[Unicode]
မရပ်မနားမောင်းနှင်နေသော ကားကလေးသည် အပင်အိုကြီးများ အုံ့ဆိုင်းပေါက်ရောက်နေသော တောလမ်းကလေးကို ဖြတ်ကာ နေကြာပန်းခင်းကြီးအနားတွင် ရပ်တန့်သွားသည်။
"ကျွန်တော်တို့ ရောက်ပြီလား"
ခါးပတ်အားဖြုတ်ကာ ဆင်းရန်ပြင်မိတော့ သူ့လက်မောင်းအား သန်မာသော လက်တစ်စုံက ပြန်ဆွဲယူသည်။
"မရောက်သေးဘူး မဆင်းနဲ့ဦး"
ခဏကားရပ်သော ထယ်ယောင်းသည် အိတ်ကပ်ထဲရှိ မီးခြစ်နှင့်အတူ စီးကရက်တစ်လိပ်အား ထုတ်ယူသည်။ အထက်တန်းကျသော ကိုယ်ဟန်အမူအရာနှင့် ထိုသူက စီးကရက်အား ရှိုက်ဖွာလိုက်သောအခါ ပြာမှုန်တို့နှင့်အတူ အခိုးအငွေ့တို့က ပျံ့နှံ့သည်။
စီးကရက်အနံ့ကို မနှစ်မြို့သော သူ၏အဆုတ်ထဲသို့ပင် ထိုအဆိပ်အတောက်လေတို့က ရောက်လာသည့်အခါ ချောင်းကိုဟန့်ရင်း တွန်းထုတ်ရတော့သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ထယ်ယောင်းသည် မျက်ခုံးတစ်ချက်ပင့်ပြကာ ရှိုက်ထားသော အငွေ့များကို သူနှင့်ဝေးရာဆီသို့ ရှူထုတ်သည်။
"မင်းက စီးကရက်အနံ့ကို မခံနိုင်ဘူးလား"
"နည်းနည်းပါ
ကိစ္စမရှိပါဘူး"
ဘာမှမဖြစ်ဟန် လက်ကိုကာပြကာ ပြောသည်ကို မြင်သောအခါ မျက်ခုံးတို့က မသိလိုက်ပါဘဲ တွန့်ချိုးမိပြန်သည်။
"အားနာစရာတွေ ဖြစ်ကုန်ပြီပဲ"
ပြောပြီးသည်နှင့် စီးကရက်မီးအား ကားပေါ်ရှိ ပြာခွက်ကလေးထဲသို့ နှစ်ကာ ဖွဖွဖိချေ ငြှိမ်းသတ်သော ထိုသူသည် လူကြီးလူကောင်းဟန်သို့ ပြုမူသည်။
ထို့နောက် သူရှိရာဆီသို့ မျက်ဝန်းစိမ်းတို့က သေချာစွာ ကြည့်ရှုနေသည့်အခါ ကျောရိုးတစ်လျှောက်စိမ့်တက် လာရသော ခံစားမှုကြောင့် လက်ဖျားတို့က အေးစပြုလာရသည်။ ထိုသူ၏ အကြည့်များက သူ့အားကြည့်ရှုနေခြင်းသာ မဟုတ်ပဲ သူမှတစ်ဆင့် စိတ်ဝိဉာဉ်အား ဖောက်ခွင်းကာ လေ့လာနေသလိုမျိုး။
ထိုမျက်လုံးမျိုးကို သူကြောက်သည်။
တစ်ဖက်လူကို လုံခြုံမှုမရှိခြင်းကို ခံစားရစေသော မျက်ဝန်းတွေ။
"ခင်ဗျား ဘာပြောချင်လို့လဲ"
မဝံ့မရဲမေးမိသောအခါ ထိုသူက ခပ်ဟဟတစ်ချက်ရီသည်။
"အိုး မင်းကလူတွေကို ကြောက်တတ်တာလား"
"ဒါမှမဟုတ် ငါ့ကိုလား"
အေးဆေးစွာမေးသော ထယ်ယောင်း၏အသံကို ကြားရသောအခါ ဂျောင်ဂု၏စိတ်တို့က ပိုရှုပ်ထွေးလာရသည်။ ဒီလူဘာပြောချင်တာပါလိမ့်။
"မစ္စတာက ဘာပြော..ချင်လို့လဲ"
မျက်ဝန်းဝိုင်းကလေးများအား တဖြတ်ဖြတ်ခတ်ကာ စူးစမ်းဟန်မေးသော ထိုကောင်လေးကို ကြည့်ရင်း ပိုမိုစနောက်ချင်လာရသည်။
"ဘယ်သူ့ကိုပဲ ကြောက်ကြောက် ကိစ္စမရှိဘူးလို့..."
"အခုကားပေါ်ကဆင်းတော့.."
ထယ်ယောင်းစကားအဆုံးတွင် အမိုးပွင့်ကားကလေးပေါ်မှ စပ်စုနေသော တစ်စုံတစ်ယောက်၏ မျက်ဝန်းတို့က ပိုမိုပြူးကျယ်သွားရသည်။ ထိုသူ့၏ မျက်နှာအား အကဲခတ်ကြည့်ပြန်တော့ တစိုးတစိမျှပင် ပြောင်းလဲမသွားသော မျက်နှာထားနှင့် သူသည် လက်ပိုက်ကာကြည့်နေသည်။
ဂျောင်ဂု၏စိတ်ထဲတွင် လာခဲ့သော လမ်းကလေးတစ်လျှောက်၏ ဘေးပတ်ဝန်းကျင်အား ပြန်လည်ပုံဖော်နေမိသည်။ တစ်လမ်းလုံးကို ဘေးဘီဝဲယာကြည့်နေခဲ့သော သူက တကယ်တမ်း အာရုံမစိုက်မိသဖြင့် မမှတ်မိပါ။ ဒီလမ်းကလေးအတိုင်း နောက်ပြန်လျှောက်သွားလျှင်တော့ တစ်နေရာရာရောက်လောက်မည် ထင်ရပါသည်။
"ဒီနားမှာ ဘတ်စ်ကားဂိတ်ရှိလား မစ္စတာ"
"မရှိဘူး ဘာလို့မေးတာလဲ"
"ကျွန်တော်....အိမ်ပြန်မလို့လေ"
မျက်နှာထားတည်တည်လေးနှင့် ဆိုလာခြင်းကြောင့် ထယ်ယောင်းမှာ ကျယ်လောင်စွာ အားပါးတရ ရီမောမိတော့သည်။ ဒီလိုမရီဖြစ်တာ ကြာပြီပဲ။
"မင်းကို ဘယ်သူက ပြန်ခိုင်းလို့လဲ
ငါသွားမဲ့နေရာက လမ်းလျှောက်မှ ရမှာမလို့လေ"
"သွား ဟိုအပင်ရိပ်အောက်မှာ စောင့်နေ
နေပူတယ်"
ထယ်ယောင်းက ရီရီမောမောနှင့် ပြောသောအခါ နေရောင်နုနုတို့အောက်မှ နီရဲရဲပါးပြင်များပိုင်ရှင်သည် အလျင်အမြန်ပြေးထွက်ကာ ကားရှိရာဘက်အား ကျောခိုင်းထားသည်။
ပစ္စည်းများအား သယ်နေရင်းမှ ဆံနွယ်ညိုတို့ကြားမှ နီစစနားရွက်ဖျားများကို မြင်ယောင်မိသည့်အခါ ထယ်ယောင်း၏နှုတ်ခမ်းထောင့်စွန်းတို့က ပြန်လည်ကော့တက်ကာ အပြုံးတို့ကို ဖြစ်စေပြန်သည်။
နေ၏အလင်းဓာတ်အား ခံယူကာ အစွမ်းကုန်ပွင့်လန်းနေကြသော နေကြာပန်းကလေးများသည် အမြဲတစေ နေမင်းကြီးအား မျက်နှာမူသည်။ နေမင်းကြီး၏ အပူရှိန် ပြင်းထန်သည်ဖြစ်စေ၊ ယုတ်လျော့သည်ဖြစ်စေ မျက်နှာမူကာ ဖူးပွင့်နေမည်ပင် ဖြစ်သည်။
နေကြာပန်းခင်းကြီး၏ နံဘေးမှ မြေနီလမ်းကလေးသည် ပုံမှန်ဆိုလျှင် လူသူအရောက်အပေါက်နည်းပုံရသည်။ မြက်ရိုင်းနှင့် ပေါင်းပင်တို့က လမ်းကလေး၏ မြေနီနီများကြားတွင် တစ်စတစ်စရှိနေသည်။
လူသူအရောက်အပေါက်နည်းဟန်ရသည့် ထိုမြေနီလမ်းလေးပေါ်တွင် လူနှစ်ယောက်က တိတ်ဆိတ်စွာ လျှောက်လှမ်းနေကြသည်။ ရှေ့ရှိလူက ပစ္စည်းအတော်များများကို သယ်ကာခပ်ဖြေးဖြေးလျှောက်နေသလို နောက်မှလူသည် ခေါင်းကိုငုံ့ချကာ ခြေချောင်းလေးများအား ကြည့်ရင်းလျှောက်နေသည်။
နေရောင်အောက်မှ ထိုအရိပ်နှစ်ခုသည် လူအရနှစ်လှမ်းခန့်သာဝေးသော်လည်း အရိပ်တို့က မိုင်ပေါင်းလွန်စွာခြားနားနေဟန်။
နေရောင်ခြည်ဖြိုးဖြိုးဖြက်ဖြက်က သာယာသောအလင်းဟန်ကို ပေးစွမ်းသည်နှင့်အတူ အပူရှိန်ပြင်းပြင်းတို့ကိုပါ ဖြစ်ပေါ်စေသောအခါ မောပန်းနွမ်းနယ်မှုကိုပါ ခံစားရစေသည်။
ကင်းဗတ်စ်ကြီးများအား သေတ္တာလေးပေါ်တွင် မှောက်တင်ကာ သယ်လာသော ထယ်ယောင်းသည်ဘေးရှိလူအား သတိတရကြည့်မိသေးသည်။
ချွေးများပင်စို့နေပြီဖြစ်သော ပေကပ်ကပ်ကောင်လေး၏ မျက်နှာကို မြင်ရသည့်အခါ အတင်းအကျပ်လုကိုင်ထားသော ကင်းဗတ်အသေးလေးအား မပြောမဆို ဆွဲယူသည်။
"ဒါလေးတော့ ကျွန်တော်ကိုင်နိုင်ပါတယ် မစ္စတာ"
"မင်းမှာချွေးတွေနဲ့.."
ထိုသို့ပြောသော သူ၏မျက်နှာတွင်ရော၊ လည်ပင်းတစ်လျှောက်တွင်ပါ ချွေးစက်တို့က စီးကျနေကာ ပျားရည်ရောင်အသားအရည်က နေရောင်အောက်တွင်ပင် တလက်လက်ဖြစ်နေသည်။
သွေးကြောတို့ယှက်ဖြာနေသော လည်တိုင်တစ်လျှောက် မြစ်တစ်စင်းသဖွယ် စီးဆင်းသွားသည်ကို မြင်ရသောအခါ ဘာမဆိုင်ညာမဆိုင်ပင် လေထုကြီးက အိုက်စပ်စပ်ဖြစ်လာကာ မျက်နှာပူရသည်။
ချောင်းအသာဟန့်ရင်း အတွေးတို့ကို ငြိမ်သက်စေပြီးမှ တစ်ဖန်ပြန်ကြည့်တော့ ထိုပန်းချီဆရာက သူနှင့်ခပ်လှမ်းလှမ်းတွင်ပင် ရောက်နေလေပြီ။
ခြေလှမ်းတို့အား သွက်သွက်လှမ်းရင်း လိုက်လျှောက်လာတုန်း တစ်နေရာတွင် ထိုသူက ရပ်တန့်သွားသည်မို့ သူ့မှာမနည်းအရှိန်သတ်လိုက်ရသည်။
ဘေးပတ်ဝန်းကျင်နေရောင်ပြင်းပြင်းဆီမှ အရိပ်ထဲသို့ ခိုဝင်လိုက်ရသောအခါ လေနုအေးလေးက ဆံနွယ်တို့အား ဖြတ်တိုက်သွားရင်း နောက်ကျိပူပြင်းနေသော စိတ်တို့ပါလန်းဆန်းသွားရသည်။
ယခုမှ သေချာအကဲခတ်ကြည့်ရှုမိချိန်တွင် အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးငယ်တို့က လက်ညိုးထိုးမလွဲ။ လမ်းလေး၏အရှေ့တည့်တည့်သို့ ထိုသူကလက်ညှိုးညွှန်ပြသည့်အခါ နက်ရှိုင်းလှသော တောအုပ်၏အလယ်တွင် တေးသံသာတို့ အစီအရီထွက်ပေါ်လာရာကို တွေ့မြင်ရသည်။
စမ်းချောင်းလေးတစ်ခု။
ကြည်မြသော ရေပြင်လေးမှ အသံသာသာတို့က စီးဆင်းနေကာ စိတ်ရောလူပါ အေးချမ်းသွားစေသည်။ တိမ်လျသော ရေပြင်ကြောင့် အောက်ခြေဆီမှ ကျောက်တုံးကလေးများ ရေစီးနှင့်အတူ တလိမ့်လိမ့်ရွေ့လျားနေသည်ကို မြင်နေရသည်။ သစ်ရွက်အုပ်အုပ်များကြားမှ နေပြောက်ကလေးများက မှန်ရေပြင်ပေါ်သို့ အရိပ်ထင်သောအခါ စမ်းချောင်းဘေးမှ သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် အလင်းကွက်များက ဖြာကျသည်။
ပန်းချီပစ္စည်းများနှင့် ဘယ်လိုများကူးရပါ့မလဲ ဟုတွေးမိချိန်နှင့် တစ်ဆက်တည်းပင် ထယ်ယောင်းက တစ်နေရာသို့လှမ်းကြည့်လိုက်သည်အား တွေ့ရသည်။
ရေပေါ်တွင် အစီအရီပေါ်နေသော ကျောက်စီလမ်းကလေး...
ကျောက်တုံးတို့အား ခပ်ကြဲကြဲချထားကာ ထိုကျောက်တုံးတို့သည် ရေညှိအလိမ်းလိမ်းကပ်နေသည်။ တိမ်သောရေကြောင့် နစ်မြုပ်မှာကို စိုးရိမ်စရာမလိုလှသော်လည်း ပန်းချီပစ္စည်းများအား သိမ်းကြုံးကိုင်ဆောင်ထားသော ထိုသူ့အတွက်တော့ အနည်းငယ်စိတ်ပူမိရသည်။
ဂျောင်ဂု၏စိတ်အတွင်းမှ စိုးရိမ်မှုအစွန်းအစလေးကို ရိပ်မိသောသူက အသာအယာခေါင်းညိမ့်ပြကာ သူ့အားအရင်သွားစေသည်။
"ဂရုစိုက်သွား.."
ခေါင်းညိမ့်မိသလား၊ ခေါင်းခါမိသလားပင် မသိ သူ၏မသိစိတ်က ထိုကျောက်တုံးကလေးများပေါ်သို့ ဖြတ်ချင်ဇောတစ်ခု ကပ်ညှိနေသည်။ ရေအေးမြမြ၏ အထိအတွေ့ကိုလည်း ခံစားချင်သည်။ ခြေများတစ်ချက်ယိုင်သွားလေမလား ဟု တွေးမိရင်း နောက်ကျောက်တုံးလေးတစ်ခုဆီ အားယူကာလှမ်းမိသည်။
ကံကြမ္မာက သူ့ဘက်မှာပဲ...။
ဤတစ်လှမ်းတွင် သူခြေချော်သွားသည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ရေစီးသံနှင့်အတူ ဗလုံးဗထွေးအသံတစ်ခုအား ကြားရသည်။ လူတစ်ယောက်၏ စကားပြောသံ...၊ အေးမြစိုစွတ်သော အထိအတွေ့၊ သစ်ကိုင်းတစ်ခုပေါ်မှ ပြေးလျှောက်လာသံ၊ အလန့်တကြားအော်လိုက်သံ၊ ထိုလူက အနည်းငယ် စိုးထိတ်နေသလို လေသံက တုန်ရီရီနှင့် သူ့နားစည်အား ရိုက်ခတ်သည်။
ပြီးတော့ သူဘာမှမကြားတော့ဘူး။
ရုတ်တရတ်အသိအရ မှိတ်ကျနေသော မျက်ဝန်းတို့အား ဖွင့်ဟမိသည့်အခါ တွေ့မြင်ရသည်က မည်သည့်စကားတစ်ခွန်းမှ မဆိုပဲ ရပ်တန့်နေသော ထိုလူကိုသာ။
ခုနက သူကြားခဲ့သော အသံအားလုံးသည် စိတ်ထင်ယောင်ထင်မှား ဖြစ်တည်မှုပဲလေလား။
ထယ်ယောင်း၏ မျက်စိရှေ့တွင် ကျောက်တုံးတို့ပေါ်သို့ နင်းဖြတ်နေသော ထိုကောင်လေးသည် အလွန်ဂရုထားမှုကင်းမဲ့သည်။ ရေညှိတို့ဖြင့် ချောနေသော အရာတစ်ခုကို နင်းလျှောက်သူတိုင်းသည် အနည်းငယ်တော့ ဟန်ချက်ထိန်းကြစမြဲဖြစ်သည်။ သို့သော် ထိုတစ်ယောက်သည် ပုံမှန်မြေပြင်ကဲ့သို့သာ လျှောက်သွားသည်။
ထိုသူ၏စိတ်အတွေးတို့က မည်သို့ရှိမည် မသိရသော်လည်း ထိုကောင်လေးကို ကြည့်မိတိုင်း ထယ်ယောင်းခံစားရသည် တစ်ခုရှိသည်။
အားမရသော စိတ်...။
ဘဝကို ကောင်းကောင်းရှင်သန်စမ်းပါ ဟု ပြောချင်သောစိတ်။ သို့ပေမဲ့ သူသည်လည်း ထိုသို့ပြောဆိုစွက်ဖက်နိုင်သော အနေအထားတွင်မရှိ။
အတွေးတို့က ပျံ့လွင့်နေမိစဉ် မတ်မတ်လျှောက်နေသော ခန္ဓာကိုယ်လေးက ယိမ်းယိုင်သွားသည်ကို တွေ့လိုက်ရသည်။ အလျင်အမြန်ဖမ်းဆုပ်ချင်သည့်ဆန္ဒတစ်ခုကို လက်ကိုင်ထားပါသော သူက အပြေးအလွှားသွားမိကာ လက်ထဲကပစ္စည်းများပင် မည်သည့်အချိန်က ချမိသည်မသိ။
မျက်လုံးတို့အား မှိတ်သွန်ကာထားသော ထိုကောင်လေးသည် စမ်းချောင်းတိမ်လေးထဲတွင် မလှုပ်မယှက်ထိုင်ကာနေသည်။ အမြဲတစေ ပွပွလေးဖြစ်နေတတ်သော ဆံနွယ်နုယဉ်ယဉ်တို့က ယခုတော့ ရေစက်များနှင့်အတူ ဖြူစစပါးပြင်တွင် ကပ်ကာနေသည်။ မျက်တောင်ရှည်တို့မှ အဖျားခိုနေသော ရေစက်ကလေးသည် ပါးမို့မို့မှ စီးဆင်းလာကာ လေးကိုင်းသဖွယ် နှုတ်ခမ်းလေး၏ ထောင့်စွန်းတွင်နားခိုသည်။
ထိုရေစက်ကလေးက မှဲ့နက်ကလေးအား ဖြတ်သန်းကာ ရှပ်အင်္ကျီအဖြူထဲသို့ တိုးဝင်ပျောက်ကွယ်သွားသောအခါ ခြောက်လာသော လည်ချောင်းကြောင့် တံထွေးပူတို့ကို မြိုချကာ ချောင်းတစ်ချက်ဟန့်လိုက်ရသည်။
သူကအရမ်းအန္တရာယ်များတဲ့ လူတစ်ယောက်။ အခက်မသင့်ရင် နစ်မြုပ်သွားနိုင်တဲ့အထိ အန္တရာယ်များတဲ့ ဝဲဂယက်။
အကြည့်တို့ကိုခပ်ဖြေးဖြေးလွှဲမိချိန်တွင် ထိုသူ၏ စကြဝဠာကြယ်စုတို့ ပေါင်းယှက်ရာ အလင်းဆွဲငင်အားပြည့်သော မျက်ဝန်းတို့က ပွင့်ဟလာသည်။ ယခုအထိ ထိုအတိုင်းထိုင်နေသော ကောင်လေး၏လက်များက ခေါင်းအပေါ်သို့သာ မြှောက်ထားသည်ကို တွေ့ရချိန်တွင်တော့ ထယ်ယောင်း၏စိတ်က အလွန်ရွှင်မြူးလာရသည်။
"အဲ့အတိုင်း ထိုင်နေတော့မလို့လား.."
"မဟုတ်ပါဘူး.."
ရီစစဖြင့် ပြောသည့်အခါ ကမန်းကတမ်းထရန် လုပ်သော ထိုတစ်ယောက်သည် မြှောက်ထားသော လက်တို့ကြောင့် အားယူရန်အတော်ကြိုးစားနေရသည်။ ခရီးမရောက်ဖြစ်နေရသဖြင့် လက်အားကမ်းပေးသောအခါ မျက်ဝန်းဝိုင်းတို့တွင် နားမလည်ဟန်အရိပ်တို့က ဖြတ်ပြေးသွားသည်။
"ငါ့လက်ကိုကိုင်လိုက်..."
တစ်ချိန်လုံး ခေါင်းပေါ်သို့ မြှောက်ကိုင်ထားသည့် ထယ်ယောင်း၏ ကင်းဗတ်အသေးလေးအား လက်ထဲသို့ အတင်းထိုးပေးသောအခါ စိတ်ထဲမှအနည်းငယ် နှမြောတသဖြစ်သွားရသည်။
မထုံတထေးလေးက ကပ်စီးနည်းတယ်။
"မင်းအဝတ်တွေလည်း ရေစိုကုန်တော့ ငါတို့ပန်းချီဆက်ဆွဲလို့ မရတော့ဘူး
တမင်လုပ်တာတော့ မဟုတ်ဘူးမလား"
တစ်ကိုယ်လုံး ရေစိုသည့်တိုင် ကင်းဗတ်လေးအား ရေမစိုအောင် မြှောက်ကိုင်ထားသော ကောင်လေးအား စနောက်သည့်အခါတွင် အံ့အားသင့်ဖွယ်အဖြေကို ပေးသည်။
"ရေထဲခြေချော်ကျသွားရင် ဘယ်လိုဖြစ်မလဲ သိချင်တာ"
"အခုသိရပြီလား"
"အင်း ပျော်စရာမကောင်းဘူး"
အဟက်..
ငါကပိုပျော်စရာမကောင်းပါဘူး
ပန်းချီဆွဲမယ့် နေ့တစ်နေ့က ပျက်စီးသွားပြီ
ဒါပေမဲ့ ထူးဆန်းတာက စိတ်ပျက်အားလျော့သော ခံစားချက်ဖြစ်မနေဘူး။ သူသည်လည်း ဒီထူးဆန်းတဲ့ကောင်လေးကြောင့် လိုက်ထူးဆန်းနေပြီ ထင်ပါသည်။
"ဒီနားမှာ ငါတို့သွားလို့ရတဲ့ နေရာရှိတယ်
ပစ္စည်းတွေကို ငါပဲကိုင်ခဲ့မယ်.."
ရေစက်လက်နှင့် ထိုတစ်ယောက်သည် ထယ်ယောင်းပြောသည်အား ဂရုမစိုက်သလို ပတ်ဝန်းကျင်ကို ငေးနေပြန်သည်။
"သွားမယ်.."
ပခုံးပေါ်သို့ ကျရောက်လာသော အဝတ်တစ်ခု၏ အထိအတွေ့ကြောင့် မော့ကြည့်မိချိန်တွင် ပတ်ထားသော အဝတ်စတို့အားဖယ်ရှားခံထားရသည့် ကင်းဗတ်စများအား ထိုသူမြှောက်ပြကာ သွားရန်ပြောသည်။
"နေမကောင်းမဖြစ်စေနဲ့..."
________________________
"ကျွန်တော်တို့ ဘယ်အထိဆက်သွားမှာလဲ မစ္စတာ"
လမ်းဟူ၍မရှိသော မြက်ခင်းပြင်ကြီးနှင့် ခြုံနွယ်၊ သစ်ပင်ကြီးများသာ တွေ့နေရသည်အထိ လျှောက်နေသော ထိုသူ့ကိုမေးမိတော့ အသာအယာခေါင်းငြိမ့်ပြသည်မှလွဲ ဘာစကားမှမဆိုလာ။
ခပ်ဝေးဝေးသို့ မျှော်ကြည့်ချိန်တွင် တောင်နံရံတချို့ကိုလည်း တွေ့ရသည်။ ဒီလောက်ခေါင်တဲ့နေရာမျိုးကို သူ့တစ်သက်မရောက်ဖူးခဲ့ဟု ပြန်တွေးမိသည်။ ဒီလူဘယ်ကို ခေါ်သွားနေတာပါလိမ့်။
"မောနေပြီလား
ရှေ့ဆိုရောက်တော့မယ်"
"မမောပါဘူး"
"ရောက်ပြီ"
ခြုံနွယ်တို့ထဲမှ ထွက်လာချိန်တွင် မြင်ရသည့်အရာကိုမှ မယုံနိုင်ဖြစ်ရသည်။
ဂေါ့သစ်လက်ရာဟန်နှင့် ဘုရားရှိခိုးကျောင်းကြီးတစ်ခု။ တောအုပ်ကြီးထဲတွင် တည်ရှိသော ဘုရားကျောင်းကြီးက အနည်းငယ်တော့ သံသယဝင်စရာ ကောင်းလှသည်။ ဘာလို့များ ဒီလိုနေရာမျိုးမှာ ဆောက်ထားသလဲဟု မတွေးနိုင်ပင် ဖြစ်ရသည်အထိ။
ရှေးကျလှသော ထိုအဆောက်အအုံတစ်ဝိုက်တွင် လူသူကကင်းမဲ့နေဟန်ရကာ တိတ်ဆိတ်နေသည်။ မပြောမဆိုနှင့် ဘုရားရှိခိုးကျောင်းကြီး၏ တံခါးမကြီးအား တွန်းဖွင့်ကာ လျှောက်ဝင်သွားသူသည် ဒီနေရာနှင့် အလွန်ရင်းနှီးနေဟန်ရသည်။
မှောင်မိုက်နေသော ဝတ်ပြုဟောခန်းကြီးထဲတွင် ခုံတန်းတို့က အလွတ်အတိုင်းတည်ရှိနေသည်။ ပုံမှန်ဆိုလျှင် ဝတ်ပြုဆုတောင်းသူတို့က ဤနေရာတွင်ထိုင်ကာ အပြစ်ကြွေးများကြေရန် (သို့မဟုတ်) လိုအင်ဆန္ဒများပြည့်ဝရန် ဆုတောင်းနေလောက်မည်။
ဟောခန်း၏ ထိပ်ဆုံးတွင် ခရစ်တော်အား လက်ဝါးကပ်တိုင်တွင် ချိတ်ဆွဲထားသည်ကိုလည်း မြင်ရသည်။ ဘေးပတ်လည်မှ ရောင်စုံမှန်ကူကွက်တို့တွင် သမ္မာကျမ်းစာလာ ဇာတ်ဝင်ခန်းတို့အားလည်း ပုံဖော်ထားသည်နှင့်အတူ အလင်းကျရောက်ရာတစ်ခုတည်းသော အရင်းအမြစ်သည် ထိုမှန်ကွက်တို့မှ ဖြစ်သည်။
ထိုပန်းချီဆရာက သယ်ဆောင်လာသော ပစ္စည်းတို့အား နောက်ဆုံးခုံတန်းပေါ်သို့ ချသည့်အခါ ကင်းဗတ်စ်ဘောင်၏ ရိုက်ခတ်သံက ဟောခန်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ရှေ့တူရူဆီသို့ လျှောက်လှမ်းသွားသော ထယ်ယောင်း၏ဖိနပ်ထိပ်ဖျားနှင့် ကြမ်းပြင်ထိခတ်သံတို့က ကျယ်လောင်နေသလို သူ၏စိတ်အတွင်းမှ မွန်းကြပ်သံသည်လည်း ကျယ်လောင်လာသည်။ ထိုသူဦးတည်ရာနေရာအား လိုက်ကြည့်မိရာတွင် တစ်စုံတစ်ခုက သူ၏အာရုံတို့ကို ဖမ်းယူသွားသည်။
မဟူရာရောင် စန္ဒရားတစ်လုံး...
အုပ်စုဖွဲ့ ဓမ္မတေးသီဆိုရာတွင် သုံးသည့် စန္ဒရားဖြစ်ရမည်။
ရုတ်ချည်း သူ့ဘက်သို့ ပြန်လှည့်လာသော ကျောပြင်ကျယ်နှင့် မျက်ဝန်းညိုတို့ကြောင့် ဂျောင်ဂု၏ လှမ်းနေဆဲ ခြေလှမ်းက ရပ်တန့်သွားရသည်။
ဘုရားကျောင်းပတ်လည်သို့ လိုက်လံကြည့်ရှုနေသော ထိုသူက တွေးဆဆဟန်နှင့် ဂျောင်ဂုအား တစ်ချက်ကြည့်ကာ ပြောသည်။
"မင်း လျို့ဝှက်ချက်တစ်ခုကို သိချင်လား"
"ဟင့်အင်း မသိချင်ဘူး"
ချက်ချင်းငြင်းလိုက်သော စကားအား ပျက်ရယ်ပြုကာ ထိုသူက ဆက်ပြောသည်။
"အဲ့ဒါဆို ငါပြောပြမယ်" တဲ့လေ
ဂျောင်ဂုက သူတစ်ပါးရဲ့လျို့ဝှက်ချက်တွေကို မသိချင်တတ်ဘူး။ အပေးရှိရင် အယူရှိရသလိုမျိုး အဲ့လူက အလကားပြောပြမှာ မဟုတ်လောက်ဘူးလေ။ သူများအတွင်းရေးကိုလည်း မသိချင်ဘူး။
ရှင်းရှင်းပြောရရင် ကိုယ့်အကြောင်းကိုလည်း ပြန်မပြောပြချင်ပါဘူး။
"ဒီဘုရားကျောင်းက စစ်စတာကြီးက ငါ့ကိုမွေးစားခဲ့တာ..
အနောက်မှာရှိတဲ့ ခြံဝန်းက ငါငယ်ငယ်က ဆော့နေကြခြံဝန်းလေ
ငါဒီနေရာကို အပြင်လူတစ်ယောက်ကိုမှ မပြောဖူးဘူး မင်းပထမဆုံးပဲ.."
မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ပြီး ပြောလာတဲ့လူကို ဂျောင်ဂုမကြိုက်ပါဘူး။ အကြည့်တွေထဲက ပြောနေတာ အခုမင်းအလှည့်ပဲတဲ့။
သူထင်နေတဲ့ အတိုင်းပါပဲ။
ခဏအကြာမှာ အဲ့လူက ပြုံးနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုစိုက်ကြည့်လာတယ်။
"အခုငါ့လျို့ဝှက်ချက်ကို နားထောင်ပြီးပြီ ဆိုတော့ မင်းပြောရမယ့်အလှည့်ပဲ ကောင်လေး"
ဒီလူက တအား လူလည်ကျတာပါပဲ။
"ကျွန်တော် ပီယာနိုတီးချင်တယ်"
ထယ်ယောင်း ပြောသမျှကို အာရုံရောက်ဟန်မတူတဲ့ ကောင်လေးက ဘုရားကျောင်းရှေ့တန်းက ပီယာနိုကို မျက်စိမလွှဲပဲ ပြောလာသည်။ အဆက်အစပ်မရှိပေမဲ့လည်း ခေါင်းငြိမ့်လိုက်ရတာပါပဲ။ ဘာလို့မှန်းမသိပဲ စပ်စုလေ့မရှိတဲ့ ထယ်ယောင်းက ဒီကောင်လေးအကြောင်းတွေကို သိချင်နေရသည်။
A/N: တိုသွားပါတယ် ဆောရီးပါ 🙆🏻♀️🤍
[Zawgyi]
မရပ္မနားေမာင္းႏွင္ေနေသာ ကားကေလးသည္ အပင္အိုႀကီးမ်ား အုံ႔ဆိုင္းေပါက္ေရာက္ေနေသာ ေတာလမ္းကေလးကို ျဖတ္ကာ ေနၾကာပန္းခင္းႀကီးအနားတြင္ ရပ္တန္႔သြားသည္။
"ကြၽန္ေတာ္တို႔ ေရာက္ၿပီလား"
ခါးပတ္အားျဖဳတ္ကာ ဆင္းရန္ျပင္မိေတာ့ သူ႔လက္ေမာင္းအား သန္မာေသာ လက္တစ္စုံက ျပန္ဆြဲယူသည္။
"မေရာက္ေသးဘူး မဆင္းနဲ႔ဦး"
ခဏကားရပ္ေသာ ထယ္ေယာင္းသည္ အိတ္ကပ္ထဲရွိ မီးျခစ္ႏွင့္အတူ စီးကရက္တစ္လိပ္အား ထုတ္ယူသည္။ အထက္တန္းက်ေသာ ကိုယ္ဟန္အမူအရာႏွင့္ ထိုသူက စီးကရက္အား ရႈိက္ဖြာလိုက္ေသာအခါ ျပာမႈန္တို႔ႏွင့္အတူ အခိုးအေငြ႕တို႔က ပ်ံ႕ႏွံ႔သည္။
စီးကရက္အနံ႔ကို မႏွစ္ၿမိဳ႕ေသာ သူ၏အဆုတ္ထဲသို႔ပင္ ထိုအဆိပ္အေတာက္ေလတို႔က ေရာက္လာသည့္အခါ ေခ်ာင္းကိုဟန္႔ရင္း တြန္းထုတ္ရေတာ့သည္။
ထိုအျခင္းအရာကို ျမင္သည့္အခါ ထယ္ေယာင္းသည္ မ်က္ခုံးတစ္ခ်က္ပင့္ျပကာ ရႈိက္ထားေသာ အေငြ႕မ်ားကို သူႏွင့္ေဝးရာဆီသို႔ ရွဴထုတ္သည္။
"မင္းက စီးကရက္အနံ႔ကို မခံႏိုင္ဘူးလား"
"နည္းနည္းပါ
ကိစၥမရွိပါဘူး"
ဘာမွမျဖစ္ဟန္ လက္ကိုကာျပကာ ေျပာသည္ကို ျမင္ေသာအခါ မ်က္ခုံးတို႔က မသိလိုက္ပါဘဲ တြန္႔ခ်ိဳးမိျပန္သည္။
"အားနာစရာေတြ ျဖစ္ကုန္ၿပီပဲ"
ေျပာၿပီးသည္ႏွင့္ စီးကရက္မီးအား ကားေပၚရွိ ျပာခြက္ကေလးထဲသို႔ ႏွစ္ကာ ဖြဖြဖိေခ် ျငႇိမ္းသတ္ေသာ ထိုသူသည္ လူႀကီးလူေကာင္းဟန္သို႔ ျပဳမူသည္။
ထို႔ေနာက္ သူရွိရာဆီသို႔ မ်က္ဝန္းစိမ္းတို႔က ေသခ်ာစြာ ၾကည့္ရႈေနသည့္အခါ ေက်ာ႐ိုးတစ္ေလွ်ာက္စိမ့္တက္ လာရေသာ ခံစားမႈေၾကာင့္ လက္ဖ်ားတို႔က ေအးစျပဳလာရသည္။ ထိုသူ၏ အၾကည့္မ်ားက သူ႔အားၾကည့္ရႈေနျခင္းသာ မဟုတ္ပဲ သူမွတစ္ဆင့္ စိတ္ဝိဉာဥ္အား ေဖာက္ခြင္းကာ ေလ့လာေနသလိုမ်ိဳး။
ထိုမ်က္လုံးမ်ိဳးကို သူေၾကာက္သည္။
တစ္ဖက္လူကို လုံၿခဳံမႈမရွိျခင္းကို ခံစားရေစေသာ မ်က္ဝန္းေတြ။
"ခင္ဗ်ား ဘာေျပာခ်င္လို႔လဲ"
မဝံ့မရဲေမးမိေသာအခါ ထိုသူက ခပ္ဟဟတစ္ခ်က္ရီသည္။
"အိုး မင္းကလူေတြကို ေၾကာက္တတ္တာလား"
"ဒါမွမဟုတ္ ငါ့ကိုလား"
ေအးေဆးစြာေမးေသာ ထယ္ေယာင္း၏အသံကို ၾကားရေသာအခါ ေဂ်ာင္ဂု၏စိတ္တို႔က ပိုရႈပ္ေထြးလာရသည္။ ဒီလူဘာေျပာခ်င္တာပါလိမ့္။
"မစၥတာက ဘာေျပာ..ခ်င္လို႔လဲ"
မ်က္ဝန္းဝိုင္းကေလးမ်ားအား တျဖတ္ျဖတ္ခတ္ကာ စူးစမ္းဟန္ေမးေသာ ထိုေကာင္ေလးကို ၾကည့္ရင္း ပိုမိုစေနာက္ခ်င္လာရသည္။
"ဘယ္သူ႔ကိုပဲ ေၾကာက္ေၾကာက္ ကိစၥမရွိဘူးလို႔..."
"အခုကားေပၚကဆင္းေတာ့.."
ထယ္ေယာင္းစကားအဆုံးတြင္ အမိုးပြင့္ကားကေလးေပၚမွ စပ္စုေနေသာ တစ္စုံတစ္ေယာက္၏ မ်က္ဝန္းတို႔က ပိုမိုျပဴးက်ယ္သြားရသည္။ ထိုသူ႔၏ မ်က္ႏွာအား အကဲခတ္ၾကည့္ျပန္ေတာ့ တစိုးတစိမွ်ပင္ ေျပာင္းလဲမသြားေသာ မ်က္ႏွာထားႏွင့္ သူသည္ လက္ပိုက္ကာၾကည့္ေနသည္။
ေဂ်ာင္ဂု၏စိတ္ထဲတြင္ လာခဲ့ေသာ လမ္းကေလးတစ္ေလွ်ာက္၏ ေဘးပတ္ဝန္းက်င္အား ျပန္လည္ပုံေဖာ္ေနမိသည္။ တစ္လမ္းလုံးကို ေဘးဘီဝဲယာၾကည့္ေနခဲ့ေသာ သူက တကယ္တမ္း အာ႐ုံမစိုက္မိသျဖင့္ မမွတ္မိပါ။ ဒီလမ္းကေလးအတိုင္း ေနာက္ျပန္ေလွ်ာက္သြားလွ်င္ေတာ့ တစ္ေနရာရာေရာက္ေလာက္မည္ ထင္ရပါသည္။
"ဒီနားမွာ ဘတ္စ္ကားဂိတ္ရွိလား မစၥတာ"
"မရွိဘူး ဘာလို႔ေမးတာလဲ"
"ကြၽန္ေတာ္....အိမ္ျပန္မလို႔ေလ"
မ်က္ႏွာထားတည္တည္ေလးႏွင့္ ဆိုလာျခင္းေၾကာင့္ ထယ္ေယာင္းမွာ က်ယ္ေလာင္စြာ အားပါးတရ ရီေမာမိေတာ့သည္။ ဒီလိုမရီျဖစ္တာ ၾကာၿပီပဲ။
"မင္းကို ဘယ္သူက ျပန္ခိုင္းလို႔လဲ
ငါသြားမဲ့ေနရာက လမ္းေလွ်ာက္မွ ရမွာမလို႔ေလ"
"သြား ဟိုအပင္ရိပ္ေအာက္မွာ ေစာင့္ေန
ေနပူတယ္"
ထယ္ေယာင္းက ရီရီေမာေမာႏွင့္ ေျပာေသာအခါ ေနေရာင္ႏုႏုတို႔ေအာက္မွ နီရဲရဲပါးျပင္မ်ားပိုင္ရွင္သည္ အလ်င္အျမန္ေျပးထြက္ကာ ကားရွိရာဘက္အား ေက်ာခိုင္းထားသည္။
ပစၥည္းမ်ားအား သယ္ေနရင္းမွ ဆံႏြယ္ညိဳတို႔ၾကားမွ နီစစနား႐ြက္ဖ်ားမ်ားကို ျမင္ေယာင္မိသည့္အခါ ထယ္ေယာင္း၏ႏႈတ္ခမ္းေထာင့္စြန္းတို႔က ျပန္လည္ေကာ့တက္ကာ အၿပဳံးတို႔ကို ျဖစ္ေစျပန္သည္။
ေန၏အလင္းဓာတ္အား ခံယူကာ အစြမ္းကုန္ပြင့္လန္းေနၾကေသာ ေနၾကာပန္းကေလးမ်ားသည္ အၿမဲတေစ ေနမင္းႀကီးအား မ်က္ႏွာမူသည္။ ေနမင္းႀကီး၏ အပူရွိန္ ျပင္းထန္သည္ျဖစ္ေစ၊ ယုတ္ေလ်ာ့သည္ျဖစ္ေစ မ်က္ႏွာမူကာ ဖူးပြင့္ေနမည္ပင္ ျဖစ္သည္။
ေနၾကာပန္းခင္းႀကီး၏ နံေဘးမွ ေျမနီလမ္းကေလးသည္ ပုံမွန္ဆိုလွ်င္ လူသူအေရာက္အေပါက္နည္းပုံရသည္။ ျမက္႐ိုင္းႏွင့္ ေပါင္းပင္တို႔က လမ္းကေလး၏ ေျမနီနီမ်ားၾကားတြင္ တစ္စတစ္စရွိေနသည္။
လူသူအေရာက္အေပါက္နည္းဟန္ရသည့္ ထိုေျမနီလမ္းေလးေပၚတြင္ လူႏွစ္ေယာက္က တိတ္ဆိတ္စြာ ေလွ်ာက္လွမ္းေနၾကသည္။ ေရွ႕ရွိလူက ပစၥည္းအေတာ္မ်ားမ်ားကို သယ္ကာခပ္ေျဖးေျဖးေလွ်ာက္ေနသလို ေနာက္မွလူသည္ ေခါင္းကိုငုံ႔ခ်ကာ ေျခေခ်ာင္းေလးမ်ားအား ၾကည့္ရင္းေလွ်ာက္ေနသည္။
ေနေရာင္ေအာက္မွ ထိုအရိပ္ႏွစ္ခုသည္ လူအရႏွစ္လွမ္းခန္႔သာေဝးေသာ္လည္း အရိပ္တို႔က မိုင္ေပါင္းလြန္စြာျခားနားေနဟန္။
ေနေရာင္ျခည္ၿဖိဳးၿဖိဳးျဖက္ျဖက္က သာယာေသာအလင္းဟန္ကို ေပးစြမ္းသည္ႏွင့္အတူ အပူရွိန္ျပင္းျပင္းတို႔ကိုပါ ျဖစ္ေပၚေစေသာအခါ ေမာပန္းႏြမ္းနယ္မႈကိုပါ ခံစားရေစသည္။
ကင္းဗတ္စ္ႀကီးမ်ားအား ေသတၱာေလးေပၚတြင္ ေမွာက္တင္ကာ သယ္လာေသာ ထယ္ေယာင္းသည္ေဘးရွိလူအား သတိတရၾကည့္မိေသးသည္။
ေခြၽးမ်ားပင္စို႔ေနၿပီျဖစ္ေသာ ေပကပ္ကပ္ေကာင္ေလး၏ မ်က္ႏွာကို ျမင္ရသည့္အခါ အတင္းအက်ပ္လုကိုင္ထားေသာ ကင္းဗတ္အေသးေလးအား မေျပာမဆို ဆြဲယူသည္။
"ဒါေလးေတာ့ ကြၽန္ေတာ္ကိုင္ႏိုင္ပါတယ္ မစၥတာ"
"မင္းမွာေခြၽးေတြနဲ႔.."
ထိုသို႔ေျပာေသာ သူ၏မ်က္ႏွာတြင္ေရာ၊ လည္ပင္းတစ္ေလွ်ာက္တြင္ပါ ေခြၽးစက္တို႔က စီးက်ေနကာ ပ်ားရည္ေရာင္အသားအရည္က ေနေရာင္ေအာက္တြင္ပင္ တလက္လက္ျဖစ္ေနသည္။
ေသြးေၾကာတို႔ယွက္ျဖာေနေသာ လည္တိုင္တစ္ေလွ်ာက္ ျမစ္တစ္စင္းသဖြယ္ စီးဆင္းသြားသည္ကို ျမင္ရေသာအခါ ဘာမဆိုင္ညာမဆိုင္ပင္ ေလထုႀကီးက အိုက္စပ္စပ္ျဖစ္လာကာ မ်က္ႏွာပူရသည္။
ေခ်ာင္းအသာဟန္႔ရင္း အေတြးတို႔ကို ၿငိမ္သက္ေစၿပီးမွ တစ္ဖန္ျပန္ၾကည့္ေတာ့ ထိုပန္းခ်ီဆရာက သူႏွင့္ခပ္လွမ္းလွမ္းတြင္ပင္ ေရာက္ေနေလၿပီ။
ေျခလွမ္းတို႔အား သြက္သြက္လွမ္းရင္း လိုက္ေလွ်ာက္လာတုန္း တစ္ေနရာတြင္ ထိုသူက ရပ္တန္႔သြားသည္မို႔ သူ႔မွာမနည္းအရွိန္သတ္လိုက္ရသည္။
ေဘးပတ္ဝန္းက်င္ေနေရာင္ျပင္းျပင္းဆီမွ အရိပ္ထဲသို႔ ခိုဝင္လိုက္ရေသာအခါ ေလႏုေအးေလးက ဆံႏြယ္တို႔အား ျဖတ္တိုက္သြားရင္း ေနာက္က်ိပူျပင္းေနေသာ စိတ္တို႔ပါလန္းဆန္းသြားရသည္။
ယခုမွ ေသခ်ာအကဲခတ္ၾကည့္ရႈမိခ်ိန္တြင္ အုပ္ဆိုင္းဆိုင္း သစ္ပင္ႀကီးငယ္တို႔က လက္ညိဳးထိုးမလြဲ။ လမ္းေလး၏အေရွ႕တည့္တည့္သို႔ ထိုသူကလက္ညႇိဳးၫႊန္ျပသည့္အခါ နက္ရႈိင္းလွေသာ ေတာအုပ္၏အလယ္တြင္ ေတးသံသာတို႔ အစီအရီထြက္ေပၚလာရာကို ေတြ႕ျမင္ရသည္။
စမ္းေခ်ာင္းေလးတစ္ခု။
ၾကည္ျမေသာ ေရျပင္ေလးမွ အသံသာသာတို႔က စီးဆင္းေနကာ စိတ္ေရာလူပါ ေအးခ်မ္းသြားေစသည္။ တိမ္လ်ေသာ ေရျပင္ေၾကာင့္ ေအာက္ေျခဆီမွ ေက်ာက္တုံးကေလးမ်ား ေရစီးႏွင့္အတူ တလိမ့္လိမ့္ေ႐ြ႕လ်ားေနသည္ကို ျမင္ေနရသည္။ သစ္႐ြက္အုပ္အုပ္မ်ားၾကားမွ ေနေျပာက္ကေလးမ်ားက မွန္ေရျပင္ေပၚသို႔ အရိပ္ထင္ေသာအခါ စမ္းေခ်ာင္းေဘးမွ သူတို႔ႏွစ္ဦး၏ မ်က္ႏွာေပၚတြင္ အလင္းကြက္မ်ားက ျဖာက်သည္။
ပန္းခ်ီပစၥည္းမ်ားႏွင့္ ဘယ္လိုမ်ားကူးရပါ့မလဲ ဟုေတြးမိခ်ိန္ႏွင့္ တစ္ဆက္တည္းပင္ ထယ္ေယာင္းက တစ္ေနရာသို႔လွမ္းၾကည့္လိုက္သည္အား ေတြ႕ရသည္။
ေရေပၚတြင္ အစီအရီေပၚေနေသာ ေက်ာက္စီလမ္းကေလး...
ေက်ာက္တုံးတို႔အား ခပ္ႀကဲႀကဲခ်ထားကာ ထိုေက်ာက္တုံးတို႔သည္ ေရညႇိအလိမ္းလိမ္းကပ္ေနသည္။ တိမ္ေသာေရေၾကာင့္ နစ္ျမဳပ္မွာကို စိုးရိမ္စရာမလိုလွေသာ္လည္း ပန္းခ်ီပစၥည္းမ်ားအား သိမ္းႀကဳံးကိုင္ေဆာင္ထားေသာ ထိုသူ႔အတြက္ေတာ့ အနည္းငယ္စိတ္ပူမိရသည္။
ေဂ်ာင္ဂု၏စိတ္အတြင္းမွ စိုးရိမ္မႈအစြန္းအစေလးကို ရိပ္မိေသာသူက အသာအယာေခါင္းညိမ့္ျပကာ သူ႔အားအရင္သြားေစသည္။
"ဂ႐ုစိုက္သြား.."
ေခါင္းညိမ့္မိသလား၊ ေခါင္းခါမိသလားပင္ မသိ သူ၏မသိစိတ္က ထိုေက်ာက္တုံးကေလးမ်ားေပၚသို႔ ျဖတ္ခ်င္ေဇာတစ္ခု ကပ္ညႇိေနသည္။ ေရေအးျမျမ၏ အထိအေတြ႕ကိုလည္း ခံစားခ်င္သည္။ ေျခမ်ားတစ္ခ်က္ယိုင္သြားေလမလား ဟု ေတြးမိရင္း ေနာက္ေက်ာက္တုံးေလးတစ္ခုဆီ အားယူကာလွမ္းမိသည္။
ကံၾကမၼာက သူ႔ဘက္မွာပဲ...။
ဤတစ္လွမ္းတြင္ သူေျခေခ်ာ္သြားသည္။
တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္တြင္ ေရစီးသံႏွင့္အတူ ဗလုံးဗေထြးအသံတစ္ခုအား ၾကားရသည္။ လူတစ္ေယာက္၏ စကားေျပာသံ...၊ ေအးျမစိုစြတ္ေသာ အထိအေတြ႕၊ သစ္ကိုင္းတစ္ခုေပၚမွ ေျပးေလွ်ာက္လာသံ၊ အလန္႔တၾကားေအာ္လိုက္သံ၊ ထိုလူက အနည္းငယ္ စိုးထိတ္ေနသလို ေလသံက တုန္ရီရီႏွင့္ သူ႔နားစည္အား ႐ိုက္ခတ္သည္။
ၿပီးေတာ့ သူဘာမွမၾကားေတာ့ဘူး။
႐ုတ္တရတ္အသိအရ မွိတ္က်ေနေသာ မ်က္ဝန္းတို႔အား ဖြင့္ဟမိသည့္အခါ ေတြ႕ျမင္ရသည္က မည္သည့္စကားတစ္ခြန္းမွ မဆိုပဲ ရပ္တန္႔ေနေသာ ထိုလူကိုသာ။
ခုနက သူၾကားခဲ့ေသာ အသံအားလုံးသည္ စိတ္ထင္ေယာင္ထင္မွား ျဖစ္တည္မႈပဲေလလား။
ထယ္ေယာင္း၏ မ်က္စိေရွ႕တြင္ ေက်ာက္တုံးတို႔ေပၚသို႔ နင္းျဖတ္ေနေသာ ထိုေကာင္ေလးသည္ အလြန္ဂ႐ုထားမႈကင္းမဲ့သည္။ ေရညႇိတို႔ျဖင့္ ေခ်ာေနေသာ အရာတစ္ခုကို နင္းေလွ်ာက္သူတိုင္းသည္ အနည္းငယ္ေတာ့ ဟန္ခ်က္ထိန္းၾကစၿမဲျဖစ္သည္။ သို႔ေသာ္ ထိုတစ္ေယာက္သည္ ပုံမွန္ေျမျပင္ကဲ့သို႔သာ ေလွ်ာက္သြားသည္။
ထိုသူ၏စိတ္အေတြးတို႔က မည္သို႔ရွိမည္ မသိရေသာ္လည္း ထိုေကာင္ေလးကို ၾကည့္မိတိုင္း ထယ္ေယာင္းခံစားရသည္ တစ္ခုရွိသည္။
အားမရေသာ စိတ္...။
ဘဝကို ေကာင္းေကာင္းရွင္သန္စမ္းပါ ဟု ေျပာခ်င္ေသာစိတ္။ သို႔ေပမဲ့ သူသည္လည္း ထိုသို႔ေျပာဆိုစြက္ဖက္ႏိုင္ေသာ အေနအထားတြင္မရွိ။
အေတြးတို႔က ပ်ံ႕လြင့္ေနမိစဥ္ မတ္မတ္ေလွ်ာက္ေနေသာ ခႏၶာကိုယ္ေလးက ယိမ္းယိုင္သြားသည္ကို ေတြ႕လိုက္ရသည္။ အလ်င္အျမန္ဖမ္းဆုပ္ခ်င္သည့္ဆႏၵတစ္ခုကို လက္ကိုင္ထားပါေသာ သူက အေျပးအလႊားသြားမိကာ လက္ထဲကပစၥည္းမ်ားပင္ မည္သည့္အခ်ိန္က ခ်မိသည္မသိ။
မ်က္လုံးတို႔အား မွိတ္သြန္ကာထားေသာ ထိုေကာင္ေလးသည္ စမ္းေခ်ာင္းတိမ္ေလးထဲတြင္ မလႈပ္မယွက္ထိုင္ကာေနသည္။ အၿမဲတေစ ပြပြေလးျဖစ္ေနတတ္ေသာ ဆံႏြယ္ႏုယဥ္ယဥ္တို႔က ယခုေတာ့ ေရစက္မ်ားႏွင့္အတူ ျဖဴစစပါးျပင္တြင္ ကပ္ကာေနသည္။ မ်က္ေတာင္ရွည္တို႔မွ အဖ်ားခိုေနေသာ ေရစက္ကေလးသည္ ပါးမို႔မို႔မွ စီးဆင္းလာကာ ေလးကိုင္းသဖြယ္ ႏႈတ္ခမ္းေလး၏ ေထာင့္စြန္းတြင္နားခိုသည္။
ထိုေရစက္ကေလးက မွဲ႔နက္ကေလးအား ျဖတ္သန္းကာ ရွပ္အက်ႌအျဖဴထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားေသာအခါ ေျခာက္လာေသာ လည္ေခ်ာင္းေၾကာင့္ တံေထြးပူတို႔ကို ၿမိဳခ်ကာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ရသည္။
သူကအရမ္းအႏၲရာယ္မ်ားတဲ့ လူတစ္ေယာက္။ အခက္မသင့္ရင္ နစ္ျမဳပ္သြားႏိုင္တဲ့အထိ အႏၲရာယ္မ်ားတဲ့ ဝဲဂယက္။
အၾကည့္တို႔ကိုခပ္ေျဖးေျဖးလႊဲမိခ်ိန္တြင္ ထိုသူ၏ စၾကဝဠာၾကယ္စုတို႔ ေပါင္းယွက္ရာ အလင္းဆြဲငင္အားျပည့္ေသာ မ်က္ဝန္းတို႔က ပြင့္ဟလာသည္။ ယခုအထိ ထိုအတိုင္းထိုင္ေနေသာ ေကာင္ေလး၏လက္မ်ားက ေခါင္းအေပၚသို႔သာ ေျမႇာက္ထားသည္ကို ေတြ႕ရခ်ိန္တြင္ေတာ့ ထယ္ေယာင္း၏စိတ္က အလြန္႐ႊင္ျမဴးလာရသည္။
"အဲ့အတိုင္း ထိုင္ေနေတာ့မလို႔လား.."
"မဟုတ္ပါဘူး.."
ရီစစျဖင့္ ေျပာသည့္အခါ ကမန္းကတမ္းထရန္ လုပ္ေသာ ထိုတစ္ေယာက္သည္ ေျမႇာက္ထားေသာ လက္တို႔ေၾကာင့္ အားယူရန္အေတာ္ႀကိဳးစားေနရသည္။ ခရီးမေရာက္ျဖစ္ေနရသျဖင့္ လက္အားကမ္းေပးေသာအခါ မ်က္ဝန္းဝိုင္းတို႔တြင္ နားမလည္ဟန္အရိပ္တို႔က ျဖတ္ေျပးသြားသည္။
"ငါ့လက္ကိုကိုင္လိုက္..."
တစ္ခ်ိန္လုံး ေခါင္းေပၚသို႔ ေျမႇာက္ကိုင္ထားသည့္ ထယ္ေယာင္း၏ ကင္းဗတ္အေသးေလးအား လက္ထဲသို႔ အတင္းထိုးေပးေသာအခါ စိတ္ထဲမွအနည္းငယ္ ႏွေျမာတသျဖစ္သြားရသည္။
မထုံတေထးေလးက ကပ္စီးနည္းတယ္။
"မင္းအဝတ္ေတြလည္း ေရစိုကုန္ေတာ့ ငါတို႔ပန္းခ်ီဆက္ဆြဲလို႔ မရေတာ့ဘူး
တမင္လုပ္တာေတာ့ မဟုတ္ဘူးမလား"
တစ္ကိုယ္လုံး ေရစိုသည့္တိုင္ ကင္းဗတ္ေလးအား ေရမစိုေအာင္ ေျမႇာက္ကိုင္ထားေသာ ေကာင္ေလးအား စေနာက္သည့္အခါတြင္ အံ့အားသင့္ဖြယ္အေျဖကို ေပးသည္။
"ေရထဲေျခေခ်ာ္က်သြားရင္ ဘယ္လိုျဖစ္မလဲ သိခ်င္တာ"
"အခုသိရၿပီလား"
"အင္း ေပ်ာ္စရာမေကာင္းဘူး"
အဟက္..
ငါကပိုေပ်ာ္စရာမေကာင္းပါဘူး
ပန္းခ်ီဆြဲမယ့္ ေန႔တစ္ေန႔က ပ်က္စီးသြားၿပီ
ဒါေပမဲ့ ထူးဆန္းတာက စိတ္ပ်က္အားေလ်ာ့ေသာ ခံစားခ်က္ျဖစ္မေနဘူး။ သူသည္လည္း ဒီထူးဆန္းတဲ့ေကာင္ေလးေၾကာင့္ လိုက္ထူးဆန္းေနၿပီ ထင္ပါသည္။
"ဒီနားမွာ ငါတို႔သြားလို႔ရတဲ့ ေနရာရွိတယ္
ပစၥည္းေတြကို ငါပဲကိုင္ခဲ့မယ္.."
ေရစက္လက္ႏွင့္ ထိုတစ္ေယာက္သည္ ထယ္ေယာင္းေျပာသည္အား ဂ႐ုမစိုက္သလို ပတ္ဝန္းက်င္ကို ေငးေနျပန္သည္။
"သြားမယ္.."
ပခုံးေပၚသို႔ က်ေရာက္လာေသာ အဝတ္တစ္ခု၏ အထိအေတြ႕ေၾကာင့္ ေမာ့ၾကည့္မိခ်ိန္တြင္ ပတ္ထားေသာ အဝတ္စတို႔အားဖယ္ရွားခံထားရသည့္ ကင္းဗတ္စမ်ားအား ထိုသူေျမႇာက္ျပကာ သြားရန္ေျပာသည္။
"ေနမေကာင္းမျဖစ္ေစနဲ႔..."
________________________
"ကြၽန္ေတာ္တို႔ ဘယ္အထိဆက္သြားမွာလဲ မစၥတာ"
လမ္းဟူ၍မရွိေသာ ျမက္ခင္းျပင္ႀကီးႏွင့္ ၿခဳံႏြယ္၊ သစ္ပင္ႀကီးမ်ားသာ ေတြ႕ေနရသည္အထိ ေလွ်ာက္ေနေသာ ထိုသူ႔ကိုေမးမိေတာ့ အသာအယာေခါင္းၿငိမ့္ျပသည္မွလြဲ ဘာစကားမွမဆိုလာ။
ခပ္ေဝးေဝးသို႔ ေမွ်ာ္ၾကည့္ခ်ိန္တြင္ ေတာင္နံရံတခ်ိဳ႕ကိုလည္း ေတြ႕ရသည္။ ဒီေလာက္ေခါင္တဲ့ေနရာမ်ိဳးကို သူ႔တစ္သက္မေရာက္ဖူးခဲ့ဟု ျပန္ေတြးမိသည္။ ဒီလူဘယ္ကို ေခၚသြားေနတာပါလိမ့္။
"ေမာေနၿပီလား
ေရွ႕ဆိုေရာက္ေတာ့မယ္"
"မေမာပါဘူး"
"ေရာက္ၿပီ"
ၿခဳံႏြယ္တို႔ထဲမွ ထြက္လာခ်ိန္တြင္ ျမင္ရသည့္အရာကိုမွ မယုံႏိုင္ျဖစ္ရသည္။
ေဂါ့သစ္လက္ရာဟန္ႏွင့္ ဘုရားရွိခိုးေက်ာင္းႀကီးတစ္ခု။ ေတာအုပ္ႀကီးထဲတြင္ တည္ရွိေသာ ဘုရားေက်ာင္းႀကီးက အနည္းငယ္ေတာ့ သံသယဝင္စရာ ေကာင္းလွသည္။ ဘာလို႔မ်ား ဒီလိုေနရာမ်ိဳးမွာ ေဆာက္ထားသလဲဟု မေတြးႏိုင္ပင္ ျဖစ္ရသည္အထိ။
ေရွးက်လွေသာ ထိုအေဆာက္အအုံတစ္ဝိုက္တြင္ လူသူကကင္းမဲ့ေနဟန္ရကာ တိတ္ဆိတ္ေနသည္။ မေျပာမဆိုႏွင့္ ဘုရားရွိခိုးေက်ာင္းႀကီး၏ တံခါးမႀကီးအား တြန္းဖြင့္ကာ ေလွ်ာက္ဝင္သြားသူသည္ ဒီေနရာႏွင့္ အလြန္ရင္းႏွီးေနဟန္ရသည္။
ေမွာင္မိုက္ေနေသာ ဝတ္ျပဳေဟာခန္းႀကီးထဲတြင္ ခုံတန္းတို႔က အလြတ္အတိုင္းတည္ရွိေနသည္။ ပုံမွန္ဆိုလွ်င္ ဝတ္ျပဳဆုေတာင္းသူတို႔က ဤေနရာတြင္ထိုင္ကာ အျပစ္ေႂကြးမ်ားေၾကရန္ (သို႔မဟုတ္) လိုအင္ဆႏၵမ်ားျပည့္ဝရန္ ဆုေတာင္းေနေလာက္မည္။
ေဟာခန္း၏ ထိပ္ဆုံးတြင္ ခရစ္ေတာ္အား လက္ဝါးကပ္တိုင္တြင္ ခ်ိတ္ဆြဲထားသည္ကိုလည္း ျမင္ရသည္။ ေဘးပတ္လည္မွ ေရာင္စုံမွန္ကူကြက္တို႔တြင္ သမၼာက်မ္းစာလာ ဇာတ္ဝင္ခန္းတို႔အားလည္း ပုံေဖာ္ထားသည္ႏွင့္အတူ အလင္းက်ေရာက္ရာတစ္ခုတည္းေသာ အရင္းအျမစ္သည္ ထိုမွန္ကြက္တို႔မွ ျဖစ္သည္။
ထိုပန္းခ်ီဆရာက သယ္ေဆာင္လာေသာ ပစၥည္းတို႔အား ေနာက္ဆုံးခုံတန္းေပၚသို႔ ခ်သည့္အခါ ကင္းဗတ္စ္ေဘာင္၏ ႐ိုက္ခတ္သံက ေဟာခန္းတစ္ေလွ်ာက္ ပဲ့တင္ထပ္သြားသည္။
ေရွ႕တူ႐ူဆီသို႔ ေလွ်ာက္လွမ္းသြားေသာ ထယ္ေယာင္း၏ဖိနပ္ထိပ္ဖ်ားႏွင့္ ၾကမ္းျပင္ထိခတ္သံတို႔က က်ယ္ေလာင္ေနသလို သူ၏စိတ္အတြင္းမွ မြန္းၾကပ္သံသည္လည္း က်ယ္ေလာင္လာသည္။ ထိုသူဦးတည္ရာေနရာအား လိုက္ၾကည့္မိရာတြင္ တစ္စုံတစ္ခုက သူ၏အာ႐ုံတို႔ကို ဖမ္းယူသြားသည္။
မဟူရာေရာင္ စႏၵရားတစ္လုံး...
အုပ္စုဖြဲ႕ ဓမၼေတးသီဆိုရာတြင္ သုံးသည့္ စႏၵရားျဖစ္ရမည္။
႐ုတ္ခ်ည္း သူ႔ဘက္သို႔ ျပန္လွည့္လာေသာ ေက်ာျပင္က်ယ္ႏွင့္ မ်က္ဝန္းညိဳတို႔ေၾကာင့္ ေဂ်ာင္ဂု၏ လွမ္းေနဆဲ ေျခလွမ္းက ရပ္တန္႔သြားရသည္။
ဘုရားေက်ာင္းပတ္လည္သို႔ လိုက္လံၾကည့္ရႈေနေသာ ထိုသူက ေတြးဆဆဟန္ႏွင့္ ေဂ်ာင္ဂုအား တစ္ခ်က္ၾကည့္ကာ ေျပာသည္။
"မင္း လ်ိဳ႕ဝွက္ခ်က္တစ္ခုကို သိခ်င္လား"
"ဟင့္အင္း မသိခ်င္ဘူး"
ခ်က္ခ်င္းျငင္းလိုက္ေသာ စကားအား ပ်က္ရယ္ျပဳကာ ထိုသူက ဆက္ေျပာသည္။
"အဲ့ဒါဆို ငါေျပာျပမယ္" တဲ့ေလ
ေဂ်ာင္ဂုက သူတစ္ပါးရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြကို မသိခ်င္တတ္ဘူး။ အေပးရွိရင္ အယူရွိရသလိုမ်ိဳး အဲ့လူက အလကားေျပာျပမွာ မဟုတ္ေလာက္ဘူးေလ။ သူမ်ားအတြင္းေရးကိုလည္း မသိခ်င္ဘူး။
ရွင္းရွင္းေျပာရရင္ ကိုယ့္အေၾကာင္းကိုလည္း ျပန္မေျပာျပခ်င္ပါဘူး။
"ဒီဘုရားေက်ာင္းက စစ္စတာႀကီးက ငါ့ကိုေမြးစားခဲ့တာ..
အေနာက္မွာရွိတဲ့ ၿခံဝန္းက ငါငယ္ငယ္က ေဆာ့ေနၾကၿခံဝန္းေလ
ငါဒီေနရာကို အျပင္လူတစ္ေယာက္ကိုမွ မေျပာဖူးဘူး မင္းပထမဆုံးပဲ.."
မ်က္ဝန္းေတြကို တည့္တည့္စိုက္ၾကည့္ၿပီး ေျပာလာတဲ့လူကို ေဂ်ာင္ဂုမႀကိဳက္ပါဘူး။ အၾကည့္ေတြထဲက ေျပာေနတာ အခုမင္းအလွည့္ပဲတဲ့။
သူထင္ေနတဲ့ အတိုင္းပါပဲ။
ခဏအၾကာမွာ အဲ့လူက ၿပဳံးေနတဲ့ မ်က္ဝန္းေတြနဲ႔ သူ႔ကိုစိုက္ၾကည့္လာတယ္။
"အခုငါ့လ်ိဳ႕ဝွက္ခ်က္ကို နားေထာင္ၿပီးၿပီ ဆိုေတာ့ မင္းေျပာရမယ့္အလွည့္ပဲ ေကာင္ေလး"
ဒီလူက တအား လူလည္က်တာပါပဲ။
"ကြၽန္ေတာ္ ပီယာႏိုတီးခ်င္တယ္"
ထယ္ေယာင္း ေျပာသမွ်ကို အာ႐ုံေရာက္ဟန္မတူတဲ့ ေကာင္ေလးက ဘုရားေက်ာင္းေရွ႕တန္းက ပီယာႏိုကို မ်က္စိမလႊဲပဲ ေျပာလာသည္။ အဆက္အစပ္မရွိေပမဲ့လည္း ေခါင္းၿငိမ့္လိုက္ရတာပါပဲ။ ဘာလို႔မွန္းမသိပဲ စပ္စုေလ့မရွိတဲ့ ထယ္ေယာင္းက ဒီေကာင္ေလးအေၾကာင္းေတြကို သိခ်င္ေနရသည္။
A/N: တိုသြားပါတယ္ ေဆာရီးပါ 🙆🏻♀️🤍