My Muse

By rryurika_9198

2.9K 399 145

Muse - *a person or personified force who is the source of inspiration for a creative artist* the artists die... More

Introduction
-1-
-3-
-4-
-5-
-6-
-7-

-2-

277 53 33
By rryurika_9198

[Unicode]

ထိုနေ့က သူအိမ်သို့အမြန်ပြေးကာ ပြန်ခဲ့သည်။ ဘတ်စ်ကားပင် မစီးပဲ ၄၅မိနစ်ကြာခရီးကို အရူးတစ်ယောက်ကဲ့သို့ ပြေးခဲ့သည်။

ရောက်သည်နှင့် ချက်ချင်းပြေးဝင်ကာ တံခါးကို ပြန်ပိတ်ရင်း သွားမိတာက သူ၏ပန်းချီခန်းသို့။ တစ်စုံတစ်ရာကို အလျင်အမြန်ချရေးရန် တကယ်လိုအပ်နေပြီ။

ပန်းချီအခန်းထဲဝင်ပြီးသည်နှင့် အဝတ်ပင်မလဲအား အခန်းတံခါးအား ပြန်ပိတ်ကာ ထောင်ထားသော ကင်းဗတ်စ်ဆီသို့ သွားသည်။ သူရိုက်ချိုးထားမိသော ဒေါက်တိုင်က ဘေးမှာရှိနေတုန်း၊ ဆေးရောင်စုံတို့ကလည်း ပြန့်ကျဲနေတုန်းဖြစ်သည်။

အသစ်ထောင်ထားခဲ့သော ထိုထောက်တိုင်ပေါ်ရှိ ကင်းဗတ်စ်အား ကြည့်မိတော့ အခန်းတွင်းရှိ မီးရောင်မှိန်မှိန်နှင့် အပြင်ပြတင်းမှ ဝင်နေသော လရောင်ဖြဖြတို့က အဖြူရောင်အစတွင် အရိပ်ထင်နေသည်။

ဘေးတွင်ကျနေသော စုတ်တံအား အလျင်အမြန်ကိုင်ကာ ရှာနေသည်က ညှစ်ဆေးဗူးတစ်ခုတစ်လေ။ တွေ့သည်နှင့် ဆေးစပ်ပြားဆီသို့ ညှစ်ချမိတော့ အဝါတောက်တောက်အရောင် ဖြစ်နေသည်။ ကိစ္စတော့မရှိ သူအကျွမ်းကျင်ဆုံးအရာက အရောင်တွေကို ကစားတာဖြစ်သည်။

ဆေးဗူးများထည့်ထားရာ သေတ္တာဆီမှ ဆေးဗူးအချို့ကို ယူလာကာ ကြမ်းပြင်ပေါ်မှ ဆေးစပ်ပြားဆီသို့ နေရာချသည်။ ပြီးသည်နှင့် ထိုဆေးများအား စပ်ကာ သူ၏အနုပညာကို အဖြူရောင်လွင်ပြင်တွင် စတင်ပုံဖော်တော့သည်။

ဆေးတစ်စက်...စုတ်တံတစ်ချက်...
တစ်ချက်ပြီးတစ်ချက်....
တိုင်ကပ်နာရီမှ နာရီ....မိနစ်....စက္ကန့်တို့
ကူးပြောင်းနေသံ တစ်ချက်ချက်....

ခြောက်ကပ်ကပ် အခန်းမှောင်မှောင်တစ်ခုတွင် ကြားနေရသည်က သူ၏ကိုယ်ပိုင် အသက်ရှူသံနှင့် ဆေးစက်တို့ တစက်စက်ကျသံ၊ နာရီမှလက်တံတို့ ရွေ့လျားသည့်အသံ၊ စုတ်တံမှတရှပ်ရှပ်အသံ။
သူ့ကမ္ဘာထဲတွင် ထိုအသံတို့မှလွဲ မည်သည်မှမကြားရ။

နေ့ရက်တို့က ကူးပြောင်းနေသည်။
အခုဆိုလျှင် အပြင်ဘက်ပတ်ဝန်းကျင်သည် မနက်ခင်းဖြစ်နေသည်။
မည်သည့်နေ့ရက်ဆီသို့ ရောက်နေပြီမှန်းတော့ သူမသိ။ ပန်းချီကားဆီသို့ အကြည့်ပို့မိတော့ အပြီးသတ်ခါနီး ဖြစ်နေပြီကို တွေ့ရသည်။

လွင့်ပျံနေသော လိုက်ကာစလေးသာ မရှိပါလျှင် ထိုအခန်းတွင်းရှိ အရာအားလုံးက ဆိတ်ငြိမ်နေလောက်မည်။ ပန်းချီကားဆီသို့ ကြည့်ရှုနေသော သူ၏မျက်ဝန်းများကဲ့သို့။

ဖုန်းမြည်သံတတီတီက ထိုအခန်းထဲမှ အေးချမ်းဆိတ်ငြိမ်မှုကို ဖျက်စီးပစ်သည်။ စုတ်တစ်ချက်သပ်မိရင်း ဆူညံလွန်းလှသော ဖုန်းကိုဖြေဆိုလိုက်ရသည်။

"ဟယ်လို"

"......"

"ကျွန်တော် ပြပွဲကိုရက်ရွှေ့ချင်တယ်"

"......"

"ခင်ဗျားတို့ပြတိုက်က လက်မခံနိုင်ရင်လည်း အိုကေလေ.."

"......"

"ဝန်ထမ်းအကူ မလိုဘူး
ကျွန်တော် ကိုယ်တိုင်လုပ်နိုင်တယ်!"

"....."

"ကျွန်တော့် ပန်းချီကားတွေကို သူများထိမှာ မကြိုက်လို့ဗျာ ခင်ဗျားအပူမဟုတ်ဘူး"

"....."

"ရောင်းမယ်လို့ ဘယ်သူကပြောလို့လဲ
တစ်ချပ်မှမရောင်းဘူး! အခုဆွဲနေပြီလေ."

"...."

"အဲ့လောက်တောင် လွှတ်ချင်နေရင်လည်း လွှတ်လေ
ကျုပ်က အဲ့လိုဂရုစိုက်နိုင်လောက်အောင် မအားဘူး"

"...."

"ဒါပဲ"

စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းအားချကာ ပြတင်းအပြင်သို့ ငေးကြည့်မိသည်။
သူ စီးကရက်သောက်ဖို့လိုနေပြီ။

သူ့ပန်းချီများအား ပြသမည့်ပြတိုက်က တာဝန်ခံမှူးက ပန်းချီများအား လာကြည့်ရန် ဝန်ထမ်းလွှတ်ချင်နေသည်။

မဆွဲရသေးသည်က တစ်ကြောင်း၊ လူစိမ်းတွေ သူ့အိမ်သို့လာမှာ မကြိုက်တာက တစ်ကြောင်းကြောင့် လက်မခံချင်ရသော်လည်း အတင်းတိုက်တွန်းနေသည်ကို သူကနားငြီးမခံနိုင်သဖြင့် ခွင့်ပြုလိုက်ရသည်။

စိတ်ရှုပ်ထွေးနေသော မနက်ခင်းသည် စီးကရက်နှင့် အလိုက်ဖက်ဆုံးပင်။

ဝရံတာသို့ ထွက်ကာ မနက်ခင်း၏ သက်ဝင်လှုပ်ရှားနေပုံကို ကြည့်ရှုခံစားသည်။ လက်ချောင်းရှည်များကြားမှ စီးကရက်က တစ်ခါတစ်လေ ခပ်ထူထူနှုတ်ခမ်းတို့အကြား ခစားကာ တစ်ခါတစ်လေ ပြာငွေ့များအဖြစ် ပျံ့လွင့်သည်။

အဓိက စိတ်ရှုပ်နေရသည်က ဝန်ထမ်းပို့မည့် ကိစ္စကြောင့်မဟုတ်။

အပြီးမသတ်ရသေးသော ပန်းချီကား။

ဝရံတာမှ လှမ်းကြည့်တော့ နေ့အလင်းရောင်ဖြာကျနေသည့် သက်ဝင်နေသော ပန်းချီကားထဲမှ အမျိုးသားငယ်၏ပုံတူ။ ထိုပုံတူက အလွန်အနုစိပ်လှသည်။ ကော့ညွှတ်သွားသော နှုတ်ခမ်းဖူးဖူးများနှင့် ထိုနှုတ်ခမ်းအောက်ရှိ မှဲ့နက်ကလေးက ဒီပန်းချီကား၏ အနှစ်သာရ။

တစ်ခုပဲ။

ထိုအမျိုးသားငယ်လေးမှာ မျက်လုံးတွေမရှိဘူး..

ပန်းချီဆွဲသူက ထည့်သွင်းဆွဲသားထားခြင်း မရှိတာဆို ပိုမှန်မယ်။ ပန်းချီဆွဲသူ တစ်ယောက်အနေနဲ့ ထယ်ယောင်း သေချာပြောနိုင်တာက ဒီပန်းချီဆရာက သေချာမမှတ်မိလို့တဲ့လေ။

ဟုတ်သည်။
သူအဲ့နေ့က မှတ်သားမိတာက လေးကိုင်းပုံစံ နှုတ်ခမ်းဖူးဖူးများနှင့် မှဲ့နက်ကလေး နှစ်ခုပဲ။ ထိုသူ၏ ကျန်မျက်နှာအစိတ်အပိုင်းများကို မသိ။

ဒီပန်းချီကားကို ဒီအတိုင်းပဲ အဆုံးသတ်လိုက်ရမလား။ မျက်လုံးတွေ ထည့်မဆွဲတာက တစ်ခါတစ်လေ ဖြစ်လေ့ရှိတဲ့ အရာပဲလေ။
အဓိက အာရုံစိုက်စေချင်တာကိုပဲ သေချာပြသတာ...အဲ့ဒါသူ့စတိုင်လေ။

ဒါပေမဲ့ ဒီပန်းချီကားက မပြည့်စုံဘူး။ ပြောင်မြောက်တဲ့ အနုပညာရသက ကင်းမဲ့နေတုန်းပဲ။ ပန်းချီကားကို အပြီးသတ်ချင်ရင် ထိုသူ့ကိုတွေ့ဖို့ လိုအပ်တယ်။

———————————————————-

ဂျွန်ဂျောင်ဂု။
ယဉ်ကျေးမှုနှင့်အနုပညာ ပြတိုက်၏ လက်ထောက်စာရေးလေး။ သေချာပြောပြရရင်တော့ သူက ဒီပြတိုက်မှာ တောက်တိုမယ်ရ။

အခုသူ ဘတ်စ်ကားပေါ်သို့ ရောက်နေသည်။ နောက်ဆုံးတန်း၏ ပြတင်းပေါက်နားတွင် ရှိသော ခုံပေါ်တွင်ထိုင်ရင်း တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေသည်။

ကားဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် ကျန်ရစ်ခဲ့သော သစ်ပင်စိမ်းစိုစိုတို့၏အရိပ်များ၊ ဘတ်စ်ကားနောက်သို့ ပြေးလိုက်လာသလား ဟု ခံစားရနိုင်သည့် တိမ်ဖြူလွင့်လွင့်များနှင့် မို့းကောင်းကင်ပြာလုလု။

ထိုအရာတွေကို ကြည့်နေရခြင်းကို သူနှစ်သက်သည်။ အထူးသဖြင့် ကားပေါ်ကနေ ကြည့်ရခြင်း။

ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့သော အရာများက တစ်ခါတစ်လေ ပြန်တမ်းတ အောက်မေ့ချင်စရာကောင်းလှသည်။ ထိုသို့ တမ်းတလွမ်းဆွတ်ရသည့် ခံစားချက်က ဘာနဲ့မှမလဲနိုင်ပေ။

ထိုသို့သော ခံစားချက်မျိုးကို အမြဲခံစားနေရသူ သူ့အဖို့က တစ်သက်လုံး ထိုအရာတွေကို ကြည့်ရင်း နစ်မြုပ်နေချင်ရသည်။

တစ်ခါက သူပြောခဲ့သည်။
တန်ဖိုးထားရတဲ့အရာတွေ မရှိပါပဲ အသက်မရှင်နိုင်ပါဘူးလို့။

အဲ့ဒီလိုပြောခဲ့သည့် သူကပဲ အခုတော့ ဘတ်စ်ကားနောက်ခုံတွင် ထိုင်နေကာ မမြင်ဖူးသည့် သူတစ်ယောက်အား တွေ့ရန်သွားနေသည်။ လောကကြီးက ဆန်းကြယ်ပါဘိ။

မှတ်တိုင်သို့ ရောက်ပြီဖြစ်ကြောင်း အသိပေးသံမြည်လာလျှင် ခန္ဓာကိုယ်နှင့် မိုင်ပေါင်းများစွာအဝေးမှ သူ၏ စိတ်ဝိဉာဉ်သည်လည်း သူ့ဆီပြန်ရောက်သည်။

စိတ်ဝိဉာဉ်က အပြည့်အဝပြန်ရောက်သေးပုံ မရပါ။ လောကီရေးရာနှင့် ဖယ်ခွါထားသည့်နှယ် သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မှမရှိ။

ကားပေါ်မှ ဆင်းလာလိုက်ပြီး ဆင်ခြေဖုံးရပ်ကွက်လေးအတွင်း ဖြတ်လျှောက်လာလိုက်သည်။ လူနေအိမ်တွေက ဟိုတစ်စ၊ ဒီတစ်စသာရှိသော ရပ်ကွက်လေးထဲတွင် နာမည်ကြီးလှပါသော ပန်းချီကျော်ကြီး နေထိုင်သည် ဆိုလျှင် ဒီလူတွေက လှောင်ရယ်ကြမည်လား။

တွေးရင်းနှင့် မျက်နှာထက်ဝယ် ပြုံးရိပ်ထင်သွားရသည်။ အရင်လိုများ ထင်နေသလား ဂျွန်ဂျောင်ဂု။

ဤလောကရှိ လူသူသတ္တဝါများ၏ စိတ်နေစိတ်ထားအား ခန့်မှန်းတတ်လွန်းလှသော၊ အတွင်းစိတ်အထိ ထိုးထွင်းမြင်ပြီး မှော်ညာလို စွဲလမ်းရူးသွပ်စေနိုင်လှသော၊ တေးသွားများကို နှစ်ခြိုက်သော၊ ထိုကဲ့သို့သော လူက သူမှမဖြစ်နိုင်တော့ပဲ။

မဟုတ်ဘူး အတိအကျပြောရရင် သူမဟုတ်တော့တာ။ အခုသူက သာမာန်ရုံးစာရေးလေး။

ထိုသာမာန်ရုံးစာရေးလေးသည် ရပ်ကွက်လေးအား ဖြတ်ကာလျှောက်လာသည်။ လမ်းကလေး၏ ထောင့်ဆုံးသို့ ရောက်သောအခါ အတော်အိုမင်းဟောင်းနွမ်းနေသော ခြံဝန်းအိုကြီးကို တွေ့ရသည်။ ခြံဝန်းကျယ်ကျယ် အပြင်သို့ပင် ထိုးထောင်ပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်းတို့က ပိုင်ရှင်၏ညို့မှိုင်းသော စိတ်သဘောထားကို ဖော်ပြသည်။

မြင့်မားသော အုတ်တံတိုင်းကြီး အပေါ်မှ နွယ်ရိုင်းခြုံများနှင့်အတူ ပန်းရိုင်းကလေး တစ်စုတစ်စုကိုလဲ တွေ့ရသည်။ အဝင်ဝသည်လည်း အလွန်ရှေးဟောင်းဆန်လှသော သံဖြင့်ပြုလုပ်ထားသည့် ပန်းခက်ပန်းနွယ်တို့ တန်ဆာဆင်ရာ တံခါးဖြစ်သည်။ ချုံငုံကြည့်ရလျှင် ရှေးယခင်က တောက်ပခဲ့သော အိမ်အိုကြီးဖြစ်လောက်မည်။

ပိုင်ရှင်၏ ဂရုမစိုက်မှုကို စိတ်ထဲမှတစ်ချက် စုတ်သပ်မိရင်း လူခေါ်ခေါင်းလောင်းကို သူရှာရတော့သည်။

တာဝန်ခံမှူးပြောပုံအရ ထိုသူသည် အတော်လက်ပေါက်ကပ်တတ်သည့် လူစားမျိုးဖြစ်သည်။ သူကထိုသို့သော လူမျိုးကိုမနှစ်သက်။

လူတိုင်းကိုယ်စီတွင် ဝမ်းနည်းစရာ ဒဏ်ရာဒဏ်ချက်များက ရှိပြီသား။
ထိုဒဏ်ရာတို့ကို ဖုံးကွယ်ကာ အပူရုပ်ကို ဟန်လုပ်နေကြရသည့် ဒီလောကကြီးတွင် အပူတွေထပ်ပေးမည့် လူမျိုးဆိုတာ ဝေးဝေးရှောင်သင့်သည့် အမျိုးအစားဟု သူသတ်မှတ်ထားသည်။

အိမ်ပိုင်ရှင်ကလည်း ဧည့်သည်လာသည်ကို ကြိုက်နှစ်သက်ပုံမရ။
အကြောင်းက လူတိုင်းလူတိုင်း၏ အိမ်တံခါးတွင် တပ်ဆင်လေ့ရှိသော လူခေါ်ခေါင်းလောင်းသည်တောင် ဒီအိမ်တွင်မရှိ။
အစကတည်းက အချင်းချင်း မနှစ်သက်ကြဘူးပဲ။

ကျိုးတိုးကျဲတဲ သံပန်းခက်များကြားမှ ခြံဝန်းအတွင်းသို့ သူလှမ်းချောင်းကြည့်သည်။ ရက်အတော်ကြာ ရှင်းလင်းထားဟန်မတူသည့် ခြုံနွယ်ပိတ်ပေါင်းတို့နှင့် ၁၉၆၀ ခုနှစ်လောက်မှဖြစ်ဟန်တူသည့် အုတ်တိုက်အိုဟောင်းဟောင်းကိုသာ တွေ့ရသည်။

အခုလိုခေတ်က ရှေးဟောင်းယဉ်ကျေးမှု အနုပညာတွေကို တန်ဖိုးထားကြတဲ့ခေတ် မဟုတ်ဘူးလား။ ထိုပန်းချီဆရာကတော့ အရာအားလုံးကို ပစ်စလတ်ခတ်သာထားသည်။

မတွေ့ရသေးသည့် လူတစ်ဦးအား ဝေဖန်ခြင်းမပြုသင့် ဟု သူ၏အသိစိတ်မှ သတိပေးသည်။
အလုပ်သဘောတာဝန်အရ ဤနေရာတွင် ဂျွန်ဂျောင်ဂုရှိနေသော်လည်း စိတ်အာရုံက ဤတွင်မရှိ။

ခြံတံခါးဝတွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေရသော သူ့ကို မည်သူမှလဲမတွေ့၊ လမ်းကျဉ်းလေးတွင် လူသူကလည်း ကင်းရှင်းနေသည်။ ထိုအချိန်တွင် သူသိသည်က ဤအိမ်အတွင်းသို့ ရောက်ပြီး အိမ်ပိုင်ရှင်နှင့် တွေ့ရန်တစ်ခုတည်းသာ။ ဒါသည်ပင် ဒီနေရာသို့ ရောက်ရှိနေရသည့် အကြောင်းအရင်း မဟုတ်ပါလား။

လမ်းထောင့်ဆုံးမှ အိမ်အိုကြီးဝန်းကျင်တွင် ခြုံနွယ်တို့ အနည်းငယ်ရှင်းနေရာ လူတစ်ယောက်က ထိုမှတစ်ဆင့် အုတ်တံတိုင်းပေါ်သို့ တက်ရန်ကြိုးစားနေသည်ကို တွေ့ရသည်။

အုတ်ဖြင့်စီထားသော တံတိုင်းသည် ထိပ်ဖျားတွင် ၂ပေခန့် သံဆူးကြိုးများဖြင့် ကာရံထားသည်။ သံဆူးချွန်တို့က ယိုင်တိုင်တိုင်နှင့် ပျက်စီးနေသည်။ ဆေးတို့ကွာနေပြီဖြစ်သော အုတ်တံတိုင်းအမြင့်တွင် ကွာကျနေသော နံရံအပိုင်းအစ တစ်နေရာရှိသည်။ သူက ထိုအပိုင်းနေရာတွင် ရှူးဖိနပ်ထိပ်ဖျားအား ကုပ်ယူကာ အပေါ်သို့တက်ရန် ကြိုးစားသည်။

ဘေးလွယ်အိတ် လေးထောင့် အနက်ရောင်လေးကို ကိုယ်ကိုဖြတ်စလွယ်သိုင်းလိုက်ရင်း၊ နက်ကတိုင်နှင့်အတူ ယှဉ်တွဲဝတ်ဆင်ထားသော ကုတ်အင်္ကျီကို ချွတ်၍ လက်ထဲတွင် တင်းတင်းကိုင်ကာ တံတိုင်း သံဆူးကြိုးအောက်မှ အုတ်အထစ်အား လက်ဆစ်ဖြူဖြူတို့က ဆုပ်ကိုင်သည်။

ပြီးသည်နှင့် ခြေတံရှည်များအား အားယူကာ ချွန်မြသော သံဆူးကြိုးတို့အား ရှောင်ရှားပြီး ထိုအုတ်ထစ်ဆီသို့ နောက်ခြေထောက်တစ်ဖက်ကို လှမ်းတင်သည်။

ဆွဲထားသော လက်ဆစ်များက သွေးမရှိတော့သည့်နှယ် တင်းကြပ်ကာ ဖြူဖျော့သွားချိန်တွင်တော့ ခြေတစ်စုံလုံးကပါ တံတိုင်းရှိအုတ်ပြားလေးပေါ် တက်ကာ သံဆူးကြိုးများကို ကျော်၍ ဟိုဘက်အခြမ်းသို့ ခြေချသည်။

လက်ထဲမှ ကုတ်အင်္ကျီက ချွန်မြနေသော သံချေးများဗလပွနှင့် သံချွန်တစ်ခုကို ခြစ်မိသည်။ အနည်းငယ် ရိသလိုပြဲသွားသော်လည်း ပြန်ဝတ်လို့ ရသေးသည်မို့ ကိစ္စတော့မရှိ။ ခြေတံနှစ်ဖက်တို့တွင် ဆင်မြန်းရာ စတိုင်ဘောင်းဘီရှည်ပါ မပြဲစေရေးအတွက် သူပိုသတိထားရတော့သည်။

မလွယ်ကူသော်လည်း ဟိုဘက်အခြမ်းရှိ သံအကွေးလေးဘေးမှ အုတ်ခုံပေါ်သို့ ခြေကုပ်ယူကာ ရပ်နေပြီဖြစ်သည်။ ဒီကြားကနေ ခုန်ဆင်းလိုက်ရင် ခြံထဲရောက်ပြီ။

ထိုနေရာလေးမှာ အားပြုကာ ခြေစုံရပ်ရင်း စဉ်းစားမိသေးသည်။ အမြင့်ကသိပ်မရှိဟု ပြောလို့ရသော်လည်း မြေပြင်အထက် ၅ ပေကျော် ၆ပေလောက်တော့ ရှိလောက်မည်။

သူတစ်ချိန်က အမြင့်အရမ်းကြောက်တတ်သည်။ အခုချိန် မြေကြီးဆီသို့ လှမ်းကြည့်လိုက်ချိန်တွင် သူ့ကိုယ်သူ ပြန်ဆန်းစစ်မိသည်။ သူ့စိတ်ထဲတွင် ဘာမှမရှိ။ ကြောက်ရွံ့စိတ်၊ တုန်လှုပ်စိတ်၊ စိတ်လှုပ်ရှားသောစိတ် မည်သည့်စိတ်ခံစားမှုမှ ရှိမနေ။

ထူးဆန်းသော အရာမဟုတ်သလို ထိုအမြင့်မှ သူခုန်ဆင်းလိုက်သည်။

အရှိန်ကြောင့် လည်ထွက်သွားသော ခြေကျင်းဝတ်က အနည်းငယ်သော နာကျင်မှုကို ဖြစ်စေသည်။ သို့သော်လည်း ဒါကအရေးမကြီး။

အိမ်အိုကြီးဆီသို့ ဦးတည်ကာ ပိတ်ပေါင်းတို့အား ဖြတ်၍ သူလမ်းလျှောက်သွားနေသည်။ မည်သည့်အမျိုးအစားမှန်းမသိရသော အပင်အိုကြီးနှစ်ပင်သည် အမြစ်တို့ပင် လိမ်ယှက်ကာ အိမ်အိုကြီးအား အုပ်မိုး၍ ပေါက်ရောက်နေသည်။

ဘေးတွင်လည်း ရှင်းလင်းထားခြင်းမရှိသော မြက်ရိုင်းတို့ကြောင့် ဖြတ်သွားနေသော သူ၏ဝတ်စုံပေါ်တွင် မြက်သီးအချို့နှင့် ခြုံပင်တို့မှ အမျှင်များက လာရောက် ကပ်ငြိသည်။ အိမ်ကြီးဆီသို့ မျှော်ခေါ်ကြည့်ရင်း အိမ်ရှင်၏ စိတ်အခြေအနေကိုလည်း ခန့်မှန်းမိရသည်။

သို့သော် သူ့အတွက် ထိုအိမ်ထဲမှ လူသည်လည်းအရေးမကြီး။ ဘယ်အရာမှ သူ့အတွက်အရေးကြီး မနေပါသော်လည်း ဒါသည်ဘဝပင်ဖြစ်သည်။

အရေးကြီးကြီးမကြီးကြီး သူလုပ်ရမည့်၊ လုပ်သင့်သည့်အလုပ်သည် ယခုအချိန်တွင်တော့ ထိုပန်းချီဆရာနှင့် တွေ့ရန်ပင်။

နေရောင်တို့ ထိုးဖောက်ဝင်ရောက်နေသော အဖြူရောင်သုတ်ဆေးတို့နှင့် အခန်းကျယ်ကျယ်။

တံခါးဘေးရှိ နံရံအလွတ်တွင် ထိုင်ကာ အရှေ့မျက်နှာချင်းဆိုင်ရှိ မှန်များကာထားသော ပြတင်းပေါက်ရှည်ကြီးကို သူကြည့်နေသည်။ လက်စမသတ်ရသေးသော ပန်းချီကားချပ်ကြီးက ထိုအတိုင်းဒေါက်ပေါ်တွင် အကျအနတည်ရှိနေဆဲ။

စိတ်ပျက်လက်ပျက် ဘေးတွင်ချထားမိသော သူ၏ဘယ်ဘက်လက်ထဲတွင် မီးသေနေသော စီးကရက်အတိုတစ်ခုရှိပြီး အခြားလက်တွင်တော့ ဆေးပေနေသော စုတ်တံတစ်ချောင်းရှိသည်။

ဘယ်ရောညာပါ အသုံးပြုနိုင်သော သူ့လိုလူအတွက် ဘယ်အရာမှမခက်ခဲ။ ပန်းချီဆွဲရာတွင်လည်း ဘယ်ရောညာပါ သုံးလေ့ရှိသည်လေ။

ခက်ခဲနေတာက သူ့မှာ စိတ်ကူးစိတ်သန်းတွေ၊ ခွန်အားတက်ကြွမှုတွေ မရှိတော့တာပဲ။

သူကြားဖူးတာ အနုပညာရှင်တစ်ယောက်၏ ဘဝက သေခြင်းနှစ်ခုနှင့်ကြုံတွေ့ရသည်တဲ့။

ပထမအကြိမ်သေခြင်းက သွေးကြောထဲမှ အနုပညာဖန်တီးမှုတို့ ကုန်ဆုံးကာ ဝိဉာဉ်မီးစာကုန်သွားရခြင်းဆိုလျှင် ဒုတိယနှင့်နောက်ဆုံးက အသက်မျှင်မျှင်လေးပါ ချုပ်ငြိမ်းသွားခြင်းဖြစ်သည်။

ထိုစကားစုအား သူကြားခဲ့ရသော ပထမအကြိမ်က ဟားတိုက်ကာ ရီမောခဲ့သည်။
ငါ့ကမ္ဘာမှာ ဘယ်တော့မှ အနုပညာက မသေဆုံးမသွားနိုင်ဘူး။ အဲ့လို ပြောပြီးတော့လေ။

ဒုတိယအကြိမ် စဉ်းစားမိတော့ တစ်နေ့နေ့များ သူကိုယ်တိုင် ထိုကဲ့သို့ကြုံတွေ့ခဲ့ရရင် ဆိုသောအတွေးက ဝင်ရောက်လာသည်။

တတိယအကြိမ်မြောက်တွင်တော့ အမှန်တကယ် လက်တွေ့ကြုံတွေ့ရကာ ထိုအမှန်တရားတို့က သူ၏စိတ်နှလုံးရော၊ ခန္ဓာကိုပါ တမြေ့မြေ့တိုက်စား နှိပ်စက်နေပြီဖြစ်သည်။

အခုဆိုလျှင်တော့ ထိုစကားစုအားပြောခဲ့သူကို သူလေးစားမိသည်။ အနုပညာဖန်တီးရှင်တို့၏ နောက်ဆုံးသွားရာလမ်းက ဒီလိုပဲလား။ သေမထူး၊ နေမထူး ဘဝကြီးနှင့် မမျောလွင့်ချင်ပါ။

ယမန်နေ့က ကြုံတွေ့ခဲ့ရသော လင်းလက်လာသည့် သူ၏တက်ကြွမှု မီးတောက်ကလေးသည် အာဟာရကျွေးမည့် မီးစာမရှိသောအခါ ပိုးစုန်းကြူးငယ်တစ်ကောင်၏ နောက်ဆုံးထွက်သက်ကဲ့သို့ အလင်းရောင်မျှသာ ကျန်ရှိတော့သည်။

ထိုအမျိုးသားငယ်နှင့် မဆုံဖြစ်သည်က ရက်သတ္တပတ်နှစ်ခု ရှိပြီလေ။

ဧည့်သည်များ လာလေ့ရှိဟန်မတူသည့် အိုဟောင်းဟောင်းအိမ်ကြီး၏ သစ်သားကနုတ်တို့ ရေးခြယ်ရာ အိမ်တံခါးမကြီးတွင်လည်း လူခေါ်ခေါင်းလောင်းက ရှိမနေပါ။

အနည်းဆုံးတော့ ဒီနေ့ သူလာမယ်ဆိုတာကို ပြတိုက်က ထိုသူ့ဆီ အသိပေးထားလောက်မည် ထင်ပါသည်။ ဧည့်ဝတ်မကြေလျှင်တောင် အိမ်တံခါးတော့ ဖွင့်ပေးသင့်သည်မလား။

ထားပါ..ဒါတွေက သူ့အလုပ်မှမဟုတ်ပဲ။

မှန်ပြတင်းပေါက်ရှည်ကြီးများမှ ချောင်းကြည့်မိတော့လည်း အတွင်းတွင်ကာရံထားသော လိုက်ကာမှိုင်းမှိုင်းတို့ကြောင့် မည်သည့်အရာမျှ သေသေချာချာမတွေ့ရ။

အိမ်ပေါက်ဝတွင် အတန်ကြာ ကြောင်ရပ်နေမိသော သူက နောက်ဆုံးတော့ ထိုတံခါးအား ထုရိုက်ကာ အိမ်ရှင်ကို အော်ခေါ်ရန် ဆုံးဖြတ်လိုက်ရသည်။

"အိမ်ရှင်တို့ အိမ်ရှင်တို့
ပန်းချီဆရာ ဂင်မ်ထယ်ယောင်း ရှိလား?"

သူ၏အသံကပဲ အလွန်သေးငယ် တိုးလျနေသည်လား၊ ထိုလူကပဲ အိမ်တွင်ရှိမနေသည်လား မပြောတတ် အထပ်ထပ်အခါခါ ခေါ်နေသည်အထိ မည်သည့်ပြန်ဖြေသံမှ မကြားရ။

ထိုသို့ စောင့်ဆိုင်းရခြင်း၊ စကားတစ်ခွန်းအား အထပ်ထပ်အခါခါ ပြောရခြင်းကို သူအလွန်မနှစ်မြို့ပါ၊ မုန်းပါသည်။

ဘာကြောင့်လဲ လို့မေးရင်တော့
မုန်းတယ် မနှစ်မြို့ဘူး ဆိုတာက အကြောင်းပြချက်လိုလို့လား။

အော်ခေါ်နေရခြင်းကို ရပ်တန့်ကာ သူစဉ်းစားမိသော နောက်တစ်နည်းက ထိုတံခါးအား ထုရိုက်ရန်ပင်။ ကျွန်းအသားဖြင့် ပြုလုပ်ထားဟန်ရသည့် အဖိုးတန်သစ်သား ကနုတ်တံခါးကို ထုရိုက်ရသည်မှာ နည်းနည်းတော့ ရင်နာကာ လက်တွန့်စရာဖြစ်သည်။

သို့သော်လည်း ထိုသို့မှ မထုရိုက်လျှင် ဒီတစ်သက် ဖွင့်ပေးတော့မည့်ဟန် မပေါက်သော သူတစ်ဦးကြောင့် ထုရိုက်ရပေဦးမည်။

ပြတင်းပေါက်ရှည်ကြီးတွင် တပ်ဆင်ထားသော လိုက်ကာစလေးသည် ခြံအတွင်းရှိ အပင်ကြီးများ၊ ခြုံများအား ဖြတ်သန်းကာ ကူးလူးတိုက်ခတ်လာသော လေနွေးနွေးကြောင့် လှလှပပလှုပ်ခတ်သည်။

တည်ငြိမ်ကာ လှုပ်ရှားမှုကင်းမဲ့နေသော မျက်ဝန်းများပိုင်ရှင် တစ်စုံတစ်ယောက်သည်က ယခုထိ အခန်းနံရံအား ရော့တိရော့ရဲစွာ မှီနေတုန်း။

တိတ်ဆိတ်နေသော လေထုအတွင်းသို့ အသံဆာဆာလေး တစ်ခုကမျောလွင့်လာသည်။ မသဲမကွဲဖြစ်သဖြင့် ဤအရာသည် နွေဦးငှက်တို့ သီကြွေးသံများ ဖြစ်နေသည်လား။

နေ့ရက်တို့လဲ မသိ၊ စိတ်တစ်ခုလုံးအား လွှတ်ချကာ အတွေးပင်လယ်ခပ်ကြမ်းကြမ်းတွင် တစ်ကိုယ်တည်း ရွက်လွှင့်နေသူတစ်ဦးအတွက် ထိုအသံလောက်နှင့် မလုံလောက်။ ပြင်းပြင်းထန်ထန် အသံတစ်ခုခုကမှ သူ့ကိုလှုပ်နှိုးနိုင်စေလိမ့်မည်။

ခဏ..သူ့နားထဲမှာ တစ်ခုခုကြားနေသလိုပဲ

တစ်ခုခုကို ထုရိုက်နေသည့်အသံ။
သစ်သားနှင့်လုပ်ထားသော ပစ္စည်းတစ်ခုကို ပျော့ပျောင်းသောအရာဝတ္ထုတစ်ခုဖြင့် ထိခတ်သည့်အသံ။

အခုသေချာကြားရပြီ။
ဒါအောက်ထပ်ရှိ သူ့အိမ်တံခါးဆီက လာသောအသံပဲ။

တာဝန်ခံမှူး၏လူဆိုတာ ရောက်လာတာများလား။  ဖြစ်ချင်တိုင်းဖြစ်နေသော သူ၏အိပ်ခန်းပုံစံနှင့် သူကိုယ်တိုင်၏ပုံစံက သေသပ် သပ်ရပ်မနေ။

ဒါပေမဲ့ ပန်းချီ၊ ပန်းပုပညာရှင်တို့နှင့် ပတ်သက်နေရသော ထိုဝန်ထမ်းက ဒီလိုအရာလောက်တော့ သိလောက်မည် ထင်ပါသည်။

အနုပညာကို ရူးသွပ်ကြသော ထိုလူတစ်စုသည် အမှန်အကန်ပင် ရူးသွပ်နေကြသည် ဆိုသည်ကို။
ထိုရူးသွပ်မှုကပဲ သူတို့လိုလူမျိုးများ ကိုစွဲလမ်းစေသည်။

သွေးကြောထဲသို့ စီးဆင်းသွားသော ဆေးရောင်စုံတို့က သူ၏ကမ္ဘာကြီးကို သာယာလှပစေရန် ခြယ်မှုန်းပေးသည်။ မကြုံတွေ့ဖူးသော လူတို့အတွက်ကတော့ မယုံချင်စရာပေါ့။

မယုံကြည်ချင်စရာ ကောင်းလောက်အောင်ကို ရူးသွပ်သည်။

Song recommendation: Piano Quartet in G minor, K.478:II. Andante by Wolfgang Amadeus Mozart

[Zawgyi]

ထိုေန႔က သူအိမ္သို႔အျမန္ေျပးကာ ျပန္ခဲ့သည္။ ဘတ္စ္ကားပင္ မစီးပဲ ၄၅မိနစ္ၾကာခရီးကို အ႐ူးတစ္ေယာက္ကဲ့သို႔ ေျပးခဲ့သည္။

ေရာက္သည္ႏွင့္ ခ်က္ခ်င္းေျပးဝင္ကာ တံခါးကို ျပန္ပိတ္ရင္း သြားမိတာက သူ၏ပန္းခ်ီခန္းသို႔။ တစ္စုံတစ္ရာကို အလ်င္အျမန္ခ်ေရးရန္ တကယ္လိုအပ္ေနၿပီ။

ပန္းခ်ီအခန္းထဲဝင္ၿပီးသည္ႏွင့္ အဝတ္ပင္မလဲအား အခန္းတံခါးအား ျပန္ပိတ္ကာ ေထာင္ထားေသာ ကင္းဗတ္စ္ဆီသို႔ သြားသည္။ သူ႐ိုက္ခ်ိဳးထားမိေသာ ေဒါက္တိုင္က ေဘးမွာရွိေနတုန္း၊ ေဆးေရာင္စုံတို႔ကလည္း ျပန္႔က်ဲေနတုန္းျဖစ္သည္။

အသစ္ေထာင္ထားခဲ့ေသာ ထိုေထာက္တိုင္ေပၚရွိ ကင္းဗတ္စ္အား ၾကည့္မိေတာ့ အခန္းတြင္းရွိ မီးေရာင္မွိန္မွိန္ႏွင့္ အျပင္ျပတင္းမွ ဝင္ေနေသာ လေရာင္ျဖျဖတို႔က အျဖဴေရာင္အစတြင္ အရိပ္ထင္ေနသည္။

ေဘးတြင္က်ေနေသာ စုတ္တံအား အလ်င္အျမန္ကိုင္ကာ ရွာေနသည္က ညႇစ္ေဆးဗူးတစ္ခုတစ္ေလ။ ေတြ႕သည္ႏွင့္ ေဆးစပ္ျပားဆီသို႔ ညႇစ္ခ်မိေတာ့ အဝါေတာက္ေတာက္အေရာင္ ျဖစ္ေနသည္။ ကိစၥေတာ့မရွိ သူအကြၽမ္းက်င္ဆုံးအရာက အေရာင္ေတြကို ကစားတာျဖစ္သည္။

ေဆးဗူးမ်ားထည့္ထားရာ ေသတၱာဆီမွ ေဆးဗူးအခ်ိဳ႕ကို ယူလာကာ ၾကမ္းျပင္ေပၚမွ ေဆးစပ္ျပားဆီသို႔ ေနရာခ်သည္။ ၿပီးသည္ႏွင့္ ထိုေဆးမ်ားအား စပ္ကာ သူ၏အႏုပညာကို အျဖဴေရာင္လြင္ျပင္တြင္ စတင္ပုံေဖာ္ေတာ့သည္။

ေဆးတစ္စက္...စုတ္တံတစ္ခ်က္...
တစ္ခ်က္ၿပီးတစ္ခ်က္....
တိုင္ကပ္နာရီမွ နာရီ....မိနစ္....စကၠန္႔တို႔
ကူးေျပာင္းေနသံ တစ္ခ်က္ခ်က္....

ေျခာက္ကပ္ကပ္ အခန္းေမွာင္ေမွာင္တစ္ခုတြင္ ၾကားေနရသည္က သူ၏ကိုယ္ပိုင္ အသက္ရွဴသံႏွင့္ ေဆးစက္တို႔ တစက္စက္က်သံ၊ နာရီမွလက္တံတို႔ ေ႐ြ႕လ်ားသည့္အသံ၊ စုတ္တံမွတရွပ္ရွပ္အသံ။
သူ႔ကမာၻထဲတြင္ ထိုအသံတို႔မွလြဲ မည္သည္မွမၾကားရ။

ေန႔ရက္တို႔က ကူးေျပာင္းေနသည္။
အခုဆိုလွ်င္ အျပင္ဘက္ပတ္ဝန္းက်င္သည္ မနက္ခင္းျဖစ္ေနသည္။
မည္သည့္ေန႔ရက္ဆီသို႔ ေရာက္ေနၿပီမွန္းေတာ့ သူမသိ။ ပန္းခ်ီကားဆီသို႔ အၾကည့္ပို႔မိေတာ့ အၿပီးသတ္ခါနီး ျဖစ္ေနၿပီကို ေတြ႕ရသည္။

လြင့္ပ်ံေနေသာ လိုက္ကာစေလးသာ မရွိပါလွ်င္ ထိုအခန္းတြင္းရွိ အရာအားလုံးက ဆိတ္ၿငိမ္ေနေလာက္မည္။ ပန္းခ်ီကားဆီသို႔ ၾကည့္ရႈေနေသာ သူ၏မ်က္ဝန္းမ်ားကဲ့သို႔။

ဖုန္းျမည္သံတတီတီက ထိုအခန္းထဲမွ ေအးခ်မ္းဆိတ္ၿငိမ္မႈကို ဖ်က္စီးပစ္သည္။ စုတ္တစ္ခ်က္သပ္မိရင္း ဆူညံလြန္းလွေသာ ဖုန္းကိုေျဖဆိုလိုက္ရသည္။

"ဟယ္လို"

"......"

"ကြၽန္ေတာ္ ျပပြဲကိုရက္ေ႐ႊ႕ခ်င္တယ္"

"......"

"ခင္ဗ်ားတို႔ျပတိုက္က လက္မခံႏိုင္ရင္လည္း အိုေကေလ.."

"......"

"ဝန္ထမ္းအကူ မလိုဘူး
ကြၽန္ေတာ္ ကိုယ္တိုင္လုပ္ႏိုင္တယ္!"

"....."

"ကြၽန္ေတာ့္ ပန္းခ်ီကားေတြကို သူမ်ားထိမွာ မႀကိဳက္လို႔ဗ်ာ ခင္ဗ်ားအပူမဟုတ္ဘူး"

"....."

"ေရာင္းမယ္လို႔ ဘယ္သူကေျပာလို႔လဲ
တစ္ခ်ပ္မွမေရာင္းဘူး! အခုဆြဲေနၿပီေလ."

"...."

"အဲ့ေလာက္ေတာင္ လႊတ္ခ်င္ေနရင္လည္း လႊတ္ေလ
က်ဳပ္က အဲ့လိုဂ႐ုစိုက္ႏိုင္ေလာက္ေအာင္ မအားဘူး"

"...."

"ဒါပဲ"

စိတ္ရႈပ္ေထြးစြာျဖင့္ ဖုန္းအားခ်ကာ ျပတင္းအျပင္သို႔ ေငးၾကည့္မိသည္။
သူ စီးကရက္ေသာက္ဖို႔လိုေနၿပီ။

သူ႔ပန္းခ်ီမ်ားအား ျပသမည့္ျပတိုက္က တာဝန္ခံမႉးက ပန္းခ်ီမ်ားအား လာၾကည့္ရန္ ဝန္ထမ္းလႊတ္ခ်င္ေနသည္။

မဆြဲရေသးသည္က တစ္ေၾကာင္း၊ လူစိမ္းေတြ သူ႔အိမ္သို႔လာမွာ မႀကိဳက္တာက တစ္ေၾကာင္းေၾကာင့္ လက္မခံခ်င္ရေသာ္လည္း အတင္းတိုက္တြန္းေနသည္ကို သူကနားၿငီးမခံႏိုင္သျဖင့္ ခြင့္ျပဳလိုက္ရသည္။

စိတ္ရႈပ္ေထြးေနေသာ မနက္ခင္းသည္ စီးကရက္ႏွင့္ အလိုက္ဖက္ဆုံးပင္။

ဝရံတာသို႔ ထြက္ကာ မနက္ခင္း၏ သက္ဝင္လႈပ္ရွားေနပုံကို ၾကည့္ရႈခံစားသည္။ လက္ေခ်ာင္းရွည္မ်ားၾကားမွ စီးကရက္က တစ္ခါတစ္ေလ ခပ္ထူထူႏႈတ္ခမ္းတို႔အၾကား ခစားကာ တစ္ခါတစ္ေလ ျပာေငြ႕မ်ားအျဖစ္ ပ်ံ႕လြင့္သည္။

အဓိက စိတ္ရႈပ္ေနရသည္က ဝန္ထမ္းပို႔မည့္ ကိစၥေၾကာင့္မဟုတ္။

အၿပီးမသတ္ရေသးေသာ ပန္းခ်ီကား။

ဝရံတာမွ လွမ္းၾကည့္ေတာ့ ေန႔အလင္းေရာင္ျဖာက်ေနသည့္ သက္ဝင္ေနေသာ ပန္းခ်ီကားထဲမွ အမ်ိဳးသားငယ္၏ပုံတူ။ ထိုပုံတူက အလြန္အႏုစိပ္လွသည္။ ေကာ့ၫႊတ္သြားေသာ ႏႈတ္ခမ္းဖူးဖူးမ်ားႏွင့္ ထိုႏႈတ္ခမ္းေအာက္ရွိ မွဲ႔နက္ကေလးက ဒီပန္းခ်ီကား၏ အႏွစ္သာရ။

တစ္ခုပဲ။

ထိုအမ်ိဳးသားငယ္ေလးမွာ မ်က္လုံးေတြမရွိဘူး..

ပန္းခ်ီဆြဲသူက ထည့္သြင္းဆြဲသားထားျခင္း မရွိတာဆို ပိုမွန္မယ္။ ပန္းခ်ီဆြဲသူ တစ္ေယာက္အေနနဲ႔ ထယ္ေယာင္း ေသခ်ာေျပာႏိုင္တာက ဒီပန္းခ်ီဆရာက ေသခ်ာမမွတ္မိလို႔တဲ့ေလ။

ဟုတ္သည္။
သူအဲ့ေန႔က မွတ္သားမိတာက ေလးကိုင္းပုံစံ ႏႈတ္ခမ္းဖူးဖူးမ်ားႏွင့္ မွဲ႔နက္ကေလး ႏွစ္ခုပဲ။ ထိုသူ၏ က်န္မ်က္ႏွာအစိတ္အပိုင္းမ်ားကို မသိ။

ဒီပန္းခ်ီကားကို ဒီအတိုင္းပဲ အဆုံးသတ္လိုက္ရမလား။ မ်က္လုံးေတြ ထည့္မဆြဲတာက တစ္ခါတစ္ေလ ျဖစ္ေလ့ရွိတဲ့ အရာပဲေလ။
အဓိက အာ႐ုံစိုက္ေစခ်င္တာကိုပဲ ေသခ်ာျပသတာ...အဲ့ဒါသူ႔စတိုင္ေလ။

ဒါေပမဲ့ ဒီပန္းခ်ီကားက မျပည့္စုံဘူး။ ေျပာင္ေျမာက္တဲ့ အႏုပညာရသက ကင္းမဲ့ေနတုန္းပဲ။ ပန္းခ်ီကားကို အၿပီးသတ္ခ်င္ရင္ ထိုသူ႔ကိုေတြ႕ဖို႔ လိုအပ္တယ္။

———————————————————-

ဂြၽန္ေဂ်ာင္ဂု။
ယဥ္ေက်းမႈႏွင့္အႏုပညာ ျပတိုက္၏ လက္ေထာက္စာေရးေလး။ ေသခ်ာေျပာျပရရင္ေတာ့ သူက ဒီျပတိုက္မွာ ေတာက္တိုမယ္ရ။

အခုသူ ဘတ္စ္ကားေပၚသို႔ ေရာက္ေနသည္။ ေနာက္ဆုံးတန္း၏ ျပတင္းေပါက္နားတြင္ ရွိေသာ ခုံေပၚတြင္ထိုင္ရင္း ေတြးခ်င္ရာေတြး၊ ေငးခ်င္ရာေငးေနသည္။

ကားျဖတ္သန္းသြားသည့္ လမ္းတစ္ေလွ်ာက္တြင္ က်န္ရစ္ခဲ့ေသာ သစ္ပင္စိမ္းစိုစိုတို႔၏အရိပ္မ်ား၊ ဘတ္စ္ကားေနာက္သို႔ ေျပးလိုက္လာသလား ဟု ခံစားရႏိုင္သည့္ တိမ္ျဖဴလြင့္လြင့္မ်ားႏွင့္ မို႔းေကာင္းကင္ျပာလုလု။

ထိုအရာေတြကို ၾကည့္ေနရျခင္းကို သူႏွစ္သက္သည္။ အထူးသျဖင့္ ကားေပၚကေန ၾကည့္ရျခင္း။

ရိပ္ခနဲ ရိပ္ခနဲ က်န္ရစ္ခဲ့ေသာ အရာမ်ားက တစ္ခါတစ္ေလ ျပန္တမ္းတ ေအာက္ေမ့ခ်င္စရာေကာင္းလွသည္။ ထိုသို႔ တမ္းတလြမ္းဆြတ္ရသည့္ ခံစားခ်က္က ဘာနဲ႔မွမလဲႏိုင္ေပ။

ထိုသို႔ေသာ ခံစားခ်က္မ်ိဳးကို အၿမဲခံစားေနရသူ သူ႔အဖို႔က တစ္သက္လုံး ထိုအရာေတြကို ၾကည့္ရင္း နစ္ျမဳပ္ေနခ်င္ရသည္။

တစ္ခါက သူေျပာခဲ့သည္။
တန္ဖိုးထားရတဲ့အရာေတြ မရွိပါပဲ အသက္မရွင္ႏိုင္ပါဘူးလို႔။

အဲ့ဒီလိုေျပာခဲ့သည့္ သူကပဲ အခုေတာ့ ဘတ္စ္ကားေနာက္ခုံတြင္ ထိုင္ေနကာ မျမင္ဖူးသည့္ သူတစ္ေယာက္အား ေတြ႕ရန္သြားေနသည္။ ေလာကႀကီးက ဆန္းၾကယ္ပါဘိ။

မွတ္တိုင္သို႔ ေရာက္ၿပီျဖစ္ေၾကာင္း အသိေပးသံျမည္လာလွ်င္ ခႏၶာကိုယ္ႏွင့္ မိုင္ေပါင္းမ်ားစြာအေဝးမွ သူ၏ စိတ္ဝိဉာဥ္သည္လည္း သူ႔ဆီျပန္ေရာက္သည္။

စိတ္ဝိဉာဥ္က အျပည့္အဝျပန္ေရာက္ေသးပုံ မရပါ။ ေလာကီေရးရာႏွင့္ ဖယ္ခြါထားသည့္ႏွယ္ သူ၏မ်က္ႏွာတြင္ မည္သည့္ခံစားခ်က္မွမရွိ။

ကားေပၚမွ ဆင္းလာလိုက္ၿပီး ဆင္ေျခဖုံးရပ္ကြက္ေလးအတြင္း ျဖတ္ေလွ်ာက္လာလိုက္သည္။ လူေနအိမ္ေတြက ဟိုတစ္စ၊ ဒီတစ္စသာရွိေသာ ရပ္ကြက္ေလးထဲတြင္ နာမည္ႀကီးလွပါေသာ ပန္းခ်ီေက်ာ္ႀကီး ေနထိုင္သည္ ဆိုလွ်င္ ဒီလူေတြက ေလွာင္ရယ္ၾကမည္လား။

ေတြးရင္းႏွင့္ မ်က္ႏွာထက္ဝယ္ ၿပဳံးရိပ္ထင္သြားရသည္။ အရင္လိုမ်ား ထင္ေနသလား ဂြၽန္ေဂ်ာင္ဂု။

ဤေလာကရွိ လူသူသတၱဝါမ်ား၏ စိတ္ေနစိတ္ထားအား ခန္႔မွန္းတတ္လြန္းလွေသာ၊ အတြင္းစိတ္အထိ ထိုးထြင္းျမင္ၿပီး ေမွာ္ညာလို စြဲလမ္း႐ူးသြပ္ေစႏိုင္လွေသာ၊ ေတးသြားမ်ားကို ႏွစ္ၿခိဳက္ေသာ၊ ထိုကဲ့သို႔ေသာ လူက သူမွမျဖစ္ႏိုင္ေတာ့ပဲ။

မဟုတ္ဘူး အတိအက်ေျပာရရင္ သူမဟုတ္ေတာ့တာ။ အခုသူက သာမာန္႐ုံးစာေရးေလး။

ထိုသာမာန္႐ုံးစာေရးေလးသည္ ရပ္ကြက္ေလးအား ျဖတ္ကာေလွ်ာက္လာသည္။ လမ္းကေလး၏ ေထာင့္ဆုံးသို႔ ေရာက္ေသာအခါ အေတာ္အိုမင္းေဟာင္းႏြမ္းေနေသာ ၿခံဝန္းအိုႀကီးကို ေတြ႕ရသည္။ ၿခံဝန္းက်ယ္က်ယ္ အျပင္သို႔ပင္ ထိုးေထာင္ေပါက္ေရာက္ေနေသာ ၿခဳံႏြယ္ပိတ္ေပါင္းတို႔က ပိုင္ရွင္၏ညိဳ႕မႈိင္းေသာ စိတ္သေဘာထားကို ေဖာ္ျပသည္။

ျမင့္မားေသာ အုတ်တံတိုင္းႀကီး အေပၚမွ ႏြယ္႐ိုင္းၿခဳံမ်ားႏွင့္အတူ ပန္း႐ိုင္းကေလး တစ္စုတစ္စုကိုလဲ ေတြ႕ရသည္။ အဝင္ဝသည္လည္း အလြန္ေရွးေဟာင္းဆန္လွေသာ သံျဖင့္ျပဳလုပ္ထားသည့္ ပန္းခက္ပန္းႏြယ္တို႔ တန္ဆာဆင္ရာ တံခါးျဖစ္သည္။ ခ်ဳံငုံၾကည့္ရလွ်င္ ေရွးယခင္က ေတာက္ပခဲ့ေသာ အိမ္အိုႀကီးျဖစ္ေလာက္မည္။

ပိုင္ရွင္၏ ဂ႐ုမစိုက္မႈကို စိတ္ထဲမွတစ္ခ်က္ စုတ္သပ္မိရင္း လူေခၚေခါင္းေလာင္းကို သူရွာရေတာ့သည္။

တာဝန္ခံမႉးေျပာပုံအရ ထိုသူသည္ အေတာ္လက္ေပါက္ကပ္တတ္သည့္ လူစားမ်ိဳးျဖစ္သည္။ သူကထိုသို႔ေသာ လူမ်ိဳးကိုမႏွစ္သက္။

လူတိုင္းကိုယ္စီတြင္ ဝမ္းနည္းစရာ ဒဏ္ရာဒဏ္ခ်က္မ်ားက ရွိၿပီသား။
ထိုဒဏ္ရာတို႔ကို ဖုံးကြယ္ကာ အပူ႐ုပ္ကို ဟန္လုပ္ေနၾကရသည့္ ဒီေလာကႀကီးတြင္ အပူေတြထပ္ေပးမည့္ လူမ်ိဳးဆိုတာ ေဝးေဝးေရွာင္သင့္သည့္ အမ်ိဳးအစားဟု သူသတ္မွတ္ထားသည္။

အိမ္ပိုင္ရွင္ကလည္း ဧည့္သည္လာသည္ကို ႀကိဳက္ႏွစ္သက္ပုံမရ။
အေၾကာင္းက လူတိုင္းလူတိုင္း၏ အိမ္တံခါးတြင္ တပ္ဆင္ေလ့ရွိေသာ လူေခၚေခါင္းေလာင္းသည္ေတာင္ ဒီအိမ္တြင္မရွိ။
အစကတည္းက အခ်င္းခ်င္း မႏွစ္သက္ၾကဘူးပဲ။

က်ိဳးတိုးက်ဲတဲ သံပန္းခက္မ်ားၾကားမွ ၿခံဝန္းအတြင္းသို႔ သူလွမ္းေခ်ာင္းၾကည့္သည္။ ရက္အေတာ္ၾကာ ရွင္းလင္းထားဟန္မတူသည့္ ၿခဳံႏြယ္ပိတ္ေပါင္းတို႔ႏွင့္ ၁၉၆၀ ခုႏွစ္ေလာက္မွျဖစ္ဟန္တူသည့္ အုတ္တိုက္အိုေဟာင္းေဟာင္းကိုသာ ေတြ႕ရသည္။

အခုလိုေခတ္က ေရွးေဟာင္းယဥ္ေက်းမႈ အႏုပညာေတြကို တန္ဖိုးထားၾကတဲ့ေခတ္ မဟုတ္ဘူးလား။ ထိုပန္းခ်ီဆရာကေတာ့ အရာအားလုံးကို ပစ္စလတ္ခတ္သာထားသည္။

မေတြ႕ရေသးသည့္ လူတစ္ဦးအား ေဝဖန္ျခင္းမျပဳသင့္ ဟု သူ၏အသိစိတ္မွ သတိေပးသည္။
အလုပ္သေဘာတာဝန္အရ ဤေနရာတြင္ ဂြၽန္ေဂ်ာင္ဂုရွိေနေသာ္လည္း စိတ္အာ႐ုံက ဤတြင္မရွိ။

ၿခံတံခါးဝတြင္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနရေသာ သူ႔ကို မည္သူမွလဲမေတြ႕၊ လမ္းက်ဥ္းေလးတြင္ လူသူကလည္း ကင္းရွင္းေနသည္။ ထိုအခ်ိန္တြင္ သူသိသည္က ဤအိမ္အတြင္းသို႔ ေရာက္ၿပီး အိမ္ပိုင္ရွင္ႏွင့္ ေတြ႕ရန္တစ္ခုတည္းသာ။ ဒါသည္ပင္ ဒီေနရာသို႔ ေရာက္ရွိေနရသည့္ အေၾကာင္းအရင္း မဟုတ္ပါလား။

လမ္းေထာင့္ဆုံးမွ အိမ္အိုႀကီးဝန္းက်င္တြင္ ၿခဳံႏြယ္တို႔ အနည္းငယ္ရွင္းေနရာ လူတစ္ေယာက္က ထိုမွတစ္ဆင့္ အုတ္တံတိုင္းေပၚသို႔ တက္ရန္ႀကိဳးစားေနသည္ကို ေတြ႕ရသည္။

အုတ္ျဖင့္စီထားေသာ တံတိုင္းသည္ ထိပ္ဖ်ားတြင္ ၂ေပခန္႔ သံဆူးႀကိဳးမ်ားျဖင့္ ကာရံထားသည္။ သံဆူးခြၽန္တို႔က ယိုင္တိုင္တိုင္ႏွင့္ ပ်က္စီးေနသည္။ ေဆးတို႔ကြာေနၿပီျဖစ္ေသာ အုတ္တံတိုင္းအျမင့္တြင္ ကြာက်ေနေသာ နံရံအပိုင္းအစ တစ္ေနရာရွိသည္။ သူက ထိုအပိုင္းေနရာတြင္ ရွဴးဖိနပ္ထိပ္ဖ်ားအား ကုပ္ယူကာ အေပၚသို႔တက္ရန္ ႀကိဳးစားသည္။

ေဘးလြယ္အိတ္ ေလးေထာင့္ အနက္ေရာင္ေလးကို ကိုယ္ကိုျဖတ္စလြယ္သိုင္းလိုက္ရင္း၊ နက္ကတိုင္ႏွင့္အတူ ယွဥ္တြဲဝတ္ဆင္ထားေသာ ကုတ္အက်ႌကို ခြၽတ္၍ လက္ထဲတြင္ တင္းတင္းကိုင္ကာ တံတိုင္း သံဆူးႀကိဳးေအာက္မွ အုတ္အထစ္အား လက္ဆစ္ျဖဴျဖဴတို႔က ဆုပ္ကိုင္သည္။

ၿပီးသည္ႏွင့္ ေျခတံရွည္မ်ားအား အားယူကာ ခြၽန္ျမေသာ သံဆူးႀကိဳးတို႔အား ေရွာင္ရွားၿပီး ထိုအုတ္ထစ္ဆီသို႔ ေနာက္ေျခေထာက္တစ္ဖက္ကို လွမ္းတင္သည္။

ဆြဲထားေသာ လက္ဆစ္မ်ားက ေသြးမရွိေတာ့သည့္ႏွယ္ တင္းၾကပ္ကာ ျဖဴေဖ်ာ့သြားခ်ိန္တြင္ေတာ့ ေျခတစ္စုံလုံးကပါ တံတိုင္းရွိအုတ္ျပားေလးေပၚ တက္ကာ သံဆူးႀကိဳးမ်ားကို ေက်ာ္၍ ဟိုဘက္အျခမ္းသို႔ ေျခခ်သည္။

လက္ထဲမွ ကုတ္အက်ႌက ခြၽန္ျမေနေသာ သံေခ်းမ်ားဗလပြႏွင့္ သံခြၽန္တစ္ခုကို ျခစ္မိသည္။ အနည္းငယ္ ရိသလိုၿပဲသြားေသာ္လည္း ျပန္ဝတ္လို႔ ရေသးသည္မို႔ ကိစၥေတာ့မရွိ။ ေျခတံႏွစ္ဖက္တို႔တြင္ ဆင္ျမန္းရာ စတိုင္ေဘာင္းဘီရွည္ပါ မၿပဲေစေရးအတြက္ သူပိုသတိထားရေတာ့သည္။

မလြယ္ကူေသာ္လည္း ဟိုဘက္အျခမ္းရွိ သံအေကြးေလးေဘးမွ အုတ္ခုံေပၚသို႔ ေျခကုပ္ယူကာ ရပ္ေနၿပီျဖစ္သည္။ ဒီၾကားကေန ခုန္ဆင္းလိုက္ရင္ ၿခံထဲေရာက္ၿပီ။

ထိုေနရာေလးမွာ အားျပဳကာ ေျခစုံရပ္ရင္း စဥ္းစားမိေသးသည္။ အျမင့္ကသိပ္မရွိဟု ေျပာလို႔ရေသာ္လည္း ေျမျပင္အထက္ ၅ ေပေက်ာ္ ၆ေပေလာက္ေတာ့ ရွိေလာက္မည္။

သူတစ္ခ်ိန္က အျမင့္အရမ္းေၾကာက္တတ္သည္။ အခုခ်ိန္ ေျမႀကီးဆီသို႔ လွမ္းၾကည့္လိုက္ခ်ိန္တြင္ သူ႔ကိုယ္သူ ျပန္ဆန္းစစ္မိသည္။ သူ႔စိတ္ထဲတြင္ ဘာမွမရွိ။ ေၾကာက္႐ြံ႕စိတ္၊ တုန္လႈပ္စိတ္၊ စိတ္လႈပ္ရွားေသာစိတ္ မည္သည့္စိတ္ခံစားမႈမွ ရွိမေန။

ထူးဆန္းေသာ အရာမဟုတ္သလို ထိုအျမင့္မွ သူခုန္ဆင္းလိုက္သည္။

အရွိန္ေၾကာင့္ လည္ထြက္သြားေသာ ေျခက်င္းဝတ္က အနည္းငယ္ေသာ နာက်င္မႈကို ျဖစ္ေစသည္။ သို႔ေသာ္လည္း ဒါကအေရးမႀကီး။

အိမ္အိုႀကီးဆီသို႔ ဦးတည္ကာ ပိတ္ေပါင္းတို႔အား ျဖတ္၍ သူလမ္းေလွ်ာက္သြားေနသည္။ မည္သည့္အမ်ိဳးအစားမွန္းမသိရေသာ အပင္အိုႀကီးႏွစ္ပင္သည္ အျမစ္တို႔ပင္ လိမ္ယွက္ကာ အိမ္အိုႀကီးအား အုပ္မိုး၍ ေပါက္ေရာက္ေနသည္။

ေဘးတြင္လည္း ရွင္းလင္းထားျခင္းမရွိေသာ ျမက္႐ိုင္းတို႔ေၾကာင့္ ျဖတ္သြားေနေသာ သူ၏ဝတ္စုံေပၚတြင္ ျမက္သီးအခ်ိဳ႕ႏွင့္ ၿခဳံပင္တို႔မွ အမွ်င္မ်ားက လာေရာက္ ကပ္ၿငိသည္။ အိမ္ႀကီးဆီသို႔ ေမွ်ာ္ေခၚၾကည့္ရင္း အိမ္ရွင္၏ စိတ္အေျခအေနကိုလည္း ခန္႔မွန္းမိရသည္။

သို႔ေသာ္ သူ႔အတြက္ ထိုအိမ္ထဲမွ လူသည္လည္းအေရးမႀကီး။ ဘယ္အရာမွ သူ႔အတြက္အေရးႀကီး မေနပါေသာ္လည္း ဒါသည္ဘဝပင္ျဖစ္သည္။

အေရးႀကီးႀကီးမႀကီးႀကီး သူလုပ္ရမည့္၊ လုပ္သင့္သည့္အလုပ္သည္ ယခုအခ်ိန္တြင္ေတာ့ ထိုပန္းခ်ီဆရာႏွင့္ ေတြ႕ရန္ပင္။

ေနေရာင္တို႔ ထိုးေဖာက္ဝင္ေရာက္ေနေသာ အျဖဴေရာင္သုတ္ေဆးတို႔ႏွင့္ အခန္းက်ယ္က်ယ္။

တံခါးေဘးရွိ နံရံအလြတ္တြင္ ထိုင္ကာ အေရွ႕မ်က္ႏွာခ်င္းဆိုင္ရွိ မွန္မ်ားကာထားေသာ ျပတင္းေပါက္ရွည္ႀကီးကို သူၾကည့္ေနသည္။ လက္စမသတ္ရေသးေသာ ပန္းခ်ီကားခ်ပ္ႀကီးက ထိုအတိုင္းေဒါက္ေပၚတြင္ အက်အနတည္ရွိေနဆဲ။

စိတ္ပ်က္လက္ပ်က္ ေဘးတြင္ခ်ထားမိေသာ သူ၏ဘယ္ဘက္လက္ထဲတြင္ မီးေသေနေသာ စီးကရက္အတိုတစ္ခုရွိၿပီး အျခားလက္တြင္ေတာ့ ေဆးေပေနေသာ စုတ္တံတစ္ေခ်ာင္းရွိသည္။

ဘယ္ေရာညာပါ အသုံးျပဳႏိုင္ေသာ သူ႔လိုလူအတြက္ ဘယ္အရာမွမခက္ခဲ။ ပန္းခ်ီဆြဲရာတြင္လည္း ဘယ္ေရာညာပါ သုံးေလ့ရွိသည္ေလ။

ခက္ခဲေနတာက သူ႔မွာ စိတ္ကူးစိတ္သန္းေတြ၊ ခြန္အားတက္ႂကြမႈေတြ မရွိေတာ့တာပဲ။

သူၾကားဖူးတာ အႏုပညာရွင္တစ္ေယာက္၏ ဘဝက ေသျခင္းႏွစ္ခုႏွင့္ႀကဳံေတြ႕ရသည္တဲ့။

ပထမအႀကိမ္ေသျခင္းက ေသြးေၾကာထဲမွ အႏုပညာဖန္တီးမႈတို႔ ကုန္ဆုံးကာ ဝိဉာဥ္မီးစာကုန္သြားရျခင္းဆိုလွ်င္ ဒုတိယႏွင့္ေနာက္ဆုံးက အသက္မွ်င္မွ်င္ေလးပါ ခ်ဳပ္ၿငိမ္းသြားျခင္းျဖစ္သည္။

ထိုစကားစုအား သူၾကားခဲ့ရေသာ ပထမအႀကိမ္က ဟားတိုက္ကာ ရီေမာခဲ့သည္။
ငါ့ကမာၻမွာ ဘယ္ေတာ့မွ အႏုပညာက မေသဆုံးမသြားႏိုင္ဘူး။ အဲ့လို ေျပာၿပီးေတာ့ေလ။

ဒုတိယအႀကိမ္ စဥ္းစားမိေတာ့ တစ္ေန႔ေန႔မ်ား သူကိုယ္တိုင္ ထိုကဲ့သို႔ႀကဳံေတြ႕ခဲ့ရရင္ ဆိုေသာအေတြးက ဝင္ေရာက္လာသည္။

တတိယအႀကိမ္ေျမာက္တြင္ေတာ့ အမွန္တကယ္ လက္ေတြ႕ႀကဳံေတြ႕ရကာ ထိုအမွန္တရားတို႔က သူ၏စိတ္ႏွလုံးေရာ၊ ခႏၶာကိုပါ တေျမ့ေျမ့တိုက္စား ႏွိပ္စက္ေနၿပီျဖစ္သည္။

အခုဆိုလွ်င္ေတာ့ ထိုစကားစုအားေျပာခဲ့သူကို သူေလးစားမိသည္။ အႏုပညာဖန္တီးရွင္တို႔၏ ေနာက္ဆုံးသြားရာလမ္းက ဒီလိုပဲလား။ ေသမထူး၊ ေနမထူး ဘဝႀကီးႏွင့္ မေမ်ာလြင့္ခ်င္ပါ။

ယမန္ေန႔က ႀကဳံေတြ႕ခဲ့ရေသာ လင္းလက္လာသည့္ သူ၏တက္ႂကြမႈ မီးေတာက္ကေလးသည္ အာဟာရေကြၽးမည့္ မီးစာမရွိေသာအခါ ပိုးစုန္းၾကဴးငယ္တစ္ေကာင္၏ ေနာက္ဆုံးထြက္သက္ကဲ့သို႔ အလင္းေရာင္မွ်သာ က်န္ရွိေတာ့သည္။

ထိုအမ်ိဳးသားငယ္ႏွင့္ မဆုံျဖစ္သည္က ရက္သတၱပတ္ႏွစ္ခု ရွိၿပီေလ။

ဧည့္သည္မ်ား လာေလ့ရွိဟန္မတူသည့္ အိုေဟာင္းေဟာင္းအိမ္ႀကီး၏ သစ္သားကႏုတ္တို႔ ေရးျခယ္ရာ အိမ္တံခါးမႀကီးတြင္လည္း လူေခၚေခါင္းေလာင္းက ရွိမေနပါ။

အနည္းဆုံးေတာ့ ဒီေန႔ သူလာမယ္ဆိုတာကို ျပတိုက္က ထိုသူ႔ဆီ အသိေပးထားေလာက္မည္ ထင္ပါသည္။ ဧည့္ဝတ္မေၾကလွ်င္ေတာင္ အိမ္တံခါးေတာ့ ဖြင့္ေပးသင့္သည္မလား။

ထားပါ..ဒါေတြက သူ႔အလုပ္မွမဟုတ္ပဲ။

မွန္ျပတင္းေပါက္ရွည္ႀကီးမ်ားမွ ေခ်ာင္းၾကည့္မိေတာ့လည္း အတြင္းတြင္ကာရံထားေသာ လိုက္ကာမႈိင္းမႈိင္းတို႔ေၾကာင့္ မည္သည့္အရာမွ် ေသေသခ်ာခ်ာမေတြ႕ရ။

အိမ္ေပါက္ဝတြင္ အတန္ၾကာ ေၾကာင္ရပ္ေနမိေသာ သူက ေနာက္ဆုံးေတာ့ ထိုတံခါးအား ထု႐ိုက္ကာ အိမ္ရွင္ကို ေအာ္ေခၚရန္ ဆုံးျဖတ္လိုက္ရသည္။

"အိမ္ရွင္တို႔ အိမ္ရွင္တို႔
ပန္းခ်ီဆရာ ဂင္မ္ထယ္ေယာင္း ရွိလား?"

သူ၏အသံကပဲ အလြန္ေသးငယ္ တိုးလ်ေနသည္လား၊ ထိုလူကပဲ အိမ္တြင္ရွိမေနသည္လား မေျပာတတ္ အထပ္ထပ္အခါခါ ေခၚေနသည္အထိ မည္သည့္ျပန္ေျဖသံမွ မၾကားရ။

ထိုသို႔ ေစာင့္ဆိုင္းရျခင္း၊ စကားတစ္ခြန္းအား အထပ္ထပ္အခါခါ ေျပာရျခင္းကို သူအလြန္မႏွစ္ၿမိဳ႕ပါ၊ မုန္းပါသည္။

ဘာေၾကာင့္လဲ လို႔ေမးရင္ေတာ့
မုန္းတယ္ မႏွစ္ၿမိဳ႕ဘူး ဆိုတာက အေၾကာင္းျပခ်က္လိုလို႔လား။

ေအာ္ေခၚေနရျခင္းကို ရပ္တန္႔ကာ သူစဥ္းစားမိေသာ ေနာက္တစ္နည္းက ထိုတံခါးအား ထု႐ိုက္ရန္ပင္။ ကြၽန္းအသားျဖင့္ ျပဳလုပ္ထားဟန္ရသည့္ အဖိုးတန္သစ္သား ကႏုတ္တံခါးကို ထု႐ိုက္ရသည္မွာ နည္းနည္းေတာ့ ရင္နာကာ လက္တြန္႔စရာျဖစ္သည္။

သို႔ေသာ္လည္း ထိုသို႔မွ မထု႐ိုက္လွ်င္ ဒီတစ္သက္ ဖြင့္ေပးေတာ့မည့္ဟန္ မေပါက္ေသာ သူတစ္ဦးေၾကာင့္ ထု႐ိုက္ရေပဦးမည္။

ျပတင္းေပါက္ရွည္ႀကီးတြင္ တပ္ဆင္ထားေသာ လိုက္ကာစေလးသည္ ၿခံအတြင္းရွိ အပင္ႀကီးမ်ား၊ ၿခဳံမ်ားအား ျဖတ္သန္းကာ ကူးလူးတိုက္ခတ္လာေသာ ေလေႏြးေႏြးေၾကာင့္ လွလွပပလႈပ္ခတ္သည္။

တည္ၿငိမ္ကာ လႈပ္ရွားမႈကင္းမဲ့ေနေသာ မ်က္ဝန္းမ်ားပိုင္ရွင္ တစ္စုံတစ္ေယာက္သည္က ယခုထိ အခန္းနံရံအား ေရာ့တိေရာ့ရဲစြာ မွီေနတုန္း။

တိတ္ဆိတ္ေနေသာ ေလထုအတြင္းသို႔ အသံဆာဆာေလး တစ္ခုကေမ်ာလြင့္လာသည္။ မသဲမကြဲျဖစ္သျဖင့္ ဤအရာသည္ ေႏြဦးငွက္တို႔ သီေႂကြးသံမ်ား ျဖစ္ေနသည္လား။

ေန႔ရက္တို႔လဲ မသိ၊ စိတ္တစ္ခုလုံးအား လႊတ္ခ်ကာ အေတြးပင္လယ္ခပ္ၾကမ္းၾကမ္းတြင္ တစ္ကိုယ္တည္း ႐ြက္လႊင့္ေနသူတစ္ဦးအတြက္ ထိုအသံေလာက္ႏွင့္ မလုံေလာက္။ ျပင္းျပင္းထန္ထန္ အသံတစ္ခုခုကမွ သူ႔ကိုလႈပ္ႏႈိးႏိုင္ေစလိမ့္မည္။

ခဏ..သူ႔နားထဲမွာ တစ္ခုခုၾကားေနသလိုပဲ

တစ္ခုခုကို ထု႐ိုက္ေနသည့္အသံ။
သစ္သားႏွင့္လုပ္ထားေသာ ပစၥည္းတစ္ခုကို ေပ်ာ့ေပ်ာင္းေသာအရာဝတၳဳတစ္ခုျဖင့္ ထိခတ္သည့္အသံ။

အခုေသခ်ာၾကားရၿပီ။
ဒါေအာက္ထပ္ရွိ သူ႔အိမ္တံခါးဆီက လာေသာအသံပဲ။

တာဝန္ခံမႉး၏လူဆိုတာ ေရာက္လာတာမ်ားလား။ ျဖစ္ခ်င္တိုင္းျဖစ္ေနေသာ သူ၏အိပ္ခန္းပုံစံႏွင့္ သူကိုယ္တိုင္၏ပုံစံက ေသသပ္ သပ္ရပ္မေန။

ဒါေပမဲ့ ပန္းခ်ီ၊ ပန္းပုပညာရွင္တို႔ႏွင့္ ပတ္သက္ေနရေသာ ထိုဝန္ထမ္းက ဒီလိုအရာေလာက္ေတာ့ သိေလာက္မည္ ထင္ပါသည္။

အႏုပညာကို ႐ူးသြပ္ၾကေသာ ထိုလူတစ္စုသည္ အမွန္အကန္ပင္ ႐ူးသြပ္ေနၾကသည္ ဆိုသည္ကို။
ထို႐ူးသြပ္မႈကပဲ သူတို႔လိုလူမ်ိဳးမ်ား ကိုစြဲလမ္းေစသည္။

ေသြးေၾကာထဲသို႔ စီးဆင္းသြားေသာ ေဆးေရာင္စုံတို႔က သူ၏ကမာၻႀကီးကို သာယာလွပေစရန္ ျခယ္မႈန္းေပးသည္။ မႀကဳံေတြ႕ဖူးေသာ လူတို႔အတြက္ကေတာ့ မယုံခ်င္စရာေပါ့။

မယုံၾကည္ခ်င္စရာ ေကာင္းေလာက္ေအာင္ကို ႐ူးသြပ္သည္။

Continue Reading

You'll Also Like

105K 9.2K 111
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...
174K 4.6K 40
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
466K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...