Uni
"တွေ့...တွေ့ရတာဝမ်းသာပါတယ်... "
ခေါင်းငုံ့နှုတ်ဆက်ရာမှ ပြန်မတ်လိုက်တော့မှ 'ဘုရားရေ' လို့ Don တမိသွားသည်။
ယောက်ျားလေးတစ်ယောက်....တကယ်ကို ယောက်ျားလေးတစ်ယောက် ဖြစ်နေတာပင်...
ကြည်လဲ့လဲ့မျက်စံလေးတွေ နှာတံလုံးလုံးလေးတွေ
မထူမပါးနှုတ်ခမ်းလေးတွေ ကြည့်ရုံနဲ့အိစိနေမှာပင်။
ပါးမို့မို့လေးတွေက ယောက်ျားလေးသာပြောတာ တကယ်ကို လှရက်နိုင်လွန်းသည်။
"သူက..."
"သားအတွက်...လာမဲ့သားမွေးနေ့အတွက် အဖေကလက်ဆောက်ကြိုပေးတာ"
အဖေ့စကားကြောင့် Don လန့်သွားသည်။ လက်ဆောင်ကလူတဲ့....
ဒါဆို ငြင်းမိလားလို့မေးရင် မငြင်းမိဘူး...ဘာလို့လဲဆိုတော့ မသိဘူး.......
game ဆော့နေတုန်း ဘေးကနေ ငုတ်တုတ်လေးထိုင်နေသူကြောင့် Don လဲမနေတတ်တော့...
Roshan လောက်သာ နီးနီးကပ်ကပ်ရှိဖူးတာမှတ်လား....
"မင်းနာမည်က...."
"အစ်ကိုလေး ပေးချင်သလိုပေးပါ"
ကောင်လေးစကားကြောင့် Don စဥ်းစားမိသွားသည်။
ခဏနေတော့မှ
"မင်းကခု မြန်မာပြည် မှာမဟုတ်တော့ဘူးဆိုတော့ မင်းကို English နာမည်ပဲပေးတာကောင်းမယ်..."
ကောင်လေးကတော့ သူ့အားမျှော်လင့်တကြီးကြည့်နေရှာသည်။
"Bing...Bing...ဘယ်လိုလဲ"
"အစ်ကိုလေး ပေးတဲ့နာမည်ဆို ကျွန်တော်ကြိုက်ပါတယ်"
ဒီအချိန်ကစပြီး Bing ဆိုတဲ့ကောင်လေးက Don ဘဝထဲသို့ တစ်စတစ်စဝင်ရောက်လာတော့သည်~~
_____________
အရှေ့က ကုတ်ကုတ်လေးထိုင်နေသူကိုကြည့်ရင်း Roshan သဘောမကျလှ...
Don အဖေကလဲ ဘယ်လိုမွေးနေ့လက်ဆောင်တွေပေးနေတာလဲ...
Bing မှာတော့ မိမိအား မျက်မှောင်ကြုံ့ကာ စိုက်ကြည့်နေသူကြောင့် မနေတတ်တော့...
"ပေါက်ထွက်သွားဦးမယ်"
Don စကားကြောင့် Roshan မှာ ကြည့်နေတာကို ပြန်ရုတ်သိမ်းရလေသည်။
"စားဖို့တစ်ခုခုသွားစီစဥ်ပေး..."
Don ခိုင်းလိုက်တာကြောင့် Bing မှာ မီးဖိုချောင်သို့ ဝင်သွားလေသည်။ ဒီတော့မှ Don က Roshan ဘေးဝင်ထိုင်ကာ...
"ဘာပြောချင်တာရှိလို့လဲ"
"မင်း အဖေကလဲ ဘယ်လိုကြီးလဲ။ ဒီလက်ဆောင်ဆိုတာကြီးက လူလေဟာ။ ပြီးတော့ သူက မင်းဘေးနားမှာ ရှိရှိနေတာ မင်း...ရှုပ်မှာပေါ့"
တတွတ်တွတ် ပြောနေသူကိုကြည့်ရင်း Don ရယ်မိပြန်သည်။
"အစကတော့အဲ့လိုပါပဲ နောက်တော့ငါလဲနေသားကျသွားတယ်။ ဒါနဲ့ မင်းဒီနေ့စာမကျက်ရဘူးလား"
"Don ကလဲ ငါ့ပဲစာကျက်ခိုင်းနေတယ်။ တစ်ရက်လောက်တော့ နားပါရစေဦး"
"ဒါဆို ဘယ်သွားချင်လဲ"
အလိုက်တသိမေးပေးတာကို Roshan ကျေးဇူးတင်ပင်မဲ့ ခုလိုနားချိန်လေးမှာ Don အနားမှာသာနေချင်သည်။
"ဟင့်အင်း ငါမသွားချင်ဘူး။ ဒါပင်မဲ့ မင်း ငါ့အနားမှာအဖော်နေပေးရမယ်"
"Ok"
သံယောဇဉ် ဆိုတာ တစ်စတစ်စ ပိုခိုင်မြဲလာလျှင် ပိုပြီးငြိတွယ်တတ်သလို အဆုံးရှုံးလဲမခံနိုင်ကြတော့ပေ။
______________
ခြံထဲတွင်ပန်းပင်ရေလောင်းနေသော ကောင်လေးကိုကြည့်နေမိသည်မှာ အချိန်တွေ ဘယ်လောက်ကြာသွားလဲတောင် မသိတော့.....
လက်ထဲက ဆေးလိပ်ကို နီးစပ်ရာပန်းအိုးထဲမှာ ထိုးကာ သတ်လိုက်သည်။ ဆေးလိပ်လား သောက်တတ်လာတာလဲ ကြာနေပါပြီ တားမဲ့သူလဲမရှိတာကြောင့် အေးဆေးပဲ။
Roshan ကတော့ တားပါတယ်.....ဒါပေမဲ့ မိမိကိုယ်တိုင်က မလိုက်နာတာ.....
အောက်ကိုကြည့်လိုက်တော့ Bing မှာ မောသွားသည်ထင် ပန်းခြံထဲက ဒန်းပေါ်တွင်ထိုင်နေလေသည်။
ဒီကောင်လေးက ယောက်ျားလေးသာပြောတာ လှတာတော့၀န်ခံသည်။
အအေးဒဏ်ကြောင့် ရဲနေသော လက်ဖျားလေးတွေ ပါးမို့မို့လေးတွေက တကယ်ကို ချစ်ဖို့တော့ကောင်းသည်။
ကိုယ့်အနားကိုလဲ ကိုယ်မခေါ်ရင် မကပ်တတ်ပေ။
သူ့ဘာသာနေတတ်သလို နေနေသည်။
"Bing!!!!လာဦး"
အော်ခေါ်လိုက်တော့ လစ်ခနဲဆို အပေါ်ကို ပြေးတတ်လာလေသည်။
"အစ်ကိုလေး ဘာခိုင်းစရာရှိလို့လဲ"
အနားသို့ ကုတ်ကုတ်ကလေး ရောက်လာပြန်သည်။
" မခိုင်းဘူး မေးစရာရှိလို့"
"ဟုတ်ကဲ့ "
"မင်းမြန်မာပြည်မှာ မိသားစု တွေ မကျန်ခဲ့ဘူးလား"
မိသားစု ဆိုတဲ့စကားကြောင့် ကောင်လေးမျက်နှာပျက်သွားတာ မြင်ပင်မဲ့ ဟန်ဆောင်ကောင်းစွာ....
"မရှိတော့ဘူး ဆုံးသွားကြပြီ...."
ဒီစကားက လိမ်နေတာပဲလားတော့မသိ Bing မျက်နှာမကောင်းတာတော့သိသည်။သူ့မိသားစုကိုပဲ သတိရသွားတာလား။
"ငါအပြင်သွားမလို့ လိုက်ခဲ့"
Bing မှာ Don စကားကိုနားထောင်စွာ ကုတ်ကုတ်ကလေး လိုက်လာပြန်သည်။
ကြီးမားလှသော Super Market ကြီးရှေ့တွင်ကားကိုရပ်လိုက်လာ လုံခြုံရေးကို ကားသော့ပေးလိုက်သည်။
"လာ ဆင်းခဲ့"
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ဝန်းထမ်းကောင်လေး နှစ်ယောက်ကလဲ အနောက်က လိုက်ပေးရလေသည်။
"သူ့ကို အကုန်ဝတ်ပေးလိုက်"
"ဗျာ...."
"သူတို့နောက်လိုက်သွား"
Bing မှာ အူတူတူနဲ့ပဲ ထိုဝန်ထမ်းကောင်လေးနှစ်ယောက်နောက် လိုက်သွားရတော့သည်။
မကြာလိုက် ဘာကြောင့်ဆိုတာ Bing သိလိုက်သည်။
ခုနက ရွေးထားတဲ့ အဝတ်အစားတွေ အကုန်လုံးကို တစ်ခုပြီးတစ်ခု Bing က ဝတ်ပြနေရသည်။
တစ်ချို့အဝတ်အစားတွေက ကြီးနေသောကြောင့် အဝတ်ပုံထဲ နစ်နေသော Bing ကိုကြည့်ရင်း Don ရယ်မိသွားတော့ နှုတ်ခမ်း ဆူသွားသောကောင်လေးကြောင့် Don တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။
ဒါဘယ်လို ခံစားချက်ကြီးလဲ.....
"သူနဲ့တော်တဲ့အဝတ်တွေ အကုန်ယူမယ်"
Don စကားကြောင့် Bing အံ့သြသွားကာ
"အစ်ကိုလေး....ကျွန်တော် မ...မယူပါရစေနဲ့"
"မင်းမှာ ပြောပိုင်ခွင့်မရှိဘူး။ ဒါငါ့ဆန္ဒဖြစ်သလို ငါ့အမိန့်လဲဖြစ်တယ်"
အသံမာမာပြောလိုက်တော့ ခေါင်းလေးငုံ့သွားကာ မျက်နှာလေးငယ်သွားရှာသည်။
နှစ်ယောက်သား လိုအပ်တာတွေစုံစိအောင်ဝယ်ပြီး ပြန်မည်လုပ်နေစဥ်....
ဆိုင်တစ်ဆိုင်ကို ငေးကာကြည့်နေသော သူကြောင့် Don ပါလိုက်ကြည့်မိတော့...ဘာဂါလ် ဆိုင်ပင်....
ဟုတ်သားပဲ....ရောက်ထဲက သူကောကိုယ်ကော ဘာမှမစားရသေးတာ...
နေ့လည်စာချိန်တောင်လွန်နေပြီ....
အနောက်က လိုက်လာမည်ထင်တာ ဆိုင်ထဲဝင်သွားတော့ ထိုနေရာတွင်သာ ရပ်ကျန်နေခဲ့သော Bing။
"ဘာလုပ်နေတာလဲ။ လာ....ငါဗိုက်ဆာနေပြီ"
ဒီတော့မှ အနားကို လှစ်ခနဲရောက်လာသူ...
ရှေ့က အားရပါးရ စားနေသူကိုကြည့်ရင်း Don တောင် စားရမှာ မေ့သွားသည်။
ပါးလေးတွေကို ဖောင်းနေအောင် စားနေသည်မှာ ဘယ်လိုလေးမှန်းမသိ။
နင်သွားမှာဆိုးသောကြောင့် အအေးလဲ မှာထားပေးရသေးသည်။
"ဗိုက်အရမ်းဆာနေတာလား။ ဆာရင်ပြောရောပေါ့"
ပါးစပ်ထဲက မုန့်တွေကိုကုန်အောင် အရင်မြိုချပြီးမှ သွားကိုဖြဲကာ
"ဗိုက်က အရမ်းဆာတာမဟုတ်ပင်မဲ့...ဒါကို စားကြည့်ချင်နေတာကြာပြီ။ မြန်မာပြည်မှာထဲက မြင်သာမြင်ဖူးတာ မစားဖူးလို့"
ပြုံးရယ်ကာ ပြောနေသူလေးကတော့ အပြစ်ကင်းစင်နေပင်မဲ့ ကြားရသူကတော့ တစ်မျိုးဖြစ်သွားလေသည်။
____________
30.3.2022
Khine Lay
စိတ်ကျေနပ်မှုရှိကြရဲ့လား ဒါဒါတို့ရေ ရေးရတာ ကိုယ့်ပုံစံကိုသိပ်အားမရဖူးဖြစ်နေတယ်
Zaw
"ေတြ႕...ေတြ႕ရတာဝမ္းသာပါတယ္... "
ေခါင္းငုံ႕ႏႈတ္ဆက္ရာမွ ျပန္မတ္လိုက္ေတာ့မွ 'ဘုရားေရ' လို႔ Don တမိသြားသည္။
ေယာက္်ားေလးတစ္ေယာက္....တကယ္ကို ေယာက္်ားေလးတစ္ေယာက္ ျဖစ္ေနတာပင္...
ၾကည္လဲ့လဲ့မ်က္စံေလးေတြ ႏွာတံလုံးလုံးေလးေတြ
မထူမပါးႏႈတ္ခမ္းေလးေတြ ၾကည့္႐ုံနဲ႕အိစိေနမွာပင္။
ပါးမို႔မို႔ေလးေတြက ေယာက္်ားေလးသာေျပာတာ တကယ္ကို လွရက္နိုင္လြန္းသည္။
"သူက..."
"သားအတြက္...လာမဲ့သားေမြးေန႕အတြက္ အေဖကလက္ေဆာက္ႀကိဳေပးတာ"
အေဖ့စကားေၾကာင့္ Don လန့္သြားသည္။ လက္ေဆာင္ကလူတဲ့....
ဒါဆို ျငင္းမိလားလို႔ေမးရင္ မျငင္းမိဘူး...ဘာလို႔လဲဆိုေတာ့ မသိဘူး.......
game ေဆာ့ေနတုန္း ေဘးကေန ငုတ္တုတ္ေလးထိုင္ေနသူေၾကာင့္ Don လဲမေနတတ္ေတာ့...
Roshan ေလာက္သာ နီးနီးကပ္ကပ္ရွိဖူးတာမွတ္လား....
"မင္းနာမည္က...."
"အစ္ကိုေလး ေပးခ်င္သလိုေပးပါ"
ေကာင္ေလးစကားေၾကာင့္ Don စဥ္းစားမိသြားသည္။
ခဏေနေတာ့မွ
"မင္းကခု ျမန္မာျပည္ မွာမဟုတ္ေတာ့ဘူးဆိုေတာ့ မင္းကို English နာမည္ပဲေပးတာေကာင္းမယ္..."
ေကာင္ေလးကေတာ့ သူ႕အားေမွ်ာ္လင့္တႀကီးၾကည့္ေနရွာသည္။
"Bing...Bing...ဘယ္လိုလဲ"
"အစ္ကိုေလး ေပးတဲ့နာမည္ဆို ကြၽန္ေတာ္ႀကိဳက္ပါတယ္"
ဒီအခ်ိန္ကစၿပီး Bing ဆိုတဲ့ေကာင္ေလးက Don ဘဝထဲသို႔ တစ္စတစ္စဝင္ေရာက္လာေတာ့သည္~~
_____________
အေရွ႕က ကုတ္ကုတ္ေလးထိုင္ေနသူကိုၾကည့္ရင္း Roshan သေဘာမက်လွ...
Don အေဖကလဲ ဘယ္လိုေမြးေန႕လက္ေဆာင္ေတြေပးေနတာလဲ...
Bing မွာေတာ့ မိမိအား မ်က္ေမွာင္ႀကဳံ႕ကာ စိုက္ၾကည့္ေနသူေၾကာင့္ မေနတတ္ေတာ့...
"ေပါက္ထြက္သြားဦးမယ္"
Don စကားေၾကာင့္ Roshan မွာ ၾကည့္ေနတာကို ျပန္႐ုတ္သိမ္းရေလသည္။
"စားဖို႔တစ္ခုခုသြားစီစဥ္ေပး..."
Don ခိုင္းလိုက္တာေၾကာင့္ Bing မွာ မီးဖိုေခ်ာင္သို႔ ဝင္သြားေလသည္။ ဒီေတာ့မွ Don က Roshan ေဘးဝင္ထိုင္ကာ...
"ဘာေျပာခ်င္တာရွိလို႔လဲ"
"မင္း အေဖကလဲ ဘယ္လိုႀကီးလဲ။ ဒီလက္ေဆာင္ဆိုတာႀကီးက လူေလဟာ။ ၿပီးေတာ့ သူက မင္းေဘးနားမွာ ရွိရွိေနတာ မင္း...ရႈပ္မွာေပါ့"
တတြတ္တြတ္ ေျပာေနသူကိုၾကည့္ရင္း Don ရယ္မိျပန္သည္။
"အစကေတာ့အဲ့လိုပါပဲ ေနာက္ေတာ့ငါလဲေနသားက်သြားတယ္။ ဒါနဲ႕ မင္းဒီေန႕စာမက်က္ရဘူးလား"
"Don ကလဲ ငါ့ပဲစာက်က္ခိုင္းေနတယ္။ တစ္ရက္ေလာက္ေတာ့ နားပါရေစဦး"
"ဒါဆို ဘယ္သြားခ်င္လဲ"
အလိုက္တသိေမးေပးတာကို Roshan ေက်းဇူးတင္ပင္မဲ့ ခုလိုနားခ်ိန္ေလးမွာ Don အနားမွာသာေနခ်င္သည္။
"ဟင့္အင္း ငါမသြားခ်င္ဘူး။ ဒါပင္မဲ့ မင္း ငါ့အနားမွာအေဖာ္ေနေပးရမယ္"
"Ok"
သံေယာဇဥ္ ဆိုတာ တစ္စတစ္စ ပိုခိုင္ၿမဲလာလွ်င္ ပိုၿပီးၿငိတြယ္တတ္သလို အဆုံးရႈံးလဲမခံနိုင္ၾကေတာ့ေပ။
______________
ၿခံထဲတြင္ပန္းပင္ေရေလာင္းေနေသာ ေကာင္ေလးကိုၾကည့္ေနမိသည္မွာ အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားလဲေတာင္ မသိေတာ့.....
လက္ထဲက ေဆးလိပ္ကို နီးစပ္ရာပန္းအိုးထဲမွာ ထိုးကာ သတ္လိုက္သည္။ ေဆးလိပ္လား ေသာက္တတ္လာတာလဲ ၾကာေနပါၿပီ တားမဲ့သူလဲမရွိတာေၾကာင့္ ေအးေဆးပဲ။
Roshan ကေတာ့ တားပါတယ္.....ဒါေပမဲ့ မိမိကိုယ္တိုင္က မလိုက္နာတာ.....
ေအာက္ကိုၾကည့္လိုက္ေတာ့ Bing မွာ ေမာသြားသည္ထင္ ပန္းၿခံထဲက ဒန္းေပၚတြင္ထိုင္ေနေလသည္။
ဒီေကာင္ေလးက ေယာက္်ားေလးသာေျပာတာ လွတာေတာ့၀န္ခံသည္။
အေအးဒဏ္ေၾကာင့္ ရဲေနေသာ လက္ဖ်ားေလးေတြ ပါးမို႔မို႔ေလးေတြက တကယ္ကို ခ်စ္ဖို႔ေတာ့ေကာင္းသည္။
ကိုယ့္အနားကိုလဲ ကိုယ္မေခၚရင္ မကပ္တတ္ေပ။
သူ႕ဘာသာေနတတ္သလို ေနေနသည္။
"Bing!!!!လာဦး"
ေအာ္ေခၚလိုက္ေတာ့ လစ္ခနဲဆို အေပၚကို ေျပးတတ္လာေလသည္။
"အစ္ကိုေလး ဘာခိုင္းစရာရွိလို႔လဲ"
အနားသို႔ ကုတ္ကုတ္ကေလး ေရာက္လာျပန္သည္။
" မခိုင္းဘူး ေမးစရာရွိလို႔"
"ဟုတ္ကဲ့ "
"မင္းျမန္မာျပည္မွာ မိသားစု ေတြ မက်န္ခဲ့ဘူးလား"
မိသားစု ဆိုတဲ့စကားေၾကာင့္ ေကာင္ေလးမ်က္ႏွာပ်က္သြားတာ ျမင္ပင္မဲ့ ဟန္ေဆာင္ေကာင္းစြာ....
"မရွိေတာ့ဘူး ဆုံးသြားၾကၿပီ...."
ဒီစကားက လိမ္ေနတာပဲလားေတာ့မသိ Bing မ်က္ႏွာမေကာင္းတာေတာ့သိသည္။သူ႕မိသားစုကိုပဲ သတိရသြားတာလား။
"ငါအျပင္သြားမလို႔ လိုက္ခဲ့"
Bing မွာ Don စကားကိုနားေထာင္စြာ ကုတ္ကုတ္ကေလး လိုက္လာျပန္သည္။
ႀကီးမားလွေသာ Super Market ႀကီးေရွ႕တြင္ကားကိုရပ္လိုက္လာ လုံၿခဳံေရးကို ကားေသာ့ေပးလိုက္သည္။
"လာ ဆင္းခဲ့"
တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္ ဝန္းထမ္းေကာင္ေလး ႏွစ္ေယာက္ကလဲ အေနာက္က လိုက္ေပးရေလသည္။
"သူ႕ကို အကုန္ဝတ္ေပးလိုက္"
"ဗ်ာ...."
"သူတို႔ေနာက္လိုက္သြား"
Bing မွာ အူတူတူနဲ႕ပဲ ထိုဝန္ထမ္းေကာင္ေလးႏွစ္ေယာက္ေနာက္ လိုက္သြားရေတာ့သည္။
မၾကာလိုက္ ဘာေၾကာင့္ဆိုတာ Bing သိလိုက္သည္။
ခုနက ေ႐ြးထားတဲ့ အဝတ္အစားေတြ အကုန္လုံးကို တစ္ခုၿပီးတစ္ခု Bing က ဝတ္ျပေနရသည္။
တစ္ခ်ိဳ႕အဝတ္အစားေတြက ႀကီးေနေသာေၾကာင့္ အဝတ္ပုံထဲ နစ္ေနေသာ Bing ကိုၾကည့္ရင္း Don ရယ္မိသြားေတာ့ ႏႈတ္ခမ္း ဆူသြားေသာေကာင္ေလးေၾကာင့္ Don တစ္ကိုယ္လုံး ၾကက္သီးမ်ား ထသြားသည္။
ဒါဘယ္လို ခံစားခ်က္ႀကီးလဲ.....
"သူနဲ႕ေတာ္တဲ့အဝတ္ေတြ အကုန္ယူမယ္"
Don စကားေၾကာင့္ Bing အံ့ၾသသြားကာ
"အစ္ကိုေလး....ကြၽန္ေတာ္ မ...မယူပါရေစနဲ႕"
"မင္းမွာ ေျပာပိုင္ခြင့္မရွိဘူး။ ဒါငါ့ဆႏၵျဖစ္သလို ငါ့အမိန့္လဲျဖစ္တယ္"
အသံမာမာေျပာလိုက္ေတာ့ ေခါင္းေလးငုံ႕သြားကာ မ်က္ႏွာေလးငယ္သြားရွာသည္။
ႏွစ္ေယာက္သား လိုအပ္တာေတြစုံစိေအာင္ဝယ္ၿပီး ျပန္မည္လုပ္ေနစဥ္....
ဆိုင္တစ္ဆိုင္ကို ေငးကာၾကည့္ေနေသာ သူေၾကာင့္ Don ပါလိုက္ၾကည့္မိေတာ့...ဘာဂါလ္ ဆိုင္ပင္....
ဟုတ္သားပဲ....ေရာက္ထဲက သူေကာကိုယ္ေကာ ဘာမွမစားရေသးတာ...
ေန႕လည္စာခ်ိန္ေတာင္လြန္ေနၿပီ....
အေနာက္က လိုက္လာမည္ထင္တာ ဆိုင္ထဲဝင္သြားေတာ့ ထိုေနရာတြင္သာ ရပ္က်န္ေနခဲ့ေသာ Bing။
"ဘာလုပ္ေနတာလဲ။ လာ....ငါဗိုက္ဆာေနၿပီ"
ဒီေတာ့မွ အနားကို လွစ္ခနဲေရာက္လာသူ...
ေရွ႕က အားရပါးရ စားေနသူကိုၾကည့္ရင္း Don ေတာင္ စားရမွာ ေမ့သြားသည္။
ပါးေလးေတြကို ေဖာင္းေနေအာင္ စားေနသည္မွာ ဘယ္လိုေလးမွန္းမသိ။
နင္သြားမွာဆိုးေသာေၾကာင့္ အေအးလဲ မွာထားေပးရေသးသည္။
"ဗိုက္အရမ္းဆာေနတာလား။ ဆာရင္ေျပာေရာေပါ့"
ပါးစပ္ထဲက မုန့္ေတြကိုကုန္ေအာင္ အရင္ၿမိဳခ်ၿပီးမွ သြားကိုၿဖဲကာ
"ဗိုက္က အရမ္းဆာတာမဟုတ္ပင္မဲ့...ဒါကို စားၾကည့္ခ်င္ေနတာၾကာၿပီ။ ျမန္မာျပည္မွာထဲက ျမင္သာျမင္ဖူးတာ မစားဖူးလို႔"
ၿပဳံးရယ္ကာ ေျပာေနသူေလးကေတာ့ အျပစ္ကင္းစင္ေနပင္မဲ့ ၾကားရသူကေတာ့ တစ္မ်ိဳးျဖစ္သြားေလသည္။
____________
30.3.2022
Khine Lay
စိတ္ေက်နပ္မႈရွိၾကရဲ႕လား ဒါဒါတို႔ေရ ေရးရတာ ကိုယ့္ပုံစံကိုသိပ္အားမရဖူးျဖစ္ေနတယ္