နတ်သမီးလေးတွေရဲ့လက်ထဲမှာအော်ရိုရာလေးဟာ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းလာခဲ့တယ် သူမလမ်းလျှောက်တတ်ခါစ အရွယ်မှာ တော့အိမ်ရဲ့အနောက်ဘက် အိမ်ရဲ့အရှေ့ဘက် ဘေးပတ်လည်ကတောအုပ်ထဲမှာလျှောက်သွားနေခဲ့တော့တယ် သူမကလမ်းလျှောက်ခါစမို့ မကြာခနလဲကျနေပြီး ဝေးဝေးလည်းမသွားနိုင်ပေ ဒါကြောင့်နတ်သမီးလေးတွေဟာ အော်ရိုရာကိုစိတ်ချလက်ချလွှတ်ထားခဲ့လေသည် အော်ရိုရာလဲကျတိုင်း နတ်သမီးလေးတွေဟာ သူမတို့ရဲ့မှော်အစွမ်းနဲ့ပြန်လည်ကုသပေးခဲ့တယ် နတ်သမီးလေးတွေဟာ အော်ရိုရာကို အသက်တမျှမြတ်နိုးကြပြီး ကောင်းစွာစောင့်ရှောက်ကျရသည် သို့သော်တစ်ခါတစ်ရံလည်း အမှားလုပ်မိတာမျိုးလည်းရှိခဲ့သည် ေအာ်ရိုရာကို သူမတို့ တောအုပ်ထဲခေါ်ဆောင်လာတဲ့အချိန်တုံးက သူမတို့က ကလေးကိုနို့တိုက်ရကောင်းမှန်းမသိခဲ့ပေ ထို့အကြောင်းကိုမယ်ရီသိတော့ သူမရဲ့ကျီးကန်းကို နို့တိုက်ဖို့တာ၀န်ပေးတော့သည် ကျီးကန်းခင်ဗျာ နတ်သမီးတွေမတွေ့အောင်လည်းရှောင်ရ နို့မှုန့်ကိုလည်းကြံဖန်ပြီးယူရ နို့ဘူးကိုလည်းရှာရသေးတယ် နောက်ဆုံးတော့ နို့တစ်ဘူးရသွားတော့တာပေါ့ ဒီလိုနဲ့အော်ရိုရာမှာ ကျီးကန်းနို့ထိန်းတစ်ယောက်ရရှိသွားတော့သည်
မယ်ရီဟာအော်ရိုရာရဲ့ဘ၀တစ်လျှောက်လုံးကို အမြဲတမ်းစောင့်ကြည့်နေခဲ့သည် အော်ရိုရာလေးဟာဆုတောင်းတွေအတိုင်းပင် လှပစွာကြီးပြင်းလာခဲ့သည် ရွှေရောင်တောက်ပနေတဲ့ဆံပင်တွေရယ် ပင်လယ်လိုညို့ငင့်နိုင်တဲ့ မျက်လုံးပြာလေးတွေရယ် နှင်းဆီဖူးလိုနှုတ်ခမ်းရဲရဲလေးရယ် သူမဟာအဆုံးစွန်ထိလှပခဲ့လေသည် သူမကြီးလာတာနဲ့အမျှစပ်စုချင်စိတ်ဟာလည်းအလွန်များပြားလာခဲ့သည်
နေ့တိုင်းတောအုပ်ကိုလှည့်ပတ်ကြည့်ရှုသည် ချောက်ကမ်းပါးနားကိုသွားသည် မြောက်ဘက်စူးစူးကနန်းတော်ကြည့်သည် သူမကြည့်ရတာပျင်းလာရင် ကမ်းပါးပေါ်မှာပေါက်နေတဲ့ သစ်ပင်ကြီးရဲ့သစ်ရွက်ခြောက်ပုံကြီးထဲမှာ လူးလိမ့်ပြီးဆော့ကစားနေတတ်သည် သူမတောအုပ်ထဲက ပြန်လာတိုင်းအကျီတွေကဖရိုဖရဲဖြစ်နေတတ်ပြီး ဆံပင်မှာလည်းသစ်ကိုင်းခြောက်တွေအမြဲလိုလိုကပ်နေတတ်သည် နတ်သမီးတွေက သူမပြန်လာတိုင်း သန့်ရှင်းရေးလုပ်ပေးရသည် ဆူလည်းမဆူရက်ခဲ့ပေ။
ဒီလိုနဲ့ အော်ရိုရာရဲ့အသက်ဟာ ၁၅ပြည့်ဖို့ရက်အနည်းသာလိုတော့သည် သူမမွေးနေ့မရောက်ခင် သုံးရက်အလိုမှာ နတ်သမီးတွေဟာ အော်ရိုရာကိုပြောခဲ့တယ်
"အော်ရိုရာ သမီး၁၅နှစ်ပြည့်မွေးနေ့ရောက်ရင် မေမေလေးတို့ သမီးကိုပြောစရာရှိတယ် သမီးအဲ့အတွက်ကြိုတင်ပြင်ဆင်ထားနော်"
"အာ....ခုချက်ချင်းပြောလို့မရဘူးလားဟင်သမီးက ဘာလို့ကြိုတင်ပြင်ဆင်ရမှာလည်း
ပြောမယ့်ကိစ္စကသတင်းဆိုးမို့လို့လား"
"ဒါကတော့ သမီးရဲ့စိတ်အပေါ်ဘဲ မူတည်တယ် ကဲ ထားပါ သမီးဒီနေ့တောထဲမသွားဘူးလား"
"ဟိဟိ သွားမှာ ဒါနဲ့လေ နန်းတော်ဆိုတဲ့ဟာရဲ့တောင်ဘက်ကဟာကလည်း တောအုပ်ဘဲမလား ဘာလို့ဆူးတွေနဲ့ကာထားတာလည်း?"
နတ်သမီးတွေမျက်နှာပျက်သွားကြသည်
ဒီတစ်ခါတော့ အော်ရိုရာကိုလွှတ်ထားပေးမိတာနောင်တရချင်သလိုတောင်ဖြစ်သွားသည်
အော်ရိုရာကို သတိပေးလိုက်သည်
"သမီးလေး အဲ့ဘက်ကိုမသွားနဲ့နော် အရမ်းအန္တရာယ်များတယ် မေမေလေးကိုမသွားဘူးလို့ ကတိပေးနော် ဘာမှထပ်မမေးနဲ့"
"အင်း..... ဟုတ်ပါပြီ အာ့ဆို သွားတော့မယ်နော် မေမေလေးတို့..!!"
အပြောကနောက်မှ လူကတောစပ်နှင့်နေပြီ နတ်သမီးလေးတွေအော်ရိုရာကိုကြည့်ပြီးရယ်မောလိုက်ကြသည် ထို့နောက် မယ်ရီ၀ယ်သာက အကြီးဆုံးနတ်သမီးကိုမေးလိုက်တယ်
"အော်ရိုရာကို တကယ်ပြောပြတော့မှာလား အရှင်မင်းကြီးကမပြောဖို့မှာခဲ့တယ်လေ"
"ဘာဘဲဖြစ်ဖြစ်တစ်ချိန်ကျရင်သိမဲ့အရာဘဲ သူ့မအတွက်အချိန်ကတစ်နှစ်ဘဲရှိတော့တာ အနည်းဆုံးတော့ သူမိဘတွေကိုသိသွားသင့်တယ်"
"အင်း ဟုတ်တာတော့လည်းဟုတ်ပါတယ် ဒါနဲ့ အော်ရိုရာ အဲ့ဒီတောအုပ်ဘက်ကိုမသွားမှာသေချာပါတယ်နော်"
"စိတ်မပူပါနဲ့ သူမကငါ့စကားဆိုရင်နားထောင်မှာပါ"
စိတ်မကောင်းစွာပင် အော်ရိုရာလေးဟာနတ်သမီးတွေရဲ့စကားကိုနားမထောင်ခဲ့ပေ သူမရဲ့စပ်စုချင်စိတ်က ထိုတောအုပ်ဆီကိုမရောက်ရောက်အောင် တွန်းပို့နေသည် သူမလမ်းတစ်၀က်မှာ နန်းတော်ကြီးကိုရပ်ကြည့်ခဲ့လေသည် သို့သော် သူမကနန်းတော်ထပ်တောအုပ်ကြီးကိုသာပိုစိတ်၀င်စားခဲ့သည် သူမသွားရင်းသွားရင်း နောက်ဆုံး ဆူးခြုံကြီးရှေ့ကိုရောက်လာခဲ့တယ် သူမလှည့်ပတ်ကြည့်ရင်းပြောလိုက်တယ်
"ဆူးတွေကထင်ထားတာထပ်ပိုကြီးတာဘဲ ၀င်ဖို့လမ်းလည်းမရှိဘူး ဘယ်လိုလုပ်ရပါ့"
ထို့အချိန်သူမနောက်မှခြေသံကြားလိုက်ရသည် သူမလှည့်မကြည့်ခင်မှာဘဲ မျက်လုံးများဟာအမှောင်ဖုံးသွားတော့သည်
မယ်ရီဟာသူမရဲ့အစွမ်းနဲ့အော်ရိုရာကိုသတိမေ့အောင်လုပ်ပြီး အော်ရိုရာရဲ့ခန္ဓာကိုယ်ကို လေပေါ်ပေါလောပေါ်အောင်မြှောက်ပြီး သူမရဲ့မှော်တောအုပ်ထဲကိုခေါ်ဆောင်သွားတော့သည် သူမဆူးခြုံနားကိုရောက်တဲ့အခါ ဆူးပင်တွေက မြွေတွေလိုတွန့်လိမ်ကွေးကောက်ပြီး လမ်းဖယ်ပေးလိုက်ကြသည် မယ်ရီမှော်တောအုပ်ထဲကိုရောက်တဲ့အခါ အော်ရိုရာကို စမ်းချောင်းနဘေးကကျောက်တုံးကြီးပေါ်မှာချပေးလိုက်သည်
သူမကြည့်ရတာ စနိုး၀ိုက်နဲ့တောင်တူသလိုလိုဘဲ အော်ရိုရာနိုးလာတဲ့အချိန်မှာ ပထမဆုံးပတ်၀န်းကျင်ကိုသတိထားလိုက်မိသည်
နက်ပြာရောင်ကောင်းကင်ကြီးနဲ့ထူးဆန်းပြီးလှပတဲ့သစ်ပင်တွေရယ် ပိုးစုန်းကြူးလေးတွေရယ်.....သူမထူးဆန်းတာတစ်ခုကိုသတိထားလိုက်မိသည်
"ဒါက ပိုးစုန်းကြူးမှမဟုတ်ဘဲ နတ်သမီးလေးလား မင်းက"
သူမစိမ်းနုရောင်သန်းနေတဲ့ရေနတ်သမီးကိုထိဖို့လက်လှမ်းလိုက်တယ် ရေနတ်သမီးလေးက အစကကြောင်ကြည့်နေပေမဲ့ နောက်တော့ထိပ်လန့်ပြီးအော်ရိုရာရဲ့လက်ကို ကိုက်ကာထွက်ပြေးသွားလေသည် သူမနာကျင်စွာအော်လိုက်မိသည်
မယ်ရီကတော့နိုးလာကတည်းက သူမကိုမမြင်ဘဲပတ်၀န်းကျင်ကိုသာစပ်စုနေတဲ့အော်ရိုရာကိုအံ့သြလို့မဆုံးတော့ပေ သာမန်လူသာဆို ရေနတ်သမီးတွေကိုမြင်ရင် နှင်ထုတ်တတ်ကြသည် မှော်တောအုပ်ကြီးကိုလည်းသူမလိုတအံ့တသြလိုက်ကြည့်နေမယ့်အစား ကြောက်ရွံ့ထိပ်လန့်၍သာနေလိမ့်မည် ဒါ့အပြင်ဒဏ်ရာကရသွားသေးတယ် မယ်ရီသူမရဲ့ဒဏ်ရာကိုကုသပေးဖို့စိတ်ကူးလိုက်သည် သူမရဲ့မေမေလေးတွေဒဏ်ရာကိုတွေ့သွားရင် မခက်ေပဘူးလား
မယ်ရီမသိခဲ့တာဟာ ေအာ်ရိုရာကတစ်နေ့တစ်မျိုးမရိုးရအောင်ဒဏ်ရာရနေတဲ့အကြောင်းပင်ဖြစ်သည်
အော်ရိုရာအနောက်ဘက်က အသံကြားလို့လှည့်ကြည့်လိုက်တဲ့အခါ သူမမှင်တက်မိသွားသည် ဖြူလွလွအသားရောင်မျက်နှာပေါ်က ရွှေ၀ါရောင်မျက်လုံးလေးက သူမကိုဆွဲငင့်နေသယောင် ၀တ်ဆင်ထားတဲ့အနက်ရောင်၀တ်စုံဟာလည်းကပ်ကပ်ရပ်ရပ် အနောက်ဘက်က၀ဲကျနေတဲ့၀တ်ရုံရှည်ကြီးက ဆန်းကျယ်တဲ့တောအုပ်နဲ့လိုက်ဖက်လျက်ပင်။
မယ်ရီအတွက် အော်ရိုရာရဲ့ပထမဆုံးအမြင်ဟာ လှပမှုပင် လူသားတိုင်းပြည်ကမယ်ရီအကြောင်းယုံတမ်းစကားတွေကိုမကြားဖူး၍လည်းဖြစ်လိမ့်မည် သို့သော် သူမဟာအရမ်းကိုလှပပြီးဆွဲဆောင်မှုရှိသည်ဟုအော်ရိုရာတွေးမိသည်
သူမစဥ်းစားနေတုံး သူမရဲ့လက်ပေါ်ကအထိအတွေ့တစ်ခုကိုခံစားလိုက်ရသည် သူမကြည့်လိုက်တဲ့အခါ မယ်ရီကသူ့ကိုစိုက်ကြည့်ပြီး သူမရဲ့ရှည်သွယ်ပြီးလှပတဲ့လက်ကလေးနဲ့ အော်ရိုရာရဲ့ဒဏ်ရာပေါ်ကိုငြင်သာစွာသက်ချလိုက်လေသည် မယ်ရီရဲ့လှုပ်ရှားမှုတွေကနှေးကွေးပြီး ကြည့်ရတာကျက်သရေရှိသည် လှပသည် တင့်တယ်သည် အော်ရိုရာသူမရဲ့လက်ပေါ်ကဒဏ်ရာပျောက်သွားတဲ့အခါပျော်ရွှင်စွာရယ်မော်ခဲ့သည်။
ဒီတစ်ခါငေးမောမိတာတော့ မယ်ရီပင်။
စမ်းချောင်းကိုနောက်ကျောပေးပြီးရပ်ထားတဲ့ အော်ရိုရာအပေါ်ကိုနေရောင်လေးတွေဟာဖြာကျနေသည် နဂိုကတည်းကတောင်ပနေတဲ့ရွှေရောင်ဆံပင်တွေဟာနေရောင်အောက်မှာတလက်လက်ပိုမိုတောက်ပလာခဲ့သည် ပန်းနုရောင်သန်းနေတဲ့ပါးပြင်လေးက ပြုံးလိုက်တိုင်းမို့တက်လာခဲ့သည် အားပါးတရရယ်မောနေတာကြောင့် အပြာရောင်မျက်၀န်းတွေကပျောက်ရှလုနီးပါး နှင်းဆီရောင်နှုတ်ခမ်းလေးကလည်း အပြုံးပန်းတွေကြောင့် ဆွဲဆောင်မူရှိနေပြန်သည် မယ်ရီအပြာရောင်မျက်၀န်းလေးတွေပျောက်ကွယ်သွားမှာ မလိုလားသလိုမျိုး အထူးတဆန်းခံစားမိသည် ထို့အချိန် အော်ရိုရာဟာ မယ်ရီကိုမော့ကြည့်လာခဲ့သည် သူမတို့နှစ်ယောက် မျက်နှာလည်းမလွဲမိ အသိစိတ်တွေကလေဟာနယ်ထဲလွင့်သွားသလိုမျိုးခံစားနေကြရသည် တစ်ယောက်ကအပြာရောင်မျက်၀န်းထဲနှစ်မြုပ်နေခဲ့သလို တစ်ယောက်ကလည်း ရွှေရောင်မျက်၀န်းထဲပိတ်မိနေခဲ့တယ် အတန်ကြာမှ မယ်ရီဟာ အသိစိတ်ပြန်၀င်လာခဲ့ပြီး အော်ရိုရာကိုမေးလိုက်သည်
"ဘာလို့ရယ်နေတာလည်း ဒဏ်ရာလေးပျောက်တာကိုဘာလို့အဲ့လောက်ပျော်နေရတာလည်း နောက်တစ်ခါအဲ့လိုမရယ်နဲ့ မျက်စိနောက်တယ်"
"အာ...အင်းပါ ဒါနဲ့ဒါကဘယ်နေရာလည်း"
"ငါ့ရဲ့မှော်တောအုပ် ဆူးခြုံကြီးရဲ့တစ်ဖက်ကငါ့ရဲ့နယ်မြေ ပြီးတော့ ငါ့နာမည်က မယ်ရီဖီးဆန် မင်းငါ့နာမည်ကိုကြားဖူးလား"
"ဟင့်အင်း မကြားဖူးဘူး ရှင့်ကိုတစ်နေရာရာမှာတွေ့ဖူးသလိုဘဲ"
သူမဆံပင်ကိုသပ်ပြီးစဥ်းစားတဲ့ပုံနဲ့ပြောလိုက်သည် ပြီးမှသတိရသွားတဲ့ပုံနဲ့မေးတော့သည်
"ရှင်က ကျမရဲ့ခေါင်းကိုင်မိခင်လား??ကျမရှင့်ကိုငယ်ငယ်တုံးကတွေ့ဖူးတယ်"
"မဟုတ်ဘူး! ငါကနင့်ရဲ့ခေါင်းကိုင်မိခင်မဟုတ်ဘူး"
"ကောင်းတာပေါ့ ကျမလည်းမဖြစ်စေချင်ပါဘူး မဟုတ်ရင်နှမြောစရာကြီး"
မယ်ရီမျက်မှောင်ကျုတ်ပြီးမေးလိုက်သည်
"ဘာကိုလည်း"
"အလှလေးကိုဆုံးရှုံးရမှာလေ ရှင့်အတွက်နှမြောစရာကောင်းတယ်"
မယ်ရီမျက်ခုံးပင့်မိသွားသည် သူမနေရာမှာသာယောကျာ်းလေးတစ်ယောက်ဆိုရင် လက်ထပ်ခွင့်တောင်းတယ်ထင်မိမှာပင် သို့သော် သူမကမိန်းကလေးတစ်ယောက်ဖြစ်နေလေသည် မယ်ရီဘာကြောင့်မှန်းမသိတစ်မျိုးတစ်မည်သောခံစားချက်ကိုခံစားလိုက်ရသည့်အပြင် ပူထူလာတဲ့ခံစားချက်ကိုလည်းခံစားလိုက်ရသည် မယ်ရီတစ်ခုခုမပြောခင်မှာဘဲ အော်ရိုရာက ထပ်ပြောလိုက်သည်
"ကျမတို့ စမ်းချောင်းရဲ့ ဟိုဘက်ကိုသွားရအောင်လေ အဲ့ဘက်ကိုရောက်ရင် ရှင်ကျမကိုဘာလို့ ဒီနေရာခေါ်လာတာလည်းပြောပြ"
မယ်ရီမငြင်းဆန်နိုင်ခင်မှာဘဲ အော်ရိုရာကသွားနှင့်နေပြီဖြစ်ေလသည် ခေါင်းကိုဖြေးညင်းစွာရမ်းရင်းနဲ့သာ သူမေအာ်ရိုရာနောက်ကိုလိုက်သွားလိုက်တော့သည်
စမ်းချောင်းအလည်ရောက်တဲ့အခါ အော်ရိုရာကခြေချော်ပြီး ပြုတ်ကျတော့သည် မယ်ရီကသူ့မကိုလှမ်းဖမ်းလိုက်ပေမဲ့ သူပါအရှိန်လွန်ကာပြုတ်ကျသွားခဲ့သည် သူမတို့နှစ်ယောက်လုံးရေစိုသွားခဲ့သည် အော်ရိုရာမျက်နှာပေါ်ကရေတွေကိုသုတ်လိုက်ပြီးမယ်ရီကိုစိုးရိမ်တကြီးကြည့်လိုက်သည် သူမကြောင့်မယ်ရီပါပြုတ်ကျသွားခဲ့တာမလား သူမလှည့်ကြည့်လိုက်တဲ့အချိန်မှာ မယ်ရီကသူမကိုငေးကြည့်နေပြီး သူမတို့နှစ်ယောက်ရဲ့မျက်နှာတွေဟာလည်းနီးကပ်နေခဲ့သည် မယ်ရီရဲ့၀င်လေထွက်လေဟာအော်ရိုရာရဲ့နှာခေါင်းပေါ်သို့ကျရောက်နေတာကို သူမခံစားသိရှိခဲ့သည် အော်ရိုရာရုတ်တရက် ရင်ဘက်ထဲမှာ ကြောင်လေးတွေကုတ်ခြစ်နေသလိုမျိုးခံစားလိုက်ရသည် မယ်ရီကလည်း ဘာကြောင့်မှန်းမသိ သူမရဲ့နှုတ်ခမ်းကိုစိုက်ကြည့်နေခဲ့သည် အော်ရိုရာကမယ်ရီသူမကိုစိတ်ဆိုးနေတယ်ထင်ပြီး စပ်ဖြဲဖြဲပြုံးပြကာ ထရပ်ပြီး မယ်ရီကိုလက်လှမ်းလိုက်သည်
မယ်ရီက သူမရဲ့လက်ကိုကြည့်ပီး ခနအကြာမှာလှမ်းကိုင်ပြီး ထလိုက်လေသည်
သူမတို့နှစ်ယောက်ကုန်းပေါ်ရောက်ရှိသွားတဲ့အချိန်မှာတော့ မယ်ရီကအ၀တ်တွေခြောက်အောင် မှော်တောင်ေ၀ှ့ကိုသုံးဖို့လုပ်လလိုက်သည် သူမမှော်တောင်ဝှေးကိုကြည့်ပြီး တစ်ခုစဥ်းစားမိလိုက်သည်
*ခုနကတည်းက ဒါကိုသုံးလိုက်ရင် ရေစိုမှာတောင်မဟုတ်ဘူး အော်ရိုရာ...အော်ရိုရာ တွေ့တာမှတစ်ရက်မပြည့်သေးဘူး သူ့ကြောင့်စိတ်နဲ့ကိုယ်နဲ့တောင်မကပ်တော့ဘူး*
မယ်ရီခေါင်းကိုစိတ်ပျက်လက်ပျက်ရမ်းလိုက်ပြီး အော်ရိုရာရဲ့၀တ်စုံကိုခြောက်အောင်လုပ်ပေးဖို့ သူမကိုကြည့်လိုက်လေသည် မယ်ရီအငွေ့ပျံချင်သွားသည် ဘာကြောင့်လည်းဆိုတော့ အော်ရိုရာက သူမရဲ့အ၀တ်တွေအကုန်ချွတ်နေတာကြောင့်ပင် အခုဆိုဇာပါးလေးတစ်ထပ်ပင်ကျန်တော့သည် နေရောင်အောက်မှာသူမရဲ့ခန္ဓာကိုယ်ကလှလှပပဖောက်မြင်နေရတော့သည် မယ်ရီတံထွေးမျိုချလိုက်ပြီး အော်ရိုရာဆီအပြေးသွားကာ သူမရဲ့ ၀တ်ရုံရှည်ကိုချွတ်ပြီး အော်ရိုရာပေါ်ခြုံပေးလိုက်ပြီးပြောလိုက်သည်
"ဒီမှာ ဘယ်သူမှမရှိဘူးထင်လို့လား!!ဘာလို့အကုန်ချွတ်နေတာလည်း လာ ဟိုဘက်ကို"
မယ်ရီကအော်ရိုရာကိုသစ်ပင်အကွယ်နားခေါ်သွားခဲ့ပြီး သူမရဲ့အ၀တ်စားတွေကိုပြန်၀တ်ဖို့ပြောလေသည် အော်ရိုရာလည်း ကြောင်တောင်တောင်နဲ့ရေစိုနေတဲ့အ၀တ်တွေကိုပြန်၀တ်လေသည် သူမ၀တ်လို့ပြီးသွားတဲ့အခါ မယ်ရီရဲ့၀တ်ရုံကိုပြန်ပေးခဲ့သည် သို့သော်ကံမကောင်းစွာပင် သစ်ငုတ်တိုနဲ့ခြစ်မိပြီးပြဲသွားခဲ့သည် ၀တ်ရုံကြီးပြဲသွားတာမြင်တော့အော်ရိုရာမျက်လုံးပြူးရတော့သည် ပြီးတော့မယ်ရီကိုကြည့်ပြီး ပြောလိုက်သည်
"တောင်း...တောင်းပန်ပါတယ်နော် ငြိနေမှန်းမသိလို့ပါ"
"ဟင်း ထားလိုက်တော့ လွှင့်ပစ်လိုက်တော့မယ် နောက်ထပ်ဟာတွေရှိသေးတယ် ဘာမှမဖြစ်ဘူး"
"အာ လွှင့်မပစ်ပါနဲ့ ဒီလိုလုပ်လေ ဒါကိုကျမကိုပေးလိုက်လေနော်"
သူမဘာတွေများထပ်လုပ်မလို့ပါလိမ့်ထားပါလေ ဘာဘဲဖစ်ဖစ်အသုံး၀င်တော့တာမှမဟုတ်တာ
"အင်း ယူချင်လည်းယူသွား"
"ဟုတ် အဲ့တာဆို ကျမကိုဘာလိုဒီကိုခေါ်လာလည်းပြောလို့ရပြီလား?"
မယ်ရီအော်ရိုရာကိုကြည့်ပြီးရှေ့တိုးလာခဲ့သည် ပုံစံကလူသတ်တော့မယ့်ပုံစံနဲ့ဆိုတော့ အော်ရိုရာတွေးချင်ရာတွေးပြီးနောက်ဆုတ်လေသည် မယ်ရီကလည်းရှေ့ဆက်တိုးသည် နောက်တော့ဆုတ်စရာမရှိတော့ပေ သစ်ပင်ကြီးကနောက်မှာပိတ်နေလေသည် မယ်ရီမှော်တောင်ဝှေ့ကိုမြှောက်လိုက်သည် အော်ရိုရာက သစ်ပင်မှာပြားနေအောင်ကပ်ထားပြီးမျက်လုံးတွေလည်းမှိတ်ထားလေသည် အတန်ကြာထိနာကျင်မူမခံစားရသည့်အခါ သူမရဲ့မျက်လုံးတစ်ဖက်ကိုဖွင့်ကြည့်လိုက်သည် မယ်ရီကလက်ပိုက်ပြီးသူမကိုကြည့်ကာပြောသည်
"ဘာတွေကြောက်နေတာလည်း ငါကရေခြောက်အောင်လုပ်ပေးနေတာ ဘာလို့ခေါ်လာလည်းပြောပြမယ် ဒီမှာထိုင်"
အော်ရိုရာ သူမတွေးချင်ရာတွေးပြီးကြောက်နေတဲ့သူမအဖြစ်ကိုအရှက်သည်းနေတော့သည် ထို့နောက်မယ်ရီပြတဲ့နေရာမှာ၀င်ထိုင်လိုက်ပြီး မယ်ရီပြောမယ့်အချိန်ကိုစောင့်နေတော့သည် မယ်ရီကအော်ရိုရာကိုကြည့်ပြီးပြောလေသည်
"စစချင်းကတော့ ငါပြောမလို့ပါဘဲ ဒါပေမဲ့ မင်းမေမေလေးပြောတဲ့အချိန်ထိစောင့်လိုက်တာကောင်းမယ်ထင်တယ် သူတို့ပြောတာကိုဘဲနားထောင်လိုက်တော့"
"အာ.....လူကိုသိချင်အောင်လုပ်ပြီ အခုပြောလို့မရဘူးလား ဘာလို့မွေးနေ့ကိုစောင့်နေရတာလည်း တကယ်ပါဘဲ"
ကလေးလိုနှုတ်ခမ်းကြီးဆူပြီးပြောနေတဲ့ အော်ရိုရာကိုကြည့်ပြီး မယ်ရီသူမမြင်အောင်ကြိတ်ရယ်လိုက်မိသည် မယ်ရီသူမကိုပြန်နပြောခင်မှာဘဲ သူမကထပ်ပြောလာခဲ့သည်
"အိုး ဘုရားသခင် မကြာခင်မှောင်တော့မယ် ပြန်ရမှာအဝေးကြီးဘဲ ပြန်တော့မယ်နော် မနက်ဖြန်ထပ်လာခဲ့မယ်နော် အဲ့ချိန်ကျရင်နှင်မထုတ်ရဘူး"
သူမအလောတကြီးပြေးထွက်သွားပြီး ခနကြာတော့ပြန်ရောက်လာသည် သူမကိုဖက်သွားပြီးပြောသည်
"ခင်မင်ရတာ ၀မ်းသာပါတယ်နော်"
မယ်ရီကတော့တောင်တောင်ကြီးကျန်နေခဲ့လေသည် သူမကြောင်နေတုံးမှာ အော်ရိုရာကပြန်ရောက်လာပြန်သည် ပြီးတော့သူမကပေုာသည်
"ဆူးခြုံကြီးကို ဘယ်လိုဖြတ်ရမှာလည်း?"
မယ်ရီ ရယ်ချင်သွားသည် ပြီးတော့အော်ရိုရာကိုပြောလိုက်သည်
"ဒီတိုင်း၀င်သွားလိုက်ပါ သူ့အလိုလိုလမ်းပေါ်လာလိမ့်မယ် "
"ဟုတ်လား အာ့ဆိုဒီတစ်ခါတစ်ကယ်သွားပြီနော် bye bye"
အော်ရိုရာထွက်သွားတာကိုကြည့်ပြီး မယ်ရီရယ်လိုက်သည် အော်ရိုရာအပြင်ဘက်ကိုရောက်တဲ့အချိန်မှာတော့ မယ်ရီရဲ့ကျီးကန်းကဘယ်ကမှန်းမသိပေါ်လာခဲ့လေသည် မယ်ရီက ကျီးကန်းကိုပြောလိုက်သည်
"သူမကိုလိုက်စောင့်ရှောက်လိုက် ငါ့ရဲ့ကျိန်စာကလွဲပြီး သူမကိုဘယ်အရာကမှမထိခိုက်စေနဲ့"
ကျီးကန်းကအော်သံပေးပြီး ပျံထွက်သွားခဲ့သည် မယ်ရီကတော့ စိတ်ထဲဘာမှန်းမသိတဲ့ခံစားချက်များနဲ့ကျန်နေခဲ့တော့သည်~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
များကြီးရေးပေးထားတယ် အသည်းကွဲနေတော့ ရိုတဲ့အခန်းရေးတာရိုရဲ့လားမသိဘူး ပြောကြပါအုံးနော် ဒီသာသာကစိတ်နှစ်ခွဖစ်နေလို့😖🤧🤧