EP_8(Maryကိုချစ်တယ်လို့ မေမေလေးရဲ့)

1.9K 157 12
                                    

Aurorတစ်ယောက် သူမရဲ့မွေးနေ့ဖြစ်တာကြောင့် မနက်စောစောတည်းကထပြီး လုပ်စရာရှိတာများလုပ်နေတော့သည် မေမေလေးတို့ကိုကူချင်ပေမဲ့ ငယ်ငယ်ကတည်းက မွေးနေ့ရောက်ရင်ဘာမှမကူခိုင်းတာကြောင့် သူမအခြားတစ်ခုသာပြောင်းလုပ်တော့သည် အဲ့တာကဘာလည်းဆိုရင် တောထဲက
တိရစ္ဆာန်လေးတွေနဲ့ဆော့ကစားခြင်းပင် ဒီနှစ်တော့သူမဆော့ကစားခြင်းကိုမလုပ်ဖို့ဆုံးဖြတ်လိုက်သည် အဲ့ဒီအစား သူမMaryဆီသွားဖို့ဆုံးဖြတ်လိုက်သည် အနည်းဆုံးတော့ Maryကိုမွေးနေ့ပွဲဖိတ်တာဘဲဖြစ်ဖြစ်လုပ်လို့ရသေးတာပေါ့ ဒါမှာမဟုတ်လည်း မနက်ခင်းပိုင်းအလွမ်းပြေတာမျိုးပေါ့ သူမMaryဆီမသွားခင် ၀တ်ဖို့၀တ်စုံလှလှလေးကိုရွေးနေတော့သည် သူမကြာလေရွေးရခက်လေပင်
Maryအကြိုက်ကဘယ်လိုမျိုးလည်း သူမ
မသိပေ Maryကိုတွေ့မှမေးဖို့ဆုံးဖြတ်လိုက်သည် လောလောဆယ်တော့ ခါတိုင်းလိုဘဲ နူးနူးညံ့ညံ့ ချစ်ဖို့ကောင်းတဲ့ပုံလေးပြင်လိုက်သည် သူမကကြည်ပြာရောင်ဒူးအထက်ထိတိုတဲ့ဂါ၀န်လေးကို၀တ်ဆင်လိုက်သည် ၀တ်စုံက ရင်ပြတ်ပုခုံးပေါ်ဖြစ်တာကြောင့် ညှပ်ရိုးလေးကထင်းနေသည် ဆံပင်လေးကိုတစ်၀က်မြောက်စီးထားတာကြောင့် သူမကယဥ်ယဥ်လေးဆွဲဆောင်မူရှိရှိလှနေတော့သည် သူမကမေမေလေးသုံးယောက်ကို တစ်လှည့်စီနမ်းလိုက်ပြီး တက်ကြွစွာပြေးထွက်သွားတော့သည် နတ်သမီးလေးတွေကချစ်ဖို့ကောင်းတဲ့Aurorကိုကြည့်ကာ ပြုံးရယ်လိုက်ကြသည်

တစ်ဖက်မှာတော့Philipကသေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတော့သည် မနက်ကCrowနိုးလာလာချင်း မနေ့ညကဘာတွေဖြစ်ခဲ့တယ်ဆိုတာသိတော့ သူအကြီးအကျယ်ကိုဒေါသထွက်သွားလေသည် မတက်နိုင်ပါ သူကိုကဆွဲစားချင်စရာကောင်းနေကိုး တို့ကတော့
ဥပုတ်မစောင့်ပေါင် အဲ့ဒီအချိန်မှာပင် Philipရဲ့ခမည်းတော်က အိပ်ခန်းဆောင်ထဲ၀င်လာခဲ့သည် ဖြစ်ပျက်နေတဲ့ အခြေနေကိုကြည့်ပြီး ဘာဖြစ်နေတယ်ဆိုတာသဘောပေါက်ခဲ့သည် ဘုရင်ကြီးက လက်ကိုနောက်ပစ်ရင်းလေးနက်တဲ့အမူရာနဲ့စကားပြောဖို့ပြင်လိုက်သည် Crowကတော့သူ့ဘ၀ကြီးအဆုံးသတ်ပြီးလို့တွေးတောပြီး၀မ်းနည်းနေတော့သည် ဒါပေမဲ့ ကြားလိုက်ရတဲ့ စကားက အဲ့ထပ်ပင်ပိုဆိုးနေတော့သည် Philipရဲ့ခမည်းတော်ပြောလိုက်တာက

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now