''ငျမတ္က သူ႔ေကာင္မေလးနဲ႔ပံုေတြတင္တာမ်ား ပလူေတြကိုပ်ံလို႔''
ထိုစကားကို ၾကားရေလတိုင္း ကိုယ့္ရင္ေတြေပါက္ကြဲမတတ္ နာက်င္ရေပသည္။ကိုယ္ မျမင္ေအာင္လုပ္ထားေသာ္ျငား ျမင္သူကေျပာလာျပန္ေတာ့ ကိုယ့္မွာ မၾကားခ်င္လည္းၾကားေနရသည့္အေျခအေန။ဘာလိုလိုနဲ႔ သူတို႔တြဲလာတာ ႏွစ္ခ်ီၾကာလာေလၿပီ။ျမတ္ဆိုတဲ့ေကာင္ေလးက ရည္းစားေတာ့ ျမဲေအာင္တြဲပံုရပါရဲ႕။ကိုယ္နဲ႔တုန္းက အေၾကာင္းအရာမ်ားစြာေၾကာင့္ လူမသိသူမသိခ်စ္လာၾကရင္း ယခုေကာင္မေလးက်မွ လူသိ႐ွင္ၾကားျဖစ္ေနျခင္းအေပၚလည္း ကိုယ္မေက်မနပ္ျဖစ္မိသည္။
ကိုယ္လည္းပဲ ျမတ္ရဲ႕ခ်စ္ဦးသူ၊ျမတ္ရဲ႕သက္ဆိုင္သူအေနျဖင့္ မ႑ိုင္တိုင္တက္ျပခ်င္ခဲ့သလို ဘယ္ေလာက္အခ်စ္ခံခဲ့ရေၾကာင္း အရပ္ဆယ္မ်က္ႏွာအႏွံ႔ ေၾကညာေမာင္းခတ္ေျပာျပခ်င္ေသး၏။သို႔ေသာ္လည္း စိတ္ကူးဟာ စိတ္ကူးသက္သက္သာျဖစ္ၿပီး ကိုယ္သိပ္ျမတ္ႏိုးသည့္ျမတ္ကေတာ့ တပါးသူ၏ ရင္ခြင္ထဲမွာ ျပံဳးရႊင္လ်က္ တည္႐ွိေနေပသည္။
''ငါ ျပန္လာျဖစ္မယ္ထင္တယ္။''
အဆက္အသြယ္မျပတ္ေသာ္လည္း အရင္လိုစကားမေျပာျဖစ္ေသာကိုယ့္ရဲ႕ရည္ရြယ္သူဆီမွ စာဝင္လာျခင္းျဖစ္သည္။ကိုယ္ၾကားရသေလာက္သတင္းေတြအရ သူနဲ႔သူခ်စ္ရသူမိန္းကေလးတို႔ အဆင္မေျပၾကေပ။ကိုယ္နဲ႔ရင္းႏွီးခဲ့ေသာႏွစ္အတိုင္းအတာ၊လက္ထပ္ဖို႔စီစဥ္ခဲ့သည္မ်ားမွအစျပဳလို႔ မိန္းကေလးတစ္ေယာက္ကို ေစ့စပ္ပြဲဖ်က္ခဲ့သည္ဆိုေသာအေၾကာင္းျပခ်က္ျဖင့္ လမ္းခြဲသြားခဲ့ပံုပင္။
''ေအး..ျပန္လာေပါ့။ဟိုတစ္ေယာက္ကေရာ''
''ၿပီးသြားပါၿပီ''
''ငါ...႐ွင္းျပေပးရမလား''
''ေနပါေစေတာ့ဟာ။သူက ဒီလိုထင္ေတာ့လည္း ဒီလိုေပါ့။မတတ္ႏိုင္ဘူး''
အျဖစ္အပ်က္ေတြကို ေသခ်ာမသိပါဘဲ သူ႔အေပၚသာအျပစ္ဖို႔သြားသည့္တိုင္ သူကေတာ့အျပစ္မျမင္ႏိုင္႐ွာမွန္းကိုယ္သိသည္။ဒီေကာင္က ဘယ္ေလာက္ေတာင္အခ်စ္ႀကီးလိုက္သလဲဆိုတာ ကိုယ္အသိဆံုး။ကိုယ့္ကိုေတာင္သူငယ္ခ်င္းဆိုတဲ့စိတ္နဲ႔ဘယ္ေလာက္ထိခ်စ္ေပးခဲ့သလဲ။လက္ထပ္ဖို႔မျဖစ္ႏိုင္ခဲ့တာကလြဲရင္ ကိုယ္ေတြႏွစ္ေယာက္က အေဖာ္ေကာင္းမ်ားျဖစ္ႏိုင္ၾကသည္။
''ေတြးမေနပါနဲ႔ေတာ့ဟယ္။ေနာက္ေတာ့သူလည္းသိမွာပါ။နင္လည္းျပန္လာခ်င္ျပန္လာေပါ့။သြားတာႏွစ္မွမနည္းေတာ့တာ။''
''ေအး...ဒါေပမဲ့ ျပန္လာလို႔ ငါတို႔ကိစၥကိုအစျပန္လုပ္ေနရင္ေရာ''
ထိုအခ်က္ကလည္း ႐ွိေသးသည္။ႏွစ္ေယာက္လံုးလူလြတ္ေပမို႔ မိဘေတြစိတ္ထဲ လက္ထပ္ဖို႔ကိစၥသာ ခလုတ္တုိုက္ေနၾကမွာအမွန္။ကိုယ္ေတြအသက္ကလည္း ၃၀ကိုေတာင္၁စြန္းလုလု မဟုတ္လား။ကေလး႐ူးေနသည့္ကိုယ့္အတြက္ ဒီအသက္အရြယ္က ကေလးယူဖို႔ေတာင္ ေနာက္က်ေနၿပီေျပာရေပမည္။အခ်စ္အတြက္မဟုတ္လည္းပဲ ရင္ေသြးေလးအတြက္ေတာ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ခ်င္ခဲ့ဖူးသည္။Single mom အေနနဲ႔ ဘဝကိုေလ်ွာက္လွမ္းရန္အထိ ကေလးကို႐ူးသြပ္သူမို႔ အခ်စ္မပါေသာအိမ္ေထာင္ေရးကို တည္ေဆာက္ဖို႔ရာလည္း ကိုယ့္အတြက္ဝန္ေလးစရာမဟုတ္ေခ်။
ကိုယ္ကိုင္ေနက် ဖုန္းကတ္ကို အေၾကာင္းအရာတစ္ခုေၾကာင့္ ျဖဳတ္သိမ္းထားခဲ့ၿပီး ျမတ္နဲ႔လည္း လံုးဝအဆက္အသြယ္ျပတ္သြားခဲ့သည္။ေျပာင္းလဲကိုင္ေသာဖုန္းနံပါတ္ကို တကူးတကေပးရေအာင္လည္း ျမတ္နဲ႔ကိုယ္က ဘာမွမသက္ဆိုင္သူေတြပဲေလ။
''.....''
ဝင္လာေသာ ဖုန္းနံပါတ္ေလးဟာ ျမင္ဖူးေနက်ဆိုေပမဲ့ ဟုတ္ရဲ႕လားကိုယ္မသိ။
''ဟဲလို...''
အသံကို ၾကားရံုျဖင့္ ျမတ္ဆိုတာေသခ်ာသည္။ဒီဖုန္းနံပါတ္ကို ဘယ္ကေနဘယ္လိုရသြားပါလိမ့္။
''ဖုန္းကို ဘယ္လိုသိလဲ''
''ဘယ္လိုသိသိေပါ့။ဟိုဖုန္းက လံုးဝမကိုင္ေတာ့ဘူးလား''
''အင္း...ဟုတ္တယ္။အခ်ိန္တစ္ခုေပါ့။အေျခအေနေအးခ်မ္းသြားရင္ေတာ့ ျပန္သံုးမွာပါ''
''အင္း..ေကာင္းပါတယ္။ခုခ်ိန္က အဆက္အသြယ္မ႐ွိတာအေကာင္းဆံုးပဲ။အဆင္ေရာေျပတယ္မဟုတ္လား။ခုဘယ္မွာေနေနလဲ။အိမ္ကို ျပန္ေနပါလားလို႔။''
ျမတ္ဆိုလိုေသာ အိမ္ဟာ ကိုယ့္အိမ္ကိုေျပာတာမဟုတ္ဘဲ နယ္က ျမတ္ရဲ႕အိမ္ကို ဆိုလိုျခင္းျဖစ္သည္။ရန္ကုန္မွာေနရတာကို တစ္ခုခုျဖစ္မွာ စိုးရိမ္ေနတာထင္ပါရဲ႕။
''အဆင္ေျပပါတယ္၊ခု ေမေမတို႔အိမ္မွာ။''
''ဪ...အင္းပါ။ေယာကၡမကိုလည္း တည့္ေအာင္ေနဦး။''
ကိုယ္ကေလ သူစိမ္းနဲ႔ဆို အဆင္ေျပေပမဲ့ ကိုယ့္အိမ္မွာဆိုရင္ေတာ့ အရာရာေခ်းမ်ားၿပီး ဇီဇာေၾကာင္လြန္းတာမို႔ အိမ္သားမ်ားႏွင့္ အဆင္မေျပ။ဒါကိုလည္း ျမတ္က ေနာေက်ေနၿပီးသား။အေဖနဲ႔အဆင္ေျပေအာင္ မၾကာခဏဆိုသလို ေခ်ာ့ေမာ့ေျပာခဲ့သူကလည္းျမတ္ပဲကိုး။
''ဒီဖုန္းကို ဘယ္လိုရလဲ''
''ဒီလိုပဲေပါ့။ဟိုဖုန္းကို ဆက္တိုက္ဆက္ေပမဲ့ စက္ပိတ္ထားတယ္ဆိုလို႔ ဒီဖုန္းကိုမရမက႐ွာထားတာ။ဟိုဖုန္း ျပန္ဖြင့္ၾကည့္ရင္ ကိုယ့္miss callေတြအမ်ားႀကီးထြက္လာလိမ့္မယ္''
ကိုယ္ ျပံဳးမိသည္။ဘာေၾကာင့္ရယ္ေတာ့မသိ။ျမတ္စကားကိုနားေထာင္ေနရင္းနဲ႔ကို ကိုယ္ျပံဳးခ်င္လာတာျဖစ္သည္။ယခုကိုယ့္အေျခအေနဟာ သိပ္ၿပီးအဆင္ေျပလွသည္မဟုတ္ေသာ္လည္း ျမတ္အသံကိုၾကားလိုက္ရရံုျဖင့္ အေတာ္ကိုလံုျခံဳေႏြးေထြးသြားေလၿပီ။
''နင့္ေကာင္မေလးေရာ''
''ျပတ္သြားၿပီ။''
ျမတ္အသံက ေအးရာေအးေၾကာင္းပင္။
''တကယ္ေျပာေနတာလား''
''အင္း.. တကယ္။ကိုယ္ ညႇိႏိုင္သေလာက္ညႇိခဲ့ၿပီးၿပီ။ဒါေပမဲ့ရမွမရေတာ့ လမ္းခြဲလိုက္ၿပီ''
ျမတ္နားမွာ တျခားမိန္းကေလးမ႐ွိေတာ့ဘူးဆိုတဲ့အသိက ကိုယ့္ကိုေပ်ာ္ေစသည္ဆိုေသာ္ျငား သူ႔ေကာင္မေလးေပမို႔ သူလည္းစိတ္ေကာင္းမည္မထင္။
''အဆင္ေရာေျပရဲ႕လား ျမတ္''
''ကိုယ္က ေျပပါတယ္။အန္တီသာ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္။တစ္ခုခုအဆင္မေျပရင္ ရြာသာျပန္လာခဲ့ေနာ္။ကိုယ္မ႐ွိေပမဲ့ အေမေရာအေဖေရာ႐ွိတယ္''
ေလလိႈင္းထဲက အသံေလးတစ္ခုဆိုေပသိ ဘယ္ေလာက္ေတာင္အားအင္ျဖစ္ၿပီး ေႏြးေထြးလိုက္သလဲ။ျမတ္ဆိုတဲ့လူသားဟာ ကိုယ့္အတြက္ တကယ့္ကိုအရာရာပါ။
#
လက္႐ွိအေျခအေနအရ ကိုယ့္မွာအလုပ္မ႐ွိ။အေၾကာင္းတစ္ခုေၾကာင့္ အလုပ္နားလိုက္ရၿပီး အိမ္၌ ထိုင္စားဘဝျပန္ေရာက္ေနေလသည္။ခ်မ္းသာသည့္အသိုင္းအဝိုင္းမဟုတ္သလို၊တျခားေသာပူပင္စရာကိစၥေတြလည္း႐ွိေနေလေတာ့ တစ္ခါတရံ လူက႐ူးေတာင္႐ူးခ်င္သည္။
''ကိုယ္တို႔ ျပန္တြဲၾကမလား။ကိုယ္ အခု မိန္းမတစ္ေယာက္ကို ေစာင့္ေ႐ွာက္ႏိုင္ပါၿပီ။''
ရင္ထဲလိႈက္ခနဲတက္လာသည့္စိတ္ကေလ စကားေတာင္ ဆက္ေျပာဖို႔ ဆြံ႔အသြားရ၏။
''ဟာ...မဟုတ္တာေတြ ေျပာျပန္ၿပီ။နင္မူးေနျပန္တာလား''
ဒီလိုစကားေတြကို ေျပာရဲသည့္အခ်ိန္က ျမတ္ေသာက္ထားသည့္အခ်ိန္မွာသာ ျဖစ္သည္။
''ျဖစ္ရတယ္ဗ်ာ။လူကိုမ်ားအရက္သမားထင္ေနသလားမသိ''
''ဟုတ္တယ္ေလ...နင္ကမူးလာမွ ငါ့ကိုအဲ့လိုစကားေတြလာလာေျပာတာမဟုတ္ဘူးလား။ၿပီးရင္မနက္လည္းက်ေရာ ေမ့ေရာ''
ကိုယ့္ရဲ႕တံု႔ျပန္စကားေၾကာင့္ ျမတ္ရယ္ေတာ့သည္။တကယ္လည္း ထိုသို႔ကျဖစ္ေနက်မဟုတ္လား။
''တကယ္မမူးဘူးဗ်။ကိုယ္ခုမွအလုပ္ကျပန္လာေနတာကို ဘယ္နားမွာဝင္ေသာက္ရမွာလဲ''
''မသိဘူး။မမူးဘူးဆိုလည္း ဂ႐ုစ္ိုက္ျပန္။ဒါပဲ''
''မနက္မွ ကိုယ္ထပ္ဆက္မယ္၊ဒီေလသံကိုမွတ္ထား''
ကိုယ္ကေတာ့ ျမတ္မူးေနသည္ဟုသာထင္သည္။မနက္မွ ကိုယ္ညကမူးေနတာဆိုၿပီးလာေျပာလို့ကေတာ့ ရန္ကိုေတြ႔လႊတ္ပစ္လိုက္ဦးမည္။
#
''.....''
မနက္၇နာရီဝန္းက်င္သာသာ။ကိုယ္ေတာင္အိပ္ရာထဲ၌သာ႐ွိေသး၏။
''ဟဲလို...''
''အိပ္ခ်င္မူးတူးနဲ႔ကြာ..ၾကားလားကိုယ့္အသံ''
''အင္း..ၾကားတယ္။ဘာလဲ ေစာေစာစီးစီးမူးေနျပန္တာလား''
''ဟာကြါ။ခု ကားေပၚမွာ။ကိုယ္အလုပ္သြားေနတာ။ဘယ္ႏွယ့္လူကို မူးေနတယ္ပဲစြပ္စြဲေနရတာလဲ''
''နင္ကမဟုတ္တာေတြ ေျပာေနတာကိုး။ငါကမူးတယ္ပဲထင္တာေပါ့''
''တစ္ခါတေလေလမ်ား လူကိုအေကာင္းျမင္ပါဦးဗ်ာ။ထားေတာ့ထားေတာ့။ခုအိပ္ရာမထေသးဘူးမဟုတ္လား။ဆက္အိပ္လိုက္ဦး။ကိုယ္ ညေနျပန္မွ ထပ္ဆက္လိုက္မယ္။အရက္မူးတဲ့အသံဟုတ္မဟုတ္ အတည္ျပဳခိုင္းတာ ခင္ဗ်ားေလးကို''
ဆက္အိပ္ဦး ေျပာေပမဲ့ ကိုယ္ကေတာ့မ်က္စိေၾကာင္သြားခဲ့ေလၿပီ။ညကမူးမေနဘူးဆိုေတာ့ ေျပာသြားသည့္စကားကိုအတည္မွတ္ရေတာ့မည့္အေျခအေန။တကယ္ပဲ ျမတ္ကကိုယ္နဲ႔ျပန္တြဲခ်င္ခဲ့တာလား။
#
ညေနျပန္ဆက္မည္ေျပာၿပီး ဖုန္းဝင္မလာသည့္အခါ စိတ္ပူမိသူက ဂဏွာမၿငိမ္ေတာ့။၇နာရီကလည္းထိုးလုလုျဖစ္ေနသလို တိုင္းျပည္ကလည္းအေျခအေနအမ်ိဳးမ်ိဳးရယ္ေၾကာင့္ ကိုယ္သည္းခံၿပီးေစာင့္မေနႏိုင္ေတာ့ေပ။
''ဟဲလို..ျမတ္''
''ကိုယ္ ခုမွကားေပၚကဆင္းတာမို႔လို႔။အိမ္ေရာက္ရင္ျပန္ေခၚမယ္ေနာ္။''
အက်ိဳးအေၾကာင္းေလးသိရရင္ စိတ္ကေအးေသးတာေပါ့။ဖုန္းကိုင္ကာေစာင့္ေနရင္း နာရီဝက္ခန္႔ၾကာေတာ့ ျမတ္ဆီမွ ဖုန္းျပန္ဝင္လာသည္၊
''ျပန္ေရာက္ပါၿပီခင္ဗ်''
''အင္း...ေရာက္ရင္ၿပီးေရာ...ငါကစိတ္ပူေနတာ''
''အင္း ကိုယ့္ကိုစိတ္ပူတယ္ေပါ့''
ေမးေနတဲ့ေလသံေလးကေလ အနားမွာသာ႐ွိေနရင္ ဘယ္ေလာက္ေတာင္ ကိုယ္႐ွက္ေနလိမ့္မလဲ။
''ခုမွစိတ္ပူတာမို႔လို႔လား။အထူးတဆန္းလုပ္ၿပီးလာေမးေနေသးတယ္။''
''အင္း..ကိုယ့္ကိုခ်စ္တာ ကိုယ္သိပါတယ္၊ကိုယ္ကလည္း မခ်စ္ခ်စ္ေအာင္ ေနတတ္တာကိုး။ေနာ္''
ဟိုးအရင္က ျမတ္ကို ကိုယ္ျပန္ရ႐ွိလိုက္သလိုခံစားေနရသည္။ငယ္ငယ္က ျမတ္ဟာ ယခုလိုပင္သြက္လက္ေနၿပီး သူျဖစ္ခ်င္တာ၊ေျပာခ်င္တာဆို ဘယ္သူ႔မ်က္ႏွာမွမၾကည့္ဘဲေျပာတတ္သူျဖစ္သည္။ေနာက္ပိုင္း ကိစၥေပါင္းမ်ားစြာနဲ႔ၾကံဳရၿပီးမွ ခံစားခ်က္ကို သိုသိပ္တတ္ေသာသူအျဖစ္ႀကီးျပင္းလာရျခင္းသာ။
''ကိုယ္ေျပာထားတဲ့ကိစၥ''
''ဘာလဲ..ေပါက္ကရေျပာျပန္ၿပီ။လက္႐ွိအေနအထားကအေကာင္းဆံုးပဲ ျမတ္''
ျမတ္နဲ႔အတူ ျပန္ၿပီးမ႐ွင္သန္လိုတာမဟုတ္ေသာ္လည္း အေတြးေပါင္းေသာင္းေျခာက္ေထာင္၊အေၾကာက္တရားေပါင္းမ်ားစြာေၾကာင့္ ကိုယ္မတံု႔မဆိုင္းသာ ျငင္းျဖစ္ခဲ့သည္။
''ဘာလို႔ မဟုတ္ရမွာလဲ၊ဘာေတြေတြးပူေနတာလဲ။''
''ငါက အသက္ႀကီးေနၿပီေလ ျမတ္ရယ္။နင္က အခုမွ၂၀စြန္းရံုေလးတင္ပါ..ငါ''
ကိုယ္တကယ္ေၾကာက္ပါသည္၊ကိုယ့္ေၾကာင့္ ျမတ္ဘဝ အတားအဆီးျဖစ္မွာ၊လူေျပာခံရမွာမ်ိဳး ကိုယ္အင္မတန္ေၾကာက္မိပါ၏၊
''အသက္က ပါလာျပန္ၿပီ။အရင္ကတည္းကလည္း အသက္ကကြာတာပဲေလ။ဘာအေရးႀကီးလို႔လဲ။ကိုယ့္အသက္က ခုဆယ္ေက်ာ္သက္ေလးမဟုတ္ဘူး၊၂၄ျပည့္ေတာ့မွာ''
''ငါက ၃၁ေနာ္ျမတ္။အရြယ္ငယ္ငယ္နဲ႔ေသြးဆံုးတတ္တာမ်ိဳးဆို ငါကနီးေနၿပီေတာင္ေျပာလို႔ရတယ္''
အမ်ိဳးသမီးမ်ားရဲ႕ ေသြးသားတည္ေဆာက္မႈဟာ အခ်ိန္အကန္႔အသတ္ျဖင့္ပါလာၿပီးသားျဖစ္သည္၊ကိုယ့္အဖြားက ၃၀ေက်ာ္မွာတင္ ေသြးသားၿပီးဆံုးသြားခဲ့တာမို႔ ကိုယ္လည္းထိုသို႔မျဖစ္ပါဟုမေျပာႏိုင္ေပ။
''ေသြးဆံုးေတာ့ေရာ ဘာျဖစ္လို႔လဲ၊အေမနဲ႔အေဖေတာင္ ခုအရြယ္ထိခ်စ္ခ်စ္ခင္ခင္ေနေနၾကတာပဲေလ။အဲ့ဒါေတြကအေရးမႀကီးပါဘူး။''
''မႀကီးဘဲေနမလား။ေသြးဆံုးရင္ ကေလးမရေတာ့ဘူးဟဲ့သိရဲ႕လား''
ထိုအေၾကာင္းအရာေတြကို ေယာက်ာ္းေလးတစ္ေယာက္ဆီေျပာသင့္မေျပာသင့္ ဆင္ျခင္ရမွာဆိုေပမဲ့ ျမတ္ကေတာ့သိတတ္စကတည္းက ကိုယ့္ရက္ကိုမွတ္ေပးထားၿပီး ေနထိုင္သြားလာမႈကအစ သတိထားေပးခဲ့သူမို႔ မထူးဆန္းေတာ့ေပ။
''ဒါေၾကာင့္ အခ်ိန္မဆြဲဖို႔ေျပာေနတာေလကြာ။လက္ထပ္ၿပီးတာနဲ႔ ကေလးယူဖို႔ကိုအရင္ဆံုးႀကိဳးစားရမွာ။တစ္ေယာက္ေလာက္ေတာ့ ကိုယ္တို႔ေမြးၾကမယ္ေလ''
သူ႔စိတ္ကူး၊သူ႔အေတြးေလးထဲ ကိုယ္ပါ ေပ်ာ္ဝင္မိလာသည္။သို႔ေသာ္လည္း...
''နင္နဲ႔ရြယ္တူသာ ႐ွာယူစမ္းပါဟာ။အသက္ႀကီးႀကီးမိန္းမတစ္ေယာက္က ဘာမွေကာင္းမေနဘူး။ၿပီးေတာ့ အခ်ိဳ႕ကိစၥေတြက ေနာက္ေၾကာင္းျပန္လွည့္လို႔မေကာင္းပါဘူးျမတ္ရာ''
တစ္ခြန္းျငင္းတိုင္း တစ္ခါနာက်င္ေနရသည့္ကိုယ့္အျဖစ္ကို ကိုယ္သာသိသည္။ဘာကိုမွမေတြေဝဘဲ၊မစဥ္းစားဘဲ လက္ခံေပးလိုက္ႏိုင္ရင္ ဘယ္ေလာက္ေတာင္ေကာင္းမလဲ။
#
''ကိုယ္ေလ သိပ္ကိုပင္ပန္းခဲ့တယ္။အတတ္ႏိုင္ဆံုးသည္းခံၿပီး မျပတ္ေအာင္ ႀကိဳးစားခဲ့ေပမဲ့ အေျခအေနေတြကတူကိုတူမေနဘူး။ကိုယ္ေတြတုန္းကေလ ႏွစ္ေယာက္ၾကားမွာ ဘာအတၱမွ႐ွိမေနခဲ့ဖူးေလ''
''အင္း..ဟုတ္တယ္ေနာ္''
သံေယာဇဥ္အခံေၾကာင့္လား၊အသက္အရြယ္ကြာဟျခင္းေၾကာင့္လားမသိ။ကိုယ္နဲ႔ျမတ္နဲ႔ၾကားမွာ မည္သည့္ ျပသနာမွ မ႐ွိခဲ့ဖူးေပ။
''ကိုယ့္အခ်စ္ဦးေလးကလည္း ကိုယ့္ကို စိတ္ေကာက္တာ၊စိတ္ဆိုးတာမ႐ွိခဲ့ဘူးေလ။ေခ်ာ့ရတယ္ဆိုတာလည္း ႐ွားမွ႐ွားမဟုတ္လား။''
''ဒါကေတာ့ နင္ကိုယ္တိုင္ကလည္း လိမၼာခဲ့တာကိုး။ငါမႀကိဳက္တာဘာမွမလုပ္မွေတာ့ ငါကစိတ္ဆိုးေနစရာလိုမလားဟယ္။ၿပီးေတာ့တစ္ခု႐ွိတာက ငါက နင့္ကိုငယ္ငယ္ကတည္းကရင္းႏွီးလာတာမို႔ နင့္အေၾကာင္းသိေနတာလည္းပါမွာေပါ့''
ကိုယ္တို႔ၾကားမွာ တည္ေဆာက္ခဲ့သည့္သံေယာဇဥ္က တစ္ရက္၊တစ္လ၊တစ္ႏွစ္မွ မဟုတ္ဘဲဆိုေတာ့ ျမတ္ရဲ႕မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္ရံုျဖင့္ အခ်ိဳအခါးသိႏိုင္သည့္စြမ္းရည္ကအလိုလို႐ွိၿပီးသားပင္။
''အဲ့တုန္းကေလ ပါးေလးနမ္းရတာကိုေတာင္ဘဝႀကီးလို႔ထင္ခဲ့တာ။ဒီထက္ပိုၿပီး ဘာမွကိုေလာဘမတက္ရက္ခဲ့တဲ့အထိ ျမတ္ႏိုးတာ''
''ၫြန္းလိုက္တာဟယ္''
''တကယ္ေျပာေနတာ။ကိုယ့္ဘဝမွာ အေမၿပီးရင္ အခ်စ္ဆံုးမိန္းမဆိုတာ တစ္ေယာက္တည္းပဲ။အခ်စ္ဆိုတာဘာမွန္းမသိခင္အရြယ္ကတည္းကေန ခုထိ အခ်စ္ဦးတစ္ေယာက္တည္းကိုပဲ ရင္ထဲ႐ွိခဲ့တာ။''
ကိုယ္ယံုပါသည္။ခ်စ္ေၾကာင္းခင္ေၾကာင္းမၾကာခဏမေျပာခဲ့ဖူးေသာ္လည္း ျမတ္ရဲ႕အျပဳအမူမ်ားမွတဆင့္ သူ႔ေမတၱာတရားကစစ္မွန္ေၾကာင္း အခါခါသက္ေသျပခဲ့ၿပီးသားပင္။
''ခုေတာ့ သင့္ေတာ္တဲ့အိမ္ေထာင္ဘက္နဲ႔ေတြ႔ပါျမတ္ရာ။ေနာ္''
''ခုေျပာေနတယ္ေလ...ကိုယ့္မိန္းမမျဖစ္ေပးခ်င္ဘူးလား။''
ျငင္းဆန္သူႏွင့္ ေတာင္းဆိုသူႏွစ္ဦးၾကား ခိုင္မာေနသည့္ေမတၱာတရားကလည္း ဘယ္ဘက္မွအေလးမသာဘဲတည္႐ွိေနေလသည္၊
''အရင္ကက် ဘာလို႔မတားခဲ့သလဲ ။ဟင္..ျမတ္''
''ကိုယ့္အေျခအေနက ဘာမွန္းမသိဘူးေလ။ဘာျဖစ္မယ္မသိေသးတဲ့ဘဝတစ္ခုထဲ ကိုယ္ခ်စ္တဲ့သူကို ဆြဲေခၚရက္ပါ့မလား''
ဝရံတာဘက္မွ ေလအေဝွ့ဟာ ကိုယ့္မ်က္ႏွာေပၚတည့္တည့္တိုက္ခတ္ေနသည္၊မ်က္လံုးအိမ္က မ်က္ရည္ကက်ခ်င္ခ်င္ျဖစ္လာသည္အထိတိုက္ခတ္ေနတာမ်ား ေတာ္ေတာ္ဆိုးဆိုး။
''ငါက ဘာမွမက္ခဲ့တဲ့မိန္းမမဟုတ္တာနင္သိသင့္တယ္ေလ။ငါ့အတြက္ နင္ပဲလိုအပ္ခဲ့တာ၊နင့္အနားမွာ႐ွိေနရင္ကို ေက်နပ္ခဲ့တဲ့မိန္းမပါ။မဂၤလာအခမ္းအနားေတြလည္း ငါမလုပ္ခ်င္ခဲ့ဖူးဘူး။မေတာင့္တခဲ့ဖူးပါဘူး''
''ဘာလို႔ကိုယ့္ကိုမေျပာခဲ့သလဲ။ကိုယ္က မဂၤလာေတာင္ေကာင္းေကာင္းမေဆာင္ေပးႏိုင္မွာစိုးရိမ္ခဲ့တာေလ''
ခပ္နာနာသာ ထု႐ိုက္ပစ္လိုက္ခ်င္သည္။ကိုယ့္ကိုအက်ိဴးအေၾကာင္းေလးေတာင္မေမးပါဘဲ သူ႔အေတြးႏွင့္သူ လုပ္ခ်င္တာလုပ္ခဲ့လို႔ ႏွစ္ေယာက္စလံုးနာက်င္ခဲ့ၾကရျခင္းသာ။
''ခုမွေတာ့ ျပန္မစခ်င္ပါနဲ႔ေတာ့။ငါ ထပ္ၿပီးမပင္ပန္းခ်င္ေတာ့ဘူး''
''ဒီကလူေတြကို ရင္ဆိုင္ဖို႔ခက္တယ္ဆိုရင္ ကိုယ္တို႔တျခားေနရာထြက္သြားၾကမယ္ေလ။ကိုယ့္ကို ယံုေပးလို႔မရဘုူးလား''
ၿပီးတာၿပီးပါေစေတာ့လို႔သာေျပာၿပီး ဆက္သြယ္မႈကို ကိုယ္ျဖတ္ေတာက္ပစ္လိုက္ေတာ့သည္။
#
''ကိုယ္ဘာမွမေမ်ွာ္လင့္ပါဘူး။ႏွစ္ေယာက္အတူတူေနခ်င္တယ္။ဟင္းေတြအတူခ်က္စားၾကမယ္၊ခရီးေတြအတူသြားၾကမယ္ ''
ဖုန္းထဲကိုဝင္လာျပန္သည့္စာလႊာေလး။ဒီရက္ပိုင္းမွာ ဒီစကားေတြကိုသာ ဆက္တိုက္ေျပာေနေပမဲ့ကိုယ္ကေတာ့ ျငင္းျမဲျငင္းဆဲပင္။
''ခရီးကေတာ့ ခုသြားခ်င္ခုရတာပဲ။နင္အဆင္ေျပတယ္ဆို ေအးခ်မ္းတဲ့တစ္ေန႔သြားၾကမယ္''
''ကိုယ္နဲ႔ႏွစ္ေယာက္တည္းအတူသြားရဲတာလား''
ျမတ္ေနရာမွာတျခားတစ္ေယာက္ဆိုရင္ေတာ့ ကိုယ့္အေျဖဟာတစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြားႏိူင္သည္။
''နင့္ကိုငါ ယံုပါတယ္''
ယံုၾကည္ရေလာက္တဲ့အရည္အေသြးသည္လည္း ျမတ္ထံမွာ႐ွိေနၿပီးသားျဖစ္သလို အထူးတလည္႐ွာေဖြေနစရာမလို။
''အင္း သြားၾကမယ္။ေအးတဲ့ေဒသေလးကိုသြားမယ္ေနာ္။ဒါေပမဲ့ တစ္ခန္းတည္းအိပ္လို႔အဆင္ေျပပါ့မလား။ဒါေၾကာင့္ ကိုယ့္ကိုလက္ခံပါလို႔ေျပာေနတာကို''
ဘယ္ကေန စစ အဆံုးသတ္ကေတာ့ ထိုေနရာမွာပင္။ဒီကလည္း ေခါင္းညိတ္ခ်င္ေနတာ တစ္ပိုင္းမကေတာ့ေသာ္လည္း ျမတ္ကိုထိုးလာမည့္လက္ညိ္ူးမ်ားစြာကို တားဆီးခ်င္၍သာ ေပေတၿပီးေတာင့္ခံေနျခင္းျဖစ္သည္။
''ငါေလ နင့္ကိုခ်စ္တယ္ဆိုေပမဲ့ ဟို...အိမ္ေထာင္ေရးကိစၥေတြအထိ ငါမေတြးဖူးဘူး''
''ယူၿပီးရင္ေတာ့ ဒီကိစၥေတြက ႐ွိလာမွာေလ''
ဘာစာလံုးကိုသံုးၿပီး ဘယ္လိုေဖာ္ျပရမယ္ကိုယ္မသိ။ျမတ္ကိုခ်စ္ခဲ့ေသာအခ်စ္မွာ ထိုအဆင့္ေတြအထိေတြးမထားခဲ့တာေသခ်ာသည္။
''ငါက အဆင္မေျပဘူးဆိုရင္ေရာ...''
''ႏွစ္အၾကာႀကီးေတာင္ေစာင့္လာၿပီးမွပဲဗ်ာ။ကိုယ္ ေစာင့္ႏိုင္ပါတယ္။အဆင္ေျပတဲ့အခ်ိန္ထိေစာင့္မယ္။ဒီလိုကိစၥဆိုတာ အတင္းအက်ပ္လုပ္ရတာမ်ိဳးမွမဟုတ္ဘဲေလ''
ကိုယ့္ဘဝမွာေလ ျမတ္ကိုခ်စ္ခဲ့မိျခင္းက အမွန္ကန္ဆံုးလုပ္ရပ္ဟု ေျပာရေပမည္။ႏွစ္ေပါင္းမ်ားစြာၾကာသြားလည္းပဲ ျမတ္ရဲ႕ေမတၱာက မေျပာင္းမလဲတည္႐ွိေနဆဲပင္။
#
အလုပ္အကိုင္အတည္တက်ျဖစ္လာပါၿပီဆိုကာမွ ျမတ္တစ္ေယာက္ နယ္ကိုျပန္ဖို႔အေၾကာင္းဖန္လာျပန္သည္။ဒီတစ္ႀကိမ္မွာေတာ့ ျမတ္ကျပန္လိုျခင္းမဟုတ္ဘဲ ကိုယ္က တိုက္တြန္းမိျခင္းျဖစ္သည္။အနားယူေစခ်င္တာေရာ၊ရန္ကုန္မွာျဖစ္ေနတဲ့ကိစၥရပ္ေတြေၾကာင့္ေရာဆိုပါေတာ့။ကိုယ္ေျပာရင္ သိပ္ၿပီးမျငင္းဆန္တတ္သည့္ျမတ္ကေတာ့ အသာတၾကည္ပင္ ျပန္သြားခဲ့ေလၿပီ။
ရန္ကုန္မွာေနစဥ္ကလို ဖုန္းေသခ်ာမေျပာျဖစ္ေတာ့ေပမဲ့ စာေတာ့မပ်က္ပို႔ျဖစ္ၾကသည္။နားေစလို၍ နယ္ျပန္ခိုင္းခဲ့ပါေသာ္လည္း ဆီးႀကိဳေနသည့္အလုပ္ေတြေၾကာင့္ ျမတ္တစ္ေယာက္နားခ်ိန္ေတာင္ ပိုမိုနည္းပါးသြားေသးသည္။
''ျပန္လာခဲ့ပါလား။အရင္လိုေလး ျပန္ေနခ်င္တယ္''
''အရင္လိုေလး တစ္ခါေလာက္ဖက္ထားခြင့္ရရင္ကို ေက်နပ္ပါတယ္ဗ်ာ။တကယ္ ခဏေလးပါ''
ကိုယ္စိတ္မေကာင္းပါ။ကိုယ္လည္းထိုအေနအထားကို မက္ေမာသည္။ျပန္လိုခ်င္သည္။သို႔ေသာ္လည္း ပတ္ဝန္းက်င္ဆိုတာ ပစ္ပယ္ထားလို႔မရေလေတာ့ ကိုယ့္အတြက္ကိုယ္မၾကည့္ေတာင္ ျမတ္အတြက္ေတာ့ ၾကည့္ရမည္။အသက္ႀကီးႀကီးမိန္းမတစ္ေယာက္ျဖစ္ရသည့္ၾကားထဲ၊ေယာက်ာ္းတစ္ေယာက္နဲ႔နာမည္ထြက္ၿပီးမွပ်က္ခဲ့ရေသာအမ်ိဳးသမီး။ဒီလိုအမ်ိဳးသမီးကိုသာ လက္ထပ္ရင္ အမ်ိဳးမ်ိဳးေသာကဲ့ရဲ႕မႈေတြ၊လက္ညိဳးထိုးေဝဖန္မႈေတြအားလံုးကို ျမတ္ ခံေရတာ့မွာ။
''ငါ..သူနဲ႔လက္ထပ္ေတာ့မွာ ျမတ္''
ဟင္ခနဲျဖစ္သြားသည့္ျမတ္ရဲ႕ေလသံကို ကိုယ္ၾကားျဖစ္ေအာင္ၾကားလိုက္ရသည္၊အရဲစြန္႔ကာ ေျပာခဲ့သည့္စကားေပမို႔ ကိုယ့္အသံသည္လည္းၿငိမ္သက္မေန။ဒုတိယအႀကိမ္ထပ္ၿပီး နာက်င္ေအာင္လုပ္မိၿပီမွန္းကိုယ္သိသည္။ကိုယ့္ကို အဆက္အသြယ္ျဖတ္ၿပီး ပစ္ထားေတာ့မွာလည္းကိုယ္ေၾကာက္ပါသည္။သို႔ေပသိ ထိုအေၾကာက္တရားအေၾကာင္းအရာမ်ားထက္ ျမတ္ကို လူေတြရဲ့တံေတြးခြက္ထဲ ေမ်ာမိသလိုျဖစ္မွာကိုယ္ပိုေၾကာက္မိပါ၏။
''ငါ့ကို ဘယ္သူဘာေျပာေျပာရတယ္ျမတ္။နင့္ကိုေတာ့ ငါနည္းနည္းေလးေတာင္ မထိခိုက္ေစခ်င္ဘူး ျမတ္ရာ။ငါ့ကိုနားလည္ေပးပါ''
#
Unicode
''ငျမတ္က သူ့ကောင်မလေးနဲ့ပုံတွေတင်တာများ ပလူတွေကိုပျံလို့''
ထိုစကားကို ကြားရလေတိုင်း ကိုယ့်ရင်တွေပေါက်ကွဲမတတ် နာကျင်ရပေသည်။ကိုယ် မမြင်အောင်လုပ်ထားသော်ငြား မြင်သူကပြောလာပြန်တော့ ကိုယ့်မှာ မကြားချင်လည်းကြားနေရသည့်အခြေအနေ။ဘာလိုလိုနဲ့ သူတို့တွဲလာတာ နှစ်ချီကြာလာလေပြီ။မြတ်ဆိုတဲ့ကောင်လေးက ရည်းစားတော့ မြဲအောင်တွဲပုံရပါရဲ့။ကိုယ်နဲ့တုန်းက အကြောင်းအရာများစွာကြောင့် လူမသိသူမသိချစ်လာကြရင်း ယခုကောင်မလေးကျမှ လူသိရှင်ကြားဖြစ်နေခြင်းအပေါ်လည်း ကိုယ်မကျေမနပ်ဖြစ်မိသည်။
ကိုယ်လည်းပဲ မြတ်ရဲ့ချစ်ဦးသူ၊မြတ်ရဲ့သက်ဆိုင်သူအနေဖြင့် မဏ္႑ိုင်တိုင်တက်ပြချင်ခဲ့သလို ဘယ်လောက်အချစ်ခံခဲ့ရကြောင်း အရပ်ဆယ်မျက်နှာအနှံ့ ကြေညာမောင်းခတ်ပြောပြချင်သေး၏။သို့သော်လည်း စိတ္ကူးဟာ စိတ်ကူးသက်သက်သာဖြစ်ပြီး ကိုယ်သိပ်မြတ်နိုးသည့်မြတ်ကတော့ တပါးသူ၏ ရင်ခွင်ထဲမှာ ပြုံးရွှင်လျက် တည်ရှိနေပေသည်။
''ငါ ပြန်လာဖြစ်မယ်ထင်တယ်။''
အဆက်အသွယ်မပြတ်သော်လည်း အရင်လိုစကားမပြောဖြစ်သောကိုယ့်ရဲ့ရည်ရွယ်သူဆီမှ စာဝင်လာခြင်းဖြစ်သည်။ကိုယ်ကြားရသလောက်သတင်းတွေအရ သူနဲ့သူချစ်ရသူမိန်းကလေးတို့ အဆင်မပြေကြပေ။ကိုယ်နဲ့ရင်းနှီးခဲ့သောနှစ်အတိုင်းအတာ၊လက်ထပ်ဖို့စီစဉ်ခဲ့သည်များမှအစပြုလို့ မိန်းကလေးတစ်ယောက်ကို စေ့စပ်ပွဲဖျက်ခဲ့သည်ဆိုသောအကြောင်းပြချက်ဖြင့် လမ်းခွဲသွားခဲ့ပုံပင်။
''အေး..ပြန်လာပေါ့။ဟိုတစ်ယောက်ကရော''
''ပြီးသွားပါပြီ''
''ငါ...ရှင်းပြပေးရမလား''
''နေပါစေတော့ဟာ။သူက ဒီလိုထင်တော့လည်း ဒီလိုပေါ့။မတတ်နိုင်ဘူး''
အဖြစ်အပျက်တွေကို သေချာမသိပါဘဲ သူ့အပေါ်သာအပြစ်ဖို့သွားသည့်တိုင် သူကတော့အပြစ်မမြင်နိုင်ရှာမှန်းကိုယ်သိသည်။ဒီကောင်က ဘယ်လောက်တောင်အချစ်ကြီးလိုက်သလဲဆိုတာ ကိုယ်အသိဆုံး။ကိုယ့်ကိုတောင်သူငယ်ချင်းဆိုတဲ့စိတ်နဲ့ဘယ်လောက်ထိချစ်ပေးခဲ့သလဲ။လက်ထပ်ဖို့မဖြစ်နိုင်ခဲ့တာကလွဲရင် ကိုယ်တွေနှစ်ယောက်က အဖော်ကောင်းများဖြစ်နိုင်ကြသည်။
''တွေးမနေပါနဲ့တော့ဟယ်။နောက်တော့သူလည်းသိမှာပါ။နင်လည်းပြန်လာချင်ပြန်လာပေါ့။သွားတာနှစ်မှမနည်းတော့တာ။''
''အေး...ဒါပေမဲ့ ပြန်လာလို့ ငါတို့ကိစ္စကိုအစပြန်လုပ်နေရင်ရော''
ထိုအချက်ကလည်း ရှိသေးသည်။နှစ်ယောက်လုံးလူလွတ်ပေမို့ မိဘတွေစိတ်ထဲ လက်ထပ်ဖို့ကိစ္စသာ ခလုတ်တိုက်နေကြမှာအမှန်။ကိုယ်တွေအသက်ကလည်း ၃၀ကိုတောင်၁စွန်းလုလု မဟုတ်လား။ကလေးရူးနေသည့်ကိုယ့်အတွက် ဒီအသက်အရွယ်က ကလေးယူဖို့တောင် နောက်ကျနေပြီပြောရပေမည်။အချစ်အတွက်မဟုတ်လည်းပဲ ရင်သွေးလေးအတွက်တော့ အိမ်ထောင်တစ်ခုကို တည်ဆောက်ချင်ခဲ့ဖူးသည်။Single mom အနေနဲ့ ဘဝကိုလျှောက်လှမ်းရန်အထိ ကလေးကိုရူးသွပ်သူမို့ အချစ်မပါသောအိမ်ထောင်ရေးကို တည်ဆောက်ဖို့ရာလည်း ကိုယ့်အတွက်ဝန်လေးစရာမဟုတ်ချေ။
ကိုယ်ကိုင်နေကျ ဖုန်းကတ်ကို အကြောင်းအရာတစ်ခုကြောင့် ဖြုတ်သိမ်းထားခဲ့ပြီး မြတ်နဲ့လည်း လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်။ပြောင်းလဲကိုင်သောဖုန်းနံပါတ်ကို တကူးတကပေးရအောင်လည်း မြတ်နဲ့ကိုယ်က ဘာမှမသက်ဆိုင်သူတွေပဲလေ။
''.....''
ဝင်လာသော ဖုန်းနံပါတ်လေးဟာ မြင်ဖူးနေကျဆိုပေမဲ့ ဟုတ်ရဲ့လားကိုယ်မသိ။
''ဟဲလို...''
အသံကို ကြားရုံဖြင့် မြတ်ဆိုတာသေချာသည်။ဒီဖုန်းနံပါတ်ကို ဘယ်ကနေဘယ်လိုရသွားပါလိမ့်။
''ဖုန်းကို ဘယ္လိုသိလဲ''
''ဘယ်လိုသိသိပေါ့။ဟိုဖုန်းက လုံးဝမကိုင်တော့ဘူးလား''
''အင်း...ဟုတ်တယ်။အချိန်တစ်ခုပေါ့။အခြေအနေအေးချမ်းသွားရင်တော့ ပြန်သုံးမှာပါ''
''အင်း..ကောင်းပါတယ်။ခုချိန်က အဆက်အသွယ်မရှိတာအကောင်းဆုံးပဲ။အဆင်ရောပြေတယ်မဟုတ်လား။ခုဘယ်မှာနေနေလဲ။အိမ်ကို ပြန်နေပါလားလို့။''
မြတ်ဆိုလိုသော အိမ်ဟာ ကိုယ့်အိမ်ကိုပြောတာမဟုတ်ဘဲ နယ္က မြတ်ရဲ့အိမ်ကို ဆိုလိုခြင်းဖြစ်သည်။ရန်ကုန်မှာနေရတာကို တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာထင်ပါရဲ့။
''အဆင်ပြေပါတယ်၊ခု မေမေတို့အိမ်မှာ။''
''ဪ...အင်းပါ။ယောက္ခမကိုလည်း တည့်အောင်နေဦး။''
ကိုယ္ကေလ သူစိမ်းနဲ့ဆို အဆင်ပြေပေမဲ့ ကိုယ့်အိမ်မှာဆိုရင်တော့ အရာရာချေးများပြီး ဇီဇာကြောင်လွန်းတာမို့ အိမ်သားများနှင့် အဆင်မပြေ။ဒါကိုလည်း မြတ်က နောကျေနေပြီးသား။အဖေနဲ့အဆင်ပြေအောင် မကြာခဏဆိုသလို ချော့မော့ပြောခဲ့သူကလည်းမြတ်ပဲကိုး။
''ဒီဖုန်းကို ဘယ္လိုရလဲ''
''ဒီလိုပဲပေါ့။ဟိုဖုန်းကို ဆက်တိုက်ဆက်ပေမဲ့ စက်ပိတ်ထားတယ်ဆိုလို့ ဒီဖုန်းကိုမရမကရှာထားတာ။ဟိုဖုန်း ပြန်ဖွင့်ကြည့်ရင် ကိုယ့်miss callတွေအများကြီးထွက်လာလိမ့်မယ်''
ကိုယ် ပြုံးမိသည်။ဘာကြောင့်ရယ်တော့မသိ။မြတ်စကားကိုနားထောင်နေရင်းနဲ့ကို ကိုယ်ပြုံးချင်လာတာဖြစ်သည်။ယခုကိုယ့်အခြေအနေဟာ သိပ်ပြီးအဆင်ပြေလှသည်မဟုတ်သော်လည်း မြတ်အသံကိုကြားလိုက်ရရုံဖြင့် အတော်ကိုလုံခြုံနွေးထွေးသွားလေပြီ။
''နင့်ကောင်မလေးရော''
''ပြတ်သွားပြီ။''
မြတ်အသံက အေးရာအေးကြောင်းပင်။
''တကယ်ပြောနေတာလား''
''အင်း.. တကယ်။ကိုယ် ညှိနိုင်သလောက်ညှိခဲ့ပြီးပြီ။ဒါပေမဲ့ရမှမရတော့ လမ်းခွဲလိုက်ပြီ''
မြတ်နားမှာ တခြားမိန်းကလေးမရှိတော့ဘူးဆိုတဲ့အသိက ကိုယ့်ကိုပျော်စေသည်ဆိုသော်ငြား သူ့ကောင်မလေးပေမို့ သူလည်းစိတ်ကောင်းမည်မထင်။
''အဆင်ရောပြေရဲ့လား မြတ်''
''ကိုယ္က ပြေပါတယ်။အန်တီသာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်။တစ်ခုခုအဆင်မပြေရင် ရွာသာပြန်လာခဲ့နော်။ကိုယ်မရှိပေမဲ့ အမေရောအဖေရောရှိတယ်''
လေလှိုင်းထဲက အသံလေးတစ်ခုဆိုပေသိ ဘယ်လောက်တောင်အားအင်ဖြစ်ပြီး နွေးထွေးလိုက်သလဲ။မြတ်ဆိုတဲ့လူသားဟာ ကိုယ့်အတွက် တကယ့်ကိုအရာရာပါ။
#
လက်ရှိအခြေအနေအရ ကိုယ့်မှာအလုပ်မရှိ။အကြောင်းတစ်ခုကြောင့် အလုပ်နားလိုက်ရပြီး အိမ်၌ ထိုင်စားဘဝပြန်ရောက်နေလေသည်။ချမ်းသာသည့်အသိုင်းအဝိုင်းမဟုတ်သလို၊တခြားသောပူပင်စရာကိစ္စတွေလည်းရှိနေလေတော့ တစ်ခါတရံ လူကရူးတောင်ရူးချင်သည်။
''ကိုယ်တို့ ပြန်တွဲကြမလား။ကိုယ် အခု မိန်းမတစ်ယောက်ကို စောင့်ရှောက်နိုင်ပါပြီ။''
ရင်ထဲလှိုက်ခနဲတက်လာသည့်စိတ်ကလေ စကားတောင် ဆက်ပြောဖို့ ဆွံ့အသွားရ၏။
''ဟာ...မဟုတ်တာတွေ ပြောပြန်ပြီ။နင်မူးနေပြန်တာလား''
ဒီလိုစကားတွေကို ပြောရဲသည့်အချိန်က မြတ်သောက်ထားသည့်အချိန်မှာသာ ဖြစ်သည်။
''ဖြစ်ရတယ်ဗျာ။လူကိုများအရက်သမားထင်နေသလားမသိ''
''ဟုတ်တယ်လေ...နင်ကမူးလာမှ ငါ့ကိုအဲ့လိုစကားတွေလာလာပြောတာမဟုတ်ဘူးလား။ပြီးရင်မနက်လည်းကျရော မေ့ရော''
ကိုယ့်ရဲ့တုံ့ပြန်စကားကြောင့် မြတ်ရယ်တော့သည်။တကယ်လည်း ထိုသို့ကဖြစ်နေကျမဟုတ်လား။
''တကယ်မမူးဘူးဗျ။ကိုယ်ခုမှအလုပ်ကပြန်လာနေတာကို ဘယ်နားမှာဝင်သောက်ရမှာလဲ''
''မသိဘူး။မမူးဘူးဆိုလည်း ဂရုစ်ိုက်ပြန်။ဒါပဲ''
''မနက်မှ ကိုယ်ထပ်ဆက်မယ်၊ဒီလေသံကိုမှတ်ထား''
ကိုယ္ကေတာ့ မြတ်မူးနေသည်ဟုသာထင်သည်။မနက်မှ ကိုယ်ညကမူးနေတာဆိုပြီးလာပြောလို့ကတော့ ရန်ကိုတွေ့လွှတ်ပစ်လိုက်ဦးမည်။
#
''.....''
မနက်၇နာရီဝန်းကျင်သာသာ။ကိုယ်တောင်အိပ်ရာထဲ၌သာရှိသေး၏။
''ဟဲလို...''
''အိပ်ချင်မူးတူးနဲ့ကွာ..ကြားလားကိုယ့်အသံ''
''အင်း..ကြားတယ်။ဘာလဲ စောစောစီးစီးမူးနေပြန်တာလား''
''ဟာကြါ။ခု ကားပေါ်မှာ။ကိုယ်အလုပ်သွားနေတာ။ဘယ်နှယ့်လူကို မူးနေတယ်ပဲစွပ်စွဲနေရတာလဲ''
''နင်ကမဟုတ်တာတွေ ပြောနေတာကိုး။ငါကမူးတယ်ပဲထင်တာပေါ့''
''တစ်ခါတလေလေများ လူကိုအကောင်းမြင်ပါဦးဗျာ။ထားတော့ထားတော့။ခုအိပ်ရာမထသေးဘူးမဟုတ်လား။ဆက်အိပ်လိုက်ဦး။ကိုယ် ညနေပြန်မှ ထပ်ဆက်လိုက်မယ်။အရက်မူးတဲ့အသံဟုတ်မဟုတ် အတည်ပြုခိုင်းတာ ခင်ဗျားလေးကို''
ဆက်အိပ်ဦး ပြောပေမဲ့ ကိုယ်ကတော့မျက်စိကြောင်သွားခဲ့လေပြီ။ညကမူးမနေဘူးဆိုတော့ ပြောသွားသည့်စကားကိုအတည်မှတ်ရတော့မည့်အခြေအနေ။တကယ်ပဲ မြတ်ကကိုယ်နဲ့ပြန်တွဲချင်ခဲ့တာလား။
#
ညနေပြန်ဆက်မည်ပြောပြီး ဖုန်းဝင်မလာသည့်အခါ စိတ္ပူမိသူက ဂဏှာမငြိမ်တော့။၇နာရီကလည်းထိုးလုလုဖြစ်နေသလို တိုင်းပြည်ကလည်းအခြေအနေအမျိုးမျိုးရယ်ကြောင့် ကိုယ်သည်းခံပြီးစောင့်မနေနိုင်တော့ပေ။
''ဟဲလို..မြတ်''
''ကိုယ် ခုမှကားပေါ်ကဆင်းတာမို့လို့။အိမ်ရောက်ရင်ပြန်ခေါ်မယ်နော်။''
အကျိုးအကြောင်းလေးသိရရင် စိတ်ကအေးသေးတာပေါ့။ဖုန်းကိုင်ကာစောင့်နေရင်း နာရီဝက်ခန့်ကြာတော့ မြတ်ဆီမှ ဖုန်းပြန်ဝင်လာသည်၊
''ပြန်ရောက်ပါပြီခင်ဗျ''
''အင်း...ရောက်ရင်ပြီးရော...ငါကစိတ်ပူနေတာ''
''အင်း ကိုယ့်ကိုစိတ်ပူတယ်ပေါ့''
မေးနေတဲ့လေသံလေးကလေ အနားမှာသာရှိနေရင် ဘယ်လောက်တောင် ကိုယ်ရှက်နေလိမ့်မလဲ။
''ခုမှစိတ်ပူတာမို့လို့လား။အထူးတဆန်းလုပ်ပြီးလာမေးနေသေးတယ်။''
''အင်း..ကိုယ့်ကိုချစ်တာ ကိုယ်သိပါတယ်၊ကိုယ်ကလည်း မချစ်ချစ်အောင် နေတတ်တာကိုး။နော်''
ဟိုးအရင်က မြတ်ကို ကိုယ်ပြန်ရရှိလိုက်သလိုခံစားနေရသည်။ငယ်ငယ်က မြတ်ဟာ ယခုလိုပင်သွက်လက်နေပြီး သူဖြစ်ချင်တာ၊ပြောချင်တာဆို ဘယ်သူ့မျက်နှာမှမကြည့်ဘဲပြောတတ်သူဖြစ်သည်။နောက်ပိုင်း ကိစ္စပေါင်းများစွာနဲ့ကြုံရပြီးမှ ခံစားခ်က္ကို သိုသိပ်တတ်သောသူအဖြစ်ကြီးပြင်းလာရခြင်းသာ။
''ကိုယ်ပြောထားတဲ့ကိစ္စ''
''ဘာလဲ..ပေါက်ကရပြောပြန်ပြီ။လက်ရှိအနေအထားကအကောင်းဆုံးပဲ မြတ်''
မြတ်နဲ့အတူ ပြန်ပြီးမရှင်သန်လိုတာမဟုတ်သော်လည်း အတွေးပေါင်းသောင်းခြောက်ထောင်၊အကြောက်တရားပေါင်းများစွာကြောင့် ကိုယ်မတုံ့မဆိုင်းသာ ငြင်းဖြစ်ခဲ့သည်။
''ဘာလို့ မဟုတ်ရမှာလဲ၊ဘာတွေတွေးပူနေတာလဲ။''
''ငါက အသက်ကြီးနေပြီလေ မြတ်ရယ်။နင်က အခုမှ၂၀စွန်းရုံလေးတင်ပါ..ငါ''
ကိုယ်တကယ်ကြောက်ပါသည်၊ကိုယ့်ကြောင့် မြတ်ဘဝ အတားအဆီးဖြစ်မှာ၊လူပြောခံရမှာမျိုး ကိုယ်အင်မတန်ကြောက်မိပါ၏၊
''အသက္က ပါလာပြန်ပြီ။အရင်ကတည်းကလည်း အသက်ကကွာတာပဲလေ။ဘာအရေးကြီးလို့လဲ။ကိုယ့်အသက်က ခုဆယ်ကျော်သက်လေးမဟုတ်ဘူး၊၂၄ပြည့်တော့မှာ''
''ငါက ၃၁နော်မြတ်။အရွယ်ငယ်ငယ်နဲ့သွေးဆုံးတတ်တာမျိုးဆို ငါကနီးနေပြီတောင်ပြောလို့ရတယ်''
အမျိုးသမီးများရဲ့ သွေးသားတည်ဆောက်မှုဟာ အချိန်အကန့်အသတ်ဖြင့်ပါလာပြီးသားဖြစ်သည်၊ကိုယ့်အဖွားက ၃၀ကျော်မှာတင် သွေးသားပြီးဆုံးသွားခဲ့တာမို့ ကိုယ်လည်းထိုသို့မဖြစ်ပါဟုမပြောနိုင်ပေ။
''သွေးဆုံးတော့ရော ဘာဖြစ်လို့လဲ၊အမေနဲ့အဖေတောင် ခုအရွယ်ထိချစ်ချစ်ခင်ခင်နေနေကြတာပဲလေ။အဲ့ဒါတွေကအရေးမကြီးပါဘူး။''
''မကြီးဘဲနေမလား။သွေးဆုံးရင် ကလေးမရတော့ဘူးဟဲ့သိရဲ့လား''
ထိုအကြောင်းအရာတွေကို ယောကျာ်းလေးတစ်ယောက်ဆီပြောသင့်မပြောသင့် ဆင်ခြင်ရမှာဆိုပေမဲ့ မြတ်ကတော့သိတတ်စကတည်းက ကိုယ့်ရက်ကိုမှတ်ပေးထားပြီး နေထိုင်သွားလာမှုကအစ သတိထားပေးခဲ့သူမို့ မထူးဆန်းတော့ပေ။
''ဒါကြောင့် အချိန်မဆွဲဖို့ပြောနေတာလေကွာ။လက်ထပ်ပြီးတာနဲ့ ကလေးယူဖို့ကိုအရင်ဆုံးကြိုးစားရမှာ။တစ်ယောက်လောက်တော့ ကိုယ်တို့မွေးကြမယ်လေ''
သူ့စိတ်ကူး၊သူ့အတွေးလေးထဲ ကိုယ်ပါ ပျော်ဝင်မိလာသည်။သို့သော်လည်း...
''နင်နဲ့ရွယ်တူသာ ရှာယူစမ်းပါဟာ။အသက်ကြီးကြီးမိန်းမတစ်ယောက်က ဘာမှကောင်းမနေဘူး။ပြီးတော့ အချို့ကိစ္စတွေက နောက်ကြောင်းပြန်လှည့်လို့မကောင်းပါဘူးမြတ်ရာ''
တစ်ခွန်းငြင်းတိုင်း တစ်ခါနာကျင်နေရသည့်ကိုယ့်အဖြစ်ကို ကိုယ်သာသိသည်။ဘာကိုမှမတွေဝေဘဲ၊မစဉ်းစားဘဲ လက်ခံပေးလိုက်နိုင်ရင် ဘယ်လောက်တောင်ကောင်းမလဲ။
#
''ကိုယ်လေ သိပ်ကိုပင်ပန်းခဲ့တယ်။အတတ်နိုင်ဆုံးသည်းခံပြီး မပြတ်အောင် ကြိုးစားခဲ့ပေမဲ့ အခြေအနေတွေကတူကိုတူမနေဘူး။ကိုယ်တွေတုန်းကလေ နှစ်ယောက်ကြားမှာ ဘာအတ္တမှရှိမနေခဲ့ဖူးလေ''
''အင်း..ဟုတ်တယ်နော်''
သံယောဇဉ်အခံကြောင့်လား၊အသက်အရွယ်ကွာဟခြင်းကြောင့်လားမသိ။ကိုယ်နဲ့မြတ်နဲ့ကြားမှာ မည်သည့် ပြသနာမှ မရှိခဲ့ဖူးပေ။
''ကိုယ့်အချစ်ဦးလေးကလည်း ကိုယ့်ကို စိတ်ကောက်တာ၊စိတ်ဆိုးတာမရှိခဲ့ဘူးလေ။ချော့ရတယ်ဆိုတာလည်း ရှားမှရှားမဟုတ်လား။''
''ဒါကေတာ့ နင်ကိုယ်တိုင်ကလည်း လိမ္မာခဲ့တာကိုး။ငါမကြိုက်တာဘာမှမလုပ်မှတော့ ငါကစိတ်ဆိုးနေစရာလိုမလားဟယ်။ပြီးတော့တစ်ခုရှိတာက ငါက နင့်ကိုငယ်ငယ်ကတည်းကရင်းနှီးလာတာမို့ နင့်အကြောင်းသိနေတာလည်းပါမှာပေါ့''
ကိုယ်တို့ကြားမှာ တည်ဆောက်ခဲ့သည့်သံယောဇဉ်က တစ်ရက်၊တစ်လ၊တစ်နှစ်မှ မဟုတ်ဘဲဆိုတော့ မြတ်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရုံဖြင့် အချိုအခါးသိနိုင်သည့်စွမ်းရည်ကအလိုလိုရှိပြီးသားပင်။
''အဲ့တုန်းကလေ ပါးလေးနမ်းရတာကိုတောင်ဘဝကြီးလို့ထင်ခဲ့တာ။ဒီထက်ပိုပြီး ဘာမှကိုလောဘမတက်ရက်ခဲ့တဲ့အထိ မြတ်နိုးတာ''
''ညွန်းလိုက်တာဟယ်''
''တကယ်ပြောနေတာ။ကိုယ့်ဘဝမှာ အမေပြီးရင် အချစ်ဆုံးမိန်းမဆိုတာ တစ်ယောက်တည်းပဲ။အချစ်ဆိုတာဘာမှန်းမသိခင်အရွယ်ကတည်းကနေ ခုထိ အချစ်ဦးတစ်ယောက်တည်းကိုပဲ ရင်ထဲရှိခဲ့တာ။''
ကိုယ်ယုံပါသည်။ချစ်ကြောင်းခင်ကြောင်းမကြာခဏမပြောခဲ့ဖူးသော်လည်း မြတ်ရဲ့အပြုအမူများမှတဆင့် သူ့မေတ္တာတရားကစစ်မှန်ကြောင်း အခါခါသက်သေပြခဲ့ပြီးသားပင်။
''ခုတော့ သင့်တော်တဲ့အိမ်ထောင်ဘက်နဲ့တွေ့ပါမြတ်ရာ။နော်''
''ခုပြောနေတယ်လေ...ကိုယ့်မိန်းမမဖြစ်ပေးချင်ဘူးလား။''
ငြင်းဆန်သူနှင့် တောင်းဆိုသူနှစ်ဦးကြား ခိုင်မာနေသည့်မေတ္တာတရားကလည်း ဘယ်ဘက်မှအလေးမသာဘဲတည်ရှိနေလေသည်၊
''အရင်ကကျ ဘာလို့မတားခဲ့သလဲ ။ဟင်..မြတ်''
''ကိုယ့်အခြေအနေက ဘာမှန်းမသိဘူးလေ။ဘာဖြစ်မယ်မသိသေးတဲ့ဘဝတစ်ခုထဲ ကိုယ်ချစ်တဲ့သူကို ဆွဲခေါ်ရက်ပါ့မလား''
ဝရံတာဘက်မှ လေအဝှေ့ဟာ ကိုယ့်မျက်နှာပေါ်တည့်တည့်တိုက်ခတ်နေသည်၊မျက်လုံးအိမ်က မျက်ရည်ကကျချင်ချင်ဖြစ်လာသည်အထိတိုက်ခတ်နေတာများ တော်တော်ဆိုးဆိုး။
''ငါက ဘာမှမက်ခဲ့တဲ့မိန်းမမဟုတ်တာနင်သိသင့်တယ်လေ။ငါ့အတွက် နင်ပဲလိုအပ်ခဲ့တာ၊နင့်အနားမှာရှိနေရင်ကို ကျေနပ်ခဲ့တဲ့မိန်းမပါ။မင်္ဂလာအခမ်းအနားတွေလည်း ငါမလုပ်ချင်ခဲ့ဖူးဘူး။မတောင့်တခဲ့ဖူးပါဘူး''
''ဘာလို့ကိုယ့်ကိုမပြောခဲ့သလဲ။ကိုယ်က မင်္ဂလာတောင်ကောင်းကောင်းမဆောင်ပေးနိုင်မှာစိုးရိမ်ခဲ့တာလေ''
ခပ္နာနာသာ ထုရိုက်ပစ်လိုက်ချင်သည်။ကိုယ့်ကိုအကျိူးအကြောင်းလေးတောင်မမေးပါဘဲ သူ့အတွေးနှင့်သူ လုပ်ချင်တာလုပ်ခဲ့လို့ နှစ်ယောက်စလုံးနာကျင်ခဲ့ကြရခြင်းသာ။
''ခုမွေတာ့ ပြန်မစချင်ပါနဲ့တော့။ငါ ထပ်ပြီးမပင်ပန်းချင်တော့ဘူး''
''ဒီကလူတွေကို ရင်ဆိုင်ဖို့ခက်တယ်ဆိုရင် ကိုယ်တို့တခြားနေရာထွက်သွားကြမယ်လေ။ကိုယ့်ကို ယုံပေးလို့မရဘုူးလား''
ပြီးတာပြီးပါစေတော့လို့သာပြောပြီး ဆက်သွယ်မှုကို ကိုယ်ဖြတ်တောက်ပစ်လိုက်တော့သည်။
#
''ကိုယ်ဘာမှမမျှော်လင့်ပါဘူး။နှစ်ယောက်အတူတူနေချင်တယ်။ဟင်းတွေအတူချက်စားကြမယ်၊ခရီးတွေအတူသွားကြမယ် ''
ဖုန်းထဲကိုဝင်လာပြန်သည့်စာလွှာလေး။ဒီရက်ပိုင်းမှာ ဒီစကားတွေကိုသာ ဆက်တိုက်ပြောနေပေမဲ့ကိုယ်ကတော့ ငြင်းမြဲငြင်းဆဲပင်။
''ခရီးကေတာ့ ခုသွားချင်ခုရတာပဲ။နင်အဆင်ပြေတယ်ဆို အေးချမ်းတဲ့တစ်နေ့သွားကြမယ်''
''ကိုယ်နဲ့နှစ်ယောက်တည်းအတူသွားရဲတာလား''
မြတ်နေရာမှာတခြားတစ်ယောက်ဆိုရင်တော့ ကိုယ့်အဖြေဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားနိူင်သည်။
''နင့်ကိုငါ ယုံပါတယ်''
ယုံကြည်ရလောက်တဲ့အရည်အသွေးသည်လည်း မြတ်ထံမှာရှိနေပြီးသားဖြစ်သလို အထူးတလည်ရှာဖွေနေစရာမလို။
''အင်း သွားကြမယ်။အေးတဲ့ဒေသလေးကိုသွားမယ်နော်။ဒါပေမဲ့ တစ်ခန်းတည်းအိပ်လို့အဆင်ပြေပါ့မလား။ဒါကြောင့် ကိုယ့်ကိုလက်ခံပါလို့ပြောနေတာကို''
ဘယ္ကေန စစ အဆုံးသတ်ကတော့ ထိုနေရာမှာပင်။ဒီကလည်း ခေါင်းညိတ်ချင်နေတာ တစ်ပိုင်းမကတော့သော်လည်း မြတ်ကိုထိုးလာမည့်လက်ညိ်ူးများစွာကို တားဆီးချင်၍သာ ပေတေပြီးတောင့်ခံနေခြင်းဖြစ်သည်။
''ငါလေ နင့်ကိုချစ်တယ်ဆိုပေမဲ့ ဟို...အိမ်ထောင်ရေးကိစ္စတွေအထိ ငါမေတြးဖူးဘူး''
''ယူပြီးရင်တော့ ဒီကိစ္စတွေက ရှိလာမှာလေ''
ဘာစာလုံးကိုသုံးပြီး ဘယ်လိုဖော်ပြရမယ်ကိုယ်မသိ။မြတ်ကိုချစ်ခဲ့သောအချစ်မှာ ထိုအဆင့်တွေအထိတွေးမထားခဲ့တာသေချာသည်။
''ငါက အဆင်မပြေဘူးဆိုရင်ရော...''
''နှစ်အကြာကြီးတောင်စောင့်လာပြီးမှပဲဗျာ။ကိုယ် စောင့်နိုင်ပါတယ်။အဆင်ပြေတဲ့အချိန်ထိစောင့်မယ်။ဒီလိုကိစ္စဆိုတာ အတင်းအကျပ်လုပ်ရတာမျိုးမှမဟုတ်ဘဲလေ''
ကိုယ့်ဘဝမှာလေ မြတ်ကိုချစ်ခဲ့မိခြင်းက အမှန်ကန်ဆုံးလုပ်ရပ်ဟု ပြောရပေမည်။နှစ်ပေါင်းများစွာကြာသွားလည်းပဲ မြတ်ရဲ့မေတ္တာက မပြောင်းမလဲတည်ရှိနေဆဲပင်။
#
အလုပ်အကိုင်အတည်တကျဖြစ်လာပါပြီဆိုကာမှ မြတ်တစ်ယောက် နယ်ကိုပြန်ဖို့အကြောင်းဖန်လာပြန်သည်။ဒီတစ်ကြိမ်မှာတော့ မြတ်ကပြန်လိုခြင်းမဟုတ်ဘဲ ကိုယ္က တိုက်တွန်းမိခြင်းဖြစ်သည်။အနားယူစေချင်တာရော၊ရန်ကုန်မှာဖြစ်နေတဲ့ကိစ္စရပ်တွေကြောင့်ရောဆိုပါတော့။ကိုယ်ပြောရင် သိပ်ပြီးမငြင်းဆန်တတ်သည့်မြတ်ကတော့ အသာတကြည်ပင် ပြန်သွားခဲ့လေပြီ။
ရန်ကုန်မှာနေစဉ်ကလို ဖုန်းသေချာမပြောဖြစ်တော့ပေမဲ့ စာတော့မပျက်ပို့ဖြစ်ကြသည်။နားစေလို၍ နယ်ပြန်ခိုင်းခဲ့ပါသော်လည်း ဆီးကြိုနေသည့်အလုပ်တွေကြောင့် မြတ်တစ်ယောက်နားချိန်တောင် ပိုမိုနည်းပါးသွားသေးသည်။
''ပြန်လာခဲ့ပါလား။အရင်လိုလေး ပြန်နေချင်တယ်''
''အရင်လိုလေး တစ်ခါလောက်ဖက်ထားခွင့်ရရင်ကို ကျေနပ်ပါတယ်ဗျာ။တကယ် ခဏေလးပါ''
ကိုယ်စိတ်မကောင်းပါ။ကိုယ်လည်းထိုအနေအထားကို မက်မောသည်။ပြန်လိုချင်သည်။သို့သော်လည်း ပတ်ဝန်းကျင်ဆိုတာ ပစ်ပယ်ထားလို့မရလေတော့ ကိုယ့်အတွက်ကိုယ်မကြည့်တောင် မြတ်အတွက်တော့ ကြည့်ရမည်။အသက်ကြီးကြီးမိန်းမတစ်ယောက်ဖြစ်ရသည့်ကြားထဲ၊ယောကျာ်းတစ်ယောက်နဲ့နာမည်ထွက်ပြီးမှပျက်ခဲ့ရသောအမျိုးသမီး။ဒီလိုအမျိုးသမီးကိုသာ လက်ထပ်ရင် အမျိုးမျိုးသောကဲ့ရဲ့မှုတွေ၊လက်ညိုးထိုးဝေဖန်မှုတွေအားလုံးကို မြတ် ခံရေတာ့မှာ။
''ငါ..သူနဲ့လက်ထပ်တော့မှာ မြတ်''
ဟင်ခနဲဖြစ်သွားသည့်မြတ်ရဲ့လေသံကို ကိုယ်ကြားဖြစ်အောင်ကြားလိုက်ရသည်၊အရဲစွန့်ကာ ပြောခဲ့သည့်စကားပေမို့ ကိုယ့်အသံသည်လည်းငြိမ်သက်မနေ။ဒုတိယအကြိမ်ထပ်ပြီး နာကျင်အောင်လုပ်မိပြီမှန်းကိုယ်သိသည်။ကိုယ့်ကို အဆက်အသွယ်ဖြတ်ပြီး ပစ်ထားတော့မှာလည်းကိုယ်ကြောက်ပါသည်။သို့ပေသိ ထိုအကြောက်တရားအကြောင်းအရာများထက် မြတ်ကို လူတွေရဲ့တံတွေးခွက်ထဲ မျောမိသလိုဖြစ်မှာကိုယ်ပိုကြောက်မိပါ၏။
''ငါ့ကို ဘယ်သူဘာပြောပြောရတယ်မြတ်။နင့်ကိုတော့ ငါနည်းနည်းလေးတောင် မထိခိုက်စေချင်ဘူး မြတ်ရာ။ငါ့ကိုနားလည်ပေးပါ''
#