Villainess Series 1 : အဓိကဇာတ...

By PhuPhuUchiha

234K 21.6K 306

*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလ... More

၁..Transmigration
၂..ခေါင်းမာတတ်ခြင်း
၃..အကူအညီ
၄..ရက်စက်ခြင်း
၅..ပင်ပန်းနွမ်းနယ်ခြင်း
၆..အပြစ်ရှိခြင်း
၇..အကျည်းတန်အမာရွတ်
၉..ဖရိုဖရဲဖြစ်လာခြင်း
၁၀..သူမ၏မျက်၀န်း
၁၁..ခေါ်ဆောင်သွားခြင်း
၁၂..လူလိမ်မလေး
၁၃..သံသယဖြစ်စရာ
၁၄..အေးစက်ခြင်း
၁၅..သူရဲကောင်း
၁၆..စောင့်ဆိုင်းပေးရခြင်း
၁၇..အလံဖြူလည်း မပြနိုင်ပါ
၁၈..ဖမ်းဆီးခံလိုက်ရခြင်း
၁၉..အလိမ်အညာ
၂၀..ပန်းအိုး
၂၁..မကောင်းသောအငွေ့အသက်
၂၂..ယုန်ဖြူလေး
၂၃..ဖမ်းဆီးလိုက်ခြင်း
၂၄..အကျိုးဆက်
၂၅..ဇနီး
၂၆..ဗီလိန်
၂၇..ငြင်းဆိုသည်
၂၈..အကြံပေးခြင်း
၂၉..ရူးသွပ်‌စေခြင်း
၃၀..အလဟသ
၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်
၃၁..သနားစရာကောင်းခြင်း
၃၃..ကယ်ဆယ်ခြင်း
၃၄..အစီစဉ်ကျရှုံးခြင်း
၃၅..ပြောင်းလဲစေခြင်း
၃၆..ဓားသွား
၃၇..ဘယ်တော့မှလက်မလွှတ်ဘူး
၃၈..မျက်ရည်
၃၉..နေရာ
၄၀..၀န်ခံလိုက်
၄၁..ခွင့်မပြုခြင်း
၄၂..ဆိုင်းဘုတ်
၄၃..ပြန်လည်ရောက်ရှိလာခြင်း
၄၄..တွေ့ဆုံလိုခြင်း
၄၅..စိတ်ကြီး၀င်လာခြင်း
၄၆..မြှားတစ်ထောင်
၄၇..ထွက်ခွာသွားခြင်း
၄၈..ရူးမိုက်မိခြင်း
၄၉..ငိုနေခြင်း
၅၀...ကတိ
၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း
၅၂..ကိုယ့်အက္ခရာ
နိဂုံး

၈..ငန်းမလေး နှင့် ဘဲမလေး

4.1K 392 1
By PhuPhuUchiha

[Unicode]

"ရှီးအာ,အမေမှားမှန်းသိပါပြီ၊သမီးကိုအရင်ကတည်းကပြောပြသင့်တာပါ၊သမီးကိုအမေက စိတ်မပူစေချင်ရုံပါ၊သမီးကအရမ်းတန်ဖိုးရှိပြီး နုနယ်လွန်းတယ်၊‌သမီးကအမေ့ရဲ့အငယ်ဆုံးလေးလည်းဖြစ်တော့ ခေါင်းလည်းမာတတ်တယ်...သမီးအဖေလိုပဲ"

သူမဖုန်းထဲတွင်အော်ပြောလိုက်သည်"အမေကသမီးကိုစိတ်မပူစေချင်ဘူးလား?!ဒါဆိုလည်း အခုကစပြီး သမီးကအမေ့သမီးမဟုတ်တော့ဘူး"

"ရှီးအာ!လျှိုရှီးရှီး"

သူမတစ်ခုခုကိုစိုက်ကြည့်ရင်းသူမအမေအားနောက်ဆုံးပြောခဲ့သောစကားများကို ပြန်သတိရရင်းနောင်တရနေသည်'အမေ့ကိုငါဘာလို့ အဲ့လိုပြောလိုက်ရတာလဲ?'

"သခင်မလေး!"

ကျင်းအာက ထိတ်လန့်သွားသည့် မျက်နှာနှင့်သူမဆီပြေးသွားလိုက်သည်။ထို့နောက် ကျင်းအာကသူမကိုရေကန်ဘေးကနေဆွဲခေါ်သွားကာသူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆက်လုပ်‌ပါတော့သည်။သူ့သခင်မလေးအား ဒဏ်ရာရှ်ိမရှိ ညာကြည့်ဘယ်ကြည့် ကြည့်ကာစစ်ဆေးနေတော့သည်။

ကျွန်မကမ္ဘာမှာဆိုရင် ကျွန်မကဘာမှများများစားတော့ပိုင်ဆိုင်တယ့်သူမဟုတ်ပါဘူး။ကောလိပ်တက်စဉ်ကလည်းရည်းစားလည်းမထားခဲ့ဘူး။ဒါပေမယ့် အရွယ်ရောက်ပြီးချိန်မှာတော့ ကျွန်မမှာရှိသမျှကိုအောင်မြင်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ဒီလိုရိုးရှင်းတဲ့ဘဝလေးကိုကျွန်မ အရမ်းကျေနပ်ခဲ့တာ။

ကျွန်မရဲ့ပုံမှန်လုပ်နေကြအရာတွေက-အိပ်တယ် အလုပ်လုပ်တယ်၊netflixကြည့်တယ်၊ဒါပါပဲ။

ကျွန်မသူငယ်ချင်းတွေက‌လည်းကျွန်မရဲ့ဘ၀ကိုပျင်းစရာကောင်းတယ်လို့ပြောကြတယ်။(ဟုတ်တယ်၊ကျွန်မရဲ့လက်တွေ့ကမ္ဘာက ပျင်းစရာကောင်းတယ့်အဲ့ဒီဘ၀လေးကို ချစ်တယ်)
သူတို့ကတော့ကျွန်မအချစ်ရေးကိုရှေးရိုးစွဲကြီးလို့လှောင်ခဲ့တယ်,သူတို့ထင်နေတာကကျွန်မအထက်တန်းကျောင်းတုန်းက crushကိုမေ့မရသေးဘူးလို့ထင်နေကြလို့ပါ။

ဟွန့်,တစ်ကယ်တော့မဟုတ်ပါဘူးနော်။

ကျွန်မဘ၀မှာဘာဒရမ်မာမှမခင်းချင်သေးလို့ပါ။
ကျွန်မမှာမွေးချင်းအကြီးနှစ်ယောက်ရှိသေးတယ်၊အစ်မနှစ်ယောက်ကမျက်စိရှေ့တင်လက်ထပ်သွားပေမယ့် ဘ၀ကတော့ခက်ခဲနေတုန်းပဲ၊ကျွန်မအထင်တော့ တစ်ယောက်တည်းနေရတယ့်ဘ၀ကလည်း အဲ့လောက်ကြီးတော့မဆိုးလောက်ပါဘူး။

ရုတ်တရက်ကြီးအရာအားလုံးဆုံးရှုံးသွားခဲ့တယ်၊ကျွန်မအမေ၊မိသားစု၊သူငယ်ချင်း၊ပြီးတော့ကျွန်မရဲ့ပျင်းစရာကောင်းတယ့် ဘ၀လေး။

'အဲ့ဒီကောင်စုတ် ပြောတာကိုဘာလို့နားထောင်မိခဲ့ပါလိမ့်?အဲ့ဒီ၀တ္ထုစုတ်ကိုရောဘာလို့ဖတ်ခဲ့မိပါလိမ်?အိမ်ပြန်ရောက်မှ အဲ့ဒီကောင်စုတ်ဖင်ကိုပိတ်ကိုကန်ပစ်အုန်းမယ်,ကောင်စုတ်တော့'

ဘာသတိပေးခြင်းမှလဲမရှိဘဲနဲ့,ဒီ၀တ္ထုထဲကိုဝိညဉ်ကူးပြောင်းလာတော့တာပဲ၊စာရေးဆရာကလည်း အဓိကဇာတ်ဆောင်သာမဟုတ်ရင်အကုန်ရှင်းလင်းပစ်ထားသူဖြစ်တယ်၊နောက်ဆုံးမှာ အဓိကဇာတ်ဆောင်တွေကသာလျှင် ထာ၀ရပျော်ရွှင် သွားနိုင်မယ့်သူတွေဖြစ်တယ်။

"ငါအဆင်ပြေပါတယ်,ကျင်းအာ"သူမကိုစိတ်မပူစေဖို့ပြောလိုက်သည်။

ကျင်းအာကသူမပြောတာကိုမယုံ၊ဒီကောင်မလေးကသူမထက်ငယ်ပေမယ့် အမေတစ်ယောက်လိုပင်စိစစ်တတ်သည်၊သူမလေးကို တစ်ကယ်မနိုင်တော့ပါ။

"အဲ့လိုထပ်မလုပ်ပါနဲ့တော့,သခင်မလေးကိုဘယ်နှစ်ခါရှိပြီလဲ ကျင်းအာပြောထားတာ၊လမ်းလျှောက်ချင်တာပဲဖြစ်ဖြစ် အပြင်သွားချင်တာပဲဖြစ် လုခိုင်ဒါမှ‌မဟုတ်ကျွန်မကိုခေါ်ပါဆို,တစ်ယောက်ထဲတွေထွက်ထွက်မသွားပါနဲ့သခင်မလေးရယ်, အန္တာရယ်များလို့ပါ"

ကျင်းအာမလိုအပ်တယ့် စိုးရိမ်မှုတွေဘယ်ကရလာလဲဆိုတာ သူမသိသည်။

ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကဒီထူးဆန်းတဲ့ကမ္ဘာမှာသူမနိုးလာတော့ အလွန်ကြောက်လန့်ပြီးလက်ရှိကမ္ဘာကိုပြန်သွားဖို့သာတွေးတောနေခဲ့သည်၊အရမ်းစိတ်ပျက်လွန်းလို့ အသက်ဆုံးရှုံးရမှာတောင် ဂရုမစိုက်ခဲ့ပေ။သူမကမ္ဘာကိုပြန်ရောက်ဖို့ လက်ရှိတွင်သေသာသေချင်ခဲ့သည်။

*ငါးနှစ်က အခုကသုံးနှစ်ကြာသွားပြီဆိုတော့ရှေ့နှစ်နှစ်နဲ့ပေါင်းတော့ ငါးနှစ်လို့ပြောတာပါ,ကိုယ်တော့ဒီနေရာနည်းနည်းလည်သွားတယ်🥴

"သခင်မလေးက တစ်နေ့မှာပျောက်ကွယ်သွားတော့မလို ပုံစံကြီးလုပ်နေရတာလဲ?ကျေးဇူးပြုပြီ သခင်မလေး,အဲ့လိုထပ်မလုပ်ပါနဲ့,အဲ့လိုသာဆို ကျွန်မတစ်ကယ်ကို.."ကျင်းအာရင်ထဲစို့နင့်သွား၍ဆက်မပြောနိုင်တော့ပေ။

ပိုင်စုရှင်းသူမအောက်နှုတ်ခမ်းကိုဖိထားရင်းကျင်းအာဆီမှစိုးရိမ်မှုတွေကိုမြင်နေရသည်"တောင်းပန်ပါတယ်,ကျင်းအာ"

ကူးပြောင်းလာပြီးပထမတစ်လမှာတုန်းကဆိုသူမအတွက်တစ်ကယ်မလွယ်ခဲ့ပါ၊ဒီ၀တ္ထုကမ္ဘာကြီးထဲမှာအသက်ရှင်နေရတယ်ဆိုတာလက်မခံနိုင်ခဲ့ပေ။

အဲ့ဒီနှစ်ကဆို သူမသတ်သေဖို့ ကြိုးစားခဲ့သည်၊ရေကန်ထဲကို ခုန်ဆင်းခဲ့တယ်၊ လက်ကောက်ဝတ်ကိုဖြတ်တယ်၊ပြီးတော့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချဖို့တောင်ကြိုးစားခဲ့တယ်၊နောက်ဆုံးတော့ အချိန်တိုင်းကယ်တင်ခံခဲ့ရတယ်။

ကျင်းအာရောတစ်အိမ်လုံးကပါ သူမအဲ့လိုထပ်လုပ်မှာကိုကြောက်နေခဲ့ကြခြင်းဖြစ်သည်။

တစ်ညမှာတော့ အိပ်မက်ထဲသို့အသံတစ်ခု၀င်ရောက်လာခဲ့သည်"ပိုင်စုရှင်း သေမယ့်ရက်ထိသင့်ရဲ့အခန်းကဏ္ဍကိုကောင်းကောင်းသရုပ်ဆောင်ပါ,အဲ့ဒီနည်းလမ်းကသာ သင့်အိမ်ကိုပြန်သွားနိုင်မယ့်နည်းလမ်းပဲ"

အဲ့တာကြောင့်..သူမသည်းခံနိုင်ခဲ့သည်။

လီချာပြောတယ့်အတိုင်းဆိုရင် ဧကရာဇ်ရဲ့ အမိန့်တော်အတိုင်းကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးအင်ပါယာကို အဆက်မပြတ် အောင်ပွဲများယူဆောင်လာခဲ့တာကြောင့်လီဟန်ကို မြို့တော်သို့ ပြန်လာဖို့အမိန့်ပေးခဲ့တာပေါ့။

ငါ့တွက်ကိန်းမှန်ရင်၊ဒီအချိန်က လီဟန်နဲ့အဓိကဇာတ်‌ဆောင်မင်းသမီးတို့ တွေ့ပြီးနေလောက်ပြီ၊ ချူဝမ်ဝမ်ကိုသူနှင့်အတူ လီအင်ပါယာသို့ အကျဉ်းသားမင်းသမီးအဖြစ် ခေါ်ဆောင်လာမည်ဖြစ်သည်။

ချူအင်ပါယာ၏ဒုတိယမြောက်မင်းသမီး ချူ၀မ်၀မ်သည် ကောင်းကင်လိုအလှတရားရှိသည်ဟု ကောလဟာလများထွက်ပေါ်နေသောကြောင့်လီအင်ပါယာသို့ခေါ်ဆောင်လာခဲ့သည်။

---

နွေဦးရောက်ခဲ့ပြီ။

ဗုံတွေ တီးကြ၊မှုတ်ကြနှင့်သံချပ်ကာများ၊ဓားများ၊ လှံများပါရှိသည့် နန်းတပ်မတော်မှ စစ်သည်ပေါင်းနှစ်သိန်းသည်၎င်းတို့၏ကြောက်မက်ဖွယ်ကောင်းသောရဲရဲတောက် ရောင်ဝါများကမြို့တော်ကိုပင်တောက်ပနေလေသည်။

ဒီသူရဲကောင်းတွေကိုလည်းပြည်သူလူထုက စိတ်အားထက်သန်စွာ ကြိုဆိုနေကြသည်'နန်းတပ်မတော်သည် မသေဆုံးနိုင်သော ' ဟူသည့်စကားသည် ပြည်သူများကြားပျံ့နှံနေသည်။သူတိူ့၏ ခေါင်းဆောင်လီဟန်သည်လည်း အမှောင်နှစ်များကိုကျော်ဖြတ်ကာအသက်ရှင်နိုင်သောကြောင့် 'မသေမျိုး'ဟုနာမည်တွင်နေသည်။

ထိုအချိန်မှစ၍ 'ခွေးမင်းသား' သို့မဟုတ် လီအင်ပါယာ၏ 'အနိုင်ကျင့်ခံရသောမင်းသား'၊အကြောင်းမည်သူမှ မပြောဝံ့ကြပေ၊ထိုဆိုးရွားသော အဖြစ်အပျက်များသည် ဘယ်တုန်းကမှမဖြစ်ပျက်ခဲ့သလိုပင်။

လီဟန်၊ စတုတ္ထမင်းသားသည် 'မသေနိုင်သောနန်းဘုရင်'ဖြစ်သည်၊တခြားဘာမှမပြောရဲကြပါ။

နောက်တစ်နေ့တွင် ဧကရာဇ်သည်အဓိကဇာတ်ဆောင်အတွက် ကြိုဆိုပွဲကျင်းပသည်။ တော်ဝင်မိသားစုများနှင့်နန်းတွင်းအရာရှိမိသားစုအားလုံးကိုပါ ဖိတ်ကြားထားသည်။

ဘယ်သူမှ ထိုနာမည်ဆိုးဖြင့်ကျော်ကြားသောမင်းသားအား ထပ်တွေ့ဖို့အခွင့်အရေးကိုလက်လွတ်မခံကြပေ။

ပိုင်စုရှင်း အမျိုးသမီးဇာတ်ဆောင်ကိုစိုက်ကြည့်ရင်းစကတ်စကိုဆုပ်ကိုင်လိုက်သည်၊ချူ၀မ်၀မ်သည်တစ်ကယ်ကိုပင်လှပသည်။ခေတ်သစ်မှာဆို ပလပ်စတစ်ဆာဂျရီလုပ်ထားသလားလို့တောင်အောက်မေ့ရမည်၊သူမ၏မျက်နှာသည်အလွန်ပြီးပြည့်စုံသည်။

သူမ၏ ဖီးနစ်မျက်၀န်းများ၊နှာတံထိပ်မှ ချစ်စဖွယ်မှဲ့‌လေး၊အသည်းပုံနှုတ်ခမ်း နှင့်သူမပြုံးလိုက်သောအခါပါးပြင်နှစ်ဖက် ပေါ်ရှိချစ်စရာကောင်းပြီးထင်ရှားသော ပါးချိုင့်များသည်ဆွဲဆောင်မှု ရှိပြီးရင်းရှိပြီးလှပနေလေသည်။

သူမကအဓိကဇာတ်ဆောင်မင်းသမီးဆိုတာမှားဖွယ်မရှိ ပြီးတော့လီဟန်သည်လည်းထိုငယ်ရွယ်တယ့်မိန်းမပျိုလေးအားမြင်မြင်ချင်းချစ်မိတာမဆန်းတော့ပါ။ချူ၀မ်၀မ်သည် အမှန်တစ်ကယ် သိမ်မွေ့လွန်းလှသည်၊ပိုင်စုရှင်း ဒီနတ်ဘုရားမလေးနှင့်ယှဉ်လို့ပင်မရပေ။၀မ်းနည်းစရာပဲ။

ငန်း နဲ့ ဘဲ လိုမျိုးပေါ့။

အကြီးမားဆုံး ကွာခြားချက်ပင်ဖြစ်သည်!

***

[Zawgyi]

"႐ွီးအာ,အေမမွားမွန္းသိပါၿပီ၊သမီးကိုအရင္ကတည္းကေျပာျပသင့္တာပါ၊သမီးကိုအေမက စိတ္မပူေစခ်င္႐ုံပါ၊သမီးကအရမ္းတန္ဖိုး႐ွိၿပီး ႏုနယ္လြန္းတယ္၊‌သမီးကအေမ့ရဲ႕အငယ္ဆုံးေလးလည္းျဖစ္ေတာ့ ေခါင္းလည္းမာတတ္တယ္...သမီးအေဖလိုပဲ"

သူမဖုန္းထဲတြင္ေအာ္ေျပာလိုက္သည္"အေမကသမီးကိုစိတ္မပူေစခ်င္ဘူးလား?!ဒါဆိုလည္း အခုကစၿပီး သမီးကအေမ့သမီးမဟုတ္ေတာ့ဘူး"

"႐ွီးအာ!လွ်ိဳ႐ွီး႐ွီး"

သူမတစ္ခုခုကိုစိုက္ၾကည့္ရင္းသူမအေမအားေနာက္ဆုံးေျပာခဲ့ေသာစကားမ်ားကို ျပန္သတိရရင္းေနာင္တရေနသည္'အေမ့ကိုငါဘာလို႔ အဲ့လိုေျပာလိုက္ရတာလဲ?'

"သခင္မေလး!"

က်င္းအာက ထိတ္လန္႔သြားသည့္ မ်က္ႏွာႏွင့္သူမဆီေျပးသြားလိုက္သည္။ထို႔ေနာက္ က်င္းအာကသူမကိုေရကန္ေဘးကေနဆြဲေခၚသြားကာသူမ၏ ပုံမွန္လုပ္႐ိုးလုပ္စဥ္အတိုင္းဆက္လုပ္‌ပါေတာ့သည္။သူ႕သခင္မေလးအား ဒဏ္ရာ႐ွ္ိမ႐ွိ ညာၾကည့္ဘယ္ၾကည့္ ၾကည့္ကာစစ္ေဆးေနေတာ့သည္။

ကြၽန္မကမ႓ာမွာဆိုရင္ ကြၽန္မကဘာမွမ်ားမ်ားစားေတာ့ပိုင္ဆိုင္တယ့္သူမဟုတ္ပါဘူး။ေကာလိပ္တက္စဥ္ကလည္းရည္းစားလည္းမထားခဲ့ဘူး။ဒါေပမယ့္ အ႐ြယ္ေရာက္ၿပီးခ်ိန္မွာေတာ့ ကြၽန္မမွာ႐ွိသမွ်ကိုေအာင္ျမင္ေအာင္ အစြမ္းကုန္ႀကိဳးစားခဲ့တယ္။ဒီလို႐ိုး႐ွင္းတဲ့ဘဝေလးကိုကြၽန္မ အရမ္းေက်နပ္ခဲ့တာ။

ကြၽန္မရဲ႕ပုံမွန္လုပ္ေနၾကအရာေတြက-အိပ္တယ္ အလုပ္လုပ္တယ္၊netflixၾကည့္တယ္၊ဒါပါပဲ။

ကြၽန္မသူငယ္ခ်င္းေတြက‌လည္းကြၽန္မရဲ႕ဘ၀ကိုပ်င္းစရာေကာင္းတယ္လို႔ေျပာၾကတယ္။(ဟုတ္တယ္၊ကြၽန္မရဲ႕လက္ေတြ႕ကမ႓ာက ပ်င္းစရာေကာင္းတယ့္အဲ့ဒီဘ၀ေလးကို ခ်စ္တယ္)
သူတို႔ကေတာ့ကြၽန္မအခ်စ္ေရးကိုေ႐ွး႐ိုးစြဲႀကီးလို႔ေလွာင္ခဲ့တယ္,သူတို႔ထင္ေနတာကကြၽန္မအထက္တန္းေက်ာင္းတုန္းက crushကိုေမ့မရေသးဘူးလို႔ထင္ေနၾကလို႔ပါ။

ဟြန္႔,တစ္ကယ္ေတာ့မဟုတ္ပါဘူးေနာ္။

ကြၽန္မဘ၀မွာဘာဒရမ္မာမွမခင္းခ်င္ေသးလို႔ပါ။
ကြၽန္မမွာေမြးခ်င္းအႀကီးႏွစ္ေယာက္႐ွိေသးတယ္၊အစ္မႏွစ္ေယာက္ကမ်က္စိေ႐ွ႕တင္လက္ထပ္သြားေပမယ့္ ဘ၀ကေတာ့ခက္ခဲေနတုန္းပဲ၊ကြၽန္မအထင္ေတာ့ တစ္ေယာက္တည္းေနရတယ့္ဘ၀ကလည္း အဲ့ေလာက္ႀကီးေတာ့မဆိုးေလာက္ပါဘူး။

႐ုတ္တရက္ႀကီးအရာအားလုံးဆုံး႐ႈံးသြားခဲ့တယ္၊ကြၽန္မအေမ၊မိသားစု၊သူငယ္ခ်င္း၊ၿပီးေတာ့ကြၽန္မရဲ႕ပ်င္းစရာေကာင္းတယ့္ ဘ၀ေလး။

'အဲ့ဒီေကာင္စုတ္ ေျပာတာကိုဘာလို႔နားေထာင္မိခဲ့ပါလိမ့္?အဲ့ဒီ၀တၳဳစုတ္ကိုေရာဘာလို႔ဖတ္ခဲ့မိပါလိမ္?အိမ္ျပန္ေရာက္မွ အဲ့ဒီေကာင္စုတ္ဖင္ကိုပိတ္ကိုကန္ပစ္အုန္းမယ္,ေကာင္စုတ္ေတာ့'

ဘာသတိေပးျခင္းမွလဲမ႐ွိဘဲနဲ႔,ဒီ၀တၳဳထဲကိုဝိညဥ္ကူးေျပာင္းလာေတာ့တာပဲ၊စာေရးဆရာကလည္း အဓိကဇာတ္ေဆာင္သာမဟုတ္ရင္အကုန္႐ွင္းလင္းပစ္ထားသူျဖစ္တယ္၊ေနာက္ဆုံးမွာ အဓိကဇာတ္ေဆာင္ေတြကသာလွ်င္ ထာ၀ရေပ်ာ္႐ႊင္ သြားႏိုင္မယ့္သူေတြျဖစ္တယ္။

"ငါအဆင္ေျပပါတယ္,က်င္းအာ"သူမကိုစိတ္မပူေစဖို႔ေျပာလိုက္သည္။

က်င္းအာကသူမေျပာတာကိုမယုံ၊ဒီေကာင္မေလးကသူမထက္ငယ္ေပမယ့္ အေမတစ္ေယာက္လိုပင္စိစစ္တတ္သည္၊သူမေလးကို တစ္ကယ္မႏိုင္ေတာ့ပါ။

"အဲ့လိုထပ္မလုပ္ပါနဲ႔ေတာ့,သခင္မေလးကိုဘယ္ႏွစ္ခါ႐ွိၿပီလဲ က်င္းအာေျပာထားတာ၊လမ္းေလွ်ာက္ခ်င္တာပဲျဖစ္ျဖစ္ အျပင္သြားခ်င္တာပဲျဖစ္ လုခိုင္ဒါမွ‌မဟုတ္ကြၽန္မကိုေခၚပါဆို,တစ္ေယာက္ထဲေတြထြက္ထြက္မသြားပါနဲ႔သခင္မေလးရယ္, အႏၲာရယ္မ်ားလို႔ပါ"

က်င္းအာမလိုအပ္တယ့္ စိုးရိမ္မႈေတြဘယ္ကရလာလဲဆိုတာ သူမသိသည္။

ဘာလို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ငါးႏွစ္ေလာက္ကဒီထူးဆန္းတဲ့ကမ႓ာမွာသူမႏိုးလာေတာ့ အလြန္ေၾကာက္လန္႔ၿပီးလက္႐ွိကမ႓ာကိုျပန္သြားဖို႔သာေတြးေတာေနခဲ့သည္၊အရမ္းစိတ္ပ်က္လြန္းလို႔ အသက္ဆုံး႐ႈံးရမွာေတာင္ ဂ႐ုမစိုက္ခဲ့ေပ။သူမကမ႓ာကိုျပန္ေရာက္ဖို႔ လက္႐ွိတြင္ေသသာေသခ်င္ခဲ့သည္။

*ငါးႏွစ္က အခုကသုံးႏွစ္ၾကာသြားၿပီဆိုေတာ့ေ႐ွ႕ႏွစ္ႏွစ္နဲ႔ေပါင္းေတာ့ ငါးႏွစ္လို႔ေျပာတာပါ,ကိုယ္ေတာ့ဒီေနရာနည္းနည္းလည္သြားတယ္🥴

"သခင္မေလးက တစ္ေန႔မွာေပ်ာက္ကြယ္သြားေတာ့မလို ပုံစံႀကီးလုပ္ေနရတာလဲ?ေက်းဇူးျပဳၿပီ သခင္မေလး,အဲ့လိုထပ္မလုပ္ပါနဲ႔,အဲ့လိုသာဆို ကြၽန္မတစ္ကယ္ကို.."က်င္းအာရင္ထဲစို႔နင့္သြား၍ဆက္မေျပာႏိုင္ေတာ့ေပ။

ပိုင္စု႐ွင္းသူမေအာက္ႏႈတ္ခမ္းကိုဖိထားရင္းက်င္းအာဆီမွစိုးရိမ္မႈေတြကိုျမင္ေနရသည္"ေတာင္းပန္ပါတယ္,က်င္းအာ"

ကူးေျပာင္းလာၿပီးပထမတစ္လမွာတုန္းကဆိုသူမအတြက္တစ္ကယ္မလြယ္ခဲ့ပါ၊ဒီ၀တၳဳကမ႓ာႀကီးထဲမွာအသက္႐ွင္ေနရတယ္ဆိုတာလက္မခံႏိုင္ခဲ့ေပ။

အဲ့ဒီႏွစ္ကဆို သူမသတ္ေသဖို႔ ႀကိဳးစားခဲ့သည္၊ေရကန္ထဲကို ခုန္ဆင္းခဲ့တယ္၊ လက္ေကာက္ဝတ္ကိုျဖတ္တယ္၊ၿပီးေတာ့ ကိုယ့္ကိုယ္ကို ႀကိဳးဆြဲခ်ဖို႔ေတာင္ႀကိဳးစားခဲ့တယ္၊ေနာက္ဆုံးေတာ့ အခ်ိန္တိုင္းကယ္တင္ခံခဲ့ရတယ္။

က်င္းအာေရာတစ္အိမ္လုံးကပါ သူမအဲ့လိုထပ္လုပ္မွာကိုေၾကာက္ေနခဲ့ၾကျခင္းျဖစ္သည္။

တစ္ညမွာေတာ့ အိပ္မက္ထဲသို႔အသံတစ္ခု၀င္ေရာက္လာခဲ့သည္"ပိုင္စု႐ွင္း ေသမယ့္ရက္ထိသင့္ရဲ႕အခန္းက႑ကိုေကာင္းေကာင္းသ႐ုပ္ေဆာင္ပါ,အဲ့ဒီနည္းလမ္းကသာ သင့္အိမ္ကိုျပန္သြားႏိုင္မယ့္နည္းလမ္းပဲ"

အဲ့တာေၾကာင့္..သူမသည္းခံႏိုင္ခဲ့သည္။

လီခ်ာေျပာတယ့္အတိုင္းဆိုရင္ ဧကရာဇ္ရဲ႕ အမိန္႔ေတာ္အတိုင္းကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ၿပီးအင္ပါယာကို အဆက္မျပတ္ ေအာင္ပြဲမ်ားယူေဆာင္လာခဲ့တာေၾကာင့္လီဟန္ကို ၿမိဳ႕ေတာ္သို႔ ျပန္လာဖို႔အမိန္႔ေပးခဲ့တာေပါ့။

ငါ့တြက္ကိန္းမွန္ရင္၊ဒီအခ်ိန္က လီဟန္နဲ႔အဓိကဇာတ္‌ေဆာင္မင္းသမီးတို႔ ေတြ႕ၿပီးေနေလာက္ၿပီ၊ ခ်ဴဝမ္ဝမ္ကိုသူႏွင့္အတူ လီအင္ပါယာသို႔ အက်ဥ္းသားမင္းသမီးအျဖစ္ ေခၚေဆာင္လာမည္ျဖစ္သည္။

ခ်ဴအင္ပါယာ၏ဒုတိယေျမာက္မင္းသမီး ခ်ဴ၀မ္၀မ္သည္ ေကာင္းကင္လိုအလွတရား႐ွိသည္ဟု ေကာလဟာလမ်ားထြက္ေပၚေနေသာေၾကာင့္လီအင္ပါယာသို႔ေခၚေဆာင္လာခဲ့သည္။

---

ေႏြဦးေရာက္ခဲ့ၿပီ။

ဗုံေတြ တီးၾက၊မႈတ္ၾကႏွင့္သံခ်ပ္ကာမ်ား၊ဓားမ်ား၊ လွံမ်ားပါ႐ွိသည့္ နန္းတပ္မေတာ္မွ စစ္သည္ေပါင္းႏွစ္သိန္းသည္၎တို႔၏ေၾကာက္မက္ဖြယ္ေကာင္းေသာရဲရဲေတာက္ ေရာင္ဝါမ်ားကၿမိဳ႕ေတာ္ကိုပင္ေတာက္ပေနေလသည္။

ဒီသူရဲေကာင္းေတြကိုလည္းျပည္သူလူထုက စိတ္အားထက္သန္စြာ ႀကိဳဆိုေနၾကသည္'နန္းတပ္မေတာ္သည္ မေသဆုံးႏိုင္ေသာ ' ဟူသည့္စကားသည္ ျပည္သူမ်ားၾကားပ်ံ႕ႏွံေနသည္။သူတိူ႕၏ ေခါင္းေဆာင္လီဟန္သည္လည္း အေမွာင္ႏွစ္မ်ားကိုေက်ာ္ျဖတ္ကာအသက္႐ွင္ႏိုင္ေသာေၾကာင့္ 'မေသမ်ိဳး'ဟုနာမည္တြင္ေနသည္။

ထိုအခ်ိန္မွစ၍ 'ေခြးမင္းသား' သို႔မဟုတ္ လီအင္ပါယာ၏ 'အႏိုင္က်င့္ခံရေသာမင္းသား'၊အေၾကာင္းမည္သူမွ မေျပာဝံ့ၾကေပ၊ထိုဆိုး႐ြားေသာ အျဖစ္အပ်က္မ်ားသည္ ဘယ္တုန္းကမွမျဖစ္ပ်က္ခဲ့သလိုပင္။

လီဟန္၊ စတုတၳမင္းသားသည္ 'မေသႏိုင္ေသာနန္းဘုရင္'ျဖစ္သည္၊တျခားဘာမွမေျပာရဲၾကပါ။

ေနာက္တစ္ေန႔တြင္ ဧကရာဇ္သည္အဓိကဇာတ္ေဆာင္အတြက္ ႀကိဳဆိုပြဲက်င္းပသည္။ ေတာ္ဝင္မိသားစုမ်ားႏွင့္နန္းတြင္းအရာ႐ွိမိသားစုအားလုံးကိုပါ ဖိတ္ၾကားထားသည္။

ဘယ္သူမွ ထိုနာမည္ဆိုးျဖင့္ေက်ာ္ၾကားေသာမင္းသားအား ထပ္ေတြ႕ဖို႔အခြင့္အေရးကိုလက္လြတ္မခံၾကေပ။

ပိုင္စု႐ွင္း အမ်ိဳးသမီးဇာတ္ေဆာင္ကိုစိုက္ၾကည့္ရင္းစကတ္စကိုဆုပ္ကိုင္လိုက္သည္၊ခ်ဴ၀မ္၀မ္သည္တစ္ကယ္ကိုပင္လွပသည္။ေခတ္သစ္မွာဆို ပလပ္စတစ္ဆာဂ်ရီလုပ္ထားသလားလို႔ေတာင္ေအာက္ေမ့ရမည္၊သူမ၏မ်က္ႏွာသည္အလြန္ၿပီးျပည့္စုံသည္။

သူမ၏ ဖီးနစ္မ်က္၀န္းမ်ား၊ႏွာတံထိပ္မွ ခ်စ္စဖြယ္မွဲ႔‌ေလး၊အသည္းပုံႏႈတ္ခမ္း ႏွင့္သူမျပဳံးလိုက္ေသာအခါပါးျပင္ႏွစ္ဖက္ ေပၚ႐ွိခ်စ္စရာေကာင္းၿပီးထင္႐ွားေသာ ပါးခ်ိဳင့္မ်ားသည္ဆြဲေဆာင္မႈ ႐ွိၿပီးရင္း႐ွိၿပီးလွပေနေလသည္။

သူမကအဓိကဇာတ္ေဆာင္မင္းသမီးဆိုတာမွားဖြယ္မ႐ွိ ၿပီးေတာ့လီဟန္သည္လည္းထိုငယ္႐ြယ္တယ့္မိန္းမပ်ိဳေလးအားျမင္ျမင္ခ်င္းခ်စ္မိတာမဆန္းေတာ့ပါ။ခ်ဴ၀မ္၀မ္သည္ အမွန္တစ္ကယ္ သိမ္ေမြ႕လြန္းလွသည္၊ပိုင္စု႐ွင္း ဒီနတ္ဘုရားမေလးႏွင့္ယွဥ္လို႔ပင္မရေပ။၀မ္းနည္းစရာပဲ။

ငန္း နဲ႔ ဘဲ လိုမ်ိဳးေပါ့။

အႀကီးမားဆုံး ကြာျခားခ်က္ပင္ျဖစ္သည္!


*****

Continue Reading

You'll Also Like

447K 26K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
91.2K 11.7K 102
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
171K 18.9K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...
38.7K 3.5K 87
Title - Divorce is the condition Divorce is the condition