Episode-2

7.1K 597 44
                                    

♡Unicode version♡

Canoloအဝါရောင်ပန်းခင်းကြီးကမျက်စိတဆုံးပဲ။ဝန်းကျင်တခုလုံးပန်းနုရောင်ဖျဖျလွှမ်းနေပြီးရှေ့တည့်တည့်မှာလူတစ်ယောက်သူနဲ့မျက်နှာချင်းဆိုင်ရပ်နေတယ်။

"အကို!..."

"အဟင်း!..."

နှုတ်ကလွှတ်ခနဲခေါ်လိုက်မိတော့အကိုကအချိုဆုံးပြုံးပြီးလက်နှစ်ဖက်ဆန့်တန်းပေးနေပြန်တယ်။အကို့အပြုံးက ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ဆွဲတဲ့မိုနာလီဇာအပြုံးထက်ပင်နှစ်သက်မွေ့ပျော်ဖွယ်ကောင်းလွန်းနေတယ်။

*သဘောကျလိုက်တာဗျာ!...*

"ရိပေါ်!...ရိပေါ်!!...ရိပေါ်!!!!!..."

"ဟမ်!...အမ်!..."

ခုံပေါ်လက်ထောက် လက်ပေါ်မေးတင်လျှက် ပြတင်းတံခါးမှအပြင်လှမ်းငေးရင်းအတွေးနယ်ကျွံနေသည့်ရိပေါ်တစ်ယောက်နဘေးကဖေးရှီးပုခုံးကိုခပ်သာသာလာလှုပ်မှအပြုံးချိုချိုနွံနက်နက်ထဲကခေါင်းပြန်ပေါ်လာရတယ်။

"ကျောင်းလွှတ်နေပြီလေ!..."

"ဟင်!..."

ပေစောင်းစောင်းကြည့်ရင်းပြောလာသည့်ဖေရှီးစကားကြားမှရိပေါ် စာသင်ခန်းထဲမျက်လုံးကစားလိုက်မိတယ်။ဘယ်ချိန်ဆရာထွက်သွားသလဲမသိ ရှေ့ကသင်ပုန်းကိုပင်တာဝန်ကျအသင်းကအတန်းဖော်တွေသန့်ရှင်းရေးလုပ်နေကြလေပြီ။

"ဘာဖြစ်နေတာလဲ...မင်းကိုသတိထားမိနေတာကြာပြီ...နေ့လည်ကျောင်းပြန်တက်ကတည်းကပြုံးစိပြုံးစိနဲ့!..."

"ဟအင်း!..."

ဟအင်းဆိုကာခေါင်းရမ်းပြပေမဲ့ပါးတွေမို့တက်သည်အထိပြုံးရင်းရိပေါ်ကစားပွဲပေါ်ကစာအုပ်တွေကောက်သိမ်းနေတယ်။ဘာလားဆိုသည့်အကြည့်နဲ့ဖေရှီးကတော့ခုထက်ထိဘာမှန်းကိုမသိသေးတာ။

"အိမ်တန်းပြန်မှာလားရိပေါ်!..."

"စာကြည့်တိုက်ခဏဝင်လိုက်ဦးမယ်ဖေရှီး...မင်းပြန်နှင့်လေ..."

စကားတပြောပြောနဲ့စာကြည့်တိုက်ရှေ့ရောက်တော့မှရိပေါ်စကားကြောင့်ဖေရှီးကအနည်းငယ်ညှို့မှိုင်းဆပြုနေသည့်ကောင်းကင်ကိုတချက်မော့ကြည့်တယ်။ပြီးမှခေါင်းတဆက်ဆက်ငြိမ့်ပြီးစက်ဘီးရပ်ထားသည့်တန်းလျှားတွေဘက်ပြေးထွက်သွားတယ်။ရိပေါ်ကိုလည်းမိုးလာတော့မှာမို့စောစောပြန်ဖို့ဆော်သြသွားသေးတယ်။

LOVE ME,OK![Complete]Where stories live. Discover now