🔹Unicode🔹
"ငါကတော့ ဒီစာရင်းကိုသဘက်ခါအပြီးလိုချင်တယ်"
"ဟုတ်ကဲ့ပါ Boss ဒါဆို..."
"ဦး..."
"ဗျား...သည်းငယ်လေး"
ထင်တစ်ယောက်ခြေထောက်ခေါက်လဲပြီးကထဲက ကျောင်းမသွားဘဲ ဦးသက်ဘုန်းနိုင်အနားသာ ကပ်ချွဲနေတော့သည်။ဒါမျိုးဆို ဦးသက်ဘုန်းနိုင်တို့ကလဲ အလုပ်ကိုအိမ်မှာယူလုပ်သည်။ဘယ်သွားသွားထင့်ကိုသူကိုယ်တိုင်ပွေ့ချီပို့သည်။ကြားထဲက အလုပ်ရှုပ်ရသူကတော့ Companyသွားလိုက် အိမ်မှာလာဆွေးနွေးလိုက် အလုပ်တွေမှာသွားစစ်လိုက်ဖြင့် မင်းပိုင်သာ။
"ဦးလို့"
"ဗျာ ဗျ ဘာလိုလို့လဲ သည်းငယ်ရဲ့ ဦးကိုပြောလေ ဘာစားချင်တာရှိလို့လဲ"
"ထိုင်ရတာ ညောင်းလာပြီ အိပ်ချင်တယ်"
"ဟုတ်လား ဒါဆိုဦးအခန်းထဲပို့ပေးရမလားဟင်"
"ဟုတ်ဘူး ဦးရင်ခွင်ထဲအိပ်ချင်တာ"
"သည်းငယ်လေးက ဦးရင်ခွင်ထဒမှာ အိပ်ချင်တာလား"
"အွန်း ဘာလဲ ဦးကမအိပ်ခိုင်းချင်ဘူးလား ပြော"
နှုတ်ခမ်းလေးဆူပြီး ချွဲပြောနေပုံလေးက ရန်သူပါလက်နက်ချလောက်သည်။ဦးသက်ဘုန်းနိုင်လဲ ထင့်ပါးလေးကို ဖြစ်ညှစ်လိုက်ပြီး
"တစ်သက်လုံးအိပ်မယ်ဆိုရင်တော့ ဦးက၀မ်းပမ်းတသာပါပဲဗျာ အခန်းထဲကအိပ်ရာကိုတောင် တစ်ယောက်အိပ်ကုတင်ပြောင်းမှထင်တယ် အမြဲတမ်းရင်ခွင်ထဲထည့်အိပ်ချင်လို့"
"ဟွန့် ပိုကိုပိုတယ်"
"လိုသေးတာမှ အများကြီးပဲ ထုတ်ပါလိုက်ရင် သည်းငယ်လေး တဝိုးဝိုးတဝါးဝါးတောင် ဖြစ်သွားအုံးမယ်"
ဦးသက်ဘုန်းနိုင်ကထင့်ကိုဇွတ်အတင်းလက်ထပ်ထားမှန်းသိတဲ့ မင်းပိုင်ကတော့ လက်ရှိအခြေအနေနဲ့ အတော်မရင်းနှီးပေ။နှစ်ယောက်သားပြောစကားများကိုနားထောင်ပြီး လူကကြက်သီးတောင် ထချင်သည်။အမောင်ထင်ကလဲ ခုများတော့အရူးအမဲသားကျွေးသလို တစ်ဦးထဲ ဦးနေသည်။ဘေးကဆရာကလဲ သကြားမျက်နှာကြီးပေါ် တကာရည်လောင်းထားသလိုပင်။
စဉ်းစားရင်းနဲ့ပင် ထင်တစ်ယောက်ဦးသက်ဘုန်းနိုင်ရဲ့ ပါးသို့ နှုတ်ခမ်းလေးဖြင့် လှမ်းနမ်းလေးသည်။
"အယ် ဒီကလေးလူလစ်တုန်း နမ်းတယ်ပေါ့လေ"
ပထမဆုံးအနမ်း။ထင့်ဘက်မှ ပထမဆုံးအကြိမ် ကြည်ဖြူစွာ၏နမ်းသည့်အနမ်း။ဦးသက်ဘုန်းနိုင် အယောင်ယောင်အမှားမှားနဲ့ ရပ်နေပြီး အတန်ကြာမှ ထင့်ကို စပြောလေးပြောလေသည်။
"မရဘူးလား ပြော"
"ရပါ့ဗျာ သည်းငယ်လေး နမ်းချင်တယ်ဆို တစ်နေကုန် တစ်ညလုံး တစ်သက်လုံးနမ်းပါ့လိမ့် ဦးကပြုံးပြုံးကြီး ငြိမ်ခံနမှာပေါ့"
"ငြိမ်မခံဘူးဆိုရင်လဲ ဒီကအတင်းနမ်းမှာနော်"
"အဟွတ် အဟွတ်"
အချစ်ငှက်နှစ်ကောင်တစ်တီတူးနေတုန်း ငှက်ဆိုးတစ်ကောင်အော်သံကြားလိုက်ရသည်။
"ချောင်းဆိုးနေတာလား မင်းပိုင် ဒါမျိုးက အက်စစ်အပြင်းလေးနှစ်ခွက်လောက် သောက်ပေးရတယ်တဲ့"
"မဆိုးပါဘူး Boss ကျွန်တော်Companyလဲ ပြန်ရအုံးမှာဆိုတော့လေ Bossပြောစရာကုန်ပြီလားလို့ ဒီစာရွက်တွေတော့ လက်မှတ်ထိုးပေးဖို့ လိုတယ်Boss"
ပြောပြီး Fileထဲက စာရွက်အချို့ကို မင်းပိုင်ထုတ်နေသည်။
"ဟီး ဟီး ယားတယ်"
မင်းပိုင်စာရွင်တွေအကုန်ထုတ်ပြီး ဦးသက်ဘုန်းနိုင်ကို ပေးမယ်လုပ်တော့ ရင်ခွင်ထဲက သူ့ယောက်ျားရဲ့မျက်နှာအနှံ့ နှုတ်ခမ်းကြီးနဲ့ တစ်မွမွလိုက်နမ်းနေလေသည်။
ဒီနေရာမှာ ငါမရှင်ချင်တော့ဘူး!
15မိနစ်လောက်ကြာမှ
"လက်မှတ်ထိုးရမယ်ဆိုပေးလေ"
"ဪ ဟုတ်"
စာရွက်လေး5ရွက်လောက်လက်မှတ်ထိုးတာကို 10မိနစ်လောက်ကြာနေပြီဖြစ်သည်။စာထဲကအကြောင်းအရာတွေကို ဖတ်နေတာတောပမဟုတ် ရင်ခွင်ထဲခေါင်းထိုးမှေးနေသော သူ့ယောက်ျားလေးခေါင်းကို နမ်းမ၀ဖြစ်နေခြင်းဖြစ်သည်။
အင်းပေါ့လေ ဘယ်အချိန်ကထဲက အောင့်အီးထားမှန်းမှမသိတာ။နောက်ဆုံးတော့ ကိုယ်ကပဲစိတ်ရှည်သည်းခံပြီး လက်မှတ်ထိုးပြီးတာကိုစောင့်ပြီး စာရွက်စာတမ်းတွေအကုန်သိမ်းပြီး ထိုအမျိုးသားနှစ်ယောက်ရဲ့အဝေးဆုံးနေရာကို ထွက်လာလိုက်သည်။
နွေပေါက်နေပြီ သူတို့ကြည့်ရတာ ပူလိုက်တာ ပွတ်သီးပွတ်သဲ့နဲ့!
->->->->->->->->->->->->->->->->->->
"ဦး ကျွန်တော် မနက်ဖြန်ကျောင်းလိုက်တော့မယ်"
ဦးသက်ဘုန်းနိုင်က ထင်နဲ့ရပြီကထဲက အလုပ်ခန်းထဲမှာ အလုပ်မလုပ်ဘဲ ထုံးစံအတိုင်းအခန်းထဲက ဆိုဖာပေါ်မှာသာ အလုပ်လုပ်နေသည်။ဆိုဖာကအရှာ်ဖြစ်တာမို့ထင်ကတော့ ဦးသက်ဘုန်းနိုင်ပေါင်ကို ခေါင်းအုံးရင်းဖြစ်သည်။
"နားပါအုံးလား သည်းငယ်ရဲ့"
"ခြေထောက်က အတော်သက်သာနေပါပြီ ပြီးတော့စာမေးပွဲလဲနီးပြီလေ ဒီရက်ပိုင်းလောက်တော့ စာကျက်ဖို့ကျောင်းပြန်ပိတ်ပေးအုံးမှာပါ"
"ဦးကတော့ နားစေချင်တယ် ဒါပေမယ့် သည်းငယ်သဘောပါ ကျောင်းကိုတော့ ဦးပဲအကြိုအပို့လုပ်မှာနော်"
"ဟုတ်ကဲ့ ဦးသဘောပါဗျ"
"လိမ္မာတယ် ဦး ကလေးလေး"
ထိုအချိန် messenger မှဖုန်း၀င်လာသဖြင့်ကြည့်လိုက်တော့ Groupထဲက ခေါ်တာဖြစ်နေသည်။
'Hello'
'Hello ထင်လား ဟိုကောင်ဝေလျှံရော မကိုင်ဘူးလား'
'အေး မကိုင်ဘူး ဒိအချိန်ဆိုသူ့မမနဲ့စကားပြောနေမှာပေါ့'
ထင်နဲ့ပိုင်မြတ်မှူးခန့်စကားပြောနေတုန်း နှိုင်းဝေလျှံထွန်းလဲ joinလာသည်။
'Hello ငါးကောင်တို့'
'နွားလေး ဘာလို့တန်းမကိုင်တာလဲ'
'-ျီးပါနေလို့ကွ'
'ရွံတာကွာ ပေါက်လွတ်ပဲစား ငါစားနေတာကို'
'မင်းမေးလို့ငါဖြေတာလေ မင်းစားနေတာ ငါမှမမြင်တာ ပြောပါအုံးဘာကိစ္စခေါ်တာလဲ'
'အဟဲ ကိုကိုက ငါ့အချစ်ကိုလက်ခံလိုက်ပြီ'
'ဘာရယ် တကယ်လား အကိုစောမင်းမောင်ကလေ'
'အေးဆို ငါကနောက်မလားကွ ခုလေးတင်ရတာ မင်းတို့ကို လာကြွားတာ'
'ဘယ်လိုတွေတောင် ရလိုက်တာလဲဟ'
'ဟား ပြန်မချစ်ရင် စာမေးပွဲမဖြေတော့ဘူးလို့ ပြောလိုက်တာ'
'ကလေးအကွက်တွေကွာ မင်းဘဲကြီးကလဲ ဒါမျိုးတွေလုပ်ရတယ်လား'
'ငါ့ကိုကိုက ကလေးတွေလို ဖြူစင်ရိုးသားတာကွ'
'အေးပါ မင်းပြောတော့လဲ ယုံရတာပေါ့'
'ဒါနဲ့ ထင်မင်းကျောင်းမလာတာ 3ရက်ရှိပြီနော်'
'ဟုတ်တယ် ဟျောင်ရေ ငါလမ်းမလျှောက်နိုင်လို့'
'ဘာ ဘာ အဲ့နေ့ကဦးသင်ဘုန်းနိုင်ကြီး မင်းကိုထမ်းခေါ်သွားတော့ အိမ်ရောက်တော့ ရှယ်ပွဲကြမ်းပစ်တာပေါ့ ဟုတ်လား'
'-ီးကိုကြမ်း ငါ့ဘာသာကုတင်ပေါ်ကပြုတ်ကြလို့ ခြေထောက်နာဝာာ'
'အွန်းပါ မမြင်ရတော့လဲ ယုံရတာပေါ့'
'ငါထွက်တော့မယ် မမကြီးက another callဖြစ်နေလို့တဲ့'
'လွှတ်ထားလိုက်စမ်းပါကွာ'
'မရဘူးဟ bye bye. Bye bye'
'စော်ကြောက်ကောင်ကွာ သိက္ခာကျတယ်'
'ထင် ဟိုနေ့က လူက ဝေလျှံကို နှိုင်းတွေမောင်တွေနဲ့'
'ဘယ်သူ ဪ ကိုခန့်လား'
ထင်က ကိုခန့်လားလို့ပြောလိုက်တော့ ဦးသက်ဘုန်းနိုင်က ငုံကြည့်လာသည်။ထင်လဲ နှုတ်ခမ်းကိုထော်ပြီး အာဘွားပေးသလိုလုပ်မှ laptopထဲအကြည့်ပြန်ရောက်သွားသည်။
'အေး ဟုတ်တယ်'
'ဟိုကောင်ကရော ဘာမှမပြောဘူးလား'
'သိတဲ့အတိုင်း ငတ်နေရင်ဘာမှမသိဘူး'
'ဟား ဟား တကယ့်ကောင်ကွာငါ့ကိုလဲ ကိုခန့်က အကူအညီတောင်းထားတယ်
ဒါပေမယ့် ဝေလျှံ့မှာမသရဖီရှိနေတော့
ငါလဲသိပ်မကူညီရဲဘူး သူကတော့စောင့်မယ်ပြောတာပဲ'
'သူ့စိတ်ကြိုက်ပါကွာ ငါလဲတွန်းအား မပေးချင်ဘူး'
'အေးကွာဒါဆိုလဲမနက်ဖြန်မှတွေ့မယ်'
'Bye Bye'
"ခန့်သူရမောင်က ဘာဖြစ်လို့လဲသည်းငယ်"
"ဝေလျှံ့ကိုကြိုက်လို့တဲ့ ဦးရယ် ဟီး သူကအစကချစ်မိတယ်ပြောတော့ ကျွန်တော်က ကျွန်တော်ထင်နေတာ အိမ်ထောင်ရှိတယ်လို့တောင်ငြင်းလိုက်သေးတယ်"
"ခန့်သူရမောင်ကလေ"
"အွန်း ဦး အိပ်သေးဘူးလား"
'သည်းငယ်လေး အိပ်ချင်ပြီလား"
"ဟုတ်"
"ဦးကအလုပ်ကျန်သေးတယ်"
"ဒါဆိုလည်းစောင့်မယ်ဗျာ ကျွန်တော်ကဦးကိုဖက်အိပ်ချင်တာပါဆို"
"ဪ ဟုတ်ပါပြီဗျာ လာ လာ ဦးချီမယ်"
ဒီလိုနဲ့ အမျိုးသားနှစ်ဦးဟာ ခန္ဓာကိုယ်နှစ်ခုကြားမှာ လေ၀င်လေထွက်မရှိအောင် တင်းကြပ်အောင်ဖက်၍ အိပ်စက်ခြင်းဆီသို့။
{နောက်ကျသွားလို့ တွေ့ပုကျိ
ကိုယ့်ကျန်းမာရေးကလဲ ပြန်ြန်ထနေတော့ စာရိုက်ရတာ အဆင်မပြေဘူး မစစ်ရသေးလို့ အမှားပါရင်နားလည်ပေးပါနော် ပြီးတော့ ကိုယ်ကကျေးဇူးတင်ပါတယ်နော်}
××××××××××××××××××××××××××××
🔹 Zawgyi 🔹
"ငါကေတာ့ ဒီစာရင္းကိုသဘက္ခါအၿပီးလိုခ်င္တယ္"
"ဟုတ္ကဲ့ပါ Boss ဒါဆို..."
"ဦး..."
"ဗ်ား...သည္းငယ္ေလး"
ထင္တစ္ေယာက္ေျခေထာက္ေခါက္လဲၿပီးကထဲက ေက်ာင္းမသြားဘဲ ဦးသက္ဘုန္းနိုင္အနားသာ ကပ္ခြၽဲေနေတာ့သည္။ဒါမ်ိဳးဆို ဦးသက္ဘုန္းနိုင္တို႔ကလဲ အလုပ္ကိုအိမ္မွာယူလုပ္သည္။ဘယ္သြားသြားထင့္ကိုသူကိုယ္တိုင္ေပြ႕ခ်ီပို႔သည္။ၾကားထဲက အလုပ္ရႈပ္ရသူကေတာ့ Companyသြားလိုက္ အိမ္မွာလာေဆြးႏြေးလိုက္ အလုပ္ေတြမွာသြားစစ္လိုက္ျဖင့္ မင္းပိုင္သာ။
"ဦးလို႔"
"ဗ်ာ ဗ် ဘာလိုလို႔လဲ သည္းငယ္ရဲ႕ ဦးကိုေျပာေလ ဘာစားခ်င္တာရွိလို႔လဲ"
"ထိုင္ရတာ ေညာင္းလာၿပီ အိပ္ခ်င္တယ္"
"ဟုတ္လား ဒါဆိုဦးအခန္းထဲပို႔ေပးရမလားဟင္"
"ဟုတ္ဘူး ဦးရင္ခြင္ထဲအိပ္ခ်င္တာ"
"သည္းငယ္ေလးက ဦးရင္ခြင္ထဒမွာ အိပ္ခ်င္တာလား"
"အြန္း ဘာလဲ ဦးကမအိပ္ခိုင္းခ်င္ဘူးလား ေျပာ"
ႏႈတ္ခမ္းေလးဆူၿပီး ခြၽဲေျပာေနပုံေလးက ရန္သူပါလက္နက္ခ်ေလာက္သည္။ဦးသက္ဘုန္းနိုင္လဲ ထင့္ပါးေလးကို ျဖစ္ညွစ္လိုက္ၿပီး
"တစ္သက္လုံးအိပ္မယ္ဆိုရင္ေတာ့ ဦးက၀မ္းပမ္းတသာပါပဲဗ်ာ အခန္းထဲကအိပ္ရာကိုေတာင္ တစ္ေယာက္အိပ္ကုတင္ေျပာင္းမွထင္တယ္ အၿမဲတမ္းရင္ခြင္ထဲထည့္အိပ္ခ်င္လို႔"
"ဟြန႔္ ပိုကိုပိုတယ္"
"လိုေသးတာမွ အမ်ားႀကီးပဲ ထုတ္ပါလိုက္ရင္ သည္းငယ္ေလး တဝိုးဝိုးတဝါးဝါးေတာင္ ျဖစ္သြားအုံးမယ္"
ဦးသက္ဘုန္းနိုင္ကထင့္ကိုဇြတ္အတင္းလက္ထပ္ထားမွန္းသိတဲ့ မင္းပိုင္ကေတာ့ လက္ရွိအေျခအေနနဲ႕ အေတာ္မရင္းႏွီးေပ။ႏွစ္ေယာက္သားေျပာစကားမ်ားကိုနားေထာင္ၿပီး လူကၾကက္သီးေတာင္ ထခ်င္သည္။အေမာင္ထင္ကလဲ ခုမ်ားေတာ့အ႐ူးအမဲသားေကြၽးသလို တစ္ဦးထဲ ဦးေနသည္။ေဘးကဆရာကလဲ သၾကားမ်က္ႏွာႀကီးေပၚ တကာရည္ေလာင္းထားသလိုပင္။
စဥ္းစားရင္းနဲ႕ပင္ ထင္တစ္ေယာက္ဦးသက္ဘုန္းနိုင္ရဲ႕ ပါးသို႔ ႏႈတ္ခမ္းေလးျဖင့္ လွမ္းနမ္းေလးသည္။
"အယ္ ဒီကေလးလူလစ္တုန္း နမ္းတယ္ေပါ့ေလ"
ပထမဆုံးအနမ္း။ထင့္ဘက္မွ ပထမဆုံးအႀကိမ္ ၾကည္ျဖဴစြာ၏နမ္းသည့္အနမ္း။ဦးသက္ဘုန္းနိုင္ အေယာင္ေယာင္အမွားမွားနဲ႕ ရပ္ေနၿပီး အတန္ၾကာမွ ထင့္ကို စေျပာေလးေျပာေလသည္။
"မရဘူးလား ေျပာ"
"ရပါ့ဗ်ာ သည္းငယ္ေလး နမ္းခ်င္တယ္ဆို တစ္ေနကုန္ တစ္ညလုံး တစ္သက္လုံးနမ္းပါ့လိမ့္ ဦးကၿပဳံးၿပဳံးႀကီး ၿငိမ္ခံနမွာေပါ့"
"ၿငိမ္မခံဘူးဆိုရင္လဲ ဒီကအတင္းနမ္းမွာေနာ္"
"အဟြတ္ အဟြတ္"
အခ်စ္ငွက္ႏွစ္ေကာင္တစ္တီတူးေနတုန္း ငွက္ဆိုးတစ္ေကာင္ေအာ္သံၾကားလိုက္ရသည္။
"ေခ်ာင္းဆိုးေနတာလား မင္းပိုင္ ဒါမ်ိဳးက အက္စစ္အျပင္းေလးႏွစ္ခြက္ေလာက္ ေသာက္ေပးရတယ္တဲ့"
"မဆိုးပါဘူး Boss ကြၽန္ေတာ္Companyလဲ ျပန္ရအုံးမွာဆိုေတာ့ေလ Bossေျပာစရာကုန္ၿပီလားလို႔ ဒီစာ႐ြက္ေတြေတာ့ လက္မွတ္ထိုးေပးဖို႔ လိုတယ္Boss"
ေျပာၿပီး Fileထဲက စာ႐ြက္အခ်ိဳ႕ကို မင္းပိုင္ထုတ္ေနသည္။
"ဟီး ဟီး ယားတယ္"
မင္းပိုင္စာ႐ြင္ေတြအကုန္ထုတ္ၿပီး ဦးသက္ဘုန္းနိုင္ကို ေပးမယ္လုပ္ေတာ့ ရင္ခြင္ထဲက သူ႕ေယာက္်ားရဲ႕မ်က္ႏွာအႏွံ႕ ႏႈတ္ခမ္းႀကီးနဲ႕ တစ္မြမြလိုက္နမ္းေနေလသည္။
ဒီေနရာမွာ ငါမရွင္ခ်င္ေတာ့ဘူး!
15မိနစ္ေလာက္ၾကာမွ
"လက္မွတ္ထိုးရမယ္ဆိုေပးေလ"
"ဪ ဟုတ္"
စာ႐ြက္ေလး5႐ြက္ေလာက္လက္မွတ္ထိုးတာကို 10မိနစ္ေလာက္ၾကာေနၿပီျဖစ္သည္။စာထဲကအေၾကာင္းအရာေတြကို ဖတ္ေနတာေတာပမဟုတ္ ရင္ခြင္ထဲေခါင္းထိုးေမွးေနေသာ သူ႕ေယာက္်ားေလးေခါင္းကို နမ္းမ၀ျဖစ္ေနျခင္းျဖစ္သည္။
အင္းေပါ့ေလ ဘယ္အခ်ိန္ကထဲက ေအာင့္အီးထားမွန္းမွမသိတာ။ေနာက္ဆုံးေတာ့ ကိုယ္ကပဲစိတ္ရွည္သည္းခံၿပီး လက္မွတ္ထိုးၿပီးတာကိုေစာင့္ၿပီး စာ႐ြက္စာတမ္းေတြအကုန္သိမ္းၿပီး ထိုအမ်ိဳးသားႏွစ္ေယာက္ရဲ႕အေဝးဆုံးေနရာကို ထြက္လာလိုက္သည္။
ႏြေေပါက္ေနၿပီ သူတို႔ၾကည့္ရတာ ပူလိုက္တာ ပြတ္သီးပြတ္သဲ့နဲ႕!
->->->->->->->->->->->->->->->->->->
"ဦး ကြၽန္ေတာ္ မနက္ျဖန္ေက်ာင္းလိုက္ေတာ့မယ္"
ဦးသက္ဘုန္းနိုင္က ထင္နဲ႕ရၿပီကထဲက အလုပ္ခန္းထဲမွာ အလုပ္မလုပ္ဘဲ ထုံးစံအတိုင္းအခန္းထဲက ဆိုဖာေပၚမွာသာ အလုပ္လုပ္ေနသည္။ဆိုဖာကအရွာ္ျဖစ္တာမို႔ထင္ကေတာ့ ဦးသက္ဘုန္းနိုင္ေပါင္ကို ေခါင္းအုံးရင္းျဖစ္သည္။
"နားပါအုံးလား သည္းငယ္ရဲ႕"
"ေျခေထာက္က အေတာ္သက္သာေနပါၿပီ ၿပီးေတာ့စာေမးပြဲလဲနီးၿပီေလ ဒီရက္ပိုင္းေလာက္ေတာ့ စာက်က္ဖို႔ေက်ာင္းျပန္ပိတ္ေပးအုံးမွာပါ"
"ဦးကေတာ့ နားေစခ်င္တယ္ ဒါေပမယ့္ သည္းငယ္သေဘာပါ ေက်ာင္းကိုေတာ့ ဦးပဲအႀကိဳအပို႔လုပ္မွာေနာ္"
"ဟုတ္ကဲ့ ဦးသေဘာပါဗ်"
"လိမၼာတယ္ ဦး ကေလးေလး"
ထိုအခ်ိန္ messenger မွဖုန္း၀င္လာသျဖင့္ၾကည့္လိုက္ေတာ့ Groupထဲက ေခၚတာျဖစ္ေနသည္။
'Hello'
'Hello ထင္လား ဟိုေကာင္ေဝလွ်ံေရာ မကိုင္ဘူးလား'
'ေအး မကိုင္ဘူး ဒိအခ်ိန္ဆိုသူ႕မမနဲ႕စကားေျပာေနမွာေပါ့'
ထင္နဲ႕ပိုင္ျမတ္မႉးခန႔္စကားေျပာေနတုန္း ႏွိုင္းေဝလွ်ံထြန္းလဲ joinလာသည္။
'Hello ငါးေကာင္တို႔'
'ႏြားေလး ဘာလို႔တန္းမကိုင္တာလဲ'
'-ျီးပါနေလို့ကွ'
'႐ြံတာကြာ ေပါက္လြတ္ပဲစား ငါစားေနတာကို'
'မင္းေမးလို႔ငါေျဖတာေလ မင္းစားေနတာ ငါမွမျမင္တာ ေျပာပါအုံးဘာကိစၥေခၚတာလဲ'
'အဟဲ ကိုကိုက ငါ့အခ်စ္ကိုလက္ခံလိုက္ၿပီ'
'ဘာရယ္ တကယ္လား အကိုေစာမင္းေမာင္ကေလ'
'ေအးဆို ငါကေနာက္မလားကြ ခုေလးတင္ရတာ မင္းတို႔ကို လာႂကြားတာ'
'ဘယ္လိုေတြေတာင္ ရလိုက္တာလဲဟ'
'ဟား ျပန္မခ်စ္ရင္ စာေမးပြဲမေျဖေတာ့ဘူးလို႔ ေျပာလိုက္တာ'
'ကေလးအကြက္ေတြကြာ မင္းဘဲႀကီးကလဲ ဒါမ်ိဳးေတြလုပ္ရတယ္လား'
'ငါ့ကိုကိုက ကေလးေတြလို ျဖဴစင္ရိုးသားတာကြ'
'ေအးပါ မင္းေျပာေတာ့လဲ ယုံရတာေပါ့'
'ဒါနဲ႕ ထင္မင္းေက်ာင္းမလာတာ 3ရက္ရွိၿပီေနာ္'
'ဟုတ္တယ္ ေဟ်ာင္ေရ ငါလမ္းမေလွ်ာက္နိုင္လို႔'
'ဘာ ဘာ အဲ့ေန႕ကဦးသင္ဘုန္းနိုင္ႀကီး မင္းကိုထမ္းေခၚသြားေတာ့ အိမ္ေရာက္ေတာ့ ရွယ္ပြဲၾကမ္းပစ္တာေပါ့ ဟုတ္လား'
'-ီးကိုၾကမ္း ငါ့ဘာသာကုတင္ေပၚကျပဳတ္ၾကလို႔ ခြေထောက်နာဝာာ'
'အြန္းပါ မျမင္ရေတာ့လဲ ယုံရတာေပါ့'
'ငါထြက္ေတာ့မယ္ မမႀကီးက another callျဖစ္ေနလို႔တဲ့'
'လႊတ္ထားလိုက္စမ္းပါကြာ'
'မရဘူးဟ bye bye. Bye bye'
'ေစာ္ေၾကာက္ေကာင္ကြာ သိကၡာက်တယ္'
'ထင္ ဟိုေန႕က လူက ေဝလွ်ံကို ႏွိုင္းေတြေမာင္ေတြနဲ႕'
'ဘယ္သူ ဪ ကိုခန႔္လား'
ထင္က ကိုခန႔္လားလို႔ေျပာလိုက္ေတာ့ ဦးသက္ဘုန္းနိုင္က ငုံၾကည့္လာသည္။ထင္လဲ ႏႈတ္ခမ္းကိုေထာ္ၿပီး အာဘြားေပးသလိုလုပ္မွ laptopထဲအၾကည့္ျပန္ေရာက္သြားသည္။
'ေအး ဟုတ္တယ္'
'ဟိုေကာင္ကေရာ ဘာမွမေျပာဘူးလား'
'သိတဲ့အတိုင္း ငတ္ေနရင္ဘာမွမသိဘူး'
'ဟား ဟား တကယ့္ေကာင္ကြာငါ့ကိုလဲ ကိုခန႔္က အကူအညီေတာင္းထားတယ္
ဒါေပမယ့္ ေဝလွ်ံ႕မွာမသရဖီရွိေနေတာ့
ငါလဲသိပ္မကူညီရဲဘူး သူကေတာ့ေစာင့္မယ္ေျပာတာပဲ'
'သူ႕စိတ္ႀကိဳက္ပါကြာ ငါလဲတြန္းအား မေပးခ်င္ဘူး'
'ေအးကြာဒါဆိုလဲမနက္ျဖန္မွေတြ႕မယ္'
'Bye Bye'
"ခန႔္သူရေမာင္က ဘာျဖစ္လို႔လဲသည္းငယ္"
"ေဝလွ်ံ႕ကိုႀကိဳက္လို႔တဲ့ ဦးရယ္ ဟီး သူကအစကခ်စ္မိတယ္ေျပာေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ္ထင္ေနတာ အိမ္ေထာင္ရွိတယ္လို႔ေတာင္ျငင္းလိုက္ေသးတယ္"
"ခန႔္သူရေမာင္ကေလ"
"အြန္း ဦး အိပ္ေသးဘူးလား"
'သည္းငယ္ေလး အိပ္ခ်င္ၿပီလား"
"ဟုတ္"
"ဦးကအလုပ္က်န္ေသးတယ္"
"ဒါဆိုလည္းေစာင့္မယ္ဗ်ာ ကြၽန္ေတာ္ကဦးကိုဖက္အိပ္ခ်င္တာပါဆို"
"ဪ ဟုတ္ပါၿပီဗ်ာ လာ လာ ဦးခ်ီမယ္"
ဒီလိုနဲ႕ အမ်ိဳးသားႏွစ္ဦးဟာ ခႏၶာကိုယ္ႏွစ္ခုၾကားမွာ ေလ၀င္ေလထြက္မရွိေအာင္ တင္းၾကပ္ေအာင္ဖက္၍ အိပ္စက္ျခင္းဆီသို႔။
{ေနာက္က်သြားလို႔ ေတြ႕ပုက်ိ
ကိုယ့္က်န္းမာေရးကလဲ ျပန္ျန္ထေနေတာ့ စာရိုက္ရတာ အဆင္မေျပဘူး မစစ္ရေသးလို႔ အမွားပါရင္နားလည္ေပးပါေနာ္ ၿပီးေတာ့ ကိုယ္ကေက်းဇူးတင္ပါတယ္ေနာ္}