My Cherry Will Explode in the...

By tobefly_highhigh

654K 94.6K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》

8.4K 1.3K 25
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 3

Author: Drunken Light Song
Source: Jostena M
Translator: オタク
.
.
.

Unicode

300,000 ကျော်သည် စု‌ရွေ့ကျယ်အတွက်တော့ အသားလတ်လတ်ဆတ်ဆတ် ကီလိုထောင်ပေါင်းများစွာ ၀ယ်ရန်လုံလောက်ပေသည်။ နေရာလွတ်တွင် ကြက်နှင့်ဘဲများကိုမွေးမြူရန် ၀ယ်ယူသင့်သလားသူမသိသေးပေ။ ကြက်နှင့်ဘဲများကို၀ယ်ပြီးမွေးထား လိုက်ပါက နောက်ပိုင်းတွင် နေ့တိုင်းစားဖို့ဥများရနိုင်ပြီး တစ်ခါတရံ အသားလတ်လတ်ဆတ်ဆတ်အတွက် တစ်ကောင်လောက်ကိုသတ်နိုင်လေသည်။

သူ့အရင်ဘ၀၌ အစပိုင်းတွင် နေရာလွတ်စွမ်းအားသည် သေပြီးသားပစ္စည်းများကိုသာ သိမ်းဆည်းနိုင်သည်။ နောက်ပိုင်းမှသာ အဆင့်မြင့်လာပြီး အသီးအရွက်များစိုက်ပျိုးလာနိုင်သည့်အပြင် လယ်ကွင်းများထဲ၌ပါ သန္ဓေပြောင်းတိရိစ္ဆာန်များကိုပါ မွေးမြူလာနိုင်ခဲ့သည်။ ကြက်ဘဲများအသက်ရှင်ဖို့နေနေသာသာ အသားစားနိုင်ဖို့က ကောင်းကင်ဘုံတက်နိုင်ဖို့ထက်ပိုခက်လေသည်။ ဒီအချိန်မှာတော့ ပိုကြာရှည်ခံသည့်အသားများကို များများ ပြင်ဆင်ထားရမည်။ နေ့စဉ်သုံးပစ္စည်းများကိုလည်း ပြင်ဆင်ထားရမည်ဖြစ်ပြီး ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်များကို သိုလှောင်ထားဖို့လည်း လိုအပ်သည့်အပြင် အ၀တ်အစားနှင့် ဖိနပ်များကိုလည်း ၀ယ်ရအုံးမည်ဖြစ်သည်။

သူတွေးတောနေရင်း ယွမ် 300,000 က သိပ်အလုပ်မဖြစ်ကြောင်း စုရွေ့ကျယ် ခံစားလိုက်ရသည်။

ဟေး, ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောကတံတားဆီရောက်လာကတည်းက ဖြောင်ဖြောင့်ပဲလာခဲ့တယ်ဆိုတာ သဘာ၀ပဲလေ*။ ဘာပဲဖြစ်ဖြစ် ဖြိုဖျက်ကြေးငွေအရင်ဆုံးယူကြရအောင်။ လူတွေက အမြဲတမ်းအကြပ်အတည်းနှင့်ကြုံလာတိုင်း လွတ်မြောက်ဖို့နည်းလမ်းတွေပေါ်လာစမြဲပါပဲ။

【 T/N; ပြဿနာနဲ့ကြုံလာရင် ဖြေကို ဖြေရှင်းရမှာပဲလို့ဆိုလိုတာပါတဲ့။ 】

စုရွေ့ကျယ်မျက်လုံးတွေမှိတ်လိုက်ပြီး အိပ်လိုက်တော့သည်။
နောက်တစ်နေ့မှာတော့ စုရွေ့ကျယ်စောစောအိပ်ယာထလိုက်ပြီး သူ့အဖိုးအမှိုက်ကောက်ရာတွင်သုံးလေ့ရှိသော တွန်းလှည်းလေးကိုထုတ်ယူလိုက်ကာ ယမန်နေ့ကပြင်ဆင်ထားသော အသီးအရွက်နှင့် သစ်သီး၀လံများကိုတင်လိုက်ပြီး အရှေ့လမ်းရှိ ဟင်းသီးဟင်းရွက်ဈေးအ၀င်၀သို့ ဆွဲလာလိုက်သည်။

စုရွေ့ကျယ် လမ်းဘေးနားမြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး လတ်ဆတ်သော အသီးအရွက်များ၊ ဖရဲသီးများနှင့် သစ်သီး၀လံများကို မြေပြင်ပေါ်ဖို့ချခင်းလိုက်ပြီး အော်လိုက်သည်။

"ကျနော့်ကိုယ်ပိုင် လတ်လတ်ဆတ်ဆတ် သစ်သီး၀လံတွေနဲ့ ဟင်းသီးဟင်းရွက်တွေရမယ်နော်။ ဈေး‌ပေါပေါနဲ့ အရသာလည်းရှိတယ်"

ဟင်းသီးဟင်းရွက်လာ၀ယ်ကြသော ဦးလေးများနှင့် အဒေါ်များက သူဆွဲဆောင်လိုက်ခြင်းကြောင့် သဘောကျကြမည်မှာ သေချာသလောက်ရှိသည်။ အများစုက မနေ့ကသူ့ထံမှ ချယ်ရီသီးများ၀ယ်ခဲ့ကြသူများဖြစ်ပြီး ယနေ့သူ့ကိုမြင်ကြသောအခါ ချက်ချင်းပဲ ကြိုဆိုကြလေသည်။

" ကောင်ငယ်လေး* မင်းမနေ့ကရောင်းတဲ့ အာလူးနဲ့ သခွားသီးတွေရှိသေးလား "

ဆံပင်ဖြူနေတဲ့အမျိုးသမီးကြီးက ပြုံးလျက်မေးလာလေသည်။

" ငါ့ရဲ့မြေးလေးက သက်သတ်လွတ်အစားအစာတွေဆိုမကြိုက်ခဲ့ပေမယ့် မနေ့က မင်းဆီက၀ယ်သွားတဲ့အစားအစာတွေကိုတော့သူကြိုက်တယ်လေ။ နောက်ထပ်အပိုထမင်းတစ်ပန်းကန်တောင် ထပ်စားလိုက်သေးတယ်။ "

"ဟုတ်ကဲ့ အဖွား ဘယ်လောက်လိုချင်လဲဗျ "

"အာလူးငါးလုံးနဲ့ သခွားသီးနှစ်လုံးပေးပါ "

"ကောင်းပါပြီအဖွား ယွမ်နှစ်ဆယ်ပါ "

"ဒီမှာ "

ဈေးကသိပ်မသက်သာသော်ငြား လူငယ်လေးကို ဘယ်သူကကိုယ်တိုင်အသီးအရွက်တွေစိုက်ပျိုးခိုင်းလို့လဲ။ ဒီလိုလတ်ဆတ်ပြီး အရည်အသွေးကောင်းတဲ့ အသီးအရွက်တွေရဖို့ဆိုတာခက်သည်လေ။ နည်းနည်းလေးဈေးပိုကြီးရုံလောက်က သိပ်မဆိုးပါဘူး။

ဒီနေ့တော့ စုရွေ့ကျယ် အလွန်ကြီးမားကြီး ဖောက်ထွင်းမမြင်နိုင်သည့် အိတ်တစ်လုံးယူခဲ့လေသည်။ သူနှစ်ကြိမ်တိုင်တိုင် တိတ်တဆိတ်ထပ်ဖြည့်ခဲ့ပြီး တစ်မနက်ခင်းလုံးရောင်းနေခဲ့ကာ ပိုက်ဆံအမြောက်အမြားရခဲ့၏။
သူပိုက်ဆံတွေကို တစ်ရွက်ပြီးတစ်ရွက်ခေါက်ကာ အားကစား၀တ်စုံအိတ်ကပ်ထဲသို့ထည့်လိုက်ပြီး အိတ်နဲ့လှည်းကိုသိမ်းကာ အိမ်ပြန်ခဲ့လေသည်။

လမ်းလျှောက်လာရင်း သူ့အနောက်မှ တစ်ယောက်ယောက်လိုက်နေသည်ကို ရုတ်တရက်ခံစားမိလိုက်ပြီး ဆိုင်တစ်ဆိုင်ကိုဖြတ်သွားချိန်တွင် ဆိုင်၏ပြတင်းမှန်မှတဆင့်သူ့အနောက်သို့ တိတ်တဆိတ်ကြည့်လိုက်သောအခါ ဂဏာမငြိမ်သောမျက်လုံးများနှင့် သူခိုးဟုထင်ရလောက်သောလူနှစ်ယောက် သူ့နောက်သို့လိုက်နေသည်ကို မြင်လိုက်ရသည်။ သူ့ကဲ့သို့သော ဆင်းရဲသည့်ကျောင်းသားလေးတစ်ယောက်အဖို့ ဤကဲ့သို့မကြုံတွေ့သင့်သော်လည်း ယခုလေးတင်မှ သူ ပိုက်ဆံများရေတွက်နေခဲ့သည်ကို မြင်လိုက်ကြ၍ဖြစ်နိုင်လေသည်။

သူအရမ်းသတိမဲ့တာပဲ။

စုရွေ့ကျယ် ချက်ချင်းအရှိန်ကိုမြှင့်လိုက်ကာ သူ့နောက်လိုက်နေသူများကိုမျက်ခြေဖြတ်ဖို့ကြိုးစားလိုက်သော်လည်း လူနှစ်ယောက်သည် သူ့နောက်သို့ မျက်ခြေမပြတ်လိုက်လာသည်မှာ လမ်းတစ်၀က်တွင် အရှုံးပေးမည့်ပုံမပေါ်ပေ။

"ဒီကလေးပြေးတာအရမ်းမြန်တာပဲ "

"အဓိပ္ပါယ်မရှိတာတွေပြောတာရပ်ပြီး မြန်မြန်သာလိုက်ဖမ်းစမ်းပါ။ ဒီလို အားနည်းတဲ့ကြက်ကလေးလိုမျိုး ဆူဖြိုးတဲ့သိုးလေးကိုကြုံရဖို့ဆိုတာ ရှားရှားပါးပါးပဲ။ ပိုက်ဆံတွေရအောင်လုရမယ်။ "

"ကောင်းပြီ "

စုရွေ့ကျယ် ပိုနီးကပ်လာသည့် ခြေသံများကိုနားထောင်လိုက်ပြီး သိသိသာသာပင် အထိတ်တလန့်ပုံနှင့် လမ်းကြားထဲသို့ပြေးသွားလိုက်သည်။

သူခိုးနှစ်ယောက်သည် လှောင်ရယ်လိုက်ရင်း လမ်းကြားထဲသို့ လိုက်၀င်လာခဲ့သည်။ သူတို့နှင့် သိပ်မဝေးသောလမ်းထောင့်နားတွင် ကျန့်ယွင်၏ ရှည်လျားသောပုံရိပ်ပေါ်လာပြီး စူပါမားကတ်မှ၀ယ်လာသည့် အသင့်စားခေါက်ဆွဲဗူးများပြည့်နေသောအိတ်လေးတစ်လုံးကိုဆွဲထားလေသည်။

သူမှတ်မိတာမမှားဘူးဆိုလျှင် ထိုကလေးသည် မနေ့ကသူ့ကိုချယ်ရီသီးများရောင်းလိုက်သည့် ဆယ်ကျော်သက်ကလေးဖြစ်သည်။ အခြေအနေကိုကြည့်လိုက်ပါက ထိုလူများသည် ကောင်လေးကို ပစ်မှတ်ထားနေသည်မှာသိသာလှသည်။ သူက သည်အနီးနားတွင်နေသည်မို့ အမှတ်မမှားလျှင် ထိုလမ်းကြားသည် တစ်ဖက်တွင်လုံး၀အပိတ်ဖြစ်၏။ ထိုဆယ်ကျော်သက်ကလေး၏ ပိန်ပါးပြီးအားနည်းသည့် ကိုယ်လေးကိုတွေးလိုက်မိသောအခါ ဓားတစ်ချောင်းကဲ့သို့သော မျက်ခုံးများသည် ကြုံ့သွားရတော့သည်။

ကျစ် ကျစ် ဒီနှစ်ယောက်က သတ္တိကောင်းပြီး သူ့နယ်မြေမှာလာလုယက်ရဲတယ်ပေါ့လေ?။

ကျန့်ယွင်ဒေါသတကြီးဖြင့် သူ့ခြေတံရှည်တွေနှင့်အတူ လမ်းကြားထဲသို့လျှောက်သွားခဲ့၏။

ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ လူနှစ်ယောက်၏ အန္တရာယ်များသောရယ်မောသံကို ကြားလိုက်ရလေသည်။

" ခုခံဖို့ကြိုးစားရဲသေးတာလား သားကောင်လေးရဲ့*။ ဒီလောင်ဇီရဲ့လက်ထဲမှာ ဓားပါတယ်နော် "

" အာ "

" ကောင်စုတ်လေး ဓားကိုကြည့်လိုက်စမ်း "

ကျန်းယွင် သူ့နှလုံးသားတင်းကျပ်သွားပြီး အိတ်ကိုမြေပေါ်သို့ပစ်ချလိုက်ကာ လျင်မြန်စွာပြေး၀င်သွားလိုက်တော့သည်။ အကယ်၍ သူသာခြေတစ်လှမ်းနောက်ကျသွားပါက ချစ်စရာကောင်းသည့်‌ဆယ်ကျော်သက်လေးအား တစ်ကိုယ်လုံးမှာ သွေးများဖြင့်တွေ့လိုက်ရမည်ကို သူကြောက်မိသည်။

သို့သော်ငြားလည်း သူမြင်လိုက်ရသည့်ပုံရိပ်သည် သူမြင်ယောင်ထားသည်နှင့် အ‌တော်လေး ကွာခြားနေပေသည်။

စုရွေ့ကျယ် ဓားမြှောက်လာခဲ့သည့် ဓားပြ၏ ဓားဖြင့်ထိုးခံရလုနီးပါးဖြစ်သွားသည်။ စုရွေ့ကျယ်ထိုဓားပြကိုဖမ်းလိုက်ပြီး လှည့်လိုက်‌ကာ သူ့လက်ထဲရှိဓားမှာမြေပေါ်သိုကျသွားလေသည်။ ထို့နောက်စုရွေ့ကျယ်ထိုဓားမြကို ကန်လှဲလိုက်ပြီး ဗိုက်ကိုကန်လိုက်သည်။ ဓားပြမှာတော့ နေ့တစ်၀က်လောက် မတ်တပ်မရပ်နိုင်လောက်တော့ပေ။

ကောင်ငယ်လေးက အားကြီးလှသောခြေထောက်ဖြင့် သူ့ရင်ဘက်ပေါ်နင်းထားလိုက်ရင်း အခြားဓားပြတစ်ယောက်ကို ရှင်းလင်းပြတ်သားသောအသံဖြင့်ပြောလိုက်သည်။

"မင်းရဲ့လက်နက်တွေချလိုက် မဟုတ်ရင် ငါလုပ်လိုက်မယ်...."

စုရွေ့ကျယ် ရက်စက်ကြမ်းကြုတ်သော ခြိမ်းခြောက်မှုတစ်ခုပြောဖို့ကြိုးစားလိုက်သော်လည်း ရုတ်တရက် သိပ်မဝေးသောနေရာတွင် ရပ်နေသော ကျန့်ယွင်ကို တွေ့လိုက်ရသည်။

ကျန့်ယွင် : " ... "

ငါထင်ထားတာနဲ့ နည်းနည်းလေး လွဲနေသလိုပဲ....

စုရွေ့ကျယ်၏မျက်လုံးများ ချက်ချင်းစိုက်ကြည့်လိုက်ပြီးနောက် သူ၏ လက်ရှိပုံစံသည် အတော်လေးမယဉ်ကျေးပုံပေါက်နေသည်ကို သတိထားမိလိုက်ပြီး ထိုလူ၏ရင်ဘက်ပေါ်မှ သူ့ခြေထောက်များကို ဂရုတစိုက်ဖယ်လိုက်ကာ သူ့ ဖြူဖွေးသောပါး‌ပြင်လေးများ တဖြည်းဖြည်းအနီရောင်ပြောင်းလာသည်မှာ စိုးရိမ်မှုကြောင့်ပေလား ရှက်သောကြောင့်ပေလား မပြောနိုင်တော့ပေ။

"ကျနော် ...ကျနော် ရှင်းပြနိုင်ပါတယ်..."

စုရွေ့ကျယ် ထစ်အစွာဖြင့်ပြောလာလေသည်။

သို့သော်လည်း ကျန့်ယွင် မျက်မှောင် ပြင်းပြင်းထန်ထန်ကြုတ်လိုက်၏။ သူ ရှေ့သို့ခြေလှမ်းအနည်းငယ်ပြေး၀င်သွားလိုက်ပြီး စုရွေ့ကျယ်ကို ဘေးဘက်သို့‌ဆွဲလိုက်ကာ စုရွေ့ကျယ်သူ့အပေါ် သတိလက်လွတ်ဖြစ်သွားချိန်ကိုအခွင့်ကောင်းယူကာ တိုက်ခိုက်ရန်ပြင်နေသောလူကို လျင်မြန်စွာ ကန်ထုတ်လိုက်လေသည်။ ကျန့်ယွင်၏ခွန်အားသည် စုရွေ့ကျယ်၏ခွန်အားနှင့်မယှဉ်နိုင်ပေ။ သူသည်ထိုလူကို ခြေကန်ချက်တစ်ချက်တည်းနှင့် သတိလစ်သွားစေသည်။

ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးသည်ကိုမြင်သောအခါမှ ကျန့်ယွင်သည် စုရွေ့ကျယ်သို့အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"သွားကြမယ် "

မနက်ခင်းပိုင်းတွင် အလွန်ဆူညံနေသောကြောင့် ရဲများရောက်လာဖို့ သိပ်မကြာပေ။ မိမိကိုယ်ကိုယ် ကာကွယ်သည်ဟုပြောနိုင်သော်လည်း နောက်ဆက်တွဲလုပ်ရမည့်အရာများအတွက်တော့ သတိထားရပေမည်။ သူတို့သည် ရဲများနှင့် မည်သို့သောဆက်နွှယ်မှုမျိုးမှမလိုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ကာကွယ်ကြေးများကောက်ခံကာ အသက်မွေး၀မ်းကျောင်းပြုနေသော လူမိုက်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။

ကျန့်ယွင်၏အရှိန်သည်ပြင်းထန်လွန်းသဖြင့် စုရွေ့ကျယ်တစ်ယောက် စကားမပြောရဲပဲ လိုက်မှီစေရန် ပြေးလွှားနေခဲ့ရသည်။

ကျန့်ယွင်သည် လမ်းအ၀င်အ၀သို့သွားကာ သူပစ်ချထားခဲ့သော အသင့်စားခေါက်ဆွဲဗူးအိတ်ကိုကောက်ပြီး တိုက်ရိုက်ထွက်သွားရန် စီစဉ်ထားသည်။

" စောင့်ပါအုံး စောင့်ပါအုံး "

စုရွေ့ကျယ် ကျန့်ယွင်နှင့်ဆုံနိုင်မည့် ဤသိုသောအခွင့်အရေးကောင်းကိုလက်မလွှတ်ချင်သောကြောင့် အမြန်အော်ခေါ်လိုက်သည်။

" ဘာလဲ "

ကျန့်ယွင် သူ့မျက်ခုံးများကြုံ့လိုက်ရင်း စိတ်မရှည်စွာပဲမေးလိုက်သည်။

စုရွေ့ကျယ် နှုတ်ခမ်းများကိုဖိကိုက်လိုက်ပြီး

"ကျနော့်ကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်"

ကျန့်ယွင် မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး

"မလိုပါဘူး အဲ့အမှိုက်တွေ ငါ့နယ်မြေမှာပြဿနာရှာတာကိုမလိုချင်ရုံတင်ပဲ ပြီးဝောာ့ မင်းကလည်းငါ့အကူအညီလို‌နေပုံ မရပါဘူး"

ယခုလေးတင် ဆယ်ကျော်သက်လေးတိုက်ခိုက်ချိန်၌ သူ့လှုပ်ရှားမှုများမှာ အလွန်ထက်မြက်ပြီး တွေဝေတုံ့ဆိုင်းခြင်းရှိမနေ‌ချေ။ သူသည် သိသိသာသာကို လေ့ကျင့်ထားပုံရပြီး သူမြင်ရသည့်ပုံပန်းသွင်ပြင်ကဲ့သို့ အန္တရာယ်ကင်းသည့်ပုံပေါက်မနေချေ။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် "

စုရွေ့ကျယ်သည် ကျန့်ယွင်၏ငြင်းပယ်နေမှုကို မိမိဘာသာပြင်းပြင်းထန်ထန်သတိပြုမိလေသည်။ သူ့နှုတ်ခမ်းများကိုကိုက်လိုက်ပြီး အားတင်းကာ အပြုံးလေးတစ်ခုဆင်လိုက်ရင်း

" ကျွန်တော့်နာမည်က စုရွေ့ကျယ်ပါ။ အသက်ဆယ့်ခုနစ်နှစ်ရှိပြီး မြို့ကနံပါတ်တစ်အလယ်တန်းကျောင်းမှာ တက်နေပါတယ်။ ခင်ဗျားနာမည်ကော ဘယ်လိုခေါ်လဲဟင် ?"

အတန်ကြာတတ်ဆိတ်သွားပြီး ကျန့်ယွင်စကားနှစ်လုံးပြောလိုက်သည်။

" ကျန့်ယွင် "

စုရွေ့ကျယ် ထွက်သွားသော ကျန့်ယွင်၏နောက်ကျောကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူတို့ကြားကအရာတွေ သိပ်အဆင်ပြေမနေဘူးထင်တယ်.....

တကယ်တော့ သူ့ရဲ့လက်သီးနဲ့ ခြေကန်ချက်စကေးတွေက သူ့ညီအစ်ကို*တွေ သင်ပေးခဲ့တာပဲဖြစ်သည်။ မမျှော်လင့်ပဲ အခုတော့ မိမိကိုယ်ကိုယ်ကာကွယ်ဖို့အကြောင်းရင်းဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း ကျန့်ယွင်၏ တုန့်ပြန်မှုအပေါ် သူအပြည့်အ၀နားလည်‌နိုင်ပါသည်။ ကျန့်ယွင်က သာမန်ဂိုဏ်းစတားလေး‌တစ်ယောက်မှ မဟုတ်တာ။

သူတို့တွေ့ဆုံနိုင်ဖို့အခွင့်အရေးတွေရှိသည်ကို သူကောင်းကောင်းသိပါသည်။ သူ သူ့အရှေ့တွင် မတိုက်ခိုက်ခဲ့သင့်ပေ။ သူအလုယက်ခံလိုက်တာပိုကောင်းပြီး အနည်းဆုံးတော့ ကယ်တင်ခံရနိုင်သည်လေ။

【 အေးလေ ကလေးက ဘဲကယ်တင်တာလည်းခံချင်သေးတာပေါ့လို့ ( ̄ヘ ̄;) 】

ဒါပေမယ့် ဒီတစ်ကြိမ်မှာ ပထမဆုံးအဆင့်အနေနဲ့ သူတို့ချင်းနာမည်တွေဖလှယ်နိုင်ခဲ့ကြသည်ပဲလေ။

စုရွေ့ကျယ် အိတ်နှင့်လှည်း နှင့်အတူ လမ်းကြားထဲက ထွက်သွားခဲ့သည်။ အစပိုင်းတွင် သူသည်ပိုက်ဆံရှာနိုင်ခဲ့သောကြောင့် ခံစားချက်ကောင်းမွန်နေပြီး အိမ်ပြန်ကာ ကိုယ်တိုင် အစားအသောက်တစ်နပ်လောက်ချက်စားချင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ စိတ်မပါတော့ချေ။

"ဦးလေးဝူ ကျနော့်ကို ဆိတ်သားကင်ဆယ်ချောင်း၊ အမဲသားကင်ငါးချောင်း၊ မိုးခိုသားကင်နှစ်ချောင်းနဲ့ ပြောင်းဖူးကင်တစ်ချောင်းပေးပါ။ ပြီးတော့ ထမင်းဖြူတစ်ပန်းကန်ရောပဲ "

ရင်းနှီးနေသော အသားကင်ဆိုင်သို့သာ လာလိုက်ပြီး အနံ့ကိုရှူရှိုက်လိုက်ရင်း စုရွေ့ကျယ် လမ်း*နှင့်ရင်းနှီးနေပြီးသောကြောင့် အများအပြားကိုမှာယူလိုက်လေသည်။

【T/N ; menuကိုပြောချင်တာလား သူငေးမောနေတဲ့ လမ်းကိုပြောချင်တာလားမသေချာလို့။ menuကိုဆိုလိုတာလို့ပိုထင်မိတယ်။ 】

"ကိစ္စမရှိဘူး ကိစ္စမရှိဘူး! "

ဝူချီ သူကမ်းပေးသောပိုက်ဆံကိုလှမ်းယူလိုက်ရင်း ကတိပေးလိုက်ကာ အသံနိမ့်နိမ့်ဖြင့်မေးလာလေသည်။

" ရှောင်ကျယ် မင်းအိမ်မှာ အခြားအသီးအရွက်တွေရှိသေးလား။ မနေ့က ငါ မင်းရောင်းခဲ့တဲ့အသီးအရွက်တွေနဲ့ အကင်လုပ်ရောင်းတော့ တစ်ညတည်းနဲ့အကုန်ရောင်းကုန်သွားတယ်လေ။ ဧည့်သည်တွေက အရသာရှိတယ်လို့ပြောကြတယ်။ မင်း နောက်ထပ် ဦးလေးကို ပိုရောင်းပေး‌နိုင်မလား "

" ရတာပေါ့ "

စုရွေ့ကျယ် တွန်းလှည်းထဲရှိအိတ်များစွာကိုအလျင်အမြန်ဖယ်ရှားလိုက်လေသည်။ အကြောင်းမှာ မနက်ပိုင်း၌ပင် ပါလာသမျှအကုန်ရောင်းကုန်သွားပေသော်ငြား ထိုအိတ်များဖုံးထားရင်း အခြားသူများ၏အာရုံကိုမဆွဲဆောင်မိခင် လျင်မြန်စွာဖြင့် သူ့နေရာလွတ်ထဲမှ အိတ်များစွာကိုထုတ်ယူလိုက်လေသည်။ ထို့နောက် ဝူချီကို နီရဲပြီးကြီးမားသောချယ်ရီသီးများအပါအ၀င် အသီးအရွက်များအပြည့်ပါသည့် အိတ်တစ်လုံးကိုပေးလိုက်လေသည်။ ဝူချီသည် ကလေးထံမှ အခွင့်အရေးမယူချင်ပေ။ သူသည် အနီရောင်နှစ်ရွက်ကို သူ့ထံသို့ပေးလိုက်လေသည်။ အဆုံးမှာတော့ စုရွေ့ကျယ်သည် သူ့အကြောင်းပြချက်များကြောင့် သူတို့ကိုလက်ခံလိုက်ရသည်။

【 T/N; အနီရောင်နှစ်ရွက်က ယွမ်တစ်ရာတန်နှစ်ရွက်ကိုပြောတာပါ။ 】

" ဦးလေးဝူ ဘယ်နေရာမှာ ကြက်နဲ့ဘဲတွေရောင်းလဲ သိလားဟင်။ ကျနော် အိမ်မှာမွေးဖို့ နည်းနည်းလောက်၀ယ်ချင်လို့ "

ယခုအခါများတွင် ကြက်အရှင်များကိုအပြင်တွင်မရောင်းနိုင်ပေ။ ကြက်နှင့်ဘဲ အရှင်များကို၀ယ်ယူရန် မလွယ်ကူလှပေ။ ဝူချီသည် ဤနေရာတွင် ဆိုင်ဖွင့်ခဲ့သည်မှာဆယ်နှစ်ကျော်ရှိပြီဖြစ်သောကြောင့် ကြက်၊ဘဲနှင့် ငါးများကို ၀ယ်ရန်သိနိုင်သည်မှာ သေချာပေသည်။

" မင်းလူမှန်ကိုမေးမိတာပဲ "

ဝူချီသည် ရယ်မောရင်း စာရွက်တစ်ရွက်ကိုထုတ်ယူလိုက်ကာ ဖုန်းနံပါတ်တစ်ခုကိုချရေးပြီး သူ့ထံသို့ပေးရင်းပြောလိုက်သည်။

" လောင်ကျန်း နဲ့ငါက တစ်ယောက်နဲ့တစ်ယောက်သိလာတာ နှစ်တွေအကြာကြီးရှိနေပြီ။ သူက အကောင်းဆုံး ကြက်ဘဲမွေးမြူရေးသမားပဲ။ သူ့ကို ငါမင်းကိုမိတ်ဆက်ပေးတယ်လို့သာပြောလိုက် မင်းသေချာပေါက်ဈေးသက်သက်သာသာနဲ့ရနိုင်လိမ့်မယ် "

" ကျေးဇူးတင်ပါတယ် ဦးလေးဝူ "

စုရွေ့ကျယ် ပျော်ရွှင်စွာနှင့် စာရွက်ပိုင်းလေးကို ကောက်ယူလိုက်သည်။

🍒🍒

.
.

Zawgyi

300,000 ေက်ာ္သည္ စု‌ေ႐ြ႕က်ယ္အတြက္ေတာ့ အသားလတ္လတ္ဆတ္ဆတ္ ကီလိုေထာင္ေပါင္းမ်ားစြာ ၀ယ္ရန္လုံေလာက္ေပသည္။ ေနရာလြတ္တြင္ ၾကက္ႏွင့္ဘဲမ်ားကိုေမြးျမဴရန္ ၀ယ္ယူသင့္သလားသူမသိေသးေပ။ ၾကက္ႏွင့္ဘဲမ်ားကို၀ယ္ၿပီးေမြးထား လိုက္ပါက ေနာက္ပိုင္းတြင္ ေန႕တိုင္းစားဖို႔ဥမ်ားရနိုင္ၿပီး တစ္ခါတရံ အသားလတ္လတ္ဆတ္ဆတ္အတြက္ တစ္ေကာင္ေလာက္ကိုသတ္နိုင္ေလသည္။

သူ႕အရင္ဘ၀၌ အစပိုင္းတြင္ ေနရာလြတ္စြမ္းအားသည္ ေသၿပီးသားပစၥည္းမ်ားကိုသာ သိမ္းဆည္းနိုင္သည္။ ေနာက္ပိုင္းမွသာ အဆင့္ျမင့္လာၿပီး အသီးအ႐ြက္မ်ားစိုက္ပ်ိဳးလာနိုင္သည့္အျပင္ လယ္ကြင္းမ်ားထဲ၌ပါ သႏၶေေျပာင္းတိရိစ္ဆာန္မ်ားကိုပါ ေမြးျမဴလာနိုင္ခဲ့သည္။ ၾကက္ဘဲမ်ားအသက္ရွင္ဖို႔ေနေနသာသာ အသားစားနိုင္ဖို႔က ေကာင္းကင္ဘုံတက္နိုင္ဖို႔ထက္ပိုခက္ေလသည္။ ဒီအခ်ိန္မွာေတာ့ ပိုၾကာရွည္ခံသည့္အသားမ်ားကို မ်ားမ်ား ျပင္ဆင္ထားရမည္။ ေန႕စဥ္သုံးပစၥည္းမ်ားကိုလည္း ျပင္ဆင္ထားရမည္ျဖစ္ၿပီး ဆား၊ ပဲငံျပာရည္ႏွင့္ ရွာလကာရည္မ်ားကို သိုေလွာင္ထားဖို႔လည္း လိုအပ္သည့္အျပင္ အ၀တ္အစားႏွင့္ ဖိနပ္မ်ားကိုလည္း ၀ယ္ရအုံးမည္ျဖစ္သည္။

သူေတြးေတာေနရင္း ယြမ္ 300,000 က သိပ္အလုပ္မျဖစ္ေၾကာင္း စုေ႐ြ႕က်ယ္ ခံစားလိုက္ရသည္။

ေဟး, ဘယ္လိုပဲျဖစ္ျဖစ္ သေဘၤာကတံတားဆီေရာက္လာကတည္းက ေျဖာင္ေျဖာင့္ပဲလာခဲ့တယ္ဆိုတာ သဘာ၀ပဲေလ*။ ဘာပဲျဖစ္ျဖစ္ ၿဖိဳဖ်က္ေၾကးေငြအရင္ဆုံးယူၾကရေအာင္။ လူေတြက အၿမဲတမ္းအၾကပ္အတည္းႏွင့္ႀကဳံလာတိုင္း လြတ္ေျမာက္ဖို႔နည္းလမ္းေတြေပၚလာစၿမဲပါပဲ။

【 T/N; ျပႆနာနဲ႕ႀကဳံလာရင္ ေျဖကို ေျဖရွင္းရမွာပဲလို႔ဆိုလိုတာပါတဲ့။ 】

စုေ႐ြ႕က်ယ္မ်က္လုံးေတြမွိတ္လိုက္ၿပီး အိပ္လိုက္ေတာ့သည္။
ေနာက္တစ္ေန႕မွာေတာ့ စုေ႐ြ႕က်ယ္ေစာေစာအိပ္ယာထလိုက္ၿပီး သူ႕အဖိုးအမွိုက္ေကာက္ရာတြင္သုံးေလ့ရွိေသာ တြန္းလွည္းေလးကိုထုတ္ယူလိုက္ကာ ယမန္ေန႕ကျပင္ဆင္ထားေသာ အသီးအ႐ြက္ႏွင့္ သစ္သီး၀လံမ်ားကိုတင္လိုက္ၿပီး အေရွ႕လမ္းရွိ ဟင္းသီးဟင္း႐ြက္ေဈးအ၀င္၀သို႔ ဆြဲလာလိုက္သည္။

စုေ႐ြ႕က်ယ္ လမ္းေဘးနားေျမျပင္ေပၚတြင္ထိုင္ခ်လိဳက္ၿပီး လတ္ဆတ္ေသာ အသီးအ႐ြက္မ်ား၊ ဖရဲသီးမ်ားႏွင့္ သစ္သီး၀လံမ်ားကို ေျမျပင္ေပၚဖို႔ခ်ခင္းလိုက္ၿပီး ေအာ္လိုက္သည္။

"က်ေနာ့္ကိုယ္ပိုင္ လတ္လတ္ဆတ္ဆတ္ သစ္သီး၀လံေတြနဲ႕ ဟင္းသီးဟင္း႐ြက္ေတြရမယ္ေနာ္။ ေဈး‌ေပါေပါနဲ႕ အရသာလည္းရွိတယ္"

ဟင္းသီးဟင္း႐ြက္လာ၀ယ္ၾကေသာ ဦးေလးမ်ားႏွင့္ အေဒၚမ်ားက သူဆြဲေဆာင္လိုက္ျခင္းေၾကာင့္ သေဘာက်ၾကမည္မွာ ေသခ်ာသေလာက္ရွိသည္။ အမ်ားစုက မေန႕ကသူ႕ထံမွ ခ်ယ္ရီသီးမ်ား၀ယ္ခဲ့ၾကသူမ်ားျဖစ္ၿပီး ယေန႕သူ႕ကိုျမင္ၾကေသာအခါ ခ်က္ခ်င္းပဲ ႀကိဳဆိုၾကေလသည္။

" ေကာင္ငယ္ေလး* မင္းမေန႕ကေရာင္းတဲ့ အာလူးနဲ႕ သခြားသီးေတြရွိေသးလား "

ဆံပင္ျဖဴေနတဲ့အမ်ိဳးသမီးႀကီးက ၿပဳံးလ်က္ေမးလာေလသည္။

" ငါ့ရဲ႕ေျမးေလးက သက္သတ္လြတ္အစားအစာေတြဆိုမႀကိဳက္ခဲ့ေပမယ့္ မေန႕က မင္းဆီက၀ယ္သြားတဲ့အစားအစာေတြကိုေတာ့သူႀကိဳက္တယ္ေလ။ ေနာက္ထပ္အပိုထမင္းတစ္ပန္းကန္ေတာင္ ထပ္စားလိုက္ေသးတယ္။ "

"ဟုတ္ကဲ့ အဖြား ဘယ္ေလာက္လိုခ်င္လဲဗ် "

"အာလူးငါးလုံးနဲ႕ သခြားသီးႏွစ္လုံးေပးပါ "

"ေကာင္းပါၿပီအဖြား ယြမ္ႏွစ္ဆယ္ပါ "

"ဒီမွာ "

ေဈးကသိပ္မသက္သာေသာ္ျငား လူငယ္ေလးကို ဘယ္သူကကိုယ္တိုင္အသီးအ႐ြက္ေတြစိုက္ပ်ိဳးခိုင္းလို႔လဲ။ ဒီလိုလတ္ဆတ္ၿပီး အရည္အေသြးေကာင္းတဲ့ အသီးအ႐ြက္ေတြရဖို႔ဆိုတာခက္သည္ေလ။ နည္းနည္းေလးေဈးပိုႀကီး႐ုံေလာက္က သိပ္မဆိုးပါဘူး။

ဒီေန႕ေတာ့ စုေ႐ြ႕က်ယ္ အလြန္ႀကီးမားႀကီး ေဖာက္ထြင္းမျမင္နိုင္သည့္ အိတ္တစ္လုံးယူခဲ့ေလသည္။ သူႏွစ္ႀကိမ္တိုင္တိုင္ တိတ္တဆိတ္ထပ္ျဖည့္ခဲ့ၿပီး တစ္မနက္ခင္းလုံးေရာင္းေနခဲ့ကာ ပိုက္ဆံအေျမာက္အျမားရခဲ့၏။
သူပိုက္ဆံေတြကို တစ္႐ြက္ၿပီးတစ္႐ြက္ေခါက္ကာ အားကစား၀တ္စုံအိတ္ကပ္ထဲသို႔ထည့္လိုက္ၿပီး အိတ္နဲ႕လွည္းကိုသိမ္းကာ အိမ္ျပန္ခဲ့ေလသည္။

လမ္းေလွ်ာက္လာရင္း သူ႕အေနာက္မွ တစ္ေယာက္ေယာက္လိုက္ေနသည္ကို ႐ုတ္တရက္ခံစားမိလိုက္ၿပီး ဆိုင္တစ္ဆိုင္ကိုျဖတ္သြားခ်ိန္တြင္ ဆိုင္၏ျပတင္းမွန္မွတဆင့္သူ႕အေနာက္သို႔ တိတ္တဆိတ္ၾကည့္လိုက္ေသာအခါ ဂဏာမၿငိမ္ေသာမ်က္လုံးမ်ားႏွင့္ သူခိုးဟုထင္ရေလာက္ေသာလူႏွစ္ေယာက္ သူ႕ေနာက္သို႔လိုက္ေနသည္ကို ျမင္လိုက္ရသည္။ သူ႕ကဲ့သို႔ေသာ ဆင္းရဲသည့္ေက်ာင္းသားေလးတစ္ေယာက္အဖို႔ ဤကဲ့သို႔မႀကဳံေတြ႕သင့္ေသာ္လည္း ယခုေလးတင္မွ သူ ပိုက္ဆံမ်ားေရတြက္ေနခဲ့သည္ကို ျမင္လိုက္ၾက၍ျဖစ္နိုင္ေလသည္။

သူအရမ္းသတိမဲ့တာပဲ။

စုေ႐ြ႕က်ယ္ ခ်က္ခ်င္းအရွိန္ကိုျမႇင့္လိုက္ကာ သူ႕ေနာက္လိုက္ေနသူမ်ားကိုမ်က္ေျချဖတ္ဖို႔ႀကိဳးစားလိုက္ေသာ္လည္း လူႏွစ္ေယာက္သည္ သူ႕ေနာက္သို႔ မ်က္ေျခမျပတ္လိုက္လာသည္မွာ လမ္းတစ္၀က္တြင္ အရႈံးေပးမည့္ပုံမေပၚေပ။

"ဒီကေလးေျပးတာအရမ္းျမန္တာပဲ "

"အဓိပၸါယ္မရွိတာေတြေျပာတာရပ္ၿပီး ျမန္ျမန္သာလိုက္ဖမ္းစမ္းပါ။ ဒီလို အားနည္းတဲ့ၾကက္ကေလးလိုမ်ိဳး ဆူၿဖိဳးတဲ့သိုးေလးကိုႀကဳံရဖို႔ဆိုတာ ရွားရွားပါးပါးပဲ။ ပိုက္ဆံေတြရေအာင္လုရမယ္။ "

"ေကာင္းၿပီ "

စုေ႐ြ႕က်ယ္ ပိုနီးကပ္လာသည့္ ေျခသံမ်ားကိုနားေထာင္လိုက္ၿပီး သိသိသာသာပင္ အထိတ္တလန႔္ပုံႏွင့္ လမ္းၾကားထဲသို႔ေျပးသြားလိုက္သည္။

သူခိုးႏွစ္ေယာက္သည္ ေလွာင္ရယ္လိုက္ရင္း လမ္းၾကားထဲသို႔ လိုက္၀င္လာခဲ့သည္။ သူတို႔ႏွင့္ သိပ္မေဝးေသာလမ္းေထာင့္နားတြင္ က်န့္ယြင္၏ ရွည္လ်ားေသာပုံရိပ္ေပၚလာၿပီး စူပါမားကတ္မွ၀ယ္လာသည့္ အသင့္စားေခါက္ဆြဲဗူးမ်ားျပည့္ေနေသာအိတ္ေလးတစ္လုံးကိုဆြဲထားေလသည္။

သူမွတ္မိတာမမွားဘူးဆိုလွ်င္ ထိုကေလးသည္ မေန႕ကသူ႕ကိုခ်ယ္ရီသီးမ်ားေရာင္းလိုက္သည့္ ဆယ္ေက်ာ္သက္ကေလးျဖစ္သည္။ အေျခအေနကိုၾကည့္လိုက္ပါက ထိုလူမ်ားသည္ ေကာင္ေလးကို ပစ္မွတ္ထားေနသည္မွာသိသာလွသည္။ သူက သည္အနီးနားတြင္ေနသည္မို႔ အမွတ္မမွားလွ်င္ ထိုလမ္းၾကားသည္ တစ္ဖက္တြင္လုံး၀အပိတ္ျဖစ္၏။ ထိုဆယ္ေက်ာ္သက္ကေလး၏ ပိန္ပါးၿပီးအားနည္းသည့္ ကိုယ္ေလးကိုေတြးလိုက္မိေသာအခါ ဓားတစ္ေခ်ာင္းကဲ့သို႔ေသာ မ်က္ခုံးမ်ားသည္ ႀကဳံ႕သြားရေတာ့သည္။

က်စ္ က်စ္ ဒီႏွစ္ေယာက္က သတၱိေကာင္းၿပီး သူ႕နယ္ေျမမွာလာလုယက္ရဲတယ္ေပါ့ေလ?။

က်န့္ယြင္ေဒါသတႀကီးျဖင့္ သူ႕ေျခတံရွည္ေတြႏွင့္အတူ လမ္းၾကားထဲသို႔ေလွ်ာက္သြားခဲ့၏။

ေျခလွမ္းအနည္းငယ္အတြင္းမွာပဲ လူႏွစ္ေယာက္၏ အႏၱရာယ္မ်ားေသာရယ္ေမာသံကို ၾကားလိုက္ရေလသည္။

" ခုခံဖို႔ႀကိဳးစားရဲေသးတာလား သားေကာင္ေလးရဲ႕*။ ဒီေလာင္ဇီရဲ႕လက္ထဲမွာ ဓားပါတယ္ေနာ္ "

" အာ "

" ေကာင္စုတ္ေလး ဓားကိုၾကည့္လိုက္စမ္း "

က်န္းယြင္ သူ႕ႏွလုံးသားတင္းက်ပ္သြားၿပီး အိတ္ကိုေျမေပၚသို႔ပစ္ခ်လိဳက္ကာ လ်င္ျမန္စြာေျပး၀င္သြားလိုက္ေတာ့သည္။ အကယ္၍ သူသာေျခတစ္လွမ္းေနာက္က်သြားပါက ခ်စ္စရာေကာင္းသည့္‌ဆယ္ေက်ာ္သက္ေလးအား တစ္ကိုယ္လုံးမွာ ေသြးမ်ားျဖင့္ေတြ႕လိုက္ရမည္ကို သူေၾကာက္မိသည္။

သို႔ေသာ္ျငားလည္း သူျမင္လိုက္ရသည့္ပုံရိပ္သည္ သူျမင္ေယာင္ထားသည္ႏွင့္ အ‌ေတာ္ေလး ကြာျခားေနေပသည္။

စုေ႐ြ႕က်ယ္ ဓားျမႇောက္လာခဲ့သည့္ ဓားျမ၏ ဓားျဖင့္ထိုးခံရလုနီးပါးျဖစ္သြားသည္။ စုေ႐ြ႕က်ယ္ထိုဓားျမကိုဖမ္းလိုက္ၿပီး လွည့္လိုက္‌ကာ သူ႕လက္ထဲရွိဓားမွာေျမေပၚသိုက်သြားေလသည္။ ထို႔ေနာက္စုေ႐ြ႕က်ယ္ထိုဓားျမကို ကန္လွဲလိုက္ၿပီး ဗိုက္ကိုကန္လိုက္သည္။ ဓားျမမွာေတာ့ ေန႕တစ္၀က္ေလာက္ မတ္တပ္မရပ္နိုင္ေလာက္ေတာ့ေပ။

ေကာင္ငယ္ေလးက အားႀကီးလွေသာေျခေထာက္ျဖင့္ သူ႕ရင္ဘက္ေပၚနင္းထားလိုက္ရင္း အျခားဓားျမတစ္ေယာက္ကို ရွင္းလင္းျပတ္သားေသာအသံျဖင့္ေျပာလိုက္သည္။

"မင္းရဲ႕လက္နက္ေတြခ်လိဳက္ မဟုတ္ရင္ ငါလုပ္လိုက္မယ္...."

စုေ႐ြ႕က်ယ္ ရက္စက္ၾကမ္းၾကဳတ္ေသာ ၿခိမ္းေျခာက္မႈတစ္ခုေျပာဖို႔ႀကိဳးစားလိုက္ေသာ္လည္း ႐ုတ္တရက္ သိပ္မေဝးေသာေနရာတြင္ ရပ္ေနေသာ က်န့္ယြင္ကို ေတြ႕လိုက္ရသည္။

က်န့္ယြင္ : " ... "

ငါထင္ထားတာနဲ႕ နည္းနည္းေလး လြဲေနသလိုပဲ....

စုေ႐ြ႕က်ယ္၏မ်က္လုံးမ်ား ခ်က္ခ်င္းစိုက္ၾကည့္လိုက္ၿပီးေနာက္ သူ၏ လက္ရွိပုံစံသည္ အေတာ္ေလးမယဥ္ေက်းပုံေပါက္ေနသည္ကို သတိထားမိလိုက္ၿပီး ထိုလူ၏ရင္ဘက္ေပၚမွ သူ႕ေျခေထာက္မ်ားကို ဂ႐ုတစိုက္ဖယ္လိုက္ကာ သူ႕ ျဖဴေဖြးေသာပါး‌ျပင္ေလးမ်ား တျဖည္းျဖည္းအနီေရာင္ေျပာင္းလာသည္မွာ စိုးရိမ္မႈေၾကာင့္ေပလား ရွက္ေသာေၾကာင့္ေပလား မေျပာနိုင္ေတာ့ေပ။

"က်ေနာ္ ...က်ေနာ္ ရွင္းျပနိုင္ပါတယ္..."

စုေ႐ြ႕က်ယ္ ထစ္အစြာျဖင့္ေျပာလာေလသည္။

သို႔ေသာ္လည္း က်န့္ယြင္ မ်က္ေမွာင္ ျပင္းျပင္းထန္ထန္ၾကဳတ္လိုက္၏။ သူ ေရွ႕သို႔ေျခလွမ္းအနည္းငယ္ေျပး၀င္သြားလိုက္ၿပီး စုေ႐ြ႕က်ယ္ကို ေဘးဘက္သို႔‌ဆြဲလိုက္ကာ စုေ႐ြ႕က်ယ္သူ႕အေပၚ သတိလက္လြတ္ျဖစ္သြားခ်ိန္ကိုအခြင့္ေကာင္းယူကာ တိုက္ခိုက္ရန္ျပင္ေနေသာလူကို လ်င္ျမန္စြာ ကန္ထုတ္လိုက္ေလသည္။ က်န့္ယြင္၏ခြန္အားသည္ စုေ႐ြ႕က်ယ္၏ခြန္အားႏွင့္မယွဥ္နိုင္ေပ။ သူသည္ထိုလူကို ေျခကန္ခ်က္တစ္ခ်က္တည္းႏွင့္ သတိလစ္သြားေစသည္။

ၿခိမ္းေျခာက္မႈကို ဖယ္ရွားၿပီးသည္ကိုျမင္ေသာအခါမွ က်န့္ယြင္သည္ စုေ႐ြ႕က်ယ္သို႔ေအးစက္စက္ တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္။

"သြားၾကမယ္ "

မနက္ခင္းပိုင္းတြင္ အလြန္ဆူညံေနေသာေၾကာင့္ ရဲမ်ားေရာက္လာဖို႔ သိပ္မၾကာေပ။ မိမိကိုယ္ကိုယ္ ကာကြယ္သည္ဟုေျပာနိုင္ေသာ္လည္း ေနာက္ဆက္တြဲလုပ္ရမည့္အရာမ်ားအတြက္ေတာ့ သတိထားရေပမည္။ သူတို႔သည္ ရဲမ်ားႏွင့္ မည္သို႔ေသာဆက္ႏႊယ္မႈမ်ိဳးမွမလိုခ်င္ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူသည္ ကာကြယ္ေၾကးမ်ားေကာက္ခံကာ အသက္ေမြး၀မ္းေက်ာင္းျပဳေနေသာ လူမိုက္တစ္ေယာက္ျဖစ္ေနေသာေၾကာင့္ပင္။

က်န့္ယြင္၏အရွိန္သည္ျပင္းထန္လြန္းသျဖင့္ စုေ႐ြ႕က်ယ္တစ္ေယာက္ စကားမေျပာရဲပဲ လိုက္မွီေစရန္ ေျပးလႊားေနခဲ့ရသည္။

က်န့္ယြင္သည္ လမ္းအ၀င္အ၀သို႔သြားကာ သူပစ္ခ်ထားခဲ့ေသာ အသင့္စားေခါက္ဆြဲဗူးအိတ္ကိုေကာက္ၿပီး တိုက္ရိုက္ထြက္သြားရန္ စီစဥ္ထားသည္။

" ေစာင့္ပါအုံး ေစာင့္ပါအုံး "

စုေ႐ြ႕က်ယ္ က်န့္ယြင္ႏွင့္ဆုံနိုင္မည့္ ဤသိုေသာအခြင့္အေရးေကာင္းကိုလက္မလႊတ္ခ်င္ေသာေၾကာင့္ အျမန္ေအာ္ေခၚလိုက္သည္။

" ဘာလဲ "

က်န့္ယြင္ သူ႕မ်က္ခုံးမ်ားႀကဳံ႕လိုက္ရင္း စိတ္မရွည္စြာပဲေမးလိုက္သည္။

စုေ႐ြ႕က်ယ္ ႏႈတ္ခမ္းမ်ားကိုဖိကိုက္လိုက္ၿပီး

"က်ေနာ့္ကိုကယ္ေပးလို႔ေက်းဇူးတင္ပါတယ္"

က်န့္ယြင္ မ်က္လုံးမ်ားအနည္းငယ္က်ဥ္းေျမာင္းသြားၿပီး

"မလိုပါဘူး အဲ့အမွိုက္ေတြ ငါ့နယ္ေျမမွာျပႆနာရွာတာကိုမလိုခ်င္႐ုံတင္ပဲ ၿပီးေဝာာ့ မင္းကလည္းငါ့အကူအညီလို‌ေနပုံ မရပါဘူး"

ယခုေလးတင္ ဆယ္ေက်ာ္သက္ေလးတိုက္ခိုက္ခ်ိန္၌ သူ႕လႈပ္ရွားမႈမ်ားမွာ အလြန္ထက္ျမက္ၿပီး ေတြေဝတုံ႕ဆိုင္းျခင္းရွိမေန‌ေခ်။ သူသည္ သိသိသာသာကို ေလ့က်င့္ထားပုံရၿပီး သူျမင္ရသည့္ပုံပန္းသြင္ျပင္ကဲ့သို႔ အႏၱရာယ္ကင္းသည့္ပုံေပါက္မေနေခ်။

"ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ "

စုေ႐ြ႕က်ယ္သည္ က်န့္ယြင္၏ျငင္းပယ္ေနမႈကို မိမိဘာသာျပင္းျပင္းထန္ထန္သတိျပဳမိေလသည္။ သူ႕ႏႈတ္ခမ္းမ်ားကိုကိုက္လိုက္ၿပီး အားတင္းကာ အၿပဳံးေလးတစ္ခုဆင္လိုက္ရင္း

" ကြၽန္ေတာ့္နာမည္က စုေ႐ြ႕က်ယ္ပါ။ အသက္ဆယ့္ခုနစ္ႏွစ္ရွိၿပီး ၿမိဳ႕ကနံပါတ္တစ္အလယ္တန္းေက်ာင္းမွာ တက္ေနပါတယ္။ ခင္ဗ်ားနာမည္ေကာ ဘယ္လိုေခၚလဲဟင္ ?"

အတန္ၾကာတတ္ဆိတ္သြားၿပီး က်န့္ယြင္စကားႏွစ္လုံးေျပာလိုက္သည္။

" က်န့္ယြင္ "

စုေ႐ြ႕က်ယ္ ထြက္သြားေသာ က်န့္ယြင္၏ေနာက္ေက်ာကိုၾကည့္ရင္း သက္ျပင္းခ်လိဳက္သည္။ သူတို႔ၾကားကအရာေတြ သိပ္အဆင္ေျပမေနဘူးထင္တယ္.....

တကယ္ေတာ့ သူ႕ရဲ႕လက္သီးနဲ႕ ေျခကန္ခ်က္စေကးေတြက သူ႕ညီအစ္ကို*ေတြ သင္ေပးခဲ့တာပဲျဖစ္သည္။ မေမွ်ာ္လင့္ပဲ အခုေတာ့ မိမိကိုယ္ကိုယ္ကာကြယ္ဖို႔အေၾကာင္းရင္းျဖစ္လာခဲ့သည္။ သို႔ေသာ္ျငားလည္း က်န့္ယြင္၏ တုန႔္ျပန္မႈအေပၚ သူအျပည့္အ၀နားလည္‌နိုင္ပါသည္။ က်န့္ယြင္က သာမန္ဂိုဏ္းစတားေလး‌တစ္ေယာက္မွ မဟုတ္တာ။

သူတို႔ေတြ႕ဆုံနိုင္ဖို႔အခြင့္အေရးေတြရွိသည္ကို သူေကာင္းေကာင္းသိပါသည္။ သူ သူ႕အေရွ႕တြင္ မတိုက္ခိုက္ခဲ့သင့္ေပ။ သူအလုယက္ခံလိုက္တာပိုေကာင္းၿပီး အနည္းဆုံးေတာ့ ကယ္တင္ခံရနိုင္သည္ေလ။

【 ေအးေလ ကေလးက ဘဲကယ္တင္တာလည္းခံခ်င္ေသးတာေပါ့လို႔ ( ̄ヘ ̄;) 】

ဒါေပမယ့္ ဒီတစ္ႀကိမ္မွာ ပထမဆုံးအဆင့္အေနနဲ႕ သူတို႔ခ်င္းနာမည္ေတြဖလွယ္နိုင္ခဲ့ၾကသည္ပဲေလ။

စုေ႐ြ႕က်ယ္ အိတ္ႏွင့္လွည္း ႏွင့္အတူ လမ္းၾကားထဲက ထြက္သြားခဲ့သည္။ အစပိုင္းတြင္ သူသည္ပိုက္ဆံရွာနိုင္ခဲ့ေသာေၾကာင့္ ခံစားခ်က္ေကာင္းမြန္ေနၿပီး အိမ္ျပန္ကာ ကိုယ္တိုင္ အစားအေသာက္တစ္နပ္ေလာက္ခ်က္စားခ်င္ခဲ့သည္။ သို႔ေသာ္လည္း ယခုတြင္မူ စိတ္မပါေတာ့ေခ်။

"ဦးေလးဝူ က်ေနာ့္ကို ဆိတ္သားကင္ဆယ္ေခ်ာင္း၊ အမဲသားကင္ငါးေခ်ာင္း၊ မိုးခိုသားကင္ႏွစ္ေခ်ာင္းနဲ႕ ေျပာင္းဖူးကင္တစ္ေခ်ာင္းေပးပါ။ ၿပီးေတာ့ ထမင္းျဖဴတစ္ပန္းကန္ေရာပဲ "

ရင္းႏွီးေနေသာ အသားကင္ဆိုင္သို႔သာ လာလိုက္ၿပီး အနံ႕ကိုရႉရွိုက္လိုက္ရင္း စုေ႐ြ႕က်ယ္ လမ္း*ႏွင့္ရင္းႏွီးေနၿပီးေသာေၾကာင့္ အမ်ားအျပားကိုမွာယူလိုက္ေလသည္။

【T/N ; menuကိုေျပာခ်င္တာလား သူေငးေမာေနတဲ့ လမ္းကိုေျပာခ်င္တာလားမေသခ်ာလို႔။ menuကိုဆိုလိုတာလို႔ပိုထင္မိတယ္။ 】

"ကိစၥမရွိဘူး ကိစၥမရွိဘူး! "

ဝူခ်ီ သူကမ္းေပးေသာပိုက္ဆံကိုလွမ္းယူလိုက္ရင္း ကတိေပးလိုက္ကာ အသံနိမ့္နိမ့္ျဖင့္ေမးလာေလသည္။

" ေရွာင္က်ယ္ မင္းအိမ္မွာ အျခားအသီးအ႐ြက္ေတြရွိေသးလား။ မေန႕က ငါ မင္းေရာင္းခဲ့တဲ့အသီးအ႐ြက္ေတြနဲ႕ အကင္လုပ္ေရာင္းေတာ့ တစ္ညတည္းနဲ႕အကုန္ေရာင္းကုန္သြားတယ္ေလ။ ဧည့္သည္ေတြက အရသာရွိတယ္လို႔ေျပာၾကတယ္။ မင္း ေနာက္ထပ္ ဦးေလးကို ပိုေရာင္းေပး‌နိုင္မလား "

" ရတာေပါ့ "

စုေ႐ြ႕က်ယ္ တြန္းလွည္းထဲရွိအိတ္မ်ားစြာကိုအလ်င္အျမန္ဖယ္ရွားလိုက္ေလသည္။ အေၾကာင္းမွာ မနက္ပိုင္း၌ပင္ ပါလာသမွ်အကုန္ေရာင္းကုန္သြားေပေသာ္ျငား ထိုအိတ္မ်ားဖုံးထားရင္း အျခားသူမ်ား၏အာ႐ုံကိုမဆြဲေဆာင္မိခင္ လ်င္ျမန္စြာျဖင့္ သူ႕ေနရာလြတ္ထဲမွ အိတ္မ်ားစြာကိုထုတ္ယူလိုက္ေလသည္။ ထို႔ေနာက္ ဝူခ်ီကို နီရဲၿပီးႀကီးမားေသာခ်ယ္ရီသီးမ်ားအပါအ၀င္ အသီးအ႐ြက္မ်ားအျပည့္ပါသည့္ အိတ္တစ္လုံးကိုေပးလိုက္ေလသည္။ ဝူခ်ီသည္ ကေလးထံမွ အခြင့္အေရးမယူခ်င္ေပ။ သူသည္ အနီေရာင္ႏွစ္႐ြက္ကို သူ႕ထံသို႔ေပးလိုက္ေလသည္။ အဆုံးမွာေတာ့ စုေ႐ြ႕က်ယ္သည္ သူ႕အေၾကာင္းျပခ်က္မ်ားေၾကာင့္ သူတို႔ကိုလက္ခံလိုက္ရသည္။

【 T/N; အနီေရာင္ႏွစ္႐ြက္က ယြမ္တစ္ရာတန္ႏွစ္႐ြက္ကိုေျပာတာပါ။ 】

" ဦးေလးဝူ ဘယ္ေနရာမွာ ၾကက္နဲ႕ဘဲေတြေရာင္းလဲ သိလားဟင္။ က်ေနာ္ အိမ္မွာေမြးဖို႔ နည္းနည္းေလာက္၀ယ္ခ်င္လို႔ "

ယခုအခါမ်ားတြင္ ၾကက္အရွင္မ်ားကိုအျပင္တြင္မေရာင္းနိုင္ေပ။ ၾကက္ႏွင့္ဘဲ အရွင္မ်ားကို၀ယ္ယူရန္ မလြယ္ကူလွေပ။ ဝူခ်ီသည္ ဤေနရာတြင္ ဆိုင္ဖြင့္ခဲ့သည္မွာဆယ္ႏွစ္ေက်ာ္ရွိၿပီျဖစ္ေသာေၾကာင့္ ၾကက္၊ဘဲႏွင့္ ငါးမ်ားကို ၀ယ္ရန္သိနိုင္သည္မွာ ေသခ်ာေပသည္။

" မင္းလူမွန္ကိုေမးမိတာပဲ "

ဝူခ်ီသည္ ရယ္ေမာရင္း စာ႐ြက္တစ္႐ြက္ကိုထုတ္ယူလိုက္ကာ ဖုန္းနံပါတ္တစ္ခုကိုခ်ေရးၿပီး သူ႕ထံသို႔ေပးရင္းေျပာလိုက္သည္။

" ေလာင္က်န္း နဲ႕ငါက တစ္ေယာက္နဲ႕တစ္ေယာက္သိလာတာ ႏွစ္ေတြအၾကာႀကီးရွိေနၿပီ။ သူက အေကာင္းဆုံး ၾကက္ဘဲေမြးျမဴေရးသမားပဲ။ သူ႕ကို ငါမင္းကိုမိတ္ဆက္ေပးတယ္လို႔သာေျပာလိုက္ မင္းေသခ်ာေပါက္ေဈးသက္သက္သာသာနဲ႕ရနိုင္လိမ့္မယ္ "

" ေက်းဇူးတင္ပါတယ္ ဦးေလးဝူ "

စုေ႐ြ႕က်ယ္ ေပ်ာ္႐ႊင္စြာႏွင့္ စာ႐ြက္ပိုင္းေလးကို ေကာက္ယူလိုက္သည္။

🍒🍒

Continue Reading

You'll Also Like

1M 35.9K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
35.3K 5.2K 11
Title : I Just Want To Live Peacefully (ငါ အေးအေးချမ်းချမ်းလေးပဲနေချင်တာ) Genre : historical, romance, shounen-ai Start Date : 1.June.2021 End Date :...
516K 83.9K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...