Villainess Series 1 : အဓိကဇာတ...

By PhuPhuUchiha

240K 21.8K 306

*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလ... More

၂..ခေါင်းမာတတ်ခြင်း
၃..အကူအညီ
၄..ရက်စက်ခြင်း
၅..ပင်ပန်းနွမ်းနယ်ခြင်း
၆..အပြစ်ရှိခြင်း
၇..အကျည်းတန်အမာရွတ်
၈..ငန်းမလေး နှင့် ဘဲမလေး
၉..ဖရိုဖရဲဖြစ်လာခြင်း
၁၀..သူမ၏မျက်၀န်း
၁၁..ခေါ်ဆောင်သွားခြင်း
၁၂..လူလိမ်မလေး
၁၃..သံသယဖြစ်စရာ
၁၄..အေးစက်ခြင်း
၁၅..သူရဲကောင်း
၁၆..စောင့်ဆိုင်းပေးရခြင်း
၁၇..အလံဖြူလည်း မပြနိုင်ပါ
၁၈..ဖမ်းဆီးခံလိုက်ရခြင်း
၁၉..အလိမ်အညာ
၂၀..ပန်းအိုး
၂၁..မကောင်းသောအငွေ့အသက်
၂၂..ယုန်ဖြူလေး
၂၃..ဖမ်းဆီးလိုက်ခြင်း
၂၄..အကျိုးဆက်
၂၅..ဇနီး
၂၆..ဗီလိန်
၂၇..ငြင်းဆိုသည်
၂၈..အကြံပေးခြင်း
၂၉..ရူးသွပ်‌စေခြင်း
၃၀..အလဟသ
၃၁..လောင်ကျွမ်းသွားရမည်ဆိုရင်တောင်
၃၁..သနားစရာကောင်းခြင်း
၃၃..ကယ်ဆယ်ခြင်း
၃၄..အစီစဉ်ကျရှုံးခြင်း
၃၅..ပြောင်းလဲစေခြင်း
၃၆..ဓားသွား
၃၇..ဘယ်တော့မှလက်မလွှတ်ဘူး
၃၈..မျက်ရည်
၃၉..နေရာ
၄၀..၀န်ခံလိုက်
၄၁..ခွင့်မပြုခြင်း
၄၂..ဆိုင်းဘုတ်
၄၃..ပြန်လည်ရောက်ရှိလာခြင်း
၄၄..တွေ့ဆုံလိုခြင်း
၄၅..စိတ်ကြီး၀င်လာခြင်း
၄၆..မြှားတစ်ထောင်
၄၇..ထွက်ခွာသွားခြင်း
၄၈..ရူးမိုက်မိခြင်း
၄၉..ငိုနေခြင်း
၅၀...ကတိ
၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း
၅၂..ကိုယ့်အက္ခရာ
နိဂုံး

၁..Transmigration

15K 650 5
By PhuPhuUchiha

[Unicode]

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူမကသာမန်ရုံးဝန်ထမ်းတစ်ယောက်ပါ၊ဒါပေမယ့် တစ်နေ့မှာတော့ တရုတ်ရှေးခေတ်ဝတ်စုံဝတ်ထားရင်း ရှေးကျတဲ့ကုတင်တစ်ခုပေါ်မှာနိုးလာခဲ့တယ်။

လအနည်းငယ်ကြာသည်ထိကို၊အိပ်မက်ဆိုးထဲမှာ အသက်ရှင်နေရသလိုပင် ခံစားခဲ့ရပြီးညတိုင်း
အိပ်ရင်း ငိုခဲ့ရတယ်၊သူမအတွက် ဖြစ်ပျက်ခဲ့တာတွေက မဖြစ်နိုင်သလိုရယ်စရာကောင်းနေခဲ့ခြင်းကြောင့်သာဖြစ်သည်၊ဒီအရာတွေကိုအရင်ကလို သူမအစ်မတွေ ဖန်တီးခဲ့တဲ့နောက်ပြောင်မှုတစ်ခုသာဖြစ်‌လိုက်စေချင်သည်။

"သခင်မလေး,မင်းသမီးက သခင်မလေးကို နန်းတော်ဆီလာခဲ့ဖို့အခေါ်တော်လွှတ်လိုက်ပါတယ်"

ကျင်းအာက ဒီခန္တာကိုယ်ရဲ့သစ္စာရှိအ‌စေခံမလေးပါ,သူမကတော့ စာကိုကျွန်မရှေ့မှာလာပြနေပေမယ့် သူမဆီကစာကိုဖတ်ဖို့စိတ်မ၀င်စားဘဲ သောက်လက်စလက်ဖက်ရည်ကိုသာဆက်သောက်နေမိတယ်။

ကျွန်မသူငယ်ချင်းက ဖတ်‌ဖို့ပြောထားတဲ့ "ဧကရာဇ် နဲ့ ကျွန်မ" လို့ ခေါ်တဲ့အချစ်ဝတ္ထုတစ်ပုဒ်ထဲကို ဝိညဉ်ကူးပြောင်းလာခဲ့တယ်။ဇာတ်လမ်း ဇာတ်ကွက်ကသိပ်မထူးခြားပေမယ့်web appမှာတော့စာဖတ်သူပေါင်းသိန်းနဲ့ချီရှိတယ်။

ချူအင်ပါယာကို သိမ်းပိုက်ပြီးနောက် အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်နှင့်တွေ့ပြီး မြင်မြင်ချင်းချစ်မိသွားခဲ့တယ်၊အဲဒါက psychomasochistic အချစ်ဇာတ်လမ်းမျိုးပါပဲ။

လီဟန်;အမျိုးသားဇာတ်‌ဆောင် လီအင်ပါယာ၏စတုတ္ထမင်းသားတစ်ယောက်၊ရန်သူ့မင်းသမီးချူဝမ်ဝမ်,အမျိုးသမီးဇာတ်ဆောင်,ချူအင်ပါယာ၏ဒုတိယမြောက်မင်းသမီး၊ အကျဉ်းသားတစ်‌ယောက်ဖြစ်ပေမဲ့လို့ စတုတ္ထမင်းသားရဲ့အကာအကွယ်အောက်မှာ မင်းသမီး ၀မ်ဝမ်ဟာ နန်းတော်အတွင်းသက်တောင့်သက်သာနေထိုင်ခဲ့ရတယ်။အဲ့ဒါကြောင့်နဲ့ပဲအင်ပါယာတစ်ခုလုံးမှာကောလဟာလတွေလည်း အများကြီးဖြစ်စေခဲ့တယ်။

အဆုံးမှာတော့ လီဟန်ကဧကရာဇ်တစ်ပါးဖြစ်လာပြီး ချူဝမ်ဝမ်ကိုလည်းဧကရီအဖြစ် သရဖူဆောင်း‌စေခဲ့တယ်။

နောက်တော့ သူတို့ဟာ ထာဝရပျော်ရွှင်စွာ နေထိုင်သွားကြတယ် ပြီးပါပြီ။

ပျင်းစရာကောင်းတဲ့ ဇာတ်ကြောင်းကြောင့် သူမနှုတ်ခမ်းတောင်တွန့်သွားမိသည်။

ကျင်းအာသည်သူမသခင်မလေး၏ဆံပင်ရှည်များကို ညင်သာစွာဖြီးပေးနေပြီးနှုတ်ခမ်းကတော့ဆက်လက်လှုပ်ရှားနေသေးသည်။ဒီကောင်မလေးကတော့ စကားအရမ်းများတယ်၊ ကျင်းအာ၏ မျက်လုံးများသည်တောက်ပနေပြီး သခင်အားသစ္စရှိမှုနဲ့လေးစားမှုကို ပြသနေသည်၊ကျင်းအာကလက်ကမ်းလိုက်ပြီး ထုံးစံအတိုင်းကျွန်မကိုရထားလုံးပေါ်တက်ဖို့ကူညီပေးသည်။

"သခင်မလေးက အရမ်းလှတာပဲ၊ဒီအဖြူရောင်ဝတ်စုံလေးနဲ့ နတ်သမီးလေးကျနေဝာပဲ၊သခင်မလေးရဲ့အလှကိုတော့ မင်းသားတွေရော မင်းသမီးတွေပါထပ်ပြီးအံ့အားသင့်စေမှာ အမှန်ပဲ"

ဒီကိုရောက်တာ နှစ်နှစ်ကျော်သွားပေမယ့် ရထားလုံးတွေနဲ့အခုထိအသားမကျသေးဘူး၊ ပထမတော့ အပြင်ထွက်တိုင်းပျို့အန်ပြီးမူးဝေနေခဲ့တယ်၊ဒါပေမယ့် အခုကအရင်ကလောက်တော့သိပ်မဆိုးတော့ဆိုပေမယ့်နေသားမကျသေးတာတော့အမှန်ပဲ။

'အာ! ကားတစ်စီးနဲ့သာ လဲလိုက်ချင်တော့တယ်'

နန်းတော်ကို သွားရတာတစ်နာရီလောက်ကြာတယ်၊မျက်နှာချေမှုန့်တွေသာမပါရင် ကျွန်မရဲ့ဖြူဖျော့နေတဲမျက်နှာကိုမြင်ပြီး ကျင်းအာထပ်စိုးရိမ်လာမှာအသေအချာပင်။

"မိန်းကလေး ပိုင်၊နင်ကဒီမှာပဲ!" လီချာက လှမ်းအော်လိုက်သည်၊လီအင်ပါယာ၏ သတ္တမမြောက်မင်းသမီး လီချာ၊မင်းသမီးလီချာက သူမကို နှင်းဆီဥယျာဉ်သို့စိတ်လှုပ်ရှားစွာဆွဲခေါ်သွားတော့သည်။

လီအင်ပါယာ၏ သတ္တမမြောက်မင်းသမီးသည် ပိုင်စုရှင်း ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်၊ သူမသည် ပျော်ပျော်နေတတ်သူဖြစ်ပြီး သူမ၏အဆုံးသတ်ကတော့ ထိုမျှလောက်မကောင်းခဲ့ပါ၊ဝတ္ထုထဲမှာ သူမအားလက်ထပ်ပေါင်းစည်းရန်အတွက် ဒူ အင်ပါယာသို့ပေးပို့ခံခဲ့ရသည်၊သူမ၏ခင်ပွန်းကတော့ရည်မှန်းချက်ကြီးသည့် ဒူမင်းသား ဒူကိုင်ဖြစ်သည်။

"ဘာတွေစောင့်နေတာလဲ?,လာလေ"

အဝေးကပင် မင်းသားများ၏ရယ်သံကို ကြားနေရသည်။

"ဆယ်ယောက်မြောက်အစ်ကိုတော်,ညီမတို့ရောက်ပြီ"

ပိုင်စုရှင်း အိမ်ရှေ့စံမင်းသားအားဂုဏ်သရေရှိစွာနှုတ်ဆက်လိုက်သည်။

"မိန်းကလေး ပိုင်,ကျွန်တော်ပြောထားတယ်‌လေ၊ကျွန်တော်တို့ကသူငယ်ချင်းတွေပဲကိုအဲ့လောက် စည်းစနစ်ကျဖို့မလိုပါဘူးလို့"အိမ်ရှေ့မင်းသား လီရွေ့ကသူမအားပြုံးပြနေသည်ပြီးတော့သူ့၏ပါးပြင်သည်လည်းနီမြန်းလာတော့သည်။

"အိမ်ရှေ့စံအစ်ကိုတော်,မိန်းကလေးပိုင်ကို စိုက်ကြည့်နေတာရပ်လိုက်ပါတော့ ဟွန့်"

"ငါ..ငါ စိုက်မကြည့်ပါဘူး" "အစ်ကိုကြည့်ပါတယ်" နှစ်ယောက်သား မိနစ်အနည်းငယ်ကြာ ငြင်းခုံနေကြပြီးနောက်ဆုံးမှာတော့လီချာက အနိုင်ရသွားသည်။

"အိုး.. သူဒီမှာလား?" လူတိုင်းပြုံးနေကြသည်၊လက်ထဲတွင် ကြိမ်ဘောလုံးကိုင်ထားတဲ့လူငယ်လေးကသူမတို့အနားသို့ ရောက်လာသည်၊ထိုလူငယ်လေး၏အကြည့်များသည်မြေပြင်ပေါ်သို့ ရောက်နေသည်၊ထို့နှင့်လည်းအေးစက်သော အမူအရာနှင့်ပိန်ပိန်ပါးပါးကိုယ်ခန္တာရှိပြီး ထိုလူငယ်လေးမှာအသက်ဆယ့်ငါးနှစ်အရွယ်စတုတ္ထမင်းသားလီဟန်ဖြစ်သည်၊လီဟန်သည်ဘောလုံးကိုလီရွေ့အား ရို‌သစွာပေးလိုက်၏။

အမျိုးသားဇာတ်ဆောင်တွင် သနားစရာကလေးဘဝရှိသည်၊လီဟန်သည် ဧကရာဇ်မဖြစ်လာမီ သူ၏မွေးချင်းဝမ်းကွဲများ၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရပြီး 'ခွေးမင်းသား'ဟု အမည်ပေးကာလှောင်ပြောင်ခြင်းလည်းခံခဲ့ရသည်။

လီရွေ့က ပြုံးလိုက်ပြီးဘောလုံးကိုယူကာရေကန်ထဲ ပစ်ချလိုက်သည်။လူတိုင်းဟားတိုက်ကာရယ်မောကြလေတော့သည်။

တင်းမာခက်ထန်‌နေသောအမူအရာဖြင့်အံကြိတ်နေသည့် လီဟန်သည်လေ့ကျင့်သင်ကြားထားသည့် ခွေးတစ်ကောင်ကဲ့သို့ပင်ဘောလုံးယူရန် ရေကန်ထဲသို့ မဆိုင်းမတွခုန်ဆင်းလိုက်သည်။

ဆောင်းဝင်ခါနီးပြီမို့ ရေကအရမ်းအေးနေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လီဟန်သည် တုန်တုန်ယင်ယင်လက်ဖြင့် ဘောလုံးကို လီရွေ့ထံပေးလေသည်။

လီရွေ့က ဗိုက်ကိုကိုင်ပြီဟက်ဟက်ပက်ပက်ရယ်မောလေသည်"တော်တယ်ကောင်လေး" ထို့နောက်ကျေနပ်စွာနဲ့ လီရွေ့ကသူမတို့ကိုသူ၏ခြံဝင်းထဲတွင်ကစားရန် ဖိတ်ခေါ်လိုက်သည်။

အားလုံးထွက်သွားပြီးနောက် လီဟန် ဒူးထောက်ကျသွားသည်၊ပိုင်စုရှင်း သူ့ဆီလျှောက်သွားပြီး တုန်တုန်ယင်ယင်ဖြစ်နေတယ့် အမျိုးသားဇာတ်ဆောင်ရှေ့မှာရပ်ကာနားလည်သွားသည်။

ဇာတ်လမ်းမစခင် နှစ်နှစ်လောက်မှာသူမကူးပြောင်းလာခဲ့သည်၊လီဟန်ဟာသူ့ရဲ့ ပင်ကိုယ်စိတ်ရင်းအမှန်နဲ့ ရည်မှန်းချက်ကို ဖုံးကွယ်ထားဆဲဖြစ်ပြီးအနိုင်ကျင့်ခံနေခဲ့တာဖြစ်သည်။

ဒီခန္တာကိုယ်က ဝဲဘက်အမတ်ချုပ်ပိုင်၏ အကြီးဆုံးသမီးဖြစ်ပြီးဗီလိန်မဖြစ်သည့် ပိုင်စုရှင်းပိုင်ဆိုင်သည်၊ငယ်စဉ်ကတည်းက ပိုင်စုရှင်း သည် အခြားမင်းသားများကဲ့သို့ပင် လီဟန်အား အနိုင်ကျင့်ခြင်းကိုနှစ်သက်သူတစ်ယောက်ဖြစ်သည်၊ဝတ္ထုထဲတွင် လီဟန်သည်လူတိုင်းကို မုန်းတီးခဲ့ပြီးပိုင်စုရှင်းကတော့သူအရိုးထဲထိမုန်းသောသူတစ်ယောက်ဖြစ်သည်၊သူမရဲ့အဆုံးသတ်ကတော့လီဟန်သည် အဆိပ်ရှိတဲ့ လက်ဖက်ရည်တစ်ခွက်ကိုသူမအားပေးခဲ့သည်။

"ကျစ်.. အရမ်းသနားစရာကောင်းတာပဲ"

ပိုင်စုရှင်းသူမပခုံးပေါ်ရှိ အဖြူရောင်ဝတ်ရုံကို ဖယ်လိုက်ပြီး သူ့ပခုံးပေါ်သို့ပစ်တင်ပေးလိုက်သည်။

ကျင်းအာက မျက်မှောင်ကြုတ်လိုက်သည် "သခင်-" ဆက်မပြောရန် သူမအားမျက်လုံးနဲ့အရိပ်အကဲပြလိုက်သည်၊ကျင်းအာကတော့ မကျေမနပ်ဖြင့် နှုတ်ခမ်းစူသွား၏။

"ငါပြောပြီးပြီ မင်းငါ့ကိုသနားစရာ မလိုဘူး" အံကြိတ်လျက်ဖြင့်လီဟန်မော့ကြည့်ကာ ဓားသွားကဲ့သို့စူးရှသောမျက်၀န်းများဖြင့်စိုက်ကြည့်လေသည်။

ပိုင်စုရှင်းနှုတ်ခမ်းထောင့်စွန်းများအဆုံးထိအောင်ပြုံးလိုက်ပြီးသူ့ကို လှောင်ပြောင်လိုက်သည် "သနားခြင်းကသာ ရှင်အသက်ရှင်နေသေးတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ပဲ၊ကျွန်မပြောတာမှန်တယ်မလား,စတုတ္ထမြောက်မင်းသား?"

လီဟန် လက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း"ပိုင်စုရှင်း"

"တကယ်လို့ တခြားသူတွေရဲ့ သနားမှုကို မလိုချင်ဘူးဆိုရင်လည်း ဘာလို့‌သေဖို့မရွေးချယ်လဲ?သေလိုက်ရင်ဒုက္ခတွေလည်းမရှိတော့ဘူး၊ပြီးတော့ ခွေးမင်းသားလေးလို အရှက်ကင်းမဲ့ပြီး ခက်ခက်ခဲခဲ နေထိုင်နေစရာလည်းမလိုတော့ဘူးလေ"

"ပါးစပ်ပိတ်ထား"

"ရှင့်ရဲ့ မြင့်မြတ်မှုကသနားစရာပဲ၊ရှင့်ရဲ့ဘဝကိုရှင်ကမုန်းတီးနေသလို..တစ်ဖက်ကလည်းတန်ဖိုးထားချင်နေသေးတယ်"ပိုင်စုရှင်းရယ်မောကာပြောလိုက်သည်။

***

[Zawgyi]

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က သူမကသာမန္႐ုံးဝန္ထမ္းတစ္ေယာက္ပါ၊ဒါေပမယ့္ တစ္ေန႔မွာေတာ့ တ႐ုတ္ေ႐ွးေခတ္ဝတ္စုံဝတ္ထားရင္း ေ႐ွးက်တဲ့ကုတင္တစ္ခုေပၚမွာႏိုးလာခဲ့တယ္။

လအနည္းငယ္ၾကာသည္ထိကို၊အိပ္မက္ဆိုးထဲမွာ အသက္႐ွင္ေနရသလိုပင္ ခံစားခဲ့ရၿပီးညတိုင္း
အိပ္ရင္း ငိုခဲ့ရတယ္၊သူမအတြက္ ျဖစ္ပ်က္ခဲ့တာေတြက မျဖစ္ႏိုင္သလိုရယ္စရာေကာင္းေနခဲ့ျခင္းေၾကာင့္သာျဖစ္သည္၊ဒီအရာေတြကိုအရင္ကလို သူမအစ္မေတြ ဖန္တီးခဲ့တဲ့ေနာက္ေျပာင္မႈတစ္ခုသာျဖစ္‌လိုက္ေစခ်င္သည္။

"သခင္မေလး,မင္းသမီးက သခင္မေလးကို နန္းေတာ္ဆီလာခဲ့ဖို႔အေခၚေတာ္လႊတ္လိုက္ပါတယ္"

က်င္းအာက ဒီခႏၲာကိုယ္ရဲ႕သစၥာ႐ွိအ‌ေစခံမေလးပါ,သူမကေတာ့ စာကိုကြၽန္မေ႐ွ႕မွာလာျပေနေပမယ့္ သူမဆီကစာကိုဖတ္ဖို႔စိတ္မ၀င္စားဘဲ ေသာက္လက္စလက္ဖက္ရည္ကိုသာဆက္ေသာက္ေနမိတယ္။

ကြၽန္မသူငယ္ခ်င္းက ဖတ္‌ဖို႔ေျပာထားတဲ့ "ဧကရာဇ္ နဲ႔ ကြၽန္မ" လို႔ ေခၚတဲ့အခ်စ္ဝတၳဳတစ္ပုဒ္ထဲကို ဝိညဥ္ကူးေျပာင္းလာခဲ့တယ္။ဇာတ္လမ္း ဇာတ္ကြက္ကသိပ္မထူးျခားေပမယ့္web appမွာေတာ့စာဖတ္သူေပါင္းသိန္းနဲ႔ခ်ီ႐ွိတယ္။

ခ်ဴအင္ပါယာကို သိမ္းပိုက္ၿပီးေနာက္ အမ်ိဳးသားဇာတ္ေဆာင္က အမ်ိဳးသမီးဇာတ္ေဆာင္ႏွင့္ေတြ႕ၿပီး ျမင္ျမင္ခ်င္းခ်စ္မိသြားခဲ့တယ္၊အဲဒါက psychomasochistic အခ်စ္ဇာတ္လမ္းမ်ိဳးပါပဲ။

လီဟန္;အမ်ိဳးသားဇာတ္‌ေဆာင္ လီအင္ပါယာ၏စတုတၳမင္းသားတစ္ေယာက္၊ရန္သူ႕မင္းသမီးခ်ဴဝမ္ဝမ္,အမ်ိဳးသမီးဇာတ္ေဆာင္,ခ်ဴအင္ပါယာ၏ဒုတိယေျမာက္မင္းသမီး၊ အက်ဥ္းသားတစ္‌ေယာက္ျဖစ္ေပမဲ့လို႔ စတုတၳမင္းသားရဲ႕အကာအကြယ္ေအာက္မွာ မင္းသမီး ၀မ္ဝမ္ဟာ နန္းေတာ္အတြင္းသက္ေတာင့္သက္သာေနထိုင္ခဲ့ရတယ္။အဲ့ဒါေၾကာင့္နဲ႔ပဲအင္ပါယာတစ္ခုလုံးမွာေကာလဟာလေတြလည္း အမ်ားႀကီးျဖစ္ေစခဲ့တယ္။

အဆုံးမွာေတာ့ လီဟန္ကဧကရာဇ္တစ္ပါးျဖစ္လာၿပီး ခ်ဴဝမ္ဝမ္ကိုလည္းဧကရီအျဖစ္ သရဖူေဆာင္း‌ေစခဲ့တယ္။

ေနာက္ေတာ့ သူတို႔ဟာ ထာဝရေပ်ာ္႐ႊင္စြာ ေနထိုင္သြားၾကတယ္ ၿပီးပါၿပီ။

ပ်င္းစရာေကာင္းတဲ့ ဇာတ္ေၾကာင္းေၾကာင့္ သူမႏႈတ္ခမ္းေတာင္တြန္႔သြားမိသည္။

က်င္းအာသည္သူမသခင္မေလး၏ဆံပင္႐ွည္မ်ားကို ညင္သာစြာၿဖီးေပးေနၿပီးႏႈတ္ခမ္းကေတာ့ဆက္လက္လႈပ္႐ွားေနေသးသည္။ဒီေကာင္မေလးကေတာ့ စကားအရမ္းမ်ားတယ္၊ က်င္းအာ၏ မ်က္လုံးမ်ားသည္ေတာက္ပေနၿပီး သခင္အားသစၥ႐ွိမႈနဲ႔ေလးစားမႈကို ျပသေနသည္၊က်င္းအာကလက္ကမ္းလိုက္ၿပီး ထုံးစံအတိုင္းကြၽန္မကိုရထားလုံးေပၚတက္ဖို႔ကူညီေပးသည္။

"သခင္မေလးက အရမ္းလွတာပဲ၊ဒီအျဖဴေရာင္ဝတ္စုံေလးနဲ႔ နတ္သမီးေလးက်ေနဝာပဲ၊သခင္မေလးရဲ႕အလွကိုေတာ့ မင္းသားေတြေရာ မင္းသမီးေတြပါထပ္ၿပီးအံ့အားသင့္ေစမွာ အမွန္ပဲ"

ဒီကိုေရာက္တာ ႏွစ္ႏွစ္ေက်ာ္သြားေပမယ့္ ရထားလုံးေတြနဲ႔အခုထိအသားမက်ေသးဘူး၊ ပထမေတာ့ အျပင္ထြက္တိုင္းပ်ိဳ႕အန္ၿပီးမူးေဝေနခဲ့တယ္၊ဒါေပမယ့္ အခုကအရင္ကေလာက္ေတာ့သိပ္မဆိုးေတာ့ဆိုေပမယ့္ေနသားမက်ေသးတာေတာ့အမွန္ပဲ။

'အာ! ကားတစ္စီးနဲ႔သာ လဲလိုက္ခ်င္ေတာ့တယ္'

နန္းေတာ္ကို သြားရတာတစ္နာရီေလာက္ၾကာတယ္၊မ်က္ႏွာေခ်မႈန္႔ေတြသာမပါရင္ ကြၽန္မရဲ႕ျဖဴေဖ်ာ့ေနတဲမ်က္ႏွာကိုျမင္ၿပီး က်င္းအာထပ္စိုးရိမ္လာမွာအေသအခ်ာပင္။

"မိန္းကေလး ပိုင္၊နင္ကဒီမွာပဲ!" လီခ်ာက လွမ္းေအာ္လိုက္သည္၊လီအင္ပါယာ၏ သတၱမေျမာက္မင္းသမီး လီခ်ာ၊မင္းသမီးလီခ်ာက သူမကို ႏွင္းဆီဥယ်ာဥ္သို႔စိတ္လႈပ္႐ွားစြာဆြဲေခၚသြားေတာ့သည္။

လီအင္ပါယာ၏ သတၱမေျမာက္မင္းသမီးသည္ ပိုင္စု႐ွင္း ၏အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သည္၊ သူမသည္ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ၿပီး သူမ၏အဆုံးသတ္ကေတာ့ ထိုမွ်ေလာက္မေကာင္းခဲ့ပါ၊ဝတၳဳထဲမွာ သူမအားလက္ထပ္ေပါင္းစည္းရန္အတြက္ ဒူ အင္ပါယာသို႔ေပးပို႔ခံခဲ့ရသည္၊သူမ၏ခင္ပြန္းကေတာ့ရည္မွန္းခ်က္ႀကီးသည့္ ဒူမင္းသား ဒူကိုင္ျဖစ္သည္။

"ဘာေတြေစာင့္ေနတာလဲ?,လာေလ"

အေဝးကပင္ မင္းသားမ်ား၏ရယ္သံကို ၾကားေနရသည္။

"ဆယ္ေယာက္ေျမာက္အစ္ကိုေတာ္,ညီမတို႔ေရာက္ၿပီ"

ပိုင္စု႐ွင္း အိမ္ေ႐ွ႕စံမင္းသားအားဂုဏ္သေရ႐ွိစြာႏႈတ္ဆက္လိုက္သည္။

"မိန္းကေလး ပိုင္,ကြၽန္ေတာ္ေျပာထားတယ္‌ေလ၊ကြၽန္ေတာ္တို႔ကသူငယ္ခ်င္းေတြပဲကိုအဲ့ေလာက္ စည္းစနစ္က်ဖို႔မလိုပါဘူးလို႔"အိမ္ေ႐ွ႕မင္းသား လီေ႐ြ႕ကသူမအားျပဳံးျပေနသည္ၿပီးေတာ့သူ႕၏ပါးျပင္သည္လည္းနီျမန္းလာေတာ့သည္။

"အိမ္ေ႐ွ႕စံအစ္ကိုေတာ္,မိန္းကေလးပိုင္ကို စိုက္ၾကည့္ေနတာရပ္လိုက္ပါေတာ့ ဟြန္႔"

"ငါ..ငါ စိုက္မၾကည့္ပါဘူး" "အစ္ကိုၾကည့္ပါတယ္" ႏွစ္ေယာက္သား မိနစ္အနည္းငယ္ၾကာ ျငင္းခုံေနၾကၿပီးေနာက္ဆုံးမွာေတာ့လီခ်ာက အႏိုင္ရသြားသည္။

"အိုး.. သူဒီမွာလား?" လူတိုင္းျပဳံးေနၾကသည္၊လက္ထဲတြင္ ႀကိမ္ေဘာလုံးကိုင္ထားတဲ့လူငယ္ေလးကသူမတို႔အနားသို႔ ေရာက္လာသည္၊ထိုလူငယ္ေလး၏အၾကည့္မ်ားသည္ေျမျပင္ေပၚသို႔ ေရာက္ေနသည္၊ထို႔ႏွင့္လည္းေအးစက္ေသာ အမူအရာႏွင့္ပိန္ပိန္ပါးပါးကိုယ္ခႏၲာ႐ွိၿပီး ထိုလူငယ္ေလးမွာအသက္ဆယ့္ငါးႏွစ္အ႐ြယ္စတုတၳမင္းသားလီဟန္ျဖစ္သည္၊လီဟန္သည္ေဘာလုံးကိုလီေ႐ြ႕အား ႐ို‌သစြာေပးလိုက္၏။

အမ်ိဳးသားဇာတ္ေဆာင္တြင္ သနားစရာကေလးဘဝ႐ွိသည္၊လီဟန္သည္ ဧကရာဇ္မျဖစ္လာမီ သူ၏ေမြးခ်င္းဝမ္းကြဲမ်ား၏အႏိုင္က်င့္ျခင္းကို ခံခဲ့ရၿပီး 'ေခြးမင္းသား'ဟု အမည္ေပးကာေလွာင္ေျပာင္ျခင္းလည္းခံခဲ့ရသည္။

လီေ႐ြ႕က ျပဳံးလိုက္ၿပီးေဘာလုံးကိုယူကာေရကန္ထဲ ပစ္ခ်လိုက္သည္။လူတိုင္းဟားတိုက္ကာရယ္ေမာၾကေလေတာ့သည္။

တင္းမာခက္ထန္‌ေနေသာအမူအရာျဖင့္အံႀကိတ္ေနသည့္ လီဟန္သည္ေလ့က်င့္သင္ၾကားထားသည့္ ေခြးတစ္ေကာင္ကဲ့သို႔ပင္ေဘာလုံးယူရန္ ေရကန္ထဲသို႔ မဆိုင္းမတြခုန္ဆင္းလိုက္သည္။

ေဆာင္းဝင္ခါနီးၿပီမို႔ ေရကအရမ္းေအးေနသည္။

မိနစ္အနည္းငယ္ၾကာၿပီးေနာက္ လီဟန္သည္ တုန္တုန္ယင္ယင္လက္ျဖင့္ ေဘာလုံးကို လီေ႐ြ႕ထံေပးေလသည္။

လီေ႐ြ႕က ဗိုက္ကိုကိုင္ၿပီဟက္ဟက္ပက္ပက္ရယ္ေမာေလသည္"ေတာ္တယ္ေကာင္ေလး" ထို႔ေနာက္ေက်နပ္စြာနဲ႔ လီေ႐ြ႕ကသူမတို႔ကိုသူ၏ျခံဝင္းထဲတြင္ကစားရန္ ဖိတ္ေခၚလိုက္သည္။

အားလုံးထြက္သြားၿပီးေနာက္ လီဟန္ ဒူးေထာက္က်သြားသည္၊ပိုင္စု႐ွင္း သူ႕ဆီေလွ်ာက္သြားၿပီး တုန္တုန္ယင္ယင္ျဖစ္ေနတယ့္ အမ်ိဳးသားဇာတ္ေဆာင္ေ႐ွ႕မွာရပ္ကာနားလည္သြားသည္။

ဇာတ္လမ္းမစခင္ ႏွစ္ႏွစ္ေလာက္မွာသူမကူးေျပာင္းလာခဲ့သည္၊လီဟန္ဟာသူ႕ရဲ႕ ပင္ကိုယ္စိတ္ရင္းအမွန္နဲ႔ ရည္မွန္းခ်က္ကို ဖုံးကြယ္ထားဆဲျဖစ္ၿပီးအႏိုင္က်င့္ခံေနခဲ့တာျဖစ္သည္။

ဒီခႏၲာကိုယ္က ဝဲဘက္အမတ္ခ်ဳပ္ပိုင္၏ အႀကီးဆုံးသမီးျဖစ္ၿပီးဗီလိန္မျဖစ္သည့္ ပိုင္စု႐ွင္းပိုင္ဆိုင္သည္၊ငယ္စဥ္ကတည္းက ပိုင္စု႐ွင္း သည္ အျခားမင္းသားမ်ားကဲ့သို႔ပင္ လီဟန္အား အႏိုင္က်င့္ျခင္းကိုႏွစ္သက္သူတစ္ေယာက္ျဖစ္သည္၊ဝတၳဳထဲတြင္ လီဟန္သည္လူတိုင္းကို မုန္းတီးခဲ့ၿပီးပိုင္စု႐ွင္းကေတာ့သူအ႐ိုးထဲထိမုန္းေသာသူတစ္ေယာက္ျဖစ္သည္၊သူမရဲ႕အဆုံးသတ္ကေတာ့လီဟန္သည္ အဆိပ္႐ွိတဲ့ လက္ဖက္ရည္တစ္ခြက္ကိုသူမအားေပးခဲ့သည္။

"က်စ္.. အရမ္းသနားစရာေကာင္းတာပဲ"

ပိုင္စု႐ွင္းသူမပခုံးေပၚ႐ွိ အျဖဴေရာင္ဝတ္႐ုံကို ဖယ္လိုက္ၿပီး သူ႕ပခုံးေပၚသို႔ပစ္တင္ေပးလိုက္သည္။

က်င္းအာက မ်က္ေမွာင္ၾကဳတ္လိုက္သည္ "သခင္-" ဆက္မေျပာရန္ သူမအားမ်က္လုံးနဲ႔အရိပ္အကဲျပလိုက္သည္၊က်င္းအာကေတာ့ မေက်မနပ္ျဖင့္ ႏႈတ္ခမ္းစူသြား၏။

"ငါေျပာၿပီးၿပီ မင္းငါ့ကိုသနားစရာ မလိုဘူး" အံႀကိတ္လ်က္ျဖင့္လီဟန္ေမာ့ၾကည့္ကာ ဓားသြားကဲ့သို႔စူး႐ွေသာမ်က္၀န္းမ်ားျဖင့္စိုက္ၾကည့္ေလသည္။

ပိုင္စု႐ွင္းႏႈတ္ခမ္းေထာင့္စြန္းမ်ားအဆုံးထိေအာင္ျပဳံးလိုက္ၿပီးသူ႕ကို ေလွာင္ေျပာင္လိုက္သည္ "သနားျခင္းကသာ ႐ွင္အသက္႐ွင္ေနေသးတဲ့ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ပဲ၊ကြၽန္မေျပာတာမွန္တယ္မလား,စတုတၳေျမာက္မင္းသား?"

လီဟန္ လက္ေတြကိုက်စ္က်စ္ပါေအာင္ဆုပ္ထားရင္း"ပိုင္စု႐ွင္း"

"တကယ္လို႔ တျခားသူေတြရဲ႕ သနားမႈကို မလိုခ်င္ဘူးဆိုရင္လည္း ဘာလို႔‌ေသဖို႔မေ႐ြးခ်ယ္လဲ?ေသလိုက္ရင္ဒုကၡေတြလည္းမ႐ွိေတာ့ဘူး၊ၿပီးေတာ့ ေခြးမင္းသားေလးလို အ႐ွက္ကင္းမဲ့ၿပီး ခက္ခက္ခဲခဲ ေနထိုင္ေနစရာလည္းမလိုေတာ့ဘူးေလ"

"ပါးစပ္ပိတ္ထား"

"႐ွင့္ရဲ႕ ျမင့္ျမတ္မႈကသနားစရာပဲ၊႐ွင့္ရဲ႕ဘဝကို႐ွင္ကမုန္းတီးေနသလို..တစ္ဖက္ကလည္းတန္ဖိုးထားခ်င္ေနေသးတယ္"ပိုင္စု႐ွင္းရယ္ေမာကာေျပာလိုက္သည္။

***

Continue Reading

You'll Also Like

706K 38K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
412K 79.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
15.4K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
174K 19.1K 50
𝖡𝗎𝗋𝗆𝖾𝗌𝖾 𝖳𝗋𝖺𝗇𝗌𝗅𝖺𝗍𝗂𝗈𝗇 𝗈𝖿 "𝖠 𝖫𝗈𝗏𝖾 𝖲𝗉𝖺𝗋𝗄𝖾𝖽 𝖻𝗒 𝖠 𝖯𝖺𝗂𝗋 𝗈𝖿 𝖴𝗇𝖽𝖾𝗋𝗐𝖾𝖺𝗋". 𝖮𝗋𝗂𝗀𝗂𝗇𝖺𝗅 𝖭𝖺𝗆𝖾 : 一条内裤引发的...