Zawgyi
''ျမတ္..နင္ ေနာက္အပတ္အားမယ္ဆိုရင္ ငါ့ကိုေလဆိပ္လိုက္ပို႔ပါလား''
''ဘယ္သြားမို႔လဲ''
ကိုယ္ စာပို႔တိုင္း ဟုတ္တစ္လံုးသာသံုးလို႔ ခပ္ေခ်ေခ်လုပ္ေနသူက ေလဆိပ္ဆိုေသာစကားၾကားမွ အဖက္လုပ္ေလသည္။ကိုယ္က အသိတစ္ေယာက္ကို လိုက္ပို႔လို၍ အေဖာ္ေခၚျခင္းျဖစ္ေသာ္လည္း ျမတ္ရဲ႕အေတြးမွာက ကိုယ္ထြက္သြားမည္ဟု အထင္ေရာက္သြားပံုပါ။ဘယ္လိုစာျပန္ရမလဲ ထိုင္ေတြးေနရင္း ျမတ္ထင္ေနသည့္အထင္အတိုင္း ကိုယ္ေခ်ာ္လဲေရာထိုင္လုပ္ခ်င္လာသည္။အကယ္၍ ကိုယ္သာ တစ္ေနရာကို အၿပီးထြက္သြားခဲ့မယ္ဆို ျမတ္တစ္ေယာက္ ဘယႅိုမ္ား ေရြးခ်ယ္မလဲေပါ့။
''ငါ ထြက္သြားေတာ့မလို႔။နင္ ငါနဲ႔လိုက္မလား''
''မလိုကၻဴး''
မတံု႔မဆိုင္းျပန္ေျဖသည့္ အေျဖအတြက္ ေမးမိသည့္ကိုယ့္ပါးကိုယ္ပင္ အခါခါ႐ိုက္ခ်င္မိသြားသည္။
''ဟန္ေဆာင္ၿပီးေတာင္ မေျပာပါလား ''
''အင္း..ကိုယ္ေနသင့္တဲ့ေနရာမွာ ေနေနရံုပါပဲ''
ကိုယ့္ႏူတ္ကေန လက္ထပ္ေတာ့ပါမယ္လို႔ ေျပာၿပီးကတည္းက သူနဲ႔ကိုယ္နဲ႔ၾကားက စည္းကို ျမတ္တစ္ေယာက္အပိုင္အႏိုင္ကိုဆြဲခဲ့ေလၿပီ။သူ ဆြဲထားတဲ့စည္းေဘာင္ထဲကေန သူကိုယ္တိုင္လည္းမထြက္သလို ကိုယ့္ကိုလည္းဝင္ခြင့္မေပးေတာ့။ဘယ္သူမျပဳမိမိမႈပါပဲ။ကိုယ္ေရြးတဲ့လမ္း ကိုယ္ေလ်ွာက္ေနရတာဆိုေပမဲ့ ကိုယ့္အတြက္ေတာ့ သာလြန္ၿပီးပင္ပန္းဆင္းရဲေနရသည္။တကယ္တမ္းက် ျမတ္ကို ကိုယ္မစြန္႔လႊတ္ႏိုင္ေပ။
ပိုင္ဆိုင္ခ်င္တာလားဆိုေတာ့လည္း မဟုတ္ျပန္။ဒီတိုင္းေလး ျမင္ေတြ႔ခြင့္ရေနရင္ကို ကိုယ့္ရင္ထဲေအးခ်မ္းေနၿပီးသား။ျမတ္အေပၚ ကိုယ္ေပးခဲ့တာဟာ အခ်စ္ဆိုတာထက္ ေမတၱာထုထည္ကပို၍ လြန္ကဲသည္။ကိုယ္ ျမတ္ကို အလြန္တရာျမတ္ႏိုးပါသည္။
''ငါ သတိရမိလည္း ငါ႐ူးမတတ္ကိုလြမ္းလည္း
ငါဖုန္းမဆက္မိသြားေအာင္ ငါထိန္းမယ္။
ငါေသြးေအးသလိုမ်ိဴးနဲ႔ အေပၚယံဟန္ေဆာင္ထိန္းထားလည္း ဘယ္သူမွမသိေအာင္ ႀကိတ္ငိုေနတုန္းပဲ''
ကိုယ္ေတြစေတြ႔ခ်ိန္ကေန ၁၄ႏွစ္ၾကာၿပီးခ်ိန္အထိ ဘန္နီၿဖိဳးရဲ႕သီခ်င္းမ်ားစြာက ခံစားသက္ဝင္ေနဆဲျဖစ္သည္။ကိုယ္ေတြအတြက္ ရည္ရြယ္ၿပီး ေရးထားသလားလို႔ ထင္မွတ္ရေလာက္ေအာင္ နားေထာင္မိတိုင္း မ်က္ရည္က်ေနမိဆဲ။
''သီခ်င္းနားေထာင္ရင္း ငိုရတဲ့ခံစားခ်က္ကဘာနဲ႔မွမတူဘူး''
''စာေတြဆိုတာလည္း အထပ္လိုက္။ခုထိမလႊင့္ပစ္ႏိုင္ေသးဘူး''
''မခ်စ္ေတာ့ဘူးဆိုတာမ႐ွိပါဘူး။ဒီတိုင္းေတာ့ ရင္ထဲမွာ႐ွိေနတာပဲေလ''
''ကိုယၠ ဘာေတြလုပ္ေပးႏိုင္မလဲ၊ကိုယ့္ေၾကာင့္ စိတ္ခ်မ္းသာရပါ့မလားလို႔ေတြးမိရင္ ကိုယ့္ေျခလွမ္းေတြ အလိုလိုရပ္သြားေတာ့တာပါပဲ''
''နာက်င္ခဲ့ရတာေပါ့။ဒါေပမဲ့ မမုန္းပါဘူး။မုန္းလို႔လည္း မရခဲ့ဖူးပါဘူး''
''ကိုယ္ေပးခဲ့တဲ့အရာေတြလို သူက ေပးႏိုင္ခဲ့လို႔လား။ကိုယ့္လို သူကခ်စ္ေပးႏိုင္လို႔လား''
''အခ္စ္ဆိုတာကို ဘာမွန္းနားမလည္တဲ့အရြယ္ကတည္းက ခ်စ္ခဲ့ရတာ ခုထိပါပဲ''
''အရင္က စည္းမေက်ာ္မိခဲ့တာကို ေနာင္တရတယ္။ကိုယ္သာ ႏွစ္ေယာက္တည္းအတူ႐ွိခ်ိန္မွာ စည္းေက်ာ္မိခဲ့ရင္ ခုလိုေဝးၾကရမွာမဟုတ္ဘူး။ခုခ်ိန္ဆို ကိုယ္တို႔ ကေလးေလးေတြေတာင္ ပိုင္ဆိုင္ေနရေလာက္ၿပီ။''
ျမတ္ ေျပာခဲ့သမ်ွ စကားလံုးတို႔ဟာ ကိုယ့္နားထဲကို အတင္းအထိုးဝင္ေရာက္လာေလေတာ့ မ်က္စိစံုမွိတ္လ်က္ နားႏွစ္ဖက္ကိုဖိပိတ္ကာ ကိုယ္ၿငိမ္သက္ေနမိသည္။
''အဲ့လိုပဲ လုပ္ေနလို႔ ဘာမွျဖစ္မလာဘူးေနာ္ မမ''
''ဘာလုပ္လို႔ေရာ ရမလဲ။သူနဲ႔ငါနဲ႔ကို ႏွစ္ဖက္စလံုးက လက္ခံတာမွမဟုတ္တာ''
''လူႀကီးေတြက ပါးစပ္နဲ႔အလြယ္တားတာ။တကယ္တမ္းခံေနရတာက မေမလ။မမ တကယ္ခ်စ္တာပဲ။မစြန္႔စားရဲဘူးလား''
ကိုယ့္အတြက္သာဆို ဒီေလာက္ထိခက္ခဲေနမွာမဟုတ္မွန္း ကိုယ့္ကိုယ္ကိုယ္သိသည္။ခုက ျမတ္ကို ထိခိုက္မွာေၾကာက္လို႔ ကိုယ္ေ႐ွ႕ဆက္မတိုးရဲခဲ့တာေလ။
''အဲ့လိုပဲ အပ်ိဳႀကီးဘဝနဲ႔ေန။မမ တျခားေယာက်ာ္းလည္း ယူမွာမဟုတ္တာေသခ်ာတယ္၊ေန အဲ့တိုင္း။အသက္ႀကီးလာရင္ သားနဲ႔သာလာေနလိုက္''
အငယ္ေကာင္နဲ႔အငယ္မက ကိုယ္နဲ႔ျမတ္က္ို အလြန္ပင္ ေပါင္းစည္းေစခ်င္သည္။ကိုယ္သိပ္ခ်စ္တာသိေနသလို၊ျမတ္ရဲ႕ေမတၱာကိုလည္း သူတို႔ယံုၾကည္ၾကသည္။ခက္ေနသည္က ခုထိဆံုးျဖတ္ခ်က္မပိုင္ႏိုင္ေသးေသာ ကိ္ုယ္သာျဖစ္၏။
#
ျမတ္ကို သတိရေနလို႔ စိတ္ေျပလက္ေပ်ာက္ အိမ္လည္ထြက္လာကာမွ စိတ္မေျပသည့္အျပင္ ေရာဂါပိုတိုးလာရသည္။အသက္၄၂ေက်ာ္မွ အိမ္ေထာင္က်ခဲ့သည့္ ကိုယ့္ႀကီးႀကီးက သူ႔ေအာက္ ၁၀ႏွစ္ေက်ာ္ငယ္ေသာ အမ်ိဳးသားကို လက္ထပ္ထားျခင္းျဖစ္သည္။တစ္နည္းေျပာရရင္ ကိုယ့္ဘႀကီးပဲဆိုရေပမည္။အသက္အရြယ္ကြာဟသည့္အျပင္ ေလးဆယ္ေက်ာ္မွအိမ္ေထာင္ထျပဳတာမို႔ မိသားစုေတြ ဘယ္ေလာက္ေတာင္ ဂယက္႐ိုက္သြားသလဲဆိုတာ ကိုယ္အသိ။ဝိုင္းဝန္းကဲ့ရဲ႕သမ်ွကို မ်က္ႏွာလြဲထားၿပီး ေပါင္းစည္းလာၾကတာ ခုဆိုႀကီးႀကီးအသက္က၆၀ေက်ာ္လို႔၇၀နားနီး။ဘႀကီးကေတာ့ ၅၀စြန္းစြန္းေပါ့။
အသက္အရြယ္ကြာရင္ ေပြ႐ႈပ္ၿပီး ေနာက္မီးလင္းတတ္သည္၊ကိုယ့္ဇနီးကို ပစ္ပယ္ထားတတ္သည္ဆိုေသာ အက်ိဳးအခ်က္မ်ားစြာက္ို ဘႀကီးကေတာ့ ေသခ်ာေလးကို ေခ်ဖ်တ္ႏိုင္ခဲ့သည္။အေသာက္အစားဆိုတာဘာဆိုဘာမွမ႐ွိသည့္အျပင္ မိန္းမဆိုစကားတစ္ခြန္းဆိုတစ္ခြန္း လက္ခံခဲ့သည္ကမ်ား၏။မယားေၾကာက္ရယ္လို႔ တခ်ိဳ႕ကသမုတ္မလားမေျပာတတ္ေပမဲ့ ကိုယ္နားလည္ထားသည္ကေတာ့ သူ႔အမ်ိဴးသမီးႀကီး စိတ္ခ်မ္းသာရင္ကို သူကေက်နပ္ေနတတ္တာပင္။
က်န္းမာေရးခ်ိဳ႕ယြင္းခ်က္ေတြမ်ားသည့္ႀကီးႀကီးက ေလးေခ်ာင္းေထာက္မွမပါရင္ လမ္းမေလ်ွာက္ႏိုင္ေတာ့သည့္အေျခအေန။မ်က္ႏွာေခ်ာေခ်ာသည္လည္း ဇရာ၏ အရိပ္အေယာင္ေတြမ်ားစြာျဖစ္ထြန္းေနၿပီး ႐ွိရင္းစြဲကို ပိုမို အိုမင္းေနသေယာင္ခံစားရသည္။
''ဟာ..ဧည့္သည္ေတြေရာက္ေနၾကတာလား''
ေဟာ...ျပန္လာပါၿပီ။ၾကည့္ပါဦး။၅၀ေက်ာ္အရြယ္တဲ့။ဆံပင္ေတြ မ်က္ခံုးေတြကအစ ျဖဴေဖြးလို႔။အိမ္ထဲေရာက္ေရာက္ခ်င္း သူအရင္အၾကည့္ေရာက္သည္က သူ႔အိမ္သူထံသာ။စကားအမ်ားႀကီးမဆိုၾကေပ၊သို႔ေသာ္လည္း အၾကည့္နဲ႔အျပဳအမူကိုျမင္ရံုျဖင့္ သူတို႔ႏွစ္ဦးၾကား ေမတၱာတရားကို ကိုယ္နားလည္သည္။
''ဆံပင္ေတြဘာေတြ ေဆးမဆိုးေတာ့ဘူးလား''
ေမေမ့ထက္ေတာင္ ဘႀကီးက ငယ္ေပမဲ့ အစ္မအႀကီးဆံုး၏ အမ်ိဳးသားေပမို႔ ေမေမကတ႐ိုတေသသာ ဆက္ဆံသည္။ေမေမ့စကားကို ဘႀကီးကျပံဳးကာေခါင္းခါျပရင္း ျပန္ေျဖသည့္စကားက ကိုယ့္ရင္ထဲ ေႏြးသြားေစသည္။
''လိုက္ဖက္ေအာင္ေနရတာေပါ့ဗ်''
ဒီအခ်ိန္မွာ သူ႔အမ်ိဳးသားဆီ လွမ္းၾကည့္ေနတဲ့ ႀကီးႀကီးရဲ႕ အၾကည့္ေတြသည္လည္း အလြန္မွ ေအးခ်မ္းလွ၏။အိမ္အျပန္လမ္းမွာေတာ့ ကိုယ့္ရင္ထဲက ခံစားခ်က္အခ်ိဳ႕ မမ်ိဳသိပ္ႏိုင္စြာ ပြင့္ထြက္လာေတာ့သည္။
''ေမေမ..အသက္ငယ္တဲ့လူကိုယူရင္မေကာင္းဘူးဆို..ခုၾကည့္ပါဦး။ႀကီးႀကီးဘဝ ဘယ္ေလာက္ေတာင္စိတ္ခ်မ္းသာစရာေကာင္းလဲ''
''ဒါက တရားသမားမို႔လို႔''
မရမက ကပ္ဖဲ့ေျပာတတ္ေသာ ကိုယ့္အေမ၊ကိုယ္ကလည္း သက္ေသနဲ႔တကြျမင္ေနမွေတာ့ ၿငိမ္ခံမေနခ်င္။
''မဆိုင္ပါဘူး ေမေမရယ္။ေမတၱာတရားက အဓိကပါ။ေမေမတို႔ျမဲမယ္လို႔မထင္ခဲ့တဲ့ ျမတ္က သမီးအေပၚခ်စ္ခဲ့တာ ၁၄ႏွစ္ၾကာခဲ့ၿပီေလ''
ဘယ္လိုေျပာရမလဲ၊ကိုယ့္မ်က္လံုး၊ကိုယ့္အာရံုထဲမွာေလ ႀကီးႀကီးတို႔ ဇနီးေမာင္ႏွံကိုပဲ ျမင္ေယာင္ေနၿပီး ျမတ္နဲ႔သာဆိုရင္ဆိုတဲ့စိတ္ႀကီးကလည္း ပိုၿပီးနက္႐ိႉင္းသည္ထက္ နက္႐ိႈင္းလာေနသည္။
''သိပ္မေတြးနဲ႔ မမ။ကိုယၠ ခိုးေျပးသင့္လဲ ခိုးသာေျပး''
''ဟုတ္တယ္၊အိမ္က ကိစၥေတြ သမီးတို႔႐ွင္းမယ္''
အားကိုးရပါေသာ ေမာင္နဲ႔ညီမ။ကိုယ္ကေတာ့ ခုထက္တိုင္ ဘာလုပ္ရမည္မသိ။ျမတ္ကေရာ ကိုယ္ေခၚတိုင္းလိုက္မွာတဲ့လား။ကိုယ္ကစၿပီး ထြက္ေျပးၾကရေအာင္လို႔ ေျပာခဲ့သည့္အခ်ိန္ကေတာင္ အားမနာစတမ္းျငင္းခဲ့သူမဟုတ္လား။ကိုယ့္ဘက္က ကိစၥမ႐ွိေပမဲ့ ျမတ္မိဘေတြကေရာ အဆင္ေျပပါ့မလား။ေမးခြန္းေပါင္းမ်ားစြာ၊အေတြးေပါင္းမ်ားစြာျဖင့္ ကိုယ့္ေခါင္းေတြ ပူထူေနေလၿပီ။အေျဖကား ခုထိမထြက္။
''အကို႔ကို အၿပီးလက္လႊတ္ႏိုင္လားဆိုတာပဲ ေတြးၾကည့္လိုက္။က်န္တာေတြ ေခါင္းထဲမထည့္နဲ႔၊အဲ့ဒါဆို မမအမွန္တကယ္လုပ္ခ်င္တဲ့ဟာကို ဆံုးျဖတ္ႏိုင္လိမ့္္မယ္''
ျမတ္အေပၚခ်စ္တဲ့အခ်စ္ကေလ သူမ်ားကိုေပးဖို႔ေနေနသာ ကိုယ္တိုင္ရယူဖို႔ေတာင္ ႏွေျမာမိသည္အထိ။ကိုယ့္လို အသက္ႀကီးႀကီးမိန္းမတစ္ေယာက္ႏွင့္ ျမတ္လိုအသက္၂၀ေက်ာ္ေကာင္ေလးက တန္တယ္လို႔ကို ကိုယ္မျမင္။ကိုယ္ဘာလုပ္သင့္သလဲ။ေ႐ွ႕ဆက္တိုးရမလား။ဒီတိုင္းေလးပဲ ရပ္တန္႔ေနသင့္လား။
#
Unicode
''မြတ်..နင် နောက်အပတ်အားမယ်ဆိုရင် ငါ့ကိုလေဆိပ်လိုက်ပို့ပါလား''
''ဘယ်သွားမို့လဲ''
ကိုယ် စာပို့တိုင်း ဟုတ်တစ်လုံးသာသုံးလို့ ခပ်ချေချေလုပ်နေသူက လေဆိပ်ဆိုသောစကားကြားမှ အဖက်လုပ်လေသည်။ကိုယ်က အသိတစ်ယောက်ကို လိုက်ပို့လို၍ အဖော်ခေါ်ခြင်းဖြစ်သော်လည်း မြတ်ရဲ့အတွေးမှာက ကိုယ်ထွက်သွားမည်ဟု အထင်ရောက်သွားပုံပါ။ဘယ်လိုစာပြန်ရမလဲ ထိုင်တွေးနေရင်း မြတ်ထင်နေသည့်အထင်အတိုင်း ကိုယ်ချော်လဲရောထိုင်လုပ်ချင်လာသည်။အကယ်၍ ကိုယ္သာ တစ်နေရာကို အပြီးထွက်သွားခဲ့မယ်ဆို မြတ်တစ်ယောက် ဘယ္လိုမ်ား ရွေးချယ်မလဲပေါ့။
''ငါ ထွက်သွားတော့မလို့။နင် ငါနဲ့လိုက်မလား''
''မလိုက်ဘူး''
မတုံ့မဆိုင်းပြန်ဖြေသည့် အဖြေအတွက် မေးမိသည့်ကိုယ့်ပါးကိုယ်ပင် အခါခါရိုက်ချင်မိသွားသည်။
''ဟန်ဆောင်ပြီးတောင် မပြောပါလား ''
''အင်း..ကိုယ်နေသင့်တဲ့နေရာမှာ နေနေရုံပါပဲ''
ကိုယ့်နူတ်ကနေ လက်ထပ်တော့ပါမယ်လို့ ပြောပြီးကတည်းက သူနဲ့ကိုယ်နဲ့ကြားက စည်းကို မြတ်တစ်ယောက်အပိုင်အနိုင်ကိုဆွဲခဲ့လေပြီ။သူ ဆွဲထားတဲ့စည်းဘောင်ထဲကနေ သူကိုယ်တိုင်လည်းမထွက်သလို ကိုယ့်ကိုလည်းဝင်ခွင့်မပေးတော့။ဘယ်သူမပြုမိမိမှုပါပဲ။ကိုယ်ရွေးတဲ့လမ်း ကိုယ်လျှောက်နေရတာဆိုပေမဲ့ ကိုယ့်အတွက်တော့ သာလွန်ပြီးပင်ပန်းဆင်းရဲနေရသည်။တကယ်တမ်းကျ မြတ်ကို ကိုယ်မစွန့်လွှတ်နိုင်ပေ။
ပိုင်ဆိုင်ချင်တာလားဆိုတော့လည်း မဟုတ်ပြန်။ဒီတိုင်းလေး မြင်တွေ့ခွင့်ရနေရင်ကို ကိုယ့်ရင်ထဲအေးချမ်းနေပြီးသား။မြတ်အပေါ် ကိုယ်ပေးခဲ့တာဟာ အချစ်ဆိုတာထက် မေတ္တာထုထည်ကပို၍ လွန်ကဲသည်။ကိုယ် မြတ်ကို အလွန်တရာမြတ်နိုးပါသည်။
''ငါ သတိရမိလည်း ငါရူးမတတ်ကိုလွမ်းလည်း
ငါဖုန်းမဆက်မိသွားအောင် ငါထိန်းမယ်။
ငါသွေးအေးသလိုမျိူးနဲ့ အပေါ်ယံဟန်ဆောင်ထိန်းထားလည်း ဘယ်သူမှမသိအောင် ကြိတ်ငိုနေတုန်းပဲ''
ကိုယ်တွေစတွေ့ချိန်ကနေ ၁၄နှစ်ကြာပြီးချိန်အထိ ဘန်နီဖြိုးရဲ့သီချင်းများစွာက ခံစားသက်ဝင်နေဆဲဖြစ်သည်။ကိုယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားသလားလို့ ထင်မှတ်ရလောက်အောင် နားထောင်မိတိုင်း မျက်ရည်ကျနေမိဆဲ။
''သီချင်းနားထောင်ရင်း ငိုရတဲ့ခံစားချက်ကဘာနဲ့မှမတူဘူး''
''စာတွေဆိုတာလည်း အထပ်လိုက်။ခုထိမလွှင့်ပစ်နိုင်သေးဘူး''
''မချစ်တော့ဘူးဆိုတာမရှိပါဘူး။ဒီတိုင်းတော့ ရင်ထဲမှာရှိနေတာပဲလေ''
''ကိုယ္က ဘာတွေလုပ်ပေးနိုင်မလဲ၊ကိုယ့်ကြောင့် စိတ်ချမ်းသာရပါ့မလားလို့တွေးမိရင် ကိုယ့်ခြေလှမ်းတွေ အလိုလိုရပ်သွားတော့တာပါပဲ''
''နာကျင်ခဲ့ရတာပေါ့။ဒါပေမဲ့ မမုန်းပါဘူး။မုန်းလို့လည်း မရခဲ့ဖူးပါဘူး''
''ကိုယ်ပေးခဲ့တဲ့အရာတွေလို သူက ပေးနိုင်ခဲ့လို့လား။ကိုယ့်လို သူကချစ်ပေးနိုင်လို့လား''
''အခ်စ်ဆိုတာကို ဘာမှန်းနားမလည်တဲ့အရွယ်ကတည်းက ချစ်ခဲ့ရတာ ခုထိပါပဲ''
''အရင်က စည်းမကျော်မိခဲ့တာကို နောင်တရတယ်။ကိုယ်သာ နှစ်ယောက်တည်းအတူရှိချိန်မှာ စည်းကျော်မိခဲ့ရင် ခုလိုဝေးကြရမှာမဟုတ်ဘူး။ခုချိန်ဆို ကိုယ်တို့ ကလေးလေးတွေတောင် ပိုင်ဆိုင်နေရလောက်ပြီ။''
မြတ် ပြောခဲ့သမျှ စကားလုံးတို့ဟာ ကိုယ့်နားထဲကို အတင်းအထိုးဝင်ရောက်လာလေတော့ မျက်စိစုံမှိတ်လျက် နားနှစ်ဖက်ကိုဖိပိတ်ကာ ကိုယ်ငြိမ်သက်နေမိသည်။
''အဲ့လိုပဲ လုပ်နေလို့ ဘာမှဖြစ်မလာဘူးနော် မမ''
''ဘာလုပ်လို့ရော ရမလဲ။သူနဲ့ငါနဲ့ကို နှစ်ဖက်စလုံးက လက်ခံတာမှမဟုတ်တာ''
''လူကြီးတွေက ပါးစပ်နဲ့အလွယ်တားတာ။တကယ်တမ်းခံနေရတာက မေမလ။မမ တကယ်ချစ်တာပဲ။မစွန့်စားရဲဘူးလား''
ကိုယ့်အတွက်သာဆို ဒီလောက်ထိခက်ခဲနေမှာမဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ်သိသည်။ခုက မြတ်ကို ထိခိုက်မှာကြောက်လို့ ကိုယ်ရှေ့ဆက်မတိုးရဲခဲ့တာလေ။
''အဲ့လိုပဲ အပျိုကြီးဘဝနဲ့နေ။မမ တခြားယောကျာ်းလည်း ယူမှာမဟုတ်တာသေချာတယ်၊နေ အဲ့တိုင်း။အသက်ကြီးလာရင် သားနဲ့သာလာနေလိုက်''
အငယ်ကောင်နဲ့အငယ်မက ကိုယ်နဲ့မြတ်က်ို အလွန်ပင် ပေါင်းစည်းစေချင်သည်။ကိုယ်သိပ်ချစ်တာသိနေသလို၊မြတ်ရဲ့မေတ္တာကိုလည်း သူတို့ယုံကြည်ကြသည်။ခက်နေသည်က ခုထိဆုံးဖြတ်ချက်မပိုင်နိုင်သေးသော ကိ်ုယ်သာဖြစ်၏။
#
မြတ်ကို သတိရနေလို့ စိတ်ပြေလက်ပျောက် အိမ်လည်ထွက်လာကာမှ စိတ်မပြေသည့်အပြင် ရောဂါပိုတိုးလာရသည်။အသက်၄၂ကျော်မှ အိမ်ထောင်ကျခဲ့သည့် ကိုယ့်ကြီးကြီးက သူ့အောက် ၁၀နှစ်ကျော်ငယ်သော အမျိုးသားကို လက်ထပ်ထားခြင်းဖြစ်သည်။တစ်နည်းပြောရရင် ကိုယ့်ဘကြီးပဲဆိုရပေမည်။အသက်အရွယ်ကွာဟသည့်အပြင် လေးဆယ်ကျော်မှအိမ်ထောင်ထပြုတာမို့ မိသားစုတွေ ဘယ်လောက်တောင် ဂယက်ရိုက်သွားသလဲဆိုတာ ကိုယ်အသိ။ဝိုင်းဝန်းကဲ့ရဲ့သမျှကို မျက်နှာလွဲထားပြီး ပေါင်းစည်းလာကြတာ ခုဆိုကြီးကြီးအသက်က၆၀ကျော်လို့၇၀နားနီး။ဘကြီးကတော့ ၅၀စွန်းစွန်းပေါ့။
အသက်အရွယ်ကွာရင် ပွေရှုပ်ပြီး နောက်မီးလင်းတတ်သည်၊ကိုယ့်ဇနီးကို ပစ်ပယ်ထားတတ်သည်ဆိုသော အကျိုးအချက်များစွာက်ို ဘကြီးကတော့ သေချာလေးကို ချေဖျတ်နိုင်ခဲ့သည်။အသောက်အစားဆိုတာဘာဆိုဘာမှမရှိသည့်အပြင် မိန်းမဆိုစကားတစ်ခွန်းဆိုတစ်ခွန်း လက်ခံခဲ့သည်ကများ၏။မယားကြောက်ရယ်လို့ တချို့ကသမုတ်မလားမပြောတတ်ပေမဲ့ ကိုယ်နားလည်ထားသည်ကတော့ သူ့အမျိူးသမီးကြီး စိတ်ချမ်းသာရင်ကို သူကကျေနပ်နေတတ်တာပင်။
ကျန်းမာရေးချို့ယွင်းချက်တွေများသည့်ကြီးကြီးက လေးချောင်းထောက်မှမပါရင် လမ်းမလျှောက်နိုင်တော့သည့်အခြေအနေ။မျက်နှာချောချောသည်လည်း ဇရာ၏ အရိပ်အယောင်တွေများစွာဖြစ်ထွန်းနေပြီး ရှိရင်းစွဲကို ပိုမို အိုမင်းနေသယောင်ခံစားရသည်။
''ဟာ..ဧည့်သည်တွေရောက်နေကြတာလား''
ဟော...ပြန်လာပါပြီ။ကြည့်ပါဦး။၅၀ကျော်အရွယ်တဲ့။ဆံပင်တွေ မျက်ခုံးတွေကအစ ဖြူဖွေးလို့။အိမ်ထဲရောက်ရောက်ချင်း သူအရင်အကြည့်ရောက်သည်က သူ့အိမ်သူထံသာ။စကားအများကြီးမဆိုကြပေ၊သို့သော်လည်း အကြည့်နဲ့အပြုအမူကိုမြင်ရုံဖြင့် သူတို့နှစ်ဦးကြား မေတ္တာတရားကို ကိုယ်နားလည်သည်။
''ဆံပင်တွေဘာတွေ ဆေးမဆိုးတော့ဘူးလား''
မေမေ့ထက်တောင် ဘကြီးက ငယ်ပေမဲ့ အစ်မအကြီးဆုံး၏ အမျိုးသားပေမို့ မေမေကတရိုတသေသာ ဆက်ဆံသည်။မေမေ့စကားကို ဘကြီးကပြုံးကာခေါင်းခါပြရင်း ပြန်ဖြေသည့်စကားက ကိုယ့်ရင်ထဲ နွေးသွားစေသည်။
''လိုက်ဖက်အောင်နေရတာပေါ့ဗျ''
ဒီအချိန်မှာ သူ့အမျိုးသားဆီ လှမ်းကြည့်နေတဲ့ ကြီးကြီးရဲ့ အကြည့်တွေသည်လည်း အလွန်မှ အေးချမ်းလှ၏။အိမ်အပြန်လမ်းမှာတော့ ကိုယ့်ရင်ထဲက ခံစားချက်အချို့ မမျိုသိပ်နိုင်စွာ ပွင့်ထွက်လာတော့သည်။
''မေမေ..အသက်ငယ်တဲ့လူကိုယူရင်မကောင်းဘူးဆို..ခုကြည့်ပါဦး။ကြီးကြီးဘဝ ဘယ်လောက်တောင်စိတ်ချမ်းသာစရာကောင်းလဲ''
''ဒါက တရားသမားမို့လို့''
မရမက ကပ်ဖဲ့ပြောတတ်သော ကိုယ့်အမေ၊ကိုယ်ကလည်း သက်သေနဲ့တကွမြင်နေမှတော့ ငြိမ်ခံမနေချင်။
''မဆိုင်ပါဘူး မေမေရယ်။မေတ္တာတရားက အဓိကပါ။မေမေတို့မြဲမယ်လို့မထင်ခဲ့တဲ့ မြတ်က သမီးအပေါ်ချစ်ခဲ့တာ ၁၄နှစ်ကြာခဲ့ပြီလေ''
ဘယ်လိုပြောရမလဲ၊ကိုယ့်မျက်လုံး၊ကိုယ့်အာရုံထဲမှာလေ ကြီးကြီးတို့ ဇနီးမောင်နှံကိုပဲ မြင်ယောင်နေပြီး မြတ်နဲ့သာဆိုရင်ဆိုတဲ့စိတ်ကြီးကလည်း ပိုပြီးနက်ရှိူင်းသည်ထက် နက်ရှိုင်းလာနေသည်။
''သိပ်မတွေးနဲ့ မမ။ကိုယ္က ခိုးပြေးသင့်လဲ ခိုးသာပြေး''
''ဟုတ်တယ်၊အိမ်က ကိစ္စတွေ သမီးတို့ရှင်းမယ်''
အားကိုးရပါသော မောင်နဲ့ညီမ။ကိုယ်ကတော့ ခုထက်တိုင် ဘာလုပ်ရမည်မသိ။မြတ်ကရော ကိုယ်ခေါ်တိုင်းလိုက်မှာတဲ့လား။ကိုယ်ကစပြီး ထွက်ပြေးကြရအောင်လို့ ပြောခဲ့သည့်အချိန်ကတောင် အားမနာစတမ်းငြင်းခဲ့သူမဟုတ်လား။ကိုယ့်ဘက်က ကိစ္စမရှိပေမဲ့ မြတ်မိဘတွေကရော အဆင်ပြေပါ့မလား။မေးခွန်းပေါင်းများစွာ၊အတွေးပေါင်းများစွာဖြင့် ကိုယ့်ခေါင်းတွေ ပူထူနေလေပြီ။အဖြေကား ခုထိမထွက်။
''အကို့ကို အပြီးလက်လွှတ်နိုင်လားဆိုတာပဲ တွေးကြည့်လိုက်။ကျန်တာတွေ ခေါင်းထဲမထည့်နဲ့၊အဲ့ဒါဆို မမအမှန်တကယ်လုပ်ချင်တဲ့ဟာကို ဆုံးဖြတ်နိုင်လိမ့််မယ်''
မြတ်အပေါ်ချစ်တဲ့အချစ်ကလေ သူများကိုပေးဖို့နေနေသာ ကိုယ်တိုင်ရယူဖို့တောင် နှမြောမိသည်အထိ။ကိုယ့်လို အသက်ကြီးကြီးမိန်းမတစ်ယောက်နှင့် မြတ်လိုအသက်၂၀ကျော်ကောင်လေးက တန်တယ်လို့ကို ကိုယ်မမြင်။ကိုယ်ဘာလုပ်သင့်သလဲ။ရှေ့ဆက်တိုးရမလား။ဒီတိုင်းလေးပဲ ရပ်တန့်နေသင့်လား။
#