Part - 30🔞🔞🔞

20.7K 509 13
                                    

🔹Unicode🔹

{𝔚𝔞𝔯𝔫𝔦𝔫𝔤🔞ပါ ရိုင်းကောင်းရိုင်းနိုင်တဲ့အတွက်  မကြိုက်တဲ့သူတွေ မဖတ်ဖို့ အကြံပေးချင်ပါတယ်}
.
.
.
.
.

'ဖျပ်'

"ကဲ ဘယ်လိုလဲ အိမ်ပြေးလေး အစောကြီးပြန်ရောက်လာတာပဲ"

စကားပြောလာသူက bathrobe အဖြူကို၀တ်ဆင်ထားပြီး မျက်နှာတွင်အပြုံးတစ်ခုကိုချိတ်ဆွဲလျက်လက်ပိုက်ပြီးထင့်အနားသို့ လျှောက်လာလေသည်။ထင်ကိုယ်တိုင်ကလဲ အပေါ်ပိုင်းက ဗလာကျင်းဖြစ်ပြီး အောက်ပိုင်းတွင် ရေစိုဂျင်းဘောင်းဘီတစ်ထည်သာရှိသည်။

"ဦး..."

"အဟွန့် ပြောပါအုံး အိမ်ပြေးလေး ခုရောဘယ်ပြေးချင်သေးလဲ"

"ကိုသန့်စင်ပြောတာ ဦးကောင်မလေးတစ်ယောက်နဲ့လည်မယ်ပြောလို့"

ကြောင်တောင်တောင်‌ပုံစံလေးနဲ့ဖြေလာတဲ့ကောင်လေးကို အူယားလွန်းလို့ ဖျစ်ညှစ်ချင်လာပြန်သည်။

ထင့်ကိုပွေ့ချီလိုက်ပြီး ကုတင်ပေါ်သို့အသာအယာချပေးလိုက်သည်။

"ဒီယောက်ျားလေးတစ်ယောက်လုံးရှိနေတာကို ဘယ်သူနဲ့လည်ရမှာလဲ ရွှတ်"

ထင့်ပါးလေးကို ငုံနမ်းလိုက်သည်။

"ဟွင် ဦးလို့ ကိုသန့်စင်ကတောင် ပြောပါတယ်ဆို"

"အဲ့တာက ယောက်ျားတစ်ယောက်လုံးကိုပစ်ပြီး အိမ်ပြေးလုပ်သွားတဲ့ကောင်လေးကို ဖမ်းချင်လို့ အကွက်ဆင်ထားတာဗျ ရွှတ်"

ထပ်မံ၍ နောက်ထပ်ပါးတစ်ဖက်ကို ထပ်နမ်းလေသည်။ထင်ကတော့ နမ်းတာကို မသိသလိုဂရုတောင်မစိုက်ဘဲ

"မသိဘူး အဲ့တာမနေ့ကကျွန်တော့်ဒံပေါက်ဘူးကို ကြားထဲကဖြတ်လုတဲ့ကောင်မလေးမလား"

"မနေ့ကဪ အဲ့တာပေလွှာလေသည်းငယ်ရဲ့ သူကသည်းငယ်အတွက် အမဲသားနှပ်နဲ့ဖယ်ထားတယ်ဆိုလို့ ဦးကယူလာတဲ့ကြက်သားဘူးကို သူ့ပေးလိုက်တာ"

"ဟုတ်လို့လား"

ထင်မျက်ခုံးတို့ကို တွန့်ချိုးပြီး မျက်စောင်းလေးရွယ်ကာမေးလေသည်။

"ဦးက ဘာလို့လမ်ရမှာလဲ ပြွတ်စ်"

နှုတ်ခမ်းလေးကို ထိရုံမျှ ကပ်နမ်းလိုက်ပြန်သည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now