Part - 24⚡

9.9K 524 48
                                    

🔹Unicode🔹

"ဘယ်သွားမလို့လဲ"

အိပ်ချင်မူးတူးနဲ့ထင်တစ်ယောက် ကုတင်ပေါ်ကနေ ရှိုးစမိုးအပြည့်နဲ့မှန်ရှေ့မှ ဦးသက်ဘုန်းနိုင်ကို လှမ်းပြောလိုက်သည်။

"ဪ မေနဲ့မိုးကုပ်က ကျောက်တွင်းတွေသွားကြည့်မလို့ သည်းငယ်"

"ဒီနေ့ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေး"

"ဦး ပြန်လာမှ လိုက်ပို့ပေးမယ်လေ သည်းငယ် ဒီနေ့က မေနဲ့ပြောထားပြီးသားဖြစ်နေလို့ လေယာဉ်လက်မှတ်ကလဲ စီစဉ်ပြီးပြီ"

"ဒီမှာ ဦးသက်ဘုန်းနိုင် ကျွန်တော်တို့ယူထားတာ 3လကျော်ပြီ ဒီရက်ပိုင်းတွေကျမှ တစ်မေမေနဲ့ ခင်ဗျားခြေလှမ်းတွေ အတော်ပျက်နေတာပဲ နှစ်ယောက်သားက မြင်လို့မှမကောင်း တစ်ယောက်ကလဲ ကိုကြီး ကိုကြီးနဲ့ အိမ်ထောင်ရှိအမျိုးသားဆိုတာရော သတိထားမိကြရဲ့လား ပလူးပလဲနဲ့..."

"သည်းငယ်!"

"ဪ အနားပေါ်တုတ်ကျသွားတယ်ပေါ့ ခင်ဗျားဟာမကို ထိတော့မခံနိုင်ဘူးပေါ့"

"သည်းငယ်! မင်းစကားတွေက ဘောင်ကျော်လာပြီနော်"

"ဪ ဟော ကျွန်တော့်ကိုအော်တယ်ပေါ့ လေသံမာမာနဲ့ပြောတယ် ခင်ဗျားဟာမကိုထိတော့ ရတယ်လေကွာရှင်းကြတာပေါ့"

ဦးသက်ဘုန်းနိုင် မျက်လုံးကိုစုံမှိတ်ချလိုက်ပြီး လေကိုပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် ထင့်ဘေးသို့ လာထိုင်ပြီး

"သည်းငယ် ဦးစိတ်တိုသွားမိတယ် ဦးတောင်ပန်တယ် သည်းငယ်ကိုအော်မိသွားတဲ့အတွက်ရော ဦးစိတ်တိုတာမေ့ကိုထိတာမထိတာထက်ဦးအချစ်ကို သည်းငယ်စော်ကားလို့ မေနဲ့သာဖောက်ပြန်ချင်ရင်ဟိုးအရင်လူကြီးတွေသဘောတူကထဲက ယူလိုက်မှာပေါ့ ပြီးတော့ ဦးသည်းငယ်ကိုချစ်လွန်းလို့ ဖြူစင်ရိုးသားစွာ 3နှစ်တာကာလပတ်လုံး သည်းငယ်ဘယ်လောက်ပြောဆိုနေပါစေ အချစ်တစ်စက်လျော့မသွားဖူးဘူး နောက်ဆုံးဆုံးရှုံးရတော့မယ်လို့ ထင်တဲ့အချိန်မှဦးမရရအောင်သိမ်းပိုက်ခဲ့တယ် လက်ထပ်လိုက်တာနဲ့ ဦးအချစ်တွေလျော့ပြီး သူစိမ်းမိန်းကလေးအပေါ် စိတ်ရောက်မယ်လို့ သည်းငယ်က ထင်နေတာလား ဦးသည်းငယ်ကိုသိပ်ချစ်တာ ကွာဖို့အကြောင်းတော့ မပြောပါနဲ့သည်းငယ်ရယ်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now