Episode-23

3.7K 397 58
                                    

♡Unicode version♡



Ring > > > > >

ပထမတခါဖုန်းခေါ်သည်။မကိုင်။နောက်တကြိမ်ထပ်ခေါ်ကြည့်သည်။လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသည်နှင့်တိုးတော့ ရှောင်းကျန့်မျက်နှာကိုလက်နှစ်ဖက်နဲ့ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်ရင်းလေပူတွေမှုတ်ထုတ်လိုက်မိတယ်။သွားပြီ၊ကောင်လေးတကယ်ပဲ သူ့အပေါ်ငြိုငြင်သွားလေပြီ။

ကျောင်းဆင်းချိန်ကိုအတော်လွန်နေပြီပေမဲ့ရိပေါ်အဆောင်ပြန်မရောက်သေးတာမို့အခန်းတွင်းဟိုလျှောက်ဒီလျှောက်လုပ်ရင်းစိတ်မအေးနိုင်ဖြစ်နေသည့်ရှောင်းကျန့်ပင်။ဖုန်းscreenထက်ကအချိန်နာရီကိုမကြာခဏကြည့်မိနေရင်းခါတိုင်းအနေအေးသူကခုတော့အချစ်ပူမိနေပြီဖြစ်သည်။

"ဟားးး!...ပြန်ရောက်လာပါတော့လားကွာ..."

အနည်းငယ်မှောင်စပြုလာသည့်ဝန်းကျင်ကိုအကဲဆက်ကြည့်ရင်းအခန်းပြင်ကလျှောက်လမ်းဝရံတာမှာထွက်ရပ်နေလိုက်တယ်။အဆောင်အဝင်ဝမှာတော့ ညဆာထွက်စားသူတွေနဲ့ အဆောင်နေကျောင်းသားတချို့ခြေချင်းရှုပ်နေကြပေမဲ့ ရှောင်းကျန့်မျှော်နေသည့် ရိပေါ်အရိပ်အယောင်မတွေ့ရသေး။

"ကျစ်!...မဖြစ်သေးပါဘူး..."

ခေါင်းကိုတချက်ခါရမ်းပြီး ဖေရှီးစီများရောက်နေမလားဆိုသည့်အတွေးနဲ့ဖုန်းဆက်မေးဖို့ပြင်လိုက်တယ်။သူ့ကိုစိတ်ဆိုးပြီးပစ်ထားတာကိုသည်းခံနိုင်ပေမဲ့ ကောင်လေးအန္တရာယ်ဖြစ်မှာကိုတော့တွေးပူမိသေးသည်လေ။

Ring > > >

[ဟယ်လို!...ဘာများလဲစီနီယာ...]

"ကောင်လေးရှိနေလားဖေရှီး!...အကိုဖုန်းခေါ်မရလို့..."

[ဗျာ!...အာ!...စီနီယာမသိသေးဘူးနဲ့တူတယ်...မနက်ဖြန်ကဝမ်ဦးလေးရဲ့နှစ်ပတ်လည်နေ့လေ...ညနေကဖေးဖေးကိုယ်တိုင်လာခေါ်သွားလို့ရိပေါ်ကျောင်းဆင်းပြီးတခါတည်းလိုက်ပြန်သွားတယ်...]

ဖေရှီးစကားကြားလိုက်ရ၍ကောင်လေးအတွက်စိတ်အေးသွားပေမဲ့ရှောင်းကျန့်ရင်ထဲမှာတော့ အပူအနည်းငယ်ကျန်ရှိနေပါသေးတယ်။အခန်းဖော်ဖြစ်သည့်သူ့ကိုတောင် အသိပေးမသွားတာ အများကြီးမဟုတ်ရင်တောင် ကောင်လေးသူ့အပေါ်အနည်းငယ်စိတ်ခုနေလို့ပဲမဟုတ်လား။

LOVE ME,OK![Complete]Where stories live. Discover now