Unicode
Extra-3
ပတ်ပတ်လည်ရှိ အမှောင်ထုကြီးအား ကြည့်ကာ ရီဟွားဆွံ့အသွားရသည်။ သူ ရောက်ရှိနေသောနေရာအား နားမလည်နိုင်။
ပုံဆွဲပြီး ပင်ပန်းသောကြောင့် တရေးအိပ်လိုက်ခြင်းအား မှတ်မိသည်။ သူ ဘာလို့ ဒီကို ရုတ်တရက်ရောက်လာရတာလဲ။
"ရှင်း...ရှင်း ဘယ်မှာလဲ"
ပတ်ပတ်လည် လှည့်ကာ ချစ်ရသူ နာမည်အား သူ အော်ခေါ်နေမိသည်။
သူ၏ရှေ့ မလှမ်းမကမ်းတွင် ပေါ်လာသော နောက်ကျောပေးထားသည့် ပုံရိပ်တစ်ခု။ ရီဟွား ကြောက်ရွံ့သွားရသော်လည်း ထိုလူက သူ့ဖက် မျက်နှာလှည့်လာသောအခါတွင်မူ ပျော်ရွှင်သွားရသည်။
"ရှင်း ဘယ်ပျောက်နေတာလဲ...ကျွန်တော် အရမ်းစိုးရိမ်နေတာ"
အနည်းငယ်ကွာဝေးသောနေရာတွင် ရပ်နေသောရှင်းက သူ့အား ပြုံးပြလာသည်။
"ကိုယ်အခုရောက်လာပြီလေ...ဘာမှမဖြစ်တော့ဘူး...မစိုးရိမ်နဲ့"
ရီဟွား ရှင်းအား ခေါင်းညိတ်ပြလိုက်သည်။
" ဒါ ဘယ်နေရာရောက်နေတာလဲ ရှင်း...မနက်ဖြန် ကျွန်တော့်အတွက် အရေးကြီးတဲ့နေ့ပဲ...ကျွန်တော်လုပ်စရာတွေရှိသေးတယ်...ဒီကထွက်နိုင်အောင် လုပ်ပေးပါဦး"
သူ၏ အပြောကြောင့် ရှင်းက သူ့အား စူးစမ်းသလိုကြည့်လာသည်။ ရီဟွား ရှင်းအကြည့်ကြောင့် စိတ်ထဲထူးဆန်းသွားရ၏။
"မနက်ဖြန် ကိုယ့်အတွက်လည်း အရေးကြီးတယ်လား...ကိုယ် အခုတလော ကျင့်စဥ်မကျင့်ဖြစ်တော့ စွမ်းအားတွေလျော့လာပြီးခဏခဏ သတိမေ့နေတတ်လို့"
ရီဟွား ရှင်းအား မကျေနပ်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။
"မနက်ဖြန် ကျွန်တော့်ရဲ့ ဒီဇိုင်းပြပွဲလေ...ဒါလေးတောင် မမှတ်မိဘူးလား...ကျွန်တော့်လည်ပင်းက ဆွဲကြိုးက အဓိကပြမယ့် ဒီဇိုင်း...ဒီ ဒီဇိုင်းအတွက် အချိန်အများကြီးပေးထားရတာ...လှတယ်မလား"
သူ၏ အမေးအား ရှင်းက ပြုံး၍ ပြန်ဖြေလာသည်။
"အင်း လှတယ်"
ရီဟွား နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားရသည်။ ရှင်းက ဒီဆွဲကြိုးကို မေ့နေခြင်းက လုံးဝအဓိပ္ပါယ်မရှိပေ။ သူ၏ရှေ့မှ ရှင်းသည် သေချာပေါက် အယောင်ဆောင်ရှင်းပင်။
"မင်းဘယ်သူလဲ"
သူ၏ အမေးကြောင့် ရှင်း အယောင်ဆောင်ထားသူ၏မျက်နှာ ကွက်ခနဲပျက်သွားသော်လည်း ချက်ချင်းပြန်ပြုံးလိုက်လေသည်။
"ကိုယ်လေ...ရှောင်ဟွားရဲ့ ရှင်း"
ရီဟွား သံသယမျက်ဝန်းများဖြင့်ကြည့်ကာ ခေါင်းခါရမ်းပြလိုက်၏။
"ရှင်းက ဒီဆွဲကြိုးကို မေ့တာ လုံးဝ မဖြစ်နိုင်ဘူး...မင်း ဘယ်သူလဲ...ဘာလို့ ငါ့ကို ဒီနေရာ ခေါ်လာတာလဲ"
သူ၏ ရှေ့မှ ပြုံးရယ်နေသော မျက်နှာက တဖြည်းဖြည်းနှင့် ဒေါသထွက်သော မျက်နှာအမူအရာသို့ ပြောင်းလဲသွားသည်။
"မင်း အသက်ကို လိုချင်တဲ့သူ"
ထို့နောက် လျင်မြန်သောအရှိန်ဖြင့် သူ၏ရှေ့ရောက်လာသောကြောင့် ရီဟွားကြောက်လန့်ကာ မျက်လုံးတို့ စုံမှိတ်လိုက်သည်။ သို့သော် တော်တော်ကြာထိ သူ၏ ကိုယ်ပေါ် ဘာမှကျရောက်လာခြင်း မရှိသောကြောင့် ထူးဆန်းကာ မျက်လုံးတို့အား ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။
သူ၏ရှေ့တည့်တည့်တွင် ရှင်းအယောင်ဆောင်ထားသူရှိနေပြီး ထိုသူက လက်သည်းရှည်များဖြင့် သူ့အား ကုတ်ခြစ်ရန်ကြိုးစားနေသည်။ သူနှင့်ထိုသူကြား မမြင်ရသောအလွှာပါးတစ်ခုကာရံထားသလို ထိုသူ၏လက်သည်းတို့က သူ့ဆီ မကျရောက်။ ထိုအလွှာပါးကိုသာ ဒေါသထွက်စွာ သည်းကြီးမည်းကြီး ကုတ်ခြစ်နေသည်။
ရီဟွား လွန်စွာအံ့အားသင့်သွားရသည်။ ဘေးပတ်ပတ်လည်အား ကြည့်မိတော့ သူ၏ဘေးတွင် လိပ်ပြာနက်လေးတစ်ကောင်က ရွှေရောင်အလင်းများနှင့် ပျံသန်းနေ၏။ ထိုလိပ်ပြာလေးဆီမှ ရွှေရောင်အလင်းတန်းများက ကာရံထားသောအလွှာပါးဆီသို့ ဦးတည်သွားနေကြသည်။
သူ့အား ထိခိုက်အောင် မလုပ်နိုင်သောကြောင့် အယောင်ဆောင်သူက လွန်စွာ ဒေါသထွက်နေပုံရသည်။ ဘာမှမဖြစ်တော့သောကြောင့် ရီဟွားစိတ်သက်သာရာရသွား၏။
ထိုစဥ် အယောင်ဆောင်သူနောက်မှ ရွှေရောင်အလင်းများနှင့်လူတစ်ယောက် ချက်ချင်းပေါ်လာသည်။ ခေါက်ယပ်တောင်အား ကိုင်ဆောင်ထားသည့်ထိုသူက ယပ်တောင်အားဖွင့်ကာ ထွက်ပေါ်လာသောအလင်းများဖြင့် အယောင်ဆောင်သူဆီ ပစ်လိုက်သည်။
အယောင်ဆောင်ထားသူ၏ အော်သံနက်ထွက်ပေါ်လာပြီး အနက်ရောင်အမှုန်များအဖြစ် ပြောင်းကာ ပျောက်ကွယ်သွား၏။
ရီဟွား သူ့ဆီ တဖြည်းဖြည်း လျှောက်လာသူအား ကြည့်ကာ ပြောလိုက်သည်။
"ရှင်း...ကျွန်တော့်ဆီ လာလို့မရလောက်ဘူး...ဒီမှာ အတားအဆီးရှိ"
သူ၏ စကားပင် ပြီးဆုံးအောင် မပြောလိုက်ရ။ လိပ်ပြာနက်လေးဆီမှ ရွှေရောင်အလင်းများ ပျောက်ကွယ်ကာ အတားအဆီးလည်း ပျောက်ကွယ်သွားသည်။
" ရှောင်ဟွား ဘာဖြစ်သွားသေးလဲ"
ရှင်းက သူ၏ ပုခုံးတစ်ဖက်အား ကိုင်ကာ စိုးရိမ်စွာ မေးမြန်းလာသည်။
"ကျွန်တော် ဘာမှမဖြစ်ဘူး ရှင်း"
" ကိုယ် မင်းအိပ်ပျော်နေတယ် ထင်တာ...အိပ်တာကြာပြီမို့ နှိုးမလို့...နှိုးမရတာနဲ့ အိပ်မက်ထဲ လိုက်လာလိုက်တာ...ကံကောင်းသွားတယ်"
"ခုက ကျွန်တော့်အိပ်မက်ထဲမှာလား"
"အင်း"
ရှင်း၏ အဖြေကြောင့် ရီဟွား အံ့သြကာ ပတ်ပတ်လည်အား ဝေ့ဝဲကြည့်လိုက်ရသည်။
"ကိုယ်နောက်ကျသွားတယ်...ရှောင်ဟွား ဘာမှမဖြစ်လို့ တကယ်တော်သေးတယ်"
ရီဟွား ပြုံးကာ သူ့နား ပျံဝဲနေသော လိပ်ပြာနက်လေးအား လက်ညိုးထိုးပြလိုက်သည်။
" ဒီလိပ်ပြာလေးကြောင့် ရှင်း...သူက ကျွန်တော့်အသက်ကို ကယ်လိုက်တာ"
ရှင်း သူ၏ လက်များအား ဖြန့်ကာ လိပ်ပြာလေးအား လက်ပေါ်နားခိုင်းစေလိုက်သည်။ သူ၏ နှုတ်ခမ်းစွန်းတို့ ကွေးညွှတ်ကာပြုံးသွားရ၏။
"ရှင်း ဘာလို့လဲ...ဘာလို့ ပြုံးတာလဲ"
သိချင်စိတ်ပြင်းပြစွာ ရီဟွား ရှင်း၏လက်အား ကိုင်လှုပ်၍ မေးမြန်းလိုက်သည်။
" ဒီလိပ်ပြာနက်လေးထဲမှာ ကျန်းဖုန်းရဲ့ ဝိညာဥ်အပိုင်းအစတစ်ခုရှိနေတယ်"
ရီဟွား မျက်ဝန်းတို့ ပြူးကျယ်ဝိုင်းစက်သွားရသည်။
"တကယ်လား...အဲဒါဆို အမှောင်နတ်ဘုရား ပြန်ရှင်အောင် လုပ်နိုင်တယ်ပေါ့ ရှင်း"
ရီဟွား၏ မျှော်လင့်တကြီး မျက်ဝန်းများအား စိတ်မကောင်းမိသော်လည်း ရှင်း ခေါင်းရမ်းပြလိုက်သည်။
"မရဘူး ရှောင်ဟွား...ဝိညာဥ်ဆိုပေမဲ့ အရမ်းအားနည်းလွန်းလို့ ဝိညာဥ်လို့တောင် မခေါ်နိုင်တော့ဘူး...သူ့ရဲ့စိတ်စွဲလန်းမှုကြောင့် ရှောင်ဟွားဘေးအမြဲရှိနေတာ...အခုတောင် ရှောင်ဟွားကိုကာကွယ်ပေးလိုက်လို့ သူပျောက်ကွယ်လုနီးနီးပဲ"
ရီဟွား လွန်စွာ ထိတ်လန့်စိုးရိမ်သွားရသည်။ ပထမတစ်ခါ သူ့ကြောင့် ပျောက်ကွယ်ခဲ့ရပြီးပြီ။ ဒုတိယတစ်ခါ ထပ်၍ သူ့ကြောင့် မပျောက်ကွယ်စေချင်တော့။
"ရှင်း သူ့ကို ကယ်ပေးပါ"
ရှင်း လိပ်ပြာနက်အား မကိုင်ဆောင်ထားသောလက်ဖြင့် ရီဟွားခေါင်းအား ညင်သာစွာ ပွတ်သတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့...သူခဏအနားယူပြီးရင်အဆင်ပြေသွားမှာပါ"
ရီဟွား လေပူများအား မှုတ်ထုတ်လိုက်ရသည်။
"ဟူး တော်သေးတာပေါ့"
" ကိုယ်တို့ ဒီကထွက်ရအောင်… ရှောင်ဟွား အိပ်နေတာကြာပြီ...ဒီဇိုင်းဆွဲတာ မပြီးသေးဘူးမလား...ကိုယ်ဖျော်ရည်ဖျော်ပေးထားတယ်...သောက်ပြီးအလုပ်ဆက်လုပ်ရဦးမယ်လေ"
ရီဟွား မျက်နှာတွင် အပြုံးပန်းတို့ ဝေဆာသွားရသည်။ သူ ဒီဇိုင်းပြပွဲအတွက် အရမ်းညီးပြထားသောကြောင့် ရှင်းက သူ့အား အရမ်းစိုးရိမ်နေခြင်းဖြစ်သည်။ တကယ်တော့ သူ လုပ်စရာအလုပ်များအကုန် လတ်စသတ်ပြီးနေလေပြီ။
"အင်း ဒီက ထွက်ရအောင် ရှင်း"
"မျက်လုံးမှိတ်ပြီး ခဏစိတ်ငြိမ်ငြိမ်ထားကြည့်လိုက်နော် ရှောင်ဟွား...နည်းနည်းကြာရင် ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လိုက်"
"ဟုတ်ကဲ့"
ရီဟွား ရှင်း ညွှန်ကြားသည့်အတိုင်း လိုက်လုပ်လိုက်သည်။ ဖြည်းဖြည်းချင်း မျက်လုံးတို့ဖွင့်လိုက်တော့ အလင်းရောင်များအား တွေ့မြင်လိုက်ရသည်။
အိပ်ရာပေါ်မှ ထထိုင်လိုက်တော့ သူ့ဘေးတွင် စိုးရိမ်တကြီးရပ်ကြည့်နေသော ရှင်း၏ မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားရ၏။
" ရှောင်ဟွား အဆင်ပြေရဲ့လား"
သူ၏ မျက်နှာအား ထိကိုင်ကာ စိုးရိမ်တကြီးမေးလာသော ရှင်းအား ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် အဆင်ပြေတယ် ရှင်း"
မျက်နှာအား ထိကိုင်ထားသော ရှင်း၏လက်တဖက်အား ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။
" ရှင်း အမှောင်နတ်ဘုရား...သူ ကျွန်တော့်အိပ်မက်ထဲ ကျန်ခဲ့တယ်"
ရှင်းက ဘာမှပြန်မဖြေဘဲ လက်တစ်ဖက်အား ဖြန့်ပြလာသည်။ ချက်ချင်း ရှင်း၏ လက်ပေါ် နားနေသော လိပ်ပြာနက်လေးတစ်ကောင်ပေါ်လာ၏။
"ရှင်း သူ အဆင်ပြေတယ်မလား"
ရှင်းက ကြည့်ကောင်းလွန်းသော အပြုံးတစ်ခုနှင့်အတူ သူ့အားပြန်ဖြေပေးသည်။
"သူ အဆင်ပြေပါတယ်...စိတ်မပူနဲ့တော့နော်"
ရီဟွား ရှင်းအား ခေါင်းညိတ်ပြလိုက်၏။
လိပ်ပြာနက်လေးသည် ရှင်း၏ လက်ပေါ်မှ ပျံဝဲကာ အိပ်ရာခေါင်းရင်းနံရံတွင် သွား၍ကပ်တွယ်လေသည်။
"သူ အခုတလောတော့ ရှောင်ဟွားနောက်လိုက်နိုင်မှာ မဟုတ်ဘူး...ခဏ အဲမှာအိပ်ပျော်နေလိမ့်မယ်"
" သူ ကျွန်တော့်ကို အမြဲကာကွယ်ပေးနေခဲ့တာပဲ"
လိပ်ပြာနက်လေးအား ငေးကာ ပြောလာသော ရှောင်ဟွားစကားကြောင့် ရှင်း ရှောင်ဟွား၏လက်တစ်ဖက်အား ထိကိုင်လိုက်သည်။
"ကိုယ် တောင်းပန်ပါတယ် ရှောင်ဟွား...သူသာ မင်းကို မကာကွယ်ပေးခဲ့ရင်...ကိုယ် တကယ် တွေးမကြည့်ရဲဘူး"
ရှောင်ဟွား၏ ကျန်လက်တစ်ဖက်သည် သူ၏လက်များပေါ် အုပ်မိုးလာသည်။
" ရှင်း အမှားမှ မဟုတ်တာ...တောင်းပန်စရာမလိုပါဘူး...ရှင်း ကျွန်တော့်ကို အမြဲကာကွယ်ပေးခဲ့တာပဲလေ"
ရှင်း ရှောင်ဟွားကိုယ်အား ရင်ခွင်ထဲ ဆွဲသွင်းကာ
ဖက်ထားလိုက်သည်။
" မင်း မရှိရင် ကိုယ် မရှင်သန်နိုင်ဘူး"
ရီဟွား ရှင်း ရင်ခွင်အတွင်းမှ ပြုံးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်တော်ရောပဲ"
" ဘာ...ဘာပြောလိုက်တာ...ကိုယ်မကြားရလို့"
"ကျွန်တော်ရောပဲလို့"
" ကိုယ် သိပ်မကြားရဘူး"
ရီဟွား ခဏခဏပြန်မေးနေသော ရှင်းကြောင့် စိတ်မရှည်ချင်တော့။
"ကျွန်တော်ရောပဲ ခင်ဗျားမရှိရင် ဆက်မရှင်နိုင်တော့ဘူးလို့"
အသံကျယ်ကျယ် အော်ပြောလိုက်ပြီးမှ ရီဟွားတခဏ ကြောင်အသွားရသည်။
' ရှင်းက နတ်ဘုရားလေ...ဘယ်လိုလုပ် မကြားရဘဲ နေမှာလဲ'
"ရှင်း"
ရီဟွား စိတ်တိုစွာ အသံကျယ်ကျယ်ဖြင့် ရှင်းအား အော်လိုက်သည်။
ရှင်းက သူ၏ အော်သံကြောင့် သဘောကျစွာ ရယ်လေတော့သည်။
"ကိုယ်မစတော့ဘူး...ဟုတ်ပြီလား...မစတော့ဘူး"
ရီဟွား မကြည်ကြည့်ဖြင့် ကြည့်ကာ မျက်စောင်းထိုးလိုက်၏။
" ကျွန်တော် design သွားဆွဲဦးမယ်"
" အိပ်ချင်ပြေအောင် ဖျော်ရည်အရင်သောက်လိုက်ဦး...ပြီးရင် အိပ်တဲ့ထိ ကိုယ်စောင့်ပေးမယ်"
" ဟုတ်"
ရှင်းက သူ၏နဖူးအား ခပ်ဖွဖွနမ်းကာ ရင်ခွင်ထဲမှ ထုတ်ပေးလာသည်။ ထို့နောက် သူ၏ဆံပင်များအား လက်ဖြင့် ဖွလိုက်၏။
"သွားဆွဲတော့...ကိုယ်စောင့်နေပေးမယ်"
ရီဟွား ခေါင်းညိတ်ပြကာ designစာရွက်များနှင့်ရှုပ်ပွနေသော စားပွဲခုံဆီ ပြန်သွားလိုက်သည်။ အချိန်တော်တော်ကြာ designဆွဲပြီးနောက် အားလုံးပြီးစီးသွား၏။ သူ အိပ်ရာဆီသို့ပင် မသွားနိုင်ဘဲ ပင်ပန်းကာ စားပွဲတွင် ခေါင်းမှောက်၍ အိပ်လိုက်သည်။
ရှင်း အိပ်ပျော်နေသော ရီဟွားအား ပြုံးကြည့်ကာ ရှုပ်ပွနေသော စာရွက်များ သိမ်းဆည်းရန်အတွက် အစွမ်းသုံးရန်ပြင်လိုက်သည်။ သို့သော် အန္တရာယ်ပေးချင်သူများအနေဖြင့် သူ့အစွမ်းအား သတိထားမိမည်စိုးစွာ အစွမ်းသုံးမည့် စိတ်ကူးအား ဖျောက်ဖျက်လိုက်သည်။
စာရွက်များအား လက်ဖြင့် ဂရုတစိုက်ထပ်၍ သိမ်းဆည်းပြီးနောက် စာအုပ်တစ်အုပ်ကြားသေချာညှပ်ထားလိုက်၏။ ရီဟွားအား ပွေ့ချီကာ အိပ်ရာထက် ဖြည်းညှင်းစွာ ချပေးလိုက်သည်။
ဖိနပ်နှင့် ခြေအိတ်များအား သေချာချွတ်ပေးပြီးနောက် စောင်ထူထူခြုံပေးကာ အဲကွန်းအရှိန်အား လျော့လိုက်သည်။ ရီဟွားဘေးတွင် ဝင်လှဲကာ စောင်တူတူခြုံ၍ ရီဟွားတစ်ကိုယ်လုံး သူ၏ရင်ခွင်ထဲ နစ်ဝင်အောင်ထိ ဖက်ထားလိုက့သည်။
ရီဟွား၏ ရင်ခွင်ထဲမှ ညည်းသံတိုးတိုးလေးများထွက်လာလေသည်။ ရှင်း အသည်းယားစွာ နဖူးအား ခပ်ဖွဖွနမ်းလိုက်ပြီး သူသည်လည်း အိပ်ပျော်အောင် အိပ်စက်လိုက်၏။
တိတ်ဆိတ်သွားသော အခန်းထဲတွင် နံရံထက်နားနေသော လိပ်ပြာနက်လေးဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေတော့သည်။
"တင်း...တောင်"
ထွက်ပေါ်လာသော လူခေါ်ဘဲလ်အသံကြောင့် ရီဟွား တံခါးဖွင့်လိုက်သည်။ တံခါးဝတွင် ပန်းစည်းတစ်စည်းကိုင်ထားသည့် အကိုကြီးအား တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားရ၏။
"အကိုကြီး...ဘာကိတ်...ကိတ်..."
စကားဆုံးအောင်ပင် မမေးလိုက်ရ။ သူ၏ ခေါင်းထဲ အကိုကြီးရောက်နေသည့်အကြောင်းရင်းအား သတိရသွားတော့သည်။
အကိုကြီးအား ဒီနေ့ အိမ်တွင်ထမင်းစားဖိတ်ထားခဲ့မိသည်။ designပြပွဲနှင့် တရက်တည်းဖြစ်နေသောကြောင့် ပြန်ပြင်ပြောရန် သူမေ့သွားခဲ့၏။ ခု သူ၏ designပြပွဲမှ ပြန်လာခါစဖြစ်သောကြောင့်ဘာမှလုပ်မထားမိ။ ရီဟွား ဘာပြောရမှန်း မသိစွာ အားနာသွားရသည်။
" ရှောင်ဟွား ဧည့်သည်လာတာလား"
သူ၏ နောက်နားမှ ထွက်ပေါ်လာသောရှင်းအသံကြောင့် ရီဟွားနောက်လှည့်ကာ ရှင်းအား ဆွဲခေါ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ရှင်း ကျွန်တော်အကိုကြီးကို ထမင်းစားဖိတ်ထားမိတယ်...အဲဒါမေ့နေတာ...ခုဘာမှမစီစဥ်ရသေးဘူး"
ရီဟွားပုံစံက လွန်စွာ အခက်တွေ့နေပုံရသည်။ ရီဟွား၏ နဖူးအား ရှင်း လက်ညှိုးဖြင့်ခပ်ဖွဖွ တို့ထိလိုက်၏။
" ဘာတွေစိတ်ပူနေတာလဲ...ကိုယ်အခုပြင်လိုက်မယ်...အရမ်းမကြာဘူး...အကိုကြီးကိုသာ ဧည့်ခံထားလိုက်"
ရီဟွား အံ့အားသင့်စွာ ပြောလိုက်သည်။
"ရှင်း အစွမ်းတွေ သုံးလို့မရဘူးလေ"
"ကိုယ် ဒီတိုင်း ချက်ပေးမယ်"
ရီဟွား အနည်းငယ် တွေဝေသွားရ၏။
"ရှင်း ပင်ပန်းလိမ့်မယ်"
"ရှောင်ဟွားအတွက်ပဲလေ...ကိုယ် မပင်ပန်းပါဘူး"
ရှင်းစကားကြောင့် ရီဟွားပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါဆို အကိုကြီးကို အရင်ဧည့်ခံထားလိုက်မယ်"
"အင်း"
ရှင်းက သူ၏မျက်နှာအား အသာထိကိုင်လိုက်ပြီး နောက်ဖေးသို့ထွက်သွားလေတော့သည်။
ရီဟွား အကိုကြီးလက်ထဲမှ ပန်းစည်းအား လက်လွှဲယူလိုက်၏။
"အကိုကြီး အိမ်ထဲဝင် ခဏထိုင်ဦးနော်...ရှင်း ပြင်နေတာ မပြီးသေးဘူး"
"ရတယ် ဟွားအော်...အကိုကြီး ဒီနေ့ အလုပ်ပိတ်တယ်...အေးဆေးလုပ်လို့ရတယ်"
"ဟုတ် ဟုတ် အကိုကြီး"
ရီဟွား အကိုကြီးအား ဧည့်ခန်းအတွင်း ခေါ်ကာ ရောက်တတ်ရာရာ ပြောနေလိုက်သည်။
တခဏအကြာ အကိုကြီးဖုန်းမှ ဖုန်းသံမြည်လာသည်။
"ဟယ်လို....အင်း ကိုယ် ကိုယ့်ညီအိမ်ရောက်နေတာ...အပြန်ကိုယ်လာကြိုပေးမယ်နော်... တစ်ယောက်တည်း မပြန်ခဲ့နဲ့....အလုပ်မှာ ဂရုစိုက်နော်"
အရမ်းချိုသာနေသော အကိုကြီးအသံကြောင့် ရီဟွားပြုံးလိုက်မိသည်။ ထူးထူးဆန်းဆန်း အကိုကြီး၏မျက်နှာတွင်လည်း အပြုံးပန်းများ ဝေဆာနေသည်။
ရီဟွား အကိုကြီးအား လွတ်လွတ်လပ်လပ် ဖုန်းပြောခွင့်ပေးလိုက်ပြီး မီးဖိုချောင်ထဲဝင်လာလိုက်၏။
တံခါးအားမှီကာ အေပရွန်နှင့် ကြည့်ကောင်းနေသော ရှင်းအား ငေးနေလိုက်မိသည်။
" ကိုယ့်မျက်နှာ ဘာမှမပေနေဘူးမလား...အဲမှာပဲ ရပ်မနေဘဲ ကိုယ့်ဆီလာပါဦး"
ခိုးကြည့်နေရာမှ လူမိသွားသောကြောင့် ရီဟွားအနည်းငယ်ရှက်သွားရသည်။ ခြေလှမ်းမှန်မှန်ဖြင့် ရှင်းအနား တိုးကပ်သွားလိုက်၏။
ပြုံးကြည့်နေသောရှင်းက အနားရောက်လာသောသူ့အား ပန်းကန်များစနစ်တကျစီထားသော စင်ပေါ် ပွေ့ချီကာ တင်လိုက်သည်။
"အကိုကြီးနား မနေဘဲ ဘယ်လိုလုပ် ဒီရောက်လာတာလဲ"
"အကိုကြီး အလုပ်များနေလို့"
စင်ပေါ်ထိုင်နေသော သူ့နှင့် တန်းတူအရပ်ဖြစ်နေသည့် ရှေ့ရှိ ရှင်း ပါးပြင်နှစ်ဖက်အား လက်နှစ်ဖက်ဖြင့် ရီဟွားဖိညှစ်လိုက်သည်။
" ကိုယ့်ကို စနေတာလား"
သူ၏လက်ဖြင့် ပါးနှစ်ဖက်အား ဖိပွတ်နေသောကြောင့် နှုတ်ခမ်းထော်လိုက်၊ မထော်လိုက်ဖြစ်နေသော ရှင်းပုံစံအား သဘောကျစွာ ရီဟွား သွားများပေါ်အောင် ပြုံး၍ ဆော့ကစားနေမိသည်။
"ဘယ်တော့ ရင့်ကျက်မှာလဲ ကိုယ့်ချစ်သူလေး"
သူ စနေသောပုံစံဖြင့် မပီသစွာ စကားပြောနသည့်ရှင်းအား ကြည့်ကာ ရီဟွားလွန်စွာ သဘောကျနေသည်။ နတ်ဘုရားတစ်ပါးအား ထိုသို့လုပ်ရဲသူ သူတစ်ယောက်သာရှိမည်ဟု တွေးမိကာ ကျေနပ်အားရနေသည်။
" မဆော့နဲ့တော့...ဟင်းအိုး ရတော့မယ်...ကိုယ် သွားလုပ်လိုက်ဦးမယ်"
ရီဟွား အရယ်မပျက် ခေါင်းညိတ်ပြကာ လက်များအား လွှတ်ပေးလိုက်သည်။
" အဆိုးလေး"
သူ့ ခေါင်းအား ပုတ်ကာပြောသွားသော ရှင်းကြောင့် ရီဟွား လျှာထုတ်လိုက်မိသည်။
စင်ပေါ်တွင် ထိုင်ရင်း ရှင်း လုပ်နေသည်များအား မျက်တောင်မခတ်ကြည့်နေလိုက်၏။
ရှင်းက လုပ်လက်စများ အားလုံးသိမ်းဆည်းပြီးသွားသောအခါ သူရှိရာဆီ ပြန်လှည့်လာသည်။
"အားလုံးပြီးပြီလား ရှင်း"
သူ၏ရှေ့ရောက်လာသော ရှင်းက သူထိုင်နေသော ဘေးတစ်ဖက်တချက်စီတွင် လက်ထားလိုက်ပြီး သူ့အား ပြုံး၍ ခေါင်းညိတ်ပြလာသည်။
" အဲဒါဆို စားလို့ရပြီပေါ့နော်"
ရီဟွား စင်ပေါ်မှဆင်းရန်ပြင်လိုက်သော်လည်း သူ၏ဘေးတဖက်တချက်စီမှ မြဲမြံ့စွာကာဆီးထားသော ရှင်းလက်များကြောင့် ဆင်းမရဖြစ်နေရသည်။
"ရှင်း ကျွန်တော်ဆင်းဦးမယ်"
"ကိုယ် အကုန်ပြင်ဆင်ထားတာ...ကိုယ့်ကို ဆုမချတော့ဘူးလား"
ဝိုင်းစက်သော မျက်ဝန်းများဖြင့် ရှင်းအား ကြည့်ကာ ရီဟွား မေးလိုက်သည်။
"ဘာဆုချရမှာလဲ"
"ကိုယ့်ကိုနမ်း"
မျက်နှာတဖက်လှည့်ကာ ပါးထိုးပေးလာသော ရှင်းအား ကြည့်ကာ ရီဟွား ပြုံးလိုက်မိသည်။ သူ၏ လက်များဖြင့် ရှင်း ပါးနှစ်ဖက်အားထိကိုင်ကာ ရှေ့တည့်တည့်ပြန်လှည့်လိုက်၏။ နားမလည်စွာသူ့အား ကြည့်နေသော ရှင်း၏ နှုတ်ခမ်းများထက် သူ၏နှုတ်ခမ်းပါးတစ်စုံဖြင့် ဖိကပ်လိုက်ပြီးနောက် မျက်နှာပြန်ခွာလိုက်သည်။
"ကျွန်တော် ဆုပေးပြီးပြီနော်...ဆင်းပြီ"
ရုတ်တရက်ပြေးဆင်းလိုက်သော ရီဟွား၏ လက်များအား ရှင်းအမိအရ ဖမ်းဆွဲလိုက်သည်။ ရီဟွားအား သူ၏ရှေ့ဆွဲခေါ်ကာ ခါးအား တင်းကျပ်စွာ ဖက်တွယ်လိုက်၏။ ထို့နောက် နှုတ်ခမ်းများအား ဖိကပ်ကာ နမ်းရှိုက်လိုက်သည်။
ရီဟွားကဲ့သို့ ထိရုံမျှ မဟုတ်ဘဲ နှုတ်ခမ်းများနာကျင်အောင်ထိ အချိန်တော်တော်ကြာ သူ နမ်းရှိုက်လိုက်မိသည်။
" ချွင် ချလွမ်"
ရုတ်တရက် ထွက်ပေါ်လာသော ထူးဆန်းသည့်အသံကြောင့် ရီဟွားရော ရှင်းပါ အနမ်းများရပ်တန့်ကာ အသံထွက်ပေါ်လာရာဆီသို့ ကြည့်လိုက်မိသည်။
မျက်နှာနီရဲကာ နေရခက်နေပုံရသော အကိုကြီးကြောင့် ရီဟွား ထိတ်လန့်ကာ ခါးအားဖက်တွယ်ထားသော ရှင်းလက်များထဲမှ ရုန်းထွက်လိုက်မိသည်။
" Sor...Sorry....အကိုကြီး သန့်စင်ခန်းမေးမလို့ ဝင်လာတာ....အနှောင့်ယှက်ဖြစ်သွားရင် Sor...Sorry"
ကြမ်းပြင်တွင် ကျနေသော ဇွန်း၊ ခက်ရင်းများအား ကြည့်ကာ ရီဟွား အခြေအနေအား နားလည်သွားရသည်။
အကိုကြီး သူတို့အား မေးရန် ဝင်လာစဥ် သူတို့ပုံစံအားတွေ့ကာ အလောတကြီးပြန်ထွက်ရန် ပြင်လိုက်ပုံရသည်။ တံခါးနှင့်နီးသော ဇွန်းများတင်ထားသည့် စားပွဲခုံလေးအား ဝင်တိုက်မိကာ ဇွန်းသံများ ထွက်ပေါ်လာခြင်းဖြစ်မည်။
ရှင်းအား ကြည့်လိုက်တော့ မျက်နှာတည်ငြိမ်နေကာ ဘာဆိုဘာမှဖြစ်ပုံမရ။ ရီဟွား ကြားထဲက အကိုကြီးအား အားနာသွားရသည်။
"သန့်စင်ခန်း ကျွန်တော်လိုက်ပို့မယ် အကိုကြီး"
ရီဟွား ရှင်းရော အကိုကြီးပါ မကြည့်တော့ဘဲ မီးဖိုခန်းမှ အမြန်ထွက်လာလိုက်သည်။
နောက်မှ ကပ်ပါလာသော ခြေသံပိုင်ရှင်သည် အကိုကြီးဖြစ်ဖို့များသည်။
သန့်စင်ခန်းရှေ့ရောက်သောအခါမှသာ ရီဟွားခြေစုံရပ်ကာ နောက်လှည့်ကြည့်လိုက်၏။ အကိုကြီးမျက်နှာသည်လည်း သူ့အား အားနာနေပုံရသည်။
"ဟွားအော် sorr..sorry"
"အာ အကိုကြီး ထပ်မပြောပါနဲ့တော့...တောင်းပန်စရာမှ မရှိတာ...ကျွန်တော်နဲ့ရှင်းကသာ အကိုကြီးကို အားနာရမှာ"
သူ၏အပြောကြောင့် အကိုကြီးက သူ့အား ပြုံးပြလေသည်။
" အကိုကြီးကိုလည်း အားနာစရာမလိုပါဘူး...ခေတ်လူငယ်တွေပဲ...အကိုကြီး နားလည်ပါတယ်"
အရင်လို သူ့အား သဝန်မတိုတော့ဘဲ နားလည်ပေးလာသည့် အကိုကြီးကြောင့် ရီဟွားလည်း အကိုကြီးနှင့်ထပ်တူပြုံးလိုက်မိသည်။
" အကိုကြီး အစက ဖုန်းပြောနေတဲ့သူက အကိုကြီးကောင်မလေးလား"
အကိုကြီးက ခေါင်းညိတ်ပြလာသည်။ ချစ်သူရှိလာသောကြောင့် နားလည်ပေးနိုင်လာပုံရသောအကိုကြီးအစား ရီဟွား ဝမ်းသာသွားရသည်။
"အကိုကြီး ကောင်မလေးက ချောလား"
သိလိုစွာ စပ်စုလိုက်တော့ အကိုကြီးက ဖုန်းဖွင့်ကာ သူ့လက်ထဲ ဖုန်းထိုးပေးလာ၏။
" အဲဒါ အကိုကြီး ကောင်မလေး...အရမ်းတော့ မချောဘူး...ဒါပေမဲ့ ချစ်စရာကောင်းတယ်"
ရီဟွား ဖုန်းscreenအား ကြည့်လိုက်မိတော့ မျက်ဝန်းတို့ အဆမတန်ပြူးကျယ်ဝိုက်စက်သွားရသည်။
ချစ်စရာကောင်းသည်ဟူသောပုံက တစက်လေးမှ ချစ်စရာမကောင်းဘဲ ညှို့ဓာတ်ပြင်းပြင်းဖြင့် သေစေနိုင်သောအကြည့်တို့ ထုတ်လွှင့်ထားပါသည့် ရီရီ။ အကိုကြီးအကြိုက်က ရှေးခေတ်တင်မဟုတ်၊ အခုခေတ်တွင်ပင် ထူးဆန်းလွန်းနေသည်။
"ချစ်စရာကောင်းတယ်မလား"
ထပ်မေးလာသော အကိုကြီးစကားကြောင့် ရီဟွား မအီမလည်ဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။ တကယ်ကို သူတို့တွေ ရေစက်ဆုံနိုင်လွန်းလှသည်။
" အကိုကြီး သန့်စင်ခန်းဝင်တုန်း ရှင်းနဲ့ ထမင်းပွဲပြင်ထားလိုက်မယ်နော်"
" အင်းအင်း သွားပြင်နှင့်"
အကိုကြီးဆီမှ ခွင့်ပြုချက်ရသည်နှင့် ရီဟွား သန့်စင်ခန်းရှေ့မှ ခြေကုန်သုတ်ထွက်လာလိုက်သည်။
အနှောင့်ယှက်ခံလိုက်ရသော သူတို့၏ romantic timeလေးအား ပြန်ခရီးဆက်ရဦးမည်လေ။ စိတ်ကူးဖြင့် ခြေလှမ်းများက လွန်စွာ လျင်မြန်သွက်လက်နေလေတော့သည်။
*************
Zawgyi
Unicode
Extra-3
ပတ္ပတ္လည္ရွိ အေမွာင္ထုႀကီးအား ၾကည့္ကာ ရီဟြားဆြံ႕အသြားရသည္။ သူ ေရာက္ရွိေနေသာေနရာအား နားမလည္နိုင္။
ပုံဆြဲၿပီး ပင္ပန္းေသာေၾကာင့္ တေရးအိပ္လိုက္ျခင္းအား မွတ္မိသည္။ သူ ဘာလို႔ ဒီကို ႐ုတ္တရက္ေရာက္လာရတာလဲ။
"ရွင္း...ရွင္း ဘယ္မွာလဲ"
ပတ္ပတ္လည္ လွည့္ကာ ခ်စ္ရသူ နာမည္အား သူ ေအာ္ေခၚေနမိသည္။
သူ၏ေရွ႕ မလွမ္းမကမ္းတြင္ ေပၚလာေသာ ေနာက္ေက်ာေပးထားသည့္ ပုံရိပ္တစ္ခု။ ရီဟြား ေၾကာက္႐ြံ႕သြားရေသာ္လည္း ထိုလူက သူ႕ဖက္ မ်က္ႏွာလွည့္လာေသာအခါတြင္မူ ေပ်ာ္႐ႊင္သြားရသည္။
"ရွင္း ဘယ္ေပ်ာက္ေနတာလဲ...ကြၽန္ေတာ္ အရမ္းစိုးရိမ္ေနတာ"
အနည္းငယ္ကြာေဝးေသာေနရာတြင္ ရပ္ေနေသာရွင္းက သူ႕အား ၿပဳံးျပလာသည္။
"ကိုယ္အခုေရာက္လာၿပီေလ...ဘာမွမျဖစ္ေတာ့ဘူး...မစိုးရိမ္နဲ႕"
ရီဟြား ရွင္းအား ေခါင္းညိတ္ျပလိုက္သည္။
" ဒါ ဘယ္ေနရာေရာက္ေနတာလဲ ရွင္း...မနက္ျဖန္ ကြၽန္ေတာ့္အတြက္ အေရးႀကီးတဲ့ေန႕ပဲ...ကြၽန္ေတာ္လုပ္စရာေတြရွိေသးတယ္...ဒီကထြက္နိုင္ေအာင္ လုပ္ေပးပါဦး"
သူ၏ အေျပာေၾကာင့္ ရွင္းက သူ႕အား စူးစမ္းသလိုၾကည့္လာသည္။ ရီဟြား ရွင္းအၾကည့္ေၾကာင့္ စိတ္ထဲထူးဆန္းသြားရ၏။
"မနက္ျဖန္ ကိုယ့္အတြက္လည္း အေရးႀကီးတယ္လား...ကိုယ္ အခုတေလာ က်င့္စဥ္မက်င့္ျဖစ္ေတာ့ စြမ္းအားေတြေလ်ာ့လာၿပီးခဏခဏ သတိေမ့ေနတတ္လို႔"
ရီဟြား ရွင္းအား မေက်နပ္ေသာ မ်က္ႏွာအမူအရာျဖင့္ ၾကည့္လိုက္၏။
"မနက္ျဖန္ ကြၽန္ေတာ့္ရဲ႕ ဒီဇိုင္းျပပြဲေလ...ဒါေလးေတာင္ မမွတ္မိဘူးလား...ကြၽန္ေတာ့္လည္ပင္းက ဆြဲႀကိဳးက အဓိကျပမယ့္ ဒီဇိုင္း...ဒီ ဒီဇိုင္းအတြက္ အခ်ိန္အမ်ားႀကီးေပးထားရတာ...လွတယ္မလား"
သူ၏ အေမးအား ရွင္းက ၿပဳံး၍ ျပန္ေျဖလာသည္။
"အင္း လွတယ္"
ရီဟြား ေနာက္သို႔ ေျခလွမ္းအနည္းငယ္ဆုတ္သြားရသည္။ ရွင္းက ဒီဆြဲႀကိဳးကို ေမ့ေနျခင္းက လုံးဝအဓိပ္ပါယ်မရှိပေ။ သူ၏ေရွ႕မွ ရွင္းသည္ ေသခ်ာေပါက္ အေယာင္ေဆာင္ရွင္းပင္။
"မင္းဘယ္သူလဲ"
သူ၏ အေမးေၾကာင့္ ရွင္း အေယာင္ေဆာင္ထားသူ၏မ်က္ႏွာ ကြက္ခနဲပ်က္သြားေသာ္လည္း ခ်က္ခ်င္းျပန္ၿပဳံးလိုက္ေလသည္။
"ကိုယ္ေလ...ေရွာင္ဟြားရဲ႕ ရွင္း"
ရီဟြား သံသယမ်က္ဝန္းမ်ားျဖင့္ၾကည့္ကာ ေခါင္းခါရမ္းျပလိုက္၏။
"ရွင္းက ဒီဆြဲႀကိဳးကို ေမ့တာ လုံးဝ မျဖစ္နိုင္ဘူး...မင္း ဘယ္သူလဲ...ဘာလို႔ ငါ့ကို ဒီေနရာ ေခၚလာတာလဲ"
သူ၏ ေရွ႕မွ ၿပဳံးရယ္ေနေသာ မ်က္ႏွာက တျဖည္းျဖည္းႏွင့္ ေဒါသထြက္ေသာ မ်က္ႏွာအမူအရာသို႔ ေျပာင္းလဲသြားသည္။
"မင္း အသက္ကို လိုခ်င္တဲ့သူ"
ထို႔ေနာက္ လ်င္ျမန္ေသာအရွိန္ျဖင့္ သူ၏ေရွ႕ေရာက္လာေသာေၾကာင့္ ရီဟြားေၾကာက္လန့္ကာ မ်က္လုံးတို႔ စုံမွိတ္လိုက္သည္။ သို႔ေသာ္ ေတာ္ေတာ္ၾကာထိ သူ၏ ကိုယ္ေပၚ ဘာမွက်ေရာက္လာျခင္း မရွိေသာေၾကာင့္ ထူးဆန္းကာ မ်က္လုံးတို႔အား ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္သည္။
သူ၏ေရွ႕တည့္တည့္တြင္ ရွင္းအေယာင္ေဆာင္ထားသူရွိေနၿပီး ထိုသူက လက္သည္းရွည္မ်ားျဖင့္ သူ႕အား ကုတ္ျခစ္ရန္ႀကိဳးစားေနသည္။ သူႏွင့္ထိုသူၾကား မျမင္ရေသာအလႊာပါးတစ္ခုကာရံထားသလို ထိုသူ၏လက္သည္းတို႔က သူ႕ဆီ မက်ေရာက္။ ထိုအလႊာပါးကိုသာ ေဒါသထြက္စြာ သည္းႀကီးမည္းႀကီး ကုတ္ျခစ္ေနသည္။
ရီဟြား လြန္စြာအံ့အားသင့္သြားရသည္။ ေဘးပတ္ပတ္လည္အား ၾကည့္မိေတာ့ သူ၏ေဘးတြင္ လိပ္ျပာနက္ေလးတစ္ေကာင္က ေ႐ႊေရာင္အလင္းမ်ားႏွင့္ ပ်ံသန္းေန၏။ ထိုလိပ္ျပာေလးဆီမွ ေ႐ႊေရာင္အလင္းတန္းမ်ားက ကာရံထားေသာအလႊာပါးဆီသို႔ ဦးတည္သြားေနၾကသည္။
သူ႕အား ထိခိုက္ေအာင္ မလုပ္နိုင္ေသာေၾကာင့္ အေယာင္ေဆာင္သူက လြန္စြာ ေဒါသထြက္ေနပုံရသည္။ ဘာမွမျဖစ္ေတာ့ေသာေၾကာင့္ ရီဟြားစိတ္သက္သာရာရသြား၏။
ထိုစဥ္ အေယာင္ေဆာင္သူေနာက္မွ ေ႐ႊေရာင္အလင္းမ်ားႏွင့္လူတစ္ေယာက္ ခ်က္ခ်င္းေပၚလာသည္။ ေခါက္ယပ္ေတာင္အား ကိုင္ေဆာင္ထားသည့္ထိုသူက ယပ္ေတာင္အားဖြင့္ကာ ထြက္ေပၚလာေသာအလင္းမ်ားျဖင့္ အေယာင္ေဆာင္သူဆီ ပစ္လိုက္သည္။
အေယာင္ေဆာင္ထားသူ၏ ေအာ္သံနက္ထြက္ေပၚလာၿပီး အနက္ေရာင္အမႈန္မ်ားအျဖစ္ ေျပာင္းကာ ေပ်ာက္ကြယ္သြား၏။
ရီဟြား သူ႕ဆီ တျဖည္းျဖည္း ေလွ်ာက္လာသူအား ၾကည့္ကာ ေျပာလိုက္သည္။
"ရွင္း...ကြၽန္ေတာ့္ဆီ လာလို႔မရေလာက္ဘူး...ဒီမွာ အတားအဆီးရွိ"
သူ၏ စကားပင္ ၿပီးဆုံးေအာင္ မေျပာလိုက္ရ။ လိပ္ျပာနက္ေလးဆီမွ ေ႐ႊေရာင္အလင္းမ်ား ေပ်ာက္ကြယ္ကာ အတားအဆီးလည္း ေပ်ာက္ကြယ္သြားသည္။
" ေရွာင္ဟြား ဘာျဖစ္သြားေသးလဲ"
ရွင္းက သူ၏ ပုခုံးတစ္ဖက္အား ကိုင္ကာ စိုးရိမ္စြာ ေမးျမန္းလာသည္။
"ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး ရွင္း"
" ကိုယ္ မင္းအိပ္ေပ်ာ္ေနတယ္ ထင္တာ...အိပ္တာၾကာၿပီမို႔ ႏွိုးမလို႔...ႏွိုးမရတာနဲ႕ အိပ္မက္ထဲ လိုက္လာလိုက္တာ...ကံေကာင္းသြားတယ္"
"ခုက ကြၽန္ေတာ့္အိပ္မက္ထဲမွာလား"
"အင္း"
ရွင္း၏ အေျဖေၾကာင့္ ရီဟြား အံ့ၾသကာ ပတ္ပတ္လည္အား ေဝ့ဝဲၾကည့္လိုက္ရသည္။
"ကိုယ္ေနာက္က်သြားတယ္...ေရွာင္ဟြား ဘာမွမျဖစ္လို႔ တကယ္ေတာ္ေသးတယ္"
ရီဟြား ၿပဳံးကာ သူ႕နား ပ်ံဝဲေနေသာ လိပ္ျပာနက္ေလးအား လက္ညိုးထိုးျပလိုက္သည္။
" ဒီလိပ္ျပာေလးေၾကာင့္ ရွင္း...သူက ကြၽန္ေတာ့္အသက္ကို ကယ္လိုက္တာ"
ရွင္း သူ၏ လက္မ်ားအား ျဖန့္ကာ လိပ္ျပာေလးအား လက္ေပၚနားခိုင္းေစလိုက္သည္။ သူ၏ ႏႈတ္ခမ္းစြန္းတို႔ ေကြးၫႊတ္ကာၿပဳံးသြားရ၏။
"ရွင္း ဘာလို႔လဲ...ဘာလို႔ ၿပဳံးတာလဲ"
သိခ်င္စိတ္ျပင္းျပစြာ ရီဟြား ရွင္း၏လက္အား ကိုင္လႈပ္၍ ေမးျမန္းလိုက္သည္။
" ဒီလိပ္ျပာနက္ေလးထဲမွာ က်န္းဖုန္းရဲ႕ ဝိညာဥ္အပိုင္းအစတစ္ခုရွိေနတယ္"
ရီဟြား မ်က္ဝန္းတို႔ ျပဴးက်ယ္ဝိုင္းစက္သြားရသည္။
"တကယ္လား...အဲဒါဆို အေမွာင္နတ္ဘုရား ျပန္ရွင္ေအာင္ လုပ္နိုင္တယ္ေပါ့ ရွင္း"
ရီဟြား၏ ေမွ်ာ္လင့္တႀကီး မ်က္ဝန္းမ်ားအား စိတ္မေကာင္းမိေသာ္လည္း ရွင္း ေခါင္းရမ္းျပလိုက္သည္။
"မရဘူး ေရွာင္ဟြား...ဝိညာဥ္ဆိုေပမဲ့ အရမ္းအားနည္းလြန္းလို႔ ဝိညာဥ္လို႔ေတာင္ မေခၚနိုင္ေတာ့ဘူး...သူ႕ရဲ႕စိတ္စြဲလန္းမႈေၾကာင့္ ေရွာင္ဟြားေဘးအၿမဲရွိေနတာ...အခုေတာင္ ေရွာင္ဟြားကိုကာကြယ္ေပးလိုက္လို႔ သူေပ်ာက္ကြယ္လုနီးနီးပဲ"
ရီဟြား လြန္စြာ ထိတ္လန့္စိုးရိမ္သြားရသည္။ ပထမတစ္ခါ သူ႕ေၾကာင့္ ေပ်ာက္ကြယ္ခဲ့ရၿပီးၿပီ။ ဒုတိယတစ္ခါ ထပ္၍ သူ႕ေၾကာင့္ မေပ်ာက္ကြယ္ေစခ်င္ေတာ့။
"ရွင္း သူ႕ကို ကယ္ေပးပါ"
ရွင္း လိပ္ျပာနက္အား မကိုင္ေဆာင္ထားေသာလက္ျဖင့္ ရီဟြားေခါင္းအား ညင္သာစြာ ပြတ္သတ္ေပးလိုက္သည္။
"စိတ္မပူပါနဲ႕...သူခဏအနားယူၿပီးရင္အဆင္ေျပသြားမွာပါ"
ရီဟြား ေလပူမ်ားအား မႈတ္ထုတ္လိုက္ရသည္။
"ဟူး ေတာ္ေသးတာေပါ့"
" ကိုယ္တို႔ ဒီကထြက္ရေအာင္ ေရွာင္ဟြား အိပ္ေနတာၾကာၿပီ...ဒီဇိုင္းဆြဲတာ မၿပီးေသးဘူးမလား...ကိုယ္ေဖ်ာ္ရည္ေဖ်ာ္ေပးထားတယ္...ေသာက္ၿပီးအလုပ္ဆက္လုပ္ရဦးမယ္ေလ"
ရီဟြား မ်က္ႏွာတြင္ အၿပဳံးပန္းတို႔ ေဝဆာသြားရသည္။ သူ ဒီဇိုင္းျပပြဲအတြက္ အရမ္းညီးျပထားေသာေၾကာင့္ ရွင္းက သူ႕အား အရမ္းစိုးရိမ္ေနျခင္းျဖစ္သည္။ တကယ္ေတာ့ သူ လုပ္စရာအလုပ္မ်ားအကုန္ လတ္စသတ္ၿပီးေနေလၿပီ။
"အင္း ဒီက ထြက္ရေအာင္ ရွင္း"
"မ်က္လုံးမွိတ္ၿပီး ခဏစိတ္ၿငိမ္ၿငိမ္ထားၾကည့္လိုက္ေနာ္ ေရွာင္ဟြား...နည္းနည္းၾကာရင္ ျဖည္းျဖည္းခ်င္း မ်က္လုံးျပန္ဖြင့္လိုက္"
"ဟုတ္ကဲ့"
ရီဟြား ရွင္း ၫႊန္ၾကားသည့္အတိုင္း လိုက္လုပ္လိုက္သည္။ ျဖည္းျဖည္းခ်င္း မ်က္လုံးတို႔ဖြင့္လိုက္ေတာ့ အလင္းေရာင္မ်ားအား ေတြ႕ျမင္လိုက္ရသည္။
အိပ္ရာေပၚမွ ထထိုင္လိုက္ေတာ့ သူ႕ေဘးတြင္ စိုးရိမ္တႀကီးရပ္ၾကည့္ေနေသာ ရွင္း၏ မ်က္ဝန္းမ်ားျဖင့္ အၾကည့္ခ်င္းဆုံသြားရ၏။
" ေရွာင္ဟြား အဆင္ေျပရဲ႕လား"
သူ၏ မ်က္ႏွာအား ထိကိုင္ကာ စိုးရိမ္တႀကီးေမးလာေသာ ရွင္းအား ေခါင္းညိတ္ျပလိုက္သည္။
"ကြၽန္ေတာ္ အဆင္ေျပတယ္ ရွင္း"
မ်က္ႏွာအား ထိကိုင္ထားေသာ ရွင္း၏လက္တဖက္အား ဆြဲကိုင္ကာ ေမးျမန္းလိုက္သည္။
" ရွင္း အေမွာင္နတ္ဘုရား...သူ ကြၽန္ေတာ့္အိပ္မက္ထဲ က်န္ခဲ့တယ္"
ရွင္းက ဘာမွျပန္မေျဖဘဲ လက္တစ္ဖက္အား ျဖန့္ျပလာသည္။ ခ်က္ခ်င္း ရွင္း၏ လက္ေပၚ နားေနေသာ လိပ္ျပာနက္ေလးတစ္ေကာင္ေပၚလာ၏။
"ရွင္း သူ အဆင္ေျပတယ္မလား"
ရွင္းက ၾကည့္ေကာင္းလြန္းေသာ အၿပဳံးတစ္ခုႏွင့္အတူ သူ႕အားျပန္ေျဖေပးသည္။
"သူ အဆင္ေျပပါတယ္...စိတ္မပူနဲ႕ေတာ့ေနာ္"
ရီဟြား ရွင္းအား ေခါင္းညိတ္ျပလိုက္၏။
လိပ္ျပာနက္ေလးသည္ ရွင္း၏ လက္ေပၚမွ ပ်ံဝဲကာ အိပ္ရာေခါင္းရင္းနံရံတြင္ သြား၍ကပ္တြယ္ေလသည္။
"သူ အခုတေလာေတာ့ ေရွာင္ဟြားေနာက္လိုက္နိုင္မွာ မဟုတ္ဘူး...ခဏ အဲမွာအိပ္ေပ်ာ္ေနလိမ့္မယ္"
" သူ ကြၽန္ေတာ့္ကို အၿမဲကာကြယ္ေပးေနခဲ့တာပဲ"
လိပ္ျပာနက္ေလးအား ေငးကာ ေျပာလာေသာ ေရွာင္ဟြားစကားေၾကာင့္ ရွင္း ေရွာင္ဟြား၏လက္တစ္ဖက္အား ထိကိုင္လိုက္သည္။
"ကိုယ္ ေတာင္းပန္ပါတယ္ ေရွာင္ဟြား...သူသာ မင္းကို မကာကြယ္ေပးခဲ့ရင္...ကိုယ္ တကယ္ ေတြးမၾကည့္ရဲဘူး"
ေရွာင္ဟြား၏ က်န္လက္တစ္ဖက္သည္ သူ၏လက္မ်ားေပၚ အုပ္မိုးလာသည္။
" ရွင္း အမွားမွ မဟုတ္တာ...ေတာင္းပန္စရာမလိုပါဘူး...ရွင္း ကြၽန္ေတာ့္ကို အၿမဲကာကြယ္ေပးခဲ့တာပဲေလ"
ရွင္း ေရွာင္ဟြားကိုယ္အား ရင္ခြင္ထဲ ဆြဲသြင္းကာ
ဖက္ထားလိုက္သည္။
" မင္း မရွိရင္ ကိုယ္ မရွင္သန္နိုင္ဘူး"
ရီဟြား ရွင္း ရင္ခြင္အတြင္းမွ ၿပဳံးကာ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္ေရာပဲ"
" ဘာ...ဘာေျပာလိုက္တာ...ကိုယ္မၾကားရလို႔"
"ကြၽန္ေတာ္ေရာပဲလို႔"
" ကိုယ္ သိပ္မၾကားရဘူး"
ရီဟြား ခဏခဏျပန္ေမးေနေသာ ရွင္းေၾကာင့္ စိတ္မရွည္ခ်င္ေတာ့။
"ကြၽန္ေတာ္ေရာပဲ ခင္ဗ်ားမရွိရင္ ဆက္မရွင္နိုင္ေတာ့ဘူးလို႔"
အသံက်ယ္က်ယ္ ေအာ္ေျပာလိုက္ၿပီးမွ ရီဟြားတခဏ ေၾကာင္အသြားရသည္။
' ရွင္းက နတ္ဘုရားေလ...ဘယ္လိုလုပ္ မၾကားရဘဲ ေနမွာလဲ'
"ရွင္း"
ရီဟြား စိတ္တိုစြာ အသံက်ယ္က်ယ္ျဖင့္ ရွင္းအား ေအာ္လိုက္သည္။
ရွင္းက သူ၏ ေအာ္သံေၾကာင့္ သေဘာက်စြာ ရယ္ေလေတာ့သည္။
"ကိုယ္မစေတာ့ဘူး...ဟုတ္ၿပီလား...မစေတာ့ဘူး"
ရီဟြား မၾကည္ၾကည့္ျဖင့္ ၾကည့္ကာ မ်က္ေစာင္းထိုးလိုက္၏။
" ကြၽန္ေတာ္ design သြားဆြဲဦးမယ္"
" အိပ္ခ်င္ေျပေအာင္ ေဖ်ာ္ရည္အရင္ေသာက္လိုက္ဦး...ၿပီးရင္ အိပ္တဲ့ထိ ကိုယ္ေစာင့္ေပးမယ္"
" ဟုတ္"
ရွင္းက သူ၏နဖူးအား ခပ္ဖြဖြနမ္းကာ ရင္ခြင္ထဲမွ ထုတ္ေပးလာသည္။ ထို႔ေနာက္ သူ၏ဆံပင္မ်ားအား လက္ျဖင့္ ဖြလိုက္၏။
"သြားဆြဲေတာ့...ကိုယ္ေစာင့္ေနေပးမယ္"
ရီဟြား ေခါင္းညိတ္ျပကာ designစာ႐ြက္မ်ားႏွင့္ရႈပ္ပြေနေသာ စားပြဲခုံဆီ ျပန္သြားလိုက္သည္။ အခ်ိန္ေတာ္ေတာ္ၾကာ designဆြဲၿပီးေနာက္ အားလုံးၿပီးစီးသြား၏။ သူ အိပ္ရာဆီသို႔ပင္ မသြားနိုင္ဘဲ ပင္ပန္းကာ စားပြဲတြင္ ေခါင္းေမွာက္၍ အိပ္လိုက္သည္။
ရွင္း အိပ္ေပ်ာ္ေနေသာ ရီဟြားအား ၿပဳံးၾကည့္ကာ ရႈပ္ပြေနေသာ စာ႐ြက္မ်ား သိမ္းဆည္းရန္အတြက္ အစြမ္းသုံးရန္ျပင္လိုက္သည္။ သို႔ေသာ္ အႏၱရာယ္ေပးခ်င္သူမ်ားအေနျဖင့္ သူ႕အစြမ္းအား သတိထားမိမည္စိုးစြာ အစြမ္းသုံးမည့္ စိတ္ကူးအား ေဖ်ာက္ဖ်က္လိုက္သည္။
စာ႐ြက္မ်ားအား လက္ျဖင့္ ဂ႐ုတစိုက္ထပ္၍ သိမ္းဆည္းၿပီးေနာက္ စာအုပ္တစ္အုပ္ၾကားေသခ်ာညွပ္ထားလိုက္၏။ ရီဟြားအား ေပြ႕ခ်ီကာ အိပ္ရာထက္ ျဖည္းညွင္းစြာ ခ်ေပးလိုက္သည္။
ဖိနပ္ႏွင့္ ေျခအိတ္မ်ားအား ေသခ်ာခြၽတ္ေပးၿပီးေနာက္ ေစာင္ထူထူၿခဳံေပးကာ အဲကြန္းအရွိန္အား ေလ်ာ့လိုက္သည္။ ရီဟြားေဘးတြင္ ဝင္လွဲကာ ေစာင္တူတူၿခဳံ၍ ရီဟြားတစ္ကိုယ္လုံး သူ၏ရင္ခြင္ထဲ နစ္ဝင္ေအာင္ထိ ဖက္ထားလိုက့သည္။
ရီဟြား၏ ရင္ခြင္ထဲမွ ညည္းသံတိုးတိုးေလးမ်ားထြက္လာေလသည္။ ရွင္း အသည္းယားစြာ နဖူးအား ခပ္ဖြဖြနမ္းလိုက္ၿပီး သူသည္လည္း အိပ္ေပ်ာ္ေအာင္ အိပ္စက္လိုက္၏။
တိတ္ဆိတ္သြားေသာ အခန္းထဲတြင္ နံရံထက္နားေနေသာ လိပ္ျပာနက္ေလးဆီမွ ေ႐ႊေရာင္အလင္းတန္းမ်ား ထြက္ေပၚလာေလေတာ့သည္။
"တင္း...ေတာင္"
ထြက္ေပၚလာေသာ လူေခၚဘဲလ္အသံေၾကာင့္ ရီဟြား တံခါးဖြင့္လိုက္သည္။ တံခါးဝတြင္ ပန္းစည္းတစ္စည္းကိုင္ထားသည့္ အကိုႀကီးအား ေတြ႕လိုက္ရေသာေၾကာင့္ အံ့အားသင့္သြားရ၏။
"အကိုႀကီး...ဘာကိတ္...ကိတ္..."
စကားဆုံးေအာင္ပင္ မေမးလိုက္ရ။ သူ၏ ေခါင္းထဲ အကိုႀကီးေရာက္ေနသည့္အေၾကာင္းရင္းအား သတိရသြားေတာ့သည္။
အကိုႀကီးအား ဒီေန႕ အိမ္တြင္ထမင္းစားဖိတ္ထားခဲ့မိသည္။ designျပပြဲႏွင့္ တရက္တည္းျဖစ္ေနေသာေၾကာင့္ ျပန္ျပင္ေျပာရန္ သူေမ့သြားခဲ့၏။ ခု သူ၏ designျပပြဲမွ ျပန္လာခါစျဖစ္ေသာေၾကာင့္ဘာမွလုပ္မထားမိ။ ရီဟြား ဘာေျပာရမွန္း မသိစြာ အားနာသြားရသည္။
" ေရွာင္ဟြား ဧည့္သည္လာတာလား"
သူ၏ ေနာက္နားမွ ထြက္ေပၚလာေသာရွင္းအသံေၾကာင့္ ရီဟြားေနာက္လွည့္ကာ ရွင္းအား ဆြဲေခၚ၍ ခပ္တိုးတိုးေျပာလိုက္သည္။
"ရွင္း ကြၽန္ေတာ္အကိုႀကီးကို ထမင္းစားဖိတ္ထားမိတယ္...အဲဒါေမ့ေနတာ...ခုဘာမွမစီစဥ္ရေသးဘူး"
ရီဟြားပုံစံက လြန္စြာ အခက္ေတြ႕ေနပုံရသည္။ ရီဟြား၏ နဖူးအား ရွင္း လက္ညွိုးျဖင့္ခပ္ဖြဖြ တို႔ထိလိုက္၏။
" ဘာေတြစိတ္ပူေနတာလဲ...ကိုယ္အခုျပင္လိုက္မယ္...အရမ္းမၾကာဘူး...အကိုႀကီးကိုသာ ဧည့္ခံထားလိုက္"
ရီဟြား အံ့အားသင့္စြာ ေျပာလိုက္သည္။
"ရွင္း အစြမ္းေတြ သုံးလို႔မရဘူးေလ"
"ကိုယ္ ဒီတိုင္း ခ်က္ေပးမယ္"
ရီဟြား အနည္းငယ္ ေတြေဝသြားရ၏။
"ရွင္း ပင္ပန္းလိမ့္မယ္"
"ေရွာင္ဟြားအတြက္ပဲေလ...ကိုယ္ မပင္ပန္းပါဘူး"
ရွင္းစကားေၾကာင့္ ရီဟြားၿပဳံး၍ ေခါင္းညိတ္ျပလိုက္သည္။
"အဲဒါဆို အကိုႀကီးကို အရင္ဧည့္ခံထားလိုက္မယ္"
"အင္း"
ရွင္းက သူ၏မ်က္ႏွာအား အသာထိကိုင္လိုက္ၿပီး ေနာက္ေဖးသို႔ထြက္သြားေလေတာ့သည္။
ရီဟြား အကိုႀကီးလက္ထဲမွ ပန္းစည္းအား လက္လႊဲယူလိုက္၏။
"အကိုႀကီး အိမ္ထဲဝင္ ခဏထိုင္ဦးေနာ္...ရွင္း ျပင္ေနတာ မၿပီးေသးဘူး"
"ရတယ္ ဟြားေအာ္...အကိုႀကီး ဒီေန႕ အလုပ္ပိတ္တယ္...ေအးေဆးလုပ္လို႔ရတယ္"
"ဟုတ္ ဟုတ္ အကိုႀကီး"
ရီဟြား အကိုႀကီးအား ဧည့္ခန္းအတြင္း ေခၚကာ ေရာက္တတ္ရာရာ ေျပာေနလိုက္သည္။
တခဏအၾကာ အကိုႀကီးဖုန္းမွ ဖုန္းသံျမည္လာသည္။
"ဟယ္လို....အင္း ကိုယ္ ကိုယ့္ညီအိမ္ေရာက္ေနတာ...အျပန္ကိုယ္လာႀကိဳေပးမယ္ေနာ္... တစ္ေယာက္တည္း မျပန္ခဲ့နဲ႕....အလုပ္မွာ ဂ႐ုစိုက္ေနာ္"
အရမ္းခ်ိဳသာေနေသာ အကိုႀကီးအသံေၾကာင့္ ရီဟြားၿပဳံးလိုက္မိသည္။ ထူးထူးဆန္းဆန္း အကိုႀကီး၏မ်က္ႏွာတြင္လည္း အၿပဳံးပန္းမ်ား ေဝဆာေနသည္။
ရီဟြား အကိုႀကီးအား လြတ္လြတ္လပ္လပ္ ဖုန္းေျပာခြင့္ေပးလိုက္ၿပီး မီးဖိုေခ်ာင္ထဲဝင္လာလိုက္၏။
တံခါးအားမွီကာ ေအပ႐ြန္ႏွင့္ ၾကည့္ေကာင္းေနေသာ ရွင္းအား ေငးေနလိုက္မိသည္။
" ကိုယ့္မ်က္ႏွာ ဘာမွမေပေနဘူးမလား...အဲမွာပဲ ရပ္မေနဘဲ ကိုယ့္ဆီလာပါဦး"
ခိုးၾကည့္ေနရာမွ လူမိသြားေသာေၾကာင့္ ရီဟြားအနည္းငယ္ရွက္သြားရသည္။ ေျခလွမ္းမွန္မွန္ျဖင့္ ရွင္းအနား တိုးကပ္သြားလိုက္၏။
ၿပဳံးၾကည့္ေနေသာရွင္းက အနားေရာက္လာေသာသူ႕အား ပန္းကန္မ်ားစနစ္တက်စီထားေသာ စင္ေပၚ ေပြ႕ခ်ီကာ တင္လိုက္သည္။
"အကိုႀကီးနား မေနဘဲ ဘယ္လိုလုပ္ ဒီေရာက္လာတာလဲ"
"အကိုႀကီး အလုပ္မ်ားေနလို႔"
စင္ေပၚထိုင္ေနေသာ သူ႕ႏွင့္ တန္းတူအရပ္ျဖစ္ေနသည့္ ေရွ႕ရွိ ရွင္း ပါးျပင္ႏွစ္ဖက္အား လက္ႏွစ္ဖက္ျဖင့္ ရီဟြားဖိညွစ္လိုက္သည္။
" ကိုယ့္ကို စေနတာလား"
သူ၏လက္ျဖင့္ ပါးႏွစ္ဖက္အား ဖိပြတ္ေနေသာေၾကာင့္ ႏႈတ္ခမ္းေထာ္လိုက္၊ မေထာ္လိုက္ျဖစ္ေနေသာ ရွင္းပုံစံအား သေဘာက်စြာ ရီဟြား သြားမ်ားေပၚေအာင္ ၿပဳံး၍ ေဆာ့ကစားေနမိသည္။
"ဘယ္ေတာ့ ရင့္က်က္မွာလဲ ကိုယ့္ခ်စ္သူေလး"
သူ စေနေသာပုံစံျဖင့္ မပီသစြာ စကားေျပာနသည့္ရွင္းအား ၾကည့္ကာ ရီဟြားလြန္စြာ သေဘာက်ေနသည္။ နတ္ဘုရားတစ္ပါးအား ထိုသို႔လုပ္ရဲသူ သူတစ္ေယာက္သာရွိမည္ဟု ေတြးမိကာ ေက်နပ္အားရေနသည္။
" မေဆာ့နဲ႕ေတာ့...ဟင္းအိုး ရေတာ့မယ္...ကိုယ္ သြားလုပ္လိုက္ဦးမယ္"
ရီဟြား အရယ္မပ်က္ ေခါင္းညိတ္ျပကာ လက္မ်ားအား လႊတ္ေပးလိုက္သည္။
" အဆိုးေလး"
သူ႕ ေခါင္းအား ပုတ္ကာေျပာသြားေသာ ရွင္းေၾကာင့္ ရီဟြား လွ်ာထုတ္လိုက္မိသည္။
စင္ေပၚတြင္ ထိုင္ရင္း ရွင္း လုပ္ေနသည္မ်ားအား မ်က္ေတာင္မခတ္ၾကည့္ေနလိုက္၏။
ရွင္းက လုပ္လက္စမ်ား အားလုံးသိမ္းဆည္းၿပီးသြားေသာအခါ သူရွိရာဆီ ျပန္လွည့္လာသည္။
"အားလုံးၿပီးၿပီလား ရွင္း"
သူ၏ေရွ႕ေရာက္လာေသာ ရွင္းက သူထိုင္ေနေသာ ေဘးတစ္ဖက္တခ်က္စီတြင္ လက္ထားလိုက္ၿပီး သူ႕အား ၿပဳံး၍ ေခါင္းညိတ္ျပလာသည္။
" အဲဒါဆို စားလို႔ရၿပီေပါ့ေနာ္"
ရီဟြား စင္ေပၚမွဆင္းရန္ျပင္လိုက္ေသာ္လည္း သူ၏ေဘးတဖက္တခ်က္စီမွ ၿမဲၿမံ့စြာကာဆီးထားေသာ ရွင္းလက္မ်ားေၾကာင့္ ဆင္းမရျဖစ္ေနရသည္။
"ရွင္း ကြၽန္ေတာ္ဆင္းဦးမယ္"
"ကိုယ္ အကုန္ျပင္ဆင္ထားတာ...ကိုယ့္ကို ဆုမခ်ေတာ့ဘူးလား"
ဝိုင္းစက္ေသာ မ်က္ဝန္းမ်ားျဖင့္ ရွင္းအား ၾကည့္ကာ ရီဟြား ေမးလိုက္သည္။
"ဘာဆုခ်ရမွာလဲ"
"ကိုယ့္ကိုနမ္း"
မ်က္ႏွာတဖက္လွည့္ကာ ပါးထိုးေပးလာေသာ ရွင္းအား ၾကည့္ကာ ရီဟြား ၿပဳံးလိုက္မိသည္။ သူ၏ လက္မ်ားျဖင့္ ရွင္း ပါးႏွစ္ဖက္အားထိကိုင္ကာ ေရွ႕တည့္တည့္ျပန္လွည့္လိုက္၏။ နားမလည္စြာသူ႕အား ၾကည့္ေနေသာ ရွင္း၏ ႏႈတ္ခမ္းမ်ားထက္ သူ၏ႏႈတ္ခမ္းပါးတစ္စုံျဖင့္ ဖိကပ္လိုက္ၿပီးေနာက္ မ်က္ႏွာျပန္ခြာလိုက္သည္။
"ကြၽန္ေတာ္ ဆုေပးၿပီးၿပီေနာ္...ဆင္းၿပီ"
႐ုတ္တရက္ေျပးဆင္းလိုက္ေသာ ရီဟြား၏ လက္မ်ားအား ရွင္းအမိအရ ဖမ္းဆြဲလိုက္သည္။ ရီဟြားအား သူ၏ေရွ႕ဆြဲေခၚကာ ခါးအား တင္းက်ပ္စြာ ဖက္တြယ္လိုက္၏။ ထို႔ေနာက္ ႏႈတ္ခမ္းမ်ားအား ဖိကပ္ကာ နမ္းရွိုက္လိုက္သည္။
ရီဟြားကဲ့သို႔ ထိ႐ုံမွ် မဟုတ္ဘဲ ႏႈတ္ခမ္းမ်ားနာက်င္ေအာင္ထိ အခ်ိန္ေတာ္ေတာ္ၾကာ သူ နမ္းရွိုက္လိုက္မိသည္။
" ခြၽင္ ခ်လြမ္"
႐ုတ္တရက္ ထြက္ေပၚလာေသာ ထူးဆန္းသည့္အသံေၾကာင့္ ရီဟြားေရာ ရွင္းပါ အနမ္းမ်ားရပ္တန့္ကာ အသံထြက္ေပၚလာရာဆီသို႔ ၾကည့္လိုက္မိသည္။
မ်က္ႏွာနီရဲကာ ေနရခက္ေနပုံရေသာ အကိုႀကီးေၾကာင့္ ရီဟြား ထိတ္လန့္ကာ ခါးအားဖက္တြယ္ထားေသာ ရွင္းလက္မ်ားထဲမွ ႐ုန္းထြက္လိုက္မိသည္။
" Sor...Sorry....အကိုႀကီး သန့္စင္ခန္းေမးမလို႔ ဝင္လာတာ....အႏွောင့္ယွက္ျဖစ္သြားရင္ Sor...Sorry"
ၾကမ္းျပင္တြင္ က်ေနေသာ ဇြန္း၊ ခက္ရင္းမ်ားအား ၾကည့္ကာ ရီဟြား အေျခအေနအား နားလည္သြားရသည္။
အကိုႀကီး သူတို႔အား ေမးရန္ ဝင္လာစဥ္ သူတို႔ပုံစံအားေတြ႕ကာ အေလာတႀကီးျပန္ထြက္ရန္ ျပင္လိုက္ပုံရသည္။ တံခါးႏွင့္နီးေသာ ဇြန္းမ်ားတင္ထားသည့္ စားပြဲခုံေလးအား ဝင္တိုက္မိကာ ဇြန္းသံမ်ား ထြက္ေပၚလာျခင္းျဖစ္မည္။
ရွင္းအား ၾကည့္လိုက္ေတာ့ မ်က္ႏွာတည္ၿငိမ္ေနကာ ဘာဆိုဘာမွျဖစ္ပုံမရ။ ရီဟြား ၾကားထဲက အကိုႀကီးအား အားနာသြားရသည္။
"သန့္စင္ခန္း ကြၽန္ေတာ္လိုက္ပို႔မယ္ အကိုႀကီး"
ရီဟြား ရွင္းေရာ အကိုႀကီးပါ မၾကည့္ေတာ့ဘဲ မီးဖိုခန္းမွ အျမန္ထြက္လာလိုက္သည္။
ေနာက္မွ ကပ္ပါလာေသာ ေျခသံပိုင္ရွင္သည္ အကိုႀကီးျဖစ္ဖို႔မ်ားသည္။
သန့္စင္ခန္းေရွ႕ေရာက္ေသာအခါမွသာ ရီဟြားေျခစုံရပ္ကာ ေနာက္လွည့္ၾကည့္လိုက္၏။ အကိုႀကီးမ်က္ႏွာသည္လည္း သူ႕အား အားနာေနပုံရသည္။
"ဟြားေအာ္ sorr..sorry"
"အာ အကိုႀကီး ထပ္မေျပာပါနဲ႕ေတာ့...ေတာင္းပန္စရာမွ မရွိတာ...ကြၽန္ေတာ္နဲ႕ရွင္းကသာ အကိုႀကီးကို အားနာရမွာ"
သူ၏အေျပာေၾကာင့္ အကိုႀကီးက သူ႕အား ၿပဳံးျပေလသည္။
" အကိုႀကီးကိုလည္း အားနာစရာမလိုပါဘူး...ေခတ္လူငယ္ေတြပဲ...အကိုႀကီး နားလည္ပါတယ္"
အရင္လို သူ႕အား သဝန္မတိုေတာ့ဘဲ နားလည္ေပးလာသည့္ အကိုႀကီးေၾကာင့္ ရီဟြားလည္း အကိုႀကီးႏွင့္ထပ္တူၿပဳံးလိုက္မိသည္။
" အကိုႀကီး အစက ဖုန္းေျပာေနတဲ့သူက အကိုႀကီးေကာင္မေလးလား"
အကိုႀကီးက ေခါင္းညိတ္ျပလာသည္။ ခ်စ္သူရွိလာေသာေၾကာင့္ နားလည္ေပးနိုင္လာပုံရေသာအကိုႀကီးအစား ရီဟြား ဝမ္းသာသြားရသည္။
"အကိုႀကီး ေကာင္မေလးက ေခ်ာလား"
သိလိုစြာ စပ္စုလိုက္ေတာ့ အကိုႀကီးက ဖုန္းဖြင့္ကာ သူ႕လက္ထဲ ဖုန္းထိုးေပးလာ၏။
" အဲဒါ အကိုႀကီး ေကာင္မေလး...အရမ္းေတာ့ မေခ်ာဘူး...ဒါေပမဲ့ ခ်စ္စရာေကာင္းတယ္"
ရီဟြား ဖုန္းscreenအား ၾကည့္လိုက္မိေတာ့ မ်က္ဝန္းတို႔ အဆမတန္ျပဴးက်ယ္ဝိုက္စက္သြားရသည္။
ခ်စ္စရာေကာင္းသည္ဟူေသာပုံက တစက္ေလးမွ ခ်စ္စရာမေကာင္းဘဲ ညွို႔ဓာတ္ျပင္းျပင္းျဖင့္ ေသေစနိုင္ေသာအၾကည့္တို႔ ထုတ္လႊင့္ထားပါသည့္ ရီရီ။ အကိုႀကီးအႀကိဳက္က ေရွးေခတ္တင္မဟုတ္၊ အခုေခတ္တြင္ပင္ ထူးဆန္းလြန္းေနသည္။
"ခ်စ္စရာေကာင္းတယ္မလား"
ထပ္ေမးလာေသာ အကိုႀကီးစကားေၾကာင့္ ရီဟြား မအီမလည္ျဖင့္ ေခါင္းညိတ္ျပလိုက္ရသည္။ တကယ္ကို သူတို႔ေတြ ေရစက္ဆုံနိုင္လြန္းလွသည္။
" အကိုႀကီး သန့္စင္ခန္းဝင္တုန္း ရွင္းနဲ႕ ထမင္းပြဲျပင္ထားလိုက္မယ္ေနာ္"
" အင္းအင္း သြားျပင္ႏွင့္"
အကိုႀကီးဆီမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ ရီဟြား သန့္စင္ခန္းေရွ႕မွ ေျခကုန္သုတ္ထြက္လာလိုက္သည္။
အႏွောင့္ယွက္ခံလိုက္ရေသာ သူတို႔၏ romantic timeေလးအား ျပန္ခရီးဆက္ရဦးမည္ေလ။ စိတ္ကူးျဖင့္ ေျခလွမ္းမ်ားက လြန္စြာ လ်င္ျမန္သြက္လက္ေနေလေတာ့သည္။
*************