Part - 3⚡

19.1K 987 112
                                    

🔹Unicode🔹

.
.
.
.
.

"ဟုတ်ပါတယ် မင်္ဂလာပါ အဖေ"

"အမ် ဗျာ"

"အဖေ သားအ၀တ်သွားလဲလိုက်အုံးမယ်"

"အေး သား ရေပြန်ချိုးလိုက်အုံး မိုးမိထားတော့ ဖျားလိမ့်မယ် အဖေခဏနေ မိချိုကို ကြက်စွပ်ပြုတ်ပူပူလေး လာပို့ခိုင်းလိုက်မယ်"

"အမဲသားစွပ်ပြုတ်သောက်ချင်တာ အဖေ သေချာပေါင်းခိုင်းထားပေး သားခဏနေဆင်းစားမယ်"

"အေး သား"

အပေါ်ထပ်တက်သွားသော ထင်ကို မမြင်ရတော့သည်အထိလိုက်ကြည့်နေသည့် အမျိုးသားနှစ်ဦး။ဒီနေ့မှ စတွေ့သည့် အမျိုးသားက ပို၍ဆိုးသည်။ဦးဇေယျာထင်လဲ သူ့သားကိုဦးသက်ဘုန်းနိုင်တစ်ယောက်မျက်လုံးကျွတ်ကျမတက်လိုက်ကြည့်နေသည်ကို သတိထားမိသောကြောင့်

"အဟွတ် ထိုင်ပါအုံး ဦးသက်ဘုန်းနိုင်"

"ဟုတ် အဖေ"

"မိချို ဧည့်သည်အတွက် ကော်ဖီပူပူလေးလုပ်လိုက်ပါအုံး ပြီတော့ နင်တို့အကိုလေးအတွက် အမဲစွပ်ပြုတ်ကိုနူးနူးလေး မြန်မြန်လုပ်ထားလိုက်"

"ဟုတ်ကဲ့ပါ ဦးလေး"

"ရပါတယ် ကျွန်တော် မသောက်တော့ပါဘူး အဖေ
ဖျော်မလာနဲ့တော့ ထင်လေးအတွက်ပဲ သွားလုပ်လိုက်"

"အမ် အာ ရပါတယ် ဦးသက်ဘုန်းနိုင် ဦးဇေယျာလို့ပဲ ရင်းရင်းနှီးနှီးခေါ်ရပါတယ်"

"ကျွန်တော့်ကိုလဲ သားလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ ဦးသက်ဘုန်းနိုင်ကျတော့ ခပ်တန်းတန်းကြီးဖြစ်နေလို့ပါ အဖေ"

"ဒါက ဦးသက်ဘုန်းနိုင်ရဲ့ အရည်အချင်းကို ရိုသေတမှုနဲ့ခေါ်ဝေါ်လိုက်တာပါ"

"ဒါဆို အဖေ သားလို့သာ ရဲရဲခေါ်ချလိုက်ပါ ဒါကကျွန်တော့်စိတ်ကို ပိုချမ်းမြေ့စေပါလိမ့်မယ်"

*နေအုံး အခုငါ့အိမ်မှာ ရောက်နေတာ သေမင်းကတောင် မော်မကြည့်ရဲအောင် အရှိန်အဝါကြီးတယ်လို့ နာမည်ကြီးတဲ့ ဦးသက်ဘုန်းနိုင်ဆိုတာဟုတ်ရဲ့လား*

"အဟမ်း သားကို အိမ်အထိ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now