Episode-10

4.7K 476 78
                                    

♡Unicode version♡

စာသင်နှစ်၏တတိယမြောက်အပတ်၊ထိုရက်သတပတ်၏ဒုတိယမြောက်နေ့မှာပဲစာသင်ချိန်တွေဟာပုံမှန်လိုလည်ပတ်စပြုနေပြီဖြစ်တယ်။အလည်လွန်နေတတ်သည့်ကျောင်းသားတချို့ရှိပေမဲ့ ရိပေါ်တို့လိုအချိန်ဇယားတိုင်းတသွေမတိန်းအတန်းတက်သည့်ကျောင်းသားတွေလည်းရှိနေတတ်ပါသေးတယ်။

ပထမဆုံးအတန်းချိန်မှာတင်practical timeနဲ့တန်းတိုးတာမို့ရိပေါ်တို့သူငယ်ချင်းနှစ်ယောက်practicalအဆောင်ရှာရင်းအပြေးအလွှားပါပဲ။အထက်တန်းကတည်းကဆရာရိုက်မှာသိပ်ကြောက်တတ်ခဲ့တာကြောင့်တက္ကသိုလ်တွင်လည်းကြိမ်လုံးနဲ့ရိုက်ခံရမှာကြောက်သည့်ကလေးအတွေးလေးတွေနဲ့လူရိုးလေးရှိပါသေးတယ်။

"ရိပေါ်...ဟိုမှာ ဘာလာလုပ်ပြန်ပြီလဲမသိဘူး!..."

အတန်းချိန်ပြီးခါနီးခုံနံပါတ်အစဥ်တိုင်းရိပေါ်နဲ့နှစ်ယောက်ကျော်မှာရှိနေသည့်ဖေရှီးကအခန်းဝကိုမျက်စပစ်ပြတာမို့ရိပေါ်မှာဘာလဲဆိုကာသမင်လည်ပြန်။ဖန်းဝေကောတို့အုပ်စုရယ်လေ ပထမနှစ်practicalအဆောင်ဘက်ကိုတန်းတန်းမတ်မတ်လျှောက်လာနေကြတယ်။စီနီယာအကိုနှစ်ယောက် အမနှစ်ယောက် ထိုအထဲဖန်းဝေကောကကျောင်းလှုပ်ရှားရေးတွေမှာတက်ကြွသူပီပီ ထိပ်ဆုံးက။အကိုတော့ပါမလာဘူးရယ်။

"တီချယ် ကျွန်တော်တို့ကိုခဏလောက်ဝင်ခွင့်ပြုပါခမျ!..."

"အေအေ!...ဝင်ကြလေ...ကယ်...လက်ချာအချိန်မှာပြန်ဆုံကြမယ်ကွယ်!..."

ဖန်းဝေကောတို့အဖွဲ့ဝင်ခွင့်တောင်းသည်နှင့်တီချယ်ကအိမ်စာစစ်ရန်practicalစာအုပ်ထပ်ကြီးမလျှက်အခန်းပြင်ထွက်သွားတာမို့ကျောင်းသားတွေလည်းပစ္စည်းပစ္စရတွေလွယ်အိပ်ထဲသူ့ထက်ငါကောက်ထည့်နေကြတော့တယ်။ကြည့်ရတာ စာသင်ချိန်တလျှောက်လုံးမနည်းအောင့်အီးနေကြရပုံပဲ။

"ကယ်!!!...ညီလေး ညီမလေးတို့...အကိုတို့ကိုကူညီသောအားဖြင့်ကဲန်တင်းထိုင်ချိန်ငါးမိနစ်လောက်ဖဲ့ပေးပါခမျ!..."

အတန်းရှေ့ကဖန်းဝေကောအသံversionမြင့်မြင့်ကြောင့်လှုပ်ရွနေသည့်ကျောင်းသားတွေနဂိုအတိုင်းနေရာပြန်ကျသွားတယ်။လူချောဖြစ်သည့်ဖန်းဝေကအပြောလည်းချိုသည်မို့ကောင်မလေးတွေကစောဒတက်မည့်အစားငေးငေးလေးတွေဖြစ်လို့နေတယ်။

LOVE ME,OK![Complete]Where stories live. Discover now