Time Spent Walking Through Me...

Por psh_fever

46.9K 6.7K 1.6K

His daily dose of Sim Jae Yun through the years... 🍂 Title : 기억을 걷는 시간 Written in : Burmese Pair : Park Sun... Más

프롤로그
다섯
여섯
일곱
여덟
아홉
열하나
열둘
열셋
열넷
열다섯
열여섯
열일곱
열여덟
열아홉
스물
스물하나
스물둘
스물셋 [meowz]
스물넷 [meowz]
스물다섯
스물여섯
스물일곱
스물여덟
에필로그

하나

2.2K 279 12
Por psh_fever

အရာအားလုံး ဘယ်ကစတင်ခဲ့သလဲ သူတကယ်မသိ။

ဒီခံစားချက်က တအားမွန်းကြပ်ဖို့ကောင်းလွန်းတယ်။ ရေနစ်နေသလိုမျိုး။ ဘယ်သူမှမကူနိုင်မကယ်နိုင်... ကိုယ်တိုင်လဲ ရုန်းမထွက်နိုင်။

အချစ်ဆုံးသူငယ်ချင်းကိုမှ တဖက်သတ်ချစ်နေမိတဲ့အဖြစ်။ တစ်ဖက်သတ်ဆိုတဲ့အတိုင်း သူ့တစ်ဖက်ထဲကို သတ်နေတဲ့အချစ်။

ဂျယ်ယွန်းအပြုံးလေးတွေ့ရင် ရင်တွေခုန်လာတယ်။ ဂျယ်ယွန်းနဲ့ မတော်တဆ အသားလေးများထိရင် နှလုံးသားတစ်ခုလုံး ခိုက်ခိုက်တုန်လာတယ်။ ဂျယ်ယွန်းပြုံးရွှင်နေတဲ့နေ့ဆို သူ့ကမ္ဘာမှာ ပန်းတွေပွင့်ပြီး ဂျယ်ယွန်း စိတ်ညစ်နေတဲ့အခါမျိုးဆိုရင်တော့ သူ့ရင်ထဲ တိမ်ညိုတွေ တအိအိပြိုပါတယ်။

ဒါဆို ဒီခံစားချက်တွေအားလုံး ဘယ်ကစတင်ခဲ့သလဲ။ လုံးဝမှားယွင်းနေတဲ့ ဖြစ်တည်မှုလေ! ငယ်ငယ်ထဲကပေါင်းလာတဲ့ သူငယ်ချင်းအချင်းချင်း၊ ပိုဆိုးတာက ယောင်္ကျားလေးချင်းကိုမှ!

ဒါဟာ အမှားဆိုလဲ ပတ်ဆောင်းဟွန်းက ဒီအမှားကို လက်သင့်ခံလိုက်ရတော့မှာပါပဲ။ မတတ်နိုင်။ သူ ဂျယ်ယွန်းကိုချစ်တယ်။ ပြောပြနိုင်တဲ့အတိုင်းအတာထက် ချစ်တယ်။ အရာအားလုံးထက် ပိုမြတ်နိုးတယ်။ ဒါပေမယ့် သူ ဒီအချစ်တွေကို တသက်လုံး ဖွင့်ဟထုတ်ဖော်သွားဖို့ စိတ်ကူးမရှိ။ ဘာလို့ဆို ဂျယ်ယွန်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်နေတာကြောင့်ပင်။

🍂

ပြောရမယ်ဆို ပတ်ဆောင်းဟွန်းက ကံကြမ္ဘာကို ယုံတတ်တဲ့ကောင်လေးမျိုး။ လူတိုင်းကို အကြောင်းပြချက်တစ်ခုကြောင့် တွေ့ဆုံရတာလို့ တထစ်ချယုံကြည်ထားပြီး အကျိုးတရားတွေ ဆက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။

ရေစက်တွေက ရှောင်လွှဲလို့မရတာကြောင့် သူက ဒီရေစက်တွေကို အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်။ ဆက်ဆံရေးတွေမြဲမြံဖို့ ကောင်းကောင်းထိန်းသိမ်းသွားမှာဖြစ်ပြီး ပျိုယွင်းနေပြီဖြစ်တဲ့ တချို့ဆက်ဆံရေးတွေကိုတော့ အဖက်မလုပ်ချင်တော့။ ပတ်ဆောင်းဟွန်းက ဘာမှသေချာမသိသေးတဲ့ ကလေးလေးဘဝထဲက ဒီလိုမျိုးလေးတွေးတတ်ခဲ့တာဖြစ်တယ်။

သူ့မှာ မူလတန်းအရွယ်ထိ သူငယ်ချင်းတွေ လက်နှစ်ဖက်စာရခဲ့တယ်။ လိမ္မာတဲ့ ကလေးလေးပတ်ဆောင်းဟွန်းကို အားလုံးက သဘောကျတယ်။ ဆရာ၊ဆရာမတွေကလဲ ချစ်တယ်။ စားချိန်၊ ကစားချိန်၊ စာသင်ချိန် ဘာဆိုဘာမှအတွန့်မတက်ဘဲ အချိန်မှန်လေး လိုက်နာတတ်တဲ့ ဆောင်းဟွန်းလေးကို ချစ်ကြတာမဆန်း။ ဆောင်းဟွန်းလေးကလဲ အားလုံးနဲ့ခင်ပေမယ့် မူလတန်းနောက်ဆုံးနှစ်မှာ ကျောင်းပြောင်းလာတဲ့ သူငယ်ချင်းလေးကိုတွေ့တော့ အရာအားလုံးထက် ပိုခင်မင်ချင်မိသွားတယ်။

တကယ်ဆို ကျောင်းသားသစ်လေးကို ဆောင်ဟွန်းက လွန်ခဲ့တဲ့နှစ်ပတ်လောက်ထဲက တွေ့ဖူးပြီးသား။ Australiaမှာနေတဲ့ အမေ့ညီမ ဆောင်ဟွန်းအဒေါ် Seoulကိုပြန်လာလို့ သွားကြိုရာက အမှတ်တမဲ့ဆုံခဲ့တာဖြစ်တယ်။ အင်ချွန်းလေဆိပ်က အကျယ်ကြီး။ shopping centerတွေရော၊ ကလေးကစားကွင်းတွေပါ ရှိတယ်။

ommaက ဒေါ်လေးနဲ့စကားပြောနေတုန်း ဆောင်ဟွန်းတို့မောင်နှမကို ကလေးကစားကွင်းလေးထဲပို့ထားတာ။ ဆောင်ဟွန်းက ညီမလေးရယ်ဂျီနဲ့ ရောင်စုံဘောလုံးတွေ ပစ်ပေါက်တမ်းဆော့နေတုန်း ကစားကွင်းအပြင်ကနေ လူတွေရဲ့အာမေဋိတ်သံတွေကို ကြားလိုက်ရတယ်။ ကလေးပီပီ စပ်စုချင်စိတ်လေးကလဲရှိပြန်တော့ ဘာဖြစ်တာလဲဆိုပြီး အပြင်ဘက်ချောင်းကြည့်ရတာပေါ့။

မြင်ကွင်းကို ဆောင်ဟွန်းသေချာပေါက်ရင်းနှီးနေတယ်။ ommaကြည့်နေကျ k-dramaကားတွေထဲကလို မင်းသားက မင်းသမီးကို proposeလုပ်တဲ့အခန်းပဲ။ ဒါပေမယ့် အခုproposeက လက်ထပ်ခွင့်တောင်းဖို့ လက်စွပ်ဘူးသေးသေးလေးနဲ့မဟုတ်။ အိမ်သေးသေးလေးတစ်လုံးစာလောက်ရှိတဲ့ လက်ဆောင်ဘူးကြီးနဲ့ဖြစ်တယ်။

ဆောင်ဟွန်းနဲ့ ရယ်ဂျီက ကစားကွင်းထဲကဘောလုံးတွေ အပြင်မထွက်အောင်ကာထားတဲ့ ဘေးနံရံအကာအပေါက်လေးတွေထဲကနေ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးတွေဘလင်းဘလင်း။

လက်ဆောင်ဘူးကြီးရဲ့ ကြိုးကိုဖြည်ချလိုက်တော့ အထဲက မိုးပျံပူဖောင်းတွေ အပေါ်ကိုပျံတက်ကုန်တယ်။ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတာက ပြိုင်ကားအနီရောင်လေး။ ဒါပေမယ့် ကလေးလေးဆောင်ဟွန်းက မိမိုက်နေတဲ့ပြိုင်ကားကို စိတ်မဝင်စား။ သူစိတ်ဝင်စားတာ ကာတွန်းရုပ်ပုံစံမျိုးစုံနဲ့ လေပေါ်ပျံတက်သွားတဲ့ မိုးပျံပူပေါင်းတွေဖြစ်တယ်။ လေဆိပ်ထဲလိုက်ဖမ်းဖို့မလွယ်တာကြောင့် nitrogen gasတွေကို နည်းနည်းပဲဖြည့်ထားတော့ ပူပေါင်းတွေက တဖြည်းဖြည်းနဲ့ အရှိန်လျော့ပြီး အောက်ကျလာတယ်။

အပေါ်မှာအကာမထားတာကြောင့် တချို့ပူပေါင်းတွေက ကလေးကစားကွင်းထဲကို ကျလာတယ်။ ဆောင်ဟွန်းမျက်လုံးထဲ မြင်နေမိတာ ခွေးပေါက်ရုပ်ပုံပူပေါင်းလေး။ သူ့နားလေးကို ကျလာတာ။ ဆောင်ဟွန်း အညိုရောင်ပါပီပုံပူပေါင်းလေးကို ပြေးဖမ်းလိုက်တယ်။ အဲအချိန်မှာပဲ ထိုပူပေါင်းကို ဆောင်ဟွန်းနဲ့ အပြိုင်လာဆွဲတဲ့ လက်လေးတစ်ဖက်။

ဆောင်ဟွန်းကြည့်လိုက်တော့ ဟင်! ပါပီလေး!
ပါပီပုံပူပေါင်းလေးကိုဆွဲထားတဲ့ကလေးလေးက တကယ့်ကိုပါပီလေးနဲ့ တူလို့နေတယ်။ အညိုရောင်ဆံပင်လေးတွေကလဲ ခပ်အုပ်အုပ်လေး။

ဆောင်ဟွန်းမျက်လုံးလေးတွေ ဝိုင်းစက်သွားတယ်။

ပါပီလေးကတော့ သူရမယ့်ပူပေါင်း တခြားလူဆီပါသွားပြီဆိုပြီး ငိုမဲ့မဲ့နဲ့ လှည့်ထွက်သွားလေရဲ့။

ကစားကွင်းအလယ်က ရောင်စုံဘောလုံးတွေကြား ပူပေါင်းတစ်ခုနဲ့အတူ ဆောင်ဟွန်းကျန်ခဲ့ရတယ်။

ပြီးတော့ မနက်ကစားခဲ့တဲ့ဟင်း နေ့လည်ရောက်ရင်မေ့သွားတဲ့ဆောင်ဟွန်းက ပါပီလေး အဲနေ့က ဝတ်ခဲ့တဲ့ အဝတ်အစားတွေကိုတော့ အရောင်ကအစ သေချာမှတ်မိနေခဲ့တယ်။

တသက်လုံး နှလုံးသားထဲတငွေ့ငွေ့နဲ့ သိမ်းဆည်းသွားရတော့မယ့်အမှတ်တရပါလို့ ဘယ်သူက ထင်မှာလဲ။

တိုက်တိုက်ဆိုင်ဆိုင် ခွေးပေါက်ပုံပူပေါင်းလေးမှာ ပါလာတဲ့စာသားလေးကလဲ "I love you since the moment we first met"တဲ့။

ကံကြမ္ဘာရဲ့ ကျီစယ်မှုတွေကို ယုံကြည်လွန်းတဲ့ဆောင်ဟွန်းလေး အတွေးတွေထဲ ပါပီလေးက စတွေ့ထဲက နေ့တိုင်းနီးပါး စိုးမိုးနိုင်ခဲ့တာပဲ။

🍂

Suggested song - Kimi no toriko by Rizky Ayuba

Seguir leyendo

También te gustarán

95.4K 3.5K 61
When Wendy arrives to Neverland, it is not at all like she expected. The sweet stories she had read in books we just that, stories. With danger aroun...
199K 14.4K 50
Nerys has never been much of a fighter but, to earn the gold needed to save her gravely ill brother, she sacrifices everything and becomes an apprent...
151K 3.5K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
67.7K 2.5K 29
He was feared by all, including the emperor. He fought wars and conquered. He cared for no man. It was known to all that he had no emotions except ha...