" မမ "
" ဟင္ ကေလးမ ! လမ္းႀကံဳျပန္ၿပီလား "
" လမ္းႀကံဳတာမဟုတ္ပါဘူးမမရယ္ ကလ်ာ မမဆီတမင္လာတာပါ "
" အရႈပ္ထုပ္ ဘာလာလုပ္တာလဲ "
ကလ်ာမမဆီကိုတမင္လာခဲ့တာပါ။လြန္ခဲ့တဲ့ ၃လေလာက္က ကလ်ာ ရံုးေနာက္က်ေနၿပီမို႔ ေလာေလာ ေလာေလာ လာရင္း မမကားကို ဝင္တိုးမိတာပါ။အဲ့တုန္းက အလန္႔တၾကားျဖင့္ ေျပးဆင္းလာေသာ မမပံုစံေလးက ကလ်ာ့ မ်က္စိထဲက မထြက္။လွသည္။မမဟာ တကယ္ကိုလွသည္။မမရဲ႕အလွဟာ နန္းဆန္တဲ့အလွ။ေငးခ်င္တယ္။မမကိုဘဲ ကလ်ာေငးေနခ်င္တယ္။
မမဟာ ကလ်ာ့ကို ကားနဲ႔ ဝင္တိုက္ခဲ့တာမဟုတ္ပါဘဲ ကလ်ာ့နွလံုးသားကို ဝင္တိုက္ခဲ့တာပါ။ကလ်ာဟာ မမကို လွလို႔ သေဘာက်ေနမိတာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ မမကိုမေတြ႕ရရင္ ကလ်ာ မေနနိုင္ေတာ့ဘူး မမရယ္။
" ကေလးမ တို႔ေခၚေနတာၾကာၿပီေလကြာ ဘာေတြေငးေနတာလဲ "
" မမက သိပ္လွတယ္ "
" အမ္ "
ႏြယ့္ေရွ႕က ကေလးမက ဘယ္လိုအူေၾကာင္ၾကားေလးမွန္းမသိ။ကားနဲ႔တိုက္မိတုန္းကလည္း ကိုယ္ကဝင္တိုက္တာမဟုတ္ပါဘဲ သူက ဝင္တိုးတာပါ။လ်ွပ္ျပာ လ်ွပ္ျပာနဲ႔ တကယ့္ ေကာင္မေလး။ႏြယ့္ဆိုင္လိပ္စာကို အတင္းေမးကာ လမ္းႀကံဳလို႔ဆိုၿပီးလာလိုက္။ေမေမခရီးကအျပန္ လက္ေဆာင္ ဝယ္လာတာဆိုၿပီးလာလိုက္နဲ႔။အေၾကာင္းျပခ်က္ကို မ်ိဳးစံုေပးၿပီး လာေနေတာ့တာပါဘဲ။
" ကေလးမက မဝတ္စဖူး ထဘီေတြဘာေတြဝတ္လို႔ရယ္ ,ဒီလိုေလးက်ေတာ့လည္း ကေလးမက ခ်စ္ဖို႔ေကာင္းလိုက္တာ"
" ဟီး မမကေတာ့ ကလ်ာ့ကို ေျမႇာက္ေနျပန္ပါၿပီ ,ကလ်ာ့ မုန္႔ဝယ္ေကြၽးပါ့မယ္ "
ကေလးမက စကပ္တိုေလးေတြ ေဘာင္းဘီေလးေတြသာ အၿမဲဝတ္တတ္သူမို႔ ႏြယ့္အျမင္ ထဘီေလးဝတ္ထားျပန္ေတာ့လည္း သိပ္က်က္သေရရွိတာဘဲ။အနီရင့္ေရာင္ ပိုးသားရင္ဖံုး လက္ျပတ္ေလးနဲ႔ အျဖဴအနီ စပ္ထားတဲ့ခ်ိတ္ထဘီေလးကိုဝတ္ထားေသးသည္။တင္ပါးေအာက္ေက်ာ္ေသာ ဆံႏြယ္ရွည္ႀကီးေတြကို ေအာက္အဖ်ားမွာ အေခြေလးေတြလိပ္ထားၿပီး တစ္ဝက္ခန္႔စုစည္းထားသည္။အသားေရေလးက ျဖဴဝင္းေနသူမို႔ ဘာနဲ႔ျဖစ္ျဖစ္လိုက္ေနပံုပါဘဲ။ႏြယ့္အသားေရက ကေလးမေလာက္မျဖဴေပမယ့္လို႔ ဝါဝါဝင္းဝင္းေလးပါ။
"တို႔က အတည္ေျပာတာရယ္,လာရင္းကိစၥေလး ေျပာပါဦး ကေလးမ "
" ဒီေန႔ကလ်ာ့ ေမြးေန႔မို႔ မမနဲ႔အတူ ဘုရားသြားခ်င္လို႔ ,ၿပီးေတာ့မမစားခ်င္တာ ကလ်ာလိုက္ေကြၽးပါ့မယ္ "
" တို႔က ႀကိဳမသိေတာ့ ဘာမွလည္း မျပင္ဆင္ထားမိဘူး , ကေလးမ သူငယ္ခ်င္းေတြေရာ "
" သူတို႔ကို ညေနလိုက္ေကြၽးမွာပါ မမရယ္ ,ကလ်ာ့ေမြးေန႔ကို မမနဲ႔အတူ ျဖတ္သန္းခ်င္လို႔ပါ"
" ေမြးေန႔ဆိုတာ ကိုယ္ခ်စ္ရတဲ့သူ ,ကိုယ့္အတြက္အေ ရးပါတဲ့သူေတြနဲ႔ ျဖတ္သန္းသင့္တာေလ ကေလးမရဲ႕ "
" မမက ကလ်ာ့အတြက္ အဲဒီ့ထက္ ပိုပါတယ္"
" ဟမ္ ! ကေလးမစကားေတြ တို႔ေတာ့ လိုက္မမီေတာ့ဘူးကြယ္ လိုက္ဆိုလိုက္ခဲ့ပါ့မယ္ ,ခနေတာ့ေစာင့္ ဒီပါမလာေသးဘူး "
" ေဟာေျပာရင္းဆိုရင္း အစ္ကိုလာၿပီ boss လိုက္ပို႔တာထင္တယ္ ဟီး သူတို႔နွစ္ေယာက္က သိပ္လိုက္ဖက္တာဘဲ "
" ကလ်ာ ဆိုင္ကိုလာလည္တာလား "
အစ္ကိုက ကလ်ာ့ကို ၿပံဳးျပၿပီး သူ႔ရဲ႕မူပိုင္ ေလသံေအးေအးေလးနွင့္ စကားကိုဆိုသည္။အစ္ကိုက တကယ္ကိုေအးေအးခ်မ္းခ်မ္းေလး။ဒါေၾကာင့္လည္း boss က တုန္ေနေအာင္ခ်စ္တာ။အစ္ကိုတို႔ကို ကလ်ာျဖင့္ သိပ္အားက်တာဘဲ။နွစ္ေယာက္စလံုးက ပတ္ဝန္းက်င္ရဲ႕ ရိုက္ခတ္မႈကို ႀကံ့ႀကံ့ခံရင္း တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္မေလ်ာ့ဘဲ ေရွ႕ဆက္ေနၾကတာ။
ကလ်ာလည္း အစ္ကိုတို႔လို သတၱိရွိခ်င္တယ္။
" လာလည္တာ မဟုတ္ဘူး အစ္ကို ,ကလ်ာ့ ေမြးေန႔ မမနဲ႔ဘုရားအတူသြားခ်င္လို႔ လာေခၚတာ ,မမကို တစ္ရက္ေလာက္ ငွားမယ္မလား အစ္ကို ,ကလ်ာအခ်ိန္မီ ျပန္ပို႔ေပးပါ့မယ္ "
" အင္း ေခၚသြားဗ်ာ တစ္သက္လံုး ျပန္မပို႔လည္းရတယ္ "
" ဒါဆိုရင္ျဖင့္ ကလ်ာ တစ္သက္လံုးေခၚထားပါ့မယ္ "
" ရွင္တို႔နွစ္ေယာက္ ကြၽန္မကို အရုပ္ေလးလို႔မ်ား ထင္ေနၾကသလားကြယ္ "
" မဟုတ္ပါဘူးႏြယ္ရယ္ , ဒီက ဂ်စ္တူးမက လိုခ်င္တာမရမခ်င္း ဂ်စ္တိုက္ေနမွာသိတယ္မလား "
" ဟီး အစ္ကိုကလည္း ကလ်ာက ဂ်စ္တိုက္တာမဟုတ္ရပါဘူး "
" ဒီပါရယ္ ငါလိုက္သြားလို႔ျဖစ္ရဲ႕လား ,ဆိုင္မွာက နင္တစ္ေယာက္ထဲ"
" ငါ့ကို စိတ္ခ်ပါႏြယ္ "
" အေလးပင္ေတြ မမနဲ႔ေနာ္ ,အၾကာႀကီးလည္း မတ္တပ္မရပ္နဲ႔,အကုန္လံုးလည္း ဝင္လုပ္မေနနဲ႔ ကေလးေတြကိုခိုင္း "
" ဟုတ္ပါၿပီႏြယ္ရယ္ , ငါကေလး မဟုတ္ပါဘူး အဖြားႀကီးလို ဗ်စ္ေတာက္ ဗ်စ္ေတာက္ မလုပ္စမ္းနဲ႔ "
ႏြယ္ကေတာ့ အၿမဲအဲ့လိုပါဘဲ။ဒီပါ့ကိုဆို အၿမဲစိတ္မခ်ဘူး။ဆိုင္အလုပ္ေတြအကုန္လည္း သူတစ္ေယာက္ထဲ သိမ္းႀကံဳးလုပ္တာ။ဒီပါကေတာ့ ကေလးေတြကို ႀကီးၾကပ္ၿပီး ေကာင္တာထိုင္ရံုပါဘဲ။ဒီပါတို႔ဆိုင္ေလးက အျပင္အဆင္လည္း သဘာဝက်ေတာ့ အခုဆို လူငယ္ေတြၾကား ေရပန္းစားေနတာပါ။ေမြးေန႔ပြဲေတြ တစ္ခ်ိဳ႕ပြဲေတြလည္း လာငွားၾကေတာ့ ဝင္ေငြေကာင္းတဲ့ထဲမွာပါပါတယ္။
" ဒီပါ တစ္ခုခုဆို ငါ့ကို ဖုန္းဆက္ေနာ္ "
" ဟင္း ငါစိတ္ရွည္တယ္ေနာ္ ႏြယ္ , ကလ်ာ မင္းမမကို ေခၚသြားလိုက္ေတာ့ ၾကာရင္ နွစ္ေယာက္လံုးကို ငါ ေမာင္းထုတ္ေတာ့မယ္ "
" လာပါ မမရယ္ , အစ္ကို႔ကို စိတ္ခ်ပါ "
ကလ်ာက ဆြဲေခၚသြားေတာ့မွ ႏြယ္က ယက္ကန္ယက္ကန္နွင့္ပါသြားသည္။ ဒါေတာင္ သူ႔ကို ဖုန္းဆက္ေနာ္ဆိုၿပီး လွမ္းေအာ္သြားေသးသည္။ ႏြယ္တို႔ထြက္သြားေတာ့မွဘဲ ဒီပါလည္း ဆိုင္က ကေလးေတြကို မွာစရာရွိတာမွာၿပီး ေကာင္တာမွာထိုင္ေနလိုက္သည္။
_______________________
ဦးသူရိန္မင္းေမာင္တစ္ေယာက္ အခုရက္ပိုင္း ကုမၸဏီကိစၥေတြေၾကာင့္ အေတာ္စိတ္ရႈပ္ေနရတာပါ။သူရဲ႕ project ေတြကလည္း တစ္ခုၿပီးတစ္ခု ျဖတ္လုခံေနရသည္။ရွယ္ယာရွင္ေတြကလည္း ကုမၸဏီက အေျခအေနမဟန္ေတာ့ ရွယ္ယာေတြ ျပန္ထုတ္ကုန္ၾကသည္။အခုဆို ကုမၸဏီက ေတာ္ေတာ္ေလး အေျခအေန မဟန္ေတာ့ ။သားေတာ္ေမာင္ကလည္း ကုမၸဏီကို ေျခဦးေလးေတာင္မလွည့္။ သူ႔မိန္းမျဖစ္သူကိုသာ နိုင္ငံလွည့္ရွာေနသည္။ဒီကိစၥေတြေနာက္ကြယ္က ႀကိဳးကိုင္သူဟာ သူ႔ကို ရည္႐ြယ္ခ်က္ရွိရွိ တိုက္ခိုက္ေနတာပါ။သူ႔မွာကလည္း ရန္သူက အမ်ားသားမို႔ ဘယ္သူက ဒီေလာက္အၿငိွဳးႀကီးႀကီးတိုက္ခိုက္ေနမွန္း ခန္႔မွန္းလို႔မရပါဘူး။
" ဟယ္လို "
"ဆရာ ကြၽန္ေတာ္တို႔ ပစၥည္းသြားပို႔တဲ့ နယ္စပ္ဘက္မွာ သက္ဆိုင္ရာက ဘယ္လို သတင္းရသြားလဲမသိဘူး ,ကြၽန္ေတာ္တို႔ လူေတြဘဲ ရေအာင္ထြက္ေျပးခဲ့ရလို႔ ပစၥည္းေတြေတာ့အသိမ္းခံလိုက္ရပါတယ္ "
" ဟာ shit , မင္းတို႔ေကာင္ေတြ ဘာေစာက္သံုးက်လဲ ဟမ္ , လူသာရေအာင္ေျပးခဲ့ ၿပီးရင္ တစ္ေနရာမွာ သြားေရွာင္ "
" ဟုတ္ "
ဦးသူရိန္မင္းေမာင္တစ္ေယာက္ အေတာ့္ကိုေခါင္းခဲေနပါၿပီ။ ကုမၸဏီအေျခအေနကမဟန္တာမို႔ ဒီဘက္က ရတဲ့ေငြေတြနဲ႔ ဖာေထးေနရတာ။အခုတစ္ေခါက္ ဆံုးရွံုးသြားတာက တကယ့္ကို အခ်ီႀကီးပါ။
"ေတာက္ခ္! အကုသိုလ္က ဝင္ခ်င္ရင္ အလံုးလိုက္အရင္းလိုက္ ဝင္တာ"
" ဟူးး"
ဦးသူရိန္မင္းေမာင္ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး အက်ႌ ၾကယ္သီးကို သံုးလံုးခန္႔ေလာက္ျဖဳတ္ထားလိုက္ၿပီး ဆံုလည္ကုလားထိုင္မွာ စိတ္ပ်က္လက္ပ်က္ ေလ်ာ့တိေလ်ာ့ရဲ မွီလိုက္သည္။သူ႔၏ရင္ဘတ္တြင္ ထိုးသြင္း ဒဏ္ရာကဲ့သို႔ အမာ႐ြတ္တစ္ခုလည္းရွိေနသည္။ထိုသူက အမာ႐ြတ္ကို လက္နဲ႔ ပြတ္သပ္လိုက္ၿပီးေနာက္
" ဘာမဟုတ္တဲ့ ေစာက္ခေလးက ငါ့ကို ေသရာပါ အမာ႐ြတ္တစ္ခုေပးသြားတာဘဲ , အခုေလာက္ဆို မင္းတို႔လည္း အ႐ြယ္ေရာက္ေလာက္ေရာေပါ့,အဲ့ဒီတုန္းက မင္းတို႔ ငါ့လက္ထဲက လြတ္သြားေပမယ့္ အခုေတာ့မရေတာ့ဘူး,ငါက မင္းတို႔ညီအစ္ကိုကို ဘယ္ေတာ့မွ ခြင့္မလႊတ္ဘူး "
" ဟက္ "
ဦးသူရိန္္မင္းေမာင္ဟာ ေလွာင္ၿပံဳးတစ္ခ်က္ရယ္လိုက္ၿပီး သူ႔ရဲ႕မ်က္လံုးေတြဟာ နတ္ဆိုးတစ္ေကာင္အလား ယုတ္မာေကာက္က်စ္လြန္းသည္။ လက္သီးကို တင္းတင္းဆုပ္ကာ မ်က္နွာထက္ Devil smile တစ္ခု ဆင္ျမန္းလိုက္သည္။
ဒီလို လူႀကီးလူေကာင္းတစ္ေယာက္ဟာ သူရဲ႕မ်က္နွာဖံုးကိုခြာခ်လိုက္တဲ့အခါ သူ႔ရဲ႕ သရုပ္အမွန္ကဘာလဲ။သူ႔ကို မုန္းတီးေနတဲ့ လူဆိုတာကေရာ ဘယ္သူလဲ ။ သူ႔လက္ဖမိုးေပၚက စၾကာၤပံုတက္တူးကေရာ တစ္စံုတစ္ေယာက္ရင္ထဲ မုန္းတီးျခင္း မီးစပ်ိဳးခဲ့မိတယ္ဆိုတာကိုေရာ သူကိုယ္တိုင္သိပါရဲ႕လား ။ဒီအေၾကာင္းေတြကိုေတာ့ ကာယကံရွင္ေတြကလြဲလို႔ ဘယ္သူမွသိနိုင္ၾကမည္မဟုတ္ပါ။
____________________
" မမ "
"ေျပာ ကေလးမ "
" ကလ်ာတို႔ ေန႔နံေထာင့္မွာ ေရသပၸါယ္ၾကရေအာင္ "
" အင္း"
ကလ်ာနဲ႔မမ အခု ဆူးေလ ဘုရားသို႔ေရာက္ေနၾကျခင္းျဖစ္ပါတယ္။ကလ်ာလည္းေရသပၸါယ္ဖို႔ ၾကာသပေတးေန႔နံေထာင့္သို႔သြားလိုက္ေလသည္။
" ကေလးမက တနလာၤသမီးမဟုတ္ဘူးလား ဘာလို႔ ၾကာသပေတးေန႔နံေထာင့္ကို လာတာလဲ "
" ကလ်ာက ၾကာသပေတးသမီးေလ မမရဲ႕"
" ကလ်ာဆိုေတာ့ တို႔က တနလၤာသမီးလို႔ထင္သြားတာ"
" ကလ်ာ့ နာမည္ အျပည့္အစံုက နန္းျမတ္ကလ်ာေလ ,ေမေမ ကရွမ္း ,ေဖေဖကဗမာ အဲ့ေတာ့ ကလ်ာက ရွမ္းကျပားျဖစ္သြားတာ "
" ေၾသာ္ အဲ့လိုကိုး "
မမနွင့္ကလ်ာ ေရသပၸါယ္ၿပီးေတာ့ ဘုရားရွိခိုးၾကသည္။ ကလ်ာက တရားထိုင္ဦးမည္ဆိုေတာ့ မမက ေဘးကထိုင္ေစာင့္ေပးသည္။ထို႔ေနာက္ မမနွင့္ကလ်ာ အလွဴခံေစာင္းတန္းဘက္သို႔ ေရာက္လာၾကသည္။
" ဒီမွာ အလွဴေငြေလးရွင့္ "
" အလွဴရွင္နာမည္ ဘယ္လိုေရးေပးရမလဲ"
မမ က ကလ်ာ့ကို ခနေနာ္ဆိုၿပီး ေဂါပက နားကို သြားလိုက္ၿပီးေနာက္ လက္ထဲမွာ ျဖတ္ပိုင္းတစ္ခုပါလာေလသည္။မမက ကလ်ာ့ကို ထိုျဖတ္ပိုင္းေလးေပးလိုက္ေတာ့ ျဖတ္ပိုင္းထဲမွာ ေရးထားတာက
" မနန္းျမတ္ကလ်ာ နွင့္ မျမသီရိႏြယ္တို႔မွ လွဴဒါန္းေငြ ၁၀၀၀၀၀က်ပ္ " တဲ့။
" မမရဲ႕ေမြးေန႔လက္ေဆာင္ အဖိုးမတန္ေပမယ့္လို႔ေပါ့ ,ျပဳသမ်ွ ကုသိုလ္ အစုစု ကေလးမကို မ်ွေဝေပးခ်င္ပါတယ္ "
ကလ်ာတကယ္ကို ေပ်ာ္သြားတာပါ။မမက သူ႔အတြက္ ရည္႐ြယ္ၿပီး ေမြးေန႔အလွဴလုပ္ေပးတာတဲ့ေလ ။
ကလ်ာ့ နွလံုးသားကိုေတာ့ျဖင့္ ႏြယ္ ဆိုတဲ့ ႏြယ္ႀကိဳးေလးက ရစ္ပတ္ထားၿပီ မမရယ္။
" ကလ်ာ့အတြက္ေတာ့ မမရဲ႕ေမြးေန႔လက္ေဆာင္က အဖိုးမျဖတ္နိုင္ေအာင္ တန္ဖိုးႀကီးလြန္းပါတယ္ မမရယ္ , သံသရာ အဆက္ဆက္ မမနဲ႔သာ ေရစက္ဆံုရပါေစလို႔ ကလ်ာဆုေတာင္းတယ္ "
" ဆုေတာင္း မေစာပါနဲ႔ ကေလးမရယ္ ,အရာရာဟာ ကိုယ္ထင္ထားသလို ျဖစ္မလာတတ္ဘူး "
မမကတိုးဖြဖြအသံေလးနဲ႔ေျပာၿပီးေရွ႕ကထြက္သြားေတာ့သည္။
ေနကပူရပူနဲ႔ မမေျခဖဝါးႏုႏု အပူေလာင္ကုန္မွျဖင့္ကြယ္ ။
" မမရယ္ ကလ်ာ့ကို ေစာင့္ပါဦး "
ကေလးမ ေအာ္သံေၾကာင့္ ႏြယ္ရပ္လိုက္မိေတာ့ ႏြယ့္ေခါင္းေပၚက်ေရာက္လာတဲ့ အရိပ္တစ္ခု။ ႏြယ္ေမာ့ၾကည့္လိုက္ေတာ့ ကေလးမက သူ႔ပုဝါစေလးနဲ႔ ႏြယ့္ကို အုပ္မိုးေပးထားတာ။
ေအးခ်မ္းလိုက္တာ။ ကေလးမအၿပံဳးေတြက ။
မျဖစ္နိုင္တဲ့အရာေတြကို မေမ်ွာ္လင့္ပါရေစနဲ႔လား ကေလးမရယ္,
မျဖစ္နိုင္တာကို ေမ်ွာ္လင့္မိတဲ့အခါ သိပ္နာက်င္ရတယ္မလား။
အျမင့္ကေန ရိုက္ခ်ခံရရင္ သိပ္နာက်င္ရသလို
ေမ်ွာ္လင့္ခ်က္ေတြ ရိုက္ခ်ခံရရင္လည္း သိပ္ကို နာက်င္ရေၾကာင္း သိေစခ်င္စမ္းပါရဲ႕ ကေလးမရယ္။
ေက်းဇူးျပဳၿပီး မင္းရဲ႕ျဖဴစင္တဲ့ ဂရုစိုက္မႈေတြေအာက္မွာ မနစ္မြန္းပါရေစနဲ႔။
" မမ ဖရဲသီး ေဖ်ာ္ရည္ ေသာက္မလား ,ကလ်ာတို႔ ဆိုင္တစ္ဆိုင္ သြားထိုင္ရေအာင္ "
" ဆိုင္ထိုင္မယ့္အစား ဟိုးနားမွာေတြ႕လား ,တို႔အဲ့က ေသာက္ခ်င္တယ္ ကေလးမ ဝယ္တိုက္မယ္မလား "
မမျပတဲ့ေနရာကို ကလ်ာၾကည့္လိုက္ေတာ့ ဘုရားမုဒ္ဝရဲ႕ ဟိုဘက္နားေလးမွာ ခပ္ႏြမ္းႏြမ္း ျဖစ္ပံုရတဲ့ အန္တီႀကီးေရာင္းေနတဲ့ ဆိုင္ေသးေသးေလးပါ။ဆိုင္ေလးက သန္႔သန္႔ရွင္းရွင္းေလးပါဘဲ ။တဲေလးမိုးထားၿပီး အျခားေဖ်ာ္ရည္ေတြလည္း ရပါေသးသည္။
" ဒါေပါ့ ကလ်ာ ဝယ္တိုက္မွာေပါ့ "
ကလ်ာ မမလက္ကို ဆြဲလိုက္ေတာ့ မမက လက္ေလးတစ္ခ်က္တြန္႔သြားၿပီး ဘာမွမေျပာဘဲ ကလ်ာေခၚရာေနာက္ကိုသာ ယက္ကန္ယက္ကန္ပါလာေတာ့သည္။ခ်စ္ရသူရဲ႕လက္ကိုဆြဲၿပီး လမ္းေလ်ွာက္ရတဲ့ ခံစားမႈဟာ ဘာနဲ႔မွ လဲလို႔မရနိုင္မွန္း ကလ်ာသိပါၿပီ။
" အန္တီ ဖရဲသီးေဖ်ာ္ရည္ တစ္ခြက္ဘယ္ေလာက္လဲ "
" ၃၀၀ပါ သမီး "
" ဟင္ ၃၀၀ထဲလား "
ကလ်ာ မ်က္လံုးျပဴးသြားသည္။တစ္ခြက္မွ ၃၀၀ထဲ အျမတ္ေရာရရဲ႕လားမသိ။ဒါနဲ႔ဘဲ ကလ်ာတို႔ တစ္ေယာက္ ၂ခြက္စီ ေသာက္လိုက္ၾကသည္။
" အန္တီ ဒါေတြအကုန္ ဘယ္ေလာက္က်န္ေသးလဲဟင္ "
" အားလံုးေပါင္း တစ္ေသာင္းေက်ာ္ဖိုးပါဘဲ သမီးရယ္ ,ဒီေန႔ အေရာင္းနည္းနည္းပါးေတာ့ "
" ဒါဆို ဒါေတြအကုန္ ႏြယ္ ယူပါ့မယ္ "
" မမ ဒီေလာက္အမ်ားႀကီး ဘယ္ကုန္ပါ့မလဲ "
" ဟိုးမွာ ကားမီးပြိဳက့္မွာေစ်းေရာင္းေနတဲ့ကေလးေတြ ေတြ႕လား, အဲ့ကေလးေလးေတြအတြက္ "
" ကေလးေတြ ဒီမွာ ေဖ်ာ္ရည္တိုက္မယ္ လာၾကဦးကြယ္ "
ႏြယ့္အသံေၾကာင့္ ကေလးေတြက ေစ်းေရာင္းေနရာမွ အေျပးအလႊားေရာက္လာၾကသည္။ကေလးေတြက စာသင္ရမယ့္ အ႐ြယ္မွာ စာမသင္ရဘဲ မိသားစုစားဝတ္ေနေရးေၾကာင့္ အခုလို ေစ်းထြက္ေရာင္းေနၾကရတာပါ။အရင္က ႏြယ္တို႔ေက်ာင္းတက္တုန္းကဆို ပန္းစက္ရယ္ , ႏြယ္ရယ္ , ဒီပါရယ္ သံုးေယာက္သား ကေလးေတြကို မုန္႔လာေကြၽးေနၾကပါ။အဲ့တုန္းကေတာ့ တစ္ပတ္တစ္ခါ မုန္႔ဖိုးေလးေတြစုၿပီး လာေကြၽးၾကတာေပါ့။
" ကေလးေတြ ဘယ္နွစ္ေယာက္ရွိလဲ "
ကေလးေတြထဲမွ အသက္ႀကီးပံုရတဲ့ ကေလးတစ္ေယာက္ဟာ ဘယ္ႏွစ္ေယာက္ရွိလဲဆိုၿပီး ေရတြက္ေနသည္။
" ၁၈ေယာက္ရွိပါတယ္ မမ "
" ကဲ ဒါဆို ရန္မျဖစ္ရဘူး ,လုယက္ၿပီး မေသာက္ရဘူးေနာ္ အဝေသာက္လို႔ရတယ္ "
ကေလးေတြက ေသခ်ာတန္းစီၿပီးကို ေသာက္ေနၾကသည္။သူတို႔မ်က္နွာေပၚမွာျမင္ရတဲ့ အၿပံဳးေတြက ဘာနဲ႔မွလဲလို႔မရပါဘူး။
အင္း ႏြယ့္ေဘးက ကေလးမေလးရဲ႕ အၿပံဳးကေရာေပါ့။
ကေလးမက ၿပံဳးၿပီးၾကည့္ေနလိုက္တာမ်ား သြား၃၂ေခ်ာင္းလံုးပါ အေအးပတ္ေတာ့မည္။
မင္းေလးေပ်ာ္ဖို႔ ဘာမဆို လုပ္ေပးရပါေစ ကေလးမ။
" မမ ကေလးေတြက ဒီေလာက္ေလးနဲ႔ကို သိပ္ေပ်ာ္ေနတာေနာ္ ,သူတို႔အၿပံဳးေလးေတြျမင္ရတာ စိတ္ထဲ ေအးခ်မ္းလိုက္တာ, ဘာဟန္ေဆာင္မႈမွလည္းမရွိၾကဘူး "
" ဒါေၾကာင့္တို႔ေျပာတာေပါ့ ကေလးမရဲ႕, ကိုယ့္အတြက္ေတာ့ ဘာမွမဟုတ္တဲ့ပိုက္ဆံေလးက သူတို႔ေလးေတြရဲ႕ ဆာေလာင္ေနတဲ့ ဗိုက္ကိုျဖည့္ေပးလိုက္နိုင္တယ္ေလ ။ တို႔ေတြက ဆိုင္ႀကီးဆိုင္ေကာင္းမွာ အစားအေသာက္ေကာင္းေကာင္းေတြ စားေနတဲ့အခ်ိန္မွာ ဒီကေလးေတြကေတာ့ ေနပူထဲမွာ ထမင္းတစ္ဝမ္းအတြက္ ေစ်းေရာင္းေနၾကရတာ။ ဒီလိုဆိုင္ေလးေတြကလည္း အရသာရွိပါတယ္ကြယ္။ ကုသိုလ္လည္းရ ၊ ဝမ္းလည္းဝတဲ့ ။ပီတိကိုစားေတာ့အားရွိပါတယ္ ကေလးမရယ္ "
" ဟုတ္တယ္ေနာ္, ကလ်ာ အရင္က ဒီလို ဆိုင္ေလးေတြမွာ မစားခဲ့ဖူးဘူး ။စားေသာက္ဆိုင္ႀကီးေတြမွာ စားမွ အရသာရွိတယ္ ထင္ခဲ့မိတာ။ပီတိကိုစားရတာေလာက္ ဘယ္ဟာက ပိုအရသာရွိပါ့မလဲ "
" ကေလးမက ေတာ္တယ္ "
" မမ ေပးတဲ့ ေမြးေန႔လက္ေဆာင္ေတြက မ်ားေနၿပီရယ္ "
" အားလံုးဟာ ကေလးမ အတြက္မို႔ မ်ားတယ္မထင္မိပါဘူး "
ဒီေန႔ဟာေတာ့ ေကာင္းကင္ကေနမင္းႀကီးရဲ႕အလွထက္ ကလ်ာ့မမဟာပိုၿပီးလွေနသလိုပါဘဲ။
မမအနားမွာဘဲေနခ်င္တယ္။မမဆံုးမစကားေတြဘဲနာခံခ်င္တယ္။မမနဲ႔အတူ ေရစက္ဆံုဖို႔ ဘယ္ဘုရားထံဆုေတာင္းရပါ့မလဲ မမရယ္။
__________________
" ေသြးသု အေျခအေန "
" သူတို႔ ကုမၸဏီဘက္က ေတာ္ေတာ္ေလး အထိနာေနပါၿပီ BOSS, အခုအေျခအေနကိုထိန္းထားနိုင္တာလည္း သူ႔ေငြမည္းေတြကတစ္ဆင့္မို႔ ထိန္းထားနိုင္တာပါ ...ဒီတစ္ေခါက္ ဆံုးရွံုးသြားတာလည္း ေတာ္ေတာ္မ်ားတာမို႔ သူၾကာၾကာေတာ့ ေတာင့္မခံနိုင္ပါဘူး "
" ဟက္ ! ဒါ အခုမွ အစဘဲရွိေသးတယ္ ။ခင္ဗ်ားရဲ႕ က်ဆံုးခန္းကို က်ဳပ္က အရသာခံၿပီး ထိုင္ၾကည့္ဦးမွာ ဦးသူရိန္မင္းေမာင္ "
" boss ၿပီးေတာ့ေလ မမေလး ပန္းစက္သ်ွားဟာ ေနာက္ဆံုးအခ်ိန္အထိ သူ႔သူငယ္ခ်င္းကို လာကယ္ဖို႔ အကူအညီ ေတာင္းခဲ့တယ္ဆိုတာ တကယ္ပါ....သက္ေသေတြရထားပါတယ္ "
ေသြးသုက အာဏာ့လက္ထဲကို ဖုန္းတစ္လံုးထည့္ေပးလာသည္။ဖုန္း၏ wallpaper တြင္တင္ထားေသာပံုက မမနွင့္သူ၏ ခ်စ္သူ သူရိန္မင္းေစ။ဖုန္းရဲ႕မက္ေဆ့ခ်္ထဲကို ဝင္ၾကည့္လိုက္ေတာ့ လြန္ခဲတဲ့ ၅နွစ္ေက်ာ္ခန္႔က contant ေလးတစ္ခုသို႔ ေနာက္ဆံုးပို႔ခဲ့ေသာ မက္ေဆ့ခ်္ တစ္ခု။Hlwan တဲ့။မမသူငယ္ခ်င္းဘဲျဖစ္ရမယ္။ေနာက္ဆံုးအခ်ိန္အထိ ဒီလူ႔ကိုဘဲ ဖုန္းအႀကိမ္ႀကိမ္ ဆက္ၿပီး အကူအညီေတာင္းေနခဲ့တာဘဲ။
မက္ေဆ့ခ်္ထဲမွာ ေရးထားသည္က
" လႊမ္း ငါ့ကို အျမန္ဆံုးလာကယ္ပါ ။ငါနဲ႔ ကေလးေလး အသက္အႏၲရာယ္ရွိေနၿပီ။ကိုကိုနဲ႔ ငါေနတဲ့ ကြန္ဒိုမွာ ၊အျမန္လာပါေနာ္ "
အာဏာမက္ေဆ့ခ်္ကို ဖတ္ၿပီးတာနဲ႔ လက္သီးကို တင္းတင္းဆုပ္ထားကာ အံကိုႀကိတ္ထားလ်က္ မ်က္နွာတစ္ခုလံုးဟာ ေပါက္ကြဲေတာ့မည့္ ဗံုးတစ္လံုးအလား။
" ခင္ဗ်ားသာ အခ်ိန္မီ လာကယ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ့္မမေရာ ေမေမေရာ ေသစရာအေၾကာင္းမရွိဘူး ,ေနာက္ဆံုးအခ်ိန္ထိ ခင္ဗ်ားကို အားကိုးတႀကီး အကူအညီ ေတာင္းေနသူကိုမွ ခင္ဗ်ားက ဥေပကၡာျပဳရက္တယ္...လႊမ္း ခင္ဗ်ား ဘယ္သူဘဲျဖစ္ျဖစ္ ကြၽန္ေတာ္ ခင္ဗ်ားကို ခြင့္မလႊတ္ဘူး ...မုန္းတယ္ သိပ္မုန္းတယ္"
13.4.22
Maple Lynn🍁
" မမ "
" ဟင် ကလေးမ ! လမ်းကြုံပြန်ပြီလား "
" လမ်းကြုံတာမဟုတ်ပါဘူးမမရယ် ကလျာ မမဆီတမင်လာတာပါ "
" အရှုပ်ထုပ် ဘာလာလုပ်တာလဲ "
ကလျာမမဆီကိုတမင်လာခဲ့တာပါ။လွန်ခဲ့တဲ့ ၃လလောက်က ကလျာ ရုံးနောက်ကျနေပြီမို့ လောလော လောလော လာရင်း မမကားကို ဝင်တိုးမိတာပါ။အဲ့တုန်းက အလန့်တကြားဖြင့် ပြေးဆင်းလာသော မမပုံစံလေးက ကလျာ့ မျက်စိထဲက မထွက်။လှသည်။မမဟာ တကယ်ကိုလှသည်။မမရဲ့အလှဟာ နန်းဆန်တဲ့အလှ။ငေးချင်တယ်။မမကိုဘဲ ကလျာငေးနေချင်တယ်။
မမဟာ ကလျာ့ကို ကားနဲ့ ဝင်တိုက်ခဲ့တာမဟုတ်ပါဘဲ ကလျာ့နှလုံးသားကို ဝင်တိုက်ခဲ့တာပါ။ကလျာဟာ မမကို လှလို့ သဘောကျနေမိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မမကိုမတွေ့ရရင် ကလျာ မနေနိုင်တော့ဘူး မမရယ်။
" ကလေးမ တို့ခေါ်နေတာကြာပြီလေကွာ ဘာတွေငေးနေတာလဲ "
" မမက သိပ်လှတယ် "
" အမ် "
နွယ့်ရှေ့က ကလေးမက ဘယ်လိုအူကြောင်ကြားလေးမှန်းမသိ။ကားနဲ့တိုက်မိတုန်းကလည်း ကိုယ်ကဝင်တိုက်တာမဟုတ်ပါဘဲ သူက ဝင်တိုးတာပါ။လျှပ်ပြာ လျှပ်ပြာနဲ့ တကယ့် ကောင်မလေး။နွယ့်ဆိုင်လိပ်စာကို အတင်းမေးကာ လမ်းကြုံလို့ဆိုပြီးလာလိုက်။မေမေခရီးကအပြန် လက်ဆောင် ဝယ်လာတာဆိုပြီးလာလိုက်နဲ့။အကြောင်းပြချက်ကို မျိုးစုံပေးပြီး လာနေတော့တာပါဘဲ။
" ကလေးမက မဝတ်စဖူး ထဘီတွေဘာတွေဝတ်လို့ရယ် ,ဒီလိုလေးကျတော့လည်း ကလေးမက ချစ်ဖို့ကောင်းလိုက်တာ"
" ဟီး မမကတော့ ကလျာ့ကို မြှောက်နေပြန်ပါပြီ ,ကလျာ့ မုန့်ဝယ်ကျွေးပါ့မယ် "
ကလေးမက စကပ်တိုလေးတွေ ဘောင်းဘီလေးတွေသာ အမြဲဝတ်တတ်သူမို့ နွယ့်အမြင် ထဘီလေးဝတ်ထားပြန်တော့လည်း သိပ်ကျက်သရေရှိတာဘဲ။အနီရင့်ရောင် ပိုးသားရင်ဖုံး လက်ပြတ်လေးနဲ့ အဖြူအနီ စပ်ထားတဲ့ချိတ်ထဘီလေးကိုဝတ်ထားသေးသည်။တင်ပါးအောက်ကျော်သော ဆံနွယ်ရှည်ကြီးတွေကို အောက်အဖျားမှာ အခွေလေးတွေလိပ်ထားပြီး တစ်ဝက်ခန့်စုစည်းထားသည်။အသားရေလေးက ဖြူဝင်းနေသူမို့ ဘာနဲ့ဖြစ်ဖြစ်လိုက်နေပုံပါဘဲ။နွယ့်အသားရေက ကလေးမလောက်မဖြူပေမယ့်လို့ ဝါဝါဝင်းဝင်းလေးပါ။
"တို့က အတည်ပြောတာရယ်,လာရင်းကိစ္စလေး ပြောပါဦး ကလေးမ "
" ဒီနေ့ကလျာ့ မွေးနေ့မို့ မမနဲ့အတူ ဘုရားသွားချင်လို့ ,ပြီးတော့မမစားချင်တာ ကလျာလိုက်ကျွေးပါ့မယ် "
" တို့က ကြိုမသိတော့ ဘာမှလည်း မပြင်ဆင်ထားမိဘူး , ကလေးမ သူငယ်ချင်းတွေရော "
" သူတို့ကို ညနေလိုက်ကျွေးမှာပါ မမရယ် ,ကလျာ့မွေးနေ့ကို မမနဲ့အတူ ဖြတ်သန်းချင်လို့ပါ"
" မွေးနေ့ဆိုတာ ကိုယ်ချစ်ရတဲ့သူ ,ကိုယ့်အတွက်အေ ရးပါတဲ့သူတွေနဲ့ ဖြတ်သန်းသင့်တာလေ ကလေးမရဲ့ "
" မမက ကလျာ့အတွက် အဲဒီ့ထက် ပိုပါတယ်"
" ဟမ် ! ကလေးမစကားတွေ တို့တော့ လိုက်မမီတော့ဘူးကွယ် လိုက်ဆိုလိုက်ခဲ့ပါ့မယ် ,ခနတော့စောင့် ဒီပါမလာသေးဘူး "
" ဟောပြောရင်းဆိုရင်း အစ်ကိုလာပြီ boss လိုက်ပို့တာထင်တယ် ဟီး သူတို့နှစ်ယောက်က သိပ်လိုက်ဖက်တာဘဲ "
" ကလျာ ဆိုင်ကိုလာလည်တာလား "
အစ်ကိုက ကလျာ့ကို ပြုံးပြပြီး သူ့ရဲ့မူပိုင် လေသံအေးအေးလေးနှင့် စကားကိုဆိုသည်။အစ်ကိုက တကယ်ကိုအေးအေးချမ်းချမ်းလေး။ဒါကြောင့်လည်း boss က တုန်နေအောင်ချစ်တာ။အစ်ကိုတို့ကို ကလျာဖြင့် သိပ်အားကျတာဘဲ။နှစ်ယောက်စလုံးက ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံရင်း တစ်ယောက်နဲ့တစ်ယောက် အချစ်မလျော့ဘဲ ရှေ့ဆက်နေကြတာ။
ကလျာလည်း အစ်ကိုတို့လို သတ္တိရှိချင်တယ်။
" လာလည်တာ မဟုတ်ဘူး အစ်ကို ,ကလျာ့ မွေးနေ့ မမနဲ့ဘုရားအတူသွားချင်လို့ လာခေါ်တာ ,မမကို တစ်ရက်လောက် ငှားမယ်မလား အစ်ကို ,ကလျာအချိန်မီ ပြန်ပို့ပေးပါ့မယ် "
" အင်း ခေါ်သွားဗျာ တစ်သက်လုံး ပြန်မပို့လည်းရတယ် "
" ဒါဆိုရင်ဖြင့် ကလျာ တစ်သက်လုံးခေါ်ထားပါ့မယ် "
" ရှင်တို့နှစ်ယောက် ကျွန်မကို အရုပ်လေးလို့များ ထင်နေကြသလားကွယ် "
" မဟုတ်ပါဘူးနွယ်ရယ် , ဒီက ဂျစ်တူးမက လိုချင်တာမရမချင်း ဂျစ်တိုက်နေမှာသိတယ်မလား "
" ဟီး အစ်ကိုကလည်း ကလျာက ဂျစ်တိုက်တာမဟုတ်ရပါဘူး "
" ဒီပါရယ် ငါလိုက်သွားလို့ဖြစ်ရဲ့လား ,ဆိုင်မှာက နင်တစ်ယောက်ထဲ"
" ငါ့ကို စိတ်ချပါနွယ် "
" အလေးပင်တွေ မမနဲ့နော် ,အကြာကြီးလည်း မတ်တပ်မရပ်နဲ့,အကုန်လုံးလည်း ဝင်လုပ်မနေနဲ့ ကလေးတွေကိုခိုင်း "
" ဟုတ်ပါပြီနွယ်ရယ် , ငါကလေး မဟုတ်ပါဘူး အဖွားကြီးလို ဗျစ်တောက် ဗျစ်တောက် မလုပ်စမ်းနဲ့ "
နွယ်ကတော့ အမြဲအဲ့လိုပါဘဲ။ဒီပါ့ကိုဆို အမြဲစိတ်မချဘူး။ဆိုင်အလုပ်တွေအကုန်လည်း သူတစ်ယောက်ထဲ သိမ်းကြုံးလုပ်တာ။ဒီပါကတော့ ကလေးတွေကို ကြီးကြပ်ပြီး ကောင်တာထိုင်ရုံပါဘဲ။ဒီပါတို့ဆိုင်လေးက အပြင်အဆင်လည်း သဘာဝကျတော့ အခုဆို လူငယ်တွေကြား ရေပန်းစားနေတာပါ။မွေးနေ့ပွဲတွေ တစ်ချို့ပွဲတွေလည်း လာငှားကြတော့ ဝင်ငွေကောင်းတဲ့ထဲမှာပါပါတယ်။
" ဒီပါ တစ်ခုခုဆို ငါ့ကို ဖုန်းဆက်နော် "
" ဟင်း ငါစိတ်ရှည်တယ်နော် နွယ် , ကလျာ မင်းမမကို ခေါ်သွားလိုက်တော့ ကြာရင် နှစ်ယောက်လုံးကို ငါ မောင်းထုတ်တော့မယ် "
" လာပါ မမရယ် , အစ်ကို့ကို စိတ်ချပါ "
ကလျာက ဆွဲခေါ်သွားတော့မှ နွယ်က ယက်ကန်ယက်ကန်နှင့်ပါသွားသည်။ ဒါတောင် သူ့ကို ဖုန်းဆက်နော်ဆိုပြီး လှမ်းအော်သွားသေးသည်။ နွယ်တို့ထွက်သွားတော့မှဘဲ ဒီပါလည်း ဆိုင်က ကလေးတွေကို မှာစရာရှိတာမှာပြီး ကောင်တာမှာထိုင်နေလိုက်သည်။
_______________________
ဦးသူရိန်မင်းမောင်တစ်ယောက် အခုရက်ပိုင်း ကုမ္ပဏီကိစ္စတွေကြောင့် အတော်စိတ်ရှုပ်နေရတာပါ။သူရဲ့ project တွေကလည်း တစ်ခုပြီးတစ်ခု ဖြတ်လုခံနေရသည်။ရှယ်ယာရှင်တွေကလည်း ကုမ္ပဏီက အခြေအနေမဟန်တော့ ရှယ်ယာတွေ ပြန်ထုတ်ကုန်ကြသည်။အခုဆို ကုမ္ပဏီက တော်တော်လေး အခြေအနေ မဟန်တော့ ။သားတော်မောင်ကလည်း ကုမ္ပဏီကို ခြေဦးလေးတောင်မလှည့်။ သူ့မိန်းမဖြစ်သူကိုသာ နိုင်ငံလှည့်ရှာနေသည်။ဒီကိစ္စတွေနောက်ကွယ်က ကြိုးကိုင်သူဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။သူ့မှာကလည်း ရန်သူက အများသားမို့ ဘယ်သူက ဒီလောက်အငြှိုးကြီးကြီးတိုက်ခိုက်နေမှန်း ခန့်မှန်းလို့မရပါဘူး။
" ဟယ်လို "
"ဆရာ ကျွန်တော်တို့ ပစ္စည်းသွားပို့တဲ့ နယ်စပ်ဘက်မှာ သက်ဆိုင်ရာက ဘယ်လို သတင်းရသွားလဲမသိဘူး ,ကျွန်တော်တို့ လူတွေဘဲ ရအောင်ထွက်ပြေးခဲ့ရလို့ ပစ္စည်းတွေတော့အသိမ်းခံလိုက်ရပါတယ် "
" ဟာ shit , မင်းတို့ကောင်တွေ ဘာစောက်သုံးကျလဲ ဟမ် , လူသာရအောင်ပြေးခဲ့ ပြီးရင် တစ်နေရာမှာ သွားရှောင် "
" ဟုတ် "
ဦးသူရိန်မင်းမောင်တစ်ယောက် အတော့်ကိုခေါင်းခဲနေပါပြီ။ ကုမ္ပဏီအခြေအနေကမဟန်တာမို့ ဒီဘက်က ရတဲ့ငွေတွေနဲ့ ဖာထေးနေရတာ။အခုတစ်ခေါက် ဆုံးရှုံးသွားတာက တကယ့်ကို အချီကြီးပါ။
"တောက်ခ်! အကုသိုလ်က ဝင်ချင်ရင် အလုံးလိုက်အရင်းလိုက် ဝင်တာ"
" ဟူးး"
ဦးသူရိန်မင်းမောင် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အကျႌ ကြယ်သီးကို သုံးလုံးခန့်လောက်ဖြုတ်ထားလိုက်ပြီး ဆုံလည်ကုလားထိုင်မှာ စိတ်ပျက်လက်ပျက် လျော့တိလျော့ရဲ မှီလိုက်သည်။သူ့၏ရင်ဘတ်တွင် ထိုးသွင်း ဒဏ်ရာကဲ့သို့ အမာရွတ်တစ်ခုလည်းရှိနေသည်။ထိုသူက အမာရွတ်ကို လက်နဲ့ ပွတ်သပ်လိုက်ပြီးနောက်
" ဘာမဟုတ်တဲ့ စောက်ခလေးက ငါ့ကို သေရာပါ အမာရွတ်တစ်ခုပေးသွားတာဘဲ , အခုလောက်ဆို မင်းတို့လည်း အရွယ်ရောက်လောက်ရောပေါ့,အဲ့ဒီတုန်းက မင်းတို့ ငါ့လက်ထဲက လွတ်သွားပေမယ့် အခုတော့မရတော့ဘူး,ငါက မင်းတို့ညီအစ်ကိုကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး "
" ဟက် "
ဦးသူရိန်မင်းမောင်ဟာ လှောင်ပြုံးတစ်ချက်ရယ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေဟာ နတ်ဆိုးတစ်ကောင်အလား ယုတ်မာကောက်ကျစ်လွန်းသည်။ လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာထက် Devil smile တစ်ခု ဆင်မြန်းလိုက်သည်။
ဒီလို လူကြီးလူကောင်းတစ်ယောက်ဟာ သူရဲ့မျက်နှာဖုံးကိုခွာချလိုက်တဲ့အခါ သူ့ရဲ့ သရုပ်အမှန်ကဘာလဲ။သူ့ကို မုန်းတီးနေတဲ့ လူဆိုတာကရော ဘယ်သူလဲ ။ သူ့လက်ဖမိုးပေါ်က စကြာၤပုံတက်တူးကရော တစ်စုံတစ်ယောက်ရင်ထဲ မုန်းတီးခြင်း မီးစပျိုးခဲ့မိတယ်ဆိုတာကိုရော သူကိုယ်တိုင်သိပါရဲ့လား ။ဒီအကြောင်းတွေကိုတော့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူမှသိနိုင်ကြမည်မဟုတ်ပါ။
____________________
" မမ "
"ပြော ကလေးမ "
" ကလျာတို့ နေ့နံထောင့်မှာ ရေသပ္ပါယ်ကြရအောင် "
" အင်း"
ကလျာနဲ့မမ အခု ဆူးလေ ဘုရားသို့ရောက်နေကြခြင်းဖြစ်ပါတယ်။ကလျာလည်းရေသပ္ပါယ်ဖို့ ကြာသပတေးနေ့နံထောင့်သို့သွားလိုက်လေသည်။
" ကလေးမက တနလာၤသမီးမဟုတ်ဘူးလား ဘာလို့ ကြာသပတေးနေ့နံထောင့်ကို လာတာလဲ "
" ကလျာက ကြာသပတေးသမီးလေ မမရဲ့"
" ကလျာဆိုတော့ တို့က တနင်္လာသမီးလို့ထင်သွားတာ"
" ကလျာ့ နာမည် အပြည့်အစုံက နန်းမြတ်ကလျာလေ ,မေမေ ကရှမ်း ,ဖေဖေကဗမာ အဲ့တော့ ကလျာက ရှမ်းကပြားဖြစ်သွားတာ "
" သြော် အဲ့လိုကိုး "
မမနှင့်ကလျာ ရေသပ္ပါယ်ပြီးတော့ ဘုရားရှိခိုးကြသည်။ ကလျာက တရားထိုင်ဦးမည်ဆိုတော့ မမက ဘေးကထိုင်စောင့်ပေးသည်။ထို့နောက် မမနှင့်ကလျာ အလှူခံစောင်းတန်းဘက်သို့ ရောက်လာကြသည်။
" ဒီမှာ အလှူငွေလေးရှင့် "
" အလှူရှင်နာမည် ဘယ်လိုရေးပေးရမလဲ"
မမ က ကလျာ့ကို ခနနော်ဆိုပြီး ဂေါပက နားကို သွားလိုက်ပြီးနောက် လက်ထဲမှာ ဖြတ်ပိုင်းတစ်ခုပါလာလေသည်။မမက ကလျာ့ကို ထိုဖြတ်ပိုင်းလေးပေးလိုက်တော့ ဖြတ်ပိုင်းထဲမှာ ရေးထားတာက
" မနန်းမြတ်ကလျာ နှင့် မမြသီရိနွယ်တို့မှ လှူဒါန်းငွေ ၁၀၀၀၀၀ကျပ် " တဲ့။
" မမရဲ့မွေးနေ့လက်ဆောင် အဖိုးမတန်ပေမယ့်လို့ပေါ့ ,ပြုသမျှ ကုသိုလ် အစုစု ကလေးမကို မျှဝေပေးချင်ပါတယ် "
ကလျာတကယ်ကို ပျော်သွားတာပါ။မမက သူ့အတွက် ရည်ရွယ်ပြီး မွေးနေ့အလှူလုပ်ပေးတာတဲ့လေ ။
ကလျာ့ နှလုံးသားကိုတော့ဖြင့် နွယ် ဆိုတဲ့ နွယ်ကြိုးလေးက ရစ်ပတ်ထားပြီ မမရယ်။
" ကလျာ့အတွက်တော့ မမရဲ့မွေးနေ့လက်ဆောင်က အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးလွန်းပါတယ် မမရယ် , သံသရာ အဆက်ဆက် မမနဲ့သာ ရေစက်ဆုံရပါစေလို့ ကလျာဆုတောင်းတယ် "
" ဆုတောင်း မစောပါနဲ့ ကလေးမရယ် ,အရာရာဟာ ကိုယ်ထင်ထားသလို ဖြစ်မလာတတ်ဘူး "
မမကတိုးဖွဖွအသံလေးနဲ့ပြောပြီးရှေ့ကထွက်သွားတော့သည်။
နေကပူရပူနဲ့ မမခြေဖဝါးနုနု အပူလောင်ကုန်မှဖြင့်ကွယ် ။
" မမရယ် ကလျာ့ကို စောင့်ပါဦး "
ကလေးမ အော်သံကြောင့် နွယ်ရပ်လိုက်မိတော့ နွယ့်ခေါင်းပေါ်ကျရောက်လာတဲ့ အရိပ်တစ်ခု။ နွယ်မော့ကြည့်လိုက်တော့ ကလေးမက သူ့ပုဝါစလေးနဲ့ နွယ့်ကို အုပ်မိုးပေးထားတာ။
အေးချမ်းလိုက်တာ။ ကလေးမအပြုံးတွေက ။
မဖြစ်နိုင်တဲ့အရာတွေကို မမျှော်လင့်ပါရစေနဲ့လား ကလေးမရယ်,
မဖြစ်နိုင်တာကို မျှော်လင့်မိတဲ့အခါ သိပ်နာကျင်ရတယ်မလား။
အမြင့်ကနေ ရိုက်ချခံရရင် သိပ်နာကျင်ရသလို
မျှော်လင့်ချက်တွေ ရိုက်ချခံရရင်လည်း သိပ်ကို နာကျင်ရကြောင်း သိစေချင်စမ်းပါရဲ့ ကလေးမရယ်။
ကျေးဇူးပြုပြီး မင်းရဲ့ဖြူစင်တဲ့ ဂရုစိုက်မှုတွေအောက်မှာ မနစ်မွန်းပါရစေနဲ့။
" မမ ဖရဲသီး ဖျော်ရည် သောက်မလား ,ကလျာတို့ ဆိုင်တစ်ဆိုင် သွားထိုင်ရအောင် "
" ဆိုင်ထိုင်မယ့်အစား ဟိုးနားမှာတွေ့လား ,တို့အဲ့က သောက်ချင်တယ် ကလေးမ ဝယ်တိုက်မယ်မလား "
မမပြတဲ့နေရာကို ကလျာကြည့်လိုက်တော့ ဘုရားမုဒ်ဝရဲ့ ဟိုဘက်နားလေးမှာ ခပ်နွမ်းနွမ်း ဖြစ်ပုံရတဲ့ အန်တီကြီးရောင်းနေတဲ့ ဆိုင်သေးသေးလေးပါ။ဆိုင်လေးက သန့်သန့်ရှင်းရှင်းလေးပါဘဲ ။တဲလေးမိုးထားပြီး အခြားဖျော်ရည်တွေလည်း ရပါသေးသည်။
" ဒါပေါ့ ကလျာ ဝယ်တိုက်မှာပေါ့ "
ကလျာ မမလက်ကို ဆွဲလိုက်တော့ မမက လက်လေးတစ်ချက်တွန့်သွားပြီး ဘာမှမပြောဘဲ ကလျာခေါ်ရာနောက်ကိုသာ ယက်ကန်ယက်ကန်ပါလာတော့သည်။ချစ်ရသူရဲ့လက်ကိုဆွဲပြီး လမ်းလျှောက်ရတဲ့ ခံစားမှုဟာ ဘာနဲ့မှ လဲလို့မရနိုင်မှန်း ကလျာသိပါပြီ။
" အန်တီ ဖရဲသီးဖျော်ရည် တစ်ခွက်ဘယ်လောက်လဲ "
" ၃၀၀ပါ သမီး "
" ဟင် ၃၀၀ထဲလား "
ကလျာ မျက်လုံးပြူးသွားသည်။တစ်ခွက်မှ ၃၀၀ထဲ အမြတ်ရောရရဲ့လားမသိ။ဒါနဲ့ဘဲ ကလျာတို့ တစ်ယောက် ၂ခွက်စီ သောက်လိုက်ကြသည်။
" အန်တီ ဒါတွေအကုန် ဘယ်လောက်ကျန်သေးလဲဟင် "
" အားလုံးပေါင်း တစ်သောင်းကျော်ဖိုးပါဘဲ သမီးရယ် ,ဒီနေ့ အရောင်းနည်းနည်းပါးတော့ "
" ဒါဆို ဒါတွေအကုန် နွယ် ယူပါ့မယ် "
" မမ ဒီလောက်အများကြီး ဘယ်ကုန်ပါ့မလဲ "
" ဟိုးမှာ ကားမီးပွိုက့်မှာဈေးရောင်းနေတဲ့ကလေးတွေ တွေ့လား, အဲ့ကလေးလေးတွေအတွက် "
" ကလေးတွေ ဒီမှာ ဖျော်ရည်တိုက်မယ် လာကြဦးကွယ် "
နွယ့်အသံကြောင့် ကလေးတွေက ဈေးရောင်းနေရာမှ အပြေးအလွှားရောက်လာကြသည်။ကလေးတွေက စာသင်ရမယ့် အရွယ်မှာ စာမသင်ရဘဲ မိသားစုစားဝတ်နေရေးကြောင့် အခုလို ဈေးထွက်ရောင်းနေကြရတာပါ။အရင်က နွယ်တို့ကျောင်းတက်တုန်းကဆို ပန်းစက်ရယ် , နွယ်ရယ် , ဒီပါရယ် သုံးယောက်သား ကလေးတွေကို မုန့်လာကျွေးနေကြပါ။အဲ့တုန်းကတော့ တစ်ပတ်တစ်ခါ မုန့်ဖိုးလေးတွေစုပြီး လာကျွေးကြတာပေါ့။
" ကလေးတွေ ဘယ်နှစ်ယောက်ရှိလဲ "
ကလေးတွေထဲမှ အသက်ကြီးပုံရတဲ့ ကလေးတစ်ယောက်ဟာ ဘယ်နှစ်ယောက်ရှိလဲဆိုပြီး ရေတွက်နေသည်။
" ၁၈ယောက်ရှိပါတယ် မမ "
" ကဲ ဒါဆို ရန်မဖြစ်ရဘူး ,လုယက်ပြီး မသောက်ရဘူးနော် အဝသောက်လို့ရတယ် "
ကလေးတွေက သေချာတန်းစီပြီးကို သောက်နေကြသည်။သူတို့မျက်နှာပေါ်မှာမြင်ရတဲ့ အပြုံးတွေက ဘာနဲ့မှလဲလို့မရပါဘူး။
အင်း နွယ့်ဘေးက ကလေးမလေးရဲ့ အပြုံးကရောပေါ့။
ကလေးမက ပြုံးပြီးကြည့်နေလိုက်တာများ သွား၃၂ချောင်းလုံးပါ အအေးပတ်တော့မည်။
မင်းလေးပျော်ဖို့ ဘာမဆို လုပ်ပေးရပါစေ ကလေးမ။
" မမ ကလေးတွေက ဒီလောက်လေးနဲ့ကို သိပ်ပျော်နေတာနော် ,သူတို့အပြုံးလေးတွေမြင်ရတာ စိတ်ထဲ အေးချမ်းလိုက်တာ, ဘာဟန်ဆောင်မှုမှလည်းမရှိကြဘူး "
" ဒါကြောင့်တို့ပြောတာပေါ့ ကလေးမရဲ့, ကိုယ့်အတွက်တော့ ဘာမှမဟုတ်တဲ့ပိုက်ဆံလေးက သူတို့လေးတွေရဲ့ ဆာလောင်နေတဲ့ ဗိုက်ကိုဖြည့်ပေးလိုက်နိုင်တယ်လေ ။ တို့တွေက ဆိုင်ကြီးဆိုင်ကောင်းမှာ အစားအသောက်ကောင်းကောင်းတွေ စားနေတဲ့အချိန်မှာ ဒီကလေးတွေကတော့ နေပူထဲမှာ ထမင်းတစ်ဝမ်းအတွက် ဈေးရောင်းနေကြရတာ။ ဒီလိုဆိုင်လေးတွေကလည်း အရသာရှိပါတယ်ကွယ်။ ကုသိုလ်လည်းရ ၊ ဝမ်းလည်းဝတဲ့ ။ပီတိကိုစားတော့အားရှိပါတယ် ကလေးမရယ် "
" ဟုတ်တယ်နော်, ကလျာ အရင်က ဒီလို ဆိုင်လေးတွေမှာ မစားခဲ့ဖူးဘူး ။စားသောက်ဆိုင်ကြီးတွေမှာ စားမှ အရသာရှိတယ် ထင်ခဲ့မိတာ။ပီတိကိုစားရတာလောက် ဘယ်ဟာက ပိုအရသာရှိပါ့မလဲ "
" ကလေးမက တော်တယ် "
" မမ ပေးတဲ့ မွေးနေ့လက်ဆောင်တွေက များနေပြီရယ် "
" အားလုံးဟာ ကလေးမ အတွက်မို့ များတယ်မထင်မိပါဘူး "
ဒီနေ့ဟာတော့ ကောင်းကင်ကနေမင်းကြီးရဲ့အလှထက် ကလျာ့မမဟာပိုပြီးလှနေသလိုပါဘဲ။
မမအနားမှာဘဲနေချင်တယ်။မမဆုံးမစကားတွေဘဲနာခံချင်တယ်။မမနဲ့အတူ ရေစက်ဆုံဖို့ ဘယ်ဘုရားထံဆုတောင်းရပါ့မလဲ မမရယ်။
__________________
" သွေးသု အခြေအနေ "
" သူတို့ ကုမ္ပဏီဘက်က တော်တော်လေး အထိနာနေပါပြီ BOSS, အခုအခြေအနေကိုထိန်းထားနိုင်တာလည်း သူ့ငွေမည်းတွေကတစ်ဆင့်မို့ ထိန်းထားနိုင်တာပါ ...ဒီတစ်ခေါက် ဆုံးရှုံးသွားတာလည်း တော်တော်များတာမို့ သူကြာကြာတော့ တောင့်မခံနိုင်ပါဘူး "
" ဟက် ! ဒါ အခုမှ အစဘဲရှိသေးတယ် ။ခင်ဗျားရဲ့ ကျဆုံးခန်းကို ကျုပ်က အရသာခံပြီး ထိုင်ကြည့်ဦးမှာ ဦးသူရိန်မင်းမောင် "
" boss ပြီးတော့လေ မမလေး ပန်းစက်သျှားဟာ နောက်ဆုံးအချိန်အထိ သူ့သူငယ်ချင်းကို လာကယ်ဖို့ အကူအညီ တောင်းခဲ့တယ်ဆိုတာ တကယ်ပါ....သက်သေတွေရထားပါတယ် "
သွေးသုက အာဏာ့လက်ထဲကို ဖုန်းတစ်လုံးထည့်ပေးလာသည်။ဖုန်း၏ wallpaper တွင်တင်ထားသောပုံက မမနှင့်သူ၏ ချစ်သူ သူရိန်မင်းစေ။ဖုန်းရဲ့မက်ဆေ့ချ်ထဲကို ဝင်ကြည့်လိုက်တော့ လွန်ခဲတဲ့ ၅နှစ်ကျော်ခန့်က contant လေးတစ်ခုသို့ နောက်ဆုံးပို့ခဲ့သော မက်ဆေ့ချ် တစ်ခု။Hlwan တဲ့။မမသူငယ်ချင်းဘဲဖြစ်ရမယ်။နောက်ဆုံးအချိန်အထိ ဒီလူ့ကိုဘဲ ဖုန်းအကြိမ်ကြိမ် ဆက်ပြီး အကူအညီတောင်းနေခဲ့တာဘဲ။
မက်ဆေ့ချ်ထဲမှာ ရေးထားသည်က
" လွှမ်း ငါ့ကို အမြန်ဆုံးလာကယ်ပါ ။ငါနဲ့ ကလေးလေး အသက်အန္တရာယ်ရှိနေပြီ။ကိုကိုနဲ့ ငါနေတဲ့ ကွန်ဒိုမှာ ၊အမြန်လာပါနော် "
အာဏာမက်ဆေ့ချ်ကို ဖတ်ပြီးတာနဲ့ လက်သီးကို တင်းတင်းဆုပ်ထားကာ အံကိုကြိတ်ထားလျက် မျက်နှာတစ်ခုလုံးဟာ ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား။
" ခင်ဗျားသာ အချိန်မီ လာကယ်ခဲ့မယ်ဆိုရင် ကျွန်တော့်မမရော မေမေရော သေစရာအကြောင်းမရှိဘူး ,နောက်ဆုံးအချိန်ထိ ခင်ဗျားကို အားကိုးတကြီး အကူအညီ တောင်းနေသူကိုမှ ခင်ဗျားက ဥပေက္ခာပြုရက်တယ်...လွှမ်း ခင်ဗျား ဘယ်သူဘဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို ခွင့်မလွှတ်ဘူး ...မုန်းတယ် သိပ်မုန်းတယ်"
13.4.22
Maple Lynn🍁