အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝ...

By Maple-Lynn

484K 19.3K 553

Season (1) BL M-preg အာဏာစက်သျှား×ဒီပါလွှမ်းခေတ် "မောင်က ဒုက္ခခံစားနေရချိန် ကိုယ်ကတော့သုခဘုံမှာစံမြန်းမနေချင်... More

အတၱတို႔ေခၚေဆာင္ရာ အခ်စ္ရပ္ဝန္းသို႔(intro)
( Part _ 1)
(PART _ 2 )
(PART _ 3)
(PART _ 4)
(PART _5)
(PART _ 6)
PART_ 7
(PART _ 8)
(PART_ 9)
(PART_10)
(PART_11)
(PART_12)
(PART_ 13)
(PART_ 14)
PART_ 15
(PART_16)warning🚨
(PART_17)
(PART_18)
(PART_ 19)
(PART_20)
(PART_ 21)
(PART_22)
(PART_23)
(PART_25)
(PART_26)
(PART_27)
Character မိတ်ဆက်
(PART_28)
(PART_29)
(PART_30)
(PART _ 31)🚨
(PART_32)
(PART_33)
(PART_ 34)
(PART _35)
(PART_36)
(PART_37)
(PART_38)
(PART_39)
(PART_40)
(PART_41)
(PART_42)
(PART_43)
(PART_44)
(PART_45)
(PART_46)
(PART_47)
(PART_48)
(PART_49)
(PART_50)
(PART_51)
(PART_52)
(PART_53)
(PART_54)
(PART_55)(Final)
ေက်းဇူးတင္လႊာ

(PART _ 24)

5.7K 275 9
By Maple-Lynn


ယခု လက္ရွိ ကာလ,

ဒီပါ ေမာင့္ကုမၸဏီကို ေန႔လည္စာလာပို႔ရင္း ေမာင္က အလုပ္လုပ္ေနတုန္းမို႔ ဆိုဖာေပၚထိုင္ကာ ေမာင့္မ်က္နွာေလးကို ေငးစိုက္ၾကည့္ေနမိသည္။သံုးလ သံုးလေတာင္ရွိခဲ့ပါၿပီ။ဒီပါ့ ခ်စ္ရသူနံေဘးမွာ ရွိေနခဲ့တာဟာ သံုးလဆိုတဲ့ အခ်ိန္ကာလကိုေရာက္ရွိခဲ့ပါၿပီ။ဒီပါတို႔သတင္းေၾကာင့္ ေမာင့္ကုမၸဏီမွာ အုတ္အုတ္က်က္က်က္ ျဖစ္သြားပါေသးသည္။ေမာင္ဟာ gay ဆိုတဲ့သတင္းေၾကာင့္ အေတာ္ ဂယက္ရိုက္သြားေသးသည္။ေမာင္က အားလံုးနဲ႔ယွဥ္ၿပီးေတာင္ ဒီပါ့ကို ေ႐ြးခဲ့တာပါ ။ရွယ္ယာရွင္တစ္ခ်ိဳ႕ကေတာ့ ေမာင္နဲ႔အလုပ္တြဲမလုပ္နိုင္ဘူးဟုဆိုကာ ကုမၸဏီမွ ရွယ္ယာေတြ နႈတ္ထြက္သြားၾကသည္။

ေမာင့္လို လူမ်ိဳးက ဘာမ်ားျဖစ္ေနလို႔ပါလဲ။ ထိုလူေတြဟာ ေရွးရိုးစြဲအယူေတြကို မေဖ်ာက္ဖ်က္နိုင္ေသးတဲ့ လူေတြဘဲျဖစ္ရမယ္။ ေမာင္က ဘယ္သူမို႔လို႔လဲ။ သိပ္ကိုေတာ္တဲ့ ဒီပါ့ ခ်စ္သူဘဲေလ။ ၃လအတြင္း ကုမၸဏီအေျခအေနကို ျပန္ထိန္းနိုင္ခဲ့ပါၿပီ။ ေမာင္က ဒီ၃လအတြင္းေန႔မအား ညမအားကို အလုပ္ေတြလုပ္ေနတာပါ။ဒီအေၾကာင္းေတြကို ေမာင္က ေျပာျပတာမဟုတ္ ။ေမာင္အခုတေလာ အလုပ္တအားရႈပ္ေနတာမို႔ ေသြးသုကိုေမးၾကည့္မွသာ ဒီပါ သိခဲ့ရတာပါ။ေမာင္ကေတာ့ ဒီပါ့ကို အပူမေပးဘဲ သူတစ္ေယာက္ထဲသာ ေျဖရွင္းေနသည္။

ေမာင္က ေပးမသိရင္ ကိုယ္ကသိေနရင္ေတာင္ မသိခ်င္ေယာင္ေဆာင္ေပးပါ့မယ္ေမာင္။

" ငယ္ ေစာင့္ေနရတာ ၾကာသြားၿပီလား ေမာင္အလုပ္နဲနဲရႈပ္ေနလို႔ "

" မၾကာပါဘူး ေမာင္ရယ္ ...ထမင္းစားၾကမယ္ေလ ၁၂ေတာင္ေက်ာ္ေနၿပီရယ္ "

" ေမာင္ ငယ့္ကိုအခ်ိန္မေပးမိတာ ၾကာၿပီဆိုေတာ့ အျပင္မွာ တစ္ခုခုစားရင္း ဒိတ္ၾကရေအာင္လား "

" ေမာင့္သေဘာပါ "

ေမာင္က အျပင္မွာတစ္ခုခုသြားစားမည္ဆိုတာေၾကာင့္ ဒီပါတို႔ ကုမၸဏီအနားရွိ စားေသာက္ဆိုင္ တစ္ခုကိုသာေ႐ြးလိုက္သည္။

စားေသာက္ဆိုင္ေရွ႕ေရာက္ေတာ့ ေမာင္ကကားကိုရပ္လိုက္ၿပီး ဒီပါ့ကို ကားတံခါးဆင္းဖြင့္ေပးသည္။

ေမာင္ကေတာ့ေလ ဒီလိုအေသးမႊားေလးကအစ ဒီပါ့ကို သိပ္ဂရုစိုက္တာပါ။

ကိုယ္ကေတာ့ အခ်ိန္ေတြၾကာေလ ေမာင္ဆိုတဲ့ အခ်စ္ရပ္ဝန္းေလးကို မစြန္႔ခြာနိုင္တဲ့အထိ ေလာဘႀကီးေနမိၿပီ ေမာင္ရယ္...

ေမာင္က ဒီပါ့လက္ကိုဆြဲၿပီး Booking ယူထားတဲ့ စားပြဲမွာဝင္ထိုင္လိုက္သည္။ဒီပါ ခံုမွာ ထိုင္မည္ အလုပ္

" ဟင္! အစ္ကို ေန႔လည္စာလာစားၾကတာလား "

အစ္ကိုနဲ႔ အစ္ကိုသလႅာက ဒီပါတို႔ဝိုင္းေဘးကျဖတ္သြားေတာ့ ဒီပါလွမ္းနႈတ္ဆက္လိုက္တာပါ။

" လာတုန္းကေတာ့ ေန႔လည္စာ လာစားတာဘဲ ေခတ္ရယ္ ...booking ကျပည့္ေနတာနဲ႔ဘဲ တစ္ျခားဆိုင္ သြားၾကမလို႔ "

" ဒါဆို ကြၽန္ေတာ္တို႔ဝိုင္းမွာဘဲေပါင္းလိုက္ပါလား ခံုလြတ္ေသးတယ္ေလ "

ဒီပါက အစ္ကို႔ကို လာထိုင္ဖို႔ေျပာေပမယ့္ အစ္ကိုကေတာ့ အစ္ကို႔ကို ရႈတည္တည္နဲ႔ၾကည့္ေနတဲ့ ေမာင့္ကို မ်က္ခံုးအသာတြန္႔ျပသည္။ေမာင္ေရာ သေဘာတူရဲ႕လား ဆိုတဲ့ သေဘာနဲ႔ေပါ့။

" ေမာင္ မင္းအဆင္ေျပတယ္မလား "

" ငယ့္သေဘာပါ "

ငယ့္သေဘာလို႔သာ ေမာင္ကေျပာေပမယ့္ လက္ထဲမွာ တစ္သ်ွဴးစေတြဆြဲၿဖဲထားတာ အပိုင္းပိုင္းပါဘဲ။

ေမာင္က ဒီပါ့ကို သဝန္တိုေနတာတဲ့လား...ဟား ...ကေလးႀကီးက်ေနတာဘဲေမာင္ရယ္။

အာဏာ ငယ္ေျပာလို႔သာ ခြင့္ျပဳလိုက္ရေပမယ့္ သိပ္ေတာ့မၾကည္လွပါ။ဒီလူ႔ငယ့္အေပၚၾကည့္ေနတဲ့မ်က္လံုးေတြက အရမ္းေႏြးေထြးလြန္းသည္။ငယ္နဲ႔ဒီလူ အရမ္းရင္းနွီးေနတာကိုလည္း အာဏာတကယ္သေဘာမက်ပါဘူး။သဝန္တိုပါသည္။ငယ္က သူ႔အၿပံဳးေတြကို ေဖာေဖာသီသီ ေပးေနလိုက္တာ။ကြၽန္ေတာ္မဟုတ္တဲ့ အျခားတစ္ေယာက္ကိုတဲ့ေလ။

ဟင့္အင္း မႀကိဳက္ဘူး။ငယ့္ရဲ႕ ေပ်ာ္႐ႊင္မႈ ဝမ္းနည္းမႈ အရာရာဟာ ေမာင့္ေၾကာင့္ဘဲျဖစ္ရမယ္။ငယ္နဲ႔ပက္သက္သမ်ွ အရာရာကို ေမာင္ဘဲပိုင္ဆိုင္ရမယ္။

" ေမာင္ အစ္ကို႔ကို စိုက္ၾကည့္ေနတာမ်ား မ်က္လံုးႀကီးကြၽတ္ထြက္သြားဦးမယ္ "

" ေမာင္မၾကည့္ပါဘူး "

ဒီပါစလိုက္တာကို ေမာင္က ပက္ခနဲ ျပန္ေျဖလာသည္။ဒီပါသိတာေပါ့။ေမာင္က အစ္ကိုနဲ႔သဝန္တိုေနတာ။အစ္ကိုနဲ႔ဒီပါက ရိုးရိုးသားသားပါ။အစ္ကိုက ဒီပါ့ကိုစိတ္လံုၿခံဳမႈ ေပးတယ္။အစ္ကိုကလည္း ဒီပါ့အေပၚ ၅၂၈ ေမတၱာထက္မပိုဘူးဆိုတာလည္း ဒီပါသိပါတယ္။အစ္ကိုနဲ႔စကားေျပာရင္ အခုမွရင္းနွီးေနတဲ့ လူေတြနဲ႔မတူဘဲ အရင္ကတည္းကေတာ္ေတာ္ရင္းနွီးေနသလိုပါဘဲ။
ဒီပါတို႔ဝိုင္းကို စားစရာေတြေရာက္လာေတာ့မွဘဲ ေတြးေနတာကို လက္စဖ်က္လိုက္သည္။

" ငယ္ ေျပာင္းဖူးေၾကာ္ ငယ္ႀကိဳက္တယ္မလား ေရာ႕ "

ေမာင္က ဒီပါ့ပန္းကန္ထဲ ဟင္းေတြမ်ိဳးစံုေအာင္ထည့္ေပးသည္။ဟင္းေတြမ်ားလြန္းလို႔ ဘယ္ဟာကိုစစားရမွန္းေတာင္ မသိေတာ့ပါ။

" ေခတ္က အမဲသားမစားဘူးဟုတ္ ဟိုတစ္ခါ ေက်ာက္ကပ္အထူးကုဆီ လာျပဖူးတယ္မလား"

ေမာင္က ဒီပါ့ ပန္းကန္ထဲကို ဟင္းထည့္ေပးမလို႔႐ြယ္ေနတုန္း အစ္ကို႔စကားေၾကာင့္ ဒီပါ့ကိုတစ္လွည့္ အစ္ကို႔ကိုတစ္လွည့္ အံ့ၾသသလိုၾကည့္ေနသည္။အစ္ကိုသလႅာကလည္း အစ္ကို႔အတြက္ ပုစြန္အခြံခြာေပးေနရင္းမွ မ်က္လံုးအဝိုင္းသားေမာ့ၾကည့္လာသည္။

"ဟို ဟုတ္တယ္ ကြၽန္ေတာ္မစားပါဘူး "

" ငယ္က ေက်ာက္ကပ္တစ္ခုခုျဖစ္ေနတာ ေမာင္လည္းမသိရပါလား , ေမာင္က အသံုးမက်လိုက္တာ"

ေမာင္က ဇြန္းကိုျပန္ခ်လိုက္ၿပီး သူ႔ကိုယ့္သူစိတ္ပ်က္သြားပံုေပၚသည္။

"ေမာင့္အျပစ္မွမဟုတ္ဘဲ ေမာင္ရယ္။ ကိုယ္ကသာ ထိန္ခ်န္ထားခဲ့တာပါ"

"အာ အစ္ကို စကားလြန္သြားၿပီထင္တယ္ အစ္ကိုေတာင္းပန္ပါတယ္"

" ရပါတယ္ဗ်ာ ကြၽန္ေတာာငယ့္အေၾကာင္းတစ္ခုပိုသိသြားတာေပါ့"

" ေနး ခင္ဗ်ားအတြက္ ပုစြန္ခြာၿပီးၿပီ "

" အစ္ကိုသလႅာက အစ္ကို႔ကိုတကယ္ဂရုစိုက္တာဘဲေနာ္....ကြၽန္ေတာ္ေတာင္ အစ္ကိုသလႅာ့လို သူငယ္ခ်င္းမ်ိဳး လိုခ်င္လာၿပီ "

" ေနာင္က အစ္ကို႔ငယ္သူငယ္ခ်င္းေလ ....ငယ္ငယ္ကတည္းက သူကဘဲအစ္ကို႔အတြက္ အားလံုးလုပ္ေပးေနၾက။သူ႔လက္ သူ႔ေျခမဟုတ္ရင္စိတ္တိုင္းကိုမက်ဘူး "

" ဒါကေတာ့ ခင္ဗ်ားက နေမာ္နမဲ့ကိုဗ် ...ငါက ဘယ္လိုစိတ္ခ်ပါ့မလဲ "

"ေၾသာ္ ေခတ္ ေနာင့္လိုသူငယ္ခ်င္းမ်ိဳးကေလ နွစ္ေယာက္မရွိတဲ့သူငယ္ခ်င္းမ်ိဳး အဲ့ေတာ့ ေနာင့္လိုလူမ်ိဳးက လိုခ်င္ရင္ေတာင္ မရနိုင္ဘူးသိလား...ဘာလို႔ဆို ေနာင္က အစ္ကို႔အပိုင္ေလ ....ဟားး "

အင္း ငါကခင္ဗ်ားအပိုင္တဲ့လား။ ခင္ဗ်ားရင္ထဲ ငါ့အတြက္ ေနရာရွိေနတာနဲ႔တင္ ေသေပ်ာ္ပါၿပီ ။ခင္ဗ်ားအတြက္ဆိုအရာအရာေပးဆပ္ဖို႔အသင့္ပါဘဲ။ရယ္ပါ ၿပံဳးပါ ေပ်ာ္ပါ ။အေၾကာင္းရင္းက ငါမဟုတ္ရင္ေတာင္မွေပါ့။

" သူငယ္ခ်င္းဆိုတာ ကိုယ့္အပိုင္လို႔ သတ္မွတ္လို႔ရလို႔လား အစ္ကိုရဲ႕ ....သူတို႔လည္း ခံစားခ်က္နဲ႔လူဘဲေလ ....အခ်ိန္တန္ရင္ ကိုယ့္အနားကထြက္သြားၾကမွာဘဲေလ"

ဟင္ ေခတ္စကားက ဘာကို ဆိုလိုတာလဲ။ေနာင္ကေရာ အခ်ိန္တန္ရင္ ငါ့ေဘးကထြက္သြားေတာ့မွာလား။ဟင့္အင္း ေနာင့္ကိုငါပိုင္တာ။ငါ့မွာ ေနာင္ဘဲရွိေတာ့တာ။

သလႅာ့ေဘးက ေကာင္ေလးကေတာ့ အေတြးေတြလြန္ေနျပန္ၿပီထင္ပါရဲ႕။ဟိုကေလးက သူ႔ကို သက္သက္မဲ့စလိုက္တာ။အခုလည္းၾကည့္ဟိုက ၿပံဳးစိစိနဲ႔။ အားလံုးက ကြၽန္ေတာ့္ကို သလႅာလို႔ ေခၚၾကေပမယ့္ က်ဳပ္ရဲ႕ေနးကေတာ့ ေနာင္တဲ့ေလ။ေနာင္ဆိုတာ မင္းနဲ႔ပိုလိုက္တယ္တဲ့။ၿပီးေတာ့ ေနာင္ ဆိုတဲ့ နာမ္စားကလည္း သူ႔တစ္ေယာက္ထဲအတြက္တဲ့။

ခင္ဗ်ားက ငါ့အတြက္မဟုတ္ေပမယ့္ ငါကေတာ့ ခင္ဗ်ားတစ္ေယာက္ထဲအတြက္ပါ။

ခင္ဗ်ားက နွင္ရင္ေတာင္ ငါကေတာ့ ခင္ဗ်ား နံေဘးက ဘယ္ေတာ့မွ ထြက္သြားမွာမဟုတ္ဘူး။ေနာက္ဆံုးထြက္သက္အထိ ခင္ဗ်ားလက္ေပၚမွာဘဲ ေျခခ်ခ်င္တယ္။

" ငါက ခင္ဗ်ားနွင္ရင္ေတာင္ ထြက္မသြားပါဘူးကြာ စိတ္ခ်"

ေနာင့္စကားကိုၾကားရေတာ့မွဘဲ ေနးသက္ျပင္းခ်နိုင္ေတာ့သည္။

ဟုတ္တယ္။ ေနာင္က ငါ့နံေဘးမွာဘဲရွိေနမွာ။

"ဟိုး ဟိုး အငယ္ေလးက ပင္လယ္စာနဲ႔ allergic ရွိတယ္ "

" ခြၽမ္း "

ဒီပါ့ လက္ထဲ ဇြန္းဟာေျမျပင္ေပၚသို႔ ခြၽမ္းခနဲ႔ျပဳတ္က်သြားသည္။ရင္ဘတ္ထဲမွာလည္း တင္းၾကပ္လာၿပီး မ်က္ရည္ေတြလည္းက်လာေတာ့သည္။

အငယ္ေလး အငယ္ေလးတဲ့။ဒီနာမ္စားက တစ္ေယာက္ေသာသူသာ ေခၚခဲ့တာ။

ေနးရဲ႕ေခါင္းေတြရုတ္တရက္ထိုးကိုက္လာၿပီး အျမင္အာရံုထဲမွာလည္း ေကာင္ေလးတစ္ေယာက္က ပင္လယ္စာ စားမိၿပီး အနီကြက္ေတြထကာ အသက္ရဴရပ္တဲ့အထိ ျဖစ္သြားလို႔ သူက ေက်ာပိုးၿပီးေျပးလႊားေနတာ ။ဘာပံုရိပ္ေတြလဲ။

သူက ေခတ္ကို အငယ္ေလးလို႔ ဘာလို႔ ေခၚလိုက္မိတာလဲ။

" အားး"

" အစ္ကို အစ္ကို ဘာျဖစ္တာလဲ "

" ေနး ခင္ဗ်ားသတိထားေလ "

" Toilet သြားလိုက္ဦးမယ္ "

အစ္ကိုက ဘာျဖစ္သြားတာပါလိမ့္။ရုတ္တရက္ ေခါင္းကိုဖိနွိပ္ၿပီး ေအာ္ဟစ္ေနတာ။ အခုလည္း toilet ကိုေျပးသြားျပန္ၿပီ။

အစ္ကိုက ငါ့ကို ဘာလို႔ အငယ္ေလးလို႔ေခၚတာလဲ။ငါ ပင္လယ္စာနဲ႔ allergic ရွိမွန္းေရာ ဘယ္လိုသိတာလဲ။

" အစ္ကိုသလႅာ အစ္ကိုက ဘယ္လိုျဖစ္တာလဲ "

" ေနးက အဲ့လိုဘဲ အတိတ္က ပံုရိပ္တစ္ခ်ိဳ႕ကိုျပန္ျမင္ေယာင္လာတဲ့အခါ သူမစဥ္းစားနိုင္ေတာ့ဘဲ ေခါင္းေတြထိုးကိုက္လာေရာ"

" အတိတ္က? "

" ေနးက အတိတ္ေမ့ေနတာ, အစ္ကို လိုက္သြားလိုက္ဦးမယ္ေနာ္ "

အစ္ကိုသလႅာက အစ္ကို႔ေနာက္္ကိုေျပးလိုက္သြားၿပီး ဒီပါကေတာ့ ထိုင္ခံုမွာပင္ အရုပ္ႀကိဳးပ်က္ျဖစ္ကာ အသက္ကိုျပင္းျပင္းရွဴေနရသည္။ေမာင္က ဒီပါ့ကို သူ႔ရင္ခြင္ထဲထည့္ဖက္လိုက္ၿပီး ေက်ာကို ခပ္ဖြဖြ ပုတ္ေပးသည္။

ဘာေတြဘဲျဖစ္လာ ျဖစ္လာ ေမာင့္ရင္ခြင္ကေတာ့ဒီပါ့အတြက္ ေႏြးေထြးမႈ ေပးဆဲပါဘဲ။

" ငယ္ စိတ္ထဲသိပ္မထားနဲ႔ေနာ္ တိုက္ဆိုင္တာေနမွာပါ "

" အင္း "

ငယ္က ငယ့္ကိုကို ေခၚသလို အငယ္ေလးဆိုတဲ့ နာမ္စားကို ၾကားလိုက္မိလို႔ အခုလိုျဖစ္သြားတာပါဘဲ။ငယ့္အစ္ကိုကို ငယ္ဘယ္ေလာက္ထိေတာင္မွ ခ်စ္သလဲ အားကိုးသလဲ အာဏာ့ကို ေျပာျပဖူးတာေၾကာင့္ အာဏာသိပါတယ္။

အစ္ကိုေနးကေရာ ဘာလို႔ အငယ္ေလးလို႔ ေခၚလိုက္တာလဲ။ ငယ္နဲ႔ ပက္သက္ရင္ အာဏာ့ထက္ေတာင္ သူက ပိုသိေနပါေသးသည္။ငယ့္ကို စိတ္ထဲမထားခိုင္းေပမယ့္လို႔ အာဏာကေတာ့ ဒြိဟ ျဖစ္ေနပါၿပီ။

"ခင္ဗ်ား အဆင္ေျပရဲ႕လား "

သလႅာ ေနးအေနာက္ကိုလိုက္သြားေတာ့ ေနးက toilet ရဲ႕ၾကမ္းျပင္ေပၚမွာ ေခါင္းကိုဖိနွိပ္ကာ ငုတ္တုပ္ ထိုင္ေနသည္။မ်က္နွာေတြလည္းသစ္ထားပံုပါဘဲ။သလႅာ ေနးရဲ႕ ေဘးမွာ ဒူးတုပ္ထိုင္ခ်လိုက္ေတာ့ ေနးက သလႅာ့ကို သိုင္းဖက္လိုက္သည္။

" ငါ ့ ျမင္ကြင္းထဲမွာ ဝါးတားတားပံုရိပ္ေတြက ဘာေတြမွန္းလည္းမသိဘူး အဲ့တာေတြ ေသခ်ာမွတ္မိေအာင္ စဥ္းစားလိုက္တိုင္း ငါ့ေခါင္းေတြ ေပါက္ကြဲထြက္မတတ္ဘဲ...ညဘက္ေတြဆိုလည္း အိမ္မက္ဆိုးေတြခနခနမက္တယ္....လက္ဖမိုးမွာ စၾကာၤပံု တက္တူးရွိတဲ့လူက ေသနတ္ကိုကိုင္ထားၿပီး မိန္းမႀကီးတစ္ေယာက္နဲ႔ လူႀကီးတစ္ေယာက္ကို ပစ္သတ္လိုက္တာ ....အိပ္ယာက လန္႔နိုးတာနဲ႔ေလ ငါ့ရင္ဘတ္ေတြနာတယ္....အသက္ရွဴေတြၾကပ္လာေရာ ...အိပ္ေဆးေတြလည္း ငါ့ကို မကယ္နိုင္ေတာ့ဘူး ...အိပ္ရမွာေတာင္ ငါေၾကာက္လာၿပီ ...ငါ ငါ ရူးေတာ့မွာ ေနာင္ရဲ႕ သိလား ...ငါ ငါ ရူးေတာ့မွာ...ၿပီးေတာ့ ဟိုလူကလည္း ငါ့ဆီ ညညဆိုေရာက္လာတယ္ ...ၿပီးရင္လည္းေလ ငါ့ကို ယုတ္မာဖို႔လုပ္တယ္ ...အဲ့ဒါေၾကာင့္ ငါမအိပ္တာ ေနာင္ရဲ႕ သိလား ...ဟီးဟီး အဲ့ဒါဆိုသူတို႔လည္းေရာက္မလာေတာ့ဘူး "

ေနးက သူ႔ဒူးကို လက္နွစ္ဖက္ျဖင့္ပိုက္ၿပီး ေရွ႕ေနာက္ယိမ္းကာ သတိလြတ္သြားလူလို ေသြးရူးေသြးတန္းေတြေျပာေနေတာ့သည္။

ငါ့ရင္ေတြ နာလိုက္တာ ခင္ဗ်ားရယ္...ခင္ဗ်ားရဲ႕ဒီလိုပံုစံကိုျမင္ေနရတာ ငါ့ရင္ေတြနာတယ္ဗ်...အသံုးမက်လိုက္တာ....ဒီ ခြန္သလႅာေနာင္ဆိုတဲ့ေကာင္ အသံုးမက်လို႔ ...ေနးအခုလို ျဖစ္ေနတာ ဘာမွမလုပ္ေပးနိုင္တာ။

" စိတ္ေလ်ာ့ ခင္ဗ်ားရယ္ ....စိတ္ေအးေအးထားေနာ္...ဒီကိုၾကည့္ ငါ့ကိုၾကည့္...အသက္ကို ဝဝရွဴ "

သလႅာ ေနးရဲ႕ ပုခံုးနွစ္ဖက္ကို အသာဆုပ္ကိုင္လိုက္ၿပီး အသက္ကိုဝဝ ရွဴခိုင္းလိုက္သည္။ခနၾကာေတာ့ ေနးက အသိစိတ္ျပန္ကပ္သြားသည္။

" အဆင္ေျပၿပီလား ခင္ဗ်ား ,ဒါဆို အေရွ႕ျပန္သြားရေအာင္ ,ေခတ္ေလးတို႔ ေစာင့္ေနမယ္ ထင္တယ္ "

" အင္းသြားၾကရေအာင္ "

ေနးနဲ႔ေနာင္တို႔ အျပင္ျပန္ထြက္လာေတာ့ အာဏာေရာ,ေခတ္ေလးေရာက စားပြဲမွာထိုင္ေနၾကတုန္းပါဘဲ။

" ဟို ေခတ္ေရာ အာဏာေရာ အစ္ကို႔ေၾကာင့္ အေနွာင့္ယွက္ျဖစ္သြားရင္ တကယ္အႏူးအၫြတ္ ေတာင္းပန္ပါတယ္,ၿပီးေတာ့ ခုနက အငယ္ေလးလို႔ေခၚမိတာလည္း စိတ္ထဲမထားပါနဲ႔ အစ္ကိုက က်န္းမာေရးမေကာင္းေတာ့ ထူထူးဆန္းဆန္းေတြ ျပဳမူတတ္လို႔ပါ"

" ရပါတယ္ အစ္ကို...ကြၽန္ေတာ့္ကိုကိုက အငယ္ေလးလို႔ ေခၚေနၾကဆိုေတာ့ ကြၽန္ေတာ္လည္း ေရွာ႔ခ္ရသြားတာ"

" ေခတ္ေလးရဲ႕ကိုကို?"

" အင္းသူက ဟိုးအေဝးႀကီးမွာ "

" ေၾသာ္ ဟုတ္ပါၿပီ အစ္ကိုတို႔ကို ခြင့္ျပဳပါဦး"

အစ္ကိုတို႔က ဒီပါတို႔ကိုနႈတ္ဆက္ၿပီးထြက္သြားေတာ့ ၾကမ္းျပင္ေပၚမွာ ေမွာက္ရက္ျပဳတ္က်ေနတဲ့ပိုက္ဆံအိတ္က အစ္ကို႔အိတ္ျဖစ္ပံုေပၚသည္။ဒါနဲ႔ဘဲ ဒီပါေကာက္ၿပီး အစ္ကို႔ကို လွမ္းေခၚေပးလိုက္သည္။

" အစ္ကို ဒါအစ္ကို႔အိတ္ ထင္တယ္ "

" အာဟုတ္တယ္ ေက်းဇူးပါ ေခတ္ "

ေမွာက္ရက္ျပဳတ္က်ေနေသာ ပိုက္ဆံအိတ္ေလးထဲက ေကာင္ေလးနွစ္ေယာက္ရဲ႕ပံုေလးကိုေတာ့ ဒီပါ မေတြ႕လိုက္ပါေပ။

_______________________

" ကိုကို "

" ဗ်ာ "

ေဘဘီက ညေနထဲက ကုေဋ ဂ်ဴတီဆင္းခ်ိန္ကတည္းက ဆိုဖာမွာထိုင္ၿပီး မ်က္နွာႀကီးကို ဆူပုတ္ထားကာ ကိုကို ေခၚလိုက္ တိတ္သြားလိုက္နဲ႔ ဘာမွမေျပာဘဲ ထိုင္ေနတာ ၂နာရီေလာက္ရွိေနပါၿပီ။

" ကိုကို႔ ေခ်ာကလက္ေလးရယ္ ဘာေတြမ်ား စိတ္အလိုမက်ျဖစ္ေနတာလဲ ,ကိုကို႔ကို ေျပာပါဦး"

" ခင္ဗ်ား ကြၽန္ေတာ့္ကို အေပ်ာ္တြဲေနတာမလား "

" ဟင္ ! မဟုတ္ရပါဘူး ေခ်ာကလက္ေလးရဲ႕ ,ကိုကိုက ေဘဘီ့ကို တကယ္ခ်စ္တာပါကြာ"

" ဒါဆို ကြၽန္ေတာ္ေမးတာ အမွန္တိုင္းေျဖ"

" ကိုကိုေျဖပါ့မယ္"

"ခင္ဗ်ားရည္းစားဘယ္နွစ္ေယာက္ထားခဲ့လဲ "

" ...."

"...."

"ေျဖေလ ခင္ဗ်ားရဲ႕"

" ကိုကို ေရေနပါတယ္ ေဘဘီရဲ႕ "

"ဟမ္ ေရေနတာ အခုထိေတာင္မၿပီးေသးဘူး ...ဒါဆို boss ေျပာတာ တကယ္ဘဲေပါ့ "

" ဟမ္ အဲ့ေကာင္ ေဘဘီ့ကို ဘာေတြခြၽန္လိုက္တာလဲ "

"အသက္ ၁၈နွစ္ထဲကေန ရည္းစား စထားတာတဲ့ ...တြဲတဲ့ေကာင္ေလးတိုင္းကလည္း ေခ်ာေခ်ာေလးေတြႀကီးဘဲတဲ့ ....တစ္ေယာက္ကို တစ္ပတ္ထက္ေတာင္ပိုမတြဲဘူးတဲ့...၁၈နွစ္ကေနလအခု ၂၄နွစ္အထိဆိုေတာ့စဥ္းစားၾကည့္ေလတဲ့ "

" အဲ့ဒါ အဲ့ေကာင္ခြၽန္တာ ေဘဘီရဲ႕ ကိုကို တစ္ေယာက္ကို တစ္လေလာက္ေတာ့တြဲပါတယ္"

" ဂြပ္"

" အား ေဘဘီ "

ေသြးသုတကယ္ကိုစိတ္မရွည္ေတာ့ပါဘူး။ဒီလူႀကီးတကယ္လြန္လြန္းတယ္။ရည္းစားတစ္ေယာက္ကို တစ္လ ေတာင္တြဲေပးလို႔ သူ႔ကိုဘဲ ထိုင္ရွိခိုးရမလိုပါဘဲ။အျမင္ကပ္လို႔ကို ေဘးမွာရွိတဲ့ ေရဘူးနဲ႔ ေခါင္းကိုထုထည့္လိုက္တာ။

" ေၾသာ္ ခင္ဗ်ား တစ္ေယာက္တစ္လ ဆိုရင္ဘဲတြက္ၾကည့္ပါဦး,ရည္းစားထားတာကို ခင္ဗ်ားက ထမင္းစားေရေသာက္လို လုပ္ေနတာလား,က်န္ခဲ့ရတဲ့လူက ခံစားခ်က္ရွိတဲ့လူေတြဆိုတာေရာ ခင္ဗ်ား ထည့္မေတြးေတာ့ဘူးလား "

" ကိုကို မွားပါတယ္, ကိုကို အရမ္းမွားခဲ့မွန္းလည္းသိပါတယ္,ဒါေတြအကုန္လံုးက ေဘဘီနဲ႔မေတြ႕ခင္က ကိုကိုဆိုးခဲ့မိတာေတြပါ.... လူတစ္ေယာက္ကိုခ်စ္မိတာဟာ ဘယ္လိုခံစားခ်က္ဆိုတာ ေဘဘီနဲ႔ေတြ႕မွ ကိုကို ခံစားတတ္ခဲ့တာ....သူတို႔ရဲ႕ ခံစားခ်က္ေတြကို ကိုကိုအခု စာနာနိုင္ေပမယ့္ ကိုကိုသိပ္ခ်စ္တာ ေဘဘီျဖစ္ေနေတာ့လည္း အခက္သားလားကြာ "

" ...."

" အတိတ္မွာျဖစ္ခဲ့တာေတြကို ျပန္ျပင္လို႔ မရနိုင္ေတာ့ေပမယ့္ ပစၥဳပၸန္နဲ႔အနာဂတ္ေန႔ရက္ေတြမွာ ကိုကိုက ေဘဘီ့ကို ဆတိုးလို႔ ပိုခ်စ္ေပးပါ့မယ္"

" အင့္ ကြၽန္ေတာ္က ခင္ဗ်ား အတိတ္ကိုလည္း စိတ္မဝင္စားဘူး...ခင္ဗ်ားဘာျဖစ္ျဖစ္ ကြၽန္ေတာ္လက္ခံနိုင္တယ္...ကြၽန္ေတာ္ေၾကာက္တာ ခင္ဗ်ားထားသြားမွာကို...ကြၽန္ေတာ္က ခင္ဗ်ားတြဲခဲ့ဖူးသလို အလွေလးေတြလည္းမဟုတ္ဘူး...အခ်စ္ဆိုတာ ခင္ဗ်ားေၾကာင့္ သိခဲ့ရတဲ့သူမို႔ ခင္ဗ်ားရဲ႕နံပါတ္စဥ္ထဲက တစ္ေယာက္ ျဖစ္သြားမွာ ကြၽန္ေတာ္သိပ္ေၾကာက္တယ္"

" စိတ္ခ်ပါ ေဘဘီ ...ကိုကို႔ကိုယံုၾကည္ေပးပါ "

" ကြၽန္ေတာ္ ခင္ဗ်ားကို ယံုပါတယ္ ကိုကို "

ေသြးသု ကိုကို႔ကို နံရံဘက္သို႔ တျဖည္းျဖည္းတြန္းကပ္လိုက္ၿပီး ကိုကို႔ႏႈတ္ခမ္းထူထူေလးေတြကို အထက္ေအာက္ တလွည့္စီ ဆြဲစုပ္လိုက္ၿပီး အနမ္းၾကမ္းၾကမ္းမ်ားကို ပံုေဖာ္ေနမိသည္။ခနၾကာေတာ့ ကိုကိုက ေသြးသု အနမ္းမ်ားကို ျပန္လည္ တံု႔ျပန္လာသည္။ကိုကိုနဲ႔ေသြးသု အခ်ိန္ၾကာျမင့္စြာ နမ္းရွိုက္ခဲ့ၾကေလသည္။

ခ်စ္တယ္ ကိုကို...

အခ်ိန္ေနာက္က်မွ ကြၽန္ေတာ့္ခံစားခ်က္ေတြကို သိခဲ့ေပမယ့္ အဆံုးရွံုးမခံနိုင္ေလာက္ေအာင္ သိပ္ခ်စ္တယ္။

____________________

" စီးကရက္ေတြ အရမ္းေသာက္ေနပါလား ေမာင္, စိတ္ညစ္စရာမ်ားရွိလို႔လား "

ေမာင္က ဝရန္တာလက္ရန္းေပၚလက္တင္ထားၿပီး စီးကရက္ကို ရွိုက္ဖြာေနသည္။

ကိုယ္က စီးကရက္နံ႔ေတြ မခံနိုင္ေပမယ့္လို႔ စီးကရက္ေတြ ေသာက္တတ္တဲ့ ေမာင့္ကိုေတာ့သိပ္သေဘာက်တယ္။

ဒီပါ ေမာင့္အနားသို႔သြားလိုက္ၿပီး ေမာင့္ဂ်ိဳင္းေအာက္ကေန သိုင္းဖက္လိုက္သည္။ေမာင့္လက္ထဲက စီးကရက္ေငြ႕က နွာဖ်ားကို ကလူက်ီစယ္တာမို႔ ဒီပါ အသက္ရွဴၾကပ္သြားရသည္။

" အဟြတ္ အဟြတ္ "

" ငယ္ "

ေမာင္က လက္ထဲက စီးကရက္ကို ျပာခြက္ထဲထိုးဖိသတ္လိုက္ၿပီး ဒီပါ့ခႏၶာကိုယ္ေသးေသးေလးကို သူရဲ႕ ႀကီးမားေသာလက္နွစ္ဖက္ျဖင့္ ေပြ႕ဖက္လိုက္သည္။

" ငယ္က စီးကရက္နံ႔မခံနိုင္ဘူးလား "

" ကိုယ္က စီးကရက္အနံ႔မခံနိုင္သလို ႀကိဳက္လည္းမႀကိဳက္ဘူး ...ဒါေပမယ့္လို႔ စီးကရက္ေတြေသာက္တတ္တဲ့ ေမာင့္ကိုေတာ့ သေဘာက်တယ္ "

" ဟက္ ငယ္က ေမာင့္ကို ေႁခြေနလိုက္တာ"

" ငယ္မႀကိဳက္တဲ့ စီးကရက္ေတြ မေသာက္ဖို႔ ေမာင့္ကို မတားဘူးလား "

" ေမာင္က စီးကရက္ကို နွစ္ၿခိဳက္သည္ျဖစ္ေစ...ဝိီစကီကို နွစ္ၿခိဳက္သည္ ျဖစ္ေစ...ဒီအမ်ိဳးသား နွစ္ၿခိဳက္တဲ့ ဘယ္အရာကို မဆို ကိုယ္ကလက္ခံနိုင္ၿပီးသားပါ....ေမာင့္အသည္းပ်က္စီးတဲ့အခါ ကိုယ့္အသည္းကို အစားထိုးေပးပါ့မယ္...ေမာင္က ေမာင့္ျဖစ္တည္မႈေလးအတိုင္းသာရွင္သန္ပါ "

" ငယ္က မေသာက္နဲ႔လို႔ ေျပာတဲ့အခါ ေမာင္က ငယ္မႀကိဳက္တာမွန္သမ်ွ ခ်က္ခ်င္းစြန္႔လႊတ္ဖို႔အသင့္ပါ...ငယ့္ရဲ႕စကားတစ္ခြန္းဟာ အာဏာစက္သ်ွားအေပၚ ေသဆိုေသ ,ရွင္ဆိုရွင္ အာဏာသက္ေရာက္ပါတယ္ ေမာင့္အခ်စ္ရယ္ "

" ကိုယ့္ေၾကာင့္နဲ႔ေတာ့ ေမာင့္ျဖစ္တည္မႈကို ေျပာင္းလဲေပးဖို႔မလိုပါဘူး...ကိုယ္ခ်စ္ခဲ့တာဟာ ေမာင္ဆိုတဲ့ ျဖစ္တည္မႈေလးပါ....ေကာင္းသည္ ဆိုးသည္ ဘာမွမေျပာဘဲ အရာရာကိုလက္ခံနိုင္ၿပီးသားပါ...ေမာင္လမ္းမွားမေရာက္ေအာင္ ေမာင့္ပါရမီျဖည့္ဖက္အျဖစ္ ကိုယ္က တည့္မတ္ေပးပါ့မယ္"

" ေမာင္ေတာ့ ေမာင့္အခ်စ္ေတြကိုေတာင္ သံသယျဖစ္ခ်င္လာၿပီ,ငယ့္ကို ေမာင္က အခ်စ္နိုင္ဆံုးလို႔ထင္ခဲ့ေပမယ့္ ငယ့္အခ်စ္ေတြကိုေတာ့ ေမာင္လိုက္လို႔ေတာင္မမီေတာ့ပါဘူး "

" ေနာက္တစ္ခါဆို ျပႆနာတစ္ခုခုရွိခဲ့ရင္ ေမာင္က တစ္ေယာက္တည္း မေျဖရွင္းပါနဲ႔...ေမာင့္မွာ ကိုယ္ရွိပါတယ္...ေအးသည္ျဖစ္ေစ ပူသည္ျဖစ္ေစ ကိုယ္တို႔က အတူရင္ဆိုင္ရမွာမဟုတ္လား "

" ငယ္က သိေနခဲ့တာလား...ေမာင္က ငယ့္ကို စိတ္မပူေစခ်င္ရံုပါ...အခုေတာ့ ေမာင္ အားလံုးေျဖရွင္းၿပီးပါၿပီ...အားလံုး ပံုမွန္ျပန္ျဖစ္သြားၿပီ "

" သံုးလလံုး မအိပ္နိုင္မစားနိုင္ အလုပ္ပံုထဲေခါင္းမေဖာ္နိုင္တဲ့ ေမာင့္ကို မရိပ္မိေလာက္ေအာင္အထိ ကိုယ္ မညံ့ေသးပါဘူး ေမာင္ "

" ...."

" ေမာင္က တမင္ထိန္ခ်န္ထားတာမဟုတ္ပါဘူး "

ေမာင္က သူ႔ကိုယ္သူအျပစ္ရွိသလို ေခါင္းကို ငံုထားၿပီး လက္နွစ္ဖက္ကို တစ္ဖက္နဲ႔တစ္ဖက္ ပြတ္သပ္ေနသည္။

" ေခါင္းမငံု႔ထားနဲ႔ ေမာင္...အာဏာစက္သ်ွားဆိုတာ ဘယ္သူ႔ေရွ႕မွာမွ ေခါင္းမငံု႔ရဘူး...ကိုယ့္ေရွ႕မွာေတာင္ ေခါင္းမငံု႔စမ္းနဲ႔...ေမာင္ဟာ အားလံုးရဲ႕အထက္မွာ ရွိေနမယ့္ နန္းထိုက္တဲ့ ေတာ္ဝင္ပန္း "

" ေမာင္ နားလည္ပါၿပီ "

" ေမာင္က ေရွ႕ကသြားရင္ ....ကိုယ္က ေမာင့္ေနာက္က ထပ္ၾကပ္မကြာ လိုက္ပါ့မယ္....ေမာင္က ေနာက္ဆံမတင္းဘဲ ေရွ႕ကိုသာရဲရဲသြားပါ....ေမာင့္ေနာက္မွာ ငါရွိပါတယ္ "

" ငယ္သာရွိရင္ ေမာင္ ကအားလံုးကို ရင္ဆိုင္နိုင္ပါတယ္ "

ငယ္က အာဏာ့လက္ကို သူ႔ရဲ႕လက္သြယ္သြယ္ေလးေတြနဲ႔ဆုပ္ကိုင္လိုက္ၿပီး အာဏာ့လက္ေမာင္းေပၚ ေခါင္းေလးေစာင္းကာမီွလိုက္သည္။

လွသည္။ၾကယ္ေရာင္စံုေနတဲ့ ေကာင္းကင္ႀကီးက လွသည္။လေရာင္ ထိန္ထိန္သာက ၾကည္ႏူးဖို႔ေကာင္းသည္။ထို႔အတူ ၾကယ္ေရာင္စံုေနတဲ့ ေကာင္းကင္ေအာက္က ရင္ခုန္သံခ်င္းထပ္တူက်ေနတဲ့ ေကာင္ငယ္ေလးနွစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာက ပိုလွသည္။

____________________

12.4.22

Maple Lynn🍁


ယခု လက်ရှိ ကာလ,

ဒီပါ မောင့်ကုမ္ပဏီကို နေ့လည်စာလာပို့ရင်း မောင်က အလုပ်လုပ်နေတုန်းမို့ ဆိုဖာပေါ်ထိုင်ကာ မောင့်မျက်နှာလေးကို ငေးစိုက်ကြည့်နေမိသည်။သုံးလ သုံးလတောင်ရှိခဲ့ပါပြီ။ဒီပါ့ ချစ်ရသူနံဘေးမှာ ရှိနေခဲ့တာဟာ သုံးလဆိုတဲ့ အချိန်ကာလကိုရောက်ရှိခဲ့ပါပြီ။ဒီပါတို့သတင်းကြောင့် မောင့်ကုမ္ပဏီမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါသေးသည်။မောင်ဟာ gay ဆိုတဲ့သတင်းကြောင့် အတော် ဂယက်ရိုက်သွားသေးသည်။မောင်က အားလုံးနဲ့ယှဉ်ပြီးတောင် ဒီပါ့ကို ရွေးခဲ့တာပါ ။ရှယ်ယာရှင်တစ်ချို့ကတော့ မောင်နဲ့အလုပ်တွဲမလုပ်နိုင်ဘူးဟုဆိုကာ ကုမ္ပဏီမှ ရှယ်ယာတွေ နှုတ်ထွက်သွားကြသည်။

မောင့်လို လူမျိုးက ဘာများဖြစ်နေလို့ပါလဲ။ ထိုလူတွေဟာ ရှေးရိုးစွဲအယူတွေကို မဖျောက်ဖျက်နိုင်သေးတဲ့ လူတွေဘဲဖြစ်ရမယ်။ မောင်က ဘယ်သူမို့လို့လဲ။ သိပ်ကိုတော်တဲ့ ဒီပါ့ ချစ်သူဘဲလေ။ ၃လအတွင်း ကုမ္ပဏီအခြေအနေကို ပြန်ထိန်းနိုင်ခဲ့ပါပြီ။ မောင်က ဒီ၃လအတွင်းနေ့မအား ညမအားကို အလုပ်တွေလုပ်နေတာပါ။ဒီအကြောင်းတွေကို မောင်က ပြောပြတာမဟုတ် ။မောင်အခုတလော အလုပ်တအားရှုပ်နေတာမို့ သွေးသုကိုမေးကြည့်မှသာ ဒီပါ သိခဲ့ရတာပါ။မောင်ကတော့ ဒီပါ့ကို အပူမပေးဘဲ သူတစ်ယောက်ထဲသာ ဖြေရှင်းနေသည်။

မောင်က ပေးမသိရင် ကိုယ်ကသိနေရင်တောင် မသိချင်ယောင်ဆောင်ပေးပါ့မယ်မောင်။

" ငယ် စောင့်နေရတာ ကြာသွားပြီလား မောင်အလုပ်နဲနဲရှုပ်နေလို့ "

" မကြာပါဘူး မောင်ရယ် ...ထမင်းစားကြမယ်လေ ၁၂တောင်ကျော်နေပြီရယ် "

" မောင် ငယ့်ကိုအချိန်မပေးမိတာ ကြာပြီဆိုတော့ အပြင်မှာ တစ်ခုခုစားရင်း ဒိတ်ကြရအောင်လား "

" မောင့်သဘောပါ "

မောင်က အပြင်မှာတစ်ခုခုသွားစားမည်ဆိုတာကြောင့် ဒီပါတို့ ကုမ္ပဏီအနားရှိ စားသောက်ဆိုင် တစ်ခုကိုသာရွေးလိုက်သည်။

စားသောက်ဆိုင်ရှေ့ရောက်တော့ မောင်ကကားကိုရပ်လိုက်ပြီး ဒီပါ့ကို ကားတံခါးဆင်းဖွင့်ပေးသည်။

မောင်ကတော့လေ ဒီလိုအသေးမွှားလေးကအစ ဒီပါ့ကို သိပ်ဂရုစိုက်တာပါ။

ကိုယ်ကတော့ အချိန်တွေကြာလေ မောင်ဆိုတဲ့ အချစ်ရပ်ဝန်းလေးကို မစွန့်ခွာနိုင်တဲ့အထိ လောဘကြီးနေမိပြီ မောင်ရယ်...

မောင်က ဒီပါ့လက်ကိုဆွဲပြီး Booking ယူထားတဲ့ စားပွဲမှာဝင်ထိုင်လိုက်သည်။ဒီပါ ခုံမှာ ထိုင်မည် အလုပ်

" ဟင်! အစ်ကို နေ့လည်စာလာစားကြတာလား "

အစ်ကိုနဲ့ အစ်ကိုသလ္လာက ဒီပါတို့ဝိုင်းဘေးကဖြတ်သွားတော့ ဒီပါလှမ်းနှုတ်ဆက်လိုက်တာပါ။

" လာတုန်းကတော့ နေ့လည်စာ လာစားတာဘဲ ခေတ်ရယ် ...booking ကပြည့်နေတာနဲ့ဘဲ တစ်ခြားဆိုင် သွားကြမလို့ "

" ဒါဆို ကျွန်တော်တို့ဝိုင်းမှာဘဲပေါင်းလိုက်ပါလား ခုံလွတ်သေးတယ်လေ "

ဒီပါက အစ်ကို့ကို လာထိုင်ဖို့ပြောပေမယ့် အစ်ကိုကတော့ အစ်ကို့ကို ရှုတည်တည်နဲ့ကြည့်နေတဲ့ မောင့်ကို မျက်ခုံးအသာတွန့်ပြသည်။မောင်ရော သဘောတူရဲ့လား ဆိုတဲ့ သဘောနဲ့ပေါ့။

" မောင် မင်းအဆင်ပြေတယ်မလား "

" ငယ့်သဘောပါ "

ငယ့်သဘောလို့သာ မောင်ကပြောပေမယ့် လက်ထဲမှာ တစ်သျှူးစတွေဆွဲဖြဲထားတာ အပိုင်းပိုင်းပါဘဲ။

မောင်က ဒီပါ့ကို သဝန်တိုနေတာတဲ့လား...ဟား ...ကလေးကြီးကျနေတာဘဲမောင်ရယ်။

အာဏာ ငယ်ပြောလို့သာ ခွင့်ပြုလိုက်ရပေမယ့် သိပ်တော့မကြည်လှပါ။ဒီလူ့ငယ့်အပေါ်ကြည့်နေတဲ့မျက်လုံးတွေက အရမ်းနွေးထွေးလွန်းသည်။ငယ်နဲ့ဒီလူ အရမ်းရင်းနှီးနေတာကိုလည်း အာဏာတကယ်သဘောမကျပါဘူး။သဝန်တိုပါသည်။ငယ်က သူ့အပြုံးတွေကို ဖောဖောသီသီ ပေးနေလိုက်တာ။ကျွန်တော်မဟုတ်တဲ့ အခြားတစ်ယောက်ကိုတဲ့လေ။

ဟင့်အင်း မကြိုက်ဘူး။ငယ့်ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု အရာရာဟာ မောင့်ကြောင့်ဘဲဖြစ်ရမယ်။ငယ်နဲ့ပက်သက်သမျှ အရာရာကို မောင်ဘဲပိုင်ဆိုင်ရမယ်။

" မောင် အစ်ကို့ကို စိုက်ကြည့်နေတာများ မျက်လုံးကြီးကျွတ်ထွက်သွားဦးမယ် "

" မောင်မကြည့်ပါဘူး "

ဒီပါစလိုက်တာကို မောင်က ပက်ခနဲ ပြန်ဖြေလာသည်။ဒီပါသိတာပေါ့။မောင်က အစ်ကိုနဲ့သဝန်တိုနေတာ။အစ်ကိုနဲ့ဒီပါက ရိုးရိုးသားသားပါ။အစ်ကိုက ဒီပါ့ကိုစိတ်လုံခြုံမှု ပေးတယ်။အစ်ကိုကလည်း ဒီပါ့အပေါ် ၅၂၈ မေတ္တာထက်မပိုဘူးဆိုတာလည်း ဒီပါသိပါတယ်။အစ်ကိုနဲ့စကားပြောရင် အခုမှရင်းနှီးနေတဲ့ လူတွေနဲ့မတူဘဲ အရင်ကတည်းကတော်တော်ရင်းနှီးနေသလိုပါဘဲ။
ဒီပါတို့ဝိုင်းကို စားစရာတွေရောက်လာတော့မှဘဲ တွေးနေတာကို လက်စဖျက်လိုက်သည်။

" ငယ် ပြောင်းဖူးကြော် ငယ်ကြိုက်တယ်မလား ရော့ "

မောင်က ဒီပါ့ပန်းကန်ထဲ ဟင်းတွေမျိုးစုံအောင်ထည့်ပေးသည်။ဟင်းတွေများလွန်းလို့ ဘယ်ဟာကိုစစားရမှန်းတောင် မသိတော့ပါ။

" ခေတ်က အမဲသားမစားဘူးဟုတ် ဟိုတစ်ခါ ကျောက်ကပ်အထူးကုဆီ လာပြဖူးတယ်မလား"

မောင်က ဒီပါ့ ပန်းကန်ထဲကို ဟင်းထည့်ပေးမလို့ရွယ်နေတုန်း အစ်ကို့စကားကြောင့် ဒီပါ့ကိုတစ်လှည့် အစ်ကို့ကိုတစ်လှည့် အံ့သြသလိုကြည့်နေသည်။အစ်ကိုသလ္လာကလည်း အစ်ကို့အတွက် ပုစွန်အခွံခွာပေးနေရင်းမှ မျက်လုံးအဝိုင်းသားမော့ကြည့်လာသည်။

"ဟို ဟုတ်တယ် ကျွန်တော်မစားပါဘူး "

" ငယ်က ကျောက်ကပ်တစ်ခုခုဖြစ်နေတာ မောင်လည်းမသိရပါလား , မောင်က အသုံးမကျလိုက်တာ"

မောင်က ဇွန်းကိုပြန်ချလိုက်ပြီး သူ့ကိုယ့်သူစိတ်ပျက်သွားပုံပေါ်သည်။

"မောင့်အပြစ်မှမဟုတ်ဘဲ မောင်ရယ်။ ကိုယ်ကသာ ထိန်ချန်ထားခဲ့တာပါ"

"အာ အစ်ကို စကားလွန်သွားပြီထင်တယ် အစ်ကိုတောင်းပန်ပါတယ်"

" ရပါတယ်ဗျာ ကျွန်တော်ငယ့်အကြောင်းတစ်ခုပိုသိသွားတာပေါ့"

" နေး ခင်ဗျားအတွက် ပုစွန်ခွာပြီးပြီ "

" အစ်ကိုသလ္လာက အစ်ကို့ကိုတကယ်ဂရုစိုက်တာဘဲနော်....ကျွန်တော်တောင် အစ်ကိုသလ္လာ့လို သူငယ်ချင်းမျိုး လိုချင်လာပြီ "

" နောင်က အစ်ကို့ငယ်သူငယ်ချင်းလေ ....ငယ်ငယ်ကတည်းက သူကဘဲအစ်ကို့အတွက် အားလုံးလုပ်ပေးနေကြ။သူ့လက် သူ့ခြေမဟုတ်ရင်စိတ်တိုင်းကိုမကျဘူး "

" ဒါကတော့ ခင်ဗျားက နမော်နမဲ့ကိုဗျ ...ငါက ဘယ်လိုစိတ်ချပါ့မလဲ "

"သြော် ခေတ် နောင့်လိုသူငယ်ချင်းမျိုးကလေ နှစ်ယောက်မရှိတဲ့သူငယ်ချင်းမျိုး အဲ့တော့ နောင့်လိုလူမျိုးက လိုချင်ရင်တောင် မရနိုင်ဘူးသိလား...ဘာလို့ဆို နောင်က အစ်ကို့အပိုင်လေ ....ဟားး "

အင်း ငါကခင်ဗျားအပိုင်တဲ့လား။ ခင်ဗျားရင်ထဲ ငါ့အတွက် နေရာရှိနေတာနဲ့တင် သေပျော်ပါပြီ ။ခင်ဗျားအတွက်ဆိုအရာအရာပေးဆပ်ဖို့အသင့်ပါဘဲ။ရယ်ပါ ပြုံးပါ ပျော်ပါ ။အကြောင်းရင်းက ငါမဟုတ်ရင်တောင်မှပေါ့။

" သူငယ်ချင်းဆိုတာ ကိုယ့်အပိုင်လို့ သတ်မှတ်လို့ရလို့လား အစ်ကိုရဲ့ ....သူတို့လည်း ခံစားချက်နဲ့လူဘဲလေ ....အချိန်တန်ရင် ကိုယ့်အနားကထွက်သွားကြမှာဘဲလေ"

ဟင် ခေတ်စကားက ဘာကို ဆိုလိုတာလဲ။နောင်ကရော အချိန်တန်ရင် ငါ့ဘေးကထွက်သွားတော့မှာလား။ဟင့်အင်း နောင့်ကိုငါပိုင်တာ။ငါ့မှာ နောင်ဘဲရှိတော့တာ။

သလ္လာ့ဘေးက ကောင်လေးကတော့ အတွေးတွေလွန်နေပြန်ပြီထင်ပါရဲ့။ဟိုကလေးက သူ့ကို သက်သက်မဲ့စလိုက်တာ။အခုလည်းကြည့်ဟိုက ပြုံးစိစိနဲ့။ အားလုံးက ကျွန်တော့်ကို သလ္လာလို့ ခေါ်ကြပေမယ့် ကျုပ်ရဲ့နေးကတော့ နောင်တဲ့လေ။နောင်ဆိုတာ မင်းနဲ့ပိုလိုက်တယ်တဲ့။ပြီးတော့ နောင် ဆိုတဲ့ နာမ်စားကလည်း သူ့တစ်ယောက်ထဲအတွက်တဲ့။

ခင်ဗျားက ငါ့အတွက်မဟုတ်ပေမယ့် ငါကတော့ ခင်ဗျားတစ်ယောက်ထဲအတွက်ပါ။

ခင်ဗျားက နှင်ရင်တောင် ငါကတော့ ခင်ဗျား နံဘေးက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး။နောက်ဆုံးထွက်သက်အထိ ခင်ဗျားလက်ပေါ်မှာဘဲ ခြေချချင်တယ်။

" ငါက ခင်ဗျားနှင်ရင်တောင် ထွက်မသွားပါဘူးကွာ စိတ်ချ"

နောင့်စကားကိုကြားရတော့မှဘဲ နေးသက်ပြင်းချနိုင်တော့သည်။

ဟုတ်တယ်။ နောင်က ငါ့နံဘေးမှာဘဲရှိနေမှာ။

"ဟိုး ဟိုး အငယ်လေးက ပင်လယ်စာနဲ့ allergic ရှိတယ် "

" ချွမ်း "

ဒီပါ့ လက်ထဲ ဇွန်းဟာမြေပြင်ပေါ်သို့ ချွမ်းခနဲ့ပြုတ်ကျသွားသည်။ရင်ဘတ်ထဲမှာလည်း တင်းကြပ်လာပြီး မျက်ရည်တွေလည်းကျလာတော့သည်။

အငယ်လေး အငယ်လေးတဲ့။ဒီနာမ်စားက တစ်ယောက်သောသူသာ ခေါ်ခဲ့တာ။

နေးရဲ့ခေါင်းတွေရုတ်တရက်ထိုးကိုက်လာပြီး အမြင်အာရုံထဲမှာလည်း ကောင်လေးတစ်ယောက်က ပင်လယ်စာ စားမိပြီး အနီကွက်တွေထကာ အသက်ရူရပ်တဲ့အထိ ဖြစ်သွားလို့ သူက ကျောပိုးပြီးပြေးလွှားနေတာ ။ဘာပုံရိပ်တွေလဲ။

သူက ခေတ်ကို အငယ်လေးလို့ ဘာလို့ ခေါ်လိုက်မိတာလဲ။

" အားး"

" အစ်ကို အစ်ကို ဘာဖြစ်တာလဲ "

" နေး ခင်ဗျားသတိထားလေ "

" Toilet သွားလိုက်ဦးမယ် "

အစ်ကိုက ဘာဖြစ်သွားတာပါလိမ့်။ရုတ်တရက် ခေါင်းကိုဖိနှိပ်ပြီး အော်ဟစ်နေတာ။ အခုလည်း toilet ကိုပြေးသွားပြန်ပြီ။

အစ်ကိုက ငါ့ကို ဘာလို့ အငယ်လေးလို့ခေါ်တာလဲ။ငါ ပင်လယ်စာနဲ့ allergic ရှိမှန်းရော ဘယ်လိုသိတာလဲ။

" အစ်ကိုသလ္လာ အစ်ကိုက ဘယ်လိုဖြစ်တာလဲ "

" နေးက အဲ့လိုဘဲ အတိတ်က ပုံရိပ်တစ်ချို့ကိုပြန်မြင်ယောင်လာတဲ့အခါ သူမစဉ်းစားနိုင်တော့ဘဲ ခေါင်းတွေထိုးကိုက်လာရော"

" အတိတ်က? "

" နေးက အတိတ်မေ့နေတာ, အစ်ကို လိုက်သွားလိုက်ဦးမယ်နော် "

အစ်ကိုသလ္လာက အစ်ကို့နောက်ကိုပြေးလိုက်သွားပြီး ဒီပါကတော့ ထိုင်ခုံမှာပင် အရုပ်ကြိုးပျက်ဖြစ်ကာ အသက်ကိုပြင်းပြင်းရှူနေရသည်။မောင်က ဒီပါ့ကို သူ့ရင်ခွင်ထဲထည့်ဖက်လိုက်ပြီး ကျောကို ခပ်ဖွဖွ ပုတ်ပေးသည်။

ဘာတွေဘဲဖြစ်လာ ဖြစ်လာ မောင့်ရင်ခွင်ကတော့ဒီပါ့အတွက် နွေးထွေးမှု ပေးဆဲပါဘဲ။

" ငယ် စိတ်ထဲသိပ်မထားနဲ့နော် တိုက်ဆိုင်တာနေမှာပါ "

" အင်း "

ငယ်က ငယ့်ကိုကို ခေါ်သလို အငယ်လေးဆိုတဲ့ နာမ်စားကို ကြားလိုက်မိလို့ အခုလိုဖြစ်သွားတာပါဘဲ။ငယ့်အစ်ကိုကို ငယ်ဘယ်လောက်ထိတောင်မှ ချစ်သလဲ အားကိုးသလဲ အာဏာ့ကို ပြောပြဖူးတာကြောင့် အာဏာသိပါတယ်။

အစ်ကိုနေးကရော ဘာလို့ အငယ်လေးလို့ ခေါ်လိုက်တာလဲ။ ငယ်နဲ့ ပက်သက်ရင် အာဏာ့ထက်တောင် သူက ပိုသိနေပါသေးသည်။ငယ့်ကို စိတ်ထဲမထားခိုင်းပေမယ့်လို့ အာဏာကတော့ ဒွိဟ ဖြစ်နေပါပြီ။

"ခင်ဗျား အဆင်ပြေရဲ့လား "

သလ္လာ နေးအနောက်ကိုလိုက်သွားတော့ နေးက toilet ရဲ့ကြမ်းပြင်ပေါ်မှာ ခေါင်းကိုဖိနှိပ်ကာ ငုတ်တုပ် ထိုင်နေသည်။မျက်နှာတွေလည်းသစ်ထားပုံပါဘဲ။သလ္လာ နေးရဲ့ ဘေးမှာ ဒူးတုပ်ထိုင်ချလိုက်တော့ နေးက သလ္လာ့ကို သိုင်းဖက်လိုက်သည်။

" ငါ့ မြင်ကွင်းထဲမှာ ဝါးတားတားပုံရိပ်တွေက ဘာတွေမှန်းလည်းမသိဘူး အဲ့တာတွေ သေချာမှတ်မိအောင် စဉ်းစားလိုက်တိုင်း ငါ့ခေါင်းတွေ ပေါက်ကွဲထွက်မတတ်ဘဲ...ညဘက်တွေဆိုလည်း အိမ်မက်ဆိုးတွေခနခနမက်တယ်....လက်ဖမိုးမှာ စကြာၤပုံ တက်တူးရှိတဲ့လူက သေနတ်ကိုကိုင်ထားပြီး မိန်းမကြီးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ကို ပစ်သတ်လိုက်တာ ....အိပ်ယာက လန့်နိုးတာနဲ့လေ ငါ့ရင်ဘတ်တွေနာတယ်....အသက်ရှူတွေကြပ်လာရော ...အိပ်ဆေးတွေလည်း ငါ့ကို မကယ်နိုင်တော့ဘူး ...အိပ်ရမှာတောင် ငါကြောက်လာပြီ ...ငါ ငါ ရူးတော့မှာ နောင်ရဲ့ သိလား ...ငါ ငါ ရူးတော့မှာ...ပြီးတော့ ဟိုလူကလည်း ငါ့ဆီ ညညဆိုရောက်လာတယ် ...ပြီးရင်လည်းလေ ငါ့ကို ယုတ်မာဖို့လုပ်တယ် ...အဲ့ဒါကြောင့် ငါမအိပ်တာ နောင်ရဲ့ သိလား ...ဟီးဟီး အဲ့ဒါဆိုသူတို့လည်းရောက်မလာတော့ဘူး "

နေးက သူ့ဒူးကို လက်နှစ်ဖက်ဖြင့်ပိုက်ပြီး ရှေ့နောက်ယိမ်းကာ သတိလွတ်သွားလူလို သွေးရူးသွေးတန်းတွေပြောနေတော့သည်။

ငါ့ရင်တွေ နာလိုက်တာ ခင်ဗျားရယ်...ခင်ဗျားရဲ့ဒီလိုပုံစံကိုမြင်နေရတာ ငါ့ရင်တွေနာတယ်ဗျ...အသုံးမကျလိုက်တာ....ဒီ ခွန်သလ္လာနောင်ဆိုတဲ့ကောင် အသုံးမကျလို့ ...နေးအခုလို ဖြစ်နေတာ ဘာမှမလုပ်ပေးနိုင်တာ။

" စိတ်လျော့ ခင်ဗျားရယ် ....စိတ်အေးအေးထားနော်...ဒီကိုကြည့် ငါ့ကိုကြည့်...အသက်ကို ဝဝရှူ "

သလ္လာ နေးရဲ့ ပုခုံးနှစ်ဖက်ကို အသာဆုပ်ကိုင်လိုက်ပြီး အသက်ကိုဝဝ ရှူခိုင်းလိုက်သည်။ခနကြာတော့ နေးက အသိစိတ်ပြန်ကပ်သွားသည်။

" အဆင်ပြေပြီလား ခင်ဗျား ,ဒါဆို အရှေ့ပြန်သွားရအောင် ,ခေတ်လေးတို့ စောင့်နေမယ် ထင်တယ် "

" အင်းသွားကြရအောင် "

နေးနဲ့နောင်တို့ အပြင်ပြန်ထွက်လာတော့ အာဏာရော,ခေတ်လေးရောက စားပွဲမှာထိုင်နေကြတုန်းပါဘဲ။

" ဟို ခေတ်ရော အာဏာရော အစ်ကို့ကြောင့် အနှောင့်ယှက်ဖြစ်သွားရင် တကယ်အနူးအညွတ် တောင်းပန်ပါတယ်,ပြီးတော့ ခုနက အငယ်လေးလို့ခေါ်မိတာလည်း စိတ်ထဲမထားပါနဲ့ အစ်ကိုက ကျန်းမာရေးမကောင်းတော့ ထူထူးဆန်းဆန်းတွေ ပြုမူတတ်လို့ပါ"

" ရပါတယ် အစ်ကို...ကျွန်တော့်ကိုကိုက အငယ်လေးလို့ ခေါ်နေကြဆိုတော့ ကျွန်တော်လည်း ရှော့ခ်ရသွားတာ"

" ခေတ်လေးရဲ့ကိုကို?"

" အင်းသူက ဟိုးအဝေးကြီးမှာ "

" သြော် ဟုတ်ပါပြီ အစ်ကိုတို့ကို ခွင့်ပြုပါဦး"

အစ်ကိုတို့က ဒီပါတို့ကိုနှုတ်ဆက်ပြီးထွက်သွားတော့ ကြမ်းပြင်ပေါ်မှာ မှောက်ရက်ပြုတ်ကျနေတဲ့ပိုက်ဆံအိတ်က အစ်ကို့အိတ်ဖြစ်ပုံပေါ်သည်။ဒါနဲ့ဘဲ ဒီပါကောက်ပြီး အစ်ကို့ကို လှမ်းခေါ်ပေးလိုက်သည်။

" အစ်ကို ဒါအစ်ကို့အိတ် ထင်တယ် "

" အာဟုတ်တယ် ကျေးဇူးပါ ခေတ် "

မှောက်ရက်ပြုတ်ကျနေသော ပိုက်ဆံအိတ်လေးထဲက ကောင်လေးနှစ်ယောက်ရဲ့ပုံလေးကိုတော့ ဒီပါ မတွေ့လိုက်ပါပေ။

_______________________

" ကိုကို "

" ဗျာ "

ဘေဘီက ညနေထဲက ကုဋေ ဂျူတီဆင်းချိန်ကတည်းက ဆိုဖာမှာထိုင်ပြီး မျက်နှာကြီးကို ဆူပုတ်ထားကာ ကိုကို ခေါ်လိုက် တိတ်သွားလိုက်နဲ့ ဘာမှမပြောဘဲ ထိုင်နေတာ ၂နာရီလောက်ရှိနေပါပြီ။

" ကိုကို့ ချောကလက်လေးရယ် ဘာတွေများ စိတ်အလိုမကျဖြစ်နေတာလဲ ,ကိုကို့ကို ပြောပါဦး"

" ခင်ဗျား ကျွန်တော့်ကို အပျော်တွဲနေတာမလား "

" ဟင် ! မဟုတ်ရပါဘူး ချောကလက်လေးရဲ့ ,ကိုကိုက ဘေဘီ့ကို တကယ်ချစ်တာပါကွာ"

" ဒါဆို ကျွန်တော်မေးတာ အမှန်တိုင်းဖြေ"

" ကိုကိုဖြေပါ့မယ်"

"ခင်ဗျားရည်းစားဘယ်နှစ်ယောက်ထားခဲ့လဲ "

" ...."

"...."

"ဖြေလေ ခင်ဗျားရဲ့"

" ကိုကို ရေနေပါတယ် ဘေဘီရဲ့ "

"ဟမ် ရေနေတာ အခုထိတောင်မပြီးသေးဘူး ...ဒါဆို boss ပြောတာ တကယ်ဘဲပေါ့ "

" ဟမ် အဲ့ကောင် ဘေဘီ့ကို ဘာတွေချွန်လိုက်တာလဲ "

"အသက် ၁၈နှစ်ထဲကနေ ရည်းစား စထားတာတဲ့ ...တွဲတဲ့ကောင်လေးတိုင်းကလည်း ချောချောလေးတွေကြီးဘဲတဲ့ ....တစ်ယောက်ကို တစ်ပတ်ထက်တောင်ပိုမတွဲဘူးတဲ့...၁၈နှစ်ကနေအခု ၂၄နှစ်အထိဆိုတော့စဉ်းစားကြည့်လေတဲ့ "

" အဲ့ဒါ အဲ့ကောင်ချွန်တာ ဘေဘီရဲ့။ ကိုကို တစ်ယောက်ကို တစ်လလောက်တော့တွဲပါတယ်"

" ဂွပ်"

" အား ဘေဘီ "

သွေးသုတကယ်ကိုစိတ်မရှည်တော့ပါဘူး။ဒီလူကြီးတကယ်လွန်လွန်းတယ်။ရည်းစားတစ်ယောက်ကို တစ်လ တောင်တွဲပေးလို့ သူ့ကိုဘဲ ထိုင်ရှိခိုးရမလိုပါဘဲ။အမြင်ကပ်လို့ကို ဘေးမှာရှိတဲ့ ရေဘူးနဲ့ ခေါင်းကိုထုထည့်လိုက်တာ။

" သြော် ခင်ဗျား တစ်ယောက်တစ်လ ဆိုရင်ဘဲတွက်ကြည့်ပါဦး,ရည်းစားထားတာကို ခင်ဗျားက ထမင်းစားရေသောက်လို လုပ်နေတာလား,ကျန်ခဲ့ရတဲ့လူက ခံစားချက်ရှိတဲ့လူတွေဆိုတာရော ခင်ဗျား ထည့်မတွေးတော့ဘူးလား "

" ကိုကို မှားပါတယ်, ကိုကို အရမ်းမှားခဲ့မှန်းလည်းသိပါတယ်,ဒါတွေအကုန်လုံးက ဘေဘီနဲ့မတွေ့ခင်က ကိုကိုဆိုးခဲ့မိတာတွေပါ.... လူတစ်ယောက်ကိုချစ်မိတာဟာ ဘယ်လိုခံစားချက်ဆိုတာ ဘေဘီနဲ့တွေ့မှ ကိုကို ခံစားတတ်ခဲ့တာ....သူတို့ရဲ့ ခံစားချက်တွေကို ကိုကိုအခု စာနာနိုင်ပေမယ့် ကိုကိုသိပ်ချစ်တာ ဘေဘီဖြစ်နေတော့လည်း အခက်သားလားကွာ "

" ...."

" အတိတ်မှာဖြစ်ခဲ့တာတွေကို ပြန်ပြင်လို့ မရနိုင်တော့ပေမယ့် ပစ္စုပ္ပန်နဲ့အနာဂတ်နေ့ရက်တွေမှာ ကိုကိုက ဘေဘီ့ကို ဆတိုးလို့ ပိုချစ်ပေးပါ့မယ်"

" အင့် ကျွန်တော်က ခင်ဗျား အတိတ်ကိုလည်း စိတ်မဝင်စားဘူး...ခင်ဗျားဘာဖြစ်ဖြစ် ကျွန်တော်လက်ခံနိုင်တယ်...ကျွန်တော်ကြောက်တာ ခင်ဗျားထားသွားမှာကို...ကျွန်တော်က ခင်ဗျားတွဲခဲ့ဖူးသလို အလှလေးတွေလည်းမဟုတ်ဘူး...အချစ်ဆိုတာ ခင်ဗျားကြောင့် သိခဲ့ရတဲ့သူမို့ ခင်ဗျားရဲ့နံပါတ်စဉ်ထဲက တစ်ယောက် ဖြစ်သွားမှာ ကျွန်တော်သိပ်ကြောက်တယ်"

" စိတ်ချပါ ဘေဘီ ...ကိုကို့ကိုယုံကြည်ပေးပါ "

" ကျွန်တော် ခင်ဗျားကို ယုံပါတယ် ကိုကို "

သွေးသု ကိုကို့ကို နံရံဘက်သို့ တဖြည်းဖြည်းတွန်းကပ်လိုက်ပြီး ကိုကို့နှုတ်ခမ်းထူထူလေးတွေကို အထက်အောက် တလှည့်စီ ဆွဲစုပ်လိုက်ပြီး အနမ်းကြမ်းကြမ်းများကို ပုံဖော်နေမိသည်။ခနကြာတော့ ကိုကိုက သွေးသု အနမ်းများကို ပြန်လည် တုံ့ပြန်လာသည်။ကိုကိုနဲ့သွေးသု အချိန်ကြာမြင့်စွာ နမ်းရှိုက်ခဲ့ကြလေသည်။

ချစ်တယ် ကိုကို...

အချိန်နောက်ကျမှ ကျွန်တော့်ခံစားချက်တွေကို သိခဲ့ပေမယ့် အဆုံးရှုံးမခံနိုင်လောက်အောင် သိပ်ချစ်တယ်။

____________________

" စီးကရက်တွေ အရမ်းသောက်နေပါလား မောင်, စိတ်ညစ်စရာများရှိလို့လား "

မောင်က ဝရန်တာလက်ရန်းပေါ်လက်တင်ထားပြီး စီးကရက်ကို ရှိုက်ဖွာနေသည်။

ကိုယ်က စီးကရက်နံ့တွေ မခံနိုင်ပေမယ့်လို့ စီးကရက်တွေ သောက်တတ်တဲ့ မောင့်ကိုတော့သိပ်သဘောကျတယ်။

ဒီပါ မောင့်အနားသို့သွားလိုက်ပြီး မောင့်ဂျိုင်းအောက်ကနေ သိုင်းဖက်လိုက်သည်။မောင့်လက်ထဲက စီးကရက်ငွေ့က နှာဖျားကို ကလူကျီစယ်တာမို့ ဒီပါ အသက်ရှူကြပ်သွားရသည်။

" အဟွတ် အဟွတ် "

" ငယ် "

မောင်က လက်ထဲက စီးကရက်ကို ပြာခွက်ထဲထိုးဖိသတ်လိုက်ပြီး ဒီပါ့ခန္ဓာကိုယ်သေးသေးလေးကို သူရဲ့ ကြီးမားသောလက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

" ငယ်က စီးကရက်နံ့မခံနိုင်ဘူးလား "

" ကိုယ်က စီးကရက်အနံ့မခံနိုင်သလို ကြိုက်လည်းမကြိုက်ဘူး ...ဒါပေမယ့်လို့ စီးကရက်တွေသောက်တတ်တဲ့ မောင့်ကိုတော့ သဘောကျတယ် "

" ဟက် ငယ်က မောင့်ကို ခြွေနေလိုက်တာ"

" ငယ်မကြိုက်တဲ့ စီးကရက်တွေ မသောက်ဖို့ မောင့်ကို မတားဘူးလား "

" မောင်က စီးကရက်ကို နှစ်ခြိုက်သည်ဖြစ်စေ...ဝီစကီကို နှစ်ခြိုက်သည် ဖြစ်စေ...ဒီအမျိုးသား နှစ်ခြိုက်တဲ့ ဘယ်အရာကို မဆို ကိုယ်ကလက်ခံနိုင်ပြီးသားပါ....မောင့်အသည်းပျက်စီးတဲ့အခါ ကိုယ့်အသည်းကို အစားထိုးပေးပါ့မယ်...မောင်က မောင့်ဖြစ်တည်မှုလေးအတိုင်းသာရှင်သန်ပါ "

" ငယ်က မသောက်နဲ့လို့ ပြောတဲ့အခါ မောင်က ငယ်မကြိုက်တာမှန်သမျှ ချက်ချင်းစွန့်လွှတ်ဖို့အသင့်ပါ...ငယ့်ရဲ့စကားတစ်ခွန်းဟာ အာဏာစက်သျှားအပေါ် သေဆိုသေ ,ရှင်ဆိုရှင် အာဏာသက်ရောက်ပါတယ် မောင့်အချစ်ရယ် "

" ကိုယ့်ကြောင့်နဲ့တော့ မောင့်ဖြစ်တည်မှုကို ပြောင်းလဲပေးဖို့မလိုပါဘူး...ကိုယ်ချစ်ခဲ့တာဟာ မောင်ဆိုတဲ့ ဖြစ်တည်မှုလေးပါ....ကောင်းသည် ဆိုးသည် ဘာမှမပြောဘဲ အရာရာကိုလက်ခံနိုင်ပြီးသားပါ...မောင်လမ်းမှားမရောက်အောင် မောင့်ပါရမီဖြည့်ဖက်အဖြစ် ကိုယ်က တည့်မတ်ပေးပါ့မယ်"

" မောင်တော့ မောင့်အချစ်တွေကိုတောင် သံသယဖြစ်ချင်လာပြီ,ငယ့်ကို မောင်က အချစ်နိုင်ဆုံးလို့ထင်ခဲ့ပေမယ့် ငယ့်အချစ်တွေကိုတော့ မောင်လိုက်လို့တောင်မမီတော့ပါဘူး "

" နောက်တစ်ခါဆို ပြဿနာတစ်ခုခုရှိခဲ့ရင် မောင်က တစ်ယောက်တည်း မဖြေရှင်းပါနဲ့...မောင့်မှာ ကိုယ်ရှိပါတယ်...အေးသည်ဖြစ်စေ ပူသည်ဖြစ်စေ ကိုယ်တို့က အတူရင်ဆိုင်ရမှာမဟုတ်လား "

" ငယ်က သိနေခဲ့တာလား...မောင်က ငယ့်ကို စိတ်မပူစေချင်ရုံပါ...အခုတော့ မောင် အားလုံးဖြေရှင်းပြီးပါပြီ...အားလုံး ပုံမှန်ပြန်ဖြစ်သွားပြီ "

" သုံးလလုံး မအိပ်နိုင်မစားနိုင် အလုပ်ပုံထဲခေါင်းမဖော်နိုင်တဲ့ မောင့်ကို မရိပ်မိလောက်အောင်အထိ ကိုယ် မညံ့သေးပါဘူး မောင် "

" ...."

" မောင်က တမင်ထိန်ချန်ထားတာမဟုတ်ပါဘူး "

မောင်က သူ့ကိုယ်သူအပြစ်ရှိသလို ခေါင်းကို ငုံထားပြီး လက်နှစ်ဖက်ကို တစ်ဖက်နဲ့တစ်ဖက် ပွတ်သပ်နေသည်။

" ခေါင်းမငုံ့ထားနဲ့ မောင်...အာဏာစက်သျှားဆိုတာ ဘယ်သူ့ရှေ့မှာမှ ခေါင်းမငုံ့ရဘူး...ကိုယ့်ရှေ့မှာတောင် ခေါင်းမငုံ့စမ်းနဲ့...မောင်ဟာ အားလုံးရဲ့အထက်မှာ ရှိနေမယ့် နန်းထိုက်တဲ့ တော်ဝင်ပန်း "

" မောင် နားလည်ပါပြီ "

" မောင်က ရှေ့ကသွားရင် ....ကိုယ်က မောင့်နောက်က ထပ်ကြပ်မကွာ လိုက်ပါ့မယ်....မောင်က နောက်ဆံမတင်းဘဲ ရှေ့ကိုသာရဲရဲသွားပါ....မောင့်နောက်မှာ ငါရှိပါတယ် "

" ငယ်သာရှိရင် မောင် ကအားလုံးကို ရင်ဆိုင်နိုင်ပါတယ် "

ငယ်က အာဏာ့လက်ကို သူ့ရဲ့လက်သွယ်သွယ်လေးတွေနဲ့ဆုပ်ကိုင်လိုက်ပြီး အာဏာ့လက်မောင်းပေါ် ခေါင်းလေးစောင်းကာမှီလိုက်သည်။

လှသည်။ကြယ်ရောင်စုံနေတဲ့ ကောင်းကင်ကြီးက လှသည်။လရောင် ထိန်ထိန်သာက ကြည်နူးဖို့ကောင်းသည်။ထို့အတူ ကြယ်ရောင်စုံနေတဲ့ ကောင်းကင်အောက်က ရင်ခုန်သံချင်းထပ်တူကျနေတဲ့ ကောင်ငယ်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ပိုလှသည်။

____________________

12.4.22

Maple Lynn🍁

Continue Reading

You'll Also Like

2.8K 124 27
မောင့်လင်္ကာက သိပ်ကိုတော်တဲ့ ဧည့်လမ်းညွှန်တစ်ယောက်မို့ ဘဝဆိုတဲ့ခရီးရှည်မှာရော လင်္ကာကမောင့်အတွက် ဘဝလမ်းညွှန်လေးဖြစ်ပေးနိုင်မလား *Fredrik Eden (ပြည်ချ...
448K 16.8K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
359K 16.2K 37
"မင်းရှိတဲ့အရပ်ကိုသာမျက်နှာမူချင်တဲ့သူပါ မင်းသာ မောင့်အနားကမထွက်သွားပါနဲ့ ဘာပဲပေးဆပ်ရဆပ်ရ အဆင်ပြေတယ်ဘေဘီ" 𝐌𝐢𝐧𝐞 𝐍𝐲𝗼𝐡 𝐒𝐡𝐢𝐧+ 𝐍𝐠𝐚𝐲 𝐍𝐚𝐲...
343K 35.6K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...