The beasts and The young man
Neko_san_ZP द्वारा
96.5K 14.5K 799
Zawgyi /Unicode Started date: 3.10.2020 End date:??? နှစ်ပေါင်းများစွာ ကြာပြီးနောက် ဂြိုလ်တခုဆီရဲ့ အရှင်သခင်... अधिक
Chapter - 1
Chapter - 2
Chapter - 3
Chapter- 4
Chapter - 5
Chapter -6
Chapter -7
Chapter -8
not update
Chapter -9
Chapter-10
Chapter -11
Chapter -12
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter -19
chapter-20
Chapter -21
Chapter-22
Chapter -23.1
Chapter -23.2
Chapter-24
Chapter-25
Chapter-13
3.4K 533 34
Neko_san_ZP द्वारा
Zawgyi
"ကျားသစ်မျိုးနွယ်စု ပြောတာ မှန်တယ် မင်းအနေနဲ့ ရစ်အမျိုးသားတွေကို နာကျင်အောင် လုပ်ပိုင်ခွင့်မရှိဘူး၊ရစ်အမျိုးသားချင်းဖြစ်​နေပါ​စေ​ပေါ့" လို့ ပြောလိုက်ပြီး ဒန်းနိုနားမှာ ရပ်နေတဲ့ရစ်အမျိုးသားကို လှောင်ရီသည့်အကြည့်များဖြင့် ကြည့်ကာ ထွက်သွားတော့သည်။
"ကျွန်တော် နားချင်တယ်"မာနီယန်ဟာ ဝမ်းနည်းဟန်ဆောင်ထားပေမယ့် သူဟာတစ်ကယ်ကို ဒေါသကြောင့်တုန်ရီနေတော့သည်၊အိုရက်စ်ကို တမင်နှင်ထုတ်တာကြောင့် ထိုအပေါ် အမှားရှိတယ်လို့ မာနီယန်မထင်ပေ၊သူကလည်း ကြည့်ကောင်းတဲ့ရစ်အမျိုးသားဖြစ်ပြီး အိုရက်စ်ထက် ဥာဏ်ရည်ထက်မြက်သူဖြစ်သည်၊ဒါပေမယ့် အင်အားကြီးတဲ့သားရဲအထီးတွေကို အရယူထားသည့်အိုရက်စ်ကို ဒီအတိုင်း လွှတ်မထားနိုင်ချေ၊
------
-*-*-*-*-*-*
Chapter-14မျှော်
---------------
Unicode
[ဇာတ်လိုက်လီယိုရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိသည်။ +200]
ထိုအသံကြောင့် ရှင်းရန် နူတ်ခမ်းများပင့်တက်သွားချင်ပေမယ့် သူဟာ သရုပ်ဆောင်နေသေးသည်ကို မမေ့ချေ၊ပြီးတော့ မာနီယန်လို ခေတ်သစ်ကကူးပြောင်းလာတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ကို တခြားလူတစ်ယောက်ဟာ  ပစ္စည်းတစ်ခုလိုသုံးနှုန်းခဲ့ရင် ဒေါသထွက်သွားမှာ အမှန်ပေ၊ အခုပဲကြည့် မဲသဲနေသည့်မျက်နှာရယ် မနာလိုကာသူ့ကိုတစ်စဆီဖျက်စီးပစ်ချင်တဲ့မျက်ဝန်းတွေဟာ သက်သေပေ၊
"အန်းစ်" မာနီယန်ဟာ ခုနက အိုရက်စ်မှုမုန်းတီးစွာ စိုက်ကြည့်နေတဲ့အမူအရာကို ပြန်ပြင်လိုက်ပြီး ကျားသစ်သားရဲရဲ့နာမည်ကို ခေါ်ဆောင်လိုက်တယ်။ဒါပေမယ့် သူ့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လာတဲ့ဝါရင့်ရင့်မျက်ဝန်းများဟာ ဒေါသရောင်ကြောင့် ပိုမိုတောက်လောင်နေသည်ကို သူခံစားနေရသည်။အန်းစ်က ဘာလို့ သူ့ကို ထိုလိုစိုက်ရတာလဲ!အမှန်ဆို အန်းစ်အနေနဲ့ ဂုဏ်ယူသင့်သည်မလား။
အန်းစ်ဟာ သူနာမည်ကို ခေါ်တွင်လာတဲ့ရစ်အမျိုးသားကြောင့် မျက်မှောင်ကြုတ်သွားကာ ထိုရစ်အမျိုးသားကို စိုက်ကြည့်လိုက်တယ်၊ထိုရစ်အမျိုးသားပေါ်က အမူအရာအမျိုးမျိုးပြောင်းလဲသွားသည်ကို မြင်နေတဲ့အခါမှာတော့ ခုနက စိတ်ပျက်နေတဲ့ခံစားချက်များဟာ ရွံရှာမှုဘက်ကို ပြောင်းလဲသွားတော့သည်။ရစ်အမျိုးသား​တွေကို အန်းစ်အထင်မသေးပေမယ့် ကိုင်လန်၊မာနီယန်လိုရစ်အမျိုးသားတွေကိုတော့ အထင်သေးသည်။သူတို့ဟာ အင်အားကြီးသူမှန်သမျှ သူတို့လက်အောက်ထဲသွင်း​စေကာ မျိုးနွယ်စုတိုင်းကို ချယ်လှယ်ချင်တဲ့ပုံစံတွေဖြစ်သည်။
ဒါကြောင့် အန်းစ်ဟာ ထိုရစ်အမျိုးသားကို လစ်လျူရှုကာ ရှင်းရန်ကို ခါးကနေ ပွေ့ဖက်လိုက်ပြီး ကျားသစ်မျိုးနွယ်စုအနားယူ​နေသည့် တဲဘက်ကို သွားရောက်တော့သည်။ခရစ်ဘ်ကလည်း လိုက်မသွားခင်မှာ ဒန်းနိုကို ကြည့်ကာ
"ငါတို့ ပြောတဲ့စကားကို မမေ့နဲ့ သားရဲနတ်ဘုရားတန်ဖိုးထားတဲ့ ရစ်အမျိုးသားတွေကို အတင်းအကြပ်စေခိုင်းပိုင်ခွင့်မရှိဘူး အဟက် မင်းဘက်က မကျေအေးနိုင်ဘဲ နတ်ဘုရားရုပ်ထုရှေ့မှာ ဖြေရှင်းချင်လည်းရတယ် ရစ်အမျိုးသားဘက်က အမှန်တိုင်း ပြောဆိုလာရင် မင်းတို့မျိုးနွယ်ပဲ ထိခိုက်လိမ့်မယ် စဉ်းစားဆင်ခြင်ပေါ့" လို့ ပြောကာ ထွက်သွားတော့သည်။လီယိုဟာလည်း ဒီနေရာမှာ ရှိနေစရာအကြောင်းမရှိပေမယ့် သူဟာလည်း ဒန်းနိုကို ကြည်လိုက်ပြီး
"ကျားသစ်မျိုးနွယ်စု ပြောတာ မှန်တယ် မင်းအနေနဲ့ ရစ်အမျိုးသားတွေကို နာကျင်အောင် လုပ်ပိုင်ခွင့်မရှိဘူး၊ရစ်အမျိူးသားချင်းဖြစ်​နေပါ​စေ​ပေါ့" လို့ ပြောလိုက်ပြီး ဒန်းနိုနားမှာ ရပ်နေတဲ့ရစ်အမျိုးသားကို လှောင်ရီသည့်အကြည့်များဖြင့် ကြည့်ကာ ထွက်သွားတော့သည်။
'ထိုရစ်အမျိုးသားဟာ ထူးဆန်းလှသည်ထင်ရပေမယ့် ခုနကရှင်းရန်ကို ကြည့်နေတဲ့အကြည့်တွေက... ' လီယိုဟာ စိတ်ထဲမှာ တွေးလိုက်ပြီး သက်ပြင်းချကာ ခေါင်းတစ်ခါခါနဲ့ထွက်သွားတော့သည်။ကျားသစ်မျိုးနွယ်က ထိုရစ်အမျိုးသားပေါ် ခါးသီးနေတာ မထူးဆန်းပေ၊ဒီလိုအကျင့်စရိုက်မကောင်းတဲ့သူကို ဘယ်သူက သဘောကျနှစ်ခြိုက်မှာလဲ၊
လီယိုထွက်သွားပြီးနောက်မှာတော့ မာနီယန်ဟာ သူရဲ့တွဲဖက်ကို အပြစ်တင်လိုဟန်ဖြင့် စိုက်ကြည့်လိုက်ပေမယ့် ဒန်းနို သူ့ဘက် လှည့်လာချိန်မှာ ချက်ချင်း သူရဲ့အမူအရာကိုပြောင်းလဲလိုက်သည်၊
"အဟင့်... ဒန်းနို အဲ့တာ ကျွန်တော်ကြောင့် ဖြစ်ရတာ...ကျွန်တော်သာ ဒန်းနိုရော အိုရက်စ်ရဲ့ဆန္ဒကို မေးမြန်းခဲ့ရင် ဒီလို အရှက်ခွဲခံရမှာ မဟုတ်ဘူး" မာနီယန်ဟာ အပြစ်ရှိသည့်အမူအရာဖြင့် ဒန်းနိုအား မဝေ့မရဲကြည့်လိုက်ပြီး ပြောလိုက်သည်၊
ဒန်းနိုဟာလည်း သူရဲ့တွဲဖက်ပေါ် တစ်ခါမှအပြစ်မမြင်ခဲ့တဲ့အပြင် အခုလို သူရဲ့တွဲဖက်နာကျင်နေသည်ကို မြင်တော့ သူရင်ဟာ အဆများစွာနာကျင်သွားတော့သည်၊
"မင်းအပြစ်မဟုတ်ဘူး " ဒန်းနိုဟာ မာနီယန်ကို ပွေ့ဖက်ရင်းချော့မော့လိုက်သည်၊
"ကျွန်တော် နားချင်တယ်"မာနီယန်ဟာ ဝမ်းနည်းဟန်ဆောင်ထားပေမယ့် သူဟာတစ်ကယ်ကို ဒေါသကြောင့်တုန်ရီနေတော့သည်၊အိုရက်စ်ကို တမင်နှင်ထုတ်တာကြောင့် ထိုအပေါ် အမှားရှိတယ်လို့ မာနီယန်မထင်ပေ၊သူကလည်း ကြည့်ကောင်းတဲ့ရစ်အမျိုးသားဖြစ်ပြီး အိုရက်စ်ထက် ဉာဏ်ရည်ထက်မြက်သူဖြစ်သည်၊ဒါပေမယ့် အင်အားကြီးတဲ့သားရဲအထီးတွေကို အရယူထားသည့်အိုရက်စ်ကို ဒီအတိုင်း လွှတ်မထားနိုင်ချေ၊
အိုရက်စ်လိုတုံးအတဲ့ကောင်က အင်အားကြီးတဲ့သားရဲအထီးတွေနဲ့မထိုက်တန်ပေ၊ဒန်းနိုရင်ခွင်ထဲကနေတစ်ဆင့် မာနီယန်မျက်လုံးကစားလိုက်သည်၊ ကျားသစ်မျိုးနွယ်တွေနေထိုင်ရာတဲကိုကြည့်ရင်း
'အိုရက်စ်ကို ကျားသစ်မျိုးနွယ်သာ နှင်ထုတ်လိုက်ရင် အိုရက်စ်က ဘာမှမဟုတ်တော့ဘူး၊အဲ့ကျရင် မြေခွေးမျိုးနွယ်မှာ ပြန်အစောင့်အရှောက်ခံဖို့ ငါဖန်တီးလို့ရတယ်... အဟက် အိုရက်စ်က ဘာမှမဟုတ်ပေမယ့် ဒီNovelရဲ့အဓိကသားတော်ဖြစ်နေတာပဲလေ' မာနီယန်ဟာ တွေးရင်း သူရဲ့နူတ်ခမ်းများဟာ ကောက်ကျစ်ဖွယ် ပြုံးတက်သွားတော့သည်၊
'အိုရက်စ် ခဏတော့ ကောင်းကောင်းမွန်မွန်နေထားဦး'
------
"ရှင်းရန် အဆင်ပြေရဲ့လား" အန်းစ်ရဲ့စိုးရိမ်မှုတွေနဲ့ပြည့်သိပ်နေတဲ့အဝါရောင်မျက်လုံးတွေဟာ ပိုမိုမှေးမှိန်နေသယောင်၊ထိုချောမောခန့်ညားတဲ့ယောကျာ်းရဲ့မျက်နှာနဲ့ထိုမျက်ဝန်းတွေဟာ မလိုက်ဖက်တာ အမှန်ပေ၊
"အန်းစ် ကျွန်တော်အဆင်ပြေပါတယ် ဒါပေမယ့် အစ်ကိုမာနီယန်က ..."
ဒါပေမယ့် ဒီယောကျာ်းတွေရဲ့ခံစားချက်တွေထဲ ရှင်းရန်လောင်စာထည့်ပေးရဦးမယ်လေ၊ရှင်းရန် သူရဲ့ကြောက်ရွံဟန်ကို ထိုယောကျာ်းနှစ်ယောက်ရှေ့မှာ ဖုံးကွယ်ဖို့ ကြိုးစားလေ၊ထိုယောကျာ်းနှစ်ယောက်က သူရဲ့ကြောက်ရွံနေမှုကို ပိုမြင်လာလေဖြစ်လိမ့်မည်၊
"ရှင်းရန် သူ့ကို ကြောက်စရာမလိုဘူး" ခရစ်ဘ်ဟာ ရှင်းရန်ရဲ့တုန်ယင်နေတဲ့လက်နှစ်ဖက်ကို ဆွဲယူကာ ဖွဖွလေးဖျစ်ညှစ်ရင်း ပြောလာသည်၊
ရှင်းရန်ရဲ့ကြောက်ရွံနေတဲ့မျက်လုံးလေးတွေ၊တုန်ယင်နေတဲ့နူတ်ခမ်းလေးတွေက ဓားလွှာလိုပဲ သူ့ရင်ကို တစ်စစီထိုးစိုက်နေသလိုပင်၊ရှင်းရန်ကို နာကျင်အောင်လုပ်တဲ့ထိုရစ်အမျိုးသားကို ခရစ်ဘ် ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်ပေ၊
"ရှင်းရန် သူက မင်းကိုဘာမှမလုပ်နိုင်တော့ဘူး ကိုယ်တို့လည်း မင်းအနားမှာရှိနေတယ်လေ "
"ကျွန်တော့်က ခင်ဗျားတို့ထင်တာထက် ပျော့ညံ့လွန်းအားကြီးတယ်၊ဒါကြောင့် ကျွန်တော့်ကို ကျားမျိုးနွယ်စု အပေးခံရတုန်းက ဘယ်သူမှ..."
ရှင်းရန်ပြောနေရင်း သိမ်မွေ့ကာခန့်ညားတဲ့လူငယ်လေးတစ်ဦးရဲ့မျက်နှာဟာ သူ့ခေါင်းထဲဝင်ရောက်လာတော့သည်၊အဖြူရောင်အမွှေးပွအမြှီးရယ်၊အဖြူရောင်နားရွက်၊ကျောလယ်ထိရှည်လျားနေတဲ့အဖြူရောင်ဆံနွယ်တွေကိုကြည့်ရင်း ထိုလူငယ်ဟာလည်း သားရဲအထီးမှန်းသိသာလှသည်၊ဒါပေမယ့် ဘာကြောင့်ရုတ်တရက်ဝင်ရောက်လာလည်း ရှင်းရန်မသိတာကြောင့် ရှင်းရန်မျက်မှောင်သာကြုတ်ပြီး ဘာမှ ဆက်မပြောတော့ပေ၊
ရှင်းရန်ရဲ့တိတ်ဆိတ်မှုဟာ အန်းစ်နဲ့ခရစ်ဘ်ကို တစ်မျိုးထင်သွားစေကာအမှန်ပေ၊ထိုမြေခွေးမျိုးနွယ်ကြောင့် ရှင်းရန် ဘယ်လောက်ထိ နာကျင်ခဲ့ရမလဲ၊ရစ်အမျိုးသားတွေတန်ဖိုးမထားတဲ့အပြင် တန်းတူမဆက်ဆံသည့်မျိုးနွယ်ကို သူတို့စိတ်ပျက်နေတာ အမှန်ပေ၊
ဒီနှစ် မဲခွဲတမ်းမှာ မြေခွေးမျိုးနွယ်ကို နေရာမရအောင် လုပ်ပစ်မယ်၊ဆောင်းတွင်းရောက်လာတော့မှာကြောင့် အမဲလိုက်နယ်မြေအတွက် မျိုးနွယ်စုတိုင်းလိုအပ်သည်၊ တစ်ကယ်လို မြေခွေးမျိုးနွယ်သာ နယ်မြေအသေးစားရပြီး ဆောင်းရာသီမှာ ဒုက္ခရောက်ခဲ့မယ်ဆိုရင်...။
ရှင်းရန်သာ သူတို့အတွေးကို သိရင် စက်ဆုပ်သွားမလား၊
ဒါပေယ့် ရှင်းရန်ပေါ် လုပ်ခဲ့တဲ့ထိုမျိုးနွယ်စုကို အေးဆေးနေပါစေဆိုပြီး လွတ်ပေးထားရင် သူတို့ကဘယ်လိုလုပ် ရှင်းရန်ရဲ့လူတွေဖြစ်တော့မှာလဲ။
-*-*-*-*-*-*
Chapter-14မျှော်
---------------
पढ़ना जारी रखें
आपको ये भी पसंदे आएँगी
130K 13.9K 25
OC Own Creation. Own story, own plot and own cover
231K 5.7K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
115K 5.2K 39
"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလ...