EP_7(မနေ့ညကဘာတွေဖြစ်ကုန်တာလဲ)

1.8K 136 12
                                    

"ကျစ်! ကဲပြောဘာလုပ်မှာလဲ"

"မသိဘူးလေ"

"ဟာ!"

"ဟဲဟဲ စိတ်မကောက်ပါနဲ့ လာလာ ကိုယ်နဲ့လိုက်ခဲ့"

"ဟေ့လူ! ဘာကိုစိတ်ကောက်ရမှာလဲ စကားကိုပြင်ပြောနော်"

"အင်းပါ ကိုယ့်ရဲ့မြင်းကိုဘယ်ထားလိုက်လဲ ဘာလို့ပြန်ပေးဆွဲတာကအဲ့လောက်ကြမ်းရတာလဲ ကိုယ့်ခါးနာနေပြီ"

"အပိုတွေကပြောပြန်ပြီ ခုနလမ်းလျှောက်တုံးကလည်းအကောင်း ဆွဲခေါ်လာတုံးကလည်းအကောင်းကြီးကို ခုမှလာဖောက်နေတယ်နော် ယုံချင်စရာကြီး"

Crowပြောရင်းနဲ့ Philipရဲ့ခါးကိုခြေထောက်နဲ့ကန်လိုက်သည်

"အား!!!နာတယ်ဟ ခုနကအောင့်အီပြီးလျှောက်နေတာလေ အမလေး ကျွတ်ကျွတ် ပိုဆိုးသွားပြီ လုပ်ကြပါအုံး"

"အာ အဆင်ပြေရဲ့လား တကယ်မသိလို့ပါ ဘယ်..ဘယ်လိုလုပ်ကြမလဲဟင်"

Philipမျက်နှာကြီးအောက်ငုံကာပြုံးလိုက်သည် ပြန်မော့လာတဲ့အချိန်မှာတော့ မျက်ရည်အ၀ိုင်းသားနဲ့ကြည့်ပြီပြောလေသည်

"ကိုယ့်ရဲ့နန်းတော်ကိုပြန်လိုက်ပို့ပေး နော်.."

Philipမျက်နှာပိုမြင်ပြီးCrowအနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်

"ပြီးရော ဒီမှာခနစောင့်နေ"

Crowကထိုသို့ပြောပြီး ထွက်သွားလေသည် crowလည်းထွက်သွားရော Philipက ကြိတ်ပုန်းပြုံးလိုက်ပြီး တိုးတိုးလေး​ပြောလိုက်သည်

"Aurorရဲ့နည်းတွေကအသုံး၀င်သားဘဲ"

ခနအကြာCrowရောက်လာသည် သူကPhilipကိုစနစ်တကျမြင်းပေါ်တင်ပေးလိုက်သည် ထို့နောက်သူပါမြင်းပေါ်တက်သည် Crowကသူရဲ့လက်ကို Philipရဲ့ခါးအောက်ကနေလျို၀င်ပြီး နန်းတော်ဆီသို့ဦးတည်လျက်.......

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Aurorကတော့ သူမရဲ့မေမေလေးတွေကြားဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ပေ

"ကျိန်စာအကြောင်းဘယ်လိုသိလည်း"

"ခမည်းတော်ကိုရောသိပြီလား"

"အရမ်းလန့်နေလား"

"အဆင်ပြေရဲ့လား"

"ကျိန်စာကိုဘယ်သူတိုက်လဲသိလား"

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now