Uni ☆
"အကိုလေး..."
Chan သင်တန်းကနေထွက်လာတော့ Chanကို လှမ်းခေါ်လေသော Baek hyungကို ကြည့်မိတော့ မျက်နှာကမကောင်း... အမြဲပျော်ပျော်နေတက်သော Baek hyungက အခုလို မျက်နှာမကောင်းဖြစ်နေသည်ကို မြင်ရခဲသည်မို့ Chan စိတ်ပူမိသွားကာ Baek hyungရှိရာ ခပ်သွက်သွက်ပင်လျှောက်သွားလိုက်သည်...
Baek hyungက Chanအတွက်တော့ အကိုတစ်ယောက်လိုပင်ဖြစ်သည်... Chanဆိုးသမျှလည်း သည်းခံသလို Chanအတွက်လည်း တိုင်ပင်ဖော် တိုင်ပင်ဖက်တစ်ဦးမို့ Chan စိတ်ပူကာ စိုးရိမ်နေမိသည်...
"Baek hyung... ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး..."
Chan မေးလိုက်တော့ Baek hyung မျက်နှာက ပိုပြီးပျက်သွားတော့သည်...
ခဏနေမှပြောလာသော စကားတို့ကြောင့် Chan ထိုနေမှာပင် လဲကျမသွားမိအောင် မနည်းထိန်းလိုက်ရသည်...
"Boss အခုဆေးရုံမှာ အကိုလေး... siteထဲ မတော်တဆဖြစ်လို့တဲ့... အတွင်းရေးမှူးOh ခုနကပဲ ဖုန်းဆက်လာတယ်... အဲ့ဒါ hyungတို့ ဆေးရုံအမြန်လိုက်သွားရမယ်..."
"အကိုလေး... အကိုလေး..."
"ဟင် ဘာလဲ..."
Baekhyun စကားကိုကြားပြီးနောက် အကိုလေးတစ်ယောက် အသိမရှိတော့တဲ့သူတစ်ယောက်လို ရပ်နေသည်မှာ Baekhyun အကြိမ်ကြိမ်လှုပ်ခေါ်တော့မှ အသိတို့ဝင်လာသည်...
"ဆေးရုံသွားကြမယ်လို့..."
"ဟမ်! အွန်း သွားမယ်လေ..."
ဆေးရုံဆီသွားတဲ့ လမ်းတစ်လျှောက်မှာလည်း အကိုလေးက တအားကို ငြိမ်သက်လွန်းနေခဲ့သည်... ငိုနေတာကမှတော်သေးဦးမည်... ခုလို တအားငြိမ်သက်လွန်းတဲ့အခြေနေကြီးကိုတော့ Baekhyunမကြိုက်ပေ...
"အကိုလေး... ငိုချင်တာရှိရင် ငိုလိုက်နော်... စိတ်ထဲတင်းမထားနဲ့..."
ပေါ်ပေါင်တင်ထားကာ ခပ်တင်းတင်းဆုပ်ထားသော အကိုလေးလက်ကို သွားကိုင်ကာ ပြောလိုက်ပေမယ့် ပြန်ပြောလာသည်က...
"Krisက ဒဏ်ရာရရုံပဲလေ... ကျွန်တော်က ဘာလို့ ငိုရမှာလဲ"တဲ့...
Baekhyunလည်း ဆက်မပြောတော့ပဲ ကားကိုသာ ဆေးရုံဆီသို့ အမြန်မောင်းလိုက်တော့သည်...
"Sehun hyung..."
ခွဲစိတ်ခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော Sehun hyungထံ Chanပြေးသွားလိုက်သည်...
"အကိုလေးရောက်လာပြီလား..."
Sehun hyungရဲ့ မျက်ဝန်းတွေကလည်း စိုးရိမ်ခြင်းတွေအပြည့်နဲ့မို့ Krisရဲ့ မတော်တဆက တော်တော်များ စိုးရိမ်ရနေသည်လား...
"Sehun hyung... Kris အခြေနေ..."
"သိပ်မကြာသေးခင်ကမှ ဝင်သွားတာဆိုတော့ ဘာမှမသိရသေးဘူး အကိုလေး..."
Chan အမေးကို ခေါင်းခါပြရင်း Sehun hyungက ဖြေလာသည်...
"အတွင်းရေးမှူးOh... Bossက ဘယ်လိုဖြစ်ရတာလဲ..."
"Siteထဲ လုံခြုံရေးတွေ လိုက်စစ်ဆေးရင်းဖြစ်သွား..."
Hyunရဲ့ မေးခွန်းကို ပြန်ဖြေရင်း Sehunအတွေးတွေကလည်း မနက်ကအဖြစ်ဆီသို့ ပြန်ရောက်သွားသည်...
Bossနဲ့Sehunတို့ နှစ်ယောက်သား အသစ်စနေပြီဖြစ်သော siteထဲ လိုအပ်တာတွေ စစ်ဆေးဖို့ သွားခဲ့ကြသည်...
Siteတစ်ခုလုံးကို စစ်ဆေးပြီး အလုပ်သမားတွေလုံခြုံရေးအတွက်လည်း ဦးစားပေးလုပ်ဆောင်ရမည်တို့ကို မှာပြီး ဆောက်နေတဲ့အဆောက်အဦးထဲကအထွက် အထပ်မြင့်ပေါ်တင်မည့် သံချောင်းတို့သယ်ထားသော ကရိန်းဆီမှ သံချောင်းတွေကျလာတာမြင်တော့ အောက်မှာရှိနေတဲ့ လုပ်သားတွေ ထိခိုက်မှာ စိုးလို့ bossက ဝင်ဆွဲရင်း လုပ်သားသုံးယောက်လောက်နဲ့အတူ bossပါ ထိခိုက်သွားခြင်းဖြစ်သည်...
အမြင့်မှကျလာတာလည်းဖြစ် သံချောင်းတွေလည်းဖြစ်သောကြောင့် ထိခိုက်မှုက နည်းနည်းများသည်...
"ထိခိုက်သွားတဲ့ လုပ်သားတွေရော..."
"သူတို့လည်း ဒီဆေးရုံမှာပဲ ကုသနေပါတယ် အကိုလေး... သုံးယောက်မှာ နှစ်ယောက်ကတော့ သိပ်ကြီးကြီးမားမားမဖြစ်ပါဘူး..."
ထိခိုက်သွားတဲ့ သူတွေကို Sehun hyungက အကုန်အဆင်ပြေသွားအောင် လုပ်ပေးမယ်ဆိုတာ သိနေတာမို့ Chan ဘာမှထပ်မပြောဖြစ်တော့ပေ...
ခုChanစိတ်ထဲ Krisသာ အမြန်ဆုံးအဆင်ပြေသွားစေဖို့ပဲဆုတောင်းနေမိသည်...
"Haera noona..."
"Chanလေး ခဏနော်..."
Chanတို့ ထိုင်စောင့်နေဆဲ ခွဲခန်းထဲက ထွက်လာသော Haera noonaကို တွေ့လိုက်ရတာမို့ Krisအခြေနေသိချင်၍ ထရပ်လိုက်ပေမယ့် Noonaကတော့ အလောတကြီး ထွက်သွားလေတာမို့ Chanပြန်ထိုင်လိုက်ရသည်...
Noonaရဲ့ အလောတကြီးပုံစံရယ် စိုးရိမ်မှုတွေအပြည့်နဲ့မျက်နှာက Chanကို ပိုစိတ်ပူစေသည်... လောကကြီးထဲ တစ်ဦးတည်းသာရှိတော့တဲ့ မိသားစုဝင်လည်းဖြစ် Chanချစ်ရသူလည်းဖြစ်တဲ့ Krisကို ဆုံးရှုံးရမှာ Chan သေမတက်ကြောက်မိပါသည်...
မတော်တဆ Krisသာ Chanကို ထားခဲ့ပြီဆိုလျှင်တော့ Chanလည်း Kris အနောက်ကို အတူလိုက်သွားဖို့အထိ Chanတွေးထားပြီးသား...
"Sehun hyung... Haera noonaက ဒီဆေးရုံကပဲလား..."
"ဟုတ်တယ် အကိုလေး... မမလေးHaeraက ဒီဆေးရုံကပဲလေ... မမလေးပါ အတူရှိနေတာမို့ bossအတွက် အရမ်းကြီးမစိုးရိမ်နဲ့နော် အကိုလေး..."
"အွန်း..."
Sehun hyung ကို ခေါင်းညိတ်ပြမိပေမယ့် Chanရဲ့ စိုးရိမ်စိတ်တွေကတော့ ပျောက်မသွားပေ...
Chanဆေးရုံစရောက်ချိန်ကစလို့ ခွဲခန်းထဲကဆရာဝန်တွေ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်တွေရှုပ်နေခဲ့ပြီး ငါးနာရီလောက်အကြာမှာတော့ Krisကို ခွဲစိတ်မှုက ပြီးသွားလေသည်...
"Noona အခြေနေ..."
"အားလုံးအဆင်ပြေပြေနဲ့ အောင်မြင်စွာ လုပ်နိုင်ခဲ့တယ် Chanလေး... စိုးရိမ်စရာလည်း မရှိတော့ဘူး Kris သတိရလာဖို့ကိုပဲစောင့်ကြည့်ရတော့မှာ..."
Haera noonaဆီကို စကားကိုကြားရတော့ Chanရော Sehun hyungရော Baek hyungရော သုံးယောက်လုံးဆီမှ သက်မချသံပြိုင်တူထွက်လာကြသည်...
စိုးရိမ်စရာမရှိတော့ဘူးဟု ပြောခဲ့သည်မဟုတ်လား...
"Chanလေးလည်း စိတ်ပင်ပန်းနေမှာပဲမလား နားလိုက်ဦးလေ... Noona အခန်းယူထားပြီးပြီ မကြာခင်မှာ Krisကို အဲ့အခန်းထဲရွှေ့မှာဆိုတော့ အဲ့ကနေသွားစောင့်နေရင်း နားလိုက်နော်..."
"ဟုတ် Noona..."
Chanတို့ သုံးယောက်သား Krisအတွက်ယူထားသော V.I.Pအခန်းသို့ သွားလိုက်ကြသည်...
ခဏအကြာမှာတော့ Krisကိုလည်း ထိုအခန်းသို့ရွှေ့လာခဲ့ကြသည်...
ခြေထောက်တစ်ဖက်လုံးပတ်တီးအပြည့်နဲ့ဖြစ်သလို ခေါင်းတစ်ခုလုံးပတ်တီးတို့ဖြင့် မျက်နှာတွင်လည်း ဒဏ်ရာများစွာဖြင့် Krisကို မြင်ရသည်မှာ စိတ်မချမ်းသာလှ...
"Kris..."
သတိမရသေးသူ မကြားနိုင်သေးပေမယ့်လည်း အနားသို့သွား၍ လက်ကိုအသာယူကိုင်ကာ ခပ်တိုးတိုးခေါ်မိသည်...
ကိုင်ထားမိသော လက်ကိုသေချာကြည့်မိတော့မှ ပွန်းရာပဲ့ရာလေးများက များစွာ...
ဘယ်လောက်တောင်များ နာကျင်နေလေလိုက်မလဲ... ကိုယ့်အသက်ထက် ဘယ်အရာကများပိုအရေးကြီးလို့ ဝင်ကယ်ရတာလဲဗျာ...
"အကိုလေး ခဏနားဦးလေ... bossက စိတ်ချရပါပြီလို့ မမလေးပြောသွားတာပဲ... မကြာခင် သတိရလာမှာပါ..."
"Sehun hyung လုပ်စရာရှိတာ သွားလုပ်လေ... ကျွန်တော် Krisကို စောင့်ရင်း ဒီမှာပဲရှိနေမယ်..."
"ကောင်းပါပြီ အကိုလေး... ခွင့်ပြုပါဦး..."
Krisကို ကြည့်နေရင်းနဲ့ပင် အနားလာပြောသူ Sehun hyungကို ခေါင်းညိတ်ပြလိုက်သည်...
ထိခိုက်မှုတွေအတွက် Sehun hyung အလုပ်တွေများနေမယ်ဆိုတာ သိတာကြောင့် Chanသွားခိုင်းလိုက်ခြင်းဖြစ်သည်...
"Sehun hyung... Baek hyungကိုပါ ခေါ်သွားလိုက်... နှစ်ယောက်ဆိုတော့ အဖော်ရတာပေါ့... ဒီမှာအတွက်က မပူပါနဲ့ မကြာခင် အဒေါ်ကြီးလည်း ရောက်လာတော့မှာပဲလေ..."
Baek hyungကို ခေါ်သွားဖို့ ပြောမိတော့ နှစ်ယောက်သား စိတ်မချတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို ကြည့်လာကြသည်မို့ စိတ်ချစေရန်ပြောလိုက်တော့မှ လက်ခံကာ နှစ်ယောက်သား အတူထွက်သွားကြတော့သည်...
အိမ်မှာအားနေချိန်တိုင်း Baek hyungထံမှ ကိုယ်ခံပညာတွေကို သင်ထားသောကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လောက်တော့ Chan တက်ထားသည်လေ... ဒါတွေကို Krisကို ပေးမသိခဲ့...
တကယ်တော့ Krisကသာ စိုးရိမ်လွန်နေခဲ့တာပါ... ဒီခေတ်ကြီးထဲ လူကိုပြန်ပေးဆွဲပြီး စီးပွားရေးကို ခြိမ်းခြောက်ရအောင် စီးပွားရေးသမားတွေက လူဆိုးဂိုဏ်းတွေထောင်ထားတာလည်း မဟုတ်တာပဲလေ...
Chanကိုတော့ တစ်စုံတရာမထိရလေအောင် အမြဲကာကွယ်ပေးတက်သူက သူ့ကိုယ်သူကျတော့ မထိခိုက်အောင်မကာကွယ်နိုင်ခဲ့...
ဒီနေ့ Krisရဲ့ထိခိုက်မှုနဲ့ပတ်သက်ပြီး မနက်ဖြန်တော့ ထိပ်ဆုံးသတင်းတွင် ပါလာတော့မည်မှာတော့ အသေချာပါပဲ...
♡ Be Mine ♡
ဆေးရုံခန်းထဲက ဆိုဖာခုံတွေပေါ်ထိုင်ကာ Chanရယ် Sehun hyungရယ် Baek hyungရယ် သုံးယောက်သား ခေါင်းခြင်းဆိုင်နေမိကြသည်...
ကုတင်ပေါ်မှာ ငြိမ်သက်စွာရှိနေတဲ့ Krisကတော့ ခုထိသတိရမလာသေး...
"အကိုလေး ရှယ်ယာ ဈေးတွေတအားကျလာတယ်..."
Sehun hyung လက်ထဲက Tabletကို ယူကြည့်တော့ တဟုန်ထိုးကျနေတဲ့ Chanတို့ ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေကို မြင်လိုက်ရသည်...
ထိပ်ဆုံးသတင်းမှာ Kris ထိခိုက်မှုအကြောင်း ပါလာထဲက ဒီလိုတွေဖြစ်လာတော့မည်ကို Chanသိနေသည်...
"Sehun hyung... ဒီပြဿနာကို ဖြေရှင်းနိုင်လား... မဖြေရှင်းနိုင်လည်း ရအောင်ဖြေရှင်းပေးထား... တစ်ပတ်အတွင်း Krisသာ သတိရမလာသေးဘူးဆိုရင် ကျွန်တော် အလုပ်လာတက်မယ်..."
Chanပြောလိုက်တော့ Sehun hyungက အံ့ဩခြင်းများစွာနဲ့ Chanကို ကြည့်လာသည်...
ရှယ်ယာကိစ္စကတော့ Krisအနားမှာ အချိန်အကြာကြီး နေလာခဲ့တဲ့ Sehun hyung သေချာပေါက် ဖြေရှင်းနိုင်မယ်ဆိုတာ Chan ယုံတယ်...
ပြီးတော့ အုပ်ချုပ်သူနေရာက ကြာကြာအလွတ်ထား၍မရ ထိုနေရာကို လုယူချင်နေတဲ့သူတွေအတွက် အကွက်ကောင်းဖြစ်သွားလိမ့်မယ်လေ...
"ရှယ်ယာကိစ္စကတော့ ကျွန်တော် သေချာပေါက်ဖြေရှင်းနိုင်ပါတယ်... အကိုလေး အလုပ်တက်ဖို့ကသာ..."
စိုးရိမ်စွာပြောလာသော Sehun hyung စကားကြောင့် Chan ခပ်ပါးပါးလေးပြုံးလိုက်သည်...
"အဲ့အတွက်မပူပါနဲ့... Chan လုပ်နိုင်လို့ လုပ်မယ်ပြောတာပါ... hyungကလည်း ကူညီပေးမှာပဲလေ... အဲ့တော့ Chanမလုပ်နိုင်စရာမရှိပါဘူး... Baek hyung ပြောပေးဦး..."
"ဟုတ်ပါတယ် hyungရယ်.... အကိုလေးက လုပ်နိုင်ပါတယ် ယုံကြည်ထားလိုက်နော်..."
Baek hyungက Sehun hyungလက်ကို ကိုင်ကာပြောလိုက်တော့မှ စိတ်မချချင် ချချင်နဲ့ ခေါင်းညိတ်ပြသည်...
Chan အကြောင်းကို Baek hyungလောက် သိတဲ့သူမရှိဘူးလေ...
အားလုံးအမြင်နဲ့ Krisရဲ့ အမြင်မှာတော့ Chanyeolက သိပ်ဆိုးပြီးလက်သည်းမရှိတဲ့ ကြောင်ပေါက်လေးပေါ့... တကယ်တော့ ထိုလက်သည်းတွေကို Chan ဝှက်ထားခဲ့တာ Kris Chanကို ထားခဲ့မှာကြောက်လို့...
Chan ကျောင်းသာမတက်ပေမယ့် ကုမ္ပဏီနဲ့ ပတ်သတ်ပြီး လိုအပ်တဲ့သင်တန်းမှန်သမျှတက်ထားခဲ့ပြီးသား... ထိုသည်ကိုလည်း Baek hyungကလွဲလို့ ဘယ်သူမှမသိဘူး...
Chan ဆယ့်ရှစ်နှစ်ပြည့်ရင် ကုမ္ပဏီကို လက်လွှဲယူရမှာလည်း သိသလို... Krisက Chanအကိုအရင်း မဟုတ်တဲ့အတွက်ကြောင့် ကုမ္ပဏီကို Chanလက်ထဲ ထည့်ပြီးတာနဲ့ Haera noonaနဲ့ လက်ထပ်ပြီး Chanကို ထားသွားခဲ့မှာ ကြောက်လို့ Chan ဘာမှ မတက်ချင်ယောင်ဆောင်ခဲ့တာ...
ခုတော့ အခြေနေတွေက ပြောင်းလဲသွားသည်... Krisကလည်း noonaနဲ့ လက်မထပ်ဖြစ်တော့သလို... Chanကလည်း လိုအပ်လာရင် ကုမ္ပဏီကိုဦးစီးလုပ်ကိုင်ရမည့် အခြေနေတွေဖြစ်လာခဲ့သည်...
နောက်အပတ်ဆို Chanရဲ့ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ကရောက်လာတော့မည်... အစက တွေးထားတာတော့ မွေးနေ့မှာ Krisနဲ့အတူ ခရီးတိုတစ်ခုလောက်သွားမည်ပေါ့လို့...
ခုအခြေနေမျိုးနဲ့ဆို Krisအမြန်ဆုံး သတိရလာပါစေလို့ ဆုတောင်းနေရုံပဲရှိတော့သည်...
ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့လေးကိုတော့ Krisနဲ့အတူ နှစ်ယောက်ထဲ ဖြတ်သန်းကာ ကုန်ဆုံးချင်မိပါသည်...
#220511
Thanks for reading & vote ☆...
Updateက အရမ်းအရမ်းကို ကြာသွားမိပါတယ်... စောင့်ပြီးဖတ်ပေးကြတဲ့အတွက်ကျေးဇူးပါနော် 🥰...
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
Zawgyi ☆
"အကိုလေး..."
"အကိုလေး... အကိုလေး..."
"ဟင် ဘာလဲ..."
"ဆေးရုံသွားကြမယ်လို့..."
"ဟမ်! အွန်း သွားမယ်လေ..."
"Sehun hyung..."
"Haera noona..."
"Chanလေး ခဏနော်..."
"အွန်း..."
"Noona အခြေနေ..."
"ဟုတ် Noona..."
"Kris..."
♡ Be Mine ♡
#220511