My Cherry Will Explode in the...

By tobefly_highhigh

651K 94.3K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》

7.4K 1.1K 22
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 15

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

နေရာလွတ်အပြင်ဘက်ပြန်ရောက်သောအခါ စုရွေ့ကျယ် မီးဖိုခန်းသို့သွားကာ ရုတ်တရက်နှောက်ယှက်ခံလိုက်ရသောအစားအသောက်ချက်ပြုတ်ခြင်းကို ဆက်လက်ချက်ပြုတ်ခဲ့ သော်လည်း နေ့လည်စာသည် နှောင့်နှေးသွားရကာ ညစာဖြစ်သွားလေသည်။

သူတွေးထားသကဲ့သို့ ငါးပေါင်းဟင်း၊ ၀က်သားငရုပ်စိမ်းကြော်နှင့် အရသာရှိသော အာလူးနံရိုးစွတ်ပြုတ် တို့ကိုပြုလုပ်ခဲ့သည်။

ဟင်းနှစ်ပွဲနှင့် စွတ်ပြုတ်တစ်ခွက် တို့နှင့်အတူ အနံ့မွှေးပျံ့လှသောထမင်း နှစ်မျိုးစလုံးသည် အလွန်သာယာစိတ်ကျေနပ်စရာကောင်းသောအစားအသောက်တစ်နပ်ဖြစ်လေသည်။

နောက်တစ်နေ့တွင် စုရွေ့ကျယ်သည် သူ့စာရင်းစာအုပ်နှင့် ဘဏ်ကတ်ကိုယူကာ ကျန့်ယွင်နှင့်အတူ အနီးအနားသို့သွားရန်ပြင်ဆင်လိုက်သည်။

မထွက်ကြသေးခင်တွင် စုရွေ့ကျယ်သည် ကျန့်ယွင်ကို သူ့အိမ်ထောင်စုစာအုပ်နှင့် ဘဏ်ကတ်အားပြလိုက်သည်။

ကျန့်ယွင်သည် စုရွေ့ကျယ် အိမ်ထောင်ဦးစီးဖြစ်သည်ကို မအံ့ဩလှပေ။ ထိုအချိန်တုန်က အိမ်ထောင်စုစာအုပ်တွင် သူနှင့် သူ့အဖိုးသာလျှင် ရှိခဲ့သည်။ အဖိုးစုဆုံးပါးသွားပြီးနောက် ဆယ့်ခြောက်နှစ်ကျော်အရွယ်စုရွေ့ကျယ်သည် အိမ်ထောင်ဦးစီးဖြစ်လာခဲ့ရသည်။

အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်စာအုပ်တွင် နောက်ထပ်နာမည်သုံးခုရှိသော်လည်း အတော်အတန်ပင် ရှင်းလင်းနေသည်။ တကယ်တမ်းတွင် သူတို့သည် စုရွေ့ကျယ်အား ယွမ်သုံးသိန်းပေးခဲ့သော်လည်း သူတို့လက်မခံချင်လောက်ပေ။

သို့သော်ငြား ဘဏ်ကတ်အားမြင်လိုက်သောအခါ ကျန့်ယွင် အနည်းငယ် မျက်ခုံးပင့်သွားရသည်။

"ဒီကတ်က မင်းဟာ ဟုတ်လို့လား?"

"ကျွန်တော့်အဖိုးရဲ့ဟာ "

အဖိုးစုသည် အသက်ကြီးနေပြီး သူ့မျက်လုံးများနှင့် ပိုက်ဆံသည် သိပ်မကောင်းတော့ပေ။ ထို့ကြောင့် ဘဏ်ကတ်အားလုံးသည် စုရွေ့ကျယ်သာသိမ်းထားခဲ့ရသည်။ သူပိုက်ဆံလိုအပ်သောအချိန်တုန်းက စုရွေ့ကျယ်သည် ဘဏ်သို့သွားကာ ပိုက်ဆံထုတ်ခဲ့သည်။ အချိန်အတော်ကြာ ထိုကတ်ကိုအသုံးပြုနေကျဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူသည် ထိုကတ်ထဲသို့ ပိုက်ဆံထည့်ပေးနိုင်သည်ဟု တွေးမိသည်။

"ဒါပေမယ့် မင်းအဖိုးက ဆုံးသွားပြီလေ ..."

စုရွေ့ကျယ်သည် မျက်တောင်ခတ်လိုက်ပြီး သူ့သေဆုံးမှုနှင့် သူဘဏ်ကတ်ကြား ဘယ်လိုဆက်ဆံရေးမျိုးမှန်း မသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ အတားအဆီးမရှိ ငွေသွင်း ငွေထုတ်ခြင်းများကို ATM တွင် သုံးခဲ့သည်။

"အရူးလေး "

စုရွေ့ကျယ်သည် လူမှုရေးအတွေ့အကြုံမရှိခြင်းမှ ဆုံးရှုံးမှု ကြုံရသည်ကို သိလိုက်ပြီး ကျန့်ယွင် သက်ပြင်းမချပဲမနေနိုင်တော့ကာ သူ့ခေါင်းလေးအားထိလိုက်သည်။

အဖိုးရဲ့ကတ်သည် မင်းငွေသွင်းငွေထုတ်တာကို စက်မှာအသုံးပြုလျှင်တောင် ပြဿနာတစ်ခုမဟုတ်‌ပေမယ့် အကယ်၍ ကောင်တာမှာ အသုံးပြုမယ်ဆိုရင်တော့ ပြဿနာကြီးကြီးကြုံရလိမ့်မည်။ မင်းက မင်းရဲ့မှတ်ပုံတင်ကတ်ကိုအသုံးပြုရမည်ဖြစ်ပြီးတော့ အဖိုးစု၏မှတ်ပုံတင်ကတ်သည် အမျိုးသားလုံခြုံရေးအဖွဲ့၏ ပြန်သိမ်းသွားခြင်းခံခဲ့ရပြီးဖြစ်သည်။

အကယ်၍ စုရွေ့ကျယ်သာ လျော်ကြေးငွေစာချုပ်လက်မှတ်ထိုးချိန်တွင် ဖြိုဖျက်ခြင်းလျော်ကြေးငွေအား အဖိုးစု၏ကတ်ထဲသို့ပို့‌ပေးရန် ပေးလိုက်ပါက ချန်ဟွေ့ကျန်းသည် အဖိုးစုဆုံးပါးသွားပြီဖြစ်ကြောင်းထောက်ပြလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူများသည် သေချာပေါက်ပင် ပိုက်ဆံအားထိုကတ်ထဲသို့လွှဲပေးလိမ့်မည်မဟုတ်ပေ။

စုရွေ့ကျယ်သည် သူကိုယ်တိုင်အတွက်မူ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးပေ။ စုရွေ့ကျယ် ဘဏ်ကတ်တစ်ခုရရန် တရား၀င်အုပ်ထိန်းသူက လိုက်ပါပေးရမည်ဖြစ်သည်။ စုရွေ့ကျယ်၏ လက်ရှိ တရား၀င်အုပ်ထိန်းသူသည် သူ့မိခင်ဖြစ်သည်။ သူ့မိခင်သည် အခြားသူများနှင့်ထွက်ပြေးသွားခဲ့ပြီး နှစ်ပေါင်းများစွာပြန်လာခဲ့ခြင်းမရှိသော်လည်း အဖိုးစုသည် မိသားစုပြဿနာများကိုရှောင်ရှားလိုသည့်စိတ်ဆန္ဒကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှထိုအကြောင်းမပြောခဲ့ပေ။ အဆုံးမှာတော့ သူမ မသေဆုံးသေးပေ။ ဥပဒေအရဆိုလျှင် သူမသည် သူ၏တရား၀င်အုပ်ထိန်းသူဖြစ်နေဆဲပင်။

တရား၀င်အုပ်ထိန်းသူအတွက်မူ ဘယ်နေရာမှ ရှာမတွေ့တော့သဖြင့် အတူရှိသည်ဖြစ်‌စေ အတူမရှိသည်ဖြစ်စေ ကွာခြားမှုမရှိတော့ပေ။ သူမဘယ်နေရာမှာမှန်း တစ်ဦးတစ်ယောက်မှမသိကြသဖြင့် သူမပြန်ပေါ်လာပြီး စုရွေ့ကျယ်ဘဏ်ကတ်လုပ်ဖို့ရန် အတူလိုက်ပေးဖို့ မျှော်လင့်ရန်မလိုအပ်ပေ။

ထိုအချိန်တွင် ချန်ဟွေ့ချန်းသည် သူ့သား၏ဘဏ်ကတ်အားထုတ်လိုက်သ၍ ဘာပြဿနာမှမရှိလျှင် ပိုက်ဆံအားလုံး သူမလက်ထဲရောက်လာပေလိမ့်မည်။ ထိုအချိန်မှ စုရွေ့ကျယ်သည် ပိုက်ဆံများပြန်လိုချင်ပါသော်လည်း သူဒုက္ခရောက်လိမ့်မည်။

"ဒါဆို ကျွန်တော်တို့ ခင်ဗျားကတ်ကိုသုံးလို့ရလား..?"

ကျန့်ယွင်၏စကားများကိုနားထောင်ပြီးနောက် စုရွေ့ကျယ်သည် အံ့ဩထိတ်လန့်သွားရလေတော့သည်။ အရှက်မရှိသောအရာမျိုးလုပ်နိုင်သည်အထိ တကိုယ်ကောင်းဆန်သော ချန်ဟွေ့ကျန်း သည် ထိုသို့သောအရာမျိုးလုပ်နိုင်ပေသည်။

"ကိုယ်တို့သုံးလို့မရဘူး။ ဘာဆက်နွှယ်မှုမှမရှိတဲ့လူတစ်ယောက်ရဲ့ဘဏ်ကတ်ကို သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါဖြင့်ရင် ကျွန်တော်လို့ဘာလုပ်သင့်လဲ..?"

စုရွေ့ကျယ် အနည်းငယ်စိတ်ဓာတ်ကျကာမေးလာ၏။

Su Ruizhe ၏သနားစရာကောင်းသောအသွင်အပြင်သည် အနိုင်ကျင့်ခံရသောခွေး‌ပေါက်ကလေးကဲ့သို့ အနည်းငယ်မျက်ရည်၀ိုင်းနေသောအမည်းရောင်မျက်လုံးကြီးတစ်စုံနှင့် ကြည့်ရသည်မှာတကယ်ကိုချစ်ဖို့ကောင်းလှသည်။

"ဟား ဟား ၊ ကိုယ်ဘာလုပ်လဲဆိုတာမမေ့နဲ့လေ။ ဘဏ်ကတ်လေးတစ်ခုပဲမဟုတ်ဘူးလား? "

ကျန့်ယွင်သည် စုရွေ့ကျယ်၏ အမွှေးပွပွခေါင်းလေးအားထိလိုက်သည်။

"တကယ်လား ?!"

ကျန့်ယွင်သည် မျက်ခုံးပင်လိုက်ကာ ပြောလိုက်၏။

"ဒါပေါ့ အသေးအမွှားပြဿနာလေးပါပဲကွာ "

"ယွင်တကော! ခင်‌ဗျားက ကြောက်စရာကောင်းလိုက်တာ ! "

စုရွေ့ကျယ်သည် အလွန်အကြူးပျော်ရွှင်နေပြီး ရုတ်တရက် ကျန့်ယွင်၏ရင်ခွင်ထဲသို့ ခုန်၀င်လိုက်လေ၏။ သူ့ခါးအားလက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် ခွေးပေါက်လေးကဲ့သို့ ခေါင်းလေးအားပွတ်သပ်နေလေ၏။

သူ့ကိုယ်သူ သူ့လက်များထဲသို့ပစ်၀င်လိုက်ပြီး ကျန့်ယွင်ကလည်း သဘာ၀ကျစွာပင် ငြင်းဆန်လိမ့်မည်မဟုတ်ပေ။ သူ သူ့ရင်ခွင်ထဲရှိ အမျိုးသားလေးအားတင်းကြပ်စွာဖက်ထားခဲ့ပြီး အရပ်ရှည်ရှည်ပုံရိပ်သည် သူ့တစ်ကိုယ်လုံအားရစ်ပတ်ထားလေသည်။

စုရွေ့ကျယ် စိတ်လှုပ်ရှားမှုမှ တဖြည်းဖြည်းငြိမ်သက်လာပြီးနောက် တဖန်ရှက်ရွံ့သွားလေသည်။ သူ့မျက်နှာသေးသေးလေးသည် အဖြူ အနီများနှင့် ပို၍ပင် ချစ်စရာကောင်းနေလေသည်။

ကျန့်ယွင် သူ့ခေါင်းကို ငုံ့လိုက်ကာ သူ့နူးညံ့လှသည့်နှုတ်ခမ်းလေးကို မနမ်းပဲ မနေနိုင်တော့ပေ။

သူတို့နှုတ်ခမ်းများတစ်ယောက်နှင့်တစ်ယောက်ထိတွေ့သွားသောအခါ ကျန့်ယွင်သည် သူ့လျှာကို ဆန့်ထုတ်ကာ သူ့နှုတ်ခမ်းများအားလျှက်လိုက်လေသည်။ စုရွေ့ကျယ်သည် အံ့အားသင့်စွာ စိုက်ကြည့်လိုက်၏။ ကျန့်ယွင်သည် ဤချစ်စရာကောင်ငယ်လေးအား ခြောက်လှန်မိရန်မရည်ရွယ်ထားသဖြင့် သူပြန်ရုပ်သိမ်းလိုက်ဖို့ရာအဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် သူပြန်ရုပ်သိမ်းဖို့အရာအသင့်ဖြစ်နေချိန်တွင် စုရွေ့ကျယ်သည် ရုတ်တရက်မျက်လုံးများမှိတ်လိုက်ကာ သူ့လျှာကိုဆန့်ထုတ်လိုက်ပြီး သူ့ပုံစံကိုအတုယူကာ သူ့နှုတ်ခမ်းအားလျှက်လိုက်လေသည်။

စုရွေ့ကျယ်၏ လျှာသေးသေးသည် နူးညံ့‌ပြီး ပူနွေးကာ အနည်းငယ်စိတ်မ‌ကျေမနပ်ဖြစ်နေပြီး ကျန့်ယွင်၏နှလုံးသားရုတ်တရက်ပင် နူးညံ့သွားရတော့သည်။ သူ တုန်ရီနေသောလျှာသေးသေးလေးအား ရစ်ပတ်လိုက်ပြီး နူးညံ့ရှည်ကြာသည် အနမ်းတစ်ခုအဖြစ်ပြောင်းလိုက်လေတော့သည်။

သူတို့ခွဲခွာလိုက်ကြသောအခါ စုရွေ့ကျယ်သည် ရေငတ်နေသဖြင့် အနောက်ဖက်ခြံ၀င်းထဲသို့ ရုန်းရင်းဆန်ခတ်ဖြင့် ပြေးသွားလေတော့သည်။

ကျန့်ယွင်ပြုံးလိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ဆိုမှုအချို့ပြုလုပ်လိုက်သည်။

သူတို့ထွက်လာပြီးနောက် ဘဏ်သို့သွားခဲ့ကာ စုရွေ့ကျယ်အတွက် ဘဏ်အကောင့်တစ်ခုကို ချော့ချောမွေ့မွေ့ဖြင့်ဖွင့်ခဲ့လိုက်သည်။ ကျန့်ယွင်၏ လျှို့ဝှက်ရဲအထောက်အထားသည် အ‌လွန်အသုံး၀င်နေဆဲဖြစ်၏။

ထို့နောက် သူတို့ရက်ကွက်ရုံးသို့ရောက်လာသောအခါ ချန်ဟွေ့ကျန်းနှင့် စုချန်၏ ‌မိန်းမနှင့်သားတို့ပါ ရောက်နေပြီဖြစ်သည်။

ချန်ဟွေ့ကျန်းသည် စုရွေ့ကျယ်အားမပျော်မရွှင်မျက်နှာဖြင့်ကြည့်လာပြီး

"ဒီကလေး ! မင်းဘာလို့နောက်ကျမှရောက်လာတာလဲ? ဒီလူကဘယ်သူလဲ? "

ထိုလူသည် အရပ်ရှည်ကာ သန်မာသည်။ ပထမဆုံးမြင်လိုက်ချိန်၌ပင် သူသည် ရင်ဆိုင်ရန်မလွယ်ကူကြောင်းသိနိုင်သည်။ စုရွေ့ကျယ်ဘာအတွက် ဒီလူကိုခေါ်လာခဲ့တာလဲ ?

"ကျွန်တော့် သူငယ်ချင်း "

စုရွေ့ကျယ် မပြေင်းမလဲစွာဖြေလိုက်သည်။

"အဒေါ်တို့အထဲသွားချင်ပြီလား? "

ချန်ဟွေ့ကျန်းသည် ထိုစကားကိုကြားပြီး သူမ၏မကျေမနပ်မှုကိုခဏတာသည်းခံကာ စုရွေ့ကျယ်နောက်သို့ ရက်ကွက်အထူးဖြိုဖျက်ရေးရုံးထဲသို့ လိုက်သွားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေး၀န်ထမ်းများဘက်မှ သူတို့သည် ပိုင်ရှင်များဖြစ်ကြကာ စာချုပ်တွင်လက်မှတ်ထိုးရန်လာကြောင်းကြားသဖြင့် အလွန်ပျော်ရွှင်နေခဲ့ကြသည်။ အိမ်ထောင်စုစာအုပ်အားဖတ်ပြီးနောက် မှန်ကန်ကြောင်းအတည်ပြုလိုက်ပြီး သူတို့သည် စာချုပ်အားထုတ်လိုက်ကာ အိမ်ထောင်ဦးစီးအဖြစ် စုရွေ့ကျယ်က သူ့နာမည်အား လက်မှတ်ထိုးလိုက်သည်။

"အခု မင်းရဲ့ဘဏ်ကတ်မိတ္တူ ငါ့ကိုပေးပါ။ ငါတို့ တတ်နိုင်သလောက်သိပ်မကြာခင် မင်းကိုပြန်ခေါ်လိုက်မယ်"

"ရှောင်ကျယ် အဲ့ဒါဘယ်သူ့ကတ်လဲ ? "

စုရွေ့ကျယ် ဘဏ်ကတ်အားထုတ်လိုက်သောအခါ ချန်ဟွေ့ကျန်းသည် မသိမသာမေးလာ၏။

"သေဆုံးသွားတဲ့အဖိုးအိုရဲ့ကတ်ဆိုရင် သုံးလို့မရနိုင်ဘူး"

"ကျွန်တော့အဖိုးရဲ့ကတ်မဟုတ်ပါဘူး "

"ဒါက... အိမ်ထောင်စုမှတ်ပုံတင်နဲ့ ဘာပတ်သတ်မှုမှမရှိတဲ့သူရဲ့ကတ်တွေကို သုံးလို့ရမှာမဟုတ်ဘူး "

ချန်ဟွေ့ကျန်း ကျန့်ယွင်အားအဓိပ္ပါယ်တချို့ဖြင့် ကြည့်လိုက်၏။

"အကြီးဆုံးအဒေါ် စိတ်ပူစရာမလိုပါဘူး။ ဒီကတ်က ကျွန်တော့်ကိုယ်ပိုင်ကတ်ပါ"

"ဘာ? မင်းကအသက်မပြည့်သေးဘူးမလား? "

"ဟုတ်တယ်၊ ဒါပေမယ့် အဖိုးမဆုံးခင်က သူကျွန်တော့ကိုဘဏ်ကတ်တစ်ခုလုပ်ဖို့ခေါ်သွားခဲ့တာ။ အဖိုးက ပိုပြီးအဆင်ပြေအောင်လို့ ကျွန်တော့်ကိုယ်ပိုင်ဘဏ်ကတ်တစ်ခုရှိဖို့ အမြဲလိုအပ်တယ်လို့ပြောခဲ့တယ် "

ချန်ဟွေ့ကျန်း၏စိတ် အပိုင်းပိုင်းအစစပြိုကျသွားပြီး သူမ၏မျက်နှာ ကြည့်ရဆိုးလာသော်လည်း စုရွေ့ကျယ်ကတော့ လုံး၀ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူပြုံးပြီး ရုံး၀န်ထမ်းအားပြောလိုက်သည်။

"အကယ်၍ ခင်ဗျားကျွန်တော့ကိုမယုံဘူးဆိုရင် ပိုက်ဆံလွှဲတဲ့အခါ ကျွန်တော့ အထောက်အထားအချက်အလက်ကို စစ်ဆေးနိုင်ပါတယ် "

"ဟုတ်ကဲ့ ကျွန်တော်တို့ လုပ်လိုက်မယ် "

၀န်ထမ်းလည်း မိသားစုသဘောထားကွဲလွဲမှုအချို့ရှိနေသည်ကို မြင်နိုင်ပြီး သူပါ၀င်ပတ်သတ်ဖို့ရန်တော့ ဆန္ဒမရှိပေ။ သူ့အနေဖြင့် စည်းကမ်းများနှင့်အညီသာလုပ်ဆောင်လိမ့်မည်ဖြစ်သည်။

ဘာသာပြန်သူမှာပြောစရာရှိပါတယ်။

နောက်ဆုံးမှာတော့ ကျန့်ရှောင်ယွင်ဟာ စုရှောင်ကျယ်တို့ဖူးကိုစားလိုက်ပါဘီ ಥ‿ಥ

FBI : →_→

🍒🍒
.
.

Zawgyi

ေနရာလြတ္အျပင္ဘက္ျပန္ေရာက္ေသာအခါ စုေ႐ြ႕က်ယ္ မီးဖိုခန္းသို႔သြားကာ ႐ုတ္တရက္ႏွောက္ယွက္ခံလိုက္ရေသာအစားအေသာက္ခ်က္ျပဳတ္ျခင္းကို ဆက္လက္ခ်က္ျပဳတ္ခဲ့ ေသာ္လည္း ေန႕လည္စာသည္ ႏွောင့္ႏွေးသြားရကာ ညစာျဖစ္သြားေလသည္။

သူေတြးထားသကဲ့သို႔ ငါးေပါင္းဟင္း၊ ၀က္သားင႐ုပ္စိမ္းေၾကာ္ႏွင့္ အရသာရွိေသာ အာလူးနံရိုးစြတ္ျပဳတ္ တို႔ကိုျပဳလုပ္ခဲ့သည္။

ဟင္းႏွစ္ပြဲႏွင့္ စြတ္ျပဳတ္တစ္ခြက္ တို႔ႏွင့္အတူ အနံ႕ေမႊးပ်ံ့လွေသာထမင္း ႏွစ္မ်ိဳးစလုံးသည္ အလြန္သာယာစိတ္ေက်နပ္စရာေကာင္းေသာအစားအေသာက္တစ္နပ္ျဖစ္ေလသည္။

ေနာက္တစ္ေန႕တြင္ စုေ႐ြ႕က်ယ္သည္ သူ႕စာရင္းစာအုပ္ႏွင့္ ဘဏ္ကတ္ကိုယူကာ က်န႔္ယြင္ႏွင့္အတူ အနီးအနားသို႔သြားရန္ျပင္ဆင္လိုက္သည္။

မထြက္ၾကေသးခင္တြင္ စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္ကို သူ႕အိမ္ေထာင္စုစာအုပ္ႏွင့္ ဘဏ္ကတ္အားျပလိုက္သည္။

က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္ အိမ္ေထာင္ဦးစီးျဖစ္သည္ကို မအံ့ဩလွေပ။ ထိုအခ်ိန္တုန္က အိမ္ေထာင္စုစာအုပ္တြင္ သူႏွင့္ သူ႕အဖိုးသာလွ်င္ ရွိခဲ့သည္။ အဖိုးစုဆုံးပါးသြားၿပီးေနာက္ ဆယ့္ေျခာက္ႏွစ္ေက်ာ္အ႐ြယ္စုေ႐ြ႕က်ယ္သည္ အိမ္ေထာင္ဦးစီးျဖစ္လာခဲ့ရသည္။

အၿမဲတမ္းေနထိုင္ခြင့္မွတ္ပုံတင္စာအုပ္တြင္ ေနာက္ထပ္နာမည္သုံးခုရွိေသာ္လည္း အေတာ္အတန္ပင္ ရွင္းလင္းေနသည္။ တကယ္တမ္းတြင္ သူတို႔သည္ စုေ႐ြ႕က်ယ္အား ယြမ္သုံးသိန္းေပးခဲ့ေသာ္လည္း သူတို႔လက္မခံခ်င္ေလာက္ေပ။

သို႔ေသာ္ျငား ဘဏ္ကတ္အားျမင္လိုက္ေသာအခါ က်န႔္ယြင္ အနည္းငယ္ မ်က္ခုံးပင့္သြားရသည္။

"ဒီကတ္က မင္းဟာ ဟုတ္လို႔လား?"

"ကြၽန္ေတာ့္အဖိုးရဲ႕ဟာ "

အဖိုးစုသည္ အသက္ႀကီးေနၿပီး သူ႕မ်က္လုံးမ်ားႏွင့္ ပိုက္ဆံသည္ သိပ္မေကာင္းေတာ့ေပ။ ထို႔ေၾကာင့္ ဘဏ္ကတ္အားလုံးသည္ စုေ႐ြ႕က်ယ္သာသိမ္းထားခဲ့ရသည္။ သူပိုက္ဆံလိုအပ္ေသာအခ်ိန္တုန္းက စုေ႐ြ႕က်ယ္သည္ ဘဏ္သို႔သြားကာ ပိုက္ဆံထုတ္ခဲ့သည္။ အခ်ိန္အေတာ္ၾကာ ထိုကတ္ကိုအသုံးျပဳေနက်ျဖစ္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ေဆာင္သူသည္ ထိုကတ္ထဲသို႔ ပိုက္ဆံထည့္ေပးနိုင္သည္ဟု ေတြးမိသည္။

"ဒါေပမယ့္ မင္းအဖိုးက ဆုံးသြားၿပီေလ ..."

စုေ႐ြ႕က်ယ္သည္ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႕ေသဆုံးမႈႏွင့္ သူဘဏ္ကတ္ၾကား ဘယ္လိုဆက္ဆံေရးမ်ိဳးမွန္း မသိခဲ့ေပ။ မည္သို႔ပင္ျဖစ္ေစ သူ အတားအဆီးမရွိ ေငြသြင္း ေငြထုတ္ျခင္းမ်ားကို ATM တြင္ သုံးခဲ့သည္။

"အ႐ူးေလး "

စုေ႐ြ႕က်ယ္သည္ လူမႈေရးအေတြ႕အႀကဳံမရွိျခင္းမွ ဆုံးရႈံးမႈ ႀကဳံရသည္ကို သိလိုက္ၿပီး က်န႔္ယြင္ သက္ျပင္းမခ်ပဲမေနနိုင္ေတာ့ကာ သူ႕ေခါင္းေလးအားထိလိုက္သည္။

အဖိုးရဲ႕ကတ္သည္ မင္းေငြသြင္းေငြထုတ္တာကို စက္မွာအသုံးျပဳလွ်င္ေတာင္ ျပႆနာတစ္ခုမဟုတ္‌ေပမယ့္ အကယ္၍ ေကာင္တာမွာ အသုံးျပဳမယ္ဆိုရင္ေတာ့ ျပႆနာႀကီးႀကီးႀကဳံရလိမ့္မည္။ မင္းက မင္းရဲ႕မွတ္ပုံတင္ကတ္ကိုအသုံးျပဳရမည္ျဖစ္ၿပီးေတာ့ အဖိုးစု၏မွတ္ပုံတင္ကတ္သည္ အမ်ိဳးသားလုံၿခဳံေရးအဖြဲ႕၏ ျပန္သိမ္းသြားျခင္းခံခဲ့ရၿပီးျဖစ္သည္။

အကယ္၍ စုေ႐ြ႕က်ယ္သာ ေလ်ာ္ေၾကးေငြစာခ်ဳပ္လက္မွတ္ထိုးခ်ိန္တြင္ ၿဖိဳဖ်က္ျခင္းေလ်ာ္ေၾကးေငြအား အဖိုးစု၏ကတ္ထဲသို႔ပို႔‌ေပးရန္ ေပးလိုက္ပါက ခ်န္ေဟြ႕က်န္းသည္ အဖိုးစုဆုံးပါးသြားၿပီျဖစ္ေၾကာင္းေထာက္ျပလာနိုင္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ေဆာင္သူမ်ားသည္ ေသခ်ာေပါက္ပင္ ပိုက္ဆံအားထိုကတ္ထဲသို႔လႊဲေပးလိမ့္မည္မဟုတ္ေပ။

စုေ႐ြ႕က်ယ္သည္ သူကိုယ္တိုင္အတြက္မူ အသက္ဆယ့္ရွစ္ႏွစ္မျပည့္ေသးေပ။ စုေ႐ြ႕က်ယ္ ဘဏ္ကတ္တစ္ခုရရန္ တရား၀င္အုပ္ထိန္းသူက လိုက္ပါေပးရမည္ျဖစ္သည္။ စုေ႐ြ႕က်ယ္၏ လက္ရွိ တရား၀င္အုပ္ထိန္းသူသည္ သူ႕မိခင္ျဖစ္သည္။ သူ႕မိခင္သည္ အျခားသူမ်ားႏွင့္ထြက္ေျပးသြားခဲ့ၿပီး ႏွစ္ေပါင္းမ်ားစြာျပန္လာခဲ့ျခင္းမရွိေသာ္လည္း အဖိုးစုသည္ မိသားစုျပႆနာမ်ားကိုေရွာင္ရွားလိုသည့္စိတ္ဆႏၵေၾကာင့္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ်ထိုအေၾကာင္းမေျပာခဲ့ေပ။ အဆုံးမွာေတာ့ သူမ မေသဆုံးေသးေပ။ ဥပေဒအရဆိုလွ်င္ သူမသည္ သူ၏တရား၀င္အုပ္ထိန္းသူျဖစ္ေနဆဲပင္။

တရား၀င္အုပ္ထိန္းသူအတြက္မူ ဘယ္ေနရာမွ ရွာမေတြ႕ေတာ့သျဖင့္ အတူရွိသည္ျဖစ္‌ေစ အတူမရွိသည္ျဖစ္ေစ ကြာျခားမႈမရွိေတာ့ေပ။ သူမဘယ္ေနရာမွာမွန္း တစ္ဦးတစ္ေယာက္မွမသိၾကသျဖင့္ သူမျပန္ေပၚလာၿပီး စုေ႐ြ႕က်ယ္ဘဏ္ကတ္လုပ္ဖို႔ရန္ အတူလိုက္ေပးဖို႔ ေမွ်ာ္လင့္ရန္မလိုအပ္ေပ။

ထိုအခ်ိန္တြင္ ခ်န္ေဟြ႕ခ်န္းသည္ သူ႕သား၏ဘဏ္ကတ္အားထုတ္လိုက္သ၍ ဘာျပႆနာမွမရွိလွ်င္ ပိုက္ဆံအားလုံး သူမလက္ထဲေရာက္လာေပလိမ့္မည္။ ထိုအခ်ိန္မွ စုေ႐ြ႕က်ယ္သည္ ပိုက္ဆံမ်ားျပန္လိုခ်င္ပါေသာ္လည္း သူဒုကၡေရာက္လိမ့္မည္။

"ဒါဆို ကြၽန္ေတာ္တို႔ ခင္ဗ်ားကတ္ကိုသုံးလို႔ရလား..?"

က်န႔္ယြင္၏စကားမ်ားကိုနားေထာင္ၿပီးေနာက္ စုေ႐ြ႕က်ယ္သည္ အံ့ဩထိတ္လန႔္သြားရေလေတာ့သည္။ အရွက္မရွိေသာအရာမ်ိဳးလုပ္နိုင္သည္အထိ တကိုယ္ေကာင္းဆန္ေသာ ခ်န္ေဟြ႕က်န္း သည္ ထိုသို႔ေသာအရာမ်ိဳးလုပ္နိုင္ေပသည္။

"ကိုယ္တို႔သုံးလို႔မရဘူး။ ဘာဆက္ႏႊယ္မႈမွမရွိတဲ့လူတစ္ေယာက္ရဲ႕ဘဏ္ကတ္ကို သုံးဖို႔ဆိုတာ မျဖစ္နိုင္ဘူး"

"ဒါျဖင့္ရင္ ကြၽန္ေတာ္လို႔ဘာလုပ္သင့္လဲ..?"

စုေ႐ြ႕က်ယ္ အနည္းငယ္စိတ္ဓာတ္က်ကာေမးလာ၏။

Su Ruizhe ၏သနားစရာေကာင္းေသာအသြင္အျပင္သည္ အနိုင္က်င့္ခံရေသာေခြး‌ေပါက္ကေလးကဲ့သို႔ အနည္းငယ္မ်က္ရည္၀ိုင္းေနေသာအမည္းေရာင္မ်က္လုံးႀကီးတစ္စုံႏွင့္ ၾကည့္ရသည္မွာတကယ္ကိုခ်စ္ဖို႔ေကာင္းလွသည္။

"ဟား ဟား ၊ ကိုယ္ဘာလုပ္လဲဆိုတာမေမ့နဲ႕ေလ။ ဘဏ္ကတ္ေလးတစ္ခုပဲမဟုတ္ဘူးလား? "

က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္၏ အေမႊးပြပြေခါင္းေလးအားထိလိုက္သည္။

"တကယ္လား ?!"

က်န႔္ယြင္သည္ မ်က္ခုံးပင္လိုက္ကာ ေျပာလိုက္၏။

"ဒါေပါ့ အေသးအမႊားျပႆနာေလးပါပဲကြာ "

"ယြင္တေကာ! ခင္‌ဗ်ားက ေၾကာက္စရာေကာင္းလိုက္တာ ! "

စုေ႐ြ႕က်ယ္သည္ အလြန္အၾကဴးေပ်ာ္႐ႊင္ေနၿပီး ႐ုတ္တရက္ က်န႔္ယြင္၏ရင္ခြင္ထဲသို႔ ခုန္၀င္လိုက္ေလ၏။ သူ႕ခါးအားလက္ႏွစ္ဖက္ျဖင့္ တင္းၾကပ္စြာဖက္ထားၿပီး သူ႕ရင္ခြင္ထဲတြင္ ေခြးေပါက္ေလးကဲ့သို႔ ေခါင္းေလးအားပြတ္သပ္ေနေလ၏။

သူ႕ကိုယ္သူ သူ႕လက္မ်ားထဲသို႔ပစ္၀င္လိုက္ၿပီး က်န႔္ယြင္ကလည္း သဘာ၀က်စြာပင္ ျငင္းဆန္လိမ့္မည္မဟုတ္ေပ။ သူ သူ႕ရင္ခြင္ထဲရွိ အမ်ိဳးသားေလးအားတင္းၾကပ္စြာဖက္ထားခဲ့ၿပီး အရပ္ရွည္ရွည္ပုံရိပ္သည္ သူ႕တစ္ကိုယ္လုံအားရစ္ပတ္ထားေလသည္။

စုေ႐ြ႕က်ယ္ စိတ္လႈပ္ရွားမႈမွ တျဖည္းျဖည္းၿငိမ္သက္လာၿပီးေနာက္ တဖန္ရွက္႐ြံ႕သြားေလသည္။ သူ႕မ်က္ႏွာေသးေသးေလးသည္ အျဖဴ အနီမ်ားႏွင့္ ပို၍ပင္ ခ်စ္စရာေကာင္းေနေလသည္။

က်န႔္ယြင္ သူ႕ေခါင္းကို ငုံ႕လိုက္ကာ သူ႕ႏူးညံ့လွသည့္ႏႈတ္ခမ္းေလးကို မနမ္းပဲ မေနနိုင္ေတာ့ေပ။

သူတို႔ႏႈတ္ခမ္းမ်ားတစ္ေယာက္ႏွင့္တစ္ေယာက္ထိေတြ႕သြားေသာအခါ က်န႔္ယြင္သည္ သူ႕လွ်ာကို ဆန႔္ထုတ္ကာ သူ႕ႏႈတ္ခမ္းမ်ားအားလွ်က္လိုက္ေလသည္။ စုေ႐ြ႕က်ယ္သည္ အံ့အားသင့္စြာ စိုက္ၾကည့္လိုက္၏။ က်န႔္ယြင္သည္ ဤခ်စ္စရာေကာင္ငယ္ေလးအား ေျခာက္လွန္မိရန္မရည္႐ြယ္ထားသျဖင့္ သူျပန္႐ုပ္သိမ္းလိုက္ဖို႔ရာအဆင္သင့္ျဖစ္ေနခဲ့သည္။ သို႔ေသာ္ သူျပန္႐ုပ္သိမ္းဖို႔အရာအသင့္ျဖစ္ေနခ်ိန္တြင္ စုေ႐ြ႕က်ယ္သည္ ႐ုတ္တရက္မ်က္လုံးမ်ားမွိတ္လိုက္ကာ သူ႕လွ်ာကိုဆန႔္ထုတ္လိုက္ၿပီး သူ႕ပုံစံကိုအတုယူကာ သူ႕ႏႈတ္ခမ္းအားလွ်က္လိုက္ေလသည္။

စုေ႐ြ႕က်ယ္၏ လွ်ာေသးေသးသည္ ႏူးညံ့‌ၿပီး ပူႏြေးကာ အနည္းငယ္စိတ္မ‌ေက်မနပ္ျဖစ္ေနၿပီး က်န႔္ယြင္၏ႏွလုံးသား႐ုတ္တရက္ပင္ ႏူးညံ့သြားရေတာ့သည္။ သူ တုန္ရီေနေသာလွ်ာေသးေသးေလးအား ရစ္ပတ္လိုက္ၿပီး ႏူးညံ့ရွည္ၾကာသည္ အနမ္းတစ္ခုအျဖစ္ေျပာင္းလိုက္ေလေတာ့သည္။

သူတို႔ခြဲခြာလိုက္ၾကေသာအခါ စုေ႐ြ႕က်ယ္သည္ ေရငတ္ေနသျဖင့္ အေနာက္ဖက္ၿခံ၀င္းထဲသို႔ ႐ုန္းရင္းဆန္ခတ္ျဖင့္ ေျပးသြားေလေတာ့သည္။

က်န႔္ယြင္ၿပဳံးလိုက္ၿပီး သူ႕ဖုန္းကိုထုတ္ကာ ဖုန္းေခၚဆိုမႈအခ်ိဳ႕ျပဳလုပ္လိုက္သည္။

သူတို႔ထြက္လာၿပီးေနာက္ ဘဏ္သို႔သြားခဲ့ကာ စုေ႐ြ႕က်ယ္အတြက္ ဘဏ္အေကာင့္တစ္ခုကို ေခ်ာ့ေခ်ာေမြ႕ေမြ႕ျဖင့္ဖြင့္ခဲ့လိုက္သည္။ က်န႔္ယြင္၏ လွ်ို႔ဝွက္ရဲအေထာက္အထားသည္ အ‌လြန္အသုံး၀င္ေနဆဲျဖစ္၏။

ထို႔ေနာက္ သူတို႔ရက္ကြက္႐ုံးသို႔ေရာက္လာေသာအခါ ခ်န္ေဟြ႕က်န္းႏွင့္ စုခ်န္၏ ‌မိန္းမႏွင့္သားတို႔ပါ ေရာက္ေနၿပီျဖစ္သည္။

ခ်န္ေဟြ႕က်န္းသည္ စုေ႐ြ႕က်ယ္အားမေပ်ာ္မ႐ႊင္မ်က္ႏွာျဖင့္ၾကည့္လာၿပီး

"ဒီကေလး ! မင္းဘာလို႔ေနာက္က်မွေရာက္လာတာလဲ? ဒီလူကဘယ္သူလဲ? "

ထိုလူသည္ အရပ္ရွည္ကာ သန္မာသည္။ ပထမဆုံးျမင္လိုက္ခ်ိန္၌ပင္ သူသည္ ရင္ဆိုင္ရန္မလြယ္ကူေၾကာင္းသိနိုင္သည္။ စုေ႐ြ႕က်ယ္ဘာအတြက္ ဒီလူကိုေခၚလာခဲ့တာလဲ ?

"ကြၽန္ေတာ့္ သူငယ္ခ်င္း "

စုေ႐ြ႕က်ယ္ မေျပင္းမလဲစြာေျဖလိုက္သည္။

"အေဒၚတို႔အထဲသြားခ်င္ၿပီလား? "

ခ်န္ေဟြ႕က်န္းသည္ ထိုစကားကိုၾကားၿပီး သူမ၏မေက်မနပ္မႈကိုခဏတာသည္းခံကာ စုေ႐ြ႕က်ယ္ေနာက္သို႔ ရက္ကြက္အထူးၿဖိဳဖ်က္ေရး႐ုံးထဲသို႔ လိုက္သြားခဲ့သည္။

ဖြံ႕ၿဖိဳးတိုးတက္ေရး၀န္ထမ္းမ်ားဘက္မွ သူတို႔သည္ ပိုင္ရွင္မ်ားျဖစ္ၾကကာ စာခ်ဳပ္တြင္လက္မွတ္ထိုးရန္လာေၾကာင္းၾကားသျဖင့္ အလြန္ေပ်ာ္႐ႊင္ေနခဲ့ၾကသည္။ အိမ္ေထာင္စုစာအုပ္အားဖတ္ၿပီးေနာက္ မွန္ကန္ေၾကာင္းအတည္ျပဳလိုက္ၿပီး သူတို႔သည္ စာခ်ဳပ္အားထုတ္လိုက္ကာ အိမ္ေထာင္ဦးစီးအျဖစ္ စုေ႐ြ႕က်ယ္က သူ႕နာမည္အား လက္မွတ္ထိုးလိုက္သည္။

"အခု မင္းရဲ႕ဘဏ္ကတ္မိတၱဴ ငါ့ကိုေပးပါ။ ငါတို႔ တတ္နိုင္သေလာက္သိပ္မၾကာခင္ မင္းကိုျပန္ေခၚလိုက္မယ္"

"ေရွာင္က်ယ္ အဲ့ဒါဘယ္သူ႕ကတ္လဲ ? "

စုေ႐ြ႕က်ယ္ ဘဏ္ကတ္အားထုတ္လိုက္ေသာအခါ ခ်န္ေဟြ႕က်န္းသည္ မသိမသာေမးလာ၏။

"ေသဆုံးသြားတဲ့အဖိုးအိုရဲ႕ကတ္ဆိုရင္ သုံးလို႔မရနိုင္ဘူး"

"ကြၽန္ေတာ့အဖိုးရဲ႕ကတ္မဟုတ္ပါဘူး "

"ဒါက... အိမ္ေထာင္စုမွတ္ပုံတင္နဲ႕ ဘာပတ္သတ္မႈမွမရွိတဲ့သူရဲ႕ကတ္ေတြကို သုံးလို႔ရမွာမဟုတ္ဘူး "

ခ်န္ေဟြ႕က်န္း က်န႔္ယြင္အားအဓိပၸါယ္တခ်ိဳ႕ျဖင့္ ၾကည့္လိုက္၏။

"အႀကီးဆုံးအေဒၚ စိတ္ပူစရာမလိုပါဘူး။ ဒီကတ္က ကြၽန္ေတာ့္ကိုယ္ပိုင္ကတ္ပါ"

"ဘာ? မင္းကအသက္မျပည့္ေသးဘူးမလား? "

"ဟုတ္တယ္၊ ဒါေပမယ့္ အဖိုးမဆုံးခင္က သူကြၽန္ေတာ့ကိုဘဏ္ကတ္တစ္ခုလုပ္ဖို႔ေခၚသြားခဲ့တာ။ အဖိုးက ပိုၿပီးအဆင္ေျပေအာင္လို႔ ကြၽန္ေတာ့္ကိုယ္ပိုင္ဘဏ္ကတ္တစ္ခုရွိဖို႔ အၿမဲလိုအပ္တယ္လို႔ေျပာခဲ့တယ္ "

ခ်န္ေဟြ႕က်န္း၏စိတ္ အပိုင္းပိုင္းအစစၿပိဳက်သြားၿပီး သူမ၏မ်က္ႏွာ ၾကည့္ရဆိုးလာေသာ္လည္း စုေ႐ြ႕က်ယ္ကေတာ့ လုံး၀ဂ႐ုမစိုက္ခဲ့ေပ။ ထိုအစား သူၿပဳံးၿပီး ႐ုံး၀န္ထမ္းအားေျပာလိုက္သည္။

"အကယ္၍ ခင္ဗ်ားကြၽန္ေတာ့ကိုမယုံဘူးဆိုရင္ ပိုက္ဆံလႊဲတဲ့အခါ ကြၽန္ေတာ့ အေထာက္အထားအခ်က္အလက္ကို စစ္ေဆးနိုင္ပါတယ္ "

"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ လုပ္လိုက္မယ္ "

၀န္ထမ္းလည္း မိသားစုသေဘာထားကြဲလြဲမႈအခ်ိဳ႕ရွိေနသည္ကို ျမင္နိုင္ၿပီး သူပါ၀င္ပတ္သတ္ဖို႔ရန္ေတာ့ ဆႏၵမရွိေပ။ သူ႕အေနျဖင့္ စည္းကမ္းမ်ားႏွင့္အညီသာလုပ္ေဆာင္လိမ့္မည္ျဖစ္သည္။

ဘာသာျပန္သူမွာေျပာစရာရွိပါတယ္။

ေနာက္ဆုံးမွာေတာ့ က်န႔္ေရွာင္ယြင္ဟာ စုေရွာင္က်ယ္တို႔ဖူးကိုစားလိုက္ပါဘီ ಥ‿ಥ

FBI : →_→

🍒🍒

Continue Reading

You'll Also Like

182K 4.5K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
157K 26.1K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...
939K 49.7K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...