သူဆုပ္ကိုင္ထားတဲ့ငယ့္ရဲ႕လက္ကေလး
ေတြကေအးစက္ေနတာေၾကာင့္ သူပိုၿပီး
တင္းက်ပ္ေနေအာင္ဆုပ္ကိုင္ထားလိုက္
သည္....။
ေအာက္ဆီဂ်င္မက္စ္ေအာက္ကမ်က္ႏွာ
ကေလးက ေခ်ာင္က်သြားသလို...။
သူနဲ႔ျပန္ေတြ႔စတုန္းကဆိုရင္..ပါးေလးေတြ
ကေဖာင္းေဖာင္းကေလးနဲ႔အရမ္းခ်စ္စရာ
ေကာင္းခဲ့တာ...။
~တူ....တူ...~
ငယ့္ရဲ႕ဆံပင္ေလးေတြကိုသပ္တင္ေပးေန
တုန္း ေခါင္းအံုးေဘးမွာခ်ထားတဲ့ငယ့္ရဲ႕
ဂ်ဴတီကုတ္ကေနဖုန္းသံၾကားလို႔ၾကည့္လိုက္
ေတာ့ ဂ်ံဳအင္ဆီက....။
"အင္း...ဂ်ံဳအင္..ေျပာ.."
"အမ္....minho hyung လား..။
ကြၽန္ေတာ့္ အစ္ကိုေရာ..."
"ငယ္ ကေဆးရံုမွာ..."
"ဗ်ာ...hyung ကအလုပ္ျပန္ဆင္းေနၿပီ
လား...."
"အင္း...ေနာက္ၿပီး ငယ္ ကေနမေကာင္း
ဘူး..."
"ဗ်ာ!...ဘယ္လိုျဖစ္တာလဲ.."
"ငယ့္ကိုအခု ေအာက္စီဂ်င္ေပးထားရ
တယ္..."
"ဗ်ာ!!...ကြၽန္..ကြၽန္ေတာ္လာခဲ့မယ္.."
ဂ်ံဳအင္ သူ႔စိတ္ထဲလံုးဝကိုပူထူသြားသည္...။
ျခံထဲဆင္းကာ..ဆိုင္ကယ္ေပၚတင္ထားတဲ့
ဆိုင္ကယ္ဦးထုပ္ကိုေဆာင္းၿပီး....
ဆိုင္ကယ္ကိုအ႐ွိန္တင္ကာ ေဆးရံုသို႔
ေမာင္းသြားလိုက္သည္....။
°°°•••°°°•••°°°•••°°°•••°°°•••°°°•••
ငယ့္ ရဲ႕မ်က္ႏွာကိုေရပတ္တိုက္ေပးေနစဥ္..
"minho hyung.."
"ေရာက္ၿပီလား..."
အေလာတႀကီးနဲ႔ေရာက္လာတဲ့ ဂ်ံဳအင္ ပံုစံ
ေၾကာင့္ သူအလိုက္တသိပဲထိုင္ခံုက ဖယ္
ေပးလိုက္သည္...။
သူဖယ္ေပးလိုက္တဲ့ခံုမွာ ဂ်ံဳအင္ က
ဝင္ထိုင္ကာ..ငယ့္ရဲ႕လက္ေတြကိုဆုပ္ကိုင္
ၿပီး...သူ႔အစ္ကို ကိုစိုးရိမ္တႀကီးမ်က္ဝန္း
မ်ားနဲ႔ၾကည့္လို႔ေနသည္...။
"Hyung သတိေမ့ေနတာၾကာၿပီလား.."
"အင္း...တစ္နာရီေလာက္ေတာ့႐ွိၿပီ.."
"က်စ္!..လက္ေတြကေအးစက္ေနတာပဲ.."
ေျပာၿပီး ငယ့္ရဲ႕လက္ေတြကို ဂ်ံဳအင္က
ပိုၿပီးတင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လိုက္
သည္...။
ထိုအခ်ိန္မွာပဲ..ငယ့္ ရဲ႕မ်က္ဝန္းေလးေတြ
ကတျဖည္းျဖည္းပြင့္လာသည္...။
"ငယ္!..."
"Hyung!!..သတိရၿပီလား...
သက္သာရဲ႕လား...အသက္႐ွဴေရာက်ပ္
ေနေသးလားဟင္..."
ေအာက္စီဂ်င္မက္စ္ေအာက္ကငယ့္ရဲ႕
အျပံဳးေလးက ေရးေရးေလး ေပၚလာသည္..။
"သက္သာပါတယ္.."
"Hyung ကဗ်ာ....ကြၽန္ေတာ့္ကို
လန္႔ေအာင္တအားလုပ္တာပဲ...
ဘယ္လိုျဖစ္လို႔လဲက်သြားရတာလဲ.."
"hyung နည္းနည္းပင္ပန္းသြားလို႔ပါ.."
ေျပာၿပီး....ငယ္က ေအာက္စီဂ်င္ကို
ျဖဳတ္ေနသည္..။
".hyung ရလို႔လား..မျဖဳတ္ေသးနဲ႔
ဦးေလ..."
"Hyung ကဆရာဝန္ပါေနာ္..."
စိုးရိမ္တႀကီးေျပာလိုက္တဲ့ ဂ်ံဳအင္ က
ငယ့္စကားဆံုးေတာ့ ထိုစကားကိုလက္ခံ
သြားဟန္နဲ႔ ဘာမွမေျပာေတာ့...။
"ဒါနဲ႔ ခုနက hyung ရဲ႕ေျပာစကားအရ
ဆိုရင္ေတာ့..
မျဖစ္ေတာ့ဘူး...hyung....
ခုေန႔ပဲအလုပ္ထြက္လိုက္ေတာ့...။
ဆရာဝန္အလုပ္ကတအားပင္ပန္းတယ္
မလား...hyung နဲ႔မျဖစ္ေသးပါဘူး....
.
.
.
ကြၽန္ေတာ္လဲ သိပ္မၾကာခင္ဘြဲ႔ရေတာ့မွာပဲ..
ကြၽန္ေတာ္ကပဲ hyung ကို႐ွာေကြၽးမွာ
မို႔ hyung ကအိမ္မွာနားနားေနေနနဲ႔ေန..
ဟုတ္ၿပီလား..."
"အဲဒါေတာ့မျဖစ္ေသး..."
"ေအာ္ေဟာ!....ျငင္းခြင့္မ႐ွိဘူး...hyung။.
ကြၽန္ေတာ္ေျပာတာကို လက္ကိုလက္ခံရ
မယ္..."
"ဒါဆိုလဲ...သံုးေလးရက္ေလာက္ေနၿပီးရင္
Hyung အလုပ္ထြက္ပါ့မယ္...။
ခုေတာ့မျဖစ္ေသးဘူး...."
"ဘာလို႔လဲ...အဲ့ဒီ သံုးေလးရက္အတြင္း
မွာ hyung တစ္ခုခုထပ္ျဖစ္ရင္ဘယ္လို
လုပ္မလဲ...မရဘူး...ကြၽန္ေတာ္..စိတ္မခ်
ဘူး..."
"မဟုတ္ဘူးေလ..ငယ္ေလးရယ္...
Hyung လက္ခံထားတဲ့လူနာေတြ
႐ွိေသးတယ္ေလ...သူတို႔ကိုေတာ့ၿပီးေအာင္
ၾကည့္ေပးမွျဖစ္မွာေပါ့..."
"လူနာေတြကဘယ္ႏွေယာက္မို႔..
သံုးေလးရက္ေတာင္ၾကာမွာလဲ..."
"အဲ....တစ္ေယာက္တည္း.."
တစ္ေယာက္တည္းဆိုတဲ့ေနရာမွာ...
ဂြၽန္ေျမာင့္အသံေလးကတိုးဝင္သြားသည္..။
"အဲဒါမ်ား hyung ရယ္...တစ္ရက္ထဲနဲ႔
အၿပီးျဖတ္ပစ္လို႔မရဘူးလား..."
"မရဘူး...သူကေဆးရံုတက္ေနတာမို႔..
သူဆင္းတဲ့အထိ hyung ႐ွိေနမွျဖစ္မွာ.."
"ဆရာဝန္လဲလိုက္ဖို႔ အဲဒီလူနာကို hyung
သြားေျပာလိုက္လို႔မရဘူးလား..."
"မရဘူး.."
"က်စ္....အဲဒီလူနာကို ကြၽန္ေတာ္သြား
ေျပာမွျဖစ္မယ္...ကြၽန္ေတာ့္ကိုအခန္းနံပါတ္
ေျပာ.."
"ဟာ!...မရဘူးေလ.."
ပ်ာပ်ာသလဲနဲ႔ျငင္းၿပီး hyung က
႐ုတ္တရက္ႀကီးထ ထိုင္လာသည္...။
"အ!.."
"Hyung!!.."
ခါးကိုင္းၿပီး..မ်က္ခံုးေတြတြန္႔ခ်ိဳးေနတဲ့
Hyung ရဲ႕ပုခံုးကိုကိုင္ကာ...
"Hyung ရရဲ႕လား.."
ရတယ္ဆိုတဲ့သေဘာနဲ႔ hyung က
လက္ကာျပသည္...။
"သြားမေျပာနဲ႔..ငယ္ေလး...
သံုးေလးရက္ေလာက္ေတာ့ hyung ကို
ခြင့္ျပဳေပးပါ..."
အင္းေပါ့ေလ....ဆရာဝန္တစ္ေယာက္က
ကိုယ့္လူနာကို မၿပီးဆံုးေသးဘဲ...
ဘယ္လ်စ္လ်ဴ႐ွဴ႕ႏိုင္ပါ့မလဲ...။
"ဒါဆိုရင္..အဲဒီေလာက္ေတာ့ကြၽန္ေတာ္
ခြင့္ျပဳေပးမယ္..."
ေ႐ွ႕ကညီအစ္ကိုႏွစ္ေယာက္ကိုၾကည့္ကာ
မင္ဟိုေတြးေနမိသည္...။
ငယ္ ေျပာတဲ့လူနာဆိုတာ..အိုဆယ္ဟြန္း
မွန္းသိသြားရင္ ဂ်ံဳအင္ တစ္ေယာက္
ဘယ္လိုျဖစ္ေနလိမ့္ဦးမလဲလို႔.... ။
°°°•••°°°•••°°°•••°°°•••°°°•••°°°•••
ေဆးရံုခန္းထဲမွာ ဆယ္ဟြန္း တစ္ေယာက္
တည္း ပ်င္းပ်င္းႏွင့္ထိုင္ေနရသည္...။
သဲ ကခါတိုင္းဆိုရင္ဒီေလာက္မၾကာေပမယ့္
ခုေန႔ေတာ့ သူ႔ကိုအၾကာႀကီးပစ္ထား
သည္ပဲ..။
အလုပ္႐ႈပ္ေနလို႔ေနမွာပါလို႔ေျဖေတြးရင္း...
ဖုန္းသာထုတ္သံုးေနလိုက္သည္...။
ေဆးရံုက wifi နဲ႔ခ်ိတ္ကာ..nf ၾကည့္ေန
စဥ္........
ကိုးရီးယားႏိုင္ငံရဲ႕ရာဇဝတ္ဂိုဏ္းအႀကီးစား
ျဖစ္ေသာ phenix ဂိုဏ္းမွာ
ဂိုဏ္းလံုးကြၽတ္အဖမ္းခံရေသာသတင္း
ဆိုသည့္ေခါင္းစဥ္ကိုျမင္လိုက္ရေတာ့
သူမ်က္ဝန္းမ်ားေမွးက်ဥ္းကာ အာရံုစိုက္
ဖတ္လိုက္သည္....။
*ဆိုလ္းၿမိဳ႕မ ရဲစခန္းမွ ဂိုဏ္းအားလိုက္ေန
ေသာရဲအရာ႐ွိမ်ားထံသို႔..၎ဂိုဏ္းႏွင့္
ပတ္သတ္သမ်ွ အေၾကာင္းအရာ
အေသးစိတ္ပါ႐ွိေသာ USB တစ္ခု
အား..အမည္မေဖာ္လိုသူတစ္ဦးမွ ေပးပို႔
လိုက္ေၾကာင္းသိရပါသည္....။
ထို႔ေၾကာင့္ ရဲအရာ႐ွိမ်ားမွာအခ်ိန္ဆိုင္းမေန
ဘဲ USB မွာပါသည့္လိပ္စာအတိုင္းသြား
ရာ...ဂိုဏ္းသားအားလံုးကိုတစ္ေနရာ
တည္းမွာစုေဝးလ်က္ဖမ္းဆီးမိခဲ့သည္...။
ဂိုဏ္းသားအားလံုးကိုဖမ္းၿပီးေနာက္
ထိုဂိုဏ္းရဲ႕အေဆာက္အအံုတစ္ခုလံုးကိုပါ
မီး႐ိႈ႕ဖ်က္ဆီးခဲ့သည္ဟုသိရသည္...။
ရဲဝန္ထမ္းမ်ားမွ ဖမ္းဆီးမိထားေသာဂိုဏ္း
သားမ်ားအျပင္ အျခားေနရာမ်ားသို႔ျဖန္႔
ထားေသာဂိုဏ္းသားမ်ား႐ွိေနမည္စိုး၍
ဆက္လက္စံုစမ္းရာ....... လံုးဝမ႐ွိေၾကာင္း
ေတြ႔ရသည္...။
ထို႔ေၾကာင့္......
ထိုဂိုဏ္းႏွင့္ပတ္သတ္သမ်ွ အမႈတြဲအားလံုး
ကိုလဲအၿပီးသတ္ကာ..လက္စသတ္လိုက္ၿပီ
ဟုသိရသည္...။
အဆံုးသတ္အေနျဖင့္...
ထိုသို႔ေသာဂိုဏ္းႀကီးတစ္ခုလံုးကို
အျပတ္႐ွင္းႏိုင္ၿပီျဖစ္၍...ရဲဝန္ထမ္းမ်ား
အားလံုး ဝမ္းသာေပ်ာ္ရႊင္ေနေၾကာင္း
သိရပါသည္....။*
ထိုေဆာင္းပါးအားဖတ္အၿပီး..ဆယ္ဟြန္း
ရင္ထဲမွာ ဟာတာတာ နဲ႔က်န္ခဲ့သည္...။
ဘယ္လိုပဲ မေကာင္းတဲ့အလုပ္ဆိုဦးေတာ့...
သူႏွစ္ေတြအမ်ားႀကီးအလုပ္လုပ္လာခဲ့တဲ့
ဂိုဏ္းပဲမဟုတ္လား....။
ခုေတာ့ ဒီလိုအဆံုးသတ္သြားတာပါပဲလား..။
ျပန္ေတြးၾကည့္လိုက္ေတာ့.....
ဟိုေကာင္ မင္ဂြၽန္း ကိုေတာင္ေက်းဇူးတင္ရ
မလိုလို...။
အဲ့ေကာင္ မင္ဂြၽန္းသာသူ႔ကို
သစၥာေဖာက္အျဖစ္သံသယမ႐ွိခဲ့
ရင္...အဲဒီေန႔က ကိစၥေတြျဖစ္ၿပီး သူသာ
ေရထဲမက်ခဲ့ရင္...ခုခ်ိန္ေလာက္ဆိုသူလည္း
ပဲ သံတိုင္ေတြေနာက္ေရာက္ေနေလာက္ၿပီ။
အဲဒီလိုသာဆို သဲ နဲ႔လဲတစ္သက္လံုးေဝး
ရလိမ့္မယ္....။
မင္ဂြၽန္း ကသူ႔ရဲ႕ေက်းဇူး႐ွင္ေလးပဲ..။
ဒါနဲ႔...အေသးစိတ္အခ်က္အလက္ပါတဲ့
USB တဲ့...။
ေသခ်ာေပါက္ ဂိုဏ္းမွာသစၥာေဖာက္႐ွိေန
တာပဲ....။
ေနာက္ၿပီး အဲဒီသစၥာေဖာက္က သူ႔ကိုလဲ
ေခ်ာက္တြန္းေသးတယ္....။
ဂိုဏ္းမွာ ဘယ္သူကမ်ားသူ႔ကိုမၾကည္တဲ့သူ
႐ွိလို႔လဲ...။
မင္ဂြၽန္းေတာ့႐ွိတယ္....။
ဒါေပမယ့္ အဲေကာင္ကရဲစခန္းကို USB
ပို႔လိုက္တာေတာ့မျဖစ္ႏိုင္ဘူး...။
သူသာပို႔ခဲ့တယ္ဆိုရင္...သူထြက္ေျပး
ေလာက္ၿပီေပါ့...။
ခုေတာ့ သူကပါအဖမ္းခံလိုက္ရတယ္....။
သူကိုယ္တိုင္ကပါအဖမ္းခံၿပီး...Mr ကို
ဒုကၡေရာက္ေစခ်င္တာမ်ားလား...။
ဒါေပမယ့္ အဲ့ေကာင္က Mr အေပၚ
အၿငိဳးအေတးလဲမ႐ွိပါဘူး....။
ဘယ္သူကမ်ား.......
"ဟြန္း..."
အေတြးမ်ားေနစဥ္..အသဲေလးရဲ႕အသံ
ေၾကာင့္ သူလက္႐ွိအခ်ိန္ကိုျပန္ေရာက္
လာတယ္...။
"သဲ..."
သူျပံဳးကာေျပာေတာ့ သဲ ကကုတင္ဆီကို
ေလ်ွာက္လာသည္....။
"ေနလို႔ေကာင္းရဲ႕လား...နာေနတာမ်ိဳး
႐ွိလား..."
"မ႐ွိပါဘူး...ေဒါက္တာေလးရဲ႕.."
ေဒါက္တာေလးရဲ႕ ဆိုတဲ့အေျပာကိုသဲ
ကသေဘာက်သြားသည္ထင္...။
သြားေလးေတြေပၚကာ မ်က္လံုးမ်ားမွိတ္က်
သည္အထိ ျပံဳးသည္...။
"အင္းပါ..."
"လာပါဦး...ကိုယ့္ရဲ႕အခ်စ္ကေလး..."
လက္ႏွစ္ဖက္ကိုဆန္႔တန္းကာေခၚေတာ့
သဲကအလိုက္တသိနဲ႔ရင္ခြင္ထဲဝင္လာကာ
သူ႔ကိုဖက္တြယ္လိုက္သည္...။
ရင္ခြင္ထဲကေကာင္ေလးကိုဖက္ကာ...
ေခါင္းလံုးလံုးေလးကိုဖြလိုက္သည္...။
"ကိုယ့္အသဲေလးကခ်စ္ဖို႔ေကာင္းလိုက္
တာကြာ...."
ခပ္ဝါဝါဆံပင္ၾကားထဲ သူ႔ႏွာတံကိုႏွစ္ကာ
နမ္း႐ိႈက္လိုက္သည္...။
ရင္ခြင္ထဲက သူ႔ေကာင္ေလးကလဲသူ႔
ရင္ဘတ္ကိုသာသာကေလးနမ္းလိုက္တာ
သူခံစားမိလိုက္ေတာ့ သြားစြယ္ေလးေတြ
ေပၚသည္အထိစိတ္လိုလက္ရျပံဳးလိုက္မိ
သည္....။
ဟက္...အခြၽဲေလး...။
ေကာင္ေလးကသူ႔ရင္ခြင္ထဲက ထြက္လာ
ကာ ကုတင္ေပၚကိုတက္ၿပီးတင္ပုလႅင္ေခြ
ထိုင္သည္....။
သူ႔ေ႐ွ႕မွာငုတ္တုတ္ႀကီးထိုင္ၿပီးသူ႔ကို
ေငးၾကည့္ေနတဲ့ေကာင္ေလးေၾကာင့္
ဆယ္ဟြန္းအသည္းယားလာသည္...။
"ဘာလို႔ကိုယ့္ကိုအဲလိုႀကီးၾကည့္ေနတာလဲ.."
"ေခ်ာလို႔..."
"အဟား....ကိုယ္ေခ်ာမွန္းခုမွသိတာလား.."
"တကယ္ေတာ့ေလ......"
ေျပာရင္း သဲ ကသူ႔ေဘးေရာက္လာကာ
သူ႔ကိုကုတင္ေခါင္းရင္းကိုမွီထိုင္ေစၿပီး..
ရင္ခြင္ထဲေရာက္လာသည္....။
သူ႔ရင္ဘတ္ေပၚေခါင္းေလးမွီလို႔ သူ႔ရဲ႕လက္
ကို သဲရဲ႕လက္ျဖဴျဖဴေလးေတြကဆုပ္ကိုင္
ကာ....
"ဟြန္းကိုဟိုးအရင္ကတည္းကေႂကြ
သြားတာ..."
"ဟုတ္လား...ေျပာစမ္းပါဦး...
ဘယ္တုန္းကတည္းကကိုယ့္ကိုႀကိတ္ေႂကြ
ေနတာလဲ..ဟင္.."
သဲရဲ႕ေခါင္းလံုးလံုးေလးကိုေၾကာင္ေလးေတြ
ကိုပြတ္သပ္သလို လုပ္ကာေမးေတာ့....
"မွတ္မိတယ္မလား....ဟြန္း သဲကို
ကလိမ္က်ၿပီး ပန္းျခံကိုညာေခၚတဲ့
ေန႔ကေလ....ပန္းျခံမွာအေမမူးလဲလို႔ပါ..
ေဒါက္တာဂင္ဂြၽန္ေျမာင္ဆိုေတာ့...သဲ မွာ
ေျပးလာလိုက္ရတာ....ဟြင့္..."
ရင္ခြင္ထဲကေနၿပီး ေခါင္းေမာ့ကာ
မ်က္ေစာင္းလွမ္းထိုးေလရဲ႕...။
ႏႈတ္ခမ္းႀကီးကပါ စူထားလိုက္ေသး...။
"အဲေတာ့ ဆက္ေျပာပါဦး....
အဲ့ႏႈတ္ခမ္းႀကီးကိုစူထားမေနေတာ့နဲ႔..."
ႏွာေခါင္းလံုးလံုးေလးကိုညႇပ္ကိုင္ကာ
ခါရမ္းလိုက္ေတာ့...
"အား..နာတယ္ ဟြန္းရ..."
သူ႔လက္ကိုပုတ္ထုတ္ေလရဲ႕...။
"ကိုယ္အသည္းယားသြားလို႔ေနာ္...
ေဆာရီး...."
"ထားပါေတာ့....ခုနကအေၾကာင္းဆက္
ေျပာမယ္...အဲဒီလိုမနက္ခင္းကေနေရာင္
ေအာက္မွာ ေတြ႔လိုက္ရတဲ့ ဟြန္း ကိုသဲ
ကေႂကြသြားတာ....အဟဲ.."
"ႁပြတ္စ္..."
သဲ ရဲ႕နဖူးကိုငံု႔နမ္းလိုက္ေတာ့...
သြားအျဖဲသားနဲ႔ရီေနရာကေန ေၾကာင္စီစီ
ေလးျဖစ္သြားတဲ့ မ်က္ႏွာကေလး...။
"ခ်စ္ဖို႔ေကာင္းတယ္..."
သူျပံဳးကာေျပာေတာ့ သဲ ကပါးျပင္ေလးေတြ
နီရဲလာသည္....။
နားရြက္ေလးေတြအထိပါ နီရဲကာ...
မ်က္ေတာင္ေလးကိုပုတ္ခတ္ပုတ္ခတ္
လုပ္၏..။
အား....မရေတာ့ဘူး...။
ကိုယ့္ေကာင္ေလးကအရမ္းခ်စ္ဖို႔ေကာင္း
ေနေတာ့ သူမထိန္းႏိုင္ေတာ့ဘူး...။
ျပဴးေၾကာင္ေၾကာင္ေလးျဖစ္ေနတဲ့သဲရဲ႕
ေမးေစ့ကိုကိုင္ကာ အေပၚေမာ့ေစလိုက္ၿပီး
နီရဲရဲ ႏႈတ္ခမ္းပါးေလးဆီကို ငံု႔ကာ....
သဲ ရဲ႕ႏႈတ္ခမ္းသားေလးေတြက
ခ်ိဳျမန္တယ္....။
သူ႔ရဲ႕လ်ွာဖ်ားကသဲရဲ႕ ႏႈတ္ခမ္းကိုထိကာ
ခြင့္ေတာင္းတဲ့အခါ...ခနေတာ့ ေၾကာင္စီစီ
ျဖစ္ေနတဲ့ သဲ က..ႏႈတ္ခမ္းႏွစ္လႊာကို
ဟေပးလာသည္...။
သူတို႔ႏွစ္ေယာက္ရဲ႕လ်ွာေတြအခ်င္းခ်င္း
ကိုရစ္ပတ္လိုက္ၿပီး.....
သဲရဲ႕ ေခါင္းကိုထိန္းကိုင္ကာ.....
ေခါင္းကိုဘယ္ ညာေစာင္းလို႔.....
သဲရဲ႕လက္ေတြကလဲ သူ႔ကိုဖက္တြယ္
လာကာ...။
ငါးမိနစ္ေလာက္ၾကာသည္အထိ...
သူတို႔အနမ္းခရီးဆက္ခဲ့ၾကပါသည္...။
Tbc~~~~~~
ဘယ္လိုလဲ sweet တယ္မလား...။
စဥ္းစားမိသေလာက္က ဒီ fic ထဲမွာ..
Skinship သိပ္မပါသလိုျဖစ္ေနလို႔..
ထည့္ေပးလိုက္တာ..😅
ေကာင္းရင္ ေကာင္းတယ္...
ႀကိဳက္ရင္ႀကိဳက္တယ္ ေျပာသြားၾကပါဦး..။
သူဆုပ်ကိုင်ထားတဲ့ငယ့်ရဲ့လက်ကလေး
တွေကအေးစက်နေတာကြောင့် သူပိုပြီး
တင်းကျပ်နေအောင်ဆုပ်ကိုင်ထားလိုက်
သည်....။
အောက်ဆီဂျင်မက်စ်အောက်ကမျက်နှာ
ကလေးက ချောင်ကျသွားသလို...။
သူနဲ့ပြန်တွေ့စတုန်းကဆိုရင်..ပါးလေးတွေ
ကဖောင်းဖောင်းကလေးနဲ့အရမ်းချစ်စရာ
ကောင်းခဲ့တာ...။
~တူ....တူ...~
ငယ့်ရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးနေ
တုန်း ခေါင်းအုံးဘေးမှာချထားတဲ့ငယ့်ရဲ့
ဂျူတီကုတ်ကနေဖုန်းသံကြားလို့ကြည့်လိုက်
တော့ ဂျုံအင်ဆီက....။
"အင်း...ဂျုံအင်..ပြော.."
"အမ်....minho hyung လား..။
ကျွန်တော့် အစ်ကိုရော..."
"ငယ် ကဆေးရုံမှာ..."
"ဗျာ...hyung ကအလုပ်ပြန်ဆင်းနေပြီ
လား...."
"အင်း...နောက်ပြီး ငယ် ကနေမကောင်း
ဘူး..."
"ဗျာ!...ဘယ်လိုဖြစ်တာလဲ.."
"ငယ့်ကိုအခု အောက်စီဂျင်ပေးထားရ
တယ်..."
"ဗျာ!!...ကျွန်..ကျွန်တော်လာခဲ့မယ်.."
ဂျုံအင် သူ့စိတ်ထဲလုံးဝကိုပူထူသွားသည်...။
ခြံထဲဆင်းကာ..ဆိုင်ကယ်ပေါ်တင်ထားတဲ့
ဆိုင်ကယ်ဦးထုပ်ကိုဆောင်းပြီး....
ဆိုင်ကယ်ကိုအရှိန်တင်ကာ ဆေးရုံသို့
မောင်းသွားလိုက်သည်....။
°°°•••°°°•••°°°•••°°°•••°°°•••°°°•••
ငယ့် ရဲ့မျက်နှာကိုရေပတ်တိုက်ပေးနေစဉ်..
"minho hyung.."
"ရောက်ပြီလား..."
အလောတကြီးနဲ့ရောက်လာတဲ့ ဂျုံအင် ပုံစံ
ကြောင့် သူအလိုက်တသိပဲထိုင်ခုံက ဖယ်
ပေးလိုက်သည်...။
သူဖယ်ပေးလိုက်တဲ့ခုံမှာ ဂျုံအင် က
ဝင်ထိုင်ကာ..ငယ့်ရဲ့လက်တွေကိုဆုပ်ကိုင်
ပြီး...သူ့အစ်ကို ကိုစိုးရိမ်တကြီးမျက်ဝန်း
များနဲ့ကြည့်လို့နေသည်...။
"Hyung သတိမေ့နေတာကြာပြီလား.."
"အင်း...တစ်နာရီလောက်တော့ရှိပြီ.."
"ကျစ်!..လက်တွေကအေးစက်နေတာပဲ.."
ပြောပြီး ငယ့်ရဲ့လက်တွေကို ဂျုံအင်က
ပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်
သည်...။
ထိုအချိန်မှာပဲ..ငယ့် ရဲ့မျက်ဝန်းလေးတွေ
ကတဖြည်းဖြည်းပွင့်လာသည်...။
"ငယ်!..."
"Hyung!!..သတိရပြီလား...
သက်သာရဲ့လား...အသက်ရှူရောကျပ်
နေသေးလားဟင်..."
အောက်စီဂျင်မက်စ်အောက်ကငယ့်ရဲ့
အပြုံးလေးက ရေးရေးလေး ပေါ်လာသည်..။
"သက်သာပါတယ်.."
"Hyung ကဗျာ....ကျွန်တော့်ကို
လန့်အောင်တအားလုပ်တာပဲ...
ဘယ်လိုဖြစ်လို့လဲကျသွားရတာလဲ.."
"hyung နည်းနည်းပင်ပန်းသွားလို့ပါ.."
ပြောပြီး....ငယ်က အောက်စီဂျင်ကို
ဖြုတ်နေသည်..။
".hyung ရလို့လား..မဖြုတ်သေးနဲ့
ဦးလေ..."
"Hyung ကဆရာဝန်ပါနော်..."
စိုးရိမ်တကြီးပြောလိုက်တဲ့ ဂျုံအင် က
ငယ့်စကားဆုံးတော့ ထိုစကားကိုလက်ခံ
သွားဟန်နဲ့ ဘာမှမပြောတော့...။
"ဒါနဲ့ ခုနက hyung ရဲ့ပြောစကားအရ
ဆိုရင်တော့..
မဖြစ်တော့ဘူး...hyung....
ခုနေ့ပဲအလုပ်ထွက်လိုက်တော့...။
ဆရာဝန်အလုပ်ကတအားပင်ပန်းတယ်
မလား...hyung နဲ့မဖြစ်သေးပါဘူး....
.
.
.
ကျွန်တော်လဲ သိပ်မကြာခင်ဘွဲ့ရတော့မှာပဲ..
ကျွန်တော်ကပဲ hyung ကိုရှာကျွေးမှာ
မို့ hyung ကအိမ်မှာနားနားနေနေနဲ့နေ..
ဟုတ်ပြီလား..."
"အဲဒါတော့မဖြစ်သေး..."
"အော်ဟော!....ငြင်းခွင့်မရှိဘူး...hyung။.
ကျွန်တော်ပြောတာကို လက်ကိုလက်ခံရ
မယ်..."
"ဒါဆိုလဲ...သုံးလေးရက်လောက်နေပြီးရင်
Hyung အလုပ်ထွက်ပါ့မယ်...။
ခုတော့မဖြစ်သေးဘူး...."
"ဘာလို့လဲ...အဲ့ဒီ သုံးလေးရက်အတွင်း
မှာ hyung တစ်ခုခုထပ်ဖြစ်ရင်ဘယ်လို
လုပ်မလဲ...မရဘူး...ကျွန်တော်..စိတ်မချ
ဘူး..."
"မဟုတ်ဘူးလေ..ငယ်လေးရယ်...
Hyung လက်ခံထားတဲ့လူနာတွေ
ရှိသေးတယ်လေ...သူတို့ကိုတော့ပြီးအောင်
ကြည့်ပေးမှဖြစ်မှာပေါ့..."
"လူနာတွေကဘယ်နှယောက်မို့..
သုံးလေးရက်တောင်ကြာမှာလဲ..."
"အဲ....တစ်ယောက်တည်း.."
တစ်ယောက်တည်းဆိုတဲ့နေရာမှာ...
ဂျွန်မြောင့်အသံလေးကတိုးဝင်သွားသည်..။
"အဲဒါများ hyung ရယ်...တစ်ရက်ထဲနဲ့
အပြီးဖြတ်ပစ်လို့မရဘူးလား..."
"မရဘူး...သူကဆေးရုံတက်နေတာမို့..
သူဆင်းတဲ့အထိ hyung ရှိနေမှဖြစ်မှာ.."
"ဆရာဝန်လဲလိုက်ဖို့ အဲဒီလူနာကို hyung
သွားပြောလိုက်လို့မရဘူးလား..."
"မရဘူး.."
"ကျစ်....အဲဒီလူနာကို ကျွန်တော်သွား
ပြောမှဖြစ်မယ်...ကျွန်တော့်ကိုအခန်းနံပါတ်
ပြော.."
"ဟာ!...မရဘူးလေ.."
ပျာပျာသလဲနဲ့ငြင်းပြီး hyung က
ရုတ်တရက်ကြီးထ ထိုင်လာသည်...။
"အ!.."
"Hyung!!.."
ခါးကိုင်းပြီး..မျက်ခုံးတွေတွန့်ချိုးနေတဲ့
Hyung ရဲ့ပုခုံးကိုကိုင်ကာ...
"Hyung ရရဲ့လား.."
ရတယ်ဆိုတဲ့သဘောနဲ့ hyung က
လက်ကာပြသည်...။
"သွားမပြောနဲ့..ငယ်လေး...
သုံးလေးရက်လောက်တော့ hyung ကို
ခွင့်ပြုပေးပါ..."
အင်းပေါ့လေ....ဆရာဝန်တစ်ယောက်က
ကိုယ့်လူနာကို မပြီးဆုံးသေးဘဲ...
ဘယ်လျစ်လျူရှူ့နိုင်ပါ့မလဲ...။
"ဒါဆိုရင်..အဲဒီလောက်တော့ကျွန်တော်
ခွင့်ပြုပေးမယ်..."
ရှေ့ကညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ
မင်ဟိုတွေးနေမိသည်...။
ငယ် ပြောတဲ့လူနာဆိုတာ..အိုဆယ်ဟွန်း
မှန်းသိသွားရင် ဂျုံအင် တစ်ယောက်
ဘယ်လိုဖြစ်နေလိမ့်ဦးမလဲလို့.... ။
°°°•••°°°•••°°°•••°°°•••°°°•••°°°•••
ဆေးရုံခန်းထဲမှာ ဆယ်ဟွန်း တစ်ယောက်
တည်း ပျင်းပျင်းနှင့်ထိုင်နေရသည်...။
သဲ ကခါတိုင်းဆိုရင်ဒီလောက်မကြာပေမယ့်
ခုနေ့တော့ သူ့ကိုအကြာကြီးပစ်ထား
သည်ပဲ..။
အလုပ်ရှုပ်နေလို့နေမှာပါလို့ဖြေတွေးရင်း...
ဖုန်းသာထုတ်သုံးနေလိုက်သည်...။
ဆေးရုံက wifi နဲ့ချိတ်ကာ..nf ကြည့်နေ
စဉ်........
ကိုးရီးယားနိုင်ငံရဲ့ရာဇဝတ်ဂိုဏ်းအကြီးစား
ဖြစ်သော phenix ဂိုဏ်းမှာ
ဂိုဏ်းလုံးကျွတ်အဖမ်းခံရသောသတင်း
ဆိုသည့်ခေါင်းစဉ်ကိုမြင်လိုက်ရတော့
သူမျက်ဝန်းများမှေးကျဉ်းကာ အာရုံစိုက်
ဖတ်လိုက်သည်....။
*ဆိုလ်းမြို့မ ရဲစခန်းမှ ဂိုဏ်းအားလိုက်နေ
သောရဲအရာရှိများထံသို့..၎င်းဂိုဏ်းနှင့်
ပတ်သတ်သမျှ အကြောင်းအရာ
အသေးစိတ်ပါရှိသော USB တစ်ခု
အား..အမည်မဖော်လိုသူတစ်ဦးမှ ပေးပို့
လိုက်ကြောင်းသိရပါသည်....။
ထို့ကြောင့် ရဲအရာရှိများမှာအချိန်ဆိုင်းမနေ
ဘဲ USB မှာပါသည့်လိပ်စာအတိုင်းသွား
ရာ...ဂိုဏ်းသားအားလုံးကိုတစ်နေရာ
တည်းမှာစုဝေးလျက်ဖမ်းဆီးမိခဲ့သည်...။
ဂိုဏ်းသားအားလုံးကိုဖမ်းပြီးနောက်
ထိုဂိုဏ်းရဲ့အဆောက်အအုံတစ်ခုလုံးကိုပါ
မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်...။
ရဲဝန်ထမ်းများမှ ဖမ်းဆီးမိထားသောဂိုဏ်း
သားများအပြင် အခြားနေရာများသို့ဖြန့်
ထားသောဂိုဏ်းသားများရှိနေမည်စိုး၍
ဆက်လက်စုံစမ်းရာ....... လုံးဝမရှိကြောင်း
တွေ့ရသည်...။
ထို့ကြောင့်......
ထိုဂိုဏ်းနှင့်ပတ်သတ်သမျှ အမှုတွဲအားလုံး
ကိုလဲအပြီးသတ်ကာ..လက်စသတ်လိုက်ပြီ
ဟုသိရသည်...။
အဆုံးသတ်အနေဖြင့်...
ထိုသို့သောဂိုဏ်းကြီးတစ်ခုလုံးကို
အပြတ်ရှင်းနိုင်ပြီဖြစ်၍...ရဲဝန်ထမ်းများ
အားလုံး ဝမ်းသာပျော်ရွှင်နေကြောင်း
သိရပါသည်....။*
ထိုဆောင်းပါးအားဖတ်အပြီး..ဆယ်ဟွန်း
ရင်ထဲမှာ ဟာတာတာ နဲ့ကျန်ခဲ့သည်...။
ဘယ်လိုပဲ မကောင်းတဲ့အလုပ်ဆိုဦးတော့...
သူနှစ်တွေအများကြီးအလုပ်လုပ်လာခဲ့တဲ့
ဂိုဏ်းပဲမဟုတ်လား....။
ခုတော့ ဒီလိုအဆုံးသတ်သွားတာပါပဲလား..။
ပြန်တွေးကြည့်လိုက်တော့.....
ဟိုကောင် မင်ဂျွန်း ကိုတောင်ကျေးဇူးတင်ရ
မလိုလို...။
အဲ့ကောင် မင်ဂျွန်းသာသူ့ကို
သစ္စာဖောက်အဖြစ်သံသယမရှိခဲ့
ရင်...အဲဒီနေ့က ကိစ္စတွေဖြစ်ပြီး သူသာ
ရေထဲမကျခဲ့ရင်...ခုချိန်လောက်ဆိုသူလည်း
ပဲ သံတိုင်တွေနောက်ရောက်နေလောက်ပြီ။
အဲဒီလိုသာဆို သဲ နဲ့လဲတစ်သက်လုံးဝေး
ရလိမ့်မယ်....။
မင်ဂျွန်း ကသူ့ရဲ့ကျေးဇူးရှင်လေးပဲ..။
ဒါနဲ့...အသေးစိတ်အချက်အလက်ပါတဲ့
USB တဲ့...။
သေချာပေါက် ဂိုဏ်းမှာသစ္စာဖောက်ရှိနေ
တာပဲ....။
နောက်ပြီး အဲဒီသစ္စာဖောက်က သူ့ကိုလဲ
ချောက်တွန်းသေးတယ်....။
ဂိုဏ်းမှာ ဘယ်သူကများသူ့ကိုမကြည်တဲ့သူ
ရှိလို့လဲ...။
မင်ဂျွန်းတော့ရှိတယ်....။
ဒါပေမယ့် အဲကောင်ကရဲစခန်းကို USB
ပို့လိုက်တာတော့မဖြစ်နိုင်ဘူး...။
သူသာပို့ခဲ့တယ်ဆိုရင်...သူထွက်ပြေး
လောက်ပြီပေါ့...။
ခုတော့ သူကပါအဖမ်းခံလိုက်ရတယ်....။
သူကိုယ်တိုင်ကပါအဖမ်းခံပြီး...Mr ကို
ဒုက္ခရောက်စေချင်တာများလား...။
ဒါပေမယ့် အဲ့ကောင်က Mr အပေါ်
အငြိုးအတေးလဲမရှိပါဘူး....။
ဘယ်သူကများ.......
"ဟွန်း..."
အတွေးများနေစဉ်..အသဲလေးရဲ့အသံ
ကြောင့် သူလက်ရှိအချိန်ကိုပြန်ရောက်
လာတယ်...။
"သဲ..."
သူပြုံးကာပြောတော့ သဲ ကကုတင်ဆီကို
လျှောက်လာသည်....။
"နေလို့ကောင်းရဲ့လား...နာနေတာမျိုး
ရှိလား..."
"မရှိပါဘူး...ဒေါက်တာလေးရဲ့.."
ဒေါက်တာလေးရဲ့ ဆိုတဲ့အပြောကိုသဲ
ကသဘောကျသွားသည်ထင်...။
သွားလေးတွေပေါ်ကာ မျက်လုံးများမှိတ်ကျ
သည်အထိ ပြုံးသည်...။
"အင်းပါ..."
"လာပါဦး...ကိုယ့်ရဲ့အချစ်ကလေး..."
လက်နှစ်ဖက်ကိုဆန့်တန်းကာခေါ်တော့
သဲကအလိုက်တသိနဲ့ရင်ခွင်ထဲဝင်လာကာ
သူ့ကိုဖက်တွယ်လိုက်သည်...။
ရင်ခွင်ထဲကကောင်လေးကိုဖက်ကာ...
ခေါင်းလုံးလုံးလေးကိုဖွလိုက်သည်...။
"ကိုယ့်အသဲလေးကချစ်ဖို့ကောင်းလိုက်
တာကွာ...."
ခပ်ဝါဝါဆံပင်ကြားထဲ သူ့နှာတံကိုနှစ်ကာ
နမ်းရှိုက်လိုက်သည်...။
ရင်ခွင်ထဲက သူ့ကောင်လေးကလဲသူ့
ရင်ဘတ်ကိုသာသာကလေးနမ်းလိုက်တာ
သူခံစားမိလိုက်တော့ သွားစွယ်လေးတွေ
ပေါ်သည်အထိစိတ်လိုလက်ရပြုံးလိုက်မိ
သည်....။
ဟက်...အချွဲလေး...။
ကောင်လေးကသူ့ရင်ခွင်ထဲက ထွက်လာ
ကာ ကုတင်ပေါ်ကိုတက်ပြီးတင်ပုလ္လင်ခွေ
ထိုင်သည်....။
သူ့ရှေ့မှာငုတ်တုတ်ကြီးထိုင်ပြီးသူ့ကို
ငေးကြည့်နေတဲ့ကောင်လေးကြောင့်
ဆယ်ဟွန်းအသည်းယားလာသည်...။
"ဘာလို့ကိုယ့်ကိုအဲလိုကြီးကြည့်နေတာလဲ.."
"ချောလို့..."
"အဟား....ကိုယ်ချောမှန်းခုမှသိတာလား.."
"တကယ်တော့လေ......"
ပြောရင်း သဲ ကသူ့ဘေးရောက်လာကာ
သူ့ကိုကုတင်ခေါင်းရင်းကိုမှီထိုင်စေပြီး..
ရင်ခွင်ထဲရောက်လာသည်....။
သူ့ရင်ဘတ်ပေါ်ခေါင်းလေးမှီလို့ သူ့ရဲ့လက်
ကို သဲရဲ့လက်ဖြူဖြူလေးတွေကဆုပ်ကိုင်
ကာ....
"ဟွန်းကိုဟိုးအရင်ကတည်းကကြွေ
သွားတာ..."
"ဟုတ်လား...ပြောစမ်းပါဦး...
ဘယ်တုန်းကတည်းကကိုယ့်ကိုကြိတ်ကြွေ
နေတာလဲ..ဟင်.."
သဲရဲ့ခေါင်းလုံးလုံးလေးကိုကြောင်လေးတွေ
ကိုပွတ်သပ်သလို လုပ်ကာမေးတော့....
"မှတ်မိတယ်မလား....ဟွန်း သဲကို
ကလိမ်ကျပြီး ပန်းခြံကိုညာခေါ်တဲ့
နေ့ကလေ....ပန်းခြံမှာအမေမူးလဲလို့ပါ..
ဒေါက်တာဂင်ဂျွန်မြောင်ဆိုတော့...သဲ မှာ
ပြေးလာလိုက်ရတာ....ဟွင့်..."
ရင်ခွင်ထဲကနေပြီး ခေါင်းမော့ကာ
မျက်စောင်းလှမ်းထိုးလေရဲ့...။
နှုတ်ခမ်းကြီးကပါ စူထားလိုက်သေး...။
"အဲတော့ ဆက်ပြောပါဦး....
အဲ့နှုတ်ခမ်းကြီးကိုစူထားမနေတော့နဲ့..."
နှာခေါင်းလုံးလုံးလေးကိုညှပ်ကိုင်ကာ
ခါရမ်းလိုက်တော့...
"အား..နာတယ် ဟွန်းရ..."
သူ့လက်ကိုပုတ်ထုတ်လေရဲ့...။
"ကိုယ်အသည်းယားသွားလို့နော်...
ဆောရီး...."
"ထားပါတော့....ခုနကအကြောင်းဆက်
ပြောမယ်...အဲဒီလိုမနက်ခင်းကနေရောင်
အောက်မှာ တွေ့လိုက်ရတဲ့ ဟွန်း ကိုသဲ
ကကြွေသွားတာ....အဟဲ.."
"ပြွတ်စ်..."
သဲ ရဲ့နဖူးကိုငုံ့နမ်းလိုက်တော့...
သွားအဖြဲသားနဲ့ရီနေရာကနေ ကြောင်စီစီ
လေးဖြစ်သွားတဲ့ မျက်နှာကလေး...။
"ချစ်ဖို့ကောင်းတယ်..."
သူပြုံးကာပြောတော့ သဲ ကပါးပြင်လေးတွေ
နီရဲလာသည်....။
နားရွက်လေးတွေအထိပါ နီရဲကာ...
မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်
လုပ်၏..။
အား....မရတော့ဘူး...။
ကိုယ့်ကောင်လေးကအရမ်းချစ်ဖို့ကောင်း
နေတော့ သူမထိန်းနိုင်တော့ဘူး...။
ပြူးကြောင်ကြောင်လေးဖြစ်နေတဲ့သဲရဲ့
မေးစေ့ကိုကိုင်ကာ အပေါ်မော့စေလိုက်ပြီး
နီရဲရဲ နှုတ်ခမ်းပါးလေးဆီကို ငုံ့ကာ....
သဲ ရဲ့နှုတ်ခမ်းသားလေးတွေက
ချိုမြန်တယ်....။
သူ့ရဲ့လျှာဖျားကသဲရဲ့ နှုတ်ခမ်းကိုထိကာ
ခွင့်တောင်းတဲ့အခါ...ခနတော့ ကြောင်စီစီ
ဖြစ်နေတဲ့ သဲ က..နှုတ်ခမ်းနှစ်လွှာကို
ဟပေးလာသည်...။
သူတို့နှစ်ယောက်ရဲ့လျှာတွေအချင်းချင်း
ကိုရစ်ပတ်လိုက်ပြီး.....
သဲရဲ့ ခေါင်းကိုထိန်းကိုင်ကာ.....
ခေါင်းကိုဘယ် ညာစောင်းလို့.....
သဲရဲ့လက်တွေကလဲ သူ့ကိုဖက်တွယ်
လာကာ...။
ငါးမိနစ်လောက်ကြာသည်အထိ...
သူတို့အနမ်းခရီးဆက်ခဲ့ကြပါသည်...။
Tbc~~~~~~
ဘယ်လိုလဲ sweet တယ်မလား...။
စဉ်းစားမိသလောက်က ဒီ fic ထဲမှာ..
Skinship သိပ်မပါသလိုဖြစ်နေလို့..
ထည့်ပေးလိုက်တာ..😅
ကောင်းရင် ကောင်းတယ်...
ကြိုက်ရင်ကြိုက်တယ် ပြောသွားကြပါဦး..။