EP-9(ဗိုက်ကြီးသွားပြီ)

2.4K 158 14
                                    

"oh!!"

Aurorရုတ်တရက် ထိပ်လန့်တကြားအော်ဟစ်လိုက်တယ် သူမရဲ့အသံကိုကြားတဲ့Maryက စိုးရိမ်တကြီးမေးလိုက်တယ်

"ဘာဖြစ်လို့လည်း တစ်ခုခုဖြစ်လို့လား!"

ထို့အခါ Aurorကတုံးအအ ကလေးတစ်ယောက်လို ပြုံးပြပြီး ရယ်သွမ်သွေးကာပြောလိုက်သည်

"Philipရဲ့ မဂ်လာပွဲကိုသွားရအုံးမယ်လေ အဲ့တာကိုမေ့ပြီး...."

Aurorကပြောနေရင်း ခုန ပြင်းရှရှအနမ်းတွေကိုအမှတ်ရသွားကာ ပါးပြင်တို့ရဲတက်လာလေသည် Aurorအရှက်သည်းနေမှန်းသိတဲ့အခါ Maryကခိုးပြုံးလိုက်ပြီး Aurorလက်ကိုဆွဲကာ သူမရဲ့မှော်တောင်ဝှေးကိုဝေ့ယမ်းလိုက်သည် ထိုအခါစိမ်းပြာရောင်အငွေ့တွေထွက်ပေါ်လာကာ တမုတ်ချင်း ပျောက်ကွယ်သွားတော့သည် အငွေ့တွေနဲ့Maryတို့ဟာလည်းပျောက်ကွယ်သွားခဲ့သည်

Aurorတစ်ယောက်ကတော့ မြူငွေ့တွေကြောင့်မျက်စိမှိတ်ထားရာကနေ ဖွင့်ကြည့်လိုက်တဲ့အခါ ခမ်းနားတဲ့အဖြူရောက်လိုက်ကာစတွေနဲ့အလှဆင်ထားတဲ့မြက်ခင်းပြင်လျှောက်လမ်းကြီးကိုမြင်လိုက်ရလေသည် လျောက်လမ်းရဲ့ အဆုံးမှာ ငွေရောင်ပင်စည်နဲ့ပြာလဲ့လဲ့သစ်ရွက်ကလေးတွေပေါက်နေတဲ့ညောင်ပင်ကြီးကိုမြင်နေရလေသည် ညောင်ပင်ရဲ့အရှေ့မှာတော့ ၀တ်ဖြူစင်ကြယ်နဲ့ ဘုန်းတော်ကြီးတစ်ပါးကတည်ငြိမ်စွာမတ်တပ်ရပ်နေပြီး ဘုန်းတော်ကြီးရဲ့ရှေ့မှာ အဖြူရောင်သတိုးသားနှစ်ယောက်ဟာလည်း လက်ချင်းချိတ်လို့မတ်တပ်ရပ်ကာ ကတိက၀တ်ပြုနေကြတဲ့ အသံကိုလည်းကြားနေရသည် ဧည်သည်တွေဟာလည်း သတိုးသားနှစ်ယောက်ထံကိုသာစိတ်ရောက်နေတာကြောင့် Maryတို့ရောက်လာတာကိုသတိမထားမိပေ Aurorကအလျင်အမြန်ပင် နောက်ဆုံးကျန်နေတဲ့ထိုင်ခုံနှစ်ခုမှာ၀င်ထိုင်ဖို့လုပ်လိုက်သည် သိုပေမဲ့ ကံမကောင်းစွာပင် ခပ်၀၀လူကြီးတစ်ယောက်က Aurorကိုတွန်းတိုက်ကာ လုထိုင်လိုက်လေသည် ထိုလူကြီးတွန်းလိုက်တာကြောင့် Aurorနောက်ကMaryဟာကျန်နေတဲ့ထိုင်ခုံပေါ်မှာ ထိုင်လျက်ကျသွားပြီး တစ်ဆင့်Aurorဟာ Maryပေါင်ပေါ်ကိုရောက်သွားလေတော့သည်Aurorက ရှက်ရမ်းရမ်းကာ ပြန်ထဖို့လုပ်ပေမဲ့ Maryက သူမရဲ့ခါးကိုညင်သာစွာဖမ်းဆုတ်ထားလိုက် လေတိုးသံလေးနဲ့ပြောလိုက်သည်

သူမရဲ့ချိုမြိန်သောကျိန်စာ(complete)Where stories live. Discover now