Episode-Final

8K 430 58
                                    

♡Unicode version♡

"အန်တီ!..."

"ဆိုင်ပိတ်ပြီကွယ့်...ဟင်!...မင်း!..."

ညနေစောင်း၍ဆိုင်ပိတ်ရန်ပြင်နေတုန်းဖိတ်မခေါ်ပါပဲ ရောက်လာသည့်ဧည်သည်ကြောင့် ဝမ်ရိဖေး(ဝမ်မား)မျက်နှာအနည်းငယ်တင်းမာသွားရတယ်။နှစ်တွေဒီလောက်ကြာတာတောင် ထိုလူငယ်ကိုမြင်လိုက်တဲ့အချိန် သူမနဲ့သူမသားသမီးတွေကိုသိမ်ငယ်စေခဲ့တဲ့အခြေနေကို ဝမ်ရိဖေး ကောင်းကောင်းမှတ်မိနေမိတုန်းပင်။

"ကျွန်တော့်ကိုမှတ်မိတယ်မလားအန်တီ..."

"ဒီကသခင်လေးနဲ့ပတ်သပ်ရလောက်အောင် အန်တီတို့ကြွယ်ဝမှုမရှိပါဘူး!...သခင်လေးလူမှားတာနေပါလိမ့်မယ်..."

စိတ်ဆိုးသင့်၍စိတ်ဆိုးနေသည့်ဝမ်မားကိုရှောင်းကျန့်အပြစ်မမြင်မိ။ယခင်ကအတိုင်းမပြောင်းလဲရှိနေသည့်ဖက်ထုပ်ဆိုင်လေးကိုတချက်မျှဝေ့ကြည့်လိုက်ပြီးရိပေါ်အရိပ်လေးကိုရှာနေမိပေမဲ့မတွေ့။မင်းက ဒီမှာပဲရှိနေရမှာမဟုတ်လား ကောင်လေး။

"ကျွန်တော့်ကိုရိပေါ်နဲ့တွေ့ခွင့်ပေးပါအန်တီ..."

"မင်းကများပြောရဲသေးတယ်!!!..."

"မား!..."

တောင်းပန်ခယစွာတောင်းဆိုမိတော့ စိတ်ဒဏ်ရာတချို့ရှိနေသည့်ဝမ်မားကရှောင်းကျန့်မျက်နှာထက် ရေဖန်ခွက်ထဲမှရေဖြင့်ပက်လိုက်တာမို့ အကွယ်မှာရပ်နေမိသည့်ဖေးဖေးမှာ မနေသာတော့ပဲဝင်တားရတော့တယ်။အကိုဖြစ်သူစီမှရှောင်းကျန့်အကြောင်းကြားထား၍ဖေးဖေးနားလည်ပေမဲ့ ဝမ်မားကတော့ငွေနဲ့ကိုင်ပေါက်ခံခဲ့ရခြင်းအတွက် ရှောင်းကျန့်အပြစ်မဟုတ်သော်ငြားရှောင်းမိသားစုအား မည်သို့မှနာကျည်းချက်လျော့လိမ့်မည်မဟုတ်။

"ရှောင်းကျန့်ကော ကိုကိုအိမ်မှာမရှိတာမို့ပြန်လိုက်ပါတော့နော်!..."

ဝမ်မားလက်မောင်းတစ်ဖက်ကိုဖက်တွယ်လျှက် ဖေးဖေးကအခြေနေမဆိုးရွားစေရန်ဝင်ပြောပေမဲ့ ရှောင်းကျန့်ကမျက်နှာထက်ကရေစက်တွေကို သပ်ချရင်းမယုံသလိုခပ်တွေတွေကြည့်လာပြန်တယ်။ရိပေါ်ကိုမတွေ့ရမချင်း ရှောင်းကျန့်ပုံစံကထိုနေရာမှတဖဝါးမျှခွာမည့်ပုံမပေါ်။

You've reached the end of published parts.

⏰ Last updated: May 23, 2022 ⏰

Add this story to your Library to get notified about new parts!

LOVE ME,OK![Complete]Where stories live. Discover now