Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒...

By May_Lin2003

471K 21.2K 883

🔹Unicode🔹 အသက်26နှစ်နဲ့မလိုက်အောင် မာကျောခက်ထန်တဲ့လုပ်ငန်းရှင်သူဌေးတစ်ယောက်က 15နှစ်အရွယ်9တန်းကျောင်းသားလေးက... More

Part - 1⚡
Part - 2 ⚡
Part - 3⚡
Part - 4⚡
Part - 5⚡
Part - 6⚡
Part - 7⚡
Part - 8⚡
Part - 9⚡
Part - 10⚡
Part - 11⚡
Part - 12⚡
Part - 13⚡
Part - 14⚡
Part - 15⚡
Part - 16 🔞🔞🔞
Part - 17⚡
Part - 18⚡
Part - 19⚡
Part - 20⚡
Part - 21⚡
Part - 22⚡
Part - 23⚡
Part - 24⚡
Part - 25⚡
Part - 26⚡
Part - 27⚡
Part - 28⚡
Part - 29⚡
Part - 30🔞🔞🔞
Part - 31⚡
Part - 32⚡
Part - 34⚡Final
New Fic 🤩

Part - 33⚡

9.1K 455 21
By May_Lin2003

🔹Unicode🔹

"သည်းငယ် ဦးမေးနေတယ်လေ အဲ့ကောင် ဘယ်သူလဲလို့"

ဦးသက်ဘုန်းနိုင်ကတော့ အာပေါက်မတတ်ပြောနေပေမယ့် ထင်ကတော့ရောက်ကထဲက တစ်ခွန်းမှပြန်မပြောဘဲ တမင်အမြင်ကပ်အောင် ရုပ်ကိုချေမိုးပြနေလေသည်။အဲ့လိုရုပ်ပြလေဦးသက်ဘုန်းနိုင်က ပို‌ဒေါသထွက်လေဖြစ်သည်။တမင်ချေမိုးပြနေတဲ့ရုပ်ကိုအမြင်ကပ်လို့တော့မဟုတ် သူ့အတွက်တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေပြန်တာကြောင့် ဆုံးရှုံးရမည်ဆိုးသောစိတ်ဖြင့် ဒေါသထွက်နေခြင်းဖြစ်သည်။

"သည်းငယ်!!!"

"ဘာလဲ!!!!!"

"ဦး မေးတာဖြေလေ မကြားဘူးလား"

"ဟုတ်တယ် မကြားဘူး"

"ဟာကွာ တောက်စ်!"

"ကျွန်တော့်ကို လာတောက်မခေါက်နဲ့"

"ဟုတ်ပြီ ဦးတောင်းပန်တယ် စိတ်မဆိုးနဲ့ ပြော အဲ့ကောင်‌ကဘယ်သူလဲ"

"ဒယ်ဒီ သုန်သုန်ပြောပြမယ်"

အစောကရေခဲမုန့်စားနေတဲ့ ဂျူးခက်သုန်က ၀င်ပြောလာသည်။4နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျူးခက်သုန် ခေါ် သုန်သုန်လေးက အခုဆိုစကားတွေပီပြီးတတ်လွန်းလို့ တစ်ချက်တစ်ချက်အဖေနှစ်ယောက်ကြား ဆေးထိုးတတ်လွန်းလို့ အခက်တွေ့နေရသည်။

"လာ ဒယ်ဒီကို ပြောပါအုံး သုန်သုန်လေးရဲ့"

ဦးသက်ဘုန်းနိုင် ထင့်လေးနားမှာ မတ်တပ်ရပ်နေရာကနေ ‌ဘေးနားကထိုင်ခုံတစ်ခုမှာ၀င်ထိုင်လိုက်သည်။သုန်သုန်ကလဲ ဦးသက်ဘုန်းနိုင်ပေါင်ပေါ်ထိုင်၍

"ဒယ်ဒီ အဲ့ဦးဦးကလေ သုန်သုန်က ဖေဖေ့သားဆိုရင် သူ့သားပဲတဲ့"

"သုန်သုန် မင်းနော် ရှောက်မပြောနဲ့"

ထင်က နှုတ်ခမ်းကိုဆူပုတ်၍ပြောလေသည်။

"ကလေးဆိုတာ မလိမ်တတ်ဘူး တကယ်ပြောလို့နေမှာပေါ့"

"ဟုတ်တယ် ဒယ်ဒီ သုန်သုန်က မလိမ်တတ်ဘူးနော်"

"ဦးနော် သုန်သုန်ပြောတာပဲ ယုံမနေနဲ့"

"ဦး သည်းငယ်ကို အရင်မမေးဘူးလား"

"ကဲ ပြောမယ်ဗျာ အမှန်တော့ အဲ့တာ သုန်သုန့်မူကြိုကသူငယ်ချင်းရဲ့အဖေ ကျွန်တော့်ထက်လဲအသက်ကြီးပါ့ သူ့မိန်းမကသူ့ကိုစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတာ သူ့သားလေးပါခေါ်သွားတယ်တဲ့ အဲ့တာကျွန်တော်လဲ သုန်သုန့်ကိုကျောင်းကြိုပြီးပြန်လာတော့ ၀ယ်စရာရှိလို့ Junctionကို၀င်တာ တွေ့လို့စကားပြောဖြစ်တာ ဒါပဲ"

"ဒါဆိုထင့်သားဆိုရင် သူ့သားဆိုတာကရော"

"အဲ့တာက သုန်သုန်ကသူ့သားလေးနဲ့ရွယ်တူပဲဆိုတော့ သူ့သားလေးကိုကြည့်နေရသလိုပဲမို့ ကျွန်တော့်သားကလဲ သူ့သားပါပဲဆိုပြီး သုန်သုန့်အတွက် မုန့်တွေ၀ယ်ပေးလိုက်တာ ငြင်းတာတောင်မရဘူး"

"ဖေဖေပြောတာဟုတ်လား သားသုန်သုန်"

"ဟုတ်တယ် ဒယ်ဒီ"

"ဒါဆို ဘာလို့ဒယ်ဒီကိုလိမ်တာလဲ"

"သုန်သုန်လိမ်ဘူး ဒယ်ဒီ သုန်သုန်က ကလေးမို့ စကားကိုသေချာမပြောတတ်သေးတာပါ"

"ဟား ဟား ဟုတ်ပါပြီ နောက်ဆိုသေချာမပြောတတ်ဘဲ မပြောရဘူးနော် ဖေဖေစိတ်ကောက်သွားရင်ဘယ်လိုလုပ်မလဲ"

"ဒယ်ဒီကချော့ပေါ့"

"ဖေဖေက ဒယ်ဒီချော့မရအောင်စိတ်ကောက်ရင် ဘယ်လိုလုပ်မလဲ ပြီးတော့ ဒယ်ဒီကိုမချစ်တော့ရင်ရော"

"သုန်သုန်ချစ်မှာပေါ့ သုန်သုန်ကဒယ်ဒီကို အများကြီးချစ်"

"ဒါပေမယ့် ဒယ်ဒီက ဖေဖေမချစ်ဘူးဆိုရင် ငိုမှာ"

"ဒယ်ဒီငိုနဲ့နော် သုန်သုန်နောက်ခါ ဖေဖေစိတ်ဆိုးအောင်ပြောတော့ဘူး"

"ကတိနော်"

"ဟုတ် ဒယ်ဒီ သုန်သုန် ကတိပေးတယ်"

"သုတ်သုန် ဒယ်ဒီဘယ်လိုသင်ထားလဲ"

"ယောက်ျားဆိုတာ ကိုယ်ပေးတဲ့ကတိကိုတည်အောင်လုပ်ရတယ်"

"တော်လိုက်တာ ဒယ်ဒီသားလေး"

သုန်သုန်လေးဟာ အခြားကလေးများထက် အများကြီးပိုပြီးမှတ်ဉာဏ်ကောင်းသည့်ကလေးဖြစ်သည်။တစ်ခါပြောရုံနဲ့ မှတ်မိသလို သူ့အရှေ့ဆိုလဲ ဖက်တာနမ်းတာကအစ မလုပ်မိအောင် အတော်သတိထားရသည်။

သားအဖနှစ်ယောက်က အပေးအယူအတော်လေးတည့်နေပေမယ့် ဘေးနားကထင်ကတော့ မျက်စောင်းတစ်ထိုးထိုးဖြင့်သာ။

"သုန်သုန် ဒါဆိုလေးလေးဆီသွားအုံးနော် ဖေဖေကမျက်နှာကြီးဆူပုတ်နေရော ဒယ်ဒီချော့လိုက်အုံးမယ်"

"ဟုတ် ဒယ်ဒီ ဖေဖေ့ကိုအာဘွားပေးပြီးချော့လိုက် အဲ့ဆိုဖေဖေကစိတ်ဆိုးပြေသွားရော"

သုန်သုန်ကတော့ ပြောချင်ရာပြောပြီးထွက်သွားလသည်။

"သည်းငယ်..."

"တွေ့လား အဲ့တာကလေးရှေ့မှာ ခင်ဗျားကြီး အနေအထိုင်မတတ်လို့"

"ဟွန့် သည်းငယ်ကလဲ ဦးလဲဘာမှလဲမလုပ်ဘဲနဲ့ကို"

"ကိုယ့်အကြောင်းကိုယ်သိလေ"

"ဦး သည်းငယ်လေးစိတ်ကောက်နေတယ်တဲ့ လာ ဦးကစိတ်ဆိုးပြေတဲ့ထိ ချော့မှာမို့ အခန်းထဲသွားရအောင်"

"ချော့တာက ဧည့်ခန်းထဲမှာ ချော့လဲရတယ်နော် သိဖို့ သိဖို့"

"သည်းငယ်ပဲ သားရှေ့မဟုတ်တာမလုပ်နဲ့ဆို ဧည့်ခန်းထဲကျ သုန်သုန်၀င်လာမှာပေါ့"

အခုချိန်တွင်တော့ သုန်သုန့်ကို မိဘတွေအခန်းထဲခွင့်ပြုချက်မရဘဲမ၀င်ရဘူးဟု ဦးသက်ဘုန်းနိုင်ကိုယ်တိုင် ငိုမှာဟုခြိမ်းခြောက်၍ ကန့်ကွက်ထားသည်မို့ ဒယ်ဒီချစ်လေးသုန်သုန်က ယောင်လို့တောင်၀င်မလာပေ။

"ထင်"

ဦးသက်ဘုန်းနိုင်ရဲ့ ပါးစပ်ကထင်ဟုမိမိနာမည်ခေါ်လိုက်သောကြောင့် ထင်တစ်ယောက်ကြောင်သွားလေသည်။

"ဟင်"

"အမြဲတမ်းသ၀န်တို‌နေမိလို့မင်းက ကိုယ့်အချစ်ကို ပူလောင်တယ်လို့မြင်မလား"

"..."

ရုတ်တရက်ချက်ချင်းကြီးကိုပြောင်းလဲသွားသော အခေါ်အဝေါ်နာမ်စားများ ထင်တစ်ခွန်းမှမတုံ့ပြန်နိုင်ပါ။ဒီခံစားချက်က ဟိုတစ်ချိန်က 'မင်းအဲ့လောက်မှကွာရှင်းချင်ရင် ငါကွာရှင်းစာချုပ်ပို့ပေးလိုက်မယ်'ဆိုတဲ့ ခံစားချက်ကြီး။နီးနီးလေးနေနေတဲ့ နှစ်ယောက်ကြား ရင်ခုန်သံတွေဝေးသွားသလိုပင်။

"ကိုယ့်အချစ်တွေက နေမင်းကြီးလိုပဲ မင်းကိုအမြဲတမ်း‌နွေးထွေးတဲ့အလင်းရောင်ပေးနေချင်တာ ဒါပေမယ့် မင်းကတော့ ပူလောင်တယ်ထင်တယ် ဒါဆို ကိုယ်ကိုယ်တိုင်ကပျော်ရွှင်နေမယ်ထင်လား မင်းတောင်အဲ့လောက်ပူလောင်ရင် နေမင်းကြီးဖြစ်တဲ့ ကိုယ်ကရော ဘယ်လောက်ပူလောင်လိုက်မယ်ထင်လဲ"

ထင်မျက်ရည်လေးများ ဝဲလာပြီး

"ဦးရေ တောင်းပန်ပါတယ် ကျွန်တော်က ဦးကကျွန်တော့်အချစ်ကို မယုံဘဲ အမြဲတမ်းစစ်လားဆေးလား လုပ်နေလို့ စိတ်ကောက်မိရုံပါ ကျွန်တော်ပူလောင်လိုက်တာလို့ ဘယ်တော့မှ မတွေးမိခဲ့ဘူး ကျွန်တော်ကဦးကို အများကြီးချစ်တယ်"

"ဒါဆို ဦးသည်းငယ်လေး ဦးကိုစိတ်မဆိုးတော့ဘူးပေါ့နော်"

"ဟမ်"

ထင်ကျမယ့်မျက်ရည်တို့တောင် တန့်သွားသည်။

"ဟုတ်ပါတယ် တကယ်စိတ်မဆိုးတော့ဘူးပဲ ဘယ်လိုလဲ ဦးတော်တယ်မလား"

"အဘိုးကြီး ဒါချော့တာလား ပြော"

ထင်ဦးသက်ဘုန်းနိုင်ရဲ့ လက်မောင်းကို လက်သီးဖြင့် ထုလိုက်လေသည်။

"ဟေ့ ဟေ့ စကားကို ဆင်ခြင်နော် အဘိုးကြီးမဟုတ်ကြောင့် ဧည့်ခန်းထဲလဲ မရှောင်ဘူး သက်သေပြလိုက်မယ်ဗျ"

"ဦးနော် လူဆိုးကောင် လူကို ဒရမ်မာတွေလာခင်းသွားတာ"

"အဓိကက စိတ်ဆိုးပြေဖို့ပဲကို"

"ကျွန်တော့်ကို ထင်လို့ခေါ်တယ်လေ ပြီးတော့ မင်းရော ပြီးတော့ကိုယ်တဲ့"

"အဲ့တာက စိတ်ကူးထဲပေါ်လာလို့ အခြေအနေအရပါ"

"မရဘူး မရဘူး အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အပြစ်ပေးရမယ် တစ်ပတ်တိတိကျွန်တော့်ကို မနမ်းရဘူး ညကျရင်ဖက်မအိပ်ရဘူး"

"တစ်ပတ်ကြီးတောင်ဆို ဦးသေသွားမှာပေါ့ ညစာတောင် အမြဲတမ်းမစားရတဲ့ဟာကို အမှန်တော့ အသက်ကြီးလာလေ အာဟာရက လိုအပ်လာလေပဲ ဒါပေမယ့်သည်းငယ်က ညစာမကျွေးတဲ့အပြင် အားဆေးတွေပါဖြတ်မယ်ပြောတော့ ဦးအိပ်ရာထဲဘုန်းဘုန်းလဲရချည်ရဲ့"

"အမ်း ဒါဆို 5ရက်ဗျာ"

"ဘာထူးလို့လဲ သည်းငယ်လေးကလဲ"

"3ရက်ဗျာ 3ရက် ဒါမိုင်ကုန်ပဲ"

"သည်းငယ်လေးကလဲ"

"တော် တော် အပိုတွေမကြားချင်ဘူး ရေချိုးမလို့ အင်္ကျီထုတ်ထားလိုက် ဒါပဲ"

"ဟုတ်ကဲ့ သည်းငယ်"

->->->->->->->->->->->->->->->->->->

"သုန်သုန် ငါးကြော်စားမလား ဖေဖေအရိုးနွှင်ပေးမယ်"

"စားဘူး"

"ဒါဆို ကြက်သားဟင်းစားမလား"

"စားဘူး ဟွန့်"

"ဘာဖြစ်တာလဲ သုန်သုန်ရဲ့"

"ဖေ‌ဖေ့ကိုခေါ်ဘူး"

"ဘာလို့လဲ သုန်သုန်ရဲ့ ဖေဖေကဘာလုပ်မိလို့လဲ"

"ဒယ်ဒီကိုအပြစ်မပေးရဘူး ပေးချင်တယ်ဆို သုန်သုန့်ကိုလဲ ‌လာခေါ်နဲ့"

ထင်ဦးသက်ဘုန်းနိုင်ကို မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။အကြည့်ချင်းဆုံမိတဲ့ ဦးသက်ဘုန်းနိုင်က သူမဟုတ်သလို ထမင်းသာငုံ့စားတော့သည်။

ဘယ်အချိန် ကလေးကိုကပ်ဂျီထားမှန်းမသိ!

သုန်သုန်တစ်ယောက်ကတော့ နှုတ်ခမ်းကိုတစ်တောင်လောက်ဆူ၍ ထင့်ကိုကြည့်လိုက် ဟွန့်ဆိုပြီးတမင်ပြန်လှည့်သွားလိုက်နဲ့။သူစိတ်ဆိုးနေတယ်ဆိုတဲ့သဘော။

"ဟုတ်ပြီ သုန်သုန်စိတ်မဆိုးပါနဲ့ ဖေဖေဒယ်ဒီကို အပြစ်မပေးတော့ဘူးနော်"

"တကယ်လား သည်းငယ်"

"ကျွန်တော်က သူများတွေလိုစကားမတတ်ပါဘူး"

ထင် ဦးသက်ဘုန်းနိုင်ကို မျက်စောင်းထိုး၍ ပြောလိုက်လေသည်။

"ချစ်လိုက်တာ ဦးသည်းငယ်လေး
သုန်သုန်ရေ Ok"

"Ok ဒယ်ဒီ"

ဦးသက်ဘုန်းနိုင်ဘက်လှည့်၍ လက်သေးသေးနဲ့ အဝိုင်လေးလုပ်ပြလေသည်။ထို့နောက် ထင့်ဘက်လှည့်၍

"ဖေဖေ သုန်သုန့်ကို ငါးအသားဖက်ရွေးပေး"

"ဪ ဪ ဟုတ်ကဲ့ပါ‌ဗျ ခိုင်းမယ့်ချိန်ကျ ဖေဖေ တစ်ခုခုဆို သူ့ဒယ်ဒီဘက်က"

"ဖေဖေ့ကို သုန်သုန်ချစ်"

"သားအဖနှစ်ယောက် လုပ်ချင်ရာလုပ်ပြီးရင် အချိုးတွေကတစ်ထေရာထဲ"

"ဟီး ခစ်ခစ်"

{နောက်တစ်ပိုင်းဆို Finalပါ
ကိုယ့်Ficလေးဖတ်ရတာအဆင်ပြေရင် shareပေးပါအုံးနော် ဒါကိုယ်ကငယ်လေးတို့ကို တောင်းဆိုတာပါ}

××××××××××××××××××××××××××××

🔹 Zawgyi🔹

"သည္းငယ္ ဦးေမးေနတယ္ေလ အဲ့ေကာင္ ဘယ္သူလဲလို႔"

ဦးသက္ဘုန္းနိုင္ကေတာ့ အာေပါက္မတတ္ေျပာေနေပမယ့္ ထင္ကေတာ့ေရာက္ကထဲက တစ္ခြန္းမွျပန္မေျပာဘဲ တမင္အျမင္ကပ္ေအာင္ ႐ုပ္ကိုေခ်မိဳးျပေနေလသည္။အဲ့လို႐ုပ္ျပေလဦးသက္ဘုန္းနိုင္က ပိုေဒါသထြက္ေလျဖစ္သည္။တမင္ေခ်မိဳးျပေနတဲ့႐ုပ္ကိုအျမင္ကပ္လို႔ေတာ့မဟုတ္ သူ႕အတြက္တစ္မ်ိဳးတစ္ဖုံ ခ်စ္စရာေကာင္းေနျပန္တာေၾကာင့္ ဆုံးရႈံးရမည္ဆိုးေသာစိတ္ျဖင့္ ေဒါသထြက္ေနျခင္းျဖစ္သည္။

"သည္းငယ္!!!"

"ဘာလဲ!!!!!"

"ဦး ေမးတာေျဖေလ မၾကားဘူးလား"

"ဟုတ္တယ္ မၾကားဘူး"

"ဟာကြာ ေတာက္စ္!"

"ကြၽန္ေတာ့္ကို လာေတာက္မေခါက္နဲ႕"

"ဟုတ္ၿပီ ဦးေတာင္းပန္တယ္ စိတ္မဆိုးနဲ႕ ေျပာ အဲ့ေကာင္ကဘယ္သူလဲ"

"ဒယ္ဒီ သုန္သုန္ေျပာျပမယ္"

အေစာကေရခဲမုန႔္စားေနတဲ့ ဂ်ဴးခက္သုန္က ၀င်ပြောလာသည်။4ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂ်ဴးခက္သုန္ ေခၚ သုန္သုန္ေလးက အခုဆိုစကားေတြပီၿပီးတတ္လြန္းလို႔ တစ္ခ်က္တစ္ခ်က္အေဖႏွစ္ေယာက္ၾကား ေဆးထိုးတတ္လြန္းလို႔ အခက္ေတြ႕ေနရသည္။

"လာ ဒယ္ဒီကို ေျပာပါအုံး သုန္သုန္ေလးရဲ႕"

ဦးသက္ဘုန္းနိုင္ ထင့္ေလးနားမွာ မတ္တပ္ရပ္ေနရာကေန ေဘးနားကထိုင္ခုံတစ္ခုမွာ၀င္ထိုင္လိုက္သည္။သုန္သုန္ကလဲ ဦးသက္ဘုန္းနိုင္ေပါင္ေပၚထိုင္၍

"ဒယ္ဒီ အဲ့ဦးဦးကေလ သုန္သုန္က ေဖေဖ့သားဆိုရင္ သူ႕သားပဲတဲ့"

"သုန္သုန္ မင္းေနာ္ ေရွာက္မေျပာနဲ႕"

ထင္က ႏႈတ္ခမ္းကိုဆူပုတ္၍ေျပာေလသည္။

"ကေလးဆိုတာ မလိမ္တတ္ဘူး တကယ္ေျပာလို႔ေနမွာေပါ့"

"ဟုတ္တယ္ ဒယ္ဒီ သုန္သုန္က မလိမ္တတ္ဘူးေနာ္"

"ဦးေနာ္ သုန္သုန္ေျပာတာပဲ ယုံမေနနဲ႕"

"ဦး သည္းငယ္ကို အရင္မေမးဘူးလား"

"ကဲ ေျပာမယ္ဗ်ာ အမွန္ေတာ့ အဲ့တာ သုန္သုန႔္မူႀကိဳကသူငယ္ခ်င္းရဲ႕အေဖ ကြၽန္ေတာ့္ထက္လဲအသက္ႀကီးပါ့ သူ႕မိန္းမကသူ႕ကိုစိတ္ဆိုးၿပီး အိမ္ေပၚကဆင္းသြားတာ သူ႕သားေလးပါေခၚသြားတယ္တဲ့ အဲ့တာကြၽန္ေတာ္လဲ သုန္သုန႔္ကိုေက်ာင္းႀကိဳၿပီးျပန္လာေတာ့ ၀ယ်စရာရှိလို့ Junctionကို၀င္တာ ေတြ႕လို႔စကားေျပာျဖစ္တာ ဒါပဲ"

"ဒါဆိုထင့္သားဆိုရင္ သူ႕သားဆိုတာကေရာ"

"အဲ့တာက သုန္သုန္ကသူ႕သားေလးနဲ႕႐ြယ္တူပဲဆိုေတာ့ သူ႕သားေလးကိုၾကည့္ေနရသလိုပဲမို႔ ကြၽန္ေတာ့္သားကလဲ သူ႕သားပါပဲဆိုၿပီး သုန္သုန႔္အတြက္ မုန႔္ေတြ၀ယ္ေပးလိုက္တာ ျငင္းတာေတာင္မရဘူး"

"ေဖေဖေျပာတာဟုတ္လား သားသုန္သုန္"

"ဟုတ္တယ္ ဒယ္ဒီ"

"ဒါဆို ဘာလို႔ဒယ္ဒီကိုလိမ္တာလဲ"

"သုန္သုန္လိမ္ဘူး ဒယ္ဒီ သုန္သုန္က ကေလးမို႔ စကားကိုေသခ်ာမေျပာတတ္ေသးတာပါ"

"ဟား ဟား ဟုတ္ပါၿပီ ေနာက္ဆိုေသခ်ာမေျပာတတ္ဘဲ မေျပာရဘူးေနာ္ ေဖေဖစိတ္ေကာက္သြားရင္ဘယ္လိုလုပ္မလဲ"

"ဒယ္ဒီကေခ်ာ့ေပါ့"

"ေဖေဖက ဒယ္ဒီေခ်ာ့မရေအာင္စိတ္ေကာက္ရင္ ဘယ္လိုလုပ္မလဲ ၿပီးေတာ့ ဒယ္ဒီကိုမခ်စ္ေတာ့ရင္ေရာ"

"သုန္သုန္ခ်စ္မွာေပါ့ သုန္သုန္ကဒယ္ဒီကို အမ်ားႀကီးခ်စ္"

"ဒါေပမယ့္ ဒယ္ဒီက ေဖေဖမခ်စ္ဘူးဆိုရင္ ငိုမွာ"

"ဒယ္ဒီငိုနဲ႕ေနာ္ သုန္သုန္ေနာက္ခါ ေဖေဖစိတ္ဆိုးေအာင္ေျပာေတာ့ဘူး"

"ကတိေနာ္"

"ဟုတ္ ဒယ္ဒီ သုန္သုန္ ကတိေပးတယ္"

"သုတ္သုန္ ဒယ္ဒီဘယ္လိုသင္ထားလဲ"

"ေယာက္်ားဆိုတာ ကိုယ္ေပးတဲ့ကတိကိုတည္ေအာင္လုပ္ရတယ္"

"ေတာ္လိုက္တာ ဒယ္ဒီသားေလး"

သုန္သုန္ေလးဟာ အျခားကေလးမ်ားထက္ အမ်ားႀကီးပိုၿပီးမွတ္ဉာဏ္ေကာင္းသည့္ကေလးျဖစ္သည္။တစ္ခါေျပာ႐ုံနဲ႕ မွတ္မိသလို သူ႕အေရွ႕ဆိုလဲ ဖက္တာနမ္းတာကအစ မလုပ္မိေအာင္ အေတာ္သတိထားရသည္။

သားအဖႏွစ္ေယာက္က အေပးအယူအေတာ္ေလးတည့္ေနေပမယ့္ ေဘးနားကထင္ကေတာ့ မ်က္ေစာင္းတစ္ထိုးထိုးျဖင့္သာ။

"သုန္သုန္ ဒါဆိုေလးေလးဆီသြားအုံးေနာ္ ေဖေဖကမ်က္ႏွာႀကီးဆူပုတ္ေနေရာ ဒယ္ဒီေခ်ာ့လိုက္အုံးမယ္"

"ဟုတ္ ဒယ္ဒီ ေဖေဖ့ကိုအာဘြားေပးၿပီးေခ်ာ့လိုက္ အဲ့ဆိုေဖေဖကစိတ္ဆိုးေျပသြားေရာ"

သုန္သုတ္ကေတာ့ ေျပာခ်င္ရာေျပာၿပီးထြက္သြားလသည္။

"သည္းငယ္..."

"ေတြ႕လား အဲ့တာကေလးေရွ႕မွာ ခင္ဗ်ားႀကီး အေနအထိုင္မတတ္လို႔"

"ဟြန႔္ သည္းငယ္ကလဲ ဦးလဲဘာမွလဲမလုပ္ဘဲနဲ႕ကို"

"ကိုယ့္အေၾကာင္းကိုယ္သိေလ"

"ဦး သည္းငယ္ေလးစိတ္ေကာက္ေနတယ္တဲ့ လာ ဦးကစိတ္ဆိုးေျပတဲ့ထိ ေခ်ာ့မွာမို႔ အခန္းထဲသြားရေအာင္"

"ေခ်ာ့တာက ဧည့္ခန္းထဲမွာ ေခ်ာ့လဲရတယ္ေနာ္ သိဖို႔ သိဖို႔"

"သည္းငယ္ပဲ သားေရွ႕မဟုတ္တာမလုပ္နဲ႕ဆို ဧည့္ခန္းထဲက် သုန္သုန္၀င္လာမွာေပါ့"

အခုခ်ိန္တြင္ေတာ့ သုန္သုန႔္ကို မိဘေတြအခန္းထဲခြင့္ျပဳခ်က္မရဘဲမ၀င္ရဘူးဟု ဦးသက္ဘုန္းနိုင္ကိုယ္တိုင္ ငိုမွာဟုၿခိမ္းေျခာက္၍ ကန႔္ကြက္ထားသည္မို႔ ဒယ္ဒီခ်စ္ေလးသုန္သုန္က ေယာင္လို႔ေတာင္၀င္မလာေပ။

"ထင္"

ဦးသက္ဘုန္းနိုင္ရဲ႕ ပါးစပ္ကထင္ဟုမိမိနာမည္ေခၚလိုက္ေသာေၾကာင့္ ထင္တစ္ေယာက္ေၾကာင္သြားေလသည္။

"ဟင္"

"အၿမဲတမ္းသ၀န္တိုေနမိလို႔မင္းက ကိုယ့္အခ်စ္ကို ပူေလာင္တယ္လို႔ျမင္မလား"

"..."

႐ုတ္တရက္ခ်က္ခ်င္းႀကီးကိုေျပာင္းလဲသြားေသာ အေခၚအေဝၚနာမ္စားမ်ား ထင္တစ္ခြန္းမွမတုံ႕ျပန္နိုင္ပါ။ဒီခံစားခ်က္က ဟိုတစ္ခ်ိန္က 'မင္းအဲ့ေလာက္မွကြာရွင္းခ်င္ရင္ ငါကြာရွင္းစာခ်ဳပ္ပို႔ေပးလိုက္မယ္'ဆိုတဲ့ ခံစားခ်က္ႀကီး။နီးနီးေလးေနေနတဲ့ ႏွစ္ေယာက္ၾကား ရင္ခုန္သံေတြေဝးသြားသလိုပင္။

"ကိုယ့္အခ်စ္ေတြက ေနမင္းႀကီးလိုပဲ မင္းကိုအၿမဲတမ္းႏြေးေထြးတဲ့အလင္းေရာင္ေပးေနခ်င္တာ ဒါေပမယ့္ မင္းကေတာ့ ပူေလာင္တယ္ထင္တယ္ ဒါဆို ကိုယ္ကိုယ္တိုင္ကေပ်ာ္႐ႊင္ေနမယ္ထင္လား မင္းေတာင္အဲ့ေလာက္ပူေလာင္ရင္ ေနမင္းႀကီးျဖစ္တဲ့ ကိုယ္ကေရာ ဘယ္ေလာက္ပူေလာင္လိုက္မယ္ထင္လဲ"

ထင္မ်က္ရည္ေလးမ်ား ဝဲလာၿပီး

"ဦးေရ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္က ဦးကကြၽန္ေတာ့္အခ်စ္ကို မယုံဘဲ အၿမဲတမ္းစစ္လားေဆးလား လုပ္ေနလို႔ စိတ္ေကာက္မိ႐ုံပါ ကြၽန္ေတာ္ပူေလာင္လိုက္တာလို႔ ဘယ္ေတာ့မွ မေတြးမိခဲ့ဘူး ကြၽန္ေတာ္ကဦးကို အမ်ားႀကီးခ်စ္တယ္"

"ဒါဆို ဦးသည္းငယ္ေလး ဦးကိုစိတ္မဆိုးေတာ့ဘူးေပါ့ေနာ္"

"ဟမ္"

ထင္က်မယ့္မ်က္ရည္တို႔ေတာင္ တန႔္သြားသည္။

"ဟုတ္ပါတယ္ တကယ္စိတ္မဆိုးေတာ့ဘူးပဲ ဘယ္လိုလဲ ဦးေတာ္တယ္မလား"

"အဘိုးႀကီး ဒါေခ်ာ့တာလား ေျပာ"

ထင္ဦးသက္ဘုန္းနိုင္ရဲ႕ လက္ေမာင္းကို လက္သီးျဖင့္ ထုလိုက္ေလသည္။

"ေဟ့ ေဟ့ စကားကို ဆင္ျခင္ေနာ္ အဘိုးႀကီးမဟုတ္ေၾကာင့္ ဧည့္ခန္းထဲလဲ မေရွာင္ဘူး သက္ေသျပလိုက္မယ္ဗ်"

"ဦးေနာ္ လူဆိုးေကာင္ လူကို ဒရမ္မာေတြလာခင္းသြားတာ"

"အဓိကက စိတ္ဆိုးေျပဖို႔ပဲကို"

"ကြၽန္ေတာ့္ကို ထင္လို႔ေခၚတယ္ေလ ၿပီးေတာ့ မင္းေရာ ၿပီးေတာ့ကိုယ္တဲ့"

"အဲ့တာက စိတ္ကူးထဲေပၚလာလို႔ အေျခအေနအရပါ"

"မရဘူး မရဘူး အဲ့ကိစၥနဲ႕ပတ္သတ္ၿပီး အျပစ္ေပးရမယ္ တစ္ပတ္တိတိကြၽန္ေတာ့္ကို မနမ္းရဘူး ညက်ရင္ဖက္မအိပ္ရဘူး"

"တစ္ပတ္ႀကီးေတာင္ဆို ဦးေသသြားမွာေပါ့ ညစာေတာင္ အၿမဲတမ္းမစားရတဲ့ဟာကို အမွန္ေတာ့ အသက္ႀကီးလာေလ အာဟာရက လိုအပ္လာေလပဲ ဒါေပမယ့္သည္းငယ္က ညစာမေကြၽးတဲ့အျပင္ အားေဆးေတြပါျဖတ္မယ္ေျပာေတာ့ ဦးအိပ္ရာထဲဘုန္းဘုန္းလဲရခ်ည္ရဲ႕"

"အမ္း ဒါဆို 5ရက္ဗ်ာ"

"ဘာထူးလို႔လဲ သည္းငယ္ေလးကလဲ"

"3ရက္ဗ်ာ 3ရက္ ဒါမိုင္ကုန္ပဲ"

"သည္းငယ္ေလးကလဲ"

"ေတာ္ ေတာ္ အပိုေတြမၾကားခ်င္ဘူး ေရခ်ိဳးမလို႔ အကၤ်ီထုတ္ထားလိုက္ ဒါပဲ"

"ဟုတ္ကဲ့ သည္းငယ္"

->->->->->->->->->->->->->->->->->->

"သုန္သုန္ ငါးေၾကာ္စားမလား ေဖေဖအရိုးႏႊင္ေပးမယ္"

"စားဘူး"

"ဒါဆို ၾကက္သားဟင္းစားမလား"

"စားဘူး ဟြန႔္"

"ဘာျဖစ္တာလဲ သုန္သုန္ရဲ႕"

"ေဖေဖ့ကိုေခၚဘူး"

"ဘာလို႔လဲ သုန္သုန္ရဲ႕ ေဖေဖကဘာလုပ္မိလို႔လဲ"

"ဒယ္ဒီကိုအျပစ္မေပးရဘူး ေပးခ်င္တယ္ဆို သုန္သုန႔္ကိုလဲ လာေခၚနဲ႕"

ထင္ဦးသက္ဘုန္းနိုင္ကို မ်က္လုံးေထာင့္ကပ္၍ ၾကည့္လိုက္သည္။အၾကည့္ခ်င္းဆုံမိတဲ့ ဦးသက္ဘုန္းနိုင္က သူမဟုတ္သလို ထမင္းသာငုံ႕စားေတာ့သည္။

ဘယ္အခ်ိန္ ကေလးကိုကပ္ဂ်ီထားမွန္းမသိ!

သုန္သုန္တစ္ေယာက္ကေတာ့ ႏႈတ္ခမ္းကိုတစ္ေတာင္ေလာက္ဆူ၍ ထင့္ကိုၾကည့္လိုက္ ဟြန႔္ဆိုၿပီးတမင္ျပန္လွည့္သြားလိုက္နဲ႕။သူစိတ္ဆိုးေနတယ္ဆိုတဲ့သေဘာ။

"ဟုတ္ၿပီ သုန္သုန္စိတ္မဆိုးပါနဲ႕ ေဖေဖဒယ္ဒီကို အျပစ္မေပးေတာ့ဘူးေနာ္"

"တကယ္လား သည္းငယ္"

"ကြၽန္ေတာ္က သူမ်ားေတြလိုစကားမတတ္ပါဘူး"

ထင္ ဦးသက္ဘုန္းနိုင္ကို မ်က္ေစာင္းထိုး၍ ေျပာလိုက္ေလသည္။

"ခ်စ္လိုက္တာ ဦးသည္းငယ္ေလး
သုန္သုန္ေရ Ok"

"Ok ဒယ္ဒီ"

ဦးသက္ဘုန္းနိုင္ဘက္လွည့္၍ လက္ေသးေသးနဲ႕ အဝိုင္ေလးလုပ္ျပေလသည္။ထို႔ေနာက္ ထင့္ဘက္လွည့္၍

"ေဖေဖ သုန္သုန႔္ကို ငါးအသားဖက္ေ႐ြးေပး"

"ဪ ဪ ဟုတ္ကဲ့ပါဗ် ခိုင္းမယ့္ခ်ိန္က် ေဖေဖ တစ္ခုခုဆို သူ႕ဒယ္ဒီဘက္က"

"ေဖေဖ့ကို သုန္သုန္ခ်စ္"

"သားအဖႏွစ္ေယာက္ လုပ္ခ်င္ရာလုပ္ၿပီးရင္ အခ်ိဳးေတြကတစ္ေထရာထဲ"

"ဟီး ခစ္ခစ္"

{ေနာက္တစ္ပိုင္းဆို Finalပါ
ကိုယ့္Ficေလးဖတ္ရတာအဆင္ေျပရင္ shareေပးပါအုံးေနာ္  ဒါကိုယ္ကငယ္ေလးတို႔ကို ေတာင္းဆိုတာပါ}




Continue Reading

You'll Also Like

6.6M 434K 94
Hanary Victor + Loon Tar Nay San
693K 76.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
72.3K 13.5K 27
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
434K 26.5K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..