Part - 21⚡

9.7K 495 8
                                    

🔹Unicode🔹

"ဒါက ဘာထလုပ်မလို့လဲ"

အခန်းထဲကို အငွေ့တစ်ထောင်းထောင်းနဲ့ ပန်းကန်လုံးကြီးကို ဗန်းထဲထည့်ကိုင်ပြီး ၀င်လာတဲ့ထင်က လှမ်းပြောလ်ိုက်ခြင်းဖြစ်သည်။

"အလုပ်သွားဖို့ ပြင်တော့မယ်လေ သည်းငယ်ရဲ့"

"ခင်‌ဗျာက သက်သာလို့လား မှန်း ပူနေသေးတာကို မသွားရဘူး ကျွန်တော်လဲ ကျောင်းမသွားဘူး"

သယ်လာသော ဗန်းကိုစားပွဲပေါ်တင်လိုက်ပြီး ဦးသက်ဘုန်းနိုင်ရဲ့နဖူးနဲ့ပါးတွေကိုသေချာစမ်းပြီးပြောလိုက်သည်။

"ဒီနေ့အရေးကြီးmeetingရှိလို့ပါ သည်းငယ်ရဲ့ meetingပြီးရင် ဦးတန်းပြန်လာပါ့မယ်"

"ကျွန်တော့်စကားနားမထောင်ဘူးပေါ့ ကွာချင်နေပုံရတယ်"

"ဟာ...မသွားတော့ဘူးနော် သည်းငယ် ကွာစကားတော့မပြောပါနဲ့နော်"

"မျက်နှာသစ်ပြီးနေအုံး ကျွန်တော် Chef(ကိုရီးယားက chef)ကိုကြက်ပေါင်းခေါက်ဆွဲလုပ်ခိုင်းထားတယ် အောက်ဆင်းစရာမလိုအောင် ယူလာတယ် အရမ်းမပူအောင်အေးထားပေးမယ်"

"မစားချင်..."

"ကွာချင်နေပုံပဲ"

"ဦး မျက်နှာအမြန်သစ်လိုက်အုံးမယ်နော်"

"အွန်း အင်္ကျီတွေရေစိုမလာစေနဲ့"

နေအုံး! ခုဦးက ကလေးလေးလား

"ကြားလား ဦးသက်ဘုန်းနိုင် ကြောင်ရပ်မနေနဲ့ အောက်ကကြွေပြားတွေက အေးပါတယ်ဆို အနွေးဖိနပ်က မစီးဘူး"

ပန်းကန်‌ကိုမွှေရင်း တဖူးဖူးမှု‌တ်နေတာကို လှမ်းအော်ပြောသည့် ကလေးငယ်က မိခင်တစ်ဦးက ဆူငေါက်နေသလို။

"ဟုတ်ကဲ့ သည်းငယ်"

နေ့လည်စာ စားချိန်တောင်ရောက်တော့မယ် ဦးသက်ဘုန်းနိုင်ကတော့ကုတင်ပေါ်မှာ ထိုင်လျက်ဖြင့် ဘာအလုပ်မှလဲ မလုပ်ရဘူးဟူသော တစ်ချက်လွှတ်အမိန့်ကြောင့် ဘေးကsofaခုံမှာ gameဆော့လိုက် ဖုန်းသုံးလိုက်ဖြင့် အလုပ်ရှုပ်နေသော ယောက်ျားဖြစ်သူအသေးလေးကိုသာ ထိုင်ငေးနေရသည်။သူဆော့ရင်းလဲ သက်သာ‌လား နေရတာ ဘယ်လိုနေလဲ မေးတတ်သေးသည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now