𝗕𝗲 𝗠𝗢𝗻𝗲 (U/Z)

By may_0923

3.1K 426 71

#KrisYeol Fanfiction More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 15
requset
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30 (final)

Ep 14

96 12 2
By may_0923

Uni...

အလုပ်က​နေပါလာတဲ့လက်ကျန်​တွေလုပ်​နေရင်း တခဏနားကာ Kris နာရီကိုလှမ်းကြည့်လိုက်​တော့ ညဆယ်နာရီ​ကျော်...

Haera ​ဆေးထိုး​ပေးသွားတာရဲ့​နောက်ဆက်တွဲ ​ဆေးရှိန်​ကြောင့် လူကလည်း အိပ်ချင်လာသည်​မို့ စာရွက်စာတမ်းတို့ကို ​သေချာသိမ်းပြီးတာနဲ့ စာဖတ်ခန်းထဲက​နေထွက်လာခဲ့လိုက်သည်...

​ရေခဲ​သေတ္တာထဲမှ​ရေတစ်ဘူးကိုသွားယူကာ အိပ်ခန်းရှိရာ အ​ပေါ်ထပ်သို့ တစ်လှမ်းချင်းဖြည်းညင်းစွာတက်သွားခဲ့လိုက်သည်...

Krisအခန်းဆီမ​​ရောက်ခင် ကလေးငယ်အခန်း​ရှေ့မှအဖြတ် ဂီတာသံခပ်တိုးတိုးကိုကြားလိုက်ရတာ​ကြောင့် Kris​ခြေလှမ်းတို့ရပ်သွားသည်...

သီဆိုသံမပါပဲ ကြား​နေရ​သောဂီတာသံသပ်သပ်က ဟိုတစ်ခါက က​​လေးငယ် Krisကို တီးပြ​သော သီချင်းဖြစ်သည်...

က​လေးငယ် အဲ့သီချင်းကို ​တော်​တော်ကြိုက်ပုံရသည်... Kris အချိန်အနည်းငယ်​လောက် ရပ်နား​ထောင်ပြီး​နောက် Krisအခန်းဘက်သို့ သွားမည်ပြုပြီးမှ ည​နေက က​လေးငယ် ထမင်းစားဝိုင်းမှထသွားသည့်ကိစ္စကို သတိရမိသွားကာ...

က​လေးငယ်နဲ့ ​ပြောစရာစကားအချို့လည်းရှိ​သလို ​မေးစရာလည်း ရှိ​နေတာ​ကြောင့် Kris က​လေးငယ်၏ အခန်းတံခါး​ခေါက်ရင်း အသံပြုလိုက်သည်...

"က​လေးငယ်... က​လေးငယ်..."

"က​လေးငယ်... က​လေးငယ်... hyung​ပြောစရာရှိလို့ မအိပ်သေးဘူးဆိုရင် ခဏ​လောက် တံခါးဖွင့်​ပေးလို့ရမလား..."

ပထမတစ်ခါ​ခေါ်​တော့ ဂီတာသံ​​ကြောင့်ကြားသည့်ပုံ မ​ပေါ်တာ​ကြောင့် ​နောက်တစ်ကြိမ်အသံမြှင့်ကာ​ခေါ်လိုက်သည်...

ခဏ​နေ​တော့ တိတ်သွား​သောဂီတာသံနဲ့ တံခါးဆီသို့ လှမ်းလာ​နေ​သော ​ခြေသံကိုကြားလိုက်ရသည်...

​လော့ခ်ချထားပုံရ​သော အခန်းတံခါးဆီမှ ​ဂျောက်ခနဲမြည်သံထွက်​ပေါ်လာပြီး​ ပွင့်လာတဲ့တံခါး​နောက်မှာ ရပ်​နေ​သော က​လေးငယ်...

"Hyung​ပြောစရာ​လေးရှိလို့... က​လေးငယ် မအိပ်​သေးရင်​ပြောလို့ရမလား..."

ခွင့်ပြုသည့်သ​ဘော ​ခေါင်းတစ်ချက်ညိတ်ပြကာ တံခါးကို ဖွင့်ထားခဲ့ပြီး ပြန်လှည်သွားသည်က အခန်းမီးကို သွားဖွင့်ရန် ရွယ်​နေသည်မို့ Kris လှမ်းတားလိုက်သည်...

"က​လေးငယ် မီးမဖွင့်နဲ့​တော့... hyungတို့ ဝရန်တာဘက်သွားကြတာ​ပေါ့..."

က​လေးငယ်အခန်းရှိ လ​ရောင်ဖြာကျ​နေ​သော ဝရန်တာကို လှမ်းကြည့်ကာ Krisဆိုလိုက်သည်...

​ကျောက်ပတ်တီး​ဖြည်ထားတာ မကြာ​သေးတာ​​ကြောင့် လှမ်း​လျှောက်လိုက်တိုင်း ​ထော့နဲ့​ထော့နဲ့ဖြစ်​နေ​သေး​သော က​လေးငယ်က အ​ရှေ့မှသွားနှင့်သလို Krisက​တော့ က​လေးငယ် အခန်းထဲရှိ ခုံတစ်ခုံကို ဆွဲယူကာ က​လေးငယ်အ​နောက်က​နေလိုက်သွားခဲ့လိုက်သည်...

Krisအခန်းက ဝရန်တာမှာ ထိုင်ခုံ​တွေချထား​ပေမယ့် က​လေးငယ်က​တော့ ခုံ​ပေါ်ထိုင်တာထက် ကြမ်းပြင်​ပေါ်ထိုင်ရတာပိုသ​ဘောကျတာမို့ က​လေးငယ်ရဲ့ ဝရန်တာတွင်​တော့ ဘာထိုင်ခုံမှမရှိ​ပေ...

ထို့​ကြောင့်လည်း ​ခြေ​ထောက်​သေချာမ​ကောင်း​သေး​သော က​လေးငယ် ထိုင်ဖို့ရာ ခုံယူလာခဲ့ခြင်းဖြစ်သည်....

"က​​လေးငယ် ကြာကြာရပ်​နေမိရင် ​ခြေ​ထောက်အတွက်မ​ကောင်းဘူး ဒီမှာထိုင်..."

Kris ချ​ပေးလိုက်​သော ခုံတွင် က​လေးငယ် ထိုင်လိုက်သည်...

"​ခြေ​ထောက်​ရော သက်သာလား..."

လက်ထဲကိုင်ထား​သော ​ရေဘူးကို ဝရန်တာလက်ရန်း​ပေါ်တင်ကာ က​လေးငယ်၏ ​ခြေ​ထောက်ကို ဦးတည်ကြည့်ကာ​ ​မေးလိုက်သည်...

"သက်သာပါတယ်..."

"က​​လေးငယ်..."

Kris​ခေါ်လိုက်​တော့ ထိုင်​နေရာမှ Krisထံ​မော့ကြည့်လာသည်...

"Hyung က​လေးငယ်ကို ​ပြောစရာလည်း ရှိသလို... ​မေးစရာ​လည်းရှိတယ်..."

"အင်း..."

Kris စကား​ပြောလိုက်တိုင်း ​မော့​မော့ကြည့်​နေရ​သော က​လေးငယ်​ကြောင့် Kris ​ပြောစရာရှိသည်တို့ကို မ​​ပြောခင် က​လေးငယ် အ​ရှေ့ဒူး​တစ်ဖက်​ထောက် ထိုင်ချလိုက်သည်...

"က​လေးငယ်... hyung​ပြောမှာ​တွေ ​သေချာနား​ထောင်​နော်..."

က​လေးငယ် လက်နှစ်ဖက်ကို ယူကာအုပ်ကိုင်ပြီး အကြည့်ချင်းဆုံကာ​ပြောလိုက်​တော့ Krisကို ​ခေါင်းညိတ်ပြသည်...

"က​လေးငယ်... ​နောက်ဆို Haeraလာရင် ​ကောင်း​ကောင်းမွန်မွန်​ပြောဆိုဆက်ဆံ​ပေးလို့ရမလား... Haeraက hyungနဲ့ လက်ထပ်ဖို့မရည်ရွယ်ခင်ထဲက hyungရဲ့ သူငယ်ချင်း​ကောင်းဖြစ်ခဲ့တာ... သူ့​လောက်လည်း hyungတို့ မိသားစုအ​ကြောင်းကို သိတဲ့သူမရှိသလို hyung​ပေါ် ​နားလည်နိုင်တဲ့သူလည်းမရှိဘူး..."

"Krisက ကျွန်​တော့်ကို ​ပြောစရာရှိတယ်ဆိုတာ noonaကို ကျွန်​တော်က ​ကောင်း​ကောင်း ဆက်ဆံ​ပေးဖို့လား... ကျွန်​တော် ​ပြောဖူးပါတယ်... Kris အနားဘယ်မိန်းက​လေးမှရှိ​နေတာ မကြိုက်သလို... Krisအနားရှိတဲ့ မိန်းက​လေး​တွေကိုလည်း ကျွန်​တော်သ​ဘောမကျပါဘူးလို့..."

Kris အုပ်ကိုင်ထား​သော သူ့လက်​တွေကို ဆတ်ခနဲဆွဲထုတ်ပစ်လိုက်ကာ ​ပြောလာသည့်​လေသံတို့ကလည်း ​အေးစက်စက်... သူ​ပြောစရာဆုံးသွား​တာနဲ့ ထသွား​တော့မည့်ဟန်ပြင်​နေတာ​ကြောင့် Krisလက်နှစ်ဖက်နဲ့ က​လေးငယ်၏ ​ပေါင်ကို ဖိထားလိုက်မိသည်...

"​နေဦး က​လေးငယ် hyung​ပြောစရာ​တွေကျန်​သေးတယ်..."

Kris စကားကို နာခံ​ပေမယ့် မျက်နှာတစ်ခုလုံးကို​တော့ Krisထံမှလွှဲထား​လေသည်...

"Hyung တကယ်​ပြောချင်​နေတာက ခုမှ​ရောက်မှာ... Haeraနဲ့ hyungက ခုချိန်မှာ သူငယ်ချင်း​တွေထက်ပိုတဲ့ ဆက်ဆံ​ရေးမရှိ​တော့ဘူး... ​ပြောရမယ်ဆို နှစ်ဦး​သ​ဘောတူ လက်ထပ်ပွဲကို ဖျက်သိမ်းထားကြတာကြာပြီ..."

Kris ခဏရပ်လိုက်ချိန်မှာ ဆတ်ခနဲလှည့်ကြည့်လာတဲ့ မျက်ဝန်း​လေး​တွေထဲ အံ့ဩရိပ်​တွေအပြည့်...

"Haeraမှာ ချစ်သူရှိတယ်... အဲ့ဒါ လွန်ခဲ့တဲ့ နှစ်နှစ်​လောက်ထဲကပဲ သူ့ချစ်သူနဲ့ မိတ်ဆက်လာ​ပေးထဲက hyungတို့ရဲ့ လက်ထပ်ပွဲက ဖျက်သိမ်းထားခဲ့တာ... ဘယ်သူ့ကိုမှ အသိမ​ပေး​သေးတာက Haera ချစ်သူက အခုနိုင်ငံခြားမှာ ကျောင်းဆက်တက်​နေ​သေးတယ်... Haeraကလည်း သိပ်မကြာခင်လိုက်သွား​တော့မှာ...

သူတို့နှစ်​ယောက်ဘဝကို​လျှောက်လှမ်းဖို့ အားလုံးအသင့်ဖြစ်တဲ့အချိန်ကျရင် Haera မိဘ​တွေအပါဝင် အားလုံးကို hyungတို့လက်ထပ်ပွဲဖျက်သိမ်း​ကြောင်း ​ပြောပြမှာ... အဲ့ဒါ​ကြောင့် hyungက က​လေးငယ်ကိုလည်း မ​​ပြောဖြစ်​သေးတာ... ဒါ​ပေမယ့် က​လေးငယ်ရဲ့ အပြုမူ​တွေ​ကြောင့် Haeraကို hyung အားနာလာမိတယ်... ဒါ​​ကြောင့်လည်း အခုလိုမျိုး က​လေးငယ်ကို hyungဖွင့်​ပြောပြရတာပဲ..."

Krisရဲ့ ​သေချာရှင်းပြမှုအဆုံး ပါးစပ်​လေးဟ မျက်လုံး​လေးအဝိုင်းသားနဲ့ Krisကို ​သေချာကြီးကို ကြည့်​​နေ​သော က​လေးငယ်... မျက်ဝန်း​တွေထဲ​တော့ ဝမ်းသာရိပ်​တွေက အထင်းသား...

Kris လက်ထပ်ပွဲပျက်သွား​ကြောင်းပြောပြတာ အဲ့​လောက်​​တောင် ဝမ်းသာစရာ​ကောင်း​​နေခဲ့လား...

"ဘယ်လို​နေလဲ..."

"ဘယ်လိုမှ မ​နေဘူး..."

တကယ်လည်း Krisစိတ်ထဲ ဘယ်လိုမှ မ​နေခဲ့... Haera လူ​ကောင်းသူ​ကောင်းမို့ လက်လွှတ်လိုက်ရတာကို နှ​မြောတာကလွဲရင်​ပေါ့...

"​နောက်တစ်​ယောက်ကို​​ရော ရှာဦးမှာလား..."

ထို​မေးခွန်းတွင်​တော့ စိုးရိမ်​နေဟန်​လေး​တွေက မသိမသာပါဝင်​နေသည်...

"ဟင့်အင်း... Haeraကို​တောင်မှ သူငယ်ချင်းဖြစ်တာရယ် လူကြီး​တွေသ​ဘောကျတာရယ်​ကြောင့်... ပြီး​တော့ က​လေးငယ်​ကြောင့်..."

"ကျွန်​တော့်​ကြောင့်..."

က​လေးငယ်က သူ့ကိုယ်သူ လက်ညှိုး​လေးပြန်ထိုး​ရင်း Krisကို ​မေးလာသည်က ဘာလို့သူ​ကြောင့်လည်းဆိုတာ သိချင်​နေဟန်...

က​လေးငယ်ကို ရှင်းပြစရာ​တွေများ​နေသည်မို့ Kris ကြမ်းပြင်​ပေါ်မှာ ​သေချာထိုင်ချလိုက်သည်... ခပ်ကျဲကျဲရှိ​နေ​သော ဝရန်တာလက်တန်းရှိဖရိန်​ချောင်း​လေး​တွေကြားက​နေ လှမ်း​မြင်​​နေရ​သော ခြံထဲသို့ ဘာရယ်မဟုတ်လှမ်းကြည့်​​​နေမိသည်...

ညအခါမို့ ​လေ​အေး​အေး​လေးက ညင်သာစွာတိုက်ခတ်​နေကာ Krisတို့ဆီလည်း လာ​ရောက်ထိခတ်လို့​နေသည်...

"Hyung ဘာလို့​ဆေး​ကျောင်းကို ​ရွေးတက်ခဲ့လဲ သိလား..."

​ပြောပြဖို့ရာ အ​ကြောင်းရာကို အစချီလိုက်သည်...

"ဝါသနာပါလို့ ဆရာဝန်ဖြစ်ချင်လို့..."

​ဖြေလာသံလေးကြောင့် အ​ဖြေသိ​နေ​သော ​မေးခွန်းကို ​မေးမိသည့် ကိုယ့်ကိုယ်ကိုယ် သ​ဘောကျကာ ပြုံးမိလိုက်သည်... ဘယ်သူ့​မေး​မေး ဒီအ​ဖြေပဲထွက်လာမှာ​ပဲ​လေ... ​ဆေး​ကျောင်းတက်မှတော့ ဝါသနာပါလို့ ဆရာဝန်ဖြစ်ချင်လို့ တက်ကြတာ​တွေပဲ​လေ...

"တစ်ခု​တော့မှန်တယ်..."

"အမ်!!!..."

Krisအ​ဖြေ​ကြောင့် ထူးဆန်းသွားဟန် အသံ​လေးထွက်လာသည်... Krisအကြည့်​တွေက ခြံထဲမှာပင်ရှိ​နေ​သေး​ပေမယ့် က​လေးငယ်ရဲ့ မျက်ဝန်း​လေး​​တွေမှာလည်း နားမလည်ခြင်း​တွေ ကပ်ငြိ​နေမှာကို​တော့ Kris မကြည့်လည်း သိ​နေပါသည်...

"Hyung ​ဆေး​ကျောင်းတက်တာ ဝါသနာပါလို့မဟုတ်ပဲ ဆရာဝန်ဖြစ်ချင်လို့တက်ခဲ့တာ..."

ဒီတစ်ခါ​​တော့ က​လေးငယ်ထံ လှမ်းကာ​မော့ကြည့်ရင်း ​ပြောမိ၏... ပြန်ကြည့်လာတဲ့ မျက်ဝန်း​လေး​တွေက​တော့ ဘာလို့လဲဟု သိချင်​နေပုံ...

"ဘာလို့လဲဆို​တော့ က​​လေးငယ်​ကြောင့်... ငယ်ငယ်ထဲက ခဏခဏ​နေမ​ကောင်းဖြစ်တက်တဲ့ က​လေးငယ်​ကြောင့် hyungကိုယ်တိုင် ဆရာဝန်ဖြစ်မှဆိုတဲ့ အသိကဝင်​နေခဲ့တာ... ဒါ​ကြောင့်လည်း ဆရာဝန်ဖြစ်ဖို့ကြိုးစားခဲ့တာ​လေ... ကံမ​ကောင်းတာက​တော့ ​ကျောင်းပြီး​အောင်မတက်လိုက်ရလို့ ဆရာဝန်ဖြစ်မလာခဲ့တာပဲ... Haeraကို လက်ထပ်ဖို့ ​ရွေးချယ်ခဲ့တာကလည်း Haeraက ဆရာဝန်တစ်​ယောက်ဖြစ်​နေတဲ့အပြင် hyungတို့မိသားစုအ​ကြောင်းကို အကုန်သိ​နေတဲ့သူမို့ က​လေးငယ်အတွက်လည်း အဆင်​ပြေမယ်ထင်လို့​လေ..."

"Kris..."

"​ပြောစရာရှိရင် ​ပြော​​နော် က​လေးငယ်..."

Krisကို ​ခေါ်ပြီးမှ ​ပြောရခက်​နေဟန်​ကြောင့် Krisကပဲ စကား​ထောက်​ပေးလိုက်သည်...

"ဘာလို့ ကျွန်​တော့်အတွက်နဲ့ အချစ်မပါတဲ့ အိမ်​ထောင်​ရေးကို တည်​ဆောက်ဖို့စဥ်းစားရတာလဲ..."

"က​လေးငယ်က hyungအတွက် အ​ရေးပါတဲ့သူမို့... hyungအတွက် တစ်ဦးတည်း​သော မိသားစုဝင်​လေ... အဲ့​တော့ တခြားသူစိမ်းထက်စာရင် Haeraက က​လေးငယ်နဲ့အဆင်​ပြေမယ့်သူတစ်​ယောက်ဖြစ်တာ​ကြောင့်... အချစ်ဆိုတာက​တော့ hyungအတွက် ခုချိန်ထိ မစဥ်းစားဖူး​သေးတဲ့အရာပဲ... hyung ဘဝမှာ အ​ရေးကြီးဆုံးက က​လေးငယ်ပြီးရင် အလုပ်ပဲ..."

"တကယ်လို့ တစ်ချိန်မှာ Kris ချစ်သူ​ရမယ့်တွေ့လာခဲ့ရင်​ရော..."

ထက်မြက်​သော လုပ်ငန်းရှင်တစ်​ယောက်ပီပီ က​လေးငယ် ဘာကိုဆိုလိုချင်လဲဆိုတာ Krisသိသည်...

"Hyungအတွက် က​လေးငယ်က အဓိကပဲ..."

Krisအ​ဖြေကို သ​ဘောကျပုံရသည်မှာ က​လေးငယ်၏ အပြုံးတို့က သက်​သေပင်...

"ဒီတစ်သက်​တော့ လက်ထပ်မယ့်သူလည်း ​တွေ့မယ်မထင်​တော့ပါဘူး... အဲ့​​တော့ က​လေးငယ် အိမ်​ထောင်ပြုလို့ ရလာမယ့် က​လေး​တွေကိုပဲ ထိန်းပြီး လူပျိုကြီးပဲလုပ်​တော့မယ်..."

"ကျွန်​တော်က အိမ်​ထောင်မပြုဘူးဆိုရင်​ရော..."

"အဲ့​တော့လည်း ညီအစ်ကိုနှစ်​ယောက်အတူတူ လူပျိုကြီး​တွေလုပ်ကြတာ​ပေါ့..."

Kris​ပြောတာကို သ​ဘောကျစွာရယ်​နေတဲ့ က​လေးငယ်ဟာ Haeraနဲ့ ပတ်သတ်လို့ စိတ်ရှင်းသွားပြီလို့​တော့ Krisထင်မိပါသည်...

"ဒါနဲ့ က​လေးငယ် ​နောက်လ က​လေးငယ် ​မွေး​​နေ့​နော်... ဘာ​တွေလုပ်ချင်တာရှိလဲ လုပ်ချင်တာရှိရင်​ပြော​နော်..."

"ကျွန်​တော် စဥ်းစားဦးမယ်..."

"​ကောင်းပြီ... စဥ်းစားလို့ရရင်လည်း hyungကို​ကြိုပြောဦး​နော်... ​​နောက်အပတ်ကစလို့ hyung လုပ်ငန်းအသစ်တစ်ခုစမှာဆို​တော့ အလုပ်​တွေရှုပ်ပြီး က​လေးငယ် လိုချင်သလို မစီစဥ်​ပေးနိုင်မှာစိုးလို့..."

"အွန်း... ခု​တော့ ကျွန်​တော် အိပ်ချင်​နေပြီမို့ အိပ်လို့ရမလား..."

ထိုင်​နေရာမှ ထရပ်ကာ အိပ်ချင်နေပြီဖြစ်​ကြောင်း ​ပြောလာ​တော့ ​ဘောင်းဘီအိတ်ထဲက ဖုန်းကို Krisထုတ်ကာ နာရီကိုကြည့်မိ​တော့ ညတစ်နာရီ​တောင်​ကျော်​နေပြီ...

က​လေးငယ်နဲ့ စကား​တွေ​ပြော​နေခဲ့တာက အချိန်​တွေကုန်လို့ကုန်သွားမှန်းလည်းမသိသလို ​ဆေးရှိန်​ကြောင့် အိပ်ချင်​နေခဲ့​​သော စိတ်တို့​သည်လည်း ဘယ်ဆီ​ရောက်သွားလဲ မသိ​တော့... က​လေးငယ်နဲ့ Kris ဒီလိုအချိန်အကြာကြီး စကားမ​ပြောဖြစ်တာ ဘယ်​လောက်​တောင် ကြာခဲ့ပြီလဲ...

"ဟာ ဟုတ်တာ​ပေါ့ စကား​တွေ​ပြော​နေတာနဲ့ အိပ်ချိန်​တောင် လွန်​နေပြီ... လာ သွားအိပ်ကြမယ်..."

Kris ထိုင်​နေရာမှ ထရပ်ကာ​ပြောရင်း ရပ်​နေ​သော က​လေးငယ်ကိုပါ ​ပွေ့ချီလိုက်သည်...

အရပ်တို့လည်းရှည်လာကာ မကြာခင်ပင် တစ်ဆယ့်ရှစ်နှစ်ပြည့်​တော့မည့်က​လေးငယ်က Krisအတွက်တော့ ငယ်ငယ်တုန်းကအတိုင်း က​လေးတစ်​ယောက်လိုပင် ဘယ်အခါမှမ​​ပြောင်းလဲခဲ့...

​ပွေ့ချီထားသည့်အတိုင်း ငြိမ်သက်စွာပါလာ​သော က​လေးငယ်ကို ကုတင်​ပေါ်ချ​ပေးလိုက်​ပြီးနောက် ကုတင်​ပေါ်က​နေပြန်ဆင်းဟန်ပြင်​နေတာမို့ ​မေးမိ​တော့...

"​ဆေးဘူး သွားယူမလို့... ​ခြေ​ထောက်က ပတ်တီး​ဖြည်ပြီး​ပေမယ့် ​​​ဆေးဆက်လိမ်း​နေရသလို ​လေ့ကျင့်ခန်းလည်း လုပ်​​နေရ​သေးတာ..."

"​ဆေးဘူးက ဘယ်မှာလဲ... hyungယူ​ပေးမယ်..."

"ဟိုစားပွဲမှာ... ဘူးအဖြူအရှည်​လေး..."

က​လေးငယ်ကို ကုတင်ထက်တွင် ပြန်ထိုင်​​စေပြီး​နောက် က​လေးငယ် ညွှန်ပြ​သော စားပွဲ​ပေါ်ရှိ ​ဆေးဘူးအဖြူ​ရောင်​​လေးကိုယူကာ Krisက​လေးငယ်၏ ကုတင်​ပေါ်​တွင်တက်ထိုင်လိုက်သည်...

"လှဲလိုက် က​လေးငယ်..."

​ခေါင်းအုံးရှိရာပုတ်ပြပြီး ​ပြောလိုက်တဲ့ Krisကို ဘာ​လို့လည်းဆို​သော အ​မေးအကြည့်​တွေနဲ့ကြည့်လာသည်...

"Hyungလုပ်​ပေးမလို့​လေ..."

"ရတယ် ကျွန်​တော့်ဟာကျွန်​တော် လုပ်မယ်..."

"လှဲစမ်းပါကွာ... ငယ်ငယ်က က​လေးငယ် ဘာဖြစ်ဖြစ် hyungပဲ လုပ်​ပေး​နေကျကို..."

လက်ထဲက​ဆေးဘူးကို အတင်းလု​နေ​သော က​လေးငယ်​ကြောင့် ​ဆေးဘူး​ဘေးချကာ လက်နှစ်ဖက်ဖြင့် က​လေးငယ်၏ ပခုံးတို့ကို ကိုင်တွန်းကာလှဲ​စေလိုက်သည်...

​​ဆေးဘူးကိုပြန်ယူကာ အဖုံးဖွင့်လိုက်​တော့ စပ​ရေးအမျိုးအစားဖြစ်​နေသည်...

"​ဆေးကဖျန်းရုံပဲလား..."

"ဟုတ်တယ်... သူကဖျန်း​ဆေး​လေ..."

အလုပ်​တွေရှုပ်​နေခဲ့​သော Krisက က​​လေးငယ်နဲ့ ပတ်သတ်ပြီး တချို့အရာ​တွေမှာ လစ်ဟင်းမှု​တွေရှိ​နေခဲ့သည်ကို Krisခုမှပဲ သ​ဘော​ပေါက်မိသည်...

​ကျောက်ပတ်တီးဖြည်တဲ့​​နေ့ကလည်း Kris မအားတာ​ကြောင့် က​လေးငယ်ကို Baekhyunနဲ့သာ လွှတ်ခဲ့လိုက်ရသည်​လေ... ခုလည်း ​ခြေ​ထောက်ကို ခုလိုမျိုး လုပ်​ပေး​နေရတယ်ဆိုတာ​တွေကိုလည်း Kris မသိခဲ့...

"အချိန်ဘယ်လောက်ထိ ခုလိုမျိုးလုပ်​ပေးရဦးမှာတဲ့လည်း..."

​ခြေဆင်း​ပေးထား​သော က​လေးငယ်၏ ​ခြေ​ထောက်အနှံ့​ဆေးတို့ကို ဖျန်းရင်း Kris​မေးမိသည်...​ ဒူးအထက်ဘောင်းဘီအတိုကို ဝတ်ထားတာ​ကြောင့် ​ဆေးလိမ်းရာတွင်လည်း ​နှောင့်အယှက်မဖြစ်ပဲ လွတ်လပ်စွာ လုပ်လို့သည်....

​"​ခြေ​ထောက် ကိုက်တာ​တွေဘာ​တွေ မဖြစ်​အောင်လို့ ​လိမ်းရတဲ့​ဆေးပါ... မလိမ်းချင်လည်းရတယ်... တစ်ချက်တစ်ချက် ကိုက်တက်လို့ လိမ်းဖြစ်​နေတာ..."

က​လေးငယ်၏ အ​ပြော​ကြောင့် Kris စိုးရိမ်မိသွားသည်... က​လေးငယ် ​ခြေ​ထောက် လုံးဝမသက်​သာ​သေးတာများလားဟုလည်း ​တွေးမိသွားသည်...

​နောက်ရက်​တော့ ​ဆေးခန်း​ခေါ်သွားပြီး ဓါတ်မှန်​တွေဘာ​တွေ ပြန်ရိုက်ကြည့်ရမည်ဟု​တွေးထားလိုက်သည်...

"မပူပါနဲ့... ​ခြေ​ထောက်က ​ကောင်း​နေပါပြီ... Kris မနက် အလုပ်သွားရဦးမှာမလား အိပ်​​တော့​လေ... ကျွန်​တော်လည်း အိပ်​တော့မယ်..."

Krisရဲ့ မျက်နှာထက်က စိုးရိမ်မှု​တွေကို မြင်သွားပုံရတဲ့ က​လေးငယ်က Krisကို စိတ်မပူရန်​ပြောပြီး အိပ်​တော့ဖို့ပါ​ပြောလာသည်...

Krisကိုယ့်အခန်းလည်း ကိုယ်မပြန်ချင်​တော့တာ​ကြောင့် က​လေးငယ် ​ဘေးက ​နေရာလွတ်တွင်လှဲချလိုက်ပြီး...

"ဒီည hyung ဒီမှာပဲ အိပ်​တော့မယ်..."

"Kris!..."

​နေမ​ကောင်းသည့်အချိန်မှလွဲ၍ ကျန်အချိန်​တွေဆို Krisကို ခပ်တန်းတန်းသာ ​ပြောဆိုတက်သလို အတူလည်း မအိပ်တဲ့သူမို့ အခုလည်း သူ့အခန်းထဲမှ သွားခိုင်းချင်​နေပုံပင်....

"Haera ထိုး​ပေးထားတဲ့ ​ဆေး​ကြောင့် တအားကို အိပ်ချင်လာပြီ ဝှား..."

Kris တအားအိပ်ချင်​နေဟန်​ပြောလိုက်​​လေ​တော့ က​​လေးငယ်ထံမှ အသံထွက်လာသည်က "ချက်ချင်းကြီး..."တဲ့...

ထို့​နောက် က​လေးငယ်ဖက်အိပ်​​နေကျ Rilakuma အရုပ်ကြီးက Krisတို့ နှစ်​ယောက်ကြား ​နေရာယူလာသည်...

Krisလည်း နှစ်​ယောက်သားကြား စည်းခြားထား​သော အရုပ်ကြီးကို ဆွဲဖက်ပြီး အိပ်ပစ်လိုက်​တော့သည်...

​ဘေးက​ကောင်​လေးက​တော့ သူဒီ​နေ့ကြားခဲ့ရ​သော စကားတို့ကို ပြန်​တွေးရင်း ​ဘေး​တွင်အိပ်​နေ​သောသူကို ကြည့်ကာ ရင်ခုန်ခြင်းတို့​ကြောင့် အိပ်မ​ပျော်ခဲ့​ပေ...

ခဏအကြာမှာ​တော့ ​ကြားလိုက်ရ​သော အသက်ရှူသံမျှင်းမျှင်း​လေး​ကြောင့် အသာပြုံးကာ နှစ်​ယောက်သားကြားရှိ Rilakumaအရုပ်ကြီးကို ဖက်ထား​သောသူထံမှ ဆွဲဖယ်ကာ ကုတင်​ပေါ်မှ ပစ်ချလိုက်ပြီး သူကိုယ်တိုင်က​​တော့ လစ်ဟာသွား​သော အရုပ်အစား မြင်​နေရ​သော ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်လိုက်သည်...

သူတိုးဝင်လိုက်သည်နှင့် ခပ်တင်းတင်း ​ပွေ့ဖက်ခံလိုက်ရခြင်း​ကြောင့် နှစ်​ယောက်သားကြား​နေရာလွတ်​တောင် မရှိ​​တော့...

နိုး​နေသည်များလာဟု အသာ​မော့ကြည့်မိ​တော့ ပိတ်ထား​သော မျက်ဝန်းတို့နှင့် အသက်ရှူသံမျှင်းမျှင်း​က အိပ်​မောကျ​နေဟန်...

"ချစ်တယ် hyung..."

အကြိမ်ကြိမ်​ပြောချင်​​နေ​မိသောစကားကို ​ခပ်တိုးတိုး​လေး​ရေရွတ်ပြီး​နောက် သူချစ်ရသူ၏ နှလုံးသားရှိရာ​နေရာ ရင်ခွင်ထက် နှုတ်ခမ်းတို့ဖြင့် အသာဖိကပ်လိုက်သည်...

ထို့​နောက်တွင်​တော့ ကြား​နေရ​သော အသက်ရှူသံ​လေးကို နားထာင်ပြီး သူလည်း အိပ်​ပျော်ခြင်းဆီသို့ ​ရောက်သွား​တော့သည်...

#05042022

*****************************************************

Zawgyi...








"က​လေးငယ်... က​လေးငယ်..."














"​ခြေ​ထောက်​ရော သက်သာလား..."


"သက်သာပါတယ်..."

"က​​လေးငယ်..."



"အင်း..."















"ဘယ်လို​နေလဲ..."

"ဘယ်လိုမှ မ​နေဘူး..."





"ကျွန်​တော့်​ကြောင့်..."








"တစ်ခု​တော့မှန်တယ်..."

"အမ်!!!..."





"Kris..."



























"လှဲလိုက် က​လေးငယ်..."


"Hyungလုပ်​ပေးမလို့​လေ..."





"​ဆေးကဖျန်းရုံပဲလား..."













"Kris!..."










"ချစ်တယ် hyung..."



#05042022

Continue Reading

You'll Also Like

8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
37.2K 4.5K 42
I don't wanna be right .
624K 59.4K 36
Taekook πŸ’œ ( Own Creation )
5.8K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } α€€ FanFiction α€žα€Šα€Ί α€…α€¬α€›α€±α€Έα€žα€°α α€…α€­α€α€Ία€€α€°α€Έα€‘α€α€½α€±α€Έα€žα€€α€Ία€žα€€α€Ί...