန်မြန်လေး သတိရလာပေးလို့မရဘူးလားဟင်... သတိရလာရင်လည်း Krisတစ်ယောက်တည်း အကုန်လုပ်စရာမလိုပါဘူး Chanပါ ဝိုင်းကူပေးမှာပါ... အဲ့တော့ အကြာကြီး အနားမယူနဲ့တော့နော်...*
Krisကို စကားတတွတ်တွတ်ပြောရင်း ပင်ပန်းမှုကြောင့် Chanလည်း ဟန်မဆောင်နိုင်စွာ အိပ်ပျော်သွားတော့သည်...
♡ Be Mine ♡
ဒီနေ့က Sundayဖြစ်တာကြောင့် Kris အနားတစ်နေကုန်နေခွင့်ရတော့မည်မို့ Chan တက်တက်ကြွကြွဖြစ်နေသည်...
Krisကို သီချင်းတွေဆိုပြလိုက်... စာအုပ်တွေဖတ်ပြလိုက် စကားပြောလိုက်နဲ့ Chanရဲ့ Sundayတစ်ရက်တာက ဘယ်လိုအချိန်ကုန်လို့ကုန်မှန်းမသိ...
ပထမဆုံး Krisကို သန့်ရှင်းရေးလုပ်ရန်အတွက် ရေဇလုံနဲ့ အဝတ်ကိုယူကာ Krisနားတွင်ထိုင်ကာ ရေပတ်တိုက်ခြင်းအမှုတို့ကို လုပ်ဆောင်လိုက်သည်... တစ်ကိုယ်လုံးကို သေချာရေပတ်တိုက်ပေးပြီးတာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမည့် ဝတ်စုံကိုလဲပေးလိုက်သည်...
Krisကို အဝတ်စားလဲပေးပြီးချိန်မှာ တံခါးခေါက်သံနဲ့အတူ တံခါးဖွင့်သံကြောင့် Chan တံခါးဆီသို့ လှည့်ကာကြည့်လိုက်သည်...
Sehun hyungနဲ့ Baek hyungကိုလည်း အေးဆေးမှလာဖို့ပြောထားတာကြောင့် ဘယ်သူလဲတွေးကာ ကြည့်လိုက်ခြင်းဖြစ်သည်...
"Chanလေး..."
Chanရှိရာသို့ အပြုံးတို့ဖြင့် တစ်လှမ်းခြင်းလျှောက်လာသော Haera nooan လက်ထဲမှာလည်း အထုပ်တွေနဲ့ဖြစ်သည်...
"Chanလေး... ဘာစားပြီးပြီလဲ..."
"မစားရသေးဘူး noona... Krisကို ရေပတ်တိုက်ပေးပြီး အဝတ်စားလဲပေးနေတာ ခုမှပြီးတာ..."
"ဒါဆို အတော်ပဲ ဒီမှာ Nooan အိမ်ကနေ Chanလေး စားဖို့ယူလာတာ... စားမယ်မလား..."
"ဟုတ် စားမယ်..."
"ဒါဆို noona ပြင်လိုက်မယ်နော်..."
Noonaကို ခပ်သွက်သွက်ပင် ခေါင်းငြိမ့်ပြလိုက်သည်... noonaအပေါ် အရင်လို သဘောမကျတာတွေလည်း မရှိတော့တာမို့ စကားပြောရတာလည်း အဆင်ပြေပြေရှိလာသည်...
"Chanလေး လာစားတော့..."
ခဏအကြာမှာတော့ စားပွဲပေါ်မှာ noonaပြင်ပေးထားသည်က စုံလင်စွာရောက်ရှိနေတော့သည်...
"အများကြီးပဲ..."
"အင်း Chanလေး ဘာကြိုက်တက်မှန်းမသိလို့ စားနိုင်လောက်မယ့်ဟာတွေကို ပြင်လာတာ... စားနော်..."
"ဟုတ်... ပိုတာတွေကို နေ့လယ်စားဖို့ထားလိုက်မယ်... noonaရော စားပြီးပြီလား..."
"စားပြီးခဲ့ပြီ..."
Kris အခုလိုဖြစ်သွားချိန်မှာ noonaကလည်း အရင်ကထက်ပိုပြီး Chanကိုတော်တော် ဂရုစိုက်ပေးခဲ့သည်...
"Chanလေး..."
"ဗျာ..."
Noonaက Chanကို ခေါ်လိုက်ပြီး ပြောဖို့အရှိန်ယူနေပုံရတာကြောင့် Chan စားနေရင်းနဲ့ပင် noonaကို စောင့်နေပေးလိုက်သည်...
"Noona နောက်လအကုန်လောက်ဆို နိုင်ငံခြားမှာ ပညာဆက်သင်ဖို့သွားတော့မှာ..."
"ဟုတ်... နောက်နှစ်လောက်မှဆို မဟုတ်ဖူးလား..."
Chanမေးလိုက်တော့ Noonaက အံ့ဩသွားဟန် မျက်လုံးလေးဝိုင်းသွားသည်...
"Chanကို Krisပြောပြထားလို့ သိနေတာပါ..."
"အင်း... အကုန်လုံးလား..."
"ဟုတ် အကုန်လုံး..."
"မသွားခင်မှာလည်း အလုပ်နည်းနည်းရှုပ်ဦးမှာဆိုတော့... အရင်လို မကြာခဏလာပြီး ဂရုမစိုက်ပေးနိုင်တော့မှာကို noonaက ကြိုပြီးတောင်းပန်တယ်နော်..."
"ရပါတယ် noona... Krisလည်း noona မသွားခင် သတိရလာရင်ကောင်းမယ်... သူ့အချစ်ဆုံးသူငယ်ချင်းကို နှုတ်ဆက်ခွင့်လေးရအောင်..."
"Krisက မကြာခင်သတိရလာမှာပါ... သူပင်ပန်းထားလို့ နားနေတာနေမှာ... Chanလေးရော တအားပင်ပန်းနေပြီလား..."
"နည်းနည်းပေါ့... Kris ပင်ပန်းခဲ့တာတွေကိုတော့ ဘယ်မှီပါ့မလဲ..."
"ဟုတ်ပါပြီ... ဘာပဲဖြစ်ဖြစ် အားတင်းထားနော်... noonလည်း ဂျူတီဝင်ရတော့မှာဆိုတော့ သွားတော့မယ်..."
"ဟုတ် noona..."
Haera noona ပြန်သွားတော့ Chanလည်း စာအုပ်တစ်အုပ်ကိုင်ကာ Krisအနားတွင် ထိုင်လိုက်သည်...
Sundayတစ်ရက်တော့ အချိန်ကောင်းစွာရသည်မို့ Krisကို စာအုပ်တစ်အုပ်တော့ ကုန်အောင်ဖတ်ပြပေးဖြစ်သည်...
ကိုမာဝင်နေသူလိုဖြစ်နေတဲ့ Krisကို စာအုပ်တွေဖတ်ပြပေးခြင်း၊ စကားပြောပေးခြင်းကလည်း အကူအညီဖြစ်သည်မို့ နေ့စဥ်လုပ်ပေးဖြစ်သည်...
Chanရဲ့ပြောင်းလဲသွားတာတွေကို Krisသာ သတိရလို့မြင်လိုက်ရင် အံ့ဩသွားလေမလား...
Krisသတိရလာခဲ့ရင် Chanကိုယ်တိုင်ရပ်တည်နေနိုင်ပြီဆိုပြီး Chanကို ထားသွားဖို့တော့ မတွေးမိစေနဲ့... Krisက Chan အပိုင်မို့ Chanအနားကနေ Krisကို ဘယ်မှထွက်သွားခွင့်မပေးနိုင်ဘူး...
Tbc....
#220604
Thanks for reading & vote ☆...
စာရေးဖို့ အချိန်မပေးနိုင်တော့လို့ updateတွေကြာသွားပါတယ်... စာဖတ်သူလေးတွေကိုလည်း အားနာမိပါတယ်...
****************************************************
Zawgyi ♡
ေဆး႐ုံအခန္းထဲ ဝင္လာတဲ့ Chan ေျခေထာက္ေတြဟာ ေလးတိေလးကန္... ကိုယ့္ေျခေထာက္ေတြကိုပင္ ကိုယ္မသယ္ႏိုင္ေလာက္ေအာင္ Chan လူေရာ စိတ္ေရာပင္ပန္းေနၿပီ...
ကုတင္ထက္ရွိ ဒဏ္ရာတို႔ကင္းစင္ကာ ဝင္းမြတ္မြတ္ျဖစ္ေနေသာ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့မွ ပင္ပန္းမႈတို႔က ခဏတာေျပေပ်ာက္သြားသလို အေမာေျပရ၏...
ဒီလူသား၏ မ်က္ႏွာကိုမျမင္ရမျခင္း ပင္ပန္းျခင္းတို႔ေပ်ာက္ကြယ္မည္မဟုတ္ေသာေၾကာင့္ အလုပ္ဆင္းတာနဲ႔ ေဆး႐ုံကိုပဲတန္းလာျဖစ္သည္... ဒီမွာပဲ အိပ္၊ ဒီကေနပဲ အလုပ္သြားတာမို႔ အိမ္ေတာင္ မျပန္ျဖစ္ေတာ့တာၾကာၿပီ...
Chanလုပ္ေနက် အလုပ္တစ္ခုကို လုပ္ရန္ ကိုယ္ကို Krisမ်က္ႏွာအထိ ကိုင္းလိုက္ၿပီး မ်က္ခုံးႏွစ္ခုၾကား အနမ္းအသာငုံ႔ေပးလိုက္ၿပီးမွ ကိုယ္ကိုျပန္မတ္ကာ လည္တိုင္တြင္စည္းေႏွာင္ထားေသာ နက္ခ္တိုင္ကို ျဖည္ခ်ပစ္လိုက္သည္...
ထို႔ေနာက္ ေျခလက္သြားေဆးၿပီးတာနဲ႔ Krisေဘးနားကပ္ဝင္လွဲလိုက္ၿပီး ေဘးတေစာင္းျမင္ေနရေသာ Kris မ်က္ႏွာကိုၾကည့္ေနမိသည္...
အေျခေနေတြအားလုံးေကာင္းရဲ႕နဲ႔ သတိရမလာေသးတာကို ဆရာဝန္ေတြလည္း အေျဖရွာမရပဲ... ေစာင့္ၾကည့္အေနအထားနဲ႔ ေဆး႐ုံမွာပဲအေျခေနကို ေစာင့္ၾကည့္ေနၾကသည္မွာ ခုဆို တစ္လနီးနီးရွိေတာ့မည္...
အိပ္ေပ်ာ္ေနေသာ Krisကေတာ့ ဘာအပူအပင္မွ မရွိတာ ေကာင္းလိုက္တာ... ကုမၸဏီကို Krisကိုယ္စား တာဝန္ယူေတာ့မွပဲ Krisဘယ္ေလာက္ပင္ပန္းေနခဲ့မလဲဆိုတာ Chanကိုယ္ခ်င္းစာမိေတာ့သည္...
ဒါေတာင္ Chan အလုပ္လုပ္တာ သုံးပတ္ပဲရွိေသးတာ Krisလို ႏွစ္ေတြအၾကာႀကီးေတာင္မဟုတ္...
*Krisထြက္သြားမွာစိုးတဲ့ စိတ္တစ္ခုထဲနဲ႔ Krisကို အရာအားလုံးထိုးေပးထားခဲ့တာ Chanေတာ္ေတာ္ဆိုးတယ္မလားဟင္...*
*Chan ေမြးေန႔လည္း ၿပီးသြားခဲ့ၿပီ Kris... အဟက္ ေမြးေန႔ကို တစ္ေယာက္တည္း အလုပ္လုပ္ရင္းျဖတ္သန္းဖူးတာ ပထမဆုံးပဲသိလား...*
*Chan ေတာ္ေတာ္ပင္ပန္းေနၿပီမို႔ ျမန္ျမန္ေလး သတိရလာေပးလို႔မရဘူးလားဟင္... သတိရလာရင္လည္း Krisတစ္ေယာက္တည္း အကုန္လုပ္စရာမလိုပါဘူး Chanပါ ဝိုင္းကူေပးမွာပါ... အဲ့ေတာ့ အၾကာႀကီး အနားမယူနဲ႔ေတာ့ေနာ္...*
Krisကို စကားတတြတ္တြတ္ေျပာရင္း ပင္ပန္းမႈေၾကာင့္ Chanလည္း ဟန္မေဆာင္ႏိုင္စြာ အိပ္ေပ်ာ္သြားေတာ့သည္...
♡ Be Mine ♡
ဒီေန႔က Sundayျဖစ္တာေၾကာင့္ Kris အနားတစ္ေနကုန္ေနခြင့္ရေတာ့မည္မို႔ Chan တက္တက္ႂကြႂကြျဖစ္ေနသည္...
Krisကို သီခ်င္းေတြဆိုျပလိုက္... စာအုပ္ေတြဖတ္ျပလိုက္ စကားေျပာလိုက္နဲ႔ Chanရဲ႕ Sundayတစ္ရက္တာက ဘယ္လိုအခ်ိန္ကုန္လို႔ကုန္မွန္းမသိ...
ပထမဆုံး Krisကို သန္႔ရွင္းေရးလုပ္ရန္အတြက္ ေရဇလုံနဲ႔ အဝတ္ကိုယူကာ Krisနားတြင္ထိုင္ကာ ေရပတ္တိုက္ျခင္းအမႈတို႔ကို လုပ္ေဆာင္လိုက္သည္... တစ္ကိုယ္လုံးကို ေသခ်ာေရပတ္တိုက္ေပးၿပီးတာနဲ႔ ေပါ့ေပါ့ပါးပါးျဖစ္ေစမည့္ ဝတ္စုံကိုလဲေပးလိုက္သည္...
Krisကို အဝတ္စားလဲေပးၿပီးခ်ိန္မွာ တံခါးေခါက္သံနဲ႔အတူ တံခါးဖြင့္သံေၾကာင့္ Chan တံခါးဆီသို႔ လွည့္ကာၾကည့္လိုက္သည္...
Sehun hyungနဲ႔ Baek hyungကိုလည္း ေအးေဆးမွလာဖို႔ေျပာထားတာေၾကာင့္ ဘယ္သူလဲေတြးကာ ၾကည့္လိုက္ျခင္းျဖစ္သည္...
"Chanေလး..."
Chanရွိရာသို႔ အၿပဳံးတို႔ျဖင့္ တစ္လွမ္းျခင္းေလွ်ာက္လာေသာ Haera nooan လက္ထဲမွာလည္း အထုပ္ေတြနဲ႔ျဖစ္သည္...
"Chanေလး... ဘာစားၿပီးၿပီလဲ..."
"မစားရေသးဘူး noona... Krisကို ေရပတ္တိုက္ေပးၿပီး အဝတ္စားလဲေပးေနတာ ခုမွၿပီးတာ..."
"ဒါဆို အေတာ္ပဲ ဒီမွာ Nooan အိမ္ကေန Chanေလး စားဖို႔ယူလာတာ... စားမယ္မလား..."
"ဟုတ္ စားမယ္..."
"ဒါဆို noona ျပင္လိုက္မယ္ေနာ္..."
Noonaကို ခပ္သြက္သြက္ပင္ ေခါင္းၿငိမ့္ျပလိုက္သည္... noonaအေပၚ အရင္လို သေဘာမက်တာေတြလည္း မရွိေတာ့တာမို႔ စကားေျပာရတာလည္း အဆင္ေျပေျပရွိလာသည္...
"Chanေလး လာစားေတာ့..."
ခဏအၾကာမွာေတာ့ စားပြဲေပၚမွာ noonaျပင္ေပးထားသည္က စုံလင္စြာေရာက္ရွိေနေတာ့သည္...
"အမ်ားႀကီးပဲ..."
"အင္း Chanေလး ဘာႀကိဳက္တက္မွန္းမသိလို႔ စားႏိုင္ေလာက္မယ့္ဟာေတြကို ျပင္လာတာ... စားေနာ္..."
"ဟုတ္... ပိုတာေတြကို ေန႔လယ္စားဖို႔ထားလိုက္မယ္... noonaေရာ စားၿပီးၿပီလား..."
"စားၿပီးခဲ့ၿပီ..."
Kris အခုလိုျဖစ္သြားခ်ိန္မွာ noonaကလည္း အရင္ကထက္ပိုၿပီး Chanကိုေတာ္ေတာ္ ဂ႐ုစိုက္ေပးခဲ့သည္...
"Chanေလး..."
"ဗ်ာ..."
Noonaက Chanကို ေခၚလိုက္ၿပီး ေျပာဖို႔အရွိန္ယူေနပုံရတာေၾကာင့္ Chan စားေနရင္းနဲ႔ပင္ noonaကို ေစာင့္ေနေပးလိုက္သည္...
"Noona ေနာက္လအကုန္ေလာက္ဆို ႏိုင္ငံျခားမွာ ပညာဆက္သင္ဖို႔သြားေတာ့မွာ..."
"ဟုတ္... ေနာက္ႏွစ္ေလာက္မွဆို မဟုတ္ဖူးလား..."
Chanေမးလိုက္ေတာ့ Noonaက အံ့ဩသြားဟန္ မ်က္လုံးေလးဝိုင္းသြားသည္...
"Chanကို Krisေျပာျပထားလို႔ သိေနတာပါ..."
"အင္း... အကုန္လုံးလား..."
"ဟုတ္ အကုန္လုံး..."
"မသြားခင္မွာလည္း အလုပ္နည္းနည္းရႈပ္ဦးမွာဆိုေတာ့... အရင္လို မၾကာခဏလာၿပီး ဂ႐ုမစိုက္ေပးႏိုင္ေတာ့မွာကို noonaက ႀကိဳၿပီးေတာင္းပန္တယ္ေနာ္..."
"ရပါတယ္ noona... Krisလည္း noona မသြားခင္ သတိရလာရင္ေကာင္းမယ္... သူ႔အခ်စ္ဆုံးသူငယ္ခ်င္းကို ႏႈတ္ဆက္ခြင့္ေလးရေအာင္..."
"Krisက မၾကာခင္သတိရလာမွာပါ... သူပင္ပန္းထားလို႔ နားေနတာေနမွာ... Chanေလးေရာ တအားပင္ပန္းေနၿပီလား..."
"နည္းနည္းေပါ့... Kris ပင္ပန္းခဲ့တာေတြကိုေတာ့ ဘယ္မွီပါ့မလဲ..."
"ဟုတ္ပါၿပီ... ဘာပဲျဖစ္ျဖစ္ အားတင္းထားေနာ္... noonလည္း ဂ်ဴတီဝင္ရေတာ့မွာဆိုေတာ့ သြားေတာ့မယ္..."
"ဟုတ္ noona..."
Haera noona ျပန္သြားေတာ့ Chanလည္း စာအုပ္တစ္အုပ္ကိုင္ကာ Krisအနားတြင္ ထိုင္လိုက္သည္...
Sundayတစ္ရက္ေတာ့ အခ်ိန္ေကာင္းစြာရသည္မို႔ Krisကို စာအုပ္တစ္အုပ္ေတာ့ ကုန္ေအာင္ဖတ္ျပေပးျဖစ္သည္...
ကိုမာဝင္ေနသူလိုျဖစ္ေနတဲ့ Krisကို စာအုပ္ေတြဖတ္ျပေပးျခင္း၊ စကားေျပာေပးျခင္းကလည္း အကူအညီျဖစ္သည္မို႔ ေန႔စဥ္လုပ္ေပးျဖစ္သည္...
Chanရဲ႕ေျပာင္းလဲသြားတာေတြကို Krisသာ သတိရလို႔ျမင္လိုက္ရင္ အံ့ဩသြားေလမလား...
Krisသတိရလာခဲ့ရင္ Chanကိုယ္တိုင္ရပ္တည္ေနႏိုင္ၿပီဆိုၿပီး Chanကို ထားသြားဖို႔ေတာ့ မေတြးမိေစနဲ႔... Krisက Chan အပိုင္မို႔ Chanအနားကေန Krisကို ဘယ္မွထြက္သြားခြင့္မေပးႏိုင္ဘူး...
Tbc....
#220604
Thanks for reading & vote ☆...
စာေရးဖို႔ အခ်ိန္မေပးႏိုင္ေတာ့လို႔ updateေတြၾကာသြားပါတယ္... စာဖတ္သူေလးေတြကိုလည္း အားနာမိပါတယ္...