EP_2(ကျိန်စာ)

2.2K 187 6
                                    

3 year later

နန်းတော်ထဲတွင်ပျော်ပွဲရွှင်ပွဲတစ်ခုကျင်းပနေခဲ့သည် ထိုပွဲကဘုရင်နှင့်သူ၏တစ်ဦးတည်းသောမိဖုရားမှပထမဆုံးဖွားမြင်သော သမီးတော်လေး၏ကင်ပွန်းတပ်အခမ်းအနားကိုကျင်းပ​​ခြင်းပင်ဖြစ်သည်။

ထို့ပြင် သမီးတော်လေးကို ကောင်းချီပေးဖို့
အနီရောင်၀တ်ဆင်ထားတဲ့ နတ်သမီးဖလော်ရာ အစိမ်းရောင်၀တ်ဆင်ထားတဲ့နတ်သမီးဖော်နာ အပြာရောင်၀တ်ဆင်ထားတဲ့ နတ်သမီးမယ်ရီ၀ယ်သာတို့အပါအ၀င်အနယ်နယ်အရပ်ရပ်က တော်၀င်မိသားစုတွေဟာ သမီးတော်လေးကို ဆုမွန်ကောင်းတောင်းပေးဖို့ရောက်ရှိလာခဲ့ကြတယ်။
တော်၀င်မိသားစုအချင်းချင်းမိတ်ဆက်ပီးတဲ့အခါမှာတော့ နတ်သမီးသုံးပါးဟာ မင်းသမီးလေးကိုကောင်းချီပေးဖို့ ပုခက်နဘေးမှာတန်းစီရပ်နေကြတော့သည် နတ်သမီးသုံးပါးထဲကအကြီးဆုံးဖြစ်တဲ့ ဖလော်ရာဟာ မင်းသမီးလေးအတွက် စတင်ဆုတောင်းပေးတော့သည် သူမရဲ့မှော်တုတ်တံကို​ေ၀့ယမ်းလိုက်တဲ့အခါ ငွေမှုန့်လေးတွေထွက်ပေါ်လာခဲ့သည် ငွေမှုန့်လေးတွေပေါ်လာတာနဲ့တပြိုင်နက် သူမကစတင်ဆုတောင်းပေးတော့သည်။

"မင်းသမီးလေးရေ သင့်တော်တဲ့အလှတရားလက်ဆောင်ပေးမယ် ဆုတောင်းတစ်ခုကတော့ ရှာမှရှားလှပပါစေ တောက်ပနေတဲ့ရွှေရောင်ဆံပင်လေး၊ပင်လယ်ပြာရောင်မျက်၀န်းတစ်စုံရယ်နဲ့နှုတ်ခမ်းကနှင်းဆီရောင်လို ရှက်သွေးဖြာနေပါစေ လှပတဲ့နွေဦးလေးလို အဘက်ဘက်ကလှပနေပါစေ"

သူမဆုတောင်းပြီးသွားတဲ့အချိန်မှာတော့ ဒုတိယအကြီးဆုံးဖြစ်တဲ့ဖော်နာကလည်းရှေးနည်းတူ မှော်တုတ်တံကို​ေ၀့ယမ်းလိုက်ပီး မင်းသမီးလေးအတွက် စတင်ဆုတောင်းပေးတော့သည်

"မင်းသမီးလေး ကျွန်တော်မျိုးမပေးသင့်တဲ့လက်ဆောင်လေးကတော့ သီချင်းလက်ဆောင်လေးပါ မင်းသမီးလေးရဲ့တစ်ဘ၀လုံးသံဇဥ်တွေနဲ့ပြည့်နေပါစေ ရောက်ရာအရပ်မှာရှိတဲ့ နိုင်တင်ဂေးဌက်ကလေးတွေဟာ မင်းသမီးလေးရဲ့ အဆိုတော်လေးဖြစ်ပါစေ"

ထို့နောက်နောက်ဆုံးကျန်ရှိတဲ့ မယ်ရီ၀ယ်သာဟာလည်း ဆုမွန်ကောင်းပေးဖို့ရှေ့တက်လာခဲ့ပြီး သူမရဲ့မှော်တုတ်တံကိုမြှောက်လိုက်လေသည် သို့သော် နန်းတော်၍အပြင်ဘက်မှာရုတ်တရက်လေစိမ်းတွေတိုက်ခတ်လာတာကြောင့်နန်းတော်ရဲ့ပြတင်းပေါက်တွေဟာ ပွင့်လာခဲ့ပီလေတွေ၀င်လာခဲ့သည် လေတွေနဲ့အတူလည်းစိမ်းပြာရောင်အငွေ့တွေ၀င်ရောက်လာခဲ့ပြီး ရင်ပြင်လယ်မှာလေ​ေ၀ှ့သဖွယ်ဖြစ်ပေါ်လာခဲ့သည် လေများငြိမ်သက်သွားချိန်မှာတော့ နှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့တဲ့ မယ်ရီဖီးဆန်ကိုတွေ့လိုက်ရသည်။

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now