LOVE ME,OK![Complete]

By M-O-N-E

191K 17.7K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-Final

Episode-40

5.2K 376 52
By M-O-N-E

♡Unicode version♡



"မစ္စတာရှောင်းကျန့်ရှင့်!...accidentကြောင့်အတိတ်မေ့ဝေဒနာခံစားနေရတယ်ဆိုတာတကယ်ပဲလားရှင့်!..."

"ဖြေပေးပါရှင့်!..."

"ဒီအကြောင်းကိုDigital groupက ရှယ်ယာရှင်တွေသိထားပြီသားလားရှင့်!..."

"မစ္စတာ ကျေးဇူးပြုပြီး ဖြေရှင်းချက်လေးပေးပါလားခမျ!..."

ရှောင်းကျန့်ကုမ္ပဏီရှေ့ခြေချရုံရှိသေးအကြောင်းအရာတခုခုကိုအတင်းတိုးဝှေ့မေးလာကြသည့်mediaသတင်းသမားတွေ။သူက အတိတ်မေ့နေတာတဲ့လား။ရှောင်းကျန့် ရုတ်တရက်မို့မတွေးတတ်စွာ သူ့အားအပြေးလာထွက်ကြိုသည့်လီလီကို မေးခွန်းထုတ်သလိုကြည့်တော့ အလိုလိုခေါင်းငုပ်သွားတာမို့ရှောင်းကျန့်မျက်ခုံးတန်းတွေစုကျုံ့သွားရတယ်။

"ကျေးဇူးပြုပြီး ဖယ်ပေးကြပါရှင့်!..."

"ဥက္ကဠက interviewဖြေဖို့အစီစဥ်မရှိသေးပါဘူး!..."

"ကုမ္ပဏီက ကြေငြာချက်ထုတ်ပြန်မှာမို့အခုတော့ပြန်နိုင်ပါပြီရှင့်!..."

လီလီ လုံခြုံရေးဝန်ထမ်းတွေအကူညီဖြင့် ကုမ္ပဏီရှေ့ကသတင်းသမားတွေကိုခက်ခက်ခဲခဲရှင်းပစ်ကာ ရှောင်းကျန့်ကိုလည်းရုံးခန်းထဲလျှောလျှောရှူရှူရောက်အောင်အတော်ကြိုးပမ်းလိုက်ရတယ်။

"ဒီကိစ္စကိုဘာကြောင့် ငါမသိရတာလဲလီလီ!..."

ရုံးခန်းထဲရောက်ရောက်ချင်းရှောင်းကျန့်စီးမေးသည့်မေးခွန်းကြောင့်လီလီခေါင်းမွှေးပင်ထောင်ချင်လာတယ်။

"ဥက္ကဠရဲ့မိခင် မစ္စစ်ထရီကာက ဒီသတင်းကိုသူရှင်းမှာမို့ဥက္ကဠကိုအလုပ်မများစေနဲ့ပြောလာလို့ပါ...လီလီ သတင်းတွေ့တွေ့ချင်းဥက္ကဠစီအကြောင်းကြားမလို့ပါပဲ...ဒါပေမဲ့..."

"ရပြီလီလီ!...ကျစ်!..."

ရှောင်းကျန့်စုပ်သပ်ရင်း သူ့ရင်ထဲရှောင်းမားအတွက်မေးခွန်းတချို့ရှိလာသလို ကမ်းခြေကိုရောက်နေသည့်သုံးရက်စလုံး mediaလောကနဲ့အဆက်အသွယ်ပြတ်နေမိသည့်မိမိကိုယ်ကိုပဲအပြစ်တင်မိတယ်။အလုပ်မှာစိတ်နှစ်ရင်း personal caseတွေအတွက် အချိန်လုံလုံလောက်လောက်မပေးနိုင်ခဲ့ဘူးမလား။

"လီလီ!..."

"ပြောပါဥက္ကဠ..."

"ဒီနေ့နေ့လယ်မှာပဲရှယ်ရာရှင်အစည်းဝေးလုပ်ဖို့စီစဥ်ပေးပါ!...ခုချိန် သူတို့ငါ့စီကဖြေရှင်းချက်ကြားချင်နေကြမှာပဲ..."

"လီလီဆောင်ရွက်လိုက်ပါ့မယ် ဥက္ကဠ..."

ရုံးခန်းထဲမှလီလီထွက်သွားပြီးတဲ့အချိန်အတော်ကြာထိရှောင်းကျန့်တယောက်အတွေးများနေမိတုန်း။မှန်ကြည်တွေကာရံထားသည့် ရုံးခန်းနံရံတွေနားသွားကာ လမ်းမထက်သွားလာလှုပ်ရှားနေသည့်ယဥ်အမျိုးမျိုးကိုငေးကြည့်နေရင်းမှ မိမိကိုယ်ကိုမြင်အောင်ပြန်ကြည့်မိတယ်။

မှန်နံရံတွေမှာထင်ဟတ်နေသည့်ရှောင်းကျန့်ပုံရိပ်က ရုံးတက်suiteနှင့် တကယ်ကိုခန့်ခန့်ညားညား။မျက်နှာချောချောထက်ဝေခွဲမရမှုတွေပြည့်နှက်နေပြီး အတွေးတချို့က အကိုလို့ခေါ်တတ်တဲ့ကောင်လေးတစ်ယောက်စီ ရောက်ရောက်သွားတတ်တယ်။တည်ငြိမ်သယောင်မျက်ဝန်းတွေထဲ တစုံတယောက်ကို လွမ်းဆွတ်သတိရခြင်းတွေလည်းရောယှက်ပါဝင်နေခဲ့ပါတယ်။


_____


အဝါရောင်ထီးလေးတစ်ချောင်း၊ကာတွန်းရုပ်လေးတွေနဲ့အနာကပ်ပလာစတာလေးတွေ၊အဝါရောင်ဖဲကြိုးစည်းချိုချဥ်ဝိုင်းလေးရယ်၊တိမ်စိုင်သော့တွဲလေးရယ်၊အဖော်မရှိတဲ့ အသည်းတခြမ်းပုံပါကြွေထည်ကော်ဖီခွက်လေးတစ်ခွက်ရယ်၊အကြွေစေ့တွေအပြည့်နဲ့ဝက်စုဗူးလေးရယ်၊ဇီးညိုရောင် လက်တကိုင်စာဝက်ဝံရုပ်လေးရယ်၊မာဖလာ အနီရောင်အစိမ်းရောင်နှစ်ထည်။အကိုနဲ့ပတ်သပ်တဲ့ အမှတ်တရတွေ ရိပေါ်ထံမှာတဘုံတဘင်ပါပဲ။

ပစ္စည်းတစ်ခုစီတိုင်းအတွက်အမှတ်ရစရာအချစ်ရိပ်အတိတ်တွေ အကိုနဲ့သူ့ကြားမှာလှပစွာတည်ရှိခဲ့ပါတယ်။အကို့ကိုချစ်တဲ့အချစ်တွေ သူ့နှလုံးသားမှာကိန်းဝပ်နေသရွေ့ ထိုအမှတ်တရပစ္စည်းတွေကို ရိပေါ်ခံစားချက်တွေနဲ့အတူသိမ်းထုပ်ထားမိဦးမယ်ထင်ရဲ့။

တခါတလေ အကိုဆိုတဲ့လူသားကိုလွမ်းမယ်။တခါတလေတော့လည်း အကို့အနမ်းတွေကိုတမ်းတမိမယ်။တခါတလေ အကို့ကြောင့်ရိပေါ်ငိုချင်ငိုမယ်။တခါတလေ အကို့ကြောင့်ရယ်ချင်ရယ်မိမယ်။အကို့လက်ကိုတွဲခဲ့တဲ့နေ့ရက်တွေမှအကို့ကိုလက်လွှတ်ခဲ့တဲ့အချိန်ထိတိုင် ရိပေါ်နှလုံးသားမှာ အကိုဟာထာဝရရှင်သန်စဲပါပဲ။

"ရိပေါ်!..."

"အာ!...မင်းတို့ပြန်ရောက်လာပြီလား..."

အိမ်ထဲ ဖေရှီးနဲ့ဖန်းဝေအသံပြုလျှက်ဝင်လာမှ ရိပေါ်ရှေ့ကပစ္စည်းတွေကို စက္ကူဖာလေးထဲသေချာစုထည့်ပြီး ကြမ်းပြင်​ထက်ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။

"မင်းပို့ခိုင်းလိုက်တဲ့ဟာ ငါဖန်းကောနဲ့အတူ သေချာသွားပို့ပေးခဲ့တယ်..."

"အင်း...ကျေးဇူးပါ ဖေရှီး..."

"ရိပေါ် တကယ်ပဲရှောင်းကျန့်ကိုမေ့နိုင်မှာလား!..."

စက္ကူဖာလေးမလျှက် အခန်းထဲဝင်ဖို့ပြင်နေသည့်ရိပေါ်မှာ ဖန်းဝေအမေးစကားကြောင့် မျက်နှာနွမ်းနွမ်းလေးနဲ့လည်ပြန်လှည့်ကြည့်လာတယ်။နှုတ်ခမ်းလေးက ပြုံးနေပေမဲ့ မျက်ဝန်းညိုတွေကမလိုက်ဖက်စွာ ငွေ့ရည်ဖွဲ့ပြိုအံ့စဲစဲ တိမ်တိုက်တွေလိုပါပဲ။

"တကယ်လို့ မေ့နိုင်မယ်ဆိုရင်တောင်ကျွန်တော်အကို့ကို မေ့မပစ်ပါဘူး ဖန်းဝေကော...တလျှောက်လုံး ကျွန်တော့်မှာအကိုပဲရှိခဲ့တာမို့ ရှေ့လျှောက်အကိုပြန်လာမှာကိုပဲမျှော်နေမိမယ်ထင်တယ်...အကယ်၍ အကိုကျွန်တော့်ကိုတသက်လုံးမေ့နေခဲ့ရင်တော့ ကျွန်တော့်ထိုက်နဲ့ကျွန်တော့်ကံပေါ့ဗျာ..."

ဖန်းဝေကသက်ပြင်းအရှည်ကြီးချမိရင်း ရိပေါ်ကိုခေါင်းသာငြိမ့်ပြနိုင်တယ်။ရိပေါ်မှအလုံးစုံလက်မလွှတ်ချင်သေးပဲ မေ့ပစ်ဖို့သူတို့ဘာလို့တိုက်တွန်းရက်မလဲလေ။

"ရိပေါ်...ဒီမှာ ရထားလက်မှတ်...ဒီနေ့ညနေကအနီးဆုံးအချိန်ဇယားမို့ အဲ့အတိုင်းပဲငါလက်မှတ်ဖြတ်ခဲ့လိုက်တယ်..."

"အင်း!...ထပ်ပြီးကျေးဇူး... ဘူတာရုံမသွားခင်တနေရာဝင်စရာရှိလို့ ငါအိမ်ကစောစောထွက်ရလိမ့်မယ်..."

"ဟိုရောက်ရင်ငါ့စီအဆက်သွယ်လုပ်နော်ရိပေါ်...မဟုတ်ရင် မင်းနဲ့ငါရှင်ခန်းပြတ်မယ်မှတ်..."

ကြိမ်းမောင်းသံနဲ့ဖေရှီးစနောက်သလိုပြောတော့ရိပေါ်ကယောင်ယောင်လေးပြုံးလို့ ဖန်းဝေမှာနဘေးမှသူ့ရည်းစားလေးရဲ့ဆံပင်တွေအားအသာဆွဲဖွလိုက်မိတယ်။သူငယ်ချင်းကိုခင်တွယ်လွန်းတဲ့သူ့ဘွိုင်းဖရန့်ဂျူနီယာလေးက သူနဲ့ရိပေါ်ကိုရွေးပါဆို သေချာပေါက်သူ့ကိုဘေးချိတ်မယ့်သူမျိုး။

"ခုချိန် ရှောင်းကျန့်ကောသာရိပေါ်ကိုမေ့မနေခဲ့ရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်!..."

ရိပေါ်အခန်းထဲဝင်သွားမှ ဖေရှီးကညည်းညူသလိုခပ်လေးလေးဆိုလာတာမို့ ဖန်းဝေ ဖေရှီးလက်ကိုဆွဲလျှက် တနေရာကိုထွက်လာလိုက်တော့တယ်။

_____

*ဒေါက်!* *ဒေါက်!* *ဒေါက်!*

"ဝင်ခဲ့!..."

အစည်းအဝေးပြီးလျှင်ပြီးချင်း ရှောင်းကျန့်ရုံးခန်းထဲရောက်လာသည့်လီလီ။မျက်နှာက စိတ်မကောင်းဟန်အနည်းငယ်ပျက်ယွင်းနေကာ ရှောင်းကျန့်ကိုစာအိပ်တစ်ခုနဲ့clackလေးတစ်ခုတရိုတသေကမ်းပေးလာတယ်။

"ဒါဘာတွေလဲလီလီ!..."

"ရိပေါ်လာပေးသွားတာပါ ဥက္ကဠ..."

"ဝမ်ရိပေါ်ကလား!..."

လီလီကမ်းပေးသည်များကိုချက်ချင်းလက်လွှဲယူလိုက်ပြီး ထိုင်ခုံနောက်မှီကိုမှီထားရာမှ ရှောင်းကျန့်ခပ်မတ်မတ်ပြင်ထိုင်လိုက်တယ်။ဝမ်ရိပေါ်ဆိုတာ ရှောင်းကျန့်အတွက်အရိုးစင်းဆုံးသော စိတ်ဝင်စားစရာလူသားလေးပါ။

"ဒါက..."

"ဟုတ်...ရိပေါ်ရဲ့အလုပ်ထွက်စာနဲ့သူတာဝန်ယူထားတဲ့လုပ်ငန်းပိုင်းဆိုင်ရာဖိုင်တွေပါ ဥက္ကဠ..."

"ဘယ်လို!!!...ကိုယ် ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်တွေ့ချင်တယ်လီလီ!..."

"အဲ့ဒါအဆင်မပြေလောက်ဘူးဥက္ကဠ!...မနက် receptionမှာဒီဖိုင်နဲ့အလုပ်ထွက်စာလာပို့သွားကတည်းက လီလီဖုန်းဆက်ကြည့်ပေမဲ့ အဲ့ကလေးကဖုန်းမကိုင်ပါဘူး..."

"ကျစ်!...မနက်ကတည်းကအလုပ်ထွက်စာလာတင်သွားတာ ကိုယ်ဘာလို့ခုမှသိရတာလဲ!..."

အနည်းငယ်ခက်ထန်နေသည့်ရှောင်းကျန့်ပုံစံကြောင့်လီလီ ချွေးပြန်လာသလို အသက်ပင်ပြင်းပြင်းမရှူရဲ။

"အဲ့ အဲ့ဒါက...မနက် ဥက္ကဠကုမ္ပဏီရောက်လာကတည်းက လီလီပြောမလို့ပါပဲ...ဒါပေမဲ့ အစည်းဝေးကအလျှင်လိုနေတာနဲ့ဥက္ကဠကလည်းအလုပ်ရှုပ်..."

"ကိုယ်နားလည်ပြီလီလီ!...လုပ်စရာရှိတာသွားလုပ်ပါ..."

စိတ်ပျက်သွားဟန် ရှောင်းကျန့်ထိုင်ခုံမှာခေါင်းငိုက်စိုက်ချကာထိုင်ချလိုက်မိတယ်။သူ့ရင်ထဲအနက်ရှိုင်းဆုံးထိတိုးဝင်လာခဲ့ပြီးမှ ဘာကြောင့်အဝေးကိုထွက်ပြေးချင်ရတာလဲ ဝမ်ရိပေါ်။သူ့အနားမှာ တသက်လုံးခေါ်ထားဖို့တွေးမိချိန်မှ သူတွေဝေမှုတွေကိုဘေးချိတ်ထားချိန်မှ သူ့ဘက်ကအသေချာဆုံးချစ်မိသွားချိန်မှ ဝမ်ရိပေါ်ဆိုသည့်ကောင်လေး အဘယ်ကိုပုန်းရှောင်ဖို့ကြံစည်နေသနည်း။


_____


"ညစာအတွက် ကျွန်တော့်ကိုလာမခေါ်နဲ့တော့..."

"ဟုတ်ကဲ့သခင်လေး..."

ညနေစောစောရှောင်းကျန့်အိမ်ပြန်လာခြင်းက အလုပ်တွင်စိတ်နှစ်မရတော့တာကြောင့်ပင်။အမှန်က ဝမ်ရိပေါ်ဆိုသည့်ကောင်လေးကြောင့် ရှောင်းကျန့်ဘာလုပ်လုပ်စိတ်မပါတော့ခြင်း။ရှောင်းပါးနဲ့ရှောင်းမားကလည်း ပုဂ္ဂိုလ်ရေးရာအတွက်partyတစ်ခုမှာညစာသွားစားရန်ထွက်သွားသည်ဆိုသောကြောင့် ထမင်းချက်ကိုတခါတည်းမှာပြီး အပေါ်ထပ်တက်ခဲ့လိုက်တယ်။

ကုဒ်အက်ျီအတွင်းအိပ်ကပ်ထဲမှ ဝမ်ရိပေါ်၏အလုပ်ထွက်စာနဲ့အတူပါလာသည့်clackဖိုင်လေးအား စားပွဲစွန်းမှာအသာချထားပြီး ရှောင်းကျန့်ရေချိုးခန်းထဲဝင်သွားတယ်။ခါးမှာတဘက်တထည်ပတ်လျှက် ရေစိုနေသည့်ဆံပင်တွေကိုတခြားတဘက်တစ်ခုနဲ့သုတ်ရင်း အိပ်ခန်းထဲပြန်ဝင်လာချိန် screenလင်းနေသည့်handphoneကြောင့်ရှောင်းကျန့်အမြန်ကောက်ယူကြည့်လိုက်မိတယ်။ဒီညနေပဲ သူဝမ်ရိပေါ်ကိုသွားတွေ့ရန် လီလီစီမှဝမ်ရိပေါ်လိပ်စာတောင်းထားမိသည်မဟုတ်လား။

*ဂလောက်!*

လိပ်စာသိရပြီမို့ ရှောင်းကျန့်အလျှင်လိုကာ အက်ျီလဲဝတ်ရန်handphoneကိုစားပွဲထက်ပြန်ထားချိန် သတိမထားမိဘဲ clackဖိုင်လေးအားတိုက်ချလိုက်မိတယ်။ပြုတ်ကျသွားသည့်လားရာအတိုင်းလိုက်ကြည့်မိတော့ အိပ်ခန်းနှင့်ဆက်လျှက် သူတခါမှမသုံးပဲထားသည့်စတိုခန်းထဲ တံခါးအောက်ခြေမှလျှောဝင်သွားသည့်clackကလေး။ရှောင်းကျန့် စုပ်တချက်သပ်ကာ အက်ျီအရင်လဲဝတ်လိုက်တယ်။

"မင်းကဒီမှာပဲ...ဟင်!..."

အံဇွဲထဲသော့ရှာကာ ထိုအခန်းအားဖွင့်ဝင်လိုက်မှclackကလေးကိုလက်ဝယ်ပြန်ရသည့်ရှောင်းကျန့်။သူသိထားသည့်စတိုခန်းဆိုသည့်နေရာမှာ ပြောင်ရှင်းနေကာ ထိုင်ခုံပုလေးပေါ်တင်ထားသည့်စက္ကူဖာတစ်လုံးသာတွေ့လိုက်ရတာမို့ ရှောင်းကျန့်သိလိုစိတ်နဲ့ထိုစက္ကူဖာကိုယူပြီး အိပ်ခန်းဘက်ပြန်ထွက်ခဲ့လိုက်တယ်။

အိပ်ခန်းထဲကစားပွဲပေါ်ဖုန်အနည်းငယ်တင်နေသည့်စက္ကူဖာအားတင်ပြီး စက္ကူဖုံးကိုအသာဖွင့်ကြည့်လိုက်တယ်။အထဲမှာရှိနေသည်များက ပန်းရောင်ဝက်ရုပ်လေးပါသည့်ရေဗူး mini cameraတစ်လုံး တိမ်စိုင်သော့တွဲလေးရယ် အသည်းတခြမ်းပုံပါကြွေထည်ကော်ဖီခွက်ကလေးရယ် ကတီဗာဗူးလေးတစ်ဗူးရယ်ပင်။ရှောင်းကျန့်ထူးဆန်းသလို ပစ္စည်းတခုချင်းထုတ်ကိုင်ကြည့်ရင်း ကတီဗာဗူးထဲမှ စိန်လက်စွပ်ကလေးကြောင့် ဦးခေါင်းကမိုက်ခနဲမူးဝေသွားရတယ်။

မျက်လုံးမှိတ်ထားချိန်အတွေးထဲတရိပ်ရိပ်ပေါ်လာသည့်ပုံရိပ်တချို့။စူးခနဲမီးရောင်တချို့ တင်းတင်းကြပ်ကြပ်စုပ်ကိုင်ခံထားရသည့်ကတီဗာဗူးလေး နောက်ပြီးသွေးအိုင်ထဲမှာငြိမ်သက်နေသည့် သူ။ထပ်ပြီး ရှုပ်ထွေးလွန်းတဲ့ မှတ်ဉာဏ်တချို့။

"အာ့!..."

ရှောင်းကျန့် မိမိဦးခေါင်းကိုဖိနှိပ်ရင်း လက်တစ်ဖက်က မခံမရပ်နိုင်စွာ စားပွဲစောင်းကိုဖိကိုင်ထားလိုက်တယ်။ထိုးကိုက်လာသည့်ဦးခေါင်းက တစုံတရာနဲ့အပြင်းအထန်ထုရိုက်ခံနေရသည့်နှယ်။နှုတ်က ခပ်ကျယ်ကျယ်ထုတ်မငြီးပေမဲ့ နာကျင်လွန်း၍ ရှောင်းကျန့်ချွေးပြန်နေကာ မျက်ခုံးတန်းတွေတွန့်ကွေးမိသည်အထိ။ခါတိုင်းလည်း ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပေမဲ့ ဤမျှထိမဆိုးဝါးဖူးတာမို့ ရှောင်းကျန့်လူးလိမ့်နေအောင်ကြိတ်ခံရင်း နှုတ်ခမ်းတွေစေ့ပိတ်ထားမိတယ်။တကယ်ပဲ သူ့ဦးနှောက်ကပြဿနာရှိနေခဲ့တာလား။

*ဒေါက်!*  *ဒေါက်!*  *ဒေါက်!*

"ဝင်ခဲ့..."

အားတင်းသံနဲ့ရှောင်းကျန့်ခွင့်ပြုချက်ကြောင့် အခန်းထဲရောက်လာသည့်အိမ်တော်ထိန်းဦးလေးကြီး။ခေါင်းကိုက်တာ အနည်းငယ်သက်သာသွားပြီမို့ ရှောင်းကျန့်အမူရာပြန်ထိန်းကာ မတ်မတ်ပြန်ထိုင်လိုက်တယ်။

"ဘာကိစ္စရှိလို့လဲဦးလေး...ကျွန်တော်ညစာမစားတော့ဘူးလို့ပြောထားပြီးပြီမလား..."

"အောက်ထပ်မှာ လူလေးဧည့်သည်တွေရောက်နေလို့ကွယ့်...လူလေးကျောင်းတုန်းကသူငယ်ချင်းတွေဆိုလားပဲ..."

"ကျောင်းတုန်းကသူငယ်ချင်း..."

ရှောင်းကျန့် စဥ်းစားဟန်ရေရွတ်လိုက်မိကာ အိမ်တော်ထိန်းဦးလေးကြီးအခန်းထဲမှထွက်သွားပြီတာနဲ့ အောက်ထပ်ဧည့်ခန်းစီဆင်းခဲ့လိုက်တယ်။နယူးယောက်ခ်မှာသူနဲ့အတူဘွဲ့ယူခဲ့တဲ့သူငယ်ချင်းများများစားစားမရှိ ယခုပေကျင်းကသူ့စီလိုက်လာသည့်သူငယ်ချင်းဆို ပိုလို့တောင်စဥ်းစားမရသေးသည်မို့ ရှောင်းကျန့်ဧည့်ခန်းထဲသာခပ်သွပ်သွပ်လှမ်းခဲ့လိုက်တယ်။

"ဘယ်သူတွေလဲမသိဘူးခမျ!..."

ဧည့်ခန်းထဲမှာထိုင်နေသည့်သူတို့ကိုမြင်၍ တခါမှမတွေ့ဖူးသလို မေးလာသည့်ရှောင်းကျန့်ကြောင့် ဖန်းဝေနဲ့ဖေရှီးတယောက်မျက်နှာ တယောက်ကြည့်လိုက်မိကြတယ်။တကယ်ပဲ ရှောင်းကျန့်က ရိပေါ်ကိုသာမက သူတို့ကိုပါမေ့နေခဲ့တာပင်။

"ရှောင်းကျန့်...မင်းဘာကြောင့်ဒီလိုဖြစ်သွားလဲငါတို့မသိချင်တော့ဘူး...အဲ့ထက် ငါတို့ဘယ်သူလဲဆိုတာကိုလည်းမင်းကိုပေးမသိတော့ဘူး...တခုပဲ မင်းနောင်တမရချင်ဘူးဆို အချိန်မနှောင်းခင် မင်းနှလုံးသားနောက်လိုက်ဖို့လိုတယ်ရှောင်းကျန့်...သူမင်းအဝေးကိုထွက်မသွားခင်...မင်းနဲ့သူ ဒီထက်ဝေးမသွားခင် လွတ်သွားတော့မယ့်မင်းတန်ဖိုးထားတဲ့အရာကိုမလွှတ်လိုက်မိစေနဲ့....ဒီအရာကိုမင်းသေချာကြည့်သင့်တာမို့ငါလာပြန်ပေးတာ...ငါတို့ပြန်တော့မယ်ရှောင်းကျန့်!..."

ဧည့်ခန်းစားပွဲပေါ်တစုံတခုထားခဲ့ကာ ဖန်းဝေ ဖေရှီးလက်ကိုတွဲပြီး ရှောင်းအိမ်တော်ဧည့်ခန်းထဲမှထွက်ခဲ့လိုက်တယ်။

"ရှောင်းကျန့်ကော တကယ်ပဲသူ့နှလုံးသားကိုနားလည်နိုင်မှာလား ဖန်းကော..."

"သေချာပေါက် သူသာရိပေါ်ကိုတကယ်ချစ်ရင်နားလည်နိုင်ပါလိမ့်မယ်!..."

တွဲထားသည့်လက်တွေပိုတင်းကြပ်လိုက်မိရင်း ဖန်းဝေနဲ့ဖေရှီးရှောင်းအိမ်တော်ခြံဝင်းထဲမှ ပေါ့ပါးစွာလှမ်းထွက်ခဲ့ပါတော့တယ်။

ကျန်ခဲ့သည့်ရှောင်းကျန့်မှာ ပြောချင်ရာပြောပြီးပြန်ထွက်သွားသည့်နှစ်ယောက်ကြောင့် ခေါင်းကိုက်နေရာမှ စိတ်အိုက်လာမိတယ်။တကယ်ပဲ ရုတ်တရက်ကြီး ဘာတွေလာပြောသွားမှန်းမသိ။

"ကျစ်!...ထပ်ပြီးနောက်ကျဦးမယ်...ဟင်း!..."

ဝမ်ရိပေါ်ကိုသွားတွေ့ရန်ရုံးစောစောဆင်းလာခြင်းဖြစ်ပေမဲ့အိမ်တိုင်ရာရောက်ပဟေဠိလာပေးသွားသည့်နှစ်ယောက်ကြောင့်ရှောင်းကျန့် ဧည့်ခန်းစားပွဲပေါ်က ထိုနှစ်ယောက်ထားခဲ့သည့်အရာကိုကောက်ယူပြီး အိပ်ခန်းစီပြန်တက်ခဲ့လိုက်တယ်။

ရှောင်းကျန့်ကိုသိချင်လာအောင်ဆွဲဆောင်နေသည့်အရာက စာအုပ်တစ်အုပ်ဖြစ်ပြီး အတိအကျပြောရလျှင် coverဖုံးတွင် နန်ဟိုင်း( ကောင်လေး )ဆိုသည့်စတေကာစာလုံးလေးနဲ့photo albumလေးတစ်ခုပင်။သုံးနှုန်းထားသည့်စကားလုံးလေးကရိုးရှင်းပေမဲ့ တခါဖတ်မိရုန်နဲ့ဖွင့်မကြည့်ပဲမနေနိုင်အောင် ရှောင်းကျန့်အားဆွဲဆောင်နိုင်လေသည်။

-ချစ်ဖို့ကောင်းတယ်-

ပထမစာတန်းလေးနဲ့အတူ ဆံပင်ကိုဦးခေါင်းထိပ်မှာကြက်တောင်စည်းလေးလိုစုစည်းထားသည့်အထက်တန်းကျောင်းသားလေးရဲ့ဓာတ်ပုံ။တနည်းအားဖြင့် အလုပ်သင်ကောင်လေးဟုရှောင်းကျန့်သိထားသည့် ဝမ်ရိပေါ်။

-အစားပုတ်လိုက်တာ ဒါမဲ့ ချစ်စရာကောင်းတယ်-

နောက်ထပ်စာတိုလေးတကြောင်း။ထမင်းငုပ်စားနေသည့်အထက်တန်းကျောင်းသားလေးရဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံ။ထပ်ပြီး ဝမ်ရိပေါ်ပါပဲ။

-မိုးတွေရွာနေတယ်၊နဘေးက ကောင်လေးကချစ်ဖို့ကောင်းနေတယ်-

ကျောင်းစာကြည့်တိုက်ရှေ့ အုတ်ခုံမှာမသိမသာရိုက်ယူထားသည့်ရှောင်းကျန့်အပါအဝင်ရိပေါ်မျက်နှာလေးပါသည့်sefileပုံ။ရှောင်းကျန့်လက်တွေတုန်ယင်လာကာ အံ့သြဝမ်းသာတလှည့်စီ ခံစားလာရတယ်။

-လွမ်းတယ်-
-သတိရတယ်-
-မင်းကို  တွေ့ချင်လိုက်တာကွာ-
-ဘယ်မှာများလဲ ကောင်လေး-
-ကိုယ်နားလည်လိုက်ပြီ-
-ပိုသေချာလာတယ်ကွ-
-မင်းကိုချစ်မိနေပြီ အရမ်းပဲ-
ဓာတ်ပုံမပါသည့်စာစုတချို့ ရက်စွဲအတော်များများကို ကြီးစိုးထားတယ်။

-ကိုယ်အရမ်းပျော်တာပဲကောင်လေး-

မျက်မှန်တခြမ်းစောင်းနှင့်စောင်ပုံထဲလုံးထွေးနေသည့်ကောင်လေးက ဓာတ်ပုံထဲနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်။ရှောင်းကျန့်ချစ်တဲ့ ဝမ်ရိပေါ်။

-ကလေးလေးလိုပဲ ကောင်လေးကကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူး-ကလေးလေးလိုပဲ ကျွန်တော်ဆူလိုက်လို့ ငိုတယ်-ကလေးလေးအတိုင်းပဲ ချစ်ဖို့သိပ်ကောင်းတယ်-

-ခိုးကြောင်ခိုးဝှက်နဲ့ နဲနဲတော့ရှက်တယ်ဗျ-

ရိပေါ်ကိုရှောင်းကျန့်ပွေ့ထားသည့်ပုံ။ဆေးတွေပေနေသည့်ရိပေါ်မျက်နှာလေး။ထိုပုံအား ကျောင်းwebsiteမှရှောင်းကျန့်ခိုးsaveခဲ့ခြင်း။သေချာပါပြီ ဝမ်ရိပေါ်သည် သူသိပ်ချစ်ခဲ့တဲ့ ယခုချိန်မှာတောင်မသိစိတ်ထဲက သူချစ်မိနေတဲ့ကောင်လေးဆိုတာ ရှောင်းကျန့်ဦးနှောက်ကသာမက နှလုံးသားကပါခံစားသိရှိလိုက်လေပြီ။

"မင်းက ကိုယ့်ကောင်လေးပဲ ဝမ်ရိပေါ်..."


To be continue....
5/4/2022(Tuesday)
Thank for your reading.
See u at final.><
Take care my dear readers♥.






♡Zawgyi version♡



"မစၥတာေရွာင္းက်န့္ရွင့္!...accidentေၾကာင့္အတိတ္ေမ့ေဝဒနာခံစားေနရတယ္ဆိုတာတကယ္ပဲလားရွင့္!..."

"ေျဖေပးပါရွင့္!..."

"ဒီအေၾကာင္းကိုDigital groupက ရွယ္ယာရွင္ေတြသိထားၿပီသားလားရွင့္!..."

"မစၥတာ ေက်းဇူးျပဳၿပီး ေျဖရွင္းခ်က္ေလးေပးပါလားခမ်!..."

ေရွာင္းက်န့္ကုမၸဏီေရွ႕ေျခခ်႐ုံရွိေသးအေၾကာင္းအရာတခုခုကိုအတင္းတိုးေဝွ႕ေမးလာၾကသည့္mediaသတင္းသမားေတြ။သူက အတိတ္ေမ့ေနတာတဲ့လား။ေရွာင္းက်န့္ ႐ုတ္တရက္မို႔မေတြးတတ္စြာ သူ႕အားအေျပးလာထြက္ႀကိဳသည့္လီလီကို ေမးခြန္းထုတ္သလိုၾကည့္ေတာ့ အလိုလိုေခါင္းငုပ္သြားတာမို႔ေရွာင္းက်န့္မ်က္ခုံးတန္းေတြစုက်ဳံ႕သြားရတယ္။

"ေက်းဇူးျပဳၿပီး ဖယ္ေပးၾကပါရွင့္!..."

"ဥကၠဠက interviewေျဖဖို႔အစီစဥ္မရွိေသးပါဘူး!..."

"ကုမၸဏီက ေၾကျငာခ်က္ထုတ္ျပန္မွာမို႔အခုေတာ့ျပန္နိုင္ပါၿပီရွင့္!..."

လီလီ လုံၿခဳံေရးဝန္ထမ္းေတြအကူညီျဖင့္ ကုမၸဏီေရွ႕ကသတင္းသမားေတြကိုခက္ခက္ခဲခဲရွင္းပစ္ကာ ေရွာင္းက်န့္ကိုလည္း႐ုံးခန္းထဲေလွ်ာေလွ်ာရႉရႉေရာက္ေအာင္အေတာ္ႀကိဳးပမ္းလိုက္ရတယ္။

"ဒီကိစၥကိုဘာေၾကာင့္ ငါမသိရတာလဲလီလီ!..."

႐ုံးခန္းထဲေရာက္ေရာက္ခ်င္းေရွာင္းက်န့္စီးေမးသည့္ေမးခြန္းေၾကာင့္လီလီေခါင္းေမႊးပင္ေထာင္ခ်င္လာတယ္။

"ဥကၠဠရဲ႕မိခင္ မစၥစ္ထရီကာက ဒီသတင္းကိုသူရွင္းမွာမို႔ဥကၠဠကိုအလုပ္မမ်ားေစနဲ႕ေျပာလာလို႔ပါ...လီလီ သတင္းေတြ႕ေတြ႕ခ်င္းဥကၠဠစီအေၾကာင္းၾကားမလို႔ပါပဲ...ဒါေပမဲ့..."

"ရၿပီလီလီ!...က်စ္!..."

ေရွာင္းက်န့္စုပ္သပ္ရင္း သူ႕ရင္ထဲေရွာင္းမားအတြက္ေမးခြန္းတခ်ိဳ႕ရွိလာသလို ကမ္းေျခကိုေရာက္ေနသည့္သုံးရက္စလုံး mediaေလာကနဲ႕အဆက္အသြယ္ျပတ္ေနမိသည့္မိမိကိုယ္ကိုပဲအျပစ္တင္မိတယ္။အလုပ္မွာစိတ္ႏွစ္ရင္း personal caseေတြအတြက္ အခ်ိန္လုံလုံေလာက္ေလာက္မေပးနိုင္ခဲ့ဘူးမလား။

"လီလီ!..."

"ေျပာပါဥကၠဠ..."

"ဒီေန႕ေန႕လယ္မွာပဲရွယ္ရာရွင္အစည္းေဝးလုပ္ဖို႔စီစဥ္ေပးပါ!...ခုခ်ိန္ သူတို႔ငါ့စီကေျဖရွင္းခ်က္ၾကားခ်င္ေနၾကမွာပဲ..."

"လီလီေဆာင္႐ြက္လိုက္ပါ့မယ္ ဥကၠဠ..."

႐ုံးခန္းထဲမွလီလီထြက္သြားၿပီးတဲ့အခ်ိန္အေတာ္ၾကာထိေရွာင္းက်န့္တေယာက္အေတြးမ်ားေနမိတုန္း။မွန္ၾကည္ေတြကာရံထားသည့္ ႐ုံးခန္းနံရံေတြနားသြားကာ လမ္းမထက္သြားလာလႈပ္ရွားေနသည့္ယဥ္အမ်ိဳးမ်ိဳးကိုေငးၾကည့္ေနရင္းမွ မိမိကိုယ္ကိုျမင္ေအာင္ျပန္ၾကည့္မိတယ္။

မွန္နံရံေတြမွာထင္ဟတ္ေနသည့္ေရွာင္းက်န့္ပုံရိပ္က ႐ုံးတက္suiteႏွင့္ တကယ္ကိုခန့္ခန့္ညားညား။မ်က္ႏွာေခ်ာေခ်ာထက္ေဝခြဲမရမႈေတြျပည့္ႏွက္ေနၿပီး အေတြးတခ်ိဳ႕က အကိုလို႔ေခၚတတ္တဲ့ေကာင္ေလးတစ္ေယာက္စီ ေရာက္ေရာက္သြားတတ္တယ္။တည္ၿငိမ္သေယာင္မ်က္ဝန္းေတြထဲ တစုံတေယာက္ကို လြမ္းဆြတ္သတိရျခင္းေတြလည္းေရာယွက္ပါဝင္ေနခဲ့ပါတယ္။


_____


အဝါေရာင္ထီးေလးတစ္ေခ်ာင္း၊ကာတြန္း႐ုပ္ေလးေတြနဲ႕အနာကပ္ပလာစတာေလးေတြ၊အဝါေရာင္ဖဲႀကိဳးစည္းခ်ိဳခ်ဥ္ဝိုင္းေလးရယ္၊တိမ္စိုင္ေသာ့တြဲေလးရယ္၊အေဖာ္မရွိတဲ့ အသည္းတျခမ္းပုံပါေႂကြထည္ေကာ္ဖီခြက္ေလးတစ္ခြက္ရယ္၊အေႂကြေစ့ေတြအျပည့္နဲ႕ဝက္စုဗူးေလးရယ္၊ဇီးညိုေရာင္ လက္တကိုင္စာဝက္ဝံ႐ုပ္ေလးရယ္၊မာဖလာ အနီေရာင္အစိမ္းေရာင္ႏွစ္ထည္။အကိုနဲ႕ပတ္သပ္တဲ့ အမွတ္တရေတြ ရိေပၚထံမွာတဘုံတဘင္ပါပဲ။

ပစၥည္းတစ္ခုစီတိုင္းအတြက္အမွတ္ရစရာအခ်စ္ရိပ္အတိတ္ေတြ အကိုနဲ႕သူ႕ၾကားမွာလွပစြာတည္ရွိခဲ့ပါတယ္။အကို႔ကိုခ်စ္တဲ့အခ်စ္ေတြ သူ႕ႏွလုံးသားမွာကိန္းဝပ္ေနသေ႐ြ႕ ထိုအမွတ္တရပစၥည္းေတြကို ရိေပၚခံစားခ်က္ေတြနဲ႕အတူသိမ္းထုပ္ထားမိဦးမယ္ထင္ရဲ႕။

တခါတေလ အကိုဆိုတဲ့လူသားကိုလြမ္းမယ္။တခါတေလေတာ့လည္း အကို႔အနမ္းေတြကိုတမ္းတမိမယ္။တခါတေလ အကို႔ေၾကာင့္ရိေပၚငိုခ်င္ငိုမယ္။တခါတေလ အကို႔ေၾကာင့္ရယ္ခ်င္ရယ္မိမယ္။အကို႔လက္ကိုတြဲခဲ့တဲ့ေန႕ရက္ေတြမွအကို႔ကိုလက္လႊတ္ခဲ့တဲ့အခ်ိန္ထိတိုင္ ရိေပၚႏွလုံးသားမွာ အကိုဟာထာဝရရွင္သန္စဲပါပဲ။

"ရိေပၚ!..."

"အာ!...မင္းတို႔ျပန္ေရာက္လာၿပီလား..."

အိမ္ထဲ ေဖရွီးနဲ႕ဖန္းေဝအသံျပဳလွ်က္ဝင္လာမွ ရိေပၚေရွ႕ကပစၥည္းေတြကို စကၠဴဖာေလးထဲေသခ်ာစုထည့္ၿပီး ၾကမ္းျပင္​ထက္ထိုင္ေနရာကေန မတ္တပ္ထရပ္လိုက္တယ္။

"မင္းပို႔ခိုင္းလိုက္တဲ့ဟာ ငါဖန္းေကာနဲ႕အတူ ေသခ်ာသြားပို႔ေပးခဲ့တယ္..."

"အင္း...ေက်းဇူးပါ ေဖရွီး..."

"ရိေပၚ တကယ္ပဲေရွာင္းက်န့္ကိုေမ့နိုင္မွာလား!..."

စကၠဴဖာေလးမလွ်က္ အခန္းထဲဝင္ဖို႔ျပင္ေနသည့္ရိေပၚမွာ ဖန္းေဝအေမးစကားေၾကာင့္ မ်က္ႏွာႏြမ္းႏြမ္းေလးနဲ႕လည္ျပန္လွည့္ၾကည့္လာတယ္။ႏႈတ္ခမ္းေလးက ၿပဳံးေနေပမဲ့ မ်က္ဝန္းညိုေတြကမလိုက္ဖက္စြာ ေငြ႕ရည္ဖြဲ႕ၿပိဳအံ့စဲစဲ တိမ္တိုက္ေတြလိုပါပဲ။

"တကယ္လို႔ ေမ့နိုင္မယ္ဆိုရင္ေတာင္ကြၽန္ေတာ္အကို႔ကို ေမ့မပစ္ပါဘူး ဖန္းေဝေကာ...တေလွ်ာက္လုံး ကြၽန္ေတာ့္မွာအကိုပဲရွိခဲ့တာမို႔ ေရွ႕ေလွ်ာက္အကိုျပန္လာမွာကိုပဲေမွ်ာ္ေနမိမယ္ထင္တယ္...အကယ္၍ အကိုကြၽန္ေတာ့္ကိုတသက္လုံးေမ့ေနခဲ့ရင္ေတာ့ ကြၽန္ေတာ့္ထိုက္နဲ႕ကြၽန္ေတာ့္ကံေပါ့ဗ်ာ..."

ဖန္းေဝကသက္ျပင္းအရွည္ႀကီးခ်မိရင္း ရိေပၚကိုေခါင္းသာၿငိမ့္ျပနိုင္တယ္။ရိေပၚမွအလုံးစုံလက္မလႊတ္ခ်င္ေသးပဲ ေမ့ပစ္ဖို႔သူတို႔ဘာလို႔တိုက္တြန္းရက္မလဲေလ။

"ရိေပၚ...ဒီမွာ ရထားလက္မွတ္...ဒီေန႕ညေနကအနီးဆုံးအခ်ိန္ဇယားမို႔ အဲ့အတိုင္းပဲငါလက္မွတ္ျဖတ္ခဲ့လိုက္တယ္..."

"အင္း!...ထပ္ၿပီးေက်းဇူး... ဘူတာ႐ုံမသြားခင္တေနရာဝင္စရာရွိလို႔ ငါအိမ္ကေစာေစာထြက္ရလိမ့္မယ္..."

"ဟိုေရာက္ရင္ငါ့စီအဆက္သြယ္လုပ္ေနာ္ရိေပၚ...မဟုတ္ရင္ မင္းနဲ႕ငါရွင္ခန္းျပတ္မယ္မွတ္..."

ႀကိမ္းေမာင္းသံနဲ႕ေဖရွီးစေနာက္သလိုေျပာေတာ့ရိေပၚကေယာင္ေယာင္ေလးၿပဳံးလို႔ ဖန္းေဝမွာနေဘးမွသူ႕ရည္းစားေလးရဲ႕ဆံပင္ေတြအားအသာဆြဲဖြလိုက္မိတယ္။သူငယ္ခ်င္းကိုခင္တြယ္လြန္းတဲ့သူ႕ဘြိုင္းဖရန့္ဂ်ဴနီယာေလးက သူနဲ႕ရိေပၚကိုေ႐ြးပါဆို ေသခ်ာေပါက္သူ႕ကိုေဘးခ်ိတ္မယ့္သူမ်ိဳး။

"ခုခ်ိန္ ေရွာင္းက်န့္ေကာသာရိေပၚကိုေမ့မေနခဲ့ရင္ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္မလဲေနာ္!..."

ရိေပၚအခန္းထဲဝင္သြားမွ ေဖရွီးကညည္းၫူသလိုခပ္ေလးေလးဆိုလာတာမို႔ ဖန္းေဝ ေဖရွီးလက္ကိုဆြဲလွ်က္ တေနရာကိုထြက္လာလိုက္ေတာ့တယ္။

_____

*ေဒါက္!* *ေဒါက္!* *ေဒါက္!*

"ဝင္ခဲ့!..."

အစည္းအေဝးၿပီးလွ်င္ၿပီးခ်င္း ေရွာင္းက်န့္႐ုံးခန္းထဲေရာက္လာသည့္လီလီ။မ်က္ႏွာက စိတ္မေကာင္းဟန္အနည္းငယ္ပ်က္ယြင္းေနကာ ေရွာင္းက်န့္ကိုစာအိပ္တစ္ခုနဲ႕clackေလးတစ္ခုတရိုတေသကမ္းေပးလာတယ္။

"ဒါဘာေတြလဲလီလီ!..."

"ရိေပၚလာေပးသြားတာပါ ဥကၠဠ..."

"ဝမ္ရိေပၚကလား!..."

လီလီကမ္းေပးသည္မ်ားကိုခ်က္ခ်င္းလက္လႊဲယူလိုက္ၿပီး ထိုင္ခုံေနာက္မွီကိုမွီထားရာမွ ေရွာင္းက်န့္ခပ္မတ္မတ္ျပင္ထိုင္လိုက္တယ္။ဝမ္ရိေပၚဆိုတာ ေရွာင္းက်န့္အတြက္အရိုးစင္းဆုံးေသာ စိတ္ဝင္စားစရာလူသားေလးပါ။

"ဒါက..."

"ဟုတ္...ရိေပၚရဲ႕အလုပ္ထြက္စာနဲ႕သူတာဝန္ယူထားတဲ့လုပ္ငန္းပိုင္းဆိုင္ရာဖိုင္ေတြပါ ဥကၠဠ..."

"ဘယ္လို!!!...ကိုယ္ ဝမ္ရိေပၚနဲ႕မ်က္ႏွာခ်င္းဆိုင္ေတြ႕ခ်င္တယ္လီလီ!..."

"အဲ့ဒါအဆင္မေျပေလာက္ဘူးဥကၠဠ!...မနက္ receptionမွာဒီဖိုင္နဲ႕အလုပ္ထြက္စာလာပို႔သြားကတည္းက လီလီဖုန္းဆက္ၾကည့္ေပမဲ့ အဲ့ကေလးကဖုန္းမကိုင္ပါဘူး..."

"က်စ္!...မနက္ကတည္းကအလုပ္ထြက္စာလာတင္သြားတာ ကိုယ္ဘာလို႔ခုမွသိရတာလဲ!..."

အနည္းငယ္ခက္ထန္ေနသည့္ေရွာင္းက်န့္ပုံစံေၾကာင့္လီလီ ေခြၽးျပန္လာသလို အသက္ပင္ျပင္းျပင္းမရႉရဲ။

"အဲ့ အဲ့ဒါက...မနက္ ဥကၠဠကုမၸဏီေရာက္လာကတည္းက လီလီေျပာမလို႔ပါပဲ...ဒါေပမဲ့ အစည္းေဝးကအလွ်င္လိုေနတာနဲ႕ဥကၠဠကလည္းအလုပ္ရႈပ္..."

"ကိုယ္နားလည္ၿပီလီလီ!...လုပ္စရာရွိတာသြားလုပ္ပါ..."

စိတ္ပ်က္သြားဟန္ ေရွာင္းက်န့္ထိုင္ခုံမွာေခါင္းငိုက္စိုက္ခ်ကာထိုင္ခ်လိဳက္မိတယ္။သူ႕ရင္ထဲအနက္ရွိုင္းဆုံးထိတိုးဝင္လာခဲ့ၿပီးမွ ဘာေၾကာင့္အေဝးကိုထြက္ေျပးခ်င္ရတာလဲ ဝမ္ရိေပၚ။သူ႕အနားမွာ တသက္လုံးေခၚထားဖို႔ေတြးမိခ်ိန္မွ သူေတြေဝမႈေတြကိုေဘးခ်ိတ္ထားခ်ိန္မွ သူ႕ဘက္ကအေသခ်ာဆုံးခ်စ္မိသြားခ်ိန္မွ ဝမ္ရိေပၚဆိုသည့္ေကာင္ေလး အဘယ္ကိုပုန္းေရွာင္ဖို႔ႀကံစည္ေနသနည္း။


_____


"ညစာအတြက္ ကြၽန္ေတာ့္ကိုလာမေခၚနဲ႕ေတာ့..."

"ဟုတ္ကဲ့သခင္ေလး..."

ညေနေစာေစာေရွာင္းက်န့္အိမ္ျပန္လာျခင္းက အလုပ္တြင္စိတ္ႏွစ္မရေတာ့တာေၾကာင့္ပင္။အမွန္က ဝမ္ရိေပၚဆိုသည့္ေကာင္ေလးေၾကာင့္ ေရွာင္းက်န့္ဘာလုပ္လုပ္စိတ္မပါေတာ့ျခင္း။ေရွာင္းပါးနဲ႕ေရွာင္းမားကလည္း ပုဂၢိဳလ္ေရးရာအတြက္partyတစ္ခုမွာညစာသြားစားရန္ထြက္သြားသည္ဆိုေသာေၾကာင့္ ထမင္းခ်က္ကိုတခါတည္းမွာၿပီး အေပၚထပ္တက္ခဲ့လိုက္တယ္။

ကုဒ္အက္်ီအတြင္းအိပ္ကပ္ထဲမွ ဝမ္ရိေပၚ၏အလုပ္ထြက္စာနဲ႕အတူပါလာသည့္clackဖိုင္ေလးအား စားပြဲစြန္းမွာအသာခ်ထားၿပီး ေရွာင္းက်န့္ေရခ်ိဳးခန္းထဲဝင္သြားတယ္။ခါးမွာတဘက္တထည္ပတ္လွ်က္ ေရစိုေနသည့္ဆံပင္ေတြကိုတျခားတဘက္တစ္ခုနဲ႕သုတ္ရင္း အိပ္ခန္းထဲျပန္ဝင္လာခ်ိန္ screenလင္းေနသည့္handphoneေၾကာင့္ေရွာင္းက်န့္အျမန္ေကာက္ယူၾကည့္လိုက္မိတယ္။ဒီညေနပဲ သူဝမ္ရိေပၚကိုသြားေတြ႕ရန္ လီလီစီမွဝမ္ရိေပၚလိပ္စာေတာင္းထားမိသည္မဟုတ္လား။

*ဂေလာက္!*

လိပ္စာသိရၿပီမို႔ ေရွာင္းက်န့္အလွ်င္လိုကာ အက္်ီလဲဝတ္ရန္handphoneကိုစားပြဲထက္ျပန္ထားခ်ိန္ သတိမထားမိဘဲ clackဖိုင္ေလးအားတိုက္ခ်လိဳက္မိတယ္။ျပဳတ္က်သြားသည့္လားရာအတိုင္းလိုက္ၾကည့္မိေတာ့ အိပ္ခန္းႏွင့္ဆက္လွ်က္ သူတခါမွမသုံးပဲထားသည့္စတိုခန္းထဲ တံခါးေအာက္ေျခမွေလွ်ာဝင္သြားသည့္clackကေလး။ေရွာင္းက်န့္ စုပ္တခ်က္သပ္ကာ အက္်ီအရင္လဲဝတ္လိုက္တယ္။

"မင္းကဒီမွာပဲ...ဟင္!..."

အံဇြဲထဲေသာ့ရွာကာ ထိုအခန္းအားဖြင့္ဝင္လိုက္မွclackကေလးကိုလက္ဝယ္ျပန္ရသည့္ေရွာင္းက်န့္။သူသိထားသည့္စတိုခန္းဆိုသည့္ေနရာမွာ ေျပာင္ရွင္းေနကာ ထိုင္ခုံပုေလးေပၚတင္ထားသည့္စကၠဴဖာတစ္လုံးသာေတြ႕လိုက္ရတာမို႔ ေရွာင္းက်န့္သိလိုစိတ္နဲ႕ထိုစကၠဴဖာကိုယူၿပီး အိပ္ခန္းဘက္ျပန္ထြက္ခဲ့လိုက္တယ္။

အိပ္ခန္းထဲကစားပြဲေပၚဖုန္အနည္းငယ္တင္ေနသည့္စကၠဴဖာအားတင္ၿပီး စကၠဴဖုံးကိုအသာဖြင့္ၾကည့္လိုက္တယ္။အထဲမွာရွိေနသည္မ်ားက ပန္းေရာင္ဝက္႐ုပ္ေလးပါသည့္ေရဗူး mini cameraတစ္လုံး တိမ္စိုင္ေသာ့တြဲေလးရယ္ အသည္းတျခမ္းပုံပါေႂကြထည္ေကာ္ဖီခြက္ကေလးရယ္ ကတီဗာဗူးေလးတစ္ဗူးရယ္ပင္။ေရွာင္းက်န့္ထူးဆန္းသလို ပစၥည္းတခုခ်င္းထုတ္ကိုင္ၾကည့္ရင္း ကတီဗာဗူးထဲမွ စိန္လက္စြပ္ကေလးေၾကာင့္ ဦးေခါင္းကမိုက္ခနဲမူးေဝသြားရတယ္။

မ်က္လုံးမွိတ္ထားခ်ိန္အေတြးထဲတရိပ္ရိပ္ေပၚလာသည့္ပုံရိပ္တခ်ိဳ႕။စူးခနဲမီးေရာင္တခ်ိဳ႕ တင္းတင္းၾကပ္ၾကပ္စုပ္ကိုင္ခံထားရသည့္ကတီဗာဗူးေလး ေနာက္ၿပီးေသြးအိုင္ထဲမွာၿငိမ္သက္ေနသည့္ သူ။ထပ္ၿပီး ရႈပ္ေထြးလြန္းတဲ့ မွတ္ဉာဏ္တခ်ိဳ႕။

"အာ့!..."

ေရွာင္းက်န့္ မိမိဦးေခါင္းကိုဖိႏွိပ္ရင္း လက္တစ္ဖက္က မခံမရပ္နိုင္စြာ စားပြဲေစာင္းကိုဖိကိုင္ထားလိုက္တယ္။ထိုးကိုက္လာသည့္ဦးေခါင္းက တစုံတရာနဲ႕အျပင္းအထန္ထုရိုက္ခံေနရသည့္ႏွယ္။ႏႈတ္က ခပ္က်ယ္က်ယ္ထုတ္မၿငီးေပမဲ့ နာက်င္လြန္း၍ ေရွာင္းက်န့္ေခြၽးျပန္ေနကာ မ်က္ခုံးတန္းေတြတြန့္ေကြးမိသည္အထိ။ခါတိုင္းလည္း ေခါင္းမူးေခါင္းကိုက္ျဖစ္တတ္ေပမဲ့ ဤမွ်ထိမဆိုးဝါးဖူးတာမို႔ ေရွာင္းက်န့္လူးလိမ့္ေနေအာင္ႀကိတ္ခံရင္း ႏႈတ္ခမ္းေတြေစ့ပိတ္ထားမိတယ္။တကယ္ပဲ သူ႕ဦးေႏွာက္ကျပႆနာရွိေနခဲ့တာလား။

*ေဒါက္!*  *ေဒါက္!*  *ေဒါက္!*

"ဝင္ခဲ့..."

အားတင္းသံနဲ႕ေရွာင္းက်န့္ခြင့္ျပဳခ်က္ေၾကာင့္ အခန္းထဲေရာက္လာသည့္အိမ္ေတာ္ထိန္းဦးေလးႀကီး။ေခါင္းကိုက္တာ အနည္းငယ္သက္သာသြားၿပီမို႔ ေရွာင္းက်န့္အမူရာျပန္ထိန္းကာ မတ္မတ္ျပန္ထိုင္လိုက္တယ္။

"ဘာကိစၥရွိလို႔လဲဦးေလး...ကြၽန္ေတာ္ညစာမစားေတာ့ဘူးလို႔ေျပာထားၿပီးၿပီမလား..."

"ေအာက္ထပ္မွာ လူေလးဧည့္သည္ေတြေရာက္ေနလို႔ကြယ့္...လူေလးေက်ာင္းတုန္းကသူငယ္ခ်င္းေတြဆိုလားပဲ..."

"ေက်ာင္းတုန္းကသူငယ္ခ်င္း..."

ေရွာင္းက်န့္ စဥ္းစားဟန္ေရ႐ြတ္လိုက္မိကာ အိမ္ေတာ္ထိန္းဦးေလးႀကီးအခန္းထဲမွထြက္သြားၿပီတာနဲ႕ ေအာက္ထပ္ဧည့္ခန္းစီဆင္းခဲ့လိုက္တယ္။နယူးေယာက္ခ္မွာသူနဲ႕အတူဘြဲ႕ယူခဲ့တဲ့သူငယ္ခ်င္းမ်ားမ်ားစားစားမရွိ ယခုေပက်င္းကသူ႕စီလိုက္လာသည့္သူငယ္ခ်င္းဆို ပိုလို႔ေတာင္စဥ္းစားမရေသးသည္မို႔ ေရွာင္းက်န့္ဧည့္ခန္းထဲသာခပ္သြပ္သြပ္လွမ္းခဲ့လိုက္တယ္။

"ဘယ္သူေတြလဲမသိဘူးခမ်!..."

ဧည့္ခန္းထဲမွာထိုင္ေနသည့္သူတို႔ကိုျမင္၍ တခါမွမေတြ႕ဖူးသလို ေမးလာသည့္ေရွာင္းက်န့္ေၾကာင့္ ဖန္းေဝနဲ႕ေဖရွီးတေယာက္မ်က္ႏွာ တေယာက္ၾကည့္လိုက္မိၾကတယ္။တကယ္ပဲ ေရွာင္းက်န့္က ရိေပၚကိုသာမက သူတို႔ကိုပါေမ့ေနခဲ့တာပင္။

"ေရွာင္းက်န့္...မင္းဘာေၾကာင့္ဒီလိုျဖစ္သြားလဲငါတို႔မသိခ်င္ေတာ့ဘူး...အဲ့ထက္ ငါတို႔ဘယ္သူလဲဆိုတာကိုလည္းမင္းကိုေပးမသိေတာ့ဘူး...တခုပဲ မင္းေနာင္တမရခ်င္ဘူးဆို အခ်ိန္မေႏွာင္းခင္ မင္းႏွလုံးသားေနာက္လိုက္ဖို႔လိုတယ္ေရွာင္းက်န့္...သူမင္းအေဝးကိုထြက္မသြားခင္...မင္းနဲ႕သူ ဒီထက္ေဝးမသြားခင္ လြတ္သြားေတာ့မယ့္မင္းတန္ဖိုးထားတဲ့အရာကိုမလႊတ္လိုက္မိေစနဲ႕....ဒီအရာကိုမင္းေသခ်ာၾကည့္သင့္တာမို႔ငါလာျပန္ေပးတာ...ငါတို႔ျပန္ေတာ့မယ္ေရွာင္းက်န့္!..."

ဧည့္ခန္းစားပြဲေပၚတစုံတခုထားခဲ့ကာ ဖန္းေဝ ေဖရွီးလက္ကိုတြဲၿပီး ေရွာင္းအိမ္ေတာ္ဧည့္ခန္းထဲမွထြက္ခဲ့လိုက္တယ္။

"ေရွာင္းက်န့္ေကာ တကယ္ပဲသူ႕ႏွလုံးသားကိုနားလည္နိုင္မွာလား ဖန္းေကာ..."

"ေသခ်ာေပါက္ သူသာရိေပၚကိုတကယ္ခ်စ္ရင္နားလည္နိုင္ပါလိမ့္မယ္!..."

တြဲထားသည့္လက္ေတြပိုတင္းၾကပ္လိုက္မိရင္း ဖန္းေဝနဲ႕ေဖရွီးေရွာင္းအိမ္ေတာ္ၿခံဝင္းထဲမွ ေပါ့ပါးစြာလွမ္းထြက္ခဲ့ပါေတာ့တယ္။

က်န္ခဲ့သည့္ေရွာင္းက်န့္မွာ ေျပာခ်င္ရာေျပာၿပီးျပန္ထြက္သြားသည့္ႏွစ္ေယာက္ေၾကာင့္ ေခါင္းကိုက္ေနရာမွ စိတ္အိုက္လာမိတယ္။တကယ္ပဲ ႐ုတ္တရက္ႀကီး ဘာေတြလာေျပာသြားမွန္းမသိ။

"က်စ္!...ထပ္ၿပီးေနာက္က်ဦးမယ္...ဟင္း!..."

ဝမ္ရိေပၚကိုသြားေတြ႕ရန္႐ုံးေစာေစာဆင္းလာျခင္းျဖစ္ေပမဲ့အိမ္တိုင္ရာေရာက္ပေဟဠိလာေပးသြားသည့္ႏွစ္ေယာက္ေၾကာင့္ေရွာင္းက်န့္ ဧည့္ခန္းစားပြဲေပၚက ထိုႏွစ္ေယာက္ထားခဲ့သည့္အရာကိုေကာက္ယူၿပီး အိပ္ခန္းစီျပန္တက္ခဲ့လိုက္တယ္။

ေရွာင္းက်န့္ကိုသိခ်င္လာေအာင္ဆြဲေဆာင္ေနသည့္အရာက စာအုပ္တစ္အုပ္ျဖစ္ၿပီး အတိအက်ေျပာရလွ်င္ coverဖုံးတြင္ နန္ဟိုင္း( ေကာင္ေလး )ဆိုသည့္စေတကာစာလုံးေလးနဲ႕photo albumေလးတစ္ခုပင္။သုံးႏႈန္းထားသည့္စကားလုံးေလးကရိုးရွင္းေပမဲ့ တခါဖတ္မိ႐ုန္နဲ႕ဖြင့္မၾကည့္ပဲမေနနိုင္ေအာင္ ေရွာင္းက်န့္အားဆြဲေဆာင္နိုင္ေလသည္။

-ခ်စ္ဖို႔ေကာင္းတယ္-

ပထမစာတန္းေလးနဲ႕အတူ ဆံပင္ကိုဦးေခါင္းထိပ္မွာၾကက္ေတာင္စည္းေလးလိုစုစည္းထားသည့္အထက္တန္းေက်ာင္းသားေလးရဲ႕ဓာတ္ပုံ။တနည္းအားျဖင့္ အလုပ္သင္ေကာင္ေလးဟုေရွာင္းက်န့္သိထားသည့္ ဝမ္ရိေပၚ။

-အစားပုတ္လိုက္တာ ဒါမဲ့ ခ်စ္စရာေကာင္းတယ္-

ေနာက္ထပ္စာတိုေလးတေၾကာင္း။ထမင္းငုပ္စားေနသည့္အထက္တန္းေက်ာင္းသားေလးရဲ႕ ေနာက္ထပ္ဓာတ္ပုံတစ္ပုံ။ထပ္ၿပီး ဝမ္ရိေပၚပါပဲ။

-မိုးေတြ႐ြာေနတယ္၊နေဘးက ေကာင္ေလးကခ်စ္ဖို႔ေကာင္းေနတယ္-

ေက်ာင္းစာၾကည့္တိုက္ေရွ႕ အုတ္ခုံမွာမသိမသာရိုက္ယူထားသည့္ေရွာင္းက်န့္အပါအဝင္ရိေပၚမ်က္ႏွာေလးပါသည့္sefileပုံ။ေရွာင္းက်န့္လက္ေတြတုန္ယင္လာကာ အံ့ၾသဝမ္းသာတလွည့္စီ ခံစားလာရတယ္။

-လြမ္းတယ္-
-သတိရတယ္-
-မင္းကို  ေတြ႕ခ်င္လိုက္တာကြာ-
-ဘယ္မွာမ်ားလဲ ေကာင္ေလး-
-ကိုယ္နားလည္လိုက္ၿပီ-
-ပိုေသခ်ာလာတယ္ကြ-
-မင္းကိုခ်စ္မိေနၿပီ အရမ္းပဲ-
ဓာတ္ပုံမပါသည့္စာစုတခ်ိဳ႕ ရက္စြဲအေတာ္မ်ားမ်ားကို ႀကီးစိုးထားတယ္။

-ကိုယ္အရမ္းေပ်ာ္တာပဲေကာင္ေလး-

မ်က္မွန္တျခမ္းေစာင္းႏွင့္ေစာင္ပုံထဲလုံးေထြးေနသည့္ေကာင္ေလးက ဓာတ္ပုံထဲႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနတယ္။ေရွာင္းက်န့္ခ်စ္တဲ့ ဝမ္ရိေပၚ။

-ကေလးေလးလိုပဲ ေကာင္ေလးကကိုယ့္ကိုယ္ကိုဂ႐ုမစိုက္ဘူး-ကေလးေလးလိုပဲ ကြၽန္ေတာ္ဆူလိုက္လို႔ ငိုတယ္-ကေလးေလးအတိုင္းပဲ ခ်စ္ဖို႔သိပ္ေကာင္းတယ္-

-ခိုးေၾကာင္ခိုးဝွက္နဲ႕ နဲနဲေတာ့ရွက္တယ္ဗ်-

ရိေပၚကိုေရွာင္းက်န့္ေပြ႕ထားသည့္ပုံ။ေဆးေတြေပေနသည့္ရိေပၚမ်က္ႏွာေလး။ထိုပုံအား ေက်ာင္းwebsiteမွေရွာင္းက်န့္ခိုးsaveခဲ့ျခင္း။ေသခ်ာပါၿပီ ဝမ္ရိေပၚသည္ သူသိပ္ခ်စ္ခဲ့တဲ့ ယခုခ်ိန္မွာေတာင္မသိစိတ္ထဲက သူခ်စ္မိေနတဲ့ေကာင္ေလးဆိုတာ ေရွာင္းက်န့္ဦးေႏွာက္ကသာမက ႏွလုံးသားကပါခံစားသိရွိလိုက္ေလၿပီ။

"မင္းက ကိုယ့္ေကာင္ေလးပဲ ဝမ္ရိေပၚ..."


To be continue....
5/4/2022(Tuesday)
Thank for your reading.
See u at final.><
Take care my dear readers♥.

Continue Reading

You'll Also Like

1M 34.1K 61
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
308K 28.9K 67
Third book of idol love series... Devotion- "Strongest form of love" All the characters are fictional. There is no connection with the real place or...
1.1M 50K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
284K 9.3K 56
When he denied his own baby calling her a cheater. "This baby is not mine." But why god planned them to meet again? "I would like you to transfer in...