မင်း!...[COMPLETED]

By qutirah

13.7K 1.4K 279

သွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတ... More

•1•
°2°
•3•
•4•
•5•
•6•
•7•
•8•
•9•
•10•
•11•
•12•
•13•
•14•
•15•
•16•
•18•
•19•
•20•
•21•
•17•
•22•
•23•
•24•
•25•
•26•
•27•
•28•
•29•
•30•
•31•
•32•
•33•
•34•
•35•
ပစ်ထားမိတာအတွက်တောင်းပန်ပါတယ်..
•37•
•38•
•39•
•40•
•41•
•42•
•43•
•44•
•45•
•46•
•47•
•FINAL•

•36•

181 18 6
By qutirah

"အစ်ကို...ရော့..."


"ကျေးဇူး...ငယ်.."

လျှောက်သွားသည်....။

"ဟွန်း....အဆင်ပြေရဲ့လား...။



သဲ ကိုပြော...ဟုတ်ပြီလား..."


သဲ ပဲရင်ကျိုးရမှာ..."



သည်... ။

"ဖက်တာလေ သဲကလည်း.....သဲက

ညစ်ပစ်လိုက်သည်...။
စရာလေး.....။

လိမ့်မယ်....."

တာ....ဟမ့်.....။
လိုက်ပါသည်....။

ပြီးနောက်....



"အာ......"

လာသည်....။


လက်နွေးနွေးကလေး...။

လား...."


စားချင်ရုံလေးကို..."

သည်....။

သူလည်းပဲ...ပန်းသီးစိတ်...
နေလေရဲ့...။
တာကိုး....။


ရော့....."

သဲလေးပါလေ....။

တာပါပဲ....။

ရက်စက်လိုက်တာ...သဲရယ်....။

°°°•••°°°•••°°°•••°°°•••°°°•••°°°•••

ညွှန်ပြလျက်....။

သဘက်တစ်ထည်မှမရှိဘူး....။
မရှိနေပြန်ဘူး...။
မတတ်နိုင်တော့ဘူးပဲ....။
လိုက်တော့သည်....။
ခနတွင်းချင်းအိပ်မက်ကမ္ဘာဆီအလည်ထွက်
ခဲ့ရတော့သည်.....။


သို့ပေမယ့်....
သည်....။
တွေကအေးစက်နေသယောင်....။
အေးစက်နေတာ...။

"သဲ....သဲ....ထပါဦး..."

"အင်း..."



နေတယ်ရော်..."

"ဟမ်..."

စမ်းကြည့်နေသော သဲ...။

"အာ....ဘာမှမဟုတ်ပါဘူး...



သွားလေတော့သည်....။

သည်....။
သွားလေသည်...။


°°°•••°°°•••°°°•••°°°•••°°°•••°°°•••

ထိုင်ဖြစ်ကြသည်....။

အိုဆယ်ဟွန်း...."

အပြည့်အဝ...။

ထားကြတာ.....။


မိသည်...။
သတင်းကောင်းပါ...။

တာဝန်ကျေတယ်...။


ထွက်လာလိုက်တော့သည်...။

°°°•••°°°•••°°°•••°°°•••°°°•••°°°•••

တစ်ယောက်...။

"ငယ်!!..."

လာသည်...။

"ငယ်...."

"အဟွတ်!..အဟွတ်.."


"ငယ်!!..."

မဖြစ်တော့ဘူး....။
ခန်းကိုပြေးရတော့သည်...။

ဒေါက်တာဂင်!"

သတိရှိပုံမပေါ်တော့...။

စီးကျလာချေပြီ...။
ဘူးမလား...။

Tbc ~~~~~

စိတ်မဆိုးကြဘူးမလား...😅

😄😄

"အစ်ကို...ရော့..."

ပန်းသီးစိတ်လေးတွေကိုပန်းကန်ထဲစီစီရီရီ
ထည့်ပြီး အစ်ကို့ရှေ့က စားပွဲပေါ်တင်ပေး
ရင်းဂျွန်မြောင်ပြောလိုက်သည်...။

"ကျေးဇူး...ငယ်.."

သူပြုံးပြရင်းကျေးဇူးစကားဆိုတော့...ငယ်
ကလဲ ပြန်ပြုံးပြခဲ့ကာ..ပန်းသီးနောက်
တစ်ပန်းကန်ကိုကိုင်လို့ ဆယ်ဟွန်းဆီကို
လျှောက်သွားသည်....။

"ဟွန်း....အဆင်ပြေရဲ့လား...။
ဒဏ်ရာကရောနာနေတာမျိုးရှိလား..."

ကုတင်ဘေးက စားပွဲပေါ်ပန်းသီးစိတ်
ပန်းကန်တင်ရင်းသဲကမေး၏။

"ကိုယ်အဆင်ပြေပါတယ်...သဲ..ရဲ့.."

"သေချာလို့လား....တစ်ခုခုဖြစ်တယ်ဆိုရင်
တစ်ယောက်တည်းကြိတ်ခံစားမနေဘဲ..
သဲ ကိုပြော...ဟုတ်ပြီလား..."

"ဟုတ်ပါပြီ....ကိုယ့်ကောင်လေးရယ်....
စိတ်ပူတတ်နေလိုက်တာ...အဟက်..."

"ပူမှဖြစ်မှာပေါ့....ဟွန်းတစ်ခုခုဖြစ်သွားရင်
သဲ ပဲရင်ကျိုးရမှာ..."

နှုတ်ခမ်းလေးတထော်ထော်နဲ့ပြောနေတဲ့
ကောင်လေးက အသည်းယားဖို့ကောင်း
လွန်းလို့ ဆွဲဖက်ပစ်လိုက်သည်...။

"အိ....ဘာလုပ်တာတုန်း..ဟွန်းရဲ့...."

ကုတင်ပေါ်ထိုင်လျက်သားကျလာတဲ့သဲက
ရင်ခွင်ထဲနေရုန်းကန်ရင်း ထဖို့ကြိုးစားနေ
သည်... ။

"ဖက်တာလေ သဲကလည်း.....သဲက
နှုတ်ခမ်းကြီးထော်ပြီး ချစ်ဖို့အရမ်းကောင်း
နေတာကို....အဲလိုဆိုတော့ ကိုယ်က
ဘယ်အောင့်နိုင်တော့မလဲ..."

ပြောပြီး ရင်ခွင်ထဲကကောင်လေးကို
ညစ်ပစ်လိုက်သည်...။
အဟား...လုံးလုံးကစ်ကစ်နဲ့အသည်းယား
စရာလေး.....။

"တော်တော့...ဟွန်း...အစ်ကိုလဲရှိနေတယ်..
နောက်ပြီး..ဟွန်းရဲ့ဒဏ်ရာကိုထိမိကုန်
လိမ့်မယ်....."

သဲရဲ့ အစ်ကိုရှိနေတယ် ဆိုတဲ့စကားကို
တော့သိပ်လက်မခံချင်ပါ....။
တကယ်ဆိုရင်...အဲ့ဒီ ချွဲမင်ဟို ရဲ့အရှေ့
မှာကို သဲ နဲ့အားရပါးရကို ro ပြချင်သေး
တာ....ဟမ့်.....။
ဒါပေမယ့် နောက်ထပ်သဲပြောတဲ့စကားက
သူ့ကိုစိတ်ပူပေးတဲ့အတွက်...သူလွတ်ပေး
လိုက်ပါသည်....။
စိတ်တော့သိပ်မပါပေမယ့်ပေါ့...။

သူလွတ်ပေးလိုက်တော့..သဲကကုတင်ပေါ်
ကကမန်းကတန်းထပြီး...ရွဲ့စောင်းကုန်တဲ့
အဝတ်တွေကိုပြန်ပြင်လေသည်...။
ပြီးနောက်....

"ရော့....ပန်းသီးလေးစားလိုက်ဦး..."

ပန်းသီးပန်းကန်ထိုးပေးကာဆိုလာပါသည်..။

"အာ......"

ကုတင်ပေါ် ကျောနောက်ခေါင်းအုံးခုလို့
ထိုင်နေရာကနေ....ပါးစပ်လေးဟပြီး...
အာ....ကိုသံရှည်ဆွဲတော့..သဲ က
ပန်းသီးပန်းကန်ကြီးအကိုင်လိုက်နဲ့ပြူးကြည့်
လာသည်....။

"ကိုယ့်ကို အ.ပေးလေး....သဲကလဲ...
ပြူးပဲကြည့်နေတော့မှာလား..."

ရုတ်တရက်ကြီး နဖူးပေါ်ရောက်လာတဲ့
လက်နွေးနွေးကလေး...။
သူ့နဖူးပေါ်လက်တင်ကာ...မျက်လုံးလေး
ကျဉ်းပြီး အပူချိန်ဆန်းစစ်နေပုံရတဲ့ သဲ...။

"အဖျားလဲမရှိတော့ပဲနဲ့ကို.......ဟွန်း
ကယောင်ကတန်းတွေဖြစ်နေသေးတာ
လား...."

ကိုယ့်ကိုကြည့်ကာ...အတည်ပေါက်ကြီးနဲ့
မေးလာတဲ့ သဲ ရဲ့စကားကြောင့်သူ့ခင်ဗျာ
ရို တော့မယောင်ယောင်နဲ့ နင်သွားရသည်..။

"ကိုယ်ကဘာလို့ ကယောင်ကတန်း
ဖြစ်ရမှာလဲ....ကိုယ့်ချစ်သူလေးခွံ့ကျွေးတာ
စားချင်ရုံလေးကို..."

အောက်နှုတ်ခမ်းလေးကိုရှေ့ကိုတမင်
ထိုးထုတ်ပြီးချစ်စဖွယ်ပုံစံနဲ့ပြောပစ်လိုက်
သည်....။

ဒီတစ်ခါမှာတော့ သဲရဲ့မျက်လုံးလေးတွေ
ကပိုပြီးပြူးကျယ်လာပါသည်...။
ဆိုဖာပေါ်မှာရှိနေမယ့်....ချွဲမင်ဟိုကို
မသိမသာလှမ်းကြည့်လိုက်တော့...
သူလည်းပဲ...ပန်းသီးစိတ်...
အကိုက်လိုက်ကြီး...ကြောင်ကြည့်
နေလေရဲ့...။
အင်းပေါ့....သူကခပ်မိုက်မိုက်နဲ့ဂျစ်ကန်ကန်
ပုံစံ အိုဆယ်ဟွန်းကိုပဲမြင်ဖူးတာလေ...။
အဟက်..... အိုဆယ်ဟွန်းရဲ့ဒီလိုပုံစံက
သဲလေး အတွက်သီးသန့်ဖြစ်တည်လာ
တာကိုး....။

အဲဒီအချိန်မှာပဲ ပါးစပ်ထဲကိုရုတ်တရက်ကြီး
ရောက်လာပါသော...ပန်းသီးစိတ်...။

"စားမှာသာစားစမ်းပါ...ဟွန်းရာ....
မကြီးမငယ်နဲ့ကလေးလိုလုပ်မနေစမ်းနဲ့...
ရော့....."

တစ်ပါတည်းပန်းသီးပန်းကန်ပါထိုးပေးကာ
အခန်းပြင်ထွက်သွားလေသော.....
သဲလေးပါလေ....။
ဒီက ရို ရမယ်ထင်ထားသလောက်...
သဲလေးကငေါက်တောင်သွားသေးတယ်..။
ဆိုဖာပေါ်က အနှီအကောင်ကိုလှမ်းကြည့်
တော့...သူ့ကိုခွီးနေလေရဲ့...။

သေရော...အဲဒါမှတကယ့်ကိုအရှက်ကွဲတာပဲ။
လုံးဝမတည့်ပါဘူးဆိုတဲ့...ချွဲမင်ဟို ရဲ့အရှေ့
မှာမှ အတုံးလိုက်အတစ်လိုက်ကွဲရော...။
ချွဲမင်ဟို သူတို့အတွဲကိုမနာလိုဖြစ်အောင်
သူ့မှာတမင်ကြီး ကလေးကလား
ချစ်စရာပုံစံတွေ လုပ်ပြပြီး သဲ ဆီက
ဂရုစိုက်မှုလေးပြန်ရမယ်ထင်ခဲ့ပေမယ့်လဲ...
......နောက်ဆုံးတော့အရှက်ဗြန်းဗြန်းကွဲ
တာပါပဲ....။

ရက်စက်လိုက်တာ...သဲရယ်....။

°°°•••°°°•••°°°•••°°°•••°°°•••°°°•••

ကျူတီတွေပြီးလို့...နားချိန်ရောက်တော့...
ဟွန်းရဲ့အခန်းထဲကိုဝင်လာလိုက်သည်...။
နံရံမှာကပ်ထားတဲ့ နာရီက 1 am ကို
ညွှန်ပြလျက်....။
တစ်နေ့လုံးအလုပ်လုပ်ထားရတော့...
တစ်ကိုယ်လုံးကနုံးချိနေပြီမို့....
အခန်းနဲ့တွဲလျက် ရေချိုးခန်းထဲဝင်ကာ....
ရေချိုး ခေါင်းလျှော်လိုက်သည်...။

ခေါင်းလျှော်လိုက်ပြီး ခေါင်းကရေတွေ
သုတ်မယ်ဆိုမှ ဒုက္ခကရောက်တော့သည်..။
သဘက်တစ်ထည်မှမရှိဘူး....။
ရေချိုးခန်းထဲကထွက်ကာ လူနာခန်းထဲ
ရှာကြည့်တော့လဲရှိမနေ...။
ဆေးရုံမို့လို့ dryer ကလည်းအဆင်သင့်
မရှိနေပြန်ဘူး...။
မတတ်နိုင်တော့ဘူးပဲ....။
ဒီအတိုင်းပဲ ဆံပင်တွေကိုဖြစ်သလိုခါ
လိုက်တော့သည်....။
ပြီးနောက် အခန်းထောင့်ကဆိုဖာလေးပေါ်
ကွေးကွေးလေးလှဲအိပ်လိုက်သည်....။
မကြာပါဘူး....ပင်ပန်းထားတဲ့အရှိန်ကြောင့်
ခနတွင်းချင်းအိပ်မက်ကမ်ဘာဆီအလည်ထွက်
ခဲ့ရတော့သည်.....။

မနက် 7 နာရီလောက်တွင်ဆယ်ဟွန်း
တစ်ယောက်နိုးလာခဲ့ပါသည်....။
ဆိုဖာလေးပေါ် ကွေးကွေးကလေးအိပ်ပျော်
နေတဲ့ဂျွန်မြောင်ကိုမြင်တော့ သူ့နှုတ်ခမ်း
ထောင့်စွန်းလေးတွေကော့တက်သွားသည်..။

သို့ပေမယ့်....
စောင်လွှမ်းထားခြင်းမရှိတဲ့ဂျွန်မြောင့်ကို
မြင်တော့ သူ့မှာစိတ်ပူရပြန်ပါပြီ....။
ကုတင်ပေါ်ကဆင်းကာ...အနားသွားလို့
စောင်ပါးလေးတစ်ထည် လွှမ်းပေးလိုက်ရ
သည်....။
တခနလေးထိတွေ့လိုက်ရတဲ့ သဲ ရဲ့အသား
တွေကအေးစက်နေသယောင်....။
သေချာအောင် သူ သဲ ရဲ့လက်ကလေးကို
ဆုတ်ကိုင်လိုက်တော့...တကယ့်ကိုပဲ..
အေးစက်နေတာ...။

"သဲ....သဲ....ထပါဦး..."

"အင်း..."

ပုခုံးကိုလှုပ်နိုးတော့....မပွင့်တပွင့်မျက်လုံး
ကလေးတွေနဲ့ သဲ ကနိုးလာသည်...။

"အင်....ဟွန်း..နိုးနေပြီလား..."

"အင်း....ဒါနဲ့...သဲရဲ့လက်တွေအေးစက်
နေတယ်ရော်..."

"ဟမ်..."

ပြောပြီး...သူ့ရဲ့လက်တွေနဲ့ ပါးတွေကိုပြန်
စမ်းကြည့်နေသော သဲ...။

"အာ....ဘာမှမဟုတ်ပါဘူး...
မနေ့ညကစောင်မခြုံလိုက်မိလို့....ဟီး.."

သဲ ရဲ့အဖြေစကားကိုသူဘဝင်မကျ....။
စောင်မခြုံမိလို့အေးတယ်ဆိုတဲ့အအေးမျိုး
ထက်ကိုပိုနေသလားလို့ပါ....။

"ဟို....ဟိုလေ....သဲ အပြင်သွားလိုက်ဦး
မယ်နော....လုပ်စရာရှိသေးလို့..."

ပြောလဲပြောပြီးရော...လှစ်ခနဲပြေးထွက်
သွားလေတော့သည်....။

အခန်းအပြင်ကိုရောက်မှသာ
ဂျွန်မြောင့်မှာသက်ပြင်းချနိုင်သည်...။
ဟွန်း မရိပ်မိလောက်ဘူးမလား....။
ကောင်တာကိုသွားကာ...နာ့စ်လေးတွေနား
ဆေးတစ်ချို့တောင်းကာသောက်လိုက်
သည်....။
အဲဒီတော့မှ..အအေးလဲသက်သာသွားသလို
ခပ်စူးစူးဖြစ်နေတဲ့ ကျောပြင်ကလဲနေသာ
သွားလေသည်...။

ဟင်း....ဆိုးရွားလိုက်တဲ့ငါ့ဘဝ...။

°°°•••°°°•••°°°•••°°°•••°°°•••°°°•••

နေ့လည်ရောက်တော့...အစ်ကိုက
ပြောစရာရှိသည်ဆို၍...ဟွန်း ရဲ့အခန်းထဲ
တွင်သုံးယောက်သား..မျက်နှာချင်းဆိုင်
ထိုင်ဖြစ်ကြသည်....။

"ငါလက်လှမ်းမှီသလောက်စုံစမ်းခဲ့တယ်...
အိုဆယ်ဟွန်း...."

အစ်ကိုကထိုကဲ့သို့စကားအစပျိုးတော့
နှစ်ယောက်လုံးရဲ့အာရုံတွေကအစ်ကို့ဆီမှာ
အပြည့်အဝ...။

"မင်းတို့ဂိုဏ်းသားတွေကိုစစ်မေးတဲ့အချိန်
မှာရဲတွေက ဂိုဏ်းသားတွေကျန်သေးလား
မေးတော့....ဂိုဏ်းသားတွေအားလုံးက
ဒီမှာရှိနေတာအကုန်ပဲလို့ဖြေကြတယ်တဲ့..
သူတို့တွေက မင်းကိုအသေပဲလို့လုံးဝမှန်း
ထားကြတာ.....။
ရဲတွေကလဲ ဂိုဏ်းချုပ်မှာရှာဖွေတော့...
တစ်ယောက်မှရှိမနေတာနဲ့...မင်းတို့ရဲ့
Mr အပါအဝင်..ဂိုဏ်းသားအားလုံးကို
ထောင်ထဲထည့်ပြီး ဂိုဏ်းနဲ့ပတ်သတ်တဲ့
အမှုတွေကိုလက်စသတ်လိုက်ကြပြီ...
မင်းတို့ကိုငါက..ဒီသတင်းကောင်းလာ
ပြောပြတာ....အဲဒီဂိုဏ်းကိစ္စနဲ့ပတ်သတ်ပြီး
ရဲတွေ မင်းကိုလာနွယ်နေမှာစိတ်ပူမနေနဲ့
တော့...သူတို့အနေနဲ့ ဂိုဏ်းကိစ္စကို
အားလုံးရှင်းလိုက်ပြီးနိုင်ပြီလို့သူတို့ ထင်
နေကြတာ.....ဂိုဏ်းကလူတွေတစ်ယောက်
မှကလဲမင်းနာမည်ကိုထုတ်မပြောတာမို့
မင်း အခုအဲဒီဂိုဏ်းနဲ့ကင်းကင်းရှင်းရှင်း.
ဖြစ်သွားပြီ...အိုဆယ်ဟွန်း..."

"ဟို...ကျွန်တော်အပြင်ခန..သွားဦးမယ်.."

ဒီလိုသတင်းကောင်းမျိုးပြောပြနေချိန်မှာ
ဘာမှ ဝမ်းသာကြောင်းမပြောဘဲထွက်
သွားသော..ငယ့်ကြောင့်သူမျက်မှောင်ကျုံ့
မိသည်...။
တကယ်ဆိုဒါက ငယ်နဲ့အိုဆယ်ဟွန်းတို့
့နှစ်ယောက်အတွက်လုံးဝကို
သတင်းကောင်းပါ...။
နှစ်ယောက်အတူ အေးအေးဆေးဆေး
နေနိုင်တော့မယ့်အခွင့်အရေး...။

အိုဆယ်ဟွန်းကိုကြည့်တော့ သူလည်းပဲ
တစ်ခုခုကိုအသေအချာတွေးနေဟန်...။
ဘာပဲဖြစ်ဖြစ်လေ...သူ့ဘက်ကတော့
တာဝန်ကျေတယ်...။

"ငါသွားပြီ...အိုဆယ်ဟွန်း..."

အတွေးထဲနစ်မြောနေပုံရတဲ့အိုဆယ်ဟွန်း
ရဲ့ပုခုံးကိုပုတ်ကာပြောပြီး ထိုအခန်းထဲက
ထွက်လာလိုက်တော့သည်...။

°°°•••°°°•••°°°•••°°°•••°°°•••°°°•••

ဆေးရုံစင်္ကြံလမ်းရဲ့တစ်နေရာအရောက်
မှာတော့...နံရံထောင့်ကပ်လေးမှာကုန်းကုန်း
လေးထိုင်နေတဲ့ ဂျူတီကုတ်နဲ့ဆရာဝန်လေး
တစ်ယောက်...။
အနားကိုရောက်သွားချိန်မှာထိုဆရာဝန်
လေးရဲ့ ကျောပြင်ကနိမ့်လိုက်မြင့်လိုက်နဲ့...။
မျက်နှာလေးကိုပါ..မြင်လိုက်ရချိန်မှာတော့
သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်...။

"ငယ်!!..."

သူထိုင်ချလိုက်ပြီး...နံရံမှာမှီနေတဲ့ငယ့်ကိုယ်
လေးကိုဆွဲလိုက်တော့ ပျော့ဖတ်စွာပါ
လာသည်...။
ရင်ဘတ်တစ်ခုလုံးကနိမ့်ချည်မြင့်ချည်
ဖြစ်နေပြီး အသက်ရှူရတာခက်ခဲနေပုံ...။

"ငယ်...."

"အဟွတ်!..အဟွတ်.."

ပါးစပ်ကိုလက်နဲ့အလျင်အမြန်အုပ်ပြီး
ချောင်းဆိုးလိုက်တဲ့ငယ်...။
လက်ကိုပြန်ဖယ်လိုက်သည့်အချိန်မှာတော့
ဖြူဖတ်နေသည့်နှုတ်ခမ်းထက်မှာသွေးစတွေ။

"ငယ်!!..."

မဖြစ်တော့ဘူး....။
ငယ့်ကိုအလျင်အမြန်ပွေ့ချီကာအရေးပေါ်
ခန်းကိုပြေးရတော့သည်...။

"ဒေါက်တာဂင်..သတိထားပါဦး...
ဒေါက်တာဂင်!"

အရေးပေါ်ခန်းက ကုတင်ပေါ်ချပေးတော့
နာ့စ်လေးတစ်ယောက်ရောက်လာကာ..
ငယ့်ကိုလှုပ်နိုးပါသော်လည်း...ငယ်က
သတိရှိပုံမပေါ်တော့...။

ငယ့်ကိုအောက်စီဂျင်မက်စ်တွေအလျင်အမြန်
တပ်ပေးကြရင်းအလုပ်ရှုပ်နေကြတဲ့ နာ့စ်
လေးတွေကြားက သတိမရှိတော့သော
ငယ့်ကိုကြည့်ကာ..သူ မျက်ရည်တွေပင်.
စီးကျလာချေပြီ...။
ဘာမှမဖြစ်ပါနဲ့...ကလေးငယ်ရယ်....။
ကိုယ်တို့တွေပြန်တွေ့ကြတာမကြာသေး
ဘူးမလား...။

Tbc ~~~~~

အဟီးဟီး.😁.....ပြန်ပေါ်လာပြီနော...
စိတ်မဆိုးကြဘူးမလား...😅

Feedback လေးပေးသွားကြ....။
တော်တော်နဲ့ပေါ်မလာဖြစ်တဲ့ဒီအသုံးမကျ
တဲ့စာရေးသူကိုအပြစ်တင်သွားလဲရတယ်..
😄😄

Continue Reading

You'll Also Like

23.6K 1.2K 21
မဖစ်​နိုင်​တဲ့ ကိစ္စဆိုတာ မရှိဘူးလို့ ကိုကိုဘဲ ​ပြောခဲ့တာ​လေ ငယ်​ချစ်​တဲ့အချစ်​​တွေက​ကော ကိုကို့အတွက်​ မဖစ်​နိုင်​ဘူးလားဟင်​ Chankai...... အက်​တာရဲ့ က...
1M 40.2K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
36.6K 696 18
Type; Bl/M Preg/Yaoi ❗Warning 18+(mature sex) Fantasy and Love စိတ်ကူးယဉ်အရေးအသားမို့ အပြင်လောကနှင့်အလွန်ကွာခြားသည်။ Start Date- 19.11.2023 End Date -
367K 13.2K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...