EP_6(ဒီနေ့မင်းကိုငါပိုင်တယ်crow)

2.2K 160 11
                                    

Maryနိုးလာတဲ့အခါ လက်မောင်းကနာကျင်မူကိုခံစားလိုက်ရသည် သူမ မနေ့ညကမိုက်ရူးရဲဆန်ပြီး မိန်းကလေးတစ်ယောက်ကိုနမ်းခဲ့တာကိုလည်းသတိရသွားသည် သူမခေါင်းခါလိုက်ပြီး သူမကိုအသိစိတ်လွတ်သွားအောင်ပြုစားနိုင်သည် ရင်ခွင်ထဲကလူသားလေးကိုကြည့်လိုက်သည် မနေ့ညကမှောင်နေတော့ Auror၀တ်ထားတဲ့ အကျီကိုသတိထားမိပေမဲ့ ယခုမနက်ခင်းအလင်းရောင်အောက်မှာ သူမရဲ့နို့နှစ်ရောင်အသားလေးက၀င်းမွတ်လျက် ဖြူဖွေးသွယ်လျတဲ့ ခြေတံလေးက ယစ်မူးဖွယ်ရာကောင်းနေတော့သည် ခပ်ထင်းထင်းညုပ်ရိုးကလေးကိုမြင်တဲ့အခါ Maryတံတွေးမြိုချမိသည် ထို့ပြင် ရှည်လျားတဲ့မျက်တောက်စိပ်စိပ်လေးတွေဟာ နေရောင်အောက်ရောက်တဲ့အခါ သူမရဲ့ပါးပြင်ပေါ်မှာ အရိပ်ကလေးများဖြာကျနေတော့သည်
Maryဟာအရုပ်ကလေးသဖွယ်လှပလွန်းတဲ့လူသားလေးကိုကြည့်နေရင်း အသိစိတ်တွေကဘယ်ဆီဘယ်၀ယ်မှန်းမသိ.....သူမကြည့်နေရင်း Aurorကလှုပ်ရှားလာတော့သည် သူမရဲ့စင်ရော်မျက်ခုံးလေးတွေကတွန့်ချိုးလာပြီးတဲ့နောက် ပင်လယ်ပြာရောင်မျက်လုံးလေးပေါ်ထွက်လာခဲ့ပြီး ဘယ်ညာဝေ့ကြည့်ကာသူမဆီမှာရပ်တန့်သွားခဲ့သည် ထို့နောက်ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးနဲ့ သူမကိုပြုံးပြလာခဲ့သည် Aurorရဲ့အပြုံးကိုမြင်တဲ့အခါ သူမဘယ်လိုတုံ့ပြန်ရမှန်းမသိတော့ပေ ပြန်ပြုံးပြရမလား ဒီတိုင်းနေရမလား ရွေးရခက်နေတုံးမှာဘဲ တံခါးပေါက်မှCrowရဲ့အသံကိုကြားလိုက်ရသည်

"Mary မင်းနိုးပြီလား"

"အင်း ဘာကိစ္စရှိလို့လဲ"

"သိပ်တော့အရေးမကြီးပါဘူး မင်းတို့ပြင်ဆင်ပြီးရင် အပြင်ခနထွက်လာခဲ့အုံး ပြောစရာရှိတယ်"

"အင်း ခနနေလာခဲ့မယ်"

"ဟုတ်ပြီ"

Maryတို့နှစ်ယောက် ညအိပ်၀တ်စုံကိုချွတ်ပြီး ဂါ၀န်၀တ်လိုက်ကြသည် Aurorကတော့ အ၀တ်လဲခန်းသွားလဲပေမဲ့ Maryကတော့ ထုံးစံအတိုင်း မှော်တောင်ဝေ့ကိုဝှေ့ရမ်းလိုက်ရုံပင် သူမတို့နှစ်ယောက်ပြင်ဆင်လိုပြီးသွားတဲ့အခါအပြင်ဘက်ကိုထွက်လာခဲ့သည် အပြင်ရောက်တဲ့အခါ စမ်းချောင်းဘေးက သစ်ပင်ကြီးအောက်မှာမျက်မှောင်ကုတ်ပြီးရပ်နေတဲ့Crowကိုတွေ့ရသည်
သူမတို့နှစ်ယောက်Crowဆီသွားလိုက်တဲ့အခါ နောက်ထပ်လူတစ်ယောက်ကိုပါတွေ့လိုက်ရသည် ထို့သူက ၀တ်ကောင်းစားလှတွေ၀တ်ဆင်ထားပြီး ကြည့်ရတာ အဆင့်တန်းမြင့်တဲ့သခင်လေးဒါမှမဟုတ် မင်းသားတစ်ပါးဖြစ်ပုံရသည် ထို့သူက ဖမ်းခံထားရပေမဲ့လည်း ပျော်ရွှင်နေတဲ့ပုံပေါက်နေသည်
သူက Crowကိုတလက်လက်တောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကိုAurorမြင်ခဲ့သည် ဒါတွေထပ် သူ့ကိုဘာလို့ဖမ်းထားလဲသိချင်တာကြောင့်မေးလိုက်သည်

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now