ခြံတံခါး ဘဲလ်ကို သုံးခါလောက် ဆင့်နှိပ်တော့မှ အိမ်ထဲကနေ အရိပ်တစ်ခုထွက်လာသည်။
ရှင်းရယ် တီတီရယ် နှစ်ယောက်တည်းသာ နေတဲ့အိမ်မို့ တီတီဟာ ခြံ၀က သူ့ကိုခပ်လှမ်းလှမ်းကနေ စူးစိုက်ကြည့်သည်။
သူမမှန်းသိသွားတော့ မျက်နှာပေါ် အရိပ်အချို့ဖြတ်ပြေးသွားသည်။
ဒီမိန်းမဟာ ဆူးလ်ဂီဒီရောက်လာလိမ့်မယ်လို့ မတွေးခဲ့ဘူးထင်တယ်။
"ဘာကိစ္စလဲ"
ခြံတံခါးကို မဖွင့်ပေးဘဲ တစ်ဖက်ခြမ်းကနေသူကမေးတယ်။
"ငါ့ကို ထားခဲ့တာဘဲ Rene"
သူဟာ ဂရုမစိုက်သည့်ဟန်နဲ့ချောင်းတစ်ချက်ဟန့်သည်။
အနောက်ဘက် လမ်းမပေါ်က ကားဟာ ခပ်ဖြေးဖြေး ထွက်ခွာသည်။
"တံခါးဖွင့်ပေးပါအုံး"
"ဘာအတွက်လဲ"
ဆူးလ်ဂီ ခြံတံခါးသံတိုင်ကို ပုံမှန်ထက် ပိုခပ်တင်းတင်းဆုပ်ကိုင်ရင်း စိတ်လျှော့လိုက်ကာ
"တစ်ခုဘဲ...တစ်ခုဘဲ ဖြေပေးပါ။ဘာလို့..ဘာလို့ ပြန်မလာခဲ့တာလဲ။
ဘာလို့ ငါ့ကို အဲ့အထိ ခေါ်သွားပြီးမှ-"
စိတ်ရှုပ်ထွေးမှုတွေကြောင့်စကားဟာ မဆက်နိုင်တော့။လေပူတွေကို မှုတ်ထုတ်သော်ငြားထူးခြားမလာ။rene က အအေးဓာတ်ကြောင့်ထင်ရဲ့ သူ့လက်မောင်းတွေကို အအေးဓာတ်လျော့အောင် ပွတ်သပ်နေရင်းနဲ့ သူ့ကိုမကြည့်ဘဲ ဖြေတယ်။
"လက်တုန့်ပြန်တာ ...မင်းငါ့ကိုလုပ်ခဲ့သလို ပြန်လုပ်ခဲ့တာ။"
ဆိတ်ငြိမ်နေတဲ့ တိုက်တန်းလမ်းကြားထဲက အရုဏ်တက်ချိန်ကို ဆူးလ်ဂီ ပြန်ရောက်သွားသည်။
စိတ်ရှုပ်ထွေးမှုတွေကြားမှ အပြုံးတစ်ခုကို ကြိုးစားဖန်တီးရင်း...
"ကျေနပ်လား။ "
"Rene စိတ်ကျေနပ်သွားပြီလား"
ခြံတံခါးကို ဆုပ်ကိုင်ထားတဲ့လက်တွေနဲ့ မျက်နှာကို ဖိကပ်တော့ သံတံခါးရဲ့ အအေးဓာတ်ကိုရသည်။
"အင်း...သိပ်စိတ်ကျေနပ်တယ်"
ဒီမိန်းမနှယ်...
မျက်နှာပေါ်အုပ်ထားတဲ့လက်တွေကို ဖယ်ခွာတဲ့အချိန် ဆူးလ်ဂီမျက်နှာပေါ်မှာ အပြုံးတစ်ချို့သာ ပါသည်။
"ဒါဆို..အစက ပြန်စကြရအောင်"
-
ဖုန်းထဲကို လိပ်စာတစ်ခုရောက်လာသည်။
ဘယ်ကလဲဆိုတာ တစ်ချက်တွေဝေသွားပေမယ့် ခပ်မြန်မြန်အလုပ်လုပ်တဲ့ခေါင်းကြောင့် အဖြေဟာ ချက်ချင်းထွက်လာသည်။
"သွားရမလား...မသွားရဘူးလား"
"အပြင်မထွက်ချင်ဘူး.....ခက်တာဘဲ အိမ်ထဲမှာလဲ မနေချင်ဘူး"
တစ်ယောက်တည်း ဝေခွဲမရနေရင်းနဲ့ မျက်စိရှေ့က မှန်ဆီ အကြည့်ရောက်သွားတော့ ဒီနေ့ ခံစားချက်နဲ့သိပ်လိုက်သည့် ၀တ်စုံ အတွဲအဖက်ကို ပြေးမြင်သွားသည်။
"ခံစားချက် အရတော့ သွားချင်နေတာဘဲ။"
ဆူးလ်ဂီ ဖုန်းကို ပစ်ချကာ အ၀တ်လဲခန်းထဲ ၀င်လိုက်သည်။
အစောကတည်းက အတွေးထဲ ရွေးပြီးသားအတွဲအဖက်မို့ သိပ်မကြာ။
-
ဆူယောင်းပြောထားသလိုပင်။ ပွဲဟာ သိပ်မကြီး သိပ်ကြီးကြီးမားမားမပါ။ အကောင်းဆုံးကတော့ လူကြီးပိုင်းတွေ မပါတာပင်ဖြစ်သည်။
အတော်ကြီးမားသည့် ရေကန်ပြင် ဘေးပတ်လယ်မှာ လျှောက်လမ်းရှိသည်။ ထိုလျှောက်လမ်းဘေးမှာတော့ နှစ်ယောက်ထိုင် ခုံတန်းရှည်တွေကို ခပ်ခွာခွာ စီချထားသည်။
ဆူးလ်ဂီရောက်တေယ့ ပွဲဟာ စနေပြီပင်ဖြစ်သည်။
လွတ်နေသည့် ခုံတန်းမှာ၀င်ထိုင်းရင်း runway လျှောက်နေသည့် မော်ဒယ် များထံ အာရုံပို့ထားတုန်း ဖုန်း၀င်လာသည်။
"ငါအပြင်ရောက်နေလို့ ရှင်း"
ဖုန်းပြောချင်စိတ်မရှိတာမို့ ရှင်းဘာမှမပြောခင် အရေးကြီးတာ ပြောပြီး ချဖို့ ရည်ရွယ်ပေမယ့် ရှင်းဟာ ထပ်မေးလာသည်။
"ဘယ်ရောက်နေတာလဲ။ နင်အားရက်ဆိုအိမ်မှာနေနေကျကို ဘယ်သူနဲ့တွေ့မလို့လဲ"
ထမင်းစားပွဲမှာမို့ အတော်ကျယ်သွားတဲ့ လေသံကို လျှော့ချရင်း တစ်ဖက်က တီတီ့ အိရိပ်အခြေကြည့်တော့ ဘာမှ မထူးခြား။
ထမင်းကိုသာ ဖြည်းဖြည်းချင်းစားနေသည်။
"ပါ့ခ်ဆူယောင်းရဲ့ ပွဲမှာဟာ။ ဟုတ်ပြီလား မအားလို့ ချလိုက်ပြီ"
ပွဲဟာ ခပ်မြန်မြန်ပင်ပြီးသွားသည်။
ရှင်းနဲ့ ဖုန်းပြောနေတုန်း ဆူယောင်းက သူမဆီလှမ်းလာသဖြင့် အမြန်စကားစဖြတ်ကာ ဖုန်းချလိုက်သည်။
"ပါ့ခ်ဆူယောင်း...ပါ့ခ်ဆူယောင်းက ဘယ်သူကြီးလဲ။ဘယ်သူမလို့ဂန်ဆူးလ်ဂီက သူ့အားလပ်ချိန်မှာ လူများတဲ့နေရာရောက်နေရတာလဲ"
"တစ်ယောက်တည်း စကားတွေပြောမနေဘဲ စားစရာရှိတာစား ရှင်း"
ခပ်မာမာထွက်လာတဲ့ တီတီ့အသံကြားမှ ရှင်းလည်း ပါးစပ်ပိတ်ကာ ထမင်းကို ငုံ့စားမိတော့သည်။
-
ထရပ်လိုက်ကာ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်နေတဲ့ အချိန် ဆူယောင်းဟာ သူမအနားကို ရောက်လာပြီဘဲ ဖြစ်သည်။
"ရှင်လာတာဘဲ ဆူးလ်ဂီ။ ၀မ်းသာလိုက်တာ"
"မဟုတ်တာ ကျွန်မလည်း-- အော ရှင်က"
ဆူယောင်းအနောက်က လူကြောင့် ဆူးလ်ဂီ ပြောလက်စ စကားအချို့ရပ်သွားရသည်။
ထိုသူဟာ ဆူးလ်ဂီသိပ်သဘောကျရတဲ့ အညိုရောင်တွေကို၀တ်ထားသည်။နွေးနွေးထွေးထွေးနဲ့ သူမကို ပြုံးကာ လက်ပြလာလေရဲ့။
-
"ငါတကယ်ပြောရမှာလား"
မျက်စိရှေ့က အမျိုးသမီးဟာ ထိုအကြောင်းတွေပြောဖို့တွန့်နေပုံပင်။
ကင်မရာကိုချလိုက်ကာ
"အလုပ်သဘောအရပါ ဆွန်း၀မ်။ရှင့်ခံစားချက်တွေကို မျက်နှာမှာမြင်ရဖို့ ရှင်အမှတ်တရတွေကို ပြန်ပြောပြမှဖြစ်မယ်"
သူဟာ ခပ်ဖွဖွပြုံးတယ်။
"ငါအစကနေ စပြောပါမယ်။တကယ့်အစကနေပေါ့"
သူ့မျက်နှာပေါ် အတိတ်ရဲ့အငွေ့တွေ စပျိုးလာချိန် ကင်မရာမီးဟာ နှစ်ချက်ဆက်တိုက်လက်သွားသည်။
ဒါဟာ မပျောက်ပျက်တော့မယ့် ခံစားချက်တွေဘဲ။
ရပ်ထားခဲ့တဲ့ အချိန်တွေ။
" အလယ်တန်းတုန်းက ငါတို့ကျောင်းမှာ သိပ်နာမည်ကြီးတဲ့ ပီယာနိုတီးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ယောက်ျားလေးရော မိန်းကလေးတွေကြားမှာပါ နာမည်ကြီးတဲ့ လူတိုင်းလိုလို သဘောကျကြတဲ့ ကောင်မလေးပေါ့။တစ်ရက်ကျ ကျောင်းနေ့လည်ခင်းနားချိန်မှာ သူက ဘတ်စကတ်ဘော ကစားတယ်။ သူပီယာနိုတီးတာကလွဲ တခြား မမြင်ဖူးတာမို့ တစ်ကျောင်းလုံးက ဝိုင်းကြည့်ကြတာပေါ့။
အတန်းထဲက ငါလည်း သူငယ်ချင်းတွေ ပြလို့ အတန်းပြတင်းပေါက်ကနေ ကြည့်လိုက်ရသေးတယ်။
အဲ့ကောင်မလေး အဲ့ပွဲကစားနေတုန်းလည်း တစ်ကျောင်းလုံး အသံတွေ ဆူညံနေ ပွဲပြီးတော့ သူ့ကို ခုံတန်းမှာထိုင်နေတဲ့ ကောင်မလေးက ရေဘူးလာပေးတော့လည်း သူရေသောက်တာကို ကြည့်ပြီးတစ်ကျောင်းလုံးနီးပါး အသံတွေ ဆူညံနေလို့ပေါ့။"
သူက စကားကို ခဏနားပြီးမှဆက်သည်။
"ငါကတော့ အဲ့ အားပေးနေတဲ့ လူတွေထဲမပါခဲ့ဘူး။ လူတစ်ယောက်ကို ချစ်ဖို့ ဘယ်လောက် အချိန်လိုတယ်ထင်လဲ"
ပထမဆုံးအကြိမ် ကင်မရာကို သူက တည့်တည့်ကြည့်လာသည်။
ကင်မရာခလုတ်ကို တစ်ချက်ဖိနှိပ်လိုက်သည်။
"ငါတော့ ဘယ်လောက်ကြာတယ်ဆိုတာတောင် သိခွင့်မရလိုက်ရဘူး။အဲ့ ခဏမှာဘဲ ငါချစ်မိသွားခဲ့တာ။"
"သူပီယာနိုတီးတာထက် ဘတ်စကတ်ဘောကစားနေတာက ရှင့်အတွက် ပိုဆွဲဆောင်မှုရှိသွားပုံဘဲ"
သူဟာ ထိုစကားကြားတော့ ရယ်တယ် ဆိုရုံလောက်သာ ရယ်ရင်း
"မင်းအဲ့လို ထင်မယ်မှန်း ငါသိသားဘဲ"
သူ့ရယ်သံတွေရပ်သွားသည်။အပြုံးနုနု တစ်ချို့ဟာ ကျန်သေးတုန်း
"ငါချစ်သွားခဲ့တာ ရေဘူး လာပေးတဲ့ကောင်မလေးကိုလေ"
ကင်မရာကို ချိန်ထားရာမှ သတိလက်လွတ် ချလိုက်တော့ သူ့မျက်လုံးတွေနဲ့ ကင်မရာမခြားဘဲ အကြည့်ချင်း ဆုံတယ်။
"အဲ့အခိုက်အတန့် လူအုပ်ကြားထဲကနေ ရေဘူးကို ကိုင်ထားတဲ့ သူ့လက်သွယ်သွယ် ထွက်လာတဲ့ခဏကနေ အဲ့တစ်ယောက် ရေသောက်တာကို ပြုံးရယ်နေရင်း ကြည့်နေတဲ့တခဏ အဲ့တခဏရဲ့ အစိတ်အပိုင်းသေးသေးလေးကအစ အခုထိငါ့မျက်လုံးထဲ ရှင်းရှင်းလင်းလင်း မြင်ရတုန်းဘဲ။"
ကင်မရာခလုတ်ကို ဖိနှိပ်လိုက်သည်။
အခန်းမတူခဲ့တာတောင် ကျောင်းစင်္ကြံလမ်းမှာ မတော်တဆ သူနဲ့တွေ့ဖြစ်ရင် ခြေဖျားတွေအေးစက်လာသည်အထိ အဲ့မိန်းကလေးက သူမအတွက် နေရောင်ခြည်ဖြစ်ခဲ့တာ။
သူမကိုမရည်ညွှန်းတဲ့ အပြုံးတွေ သူငယ်ချင်းတွေနဲ့စကားပြောရင်း ရယ်မောလိုက်တဲ့ အခါ အခန်း၀မှာ ချောင်းကြည့်နေတဲ့ ၀မ့်တစ်ရက်လုံးအတွက် ဘာမှမစားဘဲ ရနိုင်တဲ့ဗီတာမင်လေးပါဘဲ။
သူ့ကို သူ့ကို ၀မ်က အဲ့အချိန်တွေကတည်းက သဘောကျခဲ့တာ။
အထက်တန်းမှာ သူကျောင်းပြောင်းသွားတဲ့ အချိန်ကစ ထိုနေရောင်ခြည်လေးဟာ သူမကမ္ဘာကနေ ခေတ္တပျောက်ကွယ်သွားခဲ့တယ်။
သူ့ကိုပြန်တွေ့တဲ့ အချိန်ဟာ ကားတံခါးပိတ်သံအဆုံးမှာ ဆူယောင်း ခဏ ဆိုတဲ့ စကားစုနဲ့ ၀မ့် သူငယ်ချင်းဖြစ်သူကိုလှမ်းခေါ်လိုက်တဲ့ အချိန်ပါဘဲ။
အဲ့ခဏမှာလည်း ၀မ်ဟာ သူ့ကို ဘယ်နှကြိမ်မြောက်မှန်း မသိ ထပ်မံသဘောကျခဲ့ရတယ်။ ဆူယောင်းကိုလည်းကျေးဇူးတင်တယ် သူ့ကိုလည်းကျေးဇူးတင်တယ် အဲ့ခဏမှာ ထိုနေရာမှာ ရှိနေခဲ့တဲ့ ၀မ်ကိုယ်တိုင်ကိုလည်း ကျေးဇူးတင်မိတယ်။
"ထပ်တွေ့ခွင့်ရတာ ၀မ်းသာပါတယ် ။ ငါ့ရဲ့နေရောင်ခြည်လေး"
သူငယ်ချင်းတစ်ယောက်နဲ့အတူ ကားပေါ်က ဆင်းလာတဲ့ အချိန် သူနဲ့ စကားလမ်းကြောင်းတစ်ခု ဖန်တီးဖို့ရာ တမင်ဖန်တီးလိုက်တဲ့မတော်တဆမှုတစ်ခုမှာ သူ့အင်္ကျီပေါ် ကော်ဖီတွေ မှောက်ချခဲ့တာတောင်ထိုမိန်းကလေးဟာ အဆင်ပြေတယ် ဆိုတဲ့တစ်ခွန်းနဲ့ သူမဘက်က မဝံ့မရဲစဖော်ခဲ့တဲ့ လမ်းကို ပိတ်ခဲ့ပြန်တယ်။
၀မ့်မျက်နှာကို တစ်ချက်မှတောင် မကြည့်ဘဲနဲ့ပေါ့။
သူက ၀မ့်ဘေးမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘဲနဲ့ အကြိမ်ကြိမ် ထွက်သွားခဲ့တယ်။
သူ့စိတ်အာရုံထဲ သူ့အမြင်ထဲ ၀မ်နေရာသေးသေးလေးရဖို့ ဘယ်လိုများ ကြိုးစားရပါ့။
၀မ့်ဆုတောင်းကို ဘုရားသခင် တစ်ပါးပါးက ကြားသွားခဲ့တယ် ထင်ရဲ့ အဲ့ညနေမှာ စစ်မှန်တဲ့မထင်မှတ်မှုမျိုးနဲ့ မြို့ပြင်က ခြံတံခါးရှေ့မှာ ထိုင်နေတဲ့ သူ့ကို တွေ့ခဲ့ရတယ်။
သိပ်လှတဲ့တွေ့ဆုံမှုလေးဆိုပြီး နောင်များကျရင် သူ့ကို ပြန်ပြောပြချင်မိတယ်။
သူနဲ့ရှိခဲ့တဲ့ အမှတ်တရတွေကို တစ်ချိန်ချိန်မှာ သူ့ကိုပြန်ပြောပြချင်တယ်။
ကားပေါ်ကဆင်းပြီး သူအဆင်ပြေရဲ့လားလို့ မေးတော့ သူဟာ ပထမဆုံးအနေနဲ့ ၀မ့်ကို ကြည့်လာခဲ့တယ်။
အမှတ်မထင်မဟုတ်ဘဲ ၀မ့်ကို ၀မ်တစ်ယောက်တည်းကို ကြည့်လာခဲ့တယ်။
သိပ်ကို ..၀မ့်ကို ကြည့်လာတဲ့သူဟာ သိပ်ကိုလှတယ်။
၀မ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ၀မ့်ကားပေါ်ရောက်လာသည့်တိုင် သူအာရုံထဲမှာ ၀မ် စက္ကန့်ပိုင်းလောက်တောင် နေရာမရသေးတာပါဘဲ။
မတရားလိုက်တာလေ။ ၀မ့်မှာ စက္ကန့်ပိုင်းလေးအတွင်း သူ့ကို သဘောကျခဲ့ရတာတောင် နှစ်အတော်ကြာတဲ့အထိ သူ့အာရုံထဲ ၀မ်ဟာ စက္ကန့်ပိုင်းလေးတောင် နေခွင့် မရသေးဘူး။
"အင်္ကျီ လဲလိုက်ပြီဘဲ"
"ဟုတ်တယ် နေ့လည်ကလေ ကော်ဖီ..နေပါအုံး အဲ့တာ ဘယ်လိုလုပ်ပြီး"
နေ့လည်ခင်းတုန်းက မတော်တဆမှုမှာ သူဟာ ၀မ့်ကို တစ်ချက်မှ မကြည့်ခဲ့တာ သေချာ သွားတာဘဲ။
"ငါနဲ့တိုက်မိတာလေ အားနာနေခဲ့တာ။"
"အဆင်ပြေတယ်ပြောခဲ့တာဘဲကို"
သူဟာ အပြင်ဘက်က မြင်ကွင်းကို ကြည့်ရင်း ခပ်တိုးတိုးပြောသည်။
သူ့စိတ်ဟာ အခုချိန် လူတစ်ယောက်ကို ဟန်ဆောင်ပြုံးပြဖို့တောင် စိတ်မပါနေမှန်း ၀မ်ခန့်မှန်းမိသည်။
၀မ်ချစ်ရတဲ့လူကို ဘယ်သူကများ ....
"ငါ့နာမည် ဆုန်းဆွန်၀မ်ပါ။ ငါတို့ အလယ်တန်းကျောင်းအတူ-"
"တွေ့ရတာ၀မ်းသာပါတယ်။ဂန်ဆူးလ်ဂီပါ နေ့လည်က ကျောင်းမှာတွေ့ခဲ့တယ်ဆိုတော့ ငါတို့ ကျောင်းကဘဲထင်တယ်"
၀မ် ကားကိုအရှိန်ထပ်မြှင့်မိလိုက်တယ်ထင်တယ်။
သူ ၀မ့်ကို မမှတ်မိဘူးဘဲ။ စင်္ကြံမှာ သူနဲ့တွေ့ရင် ရှက်ပြုံးပြုံးတတ်တဲ့
သူ့ကိုမြင်ရင် လက်ဖျားတွေပါအေးစက်လာတတ်တဲ့ လူတစ်ယောက်ကို မမှတ်မိဘူးဘဲ။
ဟင့်အင်း.....ဘယ်တုန်းကမှ ၀မ့်တည်ရှိမှုကို သူမသိခဲ့တာ ဆိုရင်ရော။
ဘယ်ကိုပို့ပေးရမလဲဆိုတော့ သူက လိပ်စာတစ်ခုကို ပြောတယ်။
ကားပေါ်က ဆင်းသွားပြီးသည့်တိုင် မထွက်သေးဘဲ သူအိမ်ထဲ၀င်သည်ထိ မလှမ်းမကမ်းက စောင့်ကြည့်နေမိတော့ အိမ်ထဲက ထွက်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ၀မ့်အာရုံတစ်ချို့ကို လာထိပါးတယ်။
ခြံ၀မှာ အခြေအတင် ဖြစ်နေကြသည့်တိုင် ၀မ်ကတော့ အဲ့မိန်းမ မျက်၀န်းထဲက ၀မ့်နေရောင်ခြည်လေးကိုတွေ့ပြီး ခပ်ယဲ့ယဲ့ အပြုံးတစ်ခုနဲ့သာ တပ်ခေါက်ပြန်လာရတယ်။
၀မ်လိုချင်တဲ့နေရာကို တခြားတစ်ယောက်က ရနှင့်နေပြီးသားဆိုရင်ရောဆိုတဲ့မေးခွန်းမျိုး ကိုယ့်ကိုကိုယ် မမေးဖူးခဲ့တာတော့မဟုတ်ပါ။
အများအားမြင့်တော့ ၀မ်က သူနဲ့ထပ်တွေ့ချင်တယ်ဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးကိုဘဲ အမြဲ ဆုပ်ကိုင်ခဲ့တာမို့ဖြစ်မယ်။
-
"ထပ်တွေ့ရတာဘဲ ဆူးလ်ဂီ"
၀မ့်နေရောင်ခြည်လေးဟာ နွေးနွေထွေးထွေးပြုံးပြတယ်။
"နင်နဲ့ ဆူးလ်ဂီ သိနေကြတာလား"
"ဟုတ်တယ် မနေ့က ကျွန်မကို ကူညီခဲ့တာလေ ဒီက ၀မ်က"
ဆူယောင်းအမေးကို ဆူးလ်ဂီက ၀င်ဖြေတယ်။
"ဒါဆို ရင်းနှီးပြီးသားဆိုတော့ ငါ မမိတ်ဆက်ပေးတော့ဘူး။
ဘယ်လိုလဲ ဆူးလ်ဂီ လာရတာ တန်ရဲ့လား ကျွန်မဆီလာရတာလေ"
"သဘောကျပါတယ်။ အာ ဒီည ဆူယောင်းရော ၀မ်ရော အားမလား။ညစာလိုက်ကျွေးချင်လို့။ ၀မ့်ကိုလည်း ကျေးဇူးတင်လို့လေ"
နာမည် အပြည့်အစုံကိုမသိသဖြင့် ၀မ်လို့ခေါ်လိုက်တော့ ဆူးလ်ဂီ သဘောသိပ်ကျရတဲ့ အရောင်ကို ၀တ်ထားတဲ့တစ်ယောက်ဟာ သဘောတကျ ပြုံးတယ်။
"ကျွန်မကတော့ သဘောကျတာပေါ့။ နင်ရော အဆင်ပြေလား ၀မ်"
"ဒါပေါ့ သဘောကျတာပေါ့ ဒါဆို သွားရအောင်လေ ကျွန်မမှာ ကားပါပါတယ်"
ဆူးလ်ဂီ ခုံတန်းမှာ တင်ထားတဲ့ အပေါ်၀တ်ကို ပြန်၀တ်လိုက်ရင်း ခပ်ပြုံးပြုံးနဲ့
"ကျွန်မမှာလည်း ကားပါပါတယ်"
"ငါ့မှာလည်း ကားပါပါတယ်နော်"
ဆူယောင်း၀င်ပြောတော့ သုံးယောက်လုံး သဘောတကျ ရယ်ဖြစ်ကြသည်။
"ဒီနားက ဆိုင်ကိုဘဲ သွားကြတာပေါ့။ ကားမယူခဲ့ကြပါနဲ့တော့ လမ်းလျှောက်သွားတာ ပိုအဆင်ပြေမလားလို့လေ"
ဆူယောင်းစကားကို လက်ခံပြီး သူမတို့သုံးယောက် ရေကန်ဘေးမှ ထွက်ခဲ့ကြချိန် ညနေ နေ၀င်ရီတရောသာ ရှိသေးသည်။
-
"ဒါဆို ၀မ်က ဆရာ၀န်ပေါ့ မိုက်တာဘဲ"
"ဟားဟား မဖြစ်သေးပါဘူး ဆူးလ်ဂီရဲ့ အခုမှ ကျောင်းတက်တုန်းကို"
ဆူးလ်ဂီလည်း ဘာကြောင့် သိတာမကြာသေးတဲ့လူနှစ်ယောက်နဲ့ဒီလောက် လွတ်လွတ်လပ်လပ်ပြောနေမိမှန်းမသိပါဘူး။ သိတာကတော့ ဒီနှစ်ယောက်လုံးဟာ ဖော်ရွေပြီး လူတိုင်းကို သက်သောင့်သက်သာဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ် ဆိုတာပါဘဲ။
ကြက်ကြော်ဆိုင်ကိုသာ သုံးယောက် စိတ်တူကိုယ်တူ ရွေးခဲ့ပြီး ဘီယာတစ်ခွက်စီနဲ့ စကားထိုင်ပြောနေခဲ့သည်မှာ အတော်ကြာနေပြီပင်ဖြစ်သည်။
၀မ်ဟာ သိပ်ကို တက်တက်ကြွကြွနဲ့ပေါ့ပေါ့ပါးပါးနေတတ်သည့် ကောင်မလေးဖြစ်သည်။တကယ့်ကို ဆူးလ်ဂီ သဘောကျရတဲ့ပုံစံ။
"အိုး ဆောရီး ကျွန်မ အရင်ပြန်မှ ဖြစ်မယ်။"
ဆူယောင်းစကားကြောင့် ဆူးလ်ဂီနဲ့၀မ် အကြည့်ချင်းဆုံးသွားသည်။ထိုရာမှ ဆူယောင်းဆီနှစ်ယောက်ပြိုင်တူကြည့်မိကြသည်။
"ကိစ္စလေးပေါ်လာလို့လေ ၀မ် ဆူးလ်ဂီကို ကားနားထိ သေချာပြန်လိုက်ပို့ပေးလိုက်နော် ငါ့ဧည့်သည်ကို ဂရုစိုက်ပေး"
ဆူယောင်းစကားကြောင့် ဆူးလ်ဂီ ရယ်ပေမယ့် ၀မ်ကတော့ အေးပါ သွားမှာသာသွားဆိုပြီး အတင်းနှင်လွှတ်လေရဲ့။
-
"၀မ်ရော အလုပ်ပေါ်လာလို့လား"
ဖုန်းပြောပြီး ပြန်လာတဲ့၀မ်က သူမကို ပြုံးရယ်ရင်းခေါင်းခါပြတယ်။
ခုံမှာ၀င်ထိုင်ပြီးမှ
"မနက်ဖြန် တောင်တက်ဖို့ လိုတာလေးတွေ၀ယ်ထားတာ ရပြီဆိုပြီးလာပြောတာပါ။ဘာမှမဟုတ်ဘူး"
ဆူးလ်ဂီ အရိုးနားလက်ကျန်ကပ်နေတဲ့ အသားတစ်ချို့ကိုနောက်ဆုံးအနေနဲ့ ကိုက်လိုက်ကာ
"တောင်တက်တယ်ပေါ့ မိုက်လိုက်တာ"
"အပျော်အနေနဲ့ပါ စိတ်ပူပန်စရာတွေရှိရင် တောင်တက်ဖြစ်တယ်။"
ဆူးလ်ဂီက ခေါင်းတငြိမ့်ငြိမ့်နဲ့ သူမစကားကို နားထောင်သည်။
အရိပ်အခြေကို ကြည့်ရင်း ၀မ် ထပ်စကားစလိုက်သည်။
"ဆူးလ်ဂီရော တောင်တက်ရတာ ဝါသနာပါလားဟင်။..ဟို တစ်ခါတလေ အတူတက်ဖြစ်တော့ ပိုကောင်းမလားလို့ပါ"
ဆူးလ်ဂီ ဘက်က ဘာမှ မပြောလာတာတောင် ၀မ် ရှင်းပြနေမိသည်။
"ငါတောင်မတက်ဖူးဘူး။ ဒါပေမယ့် တက်တော့ တက်ဖူးချင်တာ။ငါ့ကို ခေါ်မလား ၀မ်"
၀မ် လက်ကျန်ဘီယာကို အကုန်မော့သောက်လိုက်ကာ
"ဒါဆို ငါလိုတာလေးတွေ ကြို၀ယ်ထားလိုက်မယ်။ မနက်ဖြန် ဆူးလ်ဂီက လူသာ လာခဲ့ ဟုတ်ပြီလား"
ဒီလောက်ဆို နည်းနည်းဘဲဖြစ်ဖြစ် ၀မ် သူ့စိတ်ထဲ နေရာနည်းနည်းလေးရပြီလို့ဆိုနိုင်ပြီမလား။
ဆူးလ်ဂီတို့ ဆိုင်ထဲက ထွက်လာတဲ့ အချိန် လမ်းမမှာ ကားတွေ မီးဖွင့်ပြီးလျှောက်သွားနေကြတဲ့ အချိန်ဖြစ်သည်။အနည်းငယ်သောက်ထားသောကြောင့် စကားတွေ ပိုသွက်လာသည်။
မနက်ဖြန် လုပ်ချင်တဲ့ အရာတစ်ခုကို လုပ်ရမှာကြောင့်ရော ၀မ့်ရဲ့ energy အပြည့်နဲ့ စကားတွေကြောင့်ရော ဆူးလ်ဂီ ပုံမှန်ထက် ပိုတက်ကြွနေသလို ခံစားရသည်။
"မဟုတ်သေးဘူး အရမ်းမောတယ်မလား အဲ့ဒါက။ ငါက အမောမခံနိုင်ဘူး ၀မ်ရဲ့"
လမ်းမဘေးမှာ လျှောက်နေတုန်း အနောက်က ၀မ့်ဘက် လှည့်ကာ
စကားပြောရင်းနောက်ပြန်လျှောက်တော့ ယိုင်သွားတဲ့ သူ့ကို ၀မ်က သူ့လက်ကို ဆွဲကိုင်ရင်း ထိန်းသည်။
"ရတယ် ရတယ် ငါ အဆင်ပြေတယ်ရယ်။အာ့.."
အဆင်ပြေတယ် ပြောရင်း ခြေခေါက်သွားတော့ လမ်းဘေး ပလက်ဖောင်း ပေါ်ကနေ လမ်းမပေါ် ယိုင်နဲ့ ကျသွားတဲ့ အချိန် မီးရောင်စူးစူးနဲ့ ကားတစ်စီးဟာ ဆူးလ်ဂီ ဆီသို့..
၀မ့် အသိစိတ်ခဏ လွတ်ထွက်သွားချိန်မှာ သူမလက်ထဲက ဆူးလ်ဂီလက်ဟာ လွတ်ထွက်သွားခဲ့ပြီဘဲဖြစ်တယ်။
ကံကောင်းစွာနဲ့ ထိုကားဟာ ဆူးလ်ဂီနဲ့ အနီးဆုံးနေရာအရောက်မှာ ရပ်သွားသည်။
နောက် ထိုကားပေါ်ကနေ အမျိုးသမီးတစ်ယောက် ဆင်းလာတယ်။
ဟိုရက်က ဆူးလ်ဂီနဲ့ အတူရှိခဲ့တဲ့ မိန်းမဘဲ။
"ဆူးလ်ဂီ"
၀မ် ထိုနေရာကနေ ဆက် ခြေမလှမ်းမိ။
ရုတ်တရက်ကြီး ၀မ်က အပြင်ဘက် ရောက်သွားသလိုဘဲ။
ထိုမိန်းမ ခေါ်သံနောက်မှာ ဆူးလ်ဂီက ကုန်းရုန်းထလာတယ်။
စူးနေတဲ့မီးရောင်ကို သူ့လက်တစ်ဖက်နဲ့ကာရင်း ကျန်တစ်ဖက်က ချော်လဲသွားလို့ နာနေတဲ့ ခြေထောက်တစ်ဖက်ကို ဖိရင်းပေါ့။
"ဘာဖြစ်သွားသေးလဲ ဆူးလ်ဂီ။လမ်းရောလျှောက်နိုင်လား"
၀မ်အနောက်ကိုခြေတစ်လှမ်း ထပ်ဆုတ်မိတော့ ဆူးလ်ဂီက ၀မ် တစ်ခါမှ မမြင်ဖူးတဲ့ အချစ်တွေနဲ့ ဖုံးလွှမ်းထားတဲ့ မျက်၀န်းတွေနဲ့ ၀မ့်ရှေ့က အမျိုးသမီးကို ကြည့်နေတယ်။
"ခြေထောက် ခြေထောက်နာသွားပြီ။ rene က ဘယ်လိုလုပ်ပြီး ဒီကို..."
"လမ်းလျှောက် နိုင်ရဲ့လား"
"အင်း ဒါပေမယ့် ကိုယ့်ကို rene အိမ် ခေါ်သွားမှ ဖြစ်မယ် ထင်တယ်"
ထိုအမျိုးသမီးဟာ ၀မ့်ကိုတစ်ချက်လှည့်ကြည့်လာတယ်။
နောက်ဆူးလ်ဂီကို ပြန်ကြည့်ကာ
"တို့လက်ကိုတွဲ.."
ထိုအမျိုးသမီး ကမ်းပေးတဲ့လက်ဖဝါးထဲ ၀မ်သိပ်သဘောကျရတဲ့ လက်ချောင်းရှည်ရှည်တွေက ၀င်ခစားတာကို ကားမီးရောင်ကနေ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
ကားပေါ်တက်ခါနီးမှာမှ ဆူးလ်ဂီက ၀မ့်တည်ရှိမှုကို သတိရသွားသည် ထင်ရဲ့ ။လှည့်ကြည့်လာကာ
"ငါ rene နဲ့ဘဲ လိုက်သွားတော့မယ် ၀မ်။နောက်မှတွေ့ရအောင်"
ပြုံးရွှင်ရင်း လက်ပြကာ ထိုကားပေါ် တက်သွားတဲ့ ဆူးလ်ဂီကို ပြန်နှုတ်ဆက်ဖို့ ၀မ့်မှာ ခွန်အားနည်းနည်းလေးမှ ကျန်မနေပါ။
ကားတစ်စီးမျက်စိရှေ့ကနေထွက်သွားတယ်။
၀မ်ကလွဲ အရာအားလုံးဟာ အချိန်တွေရှေ့ဆက်သွားနေသလိုဘဲ။
ရှေ့တည့်တည့်ကို ကြည့်နေပေမယ့် ပျားပန်းခတ်မျှ စည်ကားနေတဲ့ လမ်းမကျယ်ကြီးထဲ မီးရောင်တွေလင်းထိန်နေတဲ့ ဒီမြို့ထဲ ၀မ့်အာရုံကို ဘယ်အရာကမှ လှုပ်မနှိုးလာနိုင်ပါ။
၀မ် မြင်နေရတယ်။
ထိုအမျိုးသမီးဟာ ဆူးလ်ဂီအတွက် နေရောင်ခြည်လို ဖြစ်တည်မှုမျိုးဖြစ်တယ် ဆိုတာကိုပေါ့။
နောက်ထပ်သိတာတစ်ခုက ထိုအမျိုးသမီးသာ နေတစ်စင်းဆို သူဖြန့်ကျက်တဲ့ တစ်ခုတည်းသော နေရောင်နွေးနွေး ကျရောက်ရာ ရပ်၀န်းဟာ ဆူးလ်ဂီဖြစ်တယ် ဆိုတာကိုလေ။
ခြေလှမ်းတွေကို ရှေ့လည်းမတိုး နောက်လည်း မဆုတ်မိ။
ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချတတ်တဲ့လူစားပေမယ့် ဒီတစ်ခါမှာတော့ ၀မ် ဘယ်လမ်းကိုမှ မရွေးမိ။ ဒီနေရာမှာဘဲ ရပ်နေခဲ့တယ်။
TBC
Feb 15 2022
-၀မ် စပါလာပါပြီ-
-
ၿခံတံခါး ဘဲလ္ကို သံုးခါေလာက္ ဆင့္ႏိွပ္ေတာ့မွ အိမ္ထဲကေန အရိပ္တစ္ခုထြက္လာသည္။
ရွင္းရယ္ တီတီရယ္ ႏွစ္ေယာက္တည္းသာ ေနတဲ့အိမ္မို႔ တီတီဟာ ၿခံ၀က သူ႔ကိုခပ္လွမ္းလွမ္းကေန စူးစိုက္ၾကၫ့္သည္။
သူမမွန္းသိသြားေတာ့ မ်က္ႏွာေပၚ အရိပ္အခ်ိဳ႕ျဖတ္ေျပးသြားသည္။
ဒီမိန္းမဟာ ဆူးလ္ဂီဒီေရာက္လာလိမ့္မယ္လို႔ မေတြးခဲ့ဘူးထင္တယ္။
"ဘာကိစၥလဲ"
ၿခံတံခါးကို မဖြင့္ေပးဘဲ တစ္ဖက္ျခမ္းကေနသူကေမးတယ္။
"ငါ့ကို ထားခဲ့တာဘဲ Rene"
သူဟာ ဂရုမစိုက္သၫ့္ဟန္နဲ႔ေခ်ာင္းတစ္ခ်က္ဟန႔္သည္။
အေနာက္ဘက္ လမ္းမေပၚက ကားဟာ ခပ္ေျဖးေျဖး ထြက္ခြာသည္။
"တံခါးဖြင့္ေပးပါအံုး"
"ဘာအတြက္လဲ"
ဆူးလ္ဂီ ၿခံတံခါးသံတိုင္ကို ပံုမွန္ထက္ ပိုခပ္တင္းတင္းဆုပ္ကိုင္ရင္း စိတ္ေလ်ွာ့လိုက္ကာ
"တစ္ခုဘဲ...တစ္ခုဘဲ ေျဖေပးပါ။ဘာလို႔..ဘာလို႔ ျပန္မလာခဲ့တာလဲ။
ဘာလို႔ ငါ့ကို အဲ့အထိ ေခၚသြားၿပီးမွ-"
စိတ္ရႈပ္ေထြးမႈေတြေၾကာင့္စကားဟာ မဆက္ႏိုင္ေတာ့။ေလပူေတြကို မႈတ္ထုတ္ေသာ္ျငားထူးျခားမလာ။rene က အေအးဓာတ္ေၾကာင့္ထင္ရဲ့ သူ႔လက္ေမာင္းေတြကို အေအးဓာတ္ေလ်ာ့ေအာင္ ပြတ္သပ္ေနရင္းနဲ႔ သူ႔ကိုမၾကၫ့္ဘဲ ေျဖတယ္။
"လက္တုန႔္ျပန္တာ ...မင္းငါ့ကိုလုပ္ခဲ့သလို ျပန္လုပ္ခဲ့တာ။"
ဆိတ္ၿငိမ္ေနတဲ့ တိုက္တန္းလမ္းၾကားထဲက အရုဏ္တက္ခ်ိန္ကို ဆူးလ္ဂီ ျပန္ေရာက္သြားသည္။
စိတ္ရႈပ္ေထြးမႈေတြၾကားမွ အၿပံဳးတစ္ခုကို ႀကိဳးစားဖန္တီးရင္း...
"ေက်နပ္လား။ "
"Rene စိတ္ေက်နပ္သြားၿပီလား"
ၿခံတံခါးကို ဆုပ္ကိုင္ထားတဲ့လက္ေတြနဲ႔ မ်က္ႏွာကို ဖိကပ္ေတာ့ သံတံခါးရဲ့ အေအးဓာတ္ကိုရသည္။
"အင္း...သိပ္စိတ္ေက်နပ္တယ္"
ဒီမိန္းမႏွယ္...
မ်က္ႏွာေပၚအုပ္ထားတဲ့လက္ေတြကို ဖယ္ခြာတဲ့အခ်ိန္ ဆူးလ္ဂီမ်က္ႏွာေပၚမွာ အၿပံဳးတစ္ခ်ိဳ႕သာ ပါသည္။
"ဒါဆို..အစက ျပန္စၾကရေအာင္"
-
ဖုန္းထဲကို လိပ္စာတစ္ခုေရာက္လာသည္။
ဘယ္ကလဲဆိုတာ တစ္ခ်က္ေတြေဝသြားေပမယ့္ ခပ္ျမန္ျမန္အလုပ္လုပ္တဲ့ေခါင္းေၾကာင့္ အေျဖဟာ ခ်က္ခ်င္းထြက္လာသည္။
"သြားရမလား...မသြားရဘူးလား"
"အျပင္မထြက္ခ်င္ဘူး.....ခက္တာဘဲ အိမ္ထဲမွာလဲ မေနခ်င္ဘူး"
တစ္ေယာက္တည္း ေဝခြဲမရေနရင္းနဲ႔ မ်က္စိေရ႔ွက မွန္ဆီ အၾကၫ့္ေရာက္သြားေတာ့ ဒီေန့ ခံစားခ်က္နဲ႔သိပ္လိုက္သၫ့္ ၀တ္စံု အတြဲအဖက္ကို ေျပးျမင္သြားသည္။
"ခံစားခ်က္ အရေတာ့ သြားခ်င္ေနတာဘဲ။"
ဆူးလ္ဂီ ဖုန္းကို ပစ္ခ်ကာ အ၀တ္လဲခန္းထဲ ၀င္လိုက္သည္။
အေစာကတည္းက အေတြးထဲ ေရြးၿပီးသားအတြဲအဖက္မို႔ သိပ္မၾကာ။
-
ဆူေယာင္းေျပာထားသလိုပင္။ ပြဲဟာ သိပ္မႀကီး သိပ္ႀကီးႀကီးမားမားမပါ။ အေကာင္းဆံုးကေတာ့ လူႀကီးပိုင္းေတြ မပါတာပင္ျဖစ္သည္။
အေတာ္ႀကီးမားသၫ့္ ေရကန္ျပင္ ေဘးပတ္လယ္မွာ ေလ်ွာက္လမ္းရိွသည္။ ထိုေလ်ွာက္လမ္းေဘးမွာေတာ့ ႏွစ္ေယာက္ထိုင္ ခံုတန္းရွည္ေတြကို ခပ္ခြာခြာ စီခ်ထားသည္။
ဆူးလ္ဂီေရာက္ေတယ့ ပြဲဟာ စေနၿပီပင္ျဖစ္သည္။
လြတ္ေနသၫ့္ ခံုတန္းမွာ၀င္ထိုင္းရင္း runway ေလ်ွာက္ေနသၫ့္ ေမာ္ဒယ္ မ်ားထံ အာရံုပို႔ထားတုန္း ဖုန္း၀င္လာသည္။
"ငါအျပင္ေရာက္ေနလို႔ ရွင္း"
ဖုန္းေျပာခ်င္စိတ္မရိွတာမို႔ ရွင္းဘာမွမေျပာခင္ အေရးႀကီးတာ ေျပာၿပီး ခ်ဖို႔ ရည္ရြယ္ေပမယ့္ ရွင္းဟာ ထပ္ေမးလာသည္။
"ဘယ္ေရာက္ေနတာလဲ။ နင္အားရက္ဆိုအိမ္မွာေနေနက်ကို ဘယ္သူနဲ႔ေတြ့မလို႔လဲ"
ထမင္းစားပြဲမွာမို႔ အေတာ္က်ယ္သြားတဲ့ ေလသံကို ေလ်ွာ့ခ်ရင္း တစ္ဖက္က တီတီ့ အိရိပ္အေျခၾကၫ့္ေတာ့ ဘာမွ မထူးျခား။
ထမင္းကိုသာ ျဖည္းျဖည္းခ်င္းစားေနသည္။
"ပါ့ခ္ဆူေယာင္းရဲ့ ပြဲမွာဟာ။ ဟုတ္ၿပီလား မအားလို႔ ခ်လိုက္ၿပီ"
ပြဲဟာ ခပ္ျမန္ျမန္ပင္ၿပီးသြားသည္။
ရွင္းနဲ႔ ဖုန္းေျပာေနတုန္း ဆူေယာင္းက သူမဆီလွမ္းလာသျဖင့္ အျမန္စကားစျဖတ္ကာ ဖုန္းခ်လိုက္သည္။
"ပါ့ခ္ဆူေယာင္း...ပါ့ခ္ဆူေယာင္းက ဘယ္သူႀကီးလဲ။ဘယ္သူမလို႔ဂန္ဆူးလ္ဂီက သူ႔အားလပ္ခ်ိန္မွာ လူမ်ားတဲ့ေနရာေရာက္ေနရတာလဲ"
"တစ္ေယာက္တည္း စကားေတြေျပာမေနဘဲ စားစရာရိွတာစား ရွင္း"
ခပ္မာမာထြက္လာတဲ့ တီတီ့အသံၾကားမွ ရွင္းလည္း ပါးစပ္ပိတ္ကာ ထမင္းကို ငံု႔စားမိေတာ့သည္။
-
ထရပ္လိုက္ကာ ဖုန္းကို ေဘာင္းဘီအိတ္ထဲ ထိုးထၫ့္ေနတဲ့ အခ်ိန္ ဆူေယာင္းဟာ သူမအနားကို ေရာက္လာၿပီဘဲ ျဖစ္သည္။
"ရွင္လာတာဘဲ ဆူးလ္ဂီ။ ၀မ္းသာလိုက္တာ"
"မဟုတ္တာ ကြၽန္မလည္း-- ေအာ ရွင္က"
ဆူေယာင္းအေနာက္က လူေၾကာင့္ ဆူးလ္ဂီ ေျပာလက္စ စကားအခ်ိဳ႕ရပ္သြားရသည္။
ထိုသူဟာ ဆူးလ္ဂီသိပ္သေဘာက်ရတဲ့ အညိုေရာင္ေတြကို၀တ္ထားသည္။ေနြးေနြးေထြးေထြးနဲ႔ သူမကို ၿပံဳးကာ လက္ျပလာေလရဲ့။
-
"ငါတကယ္ေျပာရမွာလား"
မ်က္စိေရ႔ွက အမ်ိဳးသမီးဟာ ထိုအေၾကာင္းေတြေျပာဖို႔တြန႔္ေနပံုပင္။
ကင္မရာကိုခ်လိုက္ကာ
"အလုပ္သေဘာအရပါ ဆြန္း၀မ္။ရွင့္ခံစားခ်က္ေတြကို မ်က္ႏွာမွာျမင္ရဖို႔ ရွင္အမွတ္တရေတြကို ျပန္ေျပာျပမျွဖစ္မယ္"
သူဟာ ခပ္ဖြဖြၿပံဳးတယ္။
"ငါအစကေန စေျပာပါမယ္။တကယ့္အစကေနေပါ့"
သူ႔မ်က္ႏွာေပၚ အတိတ္ရဲ့အေငြ့ေတြ စပ်ိဳးလာခ်ိန္ ကင္မရာမီးဟာ ႏွစ္ခ်က္ဆက္တိုက္လက္သြားသည္။
ဒါဟာ မေပ်ာက္ပ်က္ေတာ့မယ့္ ခံစားခ်က္ေတြဘဲ။
ရပ္ထားခဲ့တဲ့ အခ်ိန္ေတြ။
" အလယ္တန္းတုန္းက ငါတို႔ေက်ာင္းမွာ သိပ္နာမည္ႀကီးတဲ့ ပီယာႏိုတီးတဲ့ ေကာင္မေလးတစ္ေယာက္ ရိွတယ္။ေယာက္်ားေလးေရာ မိန္းကေလးေတြၾကားမွာပါ နာမည္ႀကီးတဲ့ လူတိုင္းလိုလို သေဘာက်ၾကတဲ့ ေကာင္မေလးေပါ့။တစ္ရက္က် ေက်ာင္းေန့လည္ခင္းနားခ်ိန္မွာ သူက ဘတ္စကတ္ေဘာ ကစားတယ္။ သူပီယာႏိုတီးတာကလြဲ တျခား မျမင္ဖူးတာမို႔ တစ္ေက်ာင္းလံုးက ဝိုင္းၾကၫ့္ၾကတာေပါ့။
အတန္းထဲက ငါလည္း သူငယ္ခ်င္းေတြ ျပလို႔ အတန္းျပတင္းေပါက္ကေန ၾကၫ့္လိုက္ရေသးတယ္။
အဲ့ေကာင္မေလး အဲ့ပြဲကစားေနတုန္းလည္း တစ္ေက်ာင္းလံုး အသံေတြ ဆူညံေန ပြဲၿပီးေတာ့ သူ႔ကို ခံုတန္းမွာထိုင္ေနတဲ့ ေကာင္မေလးက ေရဘူးလာေပးေတာ့လည္း သူေရေသာက္တာကို ၾကၫ့္ၿပီးတစ္ေက်ာင္းလံုးနီးပါး အသံေတြ ဆူညံေနလို႔ေပါ့။"
သူက စကားကို ခဏနားၿပီးမွဆက္သည္။
"ငါကေတာ့ အဲ့ အားေပးေနတဲ့ လူေတြထဲမပါခဲ့ဘူး။ လူတစ္ေယာက္ကို ခ်စ္ဖို႔ ဘယ္ေလာက္ အခ်ိန္လိုတယ္ထင္လဲ"
ပထမဆံုးအႀကိမ္ ကင္မရာကို သူက တၫ့္တၫ့္ၾကၫ့္လာသည္။
ကင္မရာခလုတ္ကို တစ္ခ်က္ဖိႏိွပ္လိုက္သည္။
"ငါေတာ့ ဘယ္ေလာက္ၾကာတယ္ဆိုတာေတာင္ သိခြင့္မရလိုက္ရဘူး။အဲ့ ခဏမွာဘဲ ငါခ်စ္မိသြားခဲ့တာ။"
"သူပီယာႏိုတီးတာထက္ ဘတ္စကတ္ေဘာကစားေနတာက ရွင့္အတြက္ ပိုဆြဲေဆာင္မႈရိွသြားပံုဘဲ"
သူဟာ ထိုစကားၾကားေတာ့ ရယ္တယ္ ဆိုရံုေလာက္သာ ရယ္ရင္း
"မင္းအဲ့လို ထင္မယ္မွန္း ငါသိသားဘဲ"
သူ႔ရယ္သံေတြရပ္သြားသည္။အၿပံဳးႏုႏု တစ္ခ်ိဳ႕ဟာ က်န္ေသးတုန္း
"ငါခ်စ္သြားခဲ့တာ ေရဘူး လာေပးတဲ့ေကာင္မေလးကိုေလ"
ကင္မရာကို ခ်ိန္ထားရာမွ သတိလက္လြတ္ ခ်လိုက္ေတာ့ သူ႔မ်က္လံုးေတြနဲ႔ ကင္မရာမျခားဘဲ အၾကၫ့္ခ်င္း ဆံုတယ္။
"အဲ့အခိုက္အတန႔္ လူအုပ္ၾကားထဲကေန ေရဘူးကို ကိုင္ထားတဲ့ သူ႔လက္သြယ္သြယ္ ထြက္လာတဲ့ခဏကေန အဲ့တစ္ေယာက္ ေရေသာက္တာကို ၿပံဳးရယ္ေနရင္း ၾကၫ့္ေနတဲ့တခဏ အဲ့တခဏရဲ့ အစိတ္အပိုင္းေသးေသးေလးကအစ အခုထိငါ့မ်က္လံုးထဲ ရွင္းရွင္းလင္းလင္း ျမင္ရတုန္းဘဲ။"
ကင္မရာခလုတ္ကို ဖိႏိွပ္လိုက္သည္။
အခန္းမတူခဲ့တာေတာင္ ေက်ာင္းစႄကၤံလမ္းမွာ မေတာ္တဆ သူနဲ႔ေတြ့ျဖစ္ရင္ ေျခဖ်ားေတြေအးစက္လာသည္အထိ အဲ့မိန္းကေလးက သူမအတြက္ ေနေရာင္ျခည္ျဖစ္ခဲ့တာ။
သူမကိုမရည္ၫႊန္းတဲ့ အၿပံဳးေတြ သူငယ္ခ်င္းေတြနဲ႔စကားေျပာရင္း ရယ္ေမာလိုက္တဲ့ အခါ အခန္း၀မွာ ေခ်ာင္းၾကၫ့္ေနတဲ့ ၀မ့္တစ္ရက္လံုးအတြက္ ဘာမွမစားဘဲ ရႏိုင္တဲ့ဗီတာမင္ေလးပါဘဲ။
သူ႔ကို သူ႔ကို ၀မ္က အဲ့အခ်ိန္ေတြကတည္းက သေဘာက်ခဲ့တာ။
အထက္တန္းမွာ သူေက်ာင္းေျပာင္းသြားတဲ့ အခ်ိန္ကစ ထိုေနေရာင္ျခည္ေလးဟာ သူမကမ႓ာကေန ေခတၲေပ်ာက္ကြယ္သြားခဲ့တယ္။
သူ႔ကိုျပန္ေတြ့တဲ့ အခ်ိန္ဟာ ကားတံခါးပိတ္သံအဆံုးမွာ ဆူေယာင္း ခဏ ဆိုတဲ့ စကားစုနဲ႔ ၀မ့္ သူငယ္ခ်င္းျဖစ္သူကိုလွမ္းေခၚလိုက္တဲ့ အခ်ိန္ပါဘဲ။
အဲ့ခဏမွာလည္း ၀မ္ဟာ သူ႔ကို ဘယ္ႏွႀကိမ္ေျမာက္မွန္း မသိ ထပ္မံသေဘာက်ခဲ့ရတယ္။ ဆူေယာင္းကိုလည္းေက်းဇူးတင္တယ္ သူ႔ကိုလည္းေက်းဇူးတင္တယ္ အဲ့ခဏမွာ ထိုေနရာမွာ ရိွေနခဲ့တဲ့ ၀မ္ကိုယ္တိုင္ကိုလည္း ေက်းဇူးတင္မိတယ္။
"ထပ္ေတြ့ခြင့္ရတာ ၀မ္းသာပါတယ္ ။ ငါ့ရဲ့ေနေရာင္ျခည္ေလး"
သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ ကားေပၚက ဆင္းလာတဲ့ အခ်ိန္ သူနဲ႔ စကားလမ္းေၾကာင္းတစ္ခု ဖန္တီးဖို႔ရာ တမင္ဖန္တီးလိုက္တဲ့မေတာ္တဆမႈတစ္ခုမွာ သူ႔အက်ႌေပၚ ေကာ္ဖီေတြ ေမွာက္ခ်ခဲ့တာေတာင္ထိုမိန္းကေလးဟာ အဆင္ေျပတယ္ ဆိုတဲ့တစ္ခြန္းနဲ႔ သူမဘက္က မဝံ့မရဲစေဖာ္ခဲ့တဲ့ လမ္းကို ပိတ္ခဲ့ျပန္တယ္။
၀မ့္မ်က္ႏွာကို တစ္ခ်က္မွေတာင္ မၾကၫ့္ဘဲနဲ႔ေပါ့။
သူက ၀မ့္ေဘးမွာ ဘယ္တုန္းကမွ မရိွခဲ့ပါဘဲနဲ႔ အႀကိမ္ႀကိမ္ ထြက္သြားခဲ့တယ္။
သူ႔စိတ္အာရံုထဲ သူ႔အျမင္ထဲ ၀မ္ေနရာေသးေသးေလးရဖို႔ ဘယ္လိုမ်ား ႀကိဳးစားရပါ့။
၀မ့္ဆုေတာင္းကို ဘုရားသခင္ တစ္ပါးပါးက ၾကားသြားခဲ့တယ္ ထင္ရဲ့ အဲ့ညေနမွာ စစ္မွန္တဲ့မထင္မွတ္မႈမ်ိဳးနဲ႔ ၿမိဳ႔ျပင္က ၿခံတံခါးေရ႔ွမွာ ထိုင္ေနတဲ့ သူ႔ကို ေတြ့ခဲ့ရတယ္။
သိပ္လွတဲ့ေတြ့ဆံုမႈေလးဆိုၿပီး ေနာင္မ်ားက်ရင္ သူ႔ကို ျပန္ေျပာျပခ်င္မိတယ္။
သူနဲ႔ရိွခဲ့တဲ့ အမွတ္တရေတြကို တစ္ခ်ိန္ခ်ိန္မွာ သူ႔ကိုျပန္ေျပာျပခ်င္တယ္။
ကားေပၚကဆင္းၿပီး သူအဆင္ေျပရဲ့လားလို႔ ေမးေတာ့ သူဟာ ပထမဆံုးအေနနဲ႔ ၀မ့္ကို ၾကၫ့္လာခဲ့တယ္။
အမွတ္မထင္မဟုတ္ဘဲ ၀မ့္ကို ၀မ္တစ္ေယာက္တည္းကို ၾကၫ့္လာခဲ့တယ္။
သိပ္ကို ..၀မ့္ကို ၾကၫ့္လာတဲ့သူဟာ သိပ္ကိုလွတယ္။
၀မ္းနည္းဖို႔ေကာင္းတာတစ္ခုကေတာ့ ၀မ့္ကားေပၚေရာက္လာသၫ့္တိုင္ သူအာရံုထဲမွာ ၀မ္ စကၠန႔္ပိုင္းေလာက္ေတာင္ ေနရာမရေသးတာပါဘဲ။
မတရားလိုက္တာေလ။ ၀မ့္မွာ စကၠန႔္ပိုင္းေလးအတြင္း သူ႔ကို သေဘာက်ခဲ့ရတာေတာင္ ႏွစ္အေတာ္ၾကာတဲ့အထိ သူ႔အာရံုထဲ ၀မ္ဟာ စကၠန႔္ပိုင္းေလးေတာင္ ေနခြင့္ မရေသးဘူး။
"အက်ႌ လဲလိုက္ၿပီဘဲ"
"ဟုတ္တယ္ ေန့လည္ကေလ ေကာ္ဖီ..ေနပါအံုး အဲ့တာ ဘယ္လိုလုပ္ၿပီး"
ေန့လည္ခင္းတုန္းက မေတာ္တဆမႈမွာ သူဟာ ၀မ့္ကို တစ္ခ်က္မွ မၾကၫ့္ခဲ့တာ ေသခ်ာ သြားတာဘဲ။
"ငါနဲ႔တိုက္မိတာေလ အားနာေနခဲ့တာ။"
"အဆင္ေျပတယ္ေျပာခဲ့တာဘဲကို"
သူဟာ အျပင္ဘက္က ျမင္ကြင္းကို ၾကၫ့္ရင္း ခပ္တိုးတိုးေျပာသည္။
သူ႔စိတ္ဟာ အခုခ်ိန္ လူတစ္ေယာက္ကို ဟန္ေဆာင္ၿပံဳးျပဖို႔ေတာင္ စိတ္မပါေနမွန္း ၀မ္ခန႔္မွန္းမိသည္။
၀မ္ခ်စ္ရတဲ့လူကို ဘယ္သူကမ်ား ....
"ငါ့နာမည္ ဆုန္းဆြန္၀မ္ပါ။ ငါတို႔ အလယ္တန္းေက်ာင္းအတူ-"
"ေတြ့ရတာ၀မ္းသာပါတယ္။ဂန္ဆူးလ္ဂီပါ ေန့လည္က ေက်ာင္းမွာေတြ့ခဲ့တယ္ဆိုေတာ့ ငါတို႔ ေက်ာင္းကဘဲထင္တယ္"
၀မ္ ကားကိုအရိွန္ထပ္ျမႇင့္မိလိုက္တယ္ထင္တယ္။
သူ ၀မ့္ကို မမွတ္မိဘူးဘဲ။ စႄကၤံမွာ သူနဲ႔ေတြ့ရင္ ရွက္ၿပံဳးၿပံဳးတတ္တဲ့
သူ႔ကိုျမင္ရင္ လက္ဖ်ားေတြပါေအးစက္လာတတ္တဲ့ လူတစ္ေယာက္ကို မမွတ္မိဘူးဘဲ။
ဟင့္အင္း.....ဘယ္တုန္းကမွ ၀မ့္တည္ရိွမႈကို သူမသိခဲ့တာ ဆိုရင္ေရာ။
ဘယ္ကိုပို႔ေပးရမလဲဆိုေတာ့ သူက လိပ္စာတစ္ခုကို ေျပာတယ္။
ကားေပၚက ဆင္းသြားၿပီးသၫ့္တိုင္ မထြက္ေသးဘဲ သူအိမ္ထဲ၀င္သည္ထိ မလွမ္းမကမ္းက ေစာင့္ၾကၫ့္ေနမိေတာ့ အိမ္ထဲက ထြက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ၀မ့္အာရံုတစ္ခ်ိဳ႕ကို လာထိပါးတယ္။
ၿခံ၀မွာ အေျခအတင္ ျဖစ္ေနၾကသၫ့္တိုင္ ၀မ္ကေတာ့ အဲ့မိန္းမ မ်က္၀န္းထဲက ၀မ့္ေနေရာင္ျခည္ေလးကိုေတြ့ၿပီး ခပ္ယဲ့ယဲ့ အၿပံဳးတစ္ခုနဲ႔သာ တပ္ေခါက္ျပန္လာရတယ္။
၀မ္လိုခ်င္တဲ့ေနရာကို တျခားတစ္ေယာက္က ရႏွင့္ေနၿပီးသားဆိုရင္ေရာဆိုတဲ့ေမးခြန္းမ်ိဳး ကိုယ့္ကိုကိုယ္ မေမးဖူးခဲ့တာေတာ့မဟုတ္ပါ။
အမ်ားအားျမင့္ေတာ့ ၀မ္က သူနဲ႔ထပ္ေတြ့ခ်င္တယ္ဆိုတဲ့ ေမ်ွာ္လင့္ခ်က္ ေသးေသးေလးကိုဘဲ အၿမဲ ဆုပ္ကိုင္ခဲ့တာမို႔ျဖစ္မယ္။
-
"ထပ္ေတြ့ရတာဘဲ ဆူးလ္ဂီ"
၀မ့္ေနေရာင္ျခည္ေလးဟာ ေနြးေနြေထြးေထြးၿပံဳးျပတယ္။
"နင္နဲ႔ ဆူးလ္ဂီ သိေနၾကတာလား"
"ဟုတ္တယ္ မေန့က ကြၽန္မကို ကူညီခဲ့တာေလ ဒီက ၀မ္က"
ဆူေယာင္းအေမးကို ဆူးလ္ဂီက ၀င္ေျဖတယ္။
"ဒါဆို ရင္းႏွီးၿပီးသားဆိုေတာ့ ငါ မမိတ္ဆက္ေပးေတာ့ဘူး။
ဘယ္လိုလဲ ဆူးလ္ဂီ လာရတာ တန္ရဲ့လား ကြၽန္မဆီလာရတာေလ"
"သေဘာက်ပါတယ္။ အာ ဒီည ဆူေယာင္းေရာ ၀မ္ေရာ အားမလား။ညစာလိုက္ေကြၽးခ်င္လို႔။ ၀မ့္ကိုလည္း ေက်းဇူးတင္လို႔ေလ"
နာမည္ အျပၫ့္အစံုကိုမသိသျဖင့္ ၀မ္လို႔ေခၚလိုက္ေတာ့ ဆူးလ္ဂီ သေဘာသိပ္က်ရတဲ့ အေရာင္ကို ၀တ္ထားတဲ့တစ္ေယာက္ဟာ သေဘာတက် ၿပံဳးတယ္။
"ကြၽန္မကေတာ့ သေဘာက်တာေပါ့။ နင္ေရာ အဆင္ေျပလား ၀မ္"
"ဒါေပါ့ သေဘာက်တာေပါ့ ဒါဆို သြားရေအာင္ေလ ကြၽန္မမွာ ကားပါပါတယ္"
ဆူးလ္ဂီ ခံုတန္းမွာ တင္ထားတဲ့ အေပၚ၀တ္ကို ျပန္၀တ္လိုက္ရင္း ခပ္ၿပံဳးၿပံဳးနဲ႔
"ကြၽန္မမွာလည္း ကားပါပါတယ္"
"ငါ့မွာလည္း ကားပါပါတယ္ေနာ္"
ဆူေယာင္း၀င္ေျပာေတာ့ သံုးေယာက္လံုး သေဘာတက် ရယ္ျဖစ္ၾကသည္။
"ဒီနားက ဆိုင္ကိုဘဲ သြားၾကတာေပါ့။ ကားမယူခဲ့ၾကပါနဲ႔ေတာ့ လမ္းေလ်ွာက္သြားတာ ပိုအဆင္ေျပမလားလို႔ေလ"
ဆူေယာင္းစကားကို လက္ခံၿပီး သူမတို႔သံုးေယာက္ ေရကန္ေဘးမွ ထြက္ခဲ့ၾကခ်ိန္ ညေန ေန၀င္ရီတေရာသာ ရိွေသးသည္။
-
"ဒါဆို ၀မ္က ဆရာ၀န္ေပါ့ မိုက္တာဘဲ"
"ဟားဟား မျဖစ္ေသးပါဘူး ဆူးလ္ဂီရဲ့ အခုမွ ေက်ာင္းတက္တုန္းကို"
ဆူးလ္ဂီလည္း ဘာေၾကာင့္ သိတာမၾကာေသးတဲ့လူႏွစ္ေယာက္နဲ႔ဒီေလာက္ လြတ္လြတ္လပ္လပ္ေျပာေနမိမွန္းမသိပါဘူး။ သိတာကေတာ့ ဒီႏွစ္ေယာက္လံုးဟာ ေဖာ္ေရြၿပီး လူတိုင္းကို သက္ေသာင့္သက္သာျဖစ္ေအာင္ လုပ္ႏိုင္စြမ္း ရိွတယ္ ဆိုတာပါဘဲ။
ၾကက္ေၾကာ္ဆိုင္ကိုသာ သံုးေယာက္ စိတ္တူကိုယ္တူ ေရြးခဲ့ၿပီး ဘီယာတစ္ခြက္စီနဲ႔ စကားထိုင္ေျပာေနခဲ့သည္မွာ အေတာ္ၾကာေနၿပီပင္ျဖစ္သည္။
၀မ္ဟာ သိပ္ကို တက္တက္ႂကြၾကြနဲ႔ေပါ့ေပါ့ပါးပါးေနတတ္သၫ့္ ေကာင္မေလးျဖစ္သည္။တကယ့္ကို ဆူးလ္ဂီ သေဘာက်ရတဲ့ပံုစံ။
"အိုး ေဆာရီး ကြၽန္မ အရင္ျပန္မွ ျဖစ္မယ္။"
ဆူေယာင္းစကားေၾကာင့္ ဆူးလ္ဂီနဲ႔၀မ္ အၾကၫ့္ခ်င္းဆံုးသြားသည္။ထိုရာမွ ဆူေယာင္းဆီႏွစ္ေယာက္ၿပိဳင္တူၾကၫ့္မိၾကသည္။
"ကိစၥေလးေပၚလာလို႔ေလ ၀မ္ ဆူးလ္ဂီကို ကားနားထိ ေသခ်ာျပန္လိုက္ပို႔ေပးလိုက္ေနာ္ ငါ့ဧၫ့္သည္ကို ဂရုစိုက္ေပး"
ဆူေယာင္းစကားေၾကာင့္ ဆူးလ္ဂီ ရယ္ေပမယ့္ ၀မ္ကေတာ့ ေအးပါ သြားမွာသာသြားဆိုၿပီး အတင္းႏွင္လႊတ္ေလရဲ့။
-
"၀မ္ေရာ အလုပ္ေပၚလာလို႔လား"
ဖုန္းေျပာၿပီး ျပန္လာတဲ့၀မ္က သူမကို ၿပံဳးရယ္ရင္းေခါင္းခါျပတယ္။
ခံုမွာ၀င္ထိုင္ၿပီးမွ
"မနက္ျဖန္ ေတာင္တက္ဖို႔ လိုတာေလးေတြ၀ယ္ထားတာ ရၿပီဆိုၿပီးလာေျပာတာပါ။ဘာမွမဟုတ္ဘူး"
ဆူးလ္ဂီ အရိုးနားလက္က်န္ကပ္ေနတဲ့ အသားတစ္ခ်ိဳ႕ကိုေနာက္ဆံုးအေနနဲ႔ ကိုက္လိုက္ကာ
"ေတာင္တက္တယ္ေပါ့ မိုက္လိုက္တာ"
"အေပ်ာ္အေနနဲ႔ပါ စိတ္ပူပန္စရာေတြရိွရင္ ေတာင္တက္ျဖစ္တယ္။"
ဆူးလ္ဂီက ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ သူမစကားကို နားေထာင္သည္။
အရိပ္အေျခကို ၾကၫ့္ရင္း ၀မ္ ထပ္စကားစလိုက္သည္။
"ဆူးလ္ဂီေရာ ေတာင္တက္ရတာ ဝါသနာပါလားဟင္။..ဟို တစ္ခါတေလ အတူတက္ျဖစ္ေတာ့ ပိုေကာင္းမလားလို႔ပါ"
ဆူးလ္ဂီ ဘက္က ဘာမွ မေျပာလာတာေတာင္ ၀မ္ ရွင္းျပေနမိသည္။
"ငါေတာင္မတက္ဖူးဘူး။ ဒါေပမယ့္ တက္ေတာ့ တက္ဖူးခ်င္တာ။ငါ့ကို ေခၚမလား ၀မ္"
၀မ္ လက္က်န္ဘီယာကို အကုန္ေမာ့ေသာက္လိုက္ကာ
"ဒါဆို ငါလိုတာေလးေတြ ႀကိဳ၀ယ္ထားလိုက္မယ္။ မနက္ျဖန္ ဆူးလ္ဂီက လူသာ လာခဲ့ ဟုတ္ၿပီလား"
ဒီေလာက္ဆို နည္းနည္းဘဲျဖစ္ျဖစ္ ၀မ္ သူ႔စိတ္ထဲ ေနရာနည္းနည္းေလးရၿပီလို႔ဆိုႏိုင္ၿပီမလား။
ဆူးလ္ဂီတို႔ ဆိုင္ထဲက ထြက္လာတဲ့ အခ်ိန္ လမ္းမမွာ ကားေတြ မီးဖြင့္ၿပီးေလ်ွာက္သြားေနၾကတဲ့ အခ်ိန္ျဖစ္သည္။အနည္းငယ္ေသာက္ထားေသာေၾကာင့္ စကားေတြ ပိုသြက္လာသည္။
မနက္ျဖန္ လုပ္ခ်င္တဲ့ အရာတစ္ခုကို လုပ္ရမွာေၾကာင့္ေရာ ၀မ့္ရဲ့ energy အျပၫ့္နဲ႔ စကားေတြေၾကာင့္ေရာ ဆူးလ္ဂီ ပံုမွန္ထက္ ပိုတက္ႂကြေနသလို ခံစားရသည္။
"မဟုတ္ေသးဘူး အရမ္းေမာတယ္မလား အဲ့ဒါက။ ငါက အေမာမခံႏိုင္ဘူး ၀မ္ရဲ့"
လမ္းမေဘးမွာ ေလ်ွာက္ေနတုန္း အေနာက္က ၀မ့္ဘက္ လွၫ့္ကာ
စကားေျပာရင္းေနာက္ျပန္ေလ်ွာက္ေတာ့ ယိုင္သြားတဲ့ သူ႔ကို ၀မ္က သူ႔လက္ကို ဆြဲကိုင္ရင္း ထိန္းသည္။
"ရတယ္ ရတယ္ ငါ အဆင္ေျပတယ္ရယ္။အာ့.."
အဆင္ေျပတယ္ ေျပာရင္း ေျခေခါက္သြားေတာ့ လမ္းေဘး ပလက္ေဖာင္း ေပၚကေန လမ္းမေပၚ ယိုင္နဲ႔ က်သြားတဲ့ အခ်ိန္ မီးေရာင္စူးစူးနဲ႔ ကားတစ္စီးဟာ ဆူးလ္ဂီ ဆီသို႔..
၀မ့္ အသိစိတ္ခဏ လြတ္ထြက္သြားခ်ိန္မွာ သူမလက္ထဲက ဆူးလ္ဂီလက္ဟာ လြတ္ထြက္သြားခဲ့ၿပီဘဲျဖစ္တယ္။
ကံေကာင္းစြာနဲ႔ ထိုကားဟာ ဆူးလ္ဂီနဲ႔ အနီးဆံုးေနရာအေရာက္မွာ ရပ္သြားသည္။
ေနာက္ ထိုကားေပၚကေန အမ်ိဳးသမီးတစ္ေယာက္ ဆင္းလာတယ္။
ဟိုရက္က ဆူးလ္ဂီနဲ႔ အတူရိွခဲ့တဲ့ မိန္းမဘဲ။
"ဆူးလ္ဂီ"
၀မ္ ထိုေနရာကေန ဆက္ ေျခမလွမ္းမိ။
ရုတ္တရက္ႀကီး ၀မ္က အျပင္ဘက္ ေရာက္သြားသလိုဘဲ။
ထိုမိန္းမ ေခၚသံေနာက္မွာ ဆူးလ္ဂီက ကုန္းရုန္းထလာတယ္။
စူးေနတဲ့မီးေရာင္ကို သူ႔လက္တစ္ဖက္နဲ႔ကာရင္း က်န္တစ္ဖက္က ေခ်ာ္လဲသြားလို႔ နာေနတဲ့ ေျခေထာက္တစ္ဖက္ကို ဖိရင္းေပါ့။
"ဘာျဖစ္သြားေသးလဲ ဆူးလ္ဂီ။လမ္းေရာေလ်ွာက္ႏိုင္လား"
၀မ္အေနာက္ကိုေျခတစ္လွမ္း ထပ္ဆုတ္မိေတာ့ ဆူးလ္ဂီက ၀မ္ တစ္ခါမွ မျမင္ဖူးတဲ့ အခ်စ္ေတြနဲ႔ ဖံုးလႊမ္းထားတဲ့ မ်က္၀န္းေတြနဲ႔ ၀မ့္ေရ႔ွက အမ်ိဳးသမီးကို ၾကၫ့္ေနတယ္။
"ေျခေထာက္ ေျခေထာက္နာသြားၿပီ။ rene က ဘယ္လိုလုပ္ၿပီး ဒီကို..."
"လမ္းေလ်ွာက္ ႏိုင္ရဲ့လား"
"အင္း ဒါေပမယ့္ ကိုယ့္ကို rene အိမ္ ေခၚသြားမွ ျဖစ္မယ္ ထင္တယ္"
ထိုအမ်ိဳးသမီးဟာ ၀မ့္ကိုတစ္ခ်က္လွၫ့္ၾကၫ့္လာတယ္။
ေနာက္ဆူးလ္ဂီကို ျပန္ၾကၫ့္ကာ
"တို႔လက္ကိုတြဲ.."
ထိုအမ်ိဳးသမီး ကမ္းေပးတဲ့လက္ဖဝါးထဲ ၀မ္သိပ္သေဘာက်ရတဲ့ လက္ေခ်ာင္းရွည္ရွည္ေတြက ၀င္ခစားတာကို ကားမီးေရာင္ကေန ရွင္းရွင္းလင္းလင္း ျမင္ေနရတယ္။
ကားေပၚတက္ခါနီးမွာမွ ဆူးလ္ဂီက ၀မ့္တည္ရိွမႈကို သတိရသြားသည္ ထင္ရဲ့ ။လွၫ့္ၾကၫ့္လာကာ
"ငါ rene နဲ႔ဘဲ လိုက္သြားေတာ့မယ္ ၀မ္။ေနာက္မွေတြ့ရေအာင္"
ၿပံဳးရႊင္ရင္း လက္ျပကာ ထိုကားေပၚ တက္သြားတဲ့ ဆူးလ္ဂီကို ျပန္ႏႈတ္ဆက္ဖို႔ ၀မ့္မွာ ခြန္အားနည္းနည္းေလးမွ က်န္မေနပါ။
ကားတစ္စီးမ်က္စိေရ႔ွကေနထြက္သြားတယ္။
၀မ္ကလြဲ အရာအားလံုးဟာ အခ်ိန္ေတြေရ႔ွဆက္သြားေနသလိုဘဲ။
ေရ႔ွတၫ့္တၫ့္ကို ၾကၫ့္ေနေပမယ့္ ပ်ားပန္းခတ္မ်ွ စည္ကားေနတဲ့ လမ္းမက်ယ္ႀကီးထဲ မီးေရာင္ေတြလင္းထိန္ေနတဲ့ ဒီၿမိဳ႔ထဲ ၀မ့္အာရံုကို ဘယ္အရာကမွ လႈပ္မႏိႈးလာႏိုင္ပါ။
၀မ္ ျမင္ေနရတယ္။
ထိုအမ်ိဳးသမီးဟာ ဆူးလ္ဂီအတြက္ ေနေရာင္ျခည္လို ျဖစ္တည္မႈမ်ိဳးျဖစ္တယ္ ဆိုတာကိုေပါ့။
ေနာက္ထပ္သိတာတစ္ခုက ထိုအမ်ိဳးသမီးသာ ေနတစ္စင္းဆို သူျဖန္႔က်က္တဲ့ တစ္ခုတည္းေသာ ေနေရာင္ေနြးေနြး က်ေရာက္ရာ ရပ္၀န္းဟာ ဆူးလ္ဂီျဖစ္တယ္ ဆိုတာကိုေလ။
ေျခလွမ္းေတြကို ေရ႔ွလည္းမတိုး ေနာက္လည္း မဆုတ္မိ။
ဆံုးျဖတ္ခ်က္တစ္ခုကို ျမန္ျမန္ခ်တတ္တဲ့လူစားေပမယ့္ ဒီတစ္ခါမွာေတာ့ ၀မ္ ဘယ္လမ္းကိုမွ မေရြးမိ။ ဒီေနရာမွာဘဲ ရပ္ေနခဲ့တယ္။
TBC
Feb 15 2022
-၀မ္ စပါလာပါၿပီ-
-