Part - 2 ⚡

22.1K 1K 112
                                    

🔹Unicode🔹

အလုပ်မှာ ပြဿနာအနည်းငယ်ရှိခဲ့လို့ စိတ်ရှုပ်နေပါတယ်ဆို Driverကလဲ ကားကိုဘယ်လိုမောင်းမှန်းမသိ စိတ်မကြည်လင်မှုက အဆုံးစွန်ကို ရောက်နေပြီဖြစ်သည်။ကားနဲ့တိုက်မိမလိုလေးဖြစ်သွားတဲ့ ပြဿနာကဖြေရှင်းတာ မပြီးနိုင်တော့ပေ။

Laptop က‌လုပ်လက်စစာရင်းကို ရပ်ပြီး ကားရှေ့ကို ကြည့်မိတော့ ကားမီးကထိုးထားသောကြောင့် မိုးရေများ စိုရွှဲနေသော ကောင်လေးကို အတိုင်းသားမြင်နေရသည်။ထိုကောင်လေးကို မြင်လိုက်သည့်အချိန် အစောကစိတ်ရှုပ်ထွေးမှု စိတ်မကြည်လင်မှုတွေက ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ဆိုသလို ယူပစ်သလို ပျောက်သွားတော့သည်။

သူတို့ဘာဆက်ပြောနေသည်ဆိုတာကို မကြားနိုင်တော့ ကလေးငယ်၏ နှုတ်ခမ်းဖျားလေး အအေးဒဏ်ကြောင့် တစ်ဆက်ဆက်တုန်ရီနေသည်ကို သတိထားမိတော့ အလင်းလိုအလျင်နဲ့ကားပေါ်ကနေ ဆင်းပြီး ခေါ်လိုက်မိတဲ့ နာမ်စားလေး။

"သည်းငယ်"

"ဟင်"

"Boss"

Driver ဦးလေးကြီးကတော့ ဦးသက်ဘုန်းနိုင်ဘေးသို့ အမြန်ပြေး၍ ထီးဆောင်းပေးလိုက်သည်။

ဦးဘုန်းသက်နိုင် ထင့်အနားရောက်တော့ လက်ကယူလာသော long coatလေးကို ခြုံပေးလိုက်ပြီး Driverလက်ထဲမှ ထီးကိုယူ၍ ထင့်ကိုဆောင်းပေးလိုက်သည်။

"ရတယ် မလိုဘူး"

ခြုံပေးထားတဲ့ အင်္ကျီကို ချွတ်ဖို့လုပ်တော့

"အေးနေတယ်မလား ခြုံထားလိုက်နော် သည်းငယ်"

"..."

"ဆိုပါအုံး သည်းငယ်က ဘာကိုအလိုမကျတာလဲ"

"ဘယ်သူ့ကိုပြောနေတာလဲ"

"ဒီအနားဘယ်သူရှိလို့လဲ သည်းငယ်"

"သည်းငယ်မဟုတ်ဘူး ထင် ဗျ ထင်!"

"ဟုတ်ပါပြီ သည်းငယ် အဲလေ ထင်လေးအနေနဲ့ ဘာကိုဘယ်လိုဖြစ်စေချင်သလဲ ကိုယ့်ကိုပြောပါ"

"ဘာကို ဘာမှမဖြစ်ချင်ဘူး ခင်ဗျားကြီး driverလား ဘာလား ဘယ်လိုလူကို ခန့်ထားတာလဲ လူမှုရေးအသိစိတ်ဓာတ်ခေါင်းပါးလိုက်တာ လူကိုဘယ်လိုကောင်မှတ်နေလဲ မသိဘူး"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now