[Unicode]
လီဟန်သည် သူမအား ယုံရှု နန်းဆောင်ဆီပြန်ပို့ပေးပြီး ညစာစားဖို့ပါတစ်ခါတည်းစောင့်နေတော့သည်၊ထိုအချိန်မှစ၍လီဟန်သည် ညတိုင်းလိုလိုသူမဆီ တိတ်တဆိတ်လာနေတတ်သည်၊ သူက သူမကိုပွေ့ဖက်ပြီးအိပ်ရတာသဘောကျသည်,ပြီးတော့ သူအိပ်ပျော်သည်ထိကိုပုတ်သိပ်ရန်လည်းမှာထား၏။
'ငါက သူ့အမေမို့လို့လား?သူက ခွေးလား?ဘာလို့ ပုတ်ပေးတာကို ကြိုက်တာလဲ? ခဏလေး.. သူကတကယ်ခွေးပဲလေ!'
"လွန်ခဲ့တဲ့နှစ်တွေကမင်းငါ့ကို အရမ်းအထင်ကြီးတယ်လို့ပြောခဲ့တာ မှတ်မိလား?"
*ချောင်းဆိုး*ချောင်းဆိုး*ချောင်းဆိုး* ခွေးကောင်!အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့လား! နောက်ထပ် မိနစ်အတော်ကြာသည်ထိတံတွေးသီးကာ ချောင်းဆိုးနေခဲ့သည် "အရှင့်သား အထင်မလွဲပါနဲ့,မင်းသားကအရမ်းမြင့်မြတ်တော့ ကျွန်မကအထင်ကြီးလေးစားခဲ့ရတာပါ"
"မင်း..ငါ့ကိုလှောင်နေတာလား"
"လှောင်တာလား?မဟုတ်ပါဘူး၊မဟုတ်ပါဘူး၊အဲ့အစား ကျွန်မကနှလုံးသားတစ်ခုလုံးနဲ့ကို၀န်ခံတာပါ"
သူမမျက်လုံးတွေ ထိတ်လန့်စွာပြူးကျယ်နေသည်၊သူကဘာလို့အဲ့လိုပြောရတာလဲ?!အဖေရေ!ငါတော့တံတွေးသီးပြီးသေတော့မှာပဲ၊အဓိကဇာတ်ဆောင်က အမြဲတစေအငြိုးထားတတ်သူပဲ။
"အဲဒါ.."
"ဘာလို့လိမ်တာလဲ"သူ၏လေသံကပိုလေးနက်လာသည်၊ပိုင်စုရှင်း မျက်နှာမှာသွေးမရှိတော့ပေ။
သူမမျက်စိမှိတ်ပြီးနှုတ်ခမ်းကို ကိုက်ထားလျက် "မလိမ်ပါဘူး,အ..အရှင်မင်းသား,ကျွန်မ..ကျွန်မမလိမ်ဝံ့ပါဘူး"
"ဒါဆို မင်းငါ့ကို အထင်ကြီးတယ်ပေါ့"သူ့အသံက ရွှင်မြူးသွားပြန်သည်။
'ခြေမပေါ် ပြုတ်ကျမယ့်ကျောက်တုံးကို မြှောက်လိုက်ရသလိုပဲ';ဒီစာကြောင်းကိုအမေ့ဆီကကြားဖူးထားတာပေါ့၊ဒီတရုတ်စကားက အခုလက်ရှိငါ့အခြေအနေနဲ့ကွက်တိပဲလေ။
လီဟန်သည် သူမလက်ချောင်းများကို ကလေးတစ်ယောက်လိုဆော့ကစားနေလေသည်၊သူ၏နှုတ်ခမ်းပေါ်တွင် ရွှန်းလဲ့နေသောအပြုံး အရိပ်အယောင်များ ရှိနေ၏။သူမခန္ဓာကိုယ်တစ်ခုလုံးကတော့သစ်တုံးလို တောင့်တင်းနေရသည်၊ခန္ဓာကိုယ်၊မျက်နှာ၊အပြုံးနဲ့မျက်လုံးတွေကလည်း မျက်နှာကြပ်ကိုသာကြည့်နေနိုင်သည်၊စုရှင်းသက်ပြင်းသာချလိုက်မိသည်။
နောက်ထပ်ညှဉ်းပန်းနှိပ်စက်သောည..
ခါးနာတယ်၊ခြေလက်တွေ ထုံတယ်လို့၊သူမကုတင်ပေါ်တွင်ရုပ်ထုတစ်ခုလိုထိုင်နေရသည်၊ထို့နောက်သူမပေါင်ပေါ်တွင် အိပ်ပျော်နေတယ့်ထိုလူကိုတစ်ချက်ကြည့်လိုက်သည်။
ဒါ..သေတာထက်ဆိုးတယ်
ငါကနံရံကပ်ပန်းတစ်ပွင့်လို့ပဲ၊အသုံးမ၀င်ဘူး၊ငါ အခု ရောက်နေတဲ့အခြေအနေကိုသာမြင်ရင် ဆရာတွေ ဘာပြောမလဲလို့တွေးမိလိုက်တယ်;အမတ်ချုပ်ရဲ့ သမီးအကြီးဆုံးကမသေနိုင်သောနန်းဘုရင်ရဲ့ ခေါင်းအုံးတစ်လုံးသာသာပဲ။
"အရှင့်သား,ဒါကလေမှန်ကန်တယ့်..လုပ်ရပ်လို့မထင်ဘူး၊ကျွန်မကလက်မထပ်ရသေးတယ့် မိန်းကလေးတစ်ယောက်ပါ၊ဒီလိုကဘယ်လိုလုပ်သင့်တော်.."ဒါကရှေးခေတ် လူတွေထိန်းသိမ်းကြတယ့်စနစ်ပဲ၊အဲ့တာကြောင့် အဓိကဇာတ်ဆောင်ရေ,ရှင်ဒီလိုလုပ်လို့မရဘူး!
သူမလက်ကို ဆွဲထုတ်ဖို့ကြိုးစားလိုက်ပေမယ့် လီဟန်ကပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
'ဒါ ငါ့လက်လေ!ငါ့လက်ငါ ပြန်ယူပိုင်ခွင့်ရှိတယ်,ခွေးကောင်ရဲ့၊ငါ့လက်ကိုလွှတ်ပါတော့,လက်ကိုနမ်းနေတာလည်းရပ်တော့!မကောင်းတယ့်ကောင်!နှာဘူးကောင်ရဲ့!'
"ဒါဆို မင်းကငါ့ကိုလက်ထပ်စေချင်တာလား? မိန်းကလေး ပိုင် မင်းကဒီမင်းသားကိုလက်ထပ်ခွင့်တောင်းစေချင်တာလား?"အိပ်ခန်းထဲက အသံက သူမနှလုံးသားကိုပါခုန်ကျော်သွားစေပြီး နားထဲမှာပါတုန်ခါလာတော့သည်။
"မဟုတ်ပါဘူး၊မဟုတ်ပါဘူး၊ကျွန်မက--"'အဲ့လိုပြောဝာာမဟုတ်ဘူးလေ၊စကားကိုမလှည့်နဲ့ ခွေးကောင်ရဲ့!'
"ဒါဆို မင်းက ငါ့ကို လက်မထပ်ချင်ဘူးလား?"
"အ..အရှင့်သား..ကျွန်မက.."စကားမစပ်၊ တကယ်ပြောစရာစကားမရှိတော့တာ၊တစ်ကယ်။
စိတ်ထဲမှာတော့သူမ ထိတ်လန့်နေ၏။စိတ်ရှုတ်လွန်းလို့ ငါ့ကိုယ်ငါရေကန်ထဲသာခုန်ချလိုက်ချင်တော့တယ်၊'အဓိကဇာတ်ဆောင်က ငါ့ကိုလက်ထပ်ချင်တယ်ပေါ့'
"ပိုင်စုရှင်း , မင်းဒီမင်းသားကို ငြင်းပယ်ခွင့်မပေးနိုင်ဘူး,မင်းငြင်းရဲရင်.."သူရယ်မောကာ
အမာရွတ်ကို ဖွဖွလေးထပ်ကိုက်လိုက်သည်။
"ဟက်,မင်းဘယ်လိုငြင်းရဲမလဲ ကြည့်ရအောင်" လီဟန်၏အသံသည် ပိုအန္တာရာယ်ရှိလာသည်၊ပိုင်စုရှင်း နဖူးမှချွေးအေးများအလိုလို ထွက်လာတော့၏။
လီဟန်သည်ချူဝမ်ဝမ်ကိုမြင်မြင်ချင်း ချစ်မိသွားခဲ့သည်'ဧကရာဇ် နဲ့ ကျွန်မ 'ဝတ္ထုသည် ရှေးခေတ် ဝမ်းနည်းဖွယ်ကောင်းသော အချစ်ဇာတ်လမ်းတစ်ခုဖြစ်သည်၊အဓိကဇာတ်ဆောင်သည် ဝမ်းနည်းဖွယ်ကောင်းသူဖြစ်ပြီးအဓိကဇာတ်ဆောင်မင်းသမီးသည် ထို၀မ်းနည်းဖွယ်ကောင်းသောအရာထဲမှဆွဲထုတ်ပေးနိုင်ခဲ့သူဖြစ်သည်၊အဲ့ဒါကြောင့် ကျေးဇူးတင်တယ်, အဲဒီအထဲကဘယ်အရာထဲမှာမှ ပါ၀င်ဖို့စိတ်ကူးမထားဘူး။
ကျွန်မကနာကျင်ရတာကို မကြိုက်သလိုသူတပါးကို နာကျင်အောင်လုပ်တဲ့နေရာမှာ လိင်ပိုင်းဆိုင်ရာသာယာမှုကိုဖိအားပေးခံရတာလည်းမကြိုက်ဘူး၊အဲ့တာကြောင့် Fifty Shades of Grey ဒါမှမဟုတ် 365 days ရုပ်ရှင်တွေကိုလည်းမကြည့်ခဲ့ဘူး၊ကျွန်မ အင်စိုးစန့်လည်းမဟုတ်ပါဘူး ဒါပေမယ့် အဲ့တာတွေကကျွန်မခံယူထား
တယ့်အချစ်နဲ့မတူရုံပါ။
မိုးလင်လာပြီဖြစ်သည်..
မျှော်လင့်ထားသည့်အတိုင်း အဓိကဇာတ်ဆောင်မရှိတော့ပါ၊သို့သော် သူမမျက်လုံးအောက်မှာတော့မျက်ကွင်းတွေညိုနေလေတော့သည်၊ဒီညအတွင်း နှိပ်စက်ခံရတာတွေကြောင့် တစ်ပတ်နီးပါး အိပ်ရေးပျက်ထား၏။ခွေးအိပ်နေတာကို နှောင့်ယှက်လိုက်ရင် သူ ရူးပြီးထပ်ကိုက်မှာကြောက်လို့အိပ်မပျော်ခဲ့ပေ။
အဓိကဇာတ်ဆောင်ရေ ကျွန်မရှင်နဲ့ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ဒါက ကျွန်မနှလုံးအတွက်မကောင်းဘူး။
မနက်ခင်းပုံမှန်လုပ်နေကြတွေလုပ်ပြီးသွားတော့သူမအိပ်ယာဘေးမတ်တပ်ရပ်လိုက်သည်၊ပြီးတော့ အိပ်ယာဘေးမှာရပ်နေရင်း မသိစိတ်က နောက်ပြန်လှည့်ကြည့်မိလိုက်သည်၊အာ,ဒါကလည်း သူမအကျင့်ပဲဖြစ်သည်။
"ဘာလုပ်ရမလဲ?ဘာလုပ်ရမလဲ?"
အဓိကဇာတ်ဆောင်ချန်ထားခဲ့တယ့် အမာရွတ်ကိုတစ်ချက်ကြည့်လိုက်သည်၊ပိုင်စုရှင်းမျက်ရည်မကျဘဲ ငိုလိုက်သည်၊နှလုံးသားကလည်း ကမောက်ကမဖြစ်နေလေ၏။
လီဟန်တစ်ခုခုမှားနေပြီဆိုတာ သူမသိလိုက်သည်၊သူကဘာဖြစ်နေတာလဲ?!ပြီးတော့ဘာလို့ဒီလိုမျိုးတွေကောဖြစ်နေတာလဲ?!အဓိကဇာတ်ဆောင်က သူ့ဇာတ်ရုပ်နဲ့ကွဲထွက်နေတယ်။
သူငါ့ကိုကြိုက်နေတာလား?မဖြစ်နိုင်တာ၊မဖြစ်နိုင်တာ၊မဟုတ်လောက်ပါဘူး,ကယောင်ချောက်ချားနဲ့ဘာတွေတွေးနေမိပါလိမ့်;ဟား ဟား ဟား ၊ရူးလိုက်တာ၊နတ်ဘုရား အလှလို ချူ၀မ်၀မ် နဲ့ ယှဉ်လိုက်ရင် ပိုင်စုရှင်းက လှည့်စားတတ်တယ့်မြွေမလိုပဲ၊သူမက ရိုးရိုးရှင်းရှင်းနဲ့ ငြီးငွေ့စရာလည်းကောင်းတယ်၊ဒီလို အဆိပ်ပြင်းတဲ့ မိန်းကလေးကိုဘယ်သူက ကြိုက်မှာလဲ,ဟုတ်တယ်မလား?
ဒါပေမယ့် အဓိကဇာတ်ဆောင်ကငါ့ကို လက်ထပ်ချင်နေတာတယ့်!ငါ့ကို!ဒီဗီလိန်မကိုလေ!အဲ့ဒီခွေးရူးက!
"လုခိုင်,သတင်းပို့"
လုခိုင် ဒူးတစ်ဖက်ထောက်လိုက်ပြီး"သခင်မလေး,နန်းဘုရင်ဘက်မှာလှုပ်ရှားနေတာရှိပါတယ်၊ မနေ့ကနန်းဘုရင်က ရှဒုံ ပွဲကြည့်စင်မှာအဋ္ဌမမြောက်မင်းသားကိုခြုံခိုတိုက်ခိုက်ခဲ့တယ်၊ မင်းသား လီရှီး လည်းဒဏ်ရာအပြင်းအထန်ရသွားပါတယ်၊စစ်သူကြီး ဂါအို ကိုလည်း စစ်သည်ရာကျော်နဲ့နွေးဦးနန်းဆောင်ကပထမမင်းသား လီရှန့် ကိုကာကွယ်ဟန်ဆောင်ဖို့အမိန့်ပေးလိုက်သေးတယ်"
အရာအားလုံးက ဝတ္ထုထဲကလိုပါပဲ၊ဒါဆို ဘာလို့..
လီဟန်ရဲ့အသံက သူမခေါင်းထဲတွင်ပေါ်လာသည်"ငါ မင်းကို သော့ခတ်သာသိမ်းထားလိုက်ချင်တယ်,မင်းကို အိပ်ရာပေါ်မှာ သံကြိုးနဲ့ချည်ထားပြီး မင်းတစ်ကိုယ်လုံးကိုအကုန်စားပလိုက်ချင်တယ်၊ညတိုင်း မင်းကိုတောင်းဆိုမယ်.. မြန်မြန်လေး,ပိုနက်အောင်နဲ့ပြီးတော့ စိတ်ကြွလာဖို့ရော"
သူမဝိညဉ်လွင့်မတတ် ခံစားလိုက်ရသည်။
ဒီရက်အနည်းငယ်အတွင်း အဓိကဇာတ်ဆောင်မင်းသမီးကနန်းတော်ထဲပြန်လာနိုင်အောင်လုပ်လိမ့်မည်ကို သူမသတိရသွားသည်၊ကျင်းလင် သတ္ထုတွင်းတွင် ချူ၀မ်၀မ်သည် ဘေးထွက်ဇာတ်ကောင်တစ်ယောက်အားကယ်တင်လိုက်သည်၊ထိုလူကကျေးဇူးတင်လွန်း၍ သူမရဲ့အခြေအနေဆိုးမှလွတ်မြောက်အောင်ကူညီပေးမည်ဖြစ်သည်၊ထို့နောက် ထိုလူကသူနှင့်အတူနန်းတော်သို့ခေါ်သွားခဲ့၍ချူ၀မ်၀မ် နန်းတော်တွင်းသို့တစ်ဖန်၀င်ရောက်လာမည်ဖြစ်သည်၊အဲ့ဒီနောက်မှချူ၀မ်၀မ်သည် ပိုင်စုရှင်းနှင့်လီချာကို
လက်တုံ့ပြန်မည်ဖြစ်သည်။
မျှော်လင့်ချက်ရှိပါသေးတယ်၊နှာခေါင်းမှလေများမှုတ်ထုတ်လိုက်ပြီး မေးလိုက်သည် "ပြင်ဆင်တာကော ဘယ်လိုလဲ?"
သူမနေပြန်ကောင်းလာတော့ ကိုယ်လုပ်တော်ဇီက ဒီနေ့အမတ်ချုပ်အိမ်သို့ပြန်ခွင့်ပြုလိုက်သည်။
ကိုယ့်ကိုကိုယ်သော့ခတ်ခံရမယ့်အခြေအနေမျိုးတော့ အရောက်မခံနိုင်ဘူး- အဲဒီခွေးရူးဇာတ်ဆောင်နဲ့ဝေးဝေးနေရမယ်,ပြီးတော့ငါ့ရဲ့ဖြူစင်မှုကိုလည်း ကာကွယ်ရမယ်၊ အလံဖြူလည်းမပြနိုင်ဘူး၊ကြိုးစားရမယ်။
****
[Zawgyi]
လီဟန္သည္ သူမအား ယုံ႐ႈ နန္းေဆာင္ဆီျပန္ပို႔ေပးၿပီး ညစာစားဖို႔ပါတစ္ခါတည္းေစာင့္ေနေတာ့သည္၊ထိုအခ်ိန္မွစ၍လီဟန္သည္ ညတိုင္းလိုလိုသူမဆီ တိတ္တဆိတ္လာေနတတ္သည္၊ သူက သူမကိုေပြ႕ဖက္ၿပီးအိပ္ရတာသေဘာက်သည္,ၿပီးေတာ့ သူအိပ္ေပ်ာ္သည္ထိကိုပုတ္သိပ္ရန္လည္းမွာထား၏။
'ငါက သူ႕အေမမို႔လို႔လား?သူက ေခြးလား?ဘာလို႔ ပုတ္ေပးတာကို ႀကိဳက္တာလဲ? ခဏေလး.. သူကတကယ္ေခြးပဲေလ!'
"လြန္ခဲ့တဲ့ႏွစ္ေတြကမင္းငါ့ကို အရမ္းအထင္ႀကီးတယ္လို႔ေျပာခဲ့တာ မွတ္မိလား?"
*ေခ်ာင္းဆိုး*ေခ်ာင္းဆိုး*ေခ်ာင္းဆိုး* ေခြးေကာင္!အဓိပၸာယ္မ႐ွိတာေတြမေျပာပါနဲ႔လား! ေနာက္ထပ္ မိနစ္အေတာ္ၾကာသည္ထိတံေတြးသီးကာ ေခ်ာင္းဆိုးေနခဲ့သည္ "အ႐ွင့္သား အထင္မလြဲပါနဲ႔,မင္းသားကအရမ္းျမင့္ျမတ္ေတာ့ ကြၽန္မကအထင္ႀကီးေလးစားခဲ့ရတာပါ"
"မင္း..ငါ့ကိုေလွာင္ေနတာလား"
"ေလွာင္တာလား?မဟုတ္ပါဘူး၊မဟုတ္ပါဘူး၊အဲ့အစား ကြၽန္မကႏွလုံးသားတစ္ခုလုံးနဲ႔ကို၀န္ခံတာပါ"
သူမမ်က္လုံးေတြ ထိတ္လန္႔စြာျပဴးက်ယ္ေနသည္၊သူကဘာလို႔အဲ့လိုေျပာရတာလဲ?!အေဖေရ!ငါေတာ့တံေတြးသီးၿပီးေသေတာ့မွာပဲ၊အဓိကဇာတ္ေဆာင္က အၿမဲတေစအၿငိဳးထားတတ္သူပဲ။
"အဲဒါ.."
"ဘာလို႔လိမ္တာလဲ"သူ၏ေလသံကပိုေလးနက္လာသည္၊ပိုင္စု႐ွင္း မ်က္ႏွာမွာေသြးမ႐ွိေတာ့ေပ။
သူမမ်က္စိမွိတ္ၿပီးႏႈတ္ခမ္းကို ကိုက္ထားလ်က္ "မလိမ္ပါဘူး,အ..အ႐ွင္မင္းသား,ကြၽန္မ..ကြၽန္မမလိမ္ဝံ့ပါဘူး"
"ဒါဆို မင္းငါ့ကို အထင္ႀကီးတယ္ေပါ့"သူ႕အသံက ႐ႊင္ျမဴးသြားျပန္သည္။
'ေျခမေပၚ ျပဳတ္က်မယ့္ေက်ာက္တုံးကို ေျမႇာက္လိုက္ရသလိုပဲ';ဒီစာေၾကာင္းကိုအေမ့ဆီကၾကားဖူးတာပါ၊ဒီတ႐ုတ္စကားက အခုလက္႐ွိငါ့အေျခအေနနဲ႔ကြက္တိပဲ။
လီဟန္သည္ သူမလက္ေခ်ာင္းမ်ားကို ကေလးတစ္ေယာက္လိုေဆာ့ကစားေနေလသည္၊သူ၏ႏႈတ္ခမ္းေပၚတြင္ ႐ႊန္းလဲ့ေနေသာအျပဳံး အရိပ္အေယာင္မ်ား ႐ွိေန၏။သူမခႏၶာကိုယ္တစ္ခုလုံးကေတာ့သစ္တုံးလို ေတာင့္တင္းေနသည္၊ခႏၶာကိုယ္၊မ်က္ႏွာ၊အျပဳံးနဲ႔မ်က္လုံးေတြကလည္း မ်က္ႏွာၾကပ္ကိုသာၾကည့္ေနႏိုင္သည္၊စု႐ွင္းသက္ျပင္းသာခ်လိုက္မိသည္။
ေနာက္ထပ္ညႇဥ္းပန္းႏွိပ္စက္ေသာည..
ခါးနာတယ္၊ေျခလက္ေတြ ထုံတယ္လို႔၊သူမကုတင္ေပၚတြင္႐ုပ္ထုတစ္ခုလိုထိုင္ေနရသည္၊ထို႔ေနာက္သူမေပါင္ေပၚတြင္ အိပ္ေပ်ာ္ေနတယ့္ထိုလူကိုတစ္ခ်က္ၾကည့္လိုက္သည္။
ဒါ..ေသတာထက္ဆိုးတယ္
ငါကနံရံကပ္ပန္းတစ္ပြင့္လို႔ပဲ၊အသုံးမ၀င္ဘူး၊ငါ အခု ေရာက္ေနတဲ့အေျခအေနကိုသာျမင္ရင္ ဆရာေတြ ဘာေျပာမလဲလို႔ေတြးမိလိုက္တယ္;အမတ္ခ်ဳပ္ရဲ႕ သမီးအႀကီးဆုံးကမေသႏိုင္ေသာနန္းဘုရင္ရဲ႕ ေခါင္းအုံးတစ္လုံးသာသာပဲ။
"အ႐ွင့္သား,ဒါကေလမွန္ကန္တယ့္..လုပ္ရပ္လို႔မထင္ဘူး၊ကြၽန္မကလက္မထပ္ရေသးတယ့္ မိန္းကေလးတစ္ေယာက္ပါ၊ဒီလိုကဘယ္လိုလုပ္သင့္ေတာ္.."ဒါကေ႐ွးေခတ္ လူေတြထိန္းသိမ္းၾကတယ့္စနစ္ပဲ၊အဲ့တာေၾကာင့္ အဓိကဇာတ္ေဆာင္ေရ,႐ွင္ဒီလိုလုပ္လို႔မရဘူး!
သူမလက္ကို ဆြဲထုတ္ဖို႔ႀကိဳးစားလိုက္ေပမယ့္ လီဟန္ကပိုတင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သည္။
'ဒါ ငါ့လက္ေလ!ငါ့လက္ငါ ျပန္ယူပိုင္ခြင့္႐ွိတယ္,ေခြးေကာင္ရဲ႕၊ငါ့လက္ကိုလႊတ္ပါေတာ့,လက္ကိုနမ္းေနတာလည္းရပ္ေတာ့!မေကာင္းတယ့္ေကာင္!ႏွာဘူးေကာင္ရဲ႕!'
"ဒါဆို မင္းကငါ့ကိုလက္ထပ္ေစခ်င္တာလား? မိန္းကေလး ပိုင္ မင္းကဒီမင္းသားကိုလက္ထပ္ခြင့္ေတာင္းေစခ်င္တာလား?"အိပ္ခန္းထဲက အသံက သူမႏွလုံးသားကိုပါခုန္ေက်ာ္သြားေစၿပီး နားထဲမွာပါတုန္ခါလာေတာ့သည္။
"မဟုတ္ပါဘူး၊မဟုတ္ပါဘူး၊ကြၽန္မက--"'အဲ့လိုေျပာဝာာမဟုတ္ဘူးေလ၊စကားကိုမလွည့္နဲ႔ ေခြးေကာင္ရဲ႕!'
"ဒါဆို မင္းက ငါ့ကို လက္မထပ္ခ်င္ဘူးလား?"
"အ..အ႐ွင့္သား..ကြၽန္မက.."စကားစပ္၊ တကယ္ေျပာစရာစကားမ႐ွိေတာ့တာ၊တစ္ကယ္။
စိတ္ထဲမွာေတာ့သူမ ထိတ္လန္႔ေန၏။စိတ္႐ႈတ္လြန္းလို႔ ငါ့ကိုယ္ငါေရကန္ထဲသာခုန္ခ်လိုက္ခ်င္ေတာ့တယ္၊'အဓိကဇာတ္ေဆာင္က ငါ့ကိုလက္ထပ္ခ်င္တယ္ေပါ့'
"ပိုင္စု႐ွင္း , မင္းဒီမင္းသားကို ျငင္းပယ္ခြင့္မေပးႏိုင္ဘူး,မင္းျငင္းရဲရင္.."သူရယ္ေမာကာ
အမာ႐ြတ္ကို ဖြဖြေလးထပ္ကိုက္လိုက္သည္။
"ဟက္,မင္းဘယ္လိုျငင္းရဲမလဲ ၾကည့္ရေအာင္" လီဟန္၏အသံသည္ ပိုအႏၲာရာယ္႐ွိလာသည္၊ပိုင္စု႐ွင္း နဖူးမွေခြၽးေအးမ်ားအလိုလို ထြက္လာေတာ့၏။
လီဟန္သည္ခ်ဴဝမ္ဝမ္ကိုျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့သည္'ဧကရာဇ္ နဲ႔ ကြၽန္မ 'ဝတၳဳသည္ ေ႐ွးေခတ္ ဝမ္းနည္းဖြယ္ေကာင္းေသာ အခ်စ္ဇာတ္လမ္းတစ္ခုျဖစ္သည္၊အဓိကဇာတ္ေဆာင္သည္ ဝမ္းနည္းဖြယ္ေကာင္းသူျဖစ္ၿပီးအဓိကဇာတ္ေဆာင္မင္းသမီးသည္ ထို၀မ္းနည္းဖြယ္ေကာင္းေသာအရာထဲမွဆြဲထုတ္ေပးႏိုင္ခဲ့သူျဖစ္သည္၊အဲ့ဒါေၾကာင့္ ေက်းဇူးတင္တယ္, အဲဒီအထဲကဘယ္အရာထဲမွာမွ ပါ၀င္ဖို႔စိတ္ကူးမထားဘူး။
ကြၽန္မကနာက်င္ရတာကို မႀကိဳက္သလိုသူတပါးကို နာက်င္ေအာင္လုပ္တဲ့ေနရာမွာ လိင္ပိုင္းဆိုင္ရာသာယာမႈကိုဖိအားေပးခံရတာလည္းမႀကိဳက္ဘူး၊အဲ့တာေၾကာင့္ Fifty Shades of Grey ဒါမွမဟုတ္ 365 days ႐ုပ္႐ွင္ေတြကိုလည္းမၾကည့္ခဲ့ဘူး၊ကြၽန္မ အင္စိုးစန္႔လည္းမဟုတ္ပါဘူး ဒါေပမယ့္ အဲ့တာေတြကကြၽန္မခံယူထား
တယ့္အခ်စ္နဲ႔မတူ႐ုံပါ။
မိုးလင္လာၿပီျဖစ္သည္..
ေမွ်ာ္လင့္ထားသည့္အတိုင္း အဓိကဇာတ္ေဆာင္မ႐ွိေတာ့ပါ၊သို႔ေသာ္ သူမမ်က္လုံးေအာက္မွာေတာ့မ်က္ကြင္းေတြညိဳေနေလေတာ့သည္၊ဒီညအတြင္း ႏွိပ္စက္ခံရတာေတြေၾကာင့္ တစ္ပတ္နီးပါး အိပ္ေရးပ်က္ထား၏။ေခြးအိပ္ေနတာကို ေႏွာင့္ယွက္လိုက္ရင္ သူ ႐ူးၿပီးထပ္ကိုက္မွာေၾကာက္လို႔အိပ္မေပ်ာ္ခဲ့ေပ။
အဓိကဇာတ္ေဆာင္ေရ ကြၽန္မ႐ွင္နဲ႔ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး၊ဒါက ကြၽန္မႏွလုံးအတြက္မေကာင္းဘူး။
မနက္ခင္းပုံမွန္လုပ္ေနၾကေတြလုပ္ၿပီးသြားေတာ့သူမအိပ္ယာေဘးမတ္တပ္ရပ္လိုက္သည္၊ၿပီးေတာ့ အိပ္ယာေဘးမွာရပ္ေနရင္း မသိစိတ္က ေနာက္ျပန္လွည့္ၾကည့္မိလိုက္သည္၊အာ,ဒါကလည္း သူမအက်င့္ပဲျဖစ္သည္။
"ဘာလုပ္ရမလဲ?ဘာလုပ္ရမလဲ?"
အဓိကဇာတ္ေဆာင္ခ်န္ထားခဲ့တယ့္ အမာ႐ြတ္ကိုတစ္ခ်က္ၾကည့္လိုက္သည္၊ပိုင္စု႐ွင္းမ်က္ရည္မက်ဘဲ ငိုလိုက္သည္၊ႏွလုံးသားကလည္း ကေမာက္ကမျဖစ္ေနေလ၏။
လီဟန္တစ္ခုခုမွားေနၿပီဆိုတာ သူမသိလိုက္သည္၊သူကဘာျဖစ္ေနတာလဲ?!ၿပီးေတာ့ဘာလို႔ဒီလိုမ်ိဳးေတြေကာျဖစ္ေနတာလဲ?!အဓိကဇာတ္ေဆာင္က သူ႕ဇာတ္႐ုပ္နဲ႔ကြဲထြက္ေနတယ္။
သူငါ့ကိုႀကိဳက္ေနတာလား?မျဖစ္ႏိုင္တာ၊မျဖစ္ႏိုင္တာ၊မဟုတ္ေလာက္ပါဘူး,ကေယာင္ေခ်ာက္ခ်ားနဲ႔ဘာေတြေတြးေနမိပါလိမ့္;ဟား ဟား ဟား ၊႐ူးလိုက္တာ၊နတ္ဘုရား အလွလို ခ်ဴ၀မ္၀မ္ နဲ႔ ယွဥ္လိုက္ရင္ ပိုင္စု႐ွင္းက လွည့္စားတတ္တယ့္ေႁမြမလိုပဲ၊သူမက ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ၿငီးေငြ႕စရာလည္းေကာင္းတယ္၊ဒီလို အဆိပ္ျပင္းတဲ့ မိန္းကေလးကိုဘယ္သူက ႀကိဳက္မွာလဲ,ဟုတ္တယ္မလား?
ဒါေပမယ့္ အဓိကဇာတ္ေဆာင္ကငါ့ကို လက္ထပ္ခ်င္ေနတာတယ့္!ငါ့ကို!ဒီဗီလိန္မကိုေလ!အဲ့ဒီေခြး႐ူးက!
"လုခိုင္,သတင္းပို႔"
လုခိုင္ ဒူးတစ္ဖက္ေထာက္လိုက္ၿပီး"သခင္မေလး,နန္းဘုရင္ဘက္မွာလႈပ္႐ွားေနတာ႐ွိပါတယ္၊ မေန႔ကနန္းဘုရင္က ႐ွဒုံ ပြဲၾကည့္စင္မွာအ႒မေျမာက္မင္းသားကိုျခဳံခိုတိုက္ခိုက္ခဲ့တယ္၊ မင္းသား လီ႐ွီး လည္းဒဏ္ရာအျပင္းအထန္ရသြားပါတယ္၊စစ္သူႀကီး ဂါအို ကိုလည္း စစ္သည္ရာေက်ာ္နဲ႔ေႏြးဦးနန္းေဆာင္ကပထမမင္းသား လီ႐ွန္႔ ကိုကာကြယ္ဟန္ေဆာင္ဖို႔အမိန္႔ေပးလိုက္ေသးတယ္"
အရာအားလုံးက ဝတၳဳထဲကလိုပါပဲ၊ဒါဆို ဘာလို႔..
လီဟန္ရဲ႕အသံက သူမေခါင္းထဲတြင္ေပၚလာသည္"ငါ မင္းကို ေသာ့ခတ္သာသိမ္းထားလိုက္ခ်င္တယ္,မင္းကို အိပ္ရာေပၚမွာ သံႀကိဳးနဲ႔ခ်ည္ထားၿပီး မင္းတစ္ကိုယ္လုံးကိုအကုန္စားပလိုက္ခ်င္တယ္၊ညတိုင္း မင္းကိုေတာင္းဆိုမယ္.. ျမန္ျမန္ေလး,ပိုနက္ေအာင္နဲ႔ၿပီးေတာ့ စိတ္ႂကြလာဖို႔ေရာ"
သူမဝိညဥ္လြင့္မတတ္ ခံစားလိုက္ရသည္။
ဒီရက္အနည္းငယ္အတြင္း အဓိကဇာတ္ေဆာင္မင္းသမီးကနန္းေတာ္ထဲျပန္လာႏိုင္ေအာင္လုပ္လိမ့္မည္ကို သူမသတိရသြားသည္၊က်င္းလင္ သတၳဳတြင္းတြင္ ခ်ဴ၀မ္၀မ္သည္ ေဘးထြက္ဇာတ္ေကာင္တစ္ေယာက္အားကယ္တင္လိုက္သည္၊ထိုလူကေက်းဇူးတင္လြန္း၍ သူမရဲ႕အေျခအေနဆိုးမွလြတ္ေျမာက္ေအာင္ကူညီေပးမည္ျဖစ္သည္၊ထို႔ေနာက္ ထိုလူကသူႏွင့္အတူနန္းေတာ္သို႔ေခၚသြားခဲ့၍ခ်ဴ၀မ္၀မ္ နန္းေတာ္တြင္းသို႔တစ္ဖန္၀င္ေရာက္လာမည္ျဖစ္သည္၊အဲ့ဒီေနာက္မွခ်ဴ၀မ္၀မ္သည္ ပိုင္စု႐ွင္းႏွင့္လီခ်ာကို
လက္တုံ႔ျပန္မည္ျဖစ္သည္။
ေမွ်ာ္လင့္ခ်က္႐ွိပါေသးတယ္၊ႏွာေခါင္းမွေလမ်ားမႈတ္ထုတ္လိုက္ၿပီး ေမးလိုက္သည္ "ျပင္ဆင္တာေကာ ဘယ္လိုလဲ?"
သူမေနျပန္ေကာင္းလာေတာ့ ကိုယ္လုပ္ေတာ္ဇီက ဒီေန႔အမတ္ခ်ဳပ္အိမ္သို႔ျပန္ခြင့္ျပဳလိုက္သည္။
ကိုယ့္ကိုကိုယ္ေသာ့ခတ္ခံရမယ့္အေျခအေနမ်ိဳးေတာ့ အေရာက္မခံႏိုင္ဘူး- အဲဒီေခြး႐ူးဇာတ္ေဆာင္နဲ႔ေဝးေဝးေနရမယ္,ၿပီးေတာ့ငါ့ရဲ႕ျဖဴစင္မႈကိုလည္း ကာကြယ္ရမယ္၊ အလံျဖဴလည္းမျပႏိုင္ဘူး၊ႀကိဳးစားရမယ္။
****