♡Unicode version♡
"သက်သာခါစနားနားနေနေ နေဆိုတာကို ဒီကောင်လေးနဲ့တော့..."
ကျွန်းစားပွဲလေးပေါ်သံပုရာဖျော်ရည်ခွက်ချပေးရင်း sofaမှာခြေချိတ်ထိုင်လို့laptopတစ်လုံးနဲ့အလုပ်များနေသည့်ရှောင်းကျန့်ကြောင့် ရှောင်းမားကငြူစူသလိုပြောလာတယ်။ဆေးရုံဆင်းတာမှ24နာရီမပြည့်သေး သူမ သားကအလုပ်နဲ့လက်မပျက်ရှိနေသည်ကိုး။
"ကျွန်တော်အများကြီနေကောင်းနေပါပြီ...မားတားနေလို့သာ...ကျွန်တော့်အခြေနေက အလုပ်သွားမယ်ဆို သွားလို့ရနေပါပြီ..."
သံပုရာရည်တစ်ငုံယူသောက်ပြီးရှောင်းကျန့်ကအလုပ်ဆက်လုပ်တယ်။ကုမ္ပဏီမသွားရသည့်တစ်ရက်နှစ်ရက်မှာတောင် အလုပ်တွေတောင်လိုပုံနေသည်မို့ ရှောင်းကျန့်နဲနဲတော့ခေါင်းကိုက်မိတယ်။အတွင်းရေးမှူးကိုလက်လွှဲလုပ်ခိုင်းလို့ရပေမဲ့ ကိုယ်တိုင်ကိုယ်ကျလုပ်ရတာလောက် စိတ်ကျေနပ်တာမဟုတ်။
"သားအလုပ်လုပ်တာလဲလုပ်ပေါ့...ဒါမဲ့ ညနေကျရင် ဂျူရီလေးကိုကျောင်းကသွားကြိုလာပေးရမယ်နော်...ဂျူရီက မားလက်ရာနန်းကြီးသုပ်စားချင်လို့တဲ့လေ..."
ရှောင်းမားစကားကြောင့် စဥ်းစားဟန်ရှောင်းကျန့်ကမျက်လွှာတချက်ပင့်ကြည့်လာတယ်။နာခံကြောင်းခေါင်းတချက်ငြိမ့်ပြပေမဲ့ လိုလားဟန်တော့ရှိမနေ။
"သားတို့စေ့စပ်ပွဲကိုနောက်လလောက်လုပ်ဖြစ်မယ်ထင်တယ်...ဂျူရီတို့ဘက်ကလည်းသားကိုအတော်သဘောကျပုံပဲ..."
အလုပ်လုပ်နေပေမဲ့ မနှစ်မျို့သည့်စကားတို့ကြားနေရသည်မို့ ရှောင်းကျန့်laptopပိတ်ပြီးမတ်တပ်ထရပ်လိုက်တယ်။မားတို့သဘောထားကိုမငြင်းမိပေမဲ့ သူသဘောတူကြည်ဖြူပါတယ်လို့ တခါမျှမပြောမိသေးဘူးမလား။
"ကျွန်တော် ဂျူရီနဲ့ပတ်သပ်ပြီးလေ့လာစရာလေးရှိသေးလို့...စေ့စပ်ပွဲနောက်ဆုတ်ထားလို့ရမလား..."
"ဂျူရီဆိုတာအဘက်ဘက်ကပြည့်စုံနေတဲ့မိန်းကလေးပဲသားရယ်...ဘာတွေထွေထွေထူးထူးလေ့လာစရာရှိလဲ...ပြီးတော့ မားတို့က ပြောပြီးဆိုပြီး..."
"ကျွန်တော် သူမကို မချစ်ဘူး!..."
ကြောင်အိမ်လှေကားကြီးအတိုင်းအပေါ်ထပ်တက်သွားသည့်ရှောင်းကျန့်ကိုလိုက်ကြည့်နေသည့်ရှောင်းမားကလွန်ခဲ့တဲ့ငါးနှစ်က ရှောင်းကျန့်ကိုပြန်တွေ့လိုက်ရသလို အနည်းငယ်ထိတ်လန့်သွားတယ်။ပိပိရိရိဖုံးဖိခဲ့တဲ့အပိုင်းအစတချို့အတွက်လည်း မလုံမလဲခံစားနေမိတော့တယ်။
_____
"ရှောင်းကျန့်ကော...ရှောင်းကျန့်ကောမလားဟင်..."
ရှောင်းမားအမိန့်နဲ့ဆေးတက္ကသိုလ်ရှေ့ရှောင်းကျန့်ကားရပ်ပြီဂျူရီ့အလာကိုစောင့်နေတုန်း အနားပြေးကာနှုတ်ဆက်လာသည့်ကောင်မလေးတစ်ယောက်။ဆံပင်ရှည်ရှည် မျက်ခုံးကောင်းကောင်း သွပ်သွပ်လက်လက်ရှိပုံရသည့်ထိုကောင်မလေးကိုရှောင်းကျန့်တခါမျှမမြင်ဖူးပါ။ဂျူရီ့လိုပဲဆေးကျောင်းသူဖြစ်ပုံရပေမဲ့ ဂျူရီ့ထက်တော့ငယ်ပုံရသည်။
"ဟုတ်ပါတယ်...ကိုယ့်နာမည်ရှောင်းကျန့်ပါ...ဒီကညီမ အကို့ကိုသိလို့လား..."
"ဟာ...ရှောင်းကျန့်ကောကတော့နောက်ပြီ...ဘာလဲ ဒီကခယ်မလေးက အများကြီးလှသွားလို့မမှတ်မိတော့တာလား..."
ပြောလည်းပြော ခိုးခိုးခစ်ခစ်ရယ်ကာ သူ့လက်မောင်းကိုဘက်ခနဲလာရိုက်သည်မို့ရှောင်းကျန့်အတွေးများနေမိတယ်။လူမှားတာလို့ဖြည့်တွေးရအောင်လည်း နာမည်အတိအကျနဲ့လာနှုတ်ဆက်တာမဟုတ်လား။
"ဖေးဖေး!!!..."
"ဝမ်ရိပေါ်!..."
ကော်ဖီဗူးလေးကိုင်ပြီးရှေ့ကကောင်မလေးအနားအထိတ်တလန့်ရောက်လာသည့်အလုပ်သင်ကောင်လေးဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ရင်ထဲဒိတ်ခနဲ။ရှေ့ကကောင်မလေးကဝမ်ရိပေါ်နဲ့ဘာတော်တာလဲ။မဟုတ်မှ သမီးရည်းစားတွေများလား။
ရိပေါ်လည်းရုံးစောဆင်းတာနဲ့ဖေးဖေးအကြိုက်အမေရိကာနိုကော်ဖီဝယ်ပြီးကျောင်းလာကြိုကာမှရှောင်းကျန့်နဲ့တွေ့ရသည်မို့မျက်လုံးတွေဝိုင်းပြီးဘာပြောရမှန်းမသိ။ပိုဆိုးသည်ကဖေးဖေးက အကိုနဲ့သူ့အခြေနေကိုမသိသေး။
"ဟို ဟို...ဖေးဖေးကကျွန်တော့်ညီမပါ ရှောင်းဥက္ကဠ..."
"အာ...ဝမ်ရိပေါ်မှာမွေးချင်းညီမရှိတာပဲ...ဒါနဲ့ ဆေးကျောင်းသူပဲလား..."
"ဟုတ်ကဲ့...ညီမလေးက ဆေးကျောင်းပထမနှစ်ပါရှောင်းဥက္ကဠ..."
ခပ်တန်းတန်းစကားရပ်ပြောနေသည့်ရှောင်းကျန့်နဲ့ရိပေါ်ကြောင့်ဖေးဖေးနားမလည်သလိုယောင်ချာချာဖြစ်နေမိတယ်။ရှေ့က အလုပ်ရှင်အလုပ်သမားအခြေနေနဲ့ အမျိုးသားနှစ်ယောက်က တချိန်ကသူမရှေ့ဖက်လဲတကင်းနေခဲ့ကြတဲ့သူတွေမဟုတ်လား။
ဖေးဖေးဝင်မေးရန်ပြင်ပေမဲ့ ရိပေါ်အကြည့်က ဝင်မပါရန်ဟန့်တားနေသည်မို့သူမ အသာတကြည်ငြိမ်နေလိုက်ရတယ်။သူမကရင့်ကျက်လာသလို အရွယ်နဲ့လိုက်သည့်ဆင်ခြင်တုံတရားတွေလည်းရှိနေခဲ့ပြီ။
"ကိုကို့!..."
ဖေးဖေးမြင်လိုက်ရသည်ကရှောင်းကျန့်အနားရောက်လာသည့်ဆေးတက္ကသိုလ်ရဲ့အလှဘုရင်မဂျူရီ။ဂျူရီကနောက်ဆုံးနှစ်ဖြစ်ပြီး ဖေးဖေးကပထမနှစ်မို့ မြင်နေတွေ့နေကျမဟုတ်ပေမဲ့ အလှသတင်းမွှေးသည့်ဂျူရီ့ကိုဖေးဖေးမျက်မှန်းတန်းမိပါသည်။လှသလောက် မျက်နှာများသည်ကိုလည်းသိသည့်အလျှောက် ယခုနောက်ပိုင်းဂျူရီ့ကိုထောက်ခံမည့်သူအများကြီးရှိမနေတော့။
"သွားရအောင်လေကိုကို ဘာလုပ်နေတာလဲ..."
ရိပေါ်နဲ့ဖေးဖေးကိုတချက်ဝေ့ကြည့်ပြီးဂျူရီကရှောင်းကျန့်လက်မောင်းကိုပိုင်ပိုင်နိုင်နိုင်ခိုတွဲရင်းဆိုတယ်။ပျောက်ကွယ်သွားသည့်ရှောင်းကျန့်အပြုံးနဲ့မှိုင်းညို့လာသည့်ရိပေါ်မျက်ဝန်းအိမ်တွေ။ဖေးဖေးကတော့ ရိပေါ်မျက်နှာကိုအရိပ်တကြည့်ကြည့်နဲ့လက်ရှိအခြေနေကြောင့်စိတ်လေသလို စိတ်လည်းတိုတယ်။သူမခဲအိုကို မျက်စိရှေ့တင် စနိုက်ကြော်နေတဲ့ဟိုဆေးဆိုးပန်းရိုက်မျက်နှာနဲ့အမကြီးကိုလည်း စိတ်ထဲမှာ ဆံပင်ဘုတ်စောင့်ဆွဲနေပြီ။
"ကိုယ့်ကားနဲ့လိုက်ခဲ့ကြပါလား..."
ရိပေါ်မျက်နှာကိုကြည့်ပြီးမေးလာသည့်ရှောင်းကျန့်ကဂျူရီ့အလိုမကျမှုကိုမမြင်ချင်ယောင်ဆောင်ထားတယ်။အားနာဟန် ရိပေါ်မျက်နှာလေးမော့လာပြီး ဖေးဖေးကစိတ်ရှုပ်ထွေးနေပေမဲ့ ဂျူရီ့ရှေ့မှာမို့မျက်နှာကိုမော်ချီထားလိုက်တယ်။
"ရ ရပါတယ်...ကျွန်တော်တို့ဘတ်စ်ပဲစီးပြန်လိုက်ပါ့မယ်..."
"ဘယ်ဟုတ်မလဲ...ရိပေါ်ကကိုယ့်ဝန်ထမ်းလေကွာ...လာပါ မောင်နှမနှစ်ယောက်တခါတည်းလိုက်ခဲ့ကြ...ဘာလဲ ရိပေါ်တို့တခြားသွားစရာရှိသေးလို့လား..."
"မရှိပါဘူးရှောင်းဥက္ကဠ..."
တွန့်ဆုတ်နေသည့်ရိပေါ်ကြောင့်ဖေးဖေးခပ်သွပ်သွပ်ပဲဝင်ဖြေလိုက်တယ်။
"ဒါဆိုလိုက်ခဲ့လေကွာ...ကိုယ့်ကိုအားနာမနေနဲ့..."
ရှောင်းကျန့်ရဲ့မာစီးဒီးကားနက်လေးကဆေးတက္ကသိုလ်ရှေ့ကနေ တရွေ့ရွေ့ထွက်ခွာသွားတယ်။ရိပေါ်ကနောက်ခန်းကနေကားမှန်တွေချကာအပြင်ကိုငေးရင်းလိုက်လာပေမဲ့နဘေးမှဖေးဖေးမှာတော့ ရှောင်းကျန့်နဘေးကပ်တွယ်လွန်းနေသည့်ဂျူရီ့ပုံစံကြောင့်ထိုအခြေနေကိုဘဝင်မကျ။
"ကိုကို!...ကိုကို့!!!..."
"ဟမ်!...အင်း...ပြောဂျူရီ..."
နောက်ကြည့်မှန်မှတဆင့်ရိပေါ်မျက်နှာကိုငေးရင်းကားမောင်းနေသည့်ရှောင်းကျန့်တယောက် ဂျူရီဖိခေါ်လိုက်မှ ကားလမ်းပေါ်အကြည့်ပို့လို့ ခပ်တန်းတန်းပြန်ဖြေလာတယ်။သူ့ရဲ့အလုပ်သင်ကောင်လေးဝမ်ရိပေါ်က အဘယ်အကြောင်းကြောင့် ညှိိုးငယ်တဲ့မျက်နှာလေးဖြစ်နေရတာလဲ။
"ဂျူရီတို့စေ့စပ်ပွဲအကြောင်း ကိုကိုသိပြီးပြီမလားဟင်!..."
"အင်း...ကိုယ်စဥ်းစားနေတုန်း..."
"စေ့စပ်လက်စွပ်ကိုဂျူရီစိတ်ကြိုက်ရွေးမှာနော်...ဂျူရီ့ကိုသူငယ်ချင်းတွေကအရမ်းအားကျနေကြတာသိလား...ကိုကိုနဲ့ဂျူရီ့ကိုလည်းအရမ်းလိုက်ဖက်တယ်တဲ့လေ...အဟင်း!...ပြီးတော့..."
"တော်တော့ဂျူရီ!..."
ရုတ်တရက်ကားစောင့်ရပ်လိုက်သည့်ရှောင်းကျန့်ကြောင့်ဂျူရီမှာဟန်ချက်ပျက်သလိုဖြစ်သွားပြီးရိပေါ်ကမျက်ရည်တွေခိုးသုတ်တယ်။ဖေးဖေးကတော့ မေးခွန်းတွေတသီတတန်းကြီးရှိနေပြီး ကားရှေ့ခန်းကပက်ချွဲနှပ်ချွဲလုပ်နေသည့်အမကြီးကိုတခုခုလုပ်ပစ်ချင်နေတော့တာ။
"ဘာလို့ကားကိုရုတ်တရက်ကြီးရပ်လိုက်တာလဲ ကိုကို!..."
"mini storeနဲ့လမ်းကြုံနေတာ ဂျူရီတခုခုဝယ်ချင်မလားလို့..."
"အာ!...ဟုတ်သားပဲ...ခဏနော်ကိုကို ဂျူရီအန်တီ့အတွက်တခုခုသွားဝယ်လိုက်ဦးမယ်..."
စိတ်ရှုပ်လာသည်မို့ ရှောင်းကျန့် ဂျူရီ့ကိုအာရုံပြောင်းကာmini storeစီညွှန်းပေးလိုက်တယ်။နောက်ခန်းကရိပေါ်ကိုစကားလှည့်ပြောချင်ပေမဲ့ ဘာပြောရမှန်းရှောင်းကျန့်မသိသလို ကိုယ်တိုင်ဘာကိုအားတုံ့အားနာဖြစ်နေမိမှန်းလည်းမသိ။
"ဟို...ကိုယ်တောင်းပန်ပါတယ်...ကိုယ်ရေးကိုယ်တာကိစ္စတွေမင်းတို့ရှေ့မပြောသင့်ဘူး..."
"ရပါတယ် ရှောင်းဥက္ကဠ...ကျွန်တော်တို့အနှောက်ယှက်မဖြစ်ပါဘူး...ဖေးဖေးနဲ့ကျွန်တော့်ကိုလမ်းထိပ်မှာပဲချခဲ့ပေးပါနော်..."
"ဒါပေမဲ့ ကိုယ်..."
စကားစမပြတ်သေးခင်ဂျူရီပြန်ရောက်လာတာမို့ရှောင်းကျန့်ကားကိုထိုနေရာမှမောင်းထွက်လိုက်တော့တယ်။ဖြစ်နိုင်ရင် ဝမ်ရိပေါ်ကို သူအိမ်တိုင်ရာရောက်ပို့ဖို့ဆန္ဒရှိပါတယ်။
"ကျေးဇူးတင်ပါတယ် ရှောင်းဥက္ကဠ..."
ခေါင်းလေးငုပ် ကျေးဇူးစကားဆိုကာလမ်းထဲဖေးဖေးနဲ့အတူလျှောက်ဝင်သွားပြီဖြစ်တဲ့ရိပေါ်ကျောပြင်လေးကိုငေးရင်းရှောင်းကျန့်ရင်ဘက်ထဲတင်းတင်းကြပ်ကြပ်။ဝမ်ရိပေါ် သူ့ကိုကျောခိုင်းထွက်သွားတာကို ရှောင်းကျန့်မနှစ်မျို့ပြန်ဘူးရယ်။
"သွားရအောင်လေကိုကို...အိမ်မှာအန်တီမျှော်နေရော့မယ်..."
"အင်း!..."
_____
"ရိပေါ်...မန်နေဂျာရန်ကလချုပ်စာရင်းတွေထားတဲ့အခန်းထဲမှာ ပုံကြမ်းမိတ်တူတွေသွားယူလာပေးပါတဲ့...မနေ့ကတယောက်ယောက်မှားယူသွားလို့တဲ့..."
"ဗျာ...ဟုတ်ကဲ့!..."
ဝန်ထမ်းကောင်လေးအပြောကြောင့်မန်နေဂျာရန်ရုံးခန်းဘက်တချက်ကြည့်ပြီးရိပေါ်အလုပ်စားပွဲကနေထရပ်လိုက်တယ်။ဖေးဖေးကိုအဖော်ခေါ်ရန်ကြည့်တော့လည်းရန်ဟေးထမ်ခိုင်း၍ကော်ဖီဝယ်ရန်အောက်ထပ်ဆင်းသွားသည်ဟုသိရသဖြင့်ရိပေါ်တယောက်တည်းပဲသွားယူဖို့ဆုံးဖြတ်လိုက်ရတော့တယ်။
ရိပေါ် တို့လိုအလုပ်သင်တွေဆိုတာကလည်း တရုံးလုံးရဲ့တောင့်တိုမယ်ရမှန်သမျှ မငြီးမငြူလုပ်ပေးကာမှ အနေချောင်သည်မဟုတ်လား။ဒီကြားထဲ ကုမ္ပဏီကိုရှောင်းကျန့်မလာ၍ ရန်ဟေးထမ်ကအာဏာအမြင့်ဆုံးနေရာယူကာ နေရာတကာရိပေါ်နဲ့နီနာကိုဖိခိုင်းနေတော့တာ။
ရိပေါ်ထွက်သွားပြီးမကြာမီ ရန်ဟေးထမ်ဆိုသူ၏မျက်နှာထက် ကောက်ကျစ်ယုတ်ညံ့မှုတွေဖုံးလွှမ်းသွားတာ မည်သူမှမမြင်မတွေ့နိုင်ခဲ့ပါလေ။
_____
"ကျစ်!...ဒီအပိုင်းကဘယ်သူတာဝန်ယူထားတာလဲ လီလီ..."
"မန်နေဂျာရန်ပါ ရှောင်းဥက္ကဠ..."
ရုတ်တရက်ကြီးကုမ္ပဏီရောက်ချလာသည့်ရှောင်းကျန့်ကကုလားထိုင်ကိုကျောမှီလျှက်စုတ်တသပ်သပ်ဖြင့်အနည်းငယ်စိတ်တိုနေဟန်။ရန်ဟေးထမ် တာဝန်ယူထားသည့်ဝင်ငွေထွက်ငွေစာရင်းပိုင်းတွင် ပြဿနာအတော်ကြီးသည်မို့ ရှောင်းကျန့်ကောက်ကာငင်ကာထလာရခြင်း။
သူ ခဏလေးလွှတ်ထားလိုက်မိတာ မန်နေဂျာရန်ကဗီဇမပျောက်စွာ ဇောင်းကြွလာလေပြီ။ပါးအဆက်သွယ်နဲ့ကုမ္ပဏီရောက်နေသည်မို့ အရင်ဇယားတွေလျှော်ထားလိုက်ပေမဲ့ ယခုသူ့လက်ထက်မှာတော့ ထပ်ပြီးလုပ်ဖို့ရှောင်းကျန့်ခွင့်မပြုနိုင်တော့။
"မန်နေဂျာရန်ကိုခေါ်ပေးပါ လီလီ..."
"မန်နေဂျာရန်ကရုံးဖုန်းရော handphoneရောဘယ်လိုဆက်ဆက်မကိုင်ပါဘူးရှောင်းဥက္ကဠ..."
ဝုန်း!
စားပွဲမှဝုန်းခနဲထရပ်ကာ ခြေလှမ်းကျဲကြီးများဖြင့်ရုံးခန်းပြင်ထွက်သွားသည့်ရှောင်းကျန့်။အတွင်းရေးမှူးမှာ ရှောင်းကျန့်နောက်အပြေးလိုက်ရင်း သူတို့သူဌေးစိတ်အခြေနေမကောင်းကြောင်းဝန်ထမ်းတွေကိုမျက်ရိပ်မျက်ခြေပြရတော့တယ်။ဥက္ကဠကတိကျသေချာသလောက် စိတ်ကြီးသည်ကိုသူတို့အချိန်တိုတွင်းသိထားကြပြီမို့။
_____
ခုနှစ်သက္ကရဇ်အလိုက် သူ့အကန့်နဲ့သူစီထည့်ထားသည့်စာရင်းဖိုင်တွေကြားရိပေါ်ယောင်လည်လည်နဲ့ဝန်ထမ်းကောင်လေးပြောသည့်ပုံကြမ်းမိတ်တူဆိုတာတွေကိုလိုက်ရှာနေရတယ်။
"အဟွတ်!...ဟွတ်!..."
စတိုခန်းလိုရှုပ်ပွမနေပေမဲ့ ဖုန်အနည်းငယ်ရှိနေသည်မို့ရိပေါ်နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ကာဟိုလှန်သည်လှောအလုပ်ရှုပ်နေရင်းချောင်းတဟွတ်ဟွတ်ဆိုးတော့တာပဲ။နီနာသာပါလာရင် ရိပေါ်အတွက် သေချာပေါက် အကူညီဖြစ်မှာ။
ဂျလောက်!
"ဟင်!..."
တံခါးဂျက်ချသံကြောင့်ရိပေါ်ကိုယ်လေးတုန်တက်သွားကာလူကချာခနဲ တံခါးစီလှည့်ကြည့်ရက်သား။ရိပေါ်မြင်လိုက်ရသည်က ဂျက်ချထားသည့်တံခါးရှေ့ရပ်ကာ မိမိအား သားကောင်တစ်ကောင်လိုကြည့်နေသည့် မန်နေဂျာရန်ဟေးထမ်။ကြောက်ဖို့ကောင်းသည့်မျက်နှာထက် အောင်နိုင်သူလို ညစ်ကျယ်ကျယ်အပြုံးနဲ့ မိမိအားတစိုက်မတ်မတ်ကြည့်နေသည်မို့ ရိပေါ်လက်ဖျားလေးတွေအေးစက်စပြုလာတယ်။
"ဟို!...ပုံကြမ်းတွေကဒီ ဒီမှာမရှိဘူးမန်နေဂျာရန်...ကျွန်တော်တို့တခြားနေရာမှာသွားရှာသင့်တယ်..."
အားတင်းပြောနေပေမဲ့ ရိပေါ်တကိုယ်လုံးတုန်ယင်နေတာကြောက်လွန်း၍။အကိုကာကွယ်မပေးနိုင်သည့်အရပ်ကိုသူရောက်နေသည်ဆိုသည့်အတွေးကလည်း ရိပေါ်စိုးရိမ်စိတ်ကိုဖိစီးလွန်းနေတယ်။
"အဟင်း!...ဝမ်ရိပေါ်ကတခြားနေရာသွားချင်တာလား..."
"ပုံ ပုံကြမ်းတွေက ဒီမှာရှာမတွေ့လို့ပါ မန်နေဂျာရန်..."
ခပ်မတ်မတ်စကားရပ်ပြောနေရာကနေ ရိပေါ်အခြေနေကိုနားလည်လာသလို နောက်ကိုတရွေ့ရွေ့ဆုတ်နေမိပြီ။ရန်ဟေးထမ်ကလည်းရှေ့ဆက်တိုးဖို့သာရှိသည်မို့ စကားပလ္လင်ခံနေပေမဲ့ အကြည့်တို့ကရိပေါ်တကိုယ်လုံးကိုရမ္မက်ဆန်စွာ ဆုံချည်ဆန်ချည်ပင်။
"ကိုယ်ပုံကြမ်းတွေလိုချင်လို့ မင်းကိုဒီခိုင်းလိုက်တယ်ထင်နေတုန်းလား...အဟား!..."
"မန်နေဂျာရန်...ခ ခများအဲ့မှာပဲရပ်နော်...ကျွန်တော်အော်လိုက်မှာ..."
"အဟက်!...မင်းစိတ်ကြိုက်အော်ရစေမယ်...လာစမ်း မင်း!!!..."
ဝုန်း!
"အာ့!...လွှတ်...အင့်!..."
အတင်းအကြပ်ရှေ့တိုးလာသည်မို့ နည်းရာစဥ်ပေါ်ကဖိုင်တွေနဲ့ပစ်ပေါက်လိုက်ပြီးရိပေါ်တံခါးစီခပ်သွပ်သွပ်လှမ်းပေမဲ့လက်ကောက်ဝတ်ကဖမ်းဆွဲခံလိုက်ရကာ ခေါင်းတွေမူးနောက်သွားသည်အထိ လူကနံရံမှာအင့်ခနဲ အရာဝတ္ထုလေးတခုလို ပစ်ပေါက်ခံလိုက်ရတယ်။တဆက်တည်းနှာခေါင်းထဲတိုးဝင်လာသည့်ရနံ့တမျိုးကြောင့်ကြမ်းပြင်ထက်ပုံခနဲခွေကျသွားပြီး အတော်နှင့်အမြင်တွေကြည်လင်မလာတော့။
"အသာတကြည်လက်ခံလိုက်ရင် မင်းကိုအများကြီးညှင်သာပေးဖို့စဥ်းစားထားတာကို...ခုတော့...အဟက်!...ဝမ်ရိပေါ် မင်းကခေါင်းမာလွန်းပေမဲ့ အရမ်းလှလွန်းနေတယ်..."
လက်ကောက်ဝတ်နှစ်ဖက်ကိုဖိချုပ်ကာ ပက်လက်အနေအထားပြောင်းယူလိုက်တာမို့ရိပေါ်မျက်ရည်တွေအိခနဲပြိုဆင်းလာတယ်။ခန္ဓာကိုယ်ကအားနည်းနေသလို လှုပ်ရှားမှုတွေလည်းနှေးကွေးလွန်းနေကာ ရိပေါ်မှာရန်ဟေးထမ်လက်ထဲရုန်းပင်မရုန်းနိုင်တော့။
"တောင်း..တောင်း..ပန်..ပါ..တယ်..."
"အဟက်!...နောက်ကျသွားပြီ...မင်းကငါ့လက်ထဲရောက်နေပြီဝမ်ရိပေါ်..."
"အင့်!..."
"ရှူး!...ငါ့ကိုအာရုံနောက်အောင်မလုပ်စမ်းနဲ့!!!..."
အားအင်မရှိသည့်ရုန်းကန်မှုတွေကထိုလူယုတ်မာအတွက်လှောင်ပြောင်စရာလိုပဲ။ရိပေါ်စိတ်ရှိတိုင်းရုန်းထွက်ချင်ပေမဲ့ မူးနောက်နေသည့်ဦးခေါင်းနဲ့ ခုခံအားယုတ်လျော့နေသည့်ခန္ဓာကြောင့်မျက်ရည်တွေသာတသွင်သွင်စီးကျလာရတယ်။
ရန်ဟေးထမ်က လဲကျနေသည့်ရိပေါ်ကိုစားပွဲတခုပေါ်ပွေ့တင်ပြီးမျက်နှာနုနုနဲ့လည်တိုင်ကျော့ရှင်းကိုအကြည့်မပျက်ပဲ နက်ခ်တိုင်ဖြည်လို့အပေါ်ကုဒ်ဆွဲချွတ်နေပြီ။သူ့ရုံးခန်းထဲမှာဒီကောင်လေးကိုစတွေ့ကတည်းက ရန်ဟေးထမ်လိုချင်တက်မက်ခဲ့တာ။လက်သီးစုတ်ဖို့ပင် အားမရှိသည့်ကောင်လေးက အရည်လဲ့နေသည့်မျက်ဝန်းတွေနဲ့သူ့ကိုစပ်စုတ်ရွံရှာသလို ကြည့်နေတာ ရန်ဟေးထမ်ဆိုတဲ့သူ့ကိုပိုပြီးလိုချင်လာအောင်ဆွဲခေါ်နေသလိုပဲ။
"မင်းသိပ်လှတယ် ဝမ်ရိပေါ်!..."
နီထွေးနေသည့်ရိပေါ်နှုတ်ခမ်းအစုံကခပ်ဖြေးဖြေးလေးလှုပ်ခတ်သွားတယ်။
"အ အကို ကယ်ပေးပါ...ကျွန်တော်ကြောက်တယ်..."
ကောင်လေးအတွက် အကိုဟာ မျှော်လင့်ချက်ကောက်ရိုးမျှင်ငယ်။
To be continue.....
17/3/2022(Thursday)
Thank for your reading.
See u next episode. >-<
ကျန်းမာရေးဂရုစိုက်ပါလိပ်ကလေးတို့ရေ:3
♡Zawgyi version♡
_____
"ဖေးဖေး!!!..."
"ဝမ်ရိပေါ်!..."
"ကိုကို့!..."
"ကိုကို!...ကိုကို့!!!..."
"ဟမ်!...အင်း...ပြောဂျူရီ..."
"တော်တော့ဂျူရီ!..."
"ဒါပေမဲ့ ကိုယ်..."
"အင်း!..."
_____
"ဗျာ...ဟုတ်ကဲ့!..."
_____
ဝုန်း!
_____
"အဟွတ်!...ဟွတ်!..."
ဂျလောက်!
"ဟင်!..."
ဝုန်း!
"အာ့!...လွှတ်...အင့်!..."
"အင့်!..."
To be continue.....
17/3/2022(Thursday)
Thank for your reading.
See u next episode. >-<