🔹Unicode🔹
'ဒေါက် ဒေါက်'
"၀င်ခဲ့"
စာရင်းတွေကြားမှ ခေါင်းမဖော်တမ်း သည်းကြီးမည်းကြီးအလုပ်လုပ်နေရင်း တံခါးခေါက်သံကြောင့် ၀င်လာခိုင်းလိုက်တော့ ဘယ်သူမှန်းတောင် မော့မကြည့်နိုင်ဘဲ
"ပြော"
"Boss Japan Ki Companyက ကိုယ်စားလှယ်ရောက်နေပါတယ်"
ဦးသက်ဘုန်းနိုင် နာရီကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းပိုင်နဲ့ လွှဲပေးလိုက်"
"ကိုမင်းပိုင်က Bossခိုင်းထားလို့ လွန်ခဲ့တဲ့ 2ရက်ကထဲက တောင်ကြီးသွားနေပါတယ်"
ဦးသက်ဘုန်းနိုင်တစ်ချက်စဉ်းစားလိုက်ပြီး
"ဒါဆို ပြန်လွှတ်လိုက်တော့"
"အဲ့လိုလုပ်လို့မရပါဘူးBoss ဒါလွန်ခဲ့တဲ့တစ်လကျော်ကထဲက ကြိုတင်Appointmentလုပ်ထားပြီးသား ကိစ္စပါ"
"3ရက်"
"ရှင်"
"ဒီနေ့နဲ့ဆို 3ရက်ရှိပြီ သည်းငယ်ကို သွားမကြည့်ရတာ ပေလွှာ မင်းအလုပ်ကိုဘယ်လိုလုပ်နေတာလဲ"
ဦးသက်ဘုန်းနိုင်ရဲ့ အတွင်းရေးမှူးပေလွှာတစ်ယောက် ခေါင်းဆင်နင်းပြီလေ။
"Boss ဒါဆို သမီးပဲ လုပ်ပေးပါ့မယ် ဒါပေမယ့် Bossကတော့ အနားပဲရှိပြီး ညွှန်ကြားပေးပါ"
"Ok"
လုပ်ငန်းကိစ္စက ပြောလို့ပြီးသွားသော်လည်း လေကြောရှည်ပြီး သူတို့Companyအကြောင်း ချီးမွမ်းခန်းဖွင့်နေသော ဂျပန်ကိုယ်စားလှယ်ကြောင့် ဦးသက်ဘုန်းနိုင် အတော်တင်းနေပြီဖြစ်သည်။
"အားနာပါတယ် ကျွန်တော့်မှာ အရေးကြီးကိစ္စလေးရှိတာမို့ နောက်တစ်ကြိမ်ဆုံရင် အေးဆေးထပ်ပြောကြတာပေါ့"
"ဟုတ်ကဲ့ပါ ဦးသက်ဘုန်းနိုင်..."
"ပေလွှာ Mr.ကို လိုက်ပို့ပေးလိုက်ပါအုံး"
ဟုပြောပြီး အခန်းထဲကနေဦးအောင် ပြေးထွက်လာပြီး ဦးတည်ရာက နှလုံးသားတစ်စုံလုံး အပ်နှင်းထားရာစွာစိလေးရှိရာသို့။
->->->->->->->->->->->->->->->->->->
"ထင် မင်းဆီလာနေကျ ဦးသက်ဘုန်းနိုင်ဆိုတဲ့လူကြီး ဒီရက်ပိုင်းမတွေ့ပါလားဟ"
"မတွေ့တာပဲ အေးချမ်းတယ်"
"မသိပါဘူး ငါကမင်းများ ကြိတ်မျှော်နေမလားလို့"
"ဝေလျှံ မင်းပဲကြိတ်မျှော် မင်းအဖေကို"
"ထင် ဟိုရှေ့မှာ ပြုံးပြုံးကြီးကြည့်နေတာ မင်းလူကြီးမလား"
မြတ်မှူးပြောလြိ့ကြည့်လိုက်တော့ ကားကိုမှီပြီး suitအပြည့်နဲ့ရပ်နေတာ ဟိုလူကြီး။
"ဟမ် ဘယ်က ငါ့လူကြီးလဲ မြတ်မှူးအဲ့တာမင်းလင်"
"ဟိုက မင်းပဲလင်တော်ချင်တာကွ ဦးသက်ဘုန်းနိုင်ဆိုတဲ့ ဘဲကြီးကလဲ လုံး၀straightပါဆိုတဲ့ ငါတို့ကောင်ကြီးထင်ကိုမှ လာကြိုက်ရတယ်လို့ကွာ ဟား"
"ဟား ဟုတ်ပါ့"
"ငါမင်းတို့နှစ်ကောင်ကို ကြည့်နေတာ ဒီလူကြီးကျ ဥက္ကာလိုခါးခါးသီးသီးမဟုတ်ပါလား"
"မင်းမသိပါဘူး ထင်ရာ အဲ့လူကြီးက မင်းရှေ့သာ ကြောင်လိမ္မာလေးလို နေနေတာ သူ့မျက်လုံးစိမ်းကြီးနဲ့ကြည့်ခံရရင် ကြက်သီးထတယ်ဆိုတာ ဖျင်းခနဲ ဖျင်းခနဲပဲ ငါတော့ဝင်မလှန်ရဲဘူး"
"မြတ်မှူး မင်းကရော"
"ငါကတော့ ဒီအတိုင်းပဲ ဥက္ကာတုန်းက လိုက်ကာပေးတယ်ဆိုတာက ဟိုကောင်က ရမ်းရမ်းကားကားကောင်လေ ဒီလူကြီးက လူကြီးလူကောင်းတစ်ယောက် ပြီးတော့မင်းကို ဂရုစိုက်ရှာပါတယ် သည်းငယ်လို့ခေါ်တာက လွဲရင်ပေါ့ ဟား"
"ဟား ဟား သည်းငယ်တဲ့ကွာ"
"ခွေးကောင်တွေ"
"သည်းငယ်"
မသိချင်ယောင်ဆောင်ပြီး ကျော်သွားဖို့လုပ်ပေမယ့် ရှေ့ကနေဦးအောင်ပိတ်ရပ်ပြီးခေါ်လာသူကြောင့်
"ဘယ်သူ့ကို ခေါ်တာလဲ"
"ဟာ ကိုယ့်သည်းငယ်လေးကို ခေါ်တာပေါ့"
"အဲ့ဆို ဒီထဲမှာ သည်းငယ်ဆိုတာ မပါဘူး ဖယ်"
"အာ ထင်လေးရယ် မင်းလေးက ကိုယ့်သည်းငယ်ပဲလေ"
"ခင်ဗျားက စိတ်ရှုပ်စရာပဲ ကျွန်တော်ထပ်ပြောမယ် ကျွန်တော်က မိန်းမပဲယူမှာ"
"ကိုယ်ကတော့ သည်းငယ်ကိုပဲ ရအောင်ယူမယ်"
"ထင် ငါဗိုက်ဆာပြီ"
ဘယ်လောက်ကြောက်တယ်ပြောပြောအစားအသောက်နဲ့ ပတ်သတ်ရင် အကုန်မေ့ပျောက်နိုင်တဲ့အစွမ်းရှိတဲ့ နှိုင်းဝေလျှံထွန်းရဲ့အသံဖြစ်သည်။
"ဪ အင်း"
"ရတယ် ထင် ပြောစရာရှိတာ ပြီးအောင်ပြောခဲ့ ဝေလျှံက အစာအိမ်ရှိတော့ စားတာနောက်ကျလို့မရဘူး ငါပဲခေါ်သွားလိုက်တော့မယ်"
"Ok"
နှိုင်းဝေလျှံထွန်းကပြောလိုက်တော့ ထင်ကလိုက်ဖို့လုပ်ပေမယ့် ဦးသက်ဘုန်းနိုင်ရဲ့မျက်နှာအချိုးကိုရိပ်စားမိတဲ့ ပိုင်မြတ်မှူးခန့်က ထင့်ကို၀င်ပြောလိုက်သည်။ဒါတောင်ပြန်ဖြေသူက အေးစက်စက်လေသံဖြင့် Okတစ်လုံးပဲပြောလိုက်သည့် ဦးသက်ဘုန်းနိုင်။ပိုင်မြတ်မှူးခန့် နှိုင်းဝေလျှံထွန်းကိုသာ ဆွဲခေါ်လာရတော့သည်။
"ဇွတ်ကွာ မင်းကလဲ ငါ့အသားကပိုးသားလေးလို နူးညံ့နေတာ နာတယ် နီကုန်တော့မှာပဲ"
"ငါဆွဲတာက မင်းအမဲဆင်ပေါ်မှာ နီတာ မသိသာဘူး ဦးသက်ဘုန်းနိုင်ရဲ့အကြည့်ကြောင့် မဲနေတာကနေ ပြာကျချင်သွားမယ် လာ"
"အေး အေး မြန်မြန်သွားမယ် ဗိုက်အရမ်းဆာတယ်"
"ကျွန်တော်လဲ သွားတော့မယ်"
ဘယ်လိုလူစားမျိုးရှေ့မှာမဆို အောက်ကျ နောက်ကျခံပြီး ပြောဖို့နေနေသာသာ အပြုံးအရယ်မရှိတဲ့ကိုယ်က သူလေးရှေ့ဆို မျက်နှာလေးတစ်ချက်ပျက်မှာ မျက်စောင်းလေးရွယ်လာမှာကို သေမှာထက်တောင် ကြောက်ပေမယ့် စွာစိလေးက မိမိဆို ခပ်ချေချေပင်။သူလေးစွာရင် ကြီးတာငယ်တာ ဘာမှမခွဲခြားတော့ ဒါပေမယ့်လဲ အဲ့တာလေးကို ကြည့်ပြီး တစ်နေ့တစ်နေ့ ချစ်မ၀ဖြစ်နေတာကလဲ ကိုယ်ပါပဲ။
မိမိကို ပြုံးပြုံးကြီး ကြည့်နေသော ရှေ့ကလူကြီးကို အတော်အမြင်ကပ်နေပြီဖြစ်သည်။ခုတောင် ဘာတွေစဉ်းစားပြီး ပြုံးနေမှန်းမသိ။ဒီလောက် ယောက်ျားချင်း မကြိုက်နိုင်ပါဘူးလို့ ဘူးခံငြင်းတာကို ဇွတ်အတင်းတွယ်ကပ်နေတာ ကျောင်းဖွင့်စကထဲက ခုဆို အတန်းတင်စာမေးပွဲ ဖြေဖို့တောင် ဘယ်လောက်မှ မလိုတော့ပေ။အတော်လဲ ဇွဲကြီးနိုင်ပါပေ့။သူဇိမ်ခံကြည့်နေတာကို ဆက်မကြည့်နိုင်တော့ ဗိုက်ကလဲဆာပြီမို့ Canteenကိုသာ ဦးတည်ဖို့ ပြင်ရတော့သည်။
"ဪ သည်းငယ် ဘယ်လဲ"
မျက်စိရှေ့က ကောင်လေးထွက်သွားတော့မှာမို့ အမြန်တားလိုက်ရသည်။
"ဒါ ထမင်းစားချိန်လေ ခင်ဗျားအမြဲလာနေပြီး မသိဘူးလား 2ရက်လောက်မလာတာနဲ့ အသက်ကြီတော့ မေ့သွားပုံပဲ"
"အဟက် ကိုယ့်သည်းငယ်က ချစ်စရာလေး ကိုယ်မလာတဲ့ ရက်တွေကိုတောင် ရေတွက်တတ်နေပြီ"
"ပျော်လွန်းလို့ ကျက်သရေရှိတဲ့ နေ့တွေကို မှတ်မိနေတာပါ"
"စွာစိလေးကွာ ဒီမှာ ကိုယ်သည်းငယ်အတွက် မာလာရှမ်းကော၀ယ်လာတယ် ပင်လယ်စာအစုံနော် ရှယ်ပဲ သည်းငယ်လေးအကြိုက်"
"အဲ့တာကြီး မစားချင်ပါဘူးကျွန်တော်က အခုနေ့ခင်းကြောင်တောင်ကြီး ယူနန်ဟော့ပေါ့ စားချင်နေတာ"
"သိတယ် သိတယ် ကိုယ်တို့က နှလုံးသားချင်း နီးစပ်နေတော့ သည်းငယ်ဘာစားချင်လဲဆိုတာ ဒီမှာကြည့် ပူပူလေး"
ကားနောက်ဖုံးကို ဖွင့်ပြီး ထင်စားတတ်တဲ့ ထင့်အကြိုက်တွေ အကုန်ကို အပြည့်ထည့်လာတဲ့လူကြီး။ဒီလိုအလိုက်သိတဲ့သူကို ကျွန်တော်သာမိန်းကလေးသာဆို ကြိုက်မိမှာအမှန်ပေမယ့် ခုကယောက်ျားတစ်ယောက်။ပြီးတော့ မိန်းမပဲ ယူချင်တဲ့ ယောက်ျားတစ်ယောက်။
"သည်းငယ် ဟိုစားပွဲဝိုင်းလေးမှာ ထိုင်ရအောင်နော်"
သစ်ပင်တန်းအောက်က စာကြည့်စားပွဲလေးတွေစီထားတဲ့နေရာကို ဇွတ်အတင်းဆွဲခေါ်တဲ့လူကြီး။ပုံမှန်ဆိုရင် ဒီနေရာက အစားအသောက်တွေစားခွင့်မရှိပေမယ့် ကျောင်းရဲ့ရှယ်ယာ80%လောက် ပိုင်ဆိုင်ထားတဲ့ ဦးသက်ဘုန်းနိုင်အတွက် ချွင်းချက်ဖြစ်ခဲ့တာလချိီခဲ့ပြီဖြစ်သည်။ကိုယ်ကလဲ တကယ်စားချင်နေတာဆိုတော့ ငြင်းမနေတော့ပေ။
"အောင်ကျော် ယူခဲ့"
ဦးသက်ဘုန်းနိုင်တစ်ယောက် 3ရက်နီးနီးမတွေ့ရသေးသော မျက်နှာလေးကို အပီအပြင်ထိုင်ငေးနေတော့သည်။မိန်းကလေးတွေလို ပဲများပြီးစားတာ ဟန်ဆောင်မှုမရှိပါးစပ်ထဲကြက်ဥလိပ်ကြီးထည့်လိုက် ပူလို့ပါးစပ်လေးဟကြီး အငွေ့ထုတ်စားနေတဲ့ ကျွန်တော့်သည်းငယ်လေး။ကိုယ်ကသူပူမှာ နင်မှာ သီးမှာ စိုးရိမ်နေပေမယ် သူ့ပြောလိုက်တဲ့စကားကြောင့် အတော်သဘောကျရယ်မိသည်။
"ကောင်းလိုက်တာ ဟိုနှစ်ကောင်လဲ မျိုချင်မှာ ငါ့မစောင့်ချင်တာကို ငတ်ပေါ့"
××××××××××××××××××××××××××××
🔹Zawgyi🔹
'ေဒါက္ ေဒါက္'
"၀င်ခဲ့"
စာရင္းေတြၾကားမွ ေခါင္းမေဖာ္တမ္း သည္းႀကီးမည္းႀကီးအလုပ္လုပ္ေနရင္း တံခါးေခါက္သံေၾကာင့္ ၀င်လာခိုင်းလိုက်တော့ ဘယ္သူမွန္းေတာင္ ေမာ့မၾကည့္နိုင္ဘဲ
"ေျပာ"
"Boss Japan Ki Companyက ကိုယ္စားလွယ္ေရာက္ေနပါတယ္"
ဦးသက္ဘုန္းနိုင္ နာရီကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္းပိုင္နဲ႕ လႊဲေပးလိုက္"
"ကိုမင္းပိုင္က Bossခိုင္းထားလို႔ လြန္ခဲ့တဲ့ 2ရက္ကထဲက ေတာင္ႀကီးသြားေနပါတယ္"
ဦးသက္ဘုန္းနိုင္တစ္ခ်က္စဥ္းစားလိုက္ၿပီး
"ဒါဆို ျပန္လႊတ္လိုက္ေတာ့"
"အဲ့လိုလုပ္လို႔မရပါဘူးBoss ဒါလြန္ခဲ့တဲ့တစ္လေက်ာ္ကထဲက ႀကိဳတင္Appointmentလုပ္ထားၿပီးသား ကိစၥပါ"
"3ရက္"
"ရွင္"
"ဒီေန႕နဲ႕ဆို 3ရက္ရွိၿပီ သည္းငယ္ကို သြားမၾကည့္ရတာ ေပလႊာ မင္းအလုပ္ကိုဘယ္လိုလုပ္ေနတာလဲ"
ဦးသက္ဘုန္းနိုင္ရဲ႕ အတြင္းေရးမႉးေပလႊာတစ္ေယာက္ ေခါင္းဆင္နင္းၿပီေလ။
"Boss ဒါဆို သမီးပဲ လုပ္ေပးပါ့မယ္ ဒါေပမယ့္ Bossကေတာ့ အနားပဲရွိၿပီး ၫႊန္ၾကားေပးပါ"
"Ok"
လုပ္ငန္းကိစၥက ေျပာလို႔ၿပီးသြားေသာ္လည္း ေလေၾကာရွည္ၿပီး သူတို႔Companyအေၾကာင္း ခ်ီးမြမ္းခန္းဖြင့္ေနေသာ ဂ်ပန္ကိုယ္စားလွယ္ေၾကာင့္ ဦးသက္ဘုန္းနိုင္ အေတာ္တင္းေနၿပီျဖစ္သည္။
"အားနာပါတယ္ ကြၽန္ေတာ့္မွာ အေရးႀကီးကိစၥေလးရွိတာမို႔ ေနာက္တစ္ႀကိမ္ဆုံရင္ ေအးေဆးထပ္ေျပာၾကတာေပါ့"
"ဟုတ္ကဲ့ပါ ဦးသက္ဘုန္းနိုင္..."
"ေပလႊာ Mr.ကို လိုက္ပို႔ေပးလိုက္ပါအုံး"
ဟုေျပာၿပီး အခန္းထဲကေနဦးေအာင္ ေျပးထြက္လာၿပီး ဦးတည္ရာက ႏွလုံးသားတစ္စုံလုံး အပ္ႏွင္းထားရာစြာစိေလးရွိရာသို႔။
->->->->->->->->->->->->->->->->->->
"ထင္ မင္းဆီလာေနက် ဦးသက္ဘုန္းနိုင္ဆိုတဲ့လူႀကီး ဒီရက္ပိုင္းမေတြ႕ပါလားဟ"
"မေတြ႕တာပဲ ေအးခ်မ္းတယ္"
"မသိပါဘူး ငါကမင္းမ်ား ႀကိတ္ေမွ်ာ္ေနမလားလို႔"
"ေဝလွ်ံ မင္းပဲႀကိတ္ေမွ်ာ္ မင္းအေဖကို"
"ထင္ ဟိုေရွ႕မွာ ၿပဳံးၿပဳံးႀကီးၾကည့္ေနတာ မင္းလူႀကီးမလား"
ျမတ္မႉးေျပာႀလိ့ၾကည့္လိုက္ေတာ့ ကားကိုမွီၿပီး suitအျပည့္နဲ႕ရပ္ေနတာ ဟိုလူႀကီး။
"ဟမ္ ဘယ္က ငါ့လူႀကီးလဲ ျမတ္မႉးအဲ့တာမင္းလင္"
"ဟိုက မင္းပဲလင္ေတာ္ခ်င္တာကြ ဦးသက္ဘုန္းနိုင္ဆိုတဲ့ ဘဲႀကီးကလဲ လုံး၀straightပါဆိုတဲ့ ငါတို႔ေကာင္ႀကီးထင္ကိုမွ လာႀကိဳက္ရတယ္လို႔ကြာ ဟား"
"ဟား ဟုတ္ပါ့"
"ငါမင္းတို႔ႏွစ္ေကာင္ကို ၾကည့္ေနတာ ဒီလူႀကီးက် ဥကၠာလိုခါးခါးသီးသီးမဟုတ္ပါလား"
"မင္းမသိပါဘူး ထင္ရာ အဲ့လူႀကီးက မင္းေရွ႕သာ ေၾကာင္လိမၼာေလးလို ေနေနတာ သူ႕မ်က္လုံးစိမ္းႀကီးနဲ႕ၾကည့္ခံရရင္ ၾကက္သီးထတယ္ဆိုတာ ဖ်င္းခနဲ ဖ်င္းခနဲပဲ ငါေတာ့ဝင္မလွန္ရဲဘူး"
"ျမတ္မႉး မင္းကေရာ"
"ငါကေတာ့ ဒီအတိုင္းပဲ ဥကၠာတုန္းက လိုက္ကာေပးတယ္ဆိုတာက ဟိုေကာင္က ရမ္းရမ္းကားကားေကာင္ေလ ဒီလူႀကီးက လူႀကီးလူေကာင္းတစ္ေယာက္ ၿပီးေတာ့မင္းကို ဂ႐ုစိုက္ရွာပါတယ္ သည္းငယ္လို႔ေခၚတာက လြဲရင္ေပါ့ ဟား"
"ဟား ဟား သည္းငယ္တဲ့ကြာ"
"ေခြးေကာင္ေတြ"
"သည္းငယ္"
မသိခ်င္ေယာင္ေဆာင္ၿပီး ေက်ာ္သြားဖို႔လုပ္ေပမယ့္ ေရွ႕ကေနဦးေအာင္ပိတ္ရပ္ၿပီးေခၚလာသူေၾကာင့္
"ဘယ္သူ႕ကို ေခၚတာလဲ"
"ဟာ ကိုယ့္သည္းငယ္ေလးကို ေခၚတာေပါ့"
"အဲ့ဆို ဒီထဲမွာ သည္းငယ္ဆိုတာ မပါဘူး ဖယ္"
"အာ ထင္ေလးရယ္ မင္းေလးက ကိုယ့္သည္းငယ္ပဲေလ"
"ခင္ဗ်ားက စိတ္ရႈပ္စရာပဲ ကြၽန္ေတာ္ထပ္ေျပာမယ္ ကြၽန္ေတာ္က မိန္းမပဲယူမွာ"
"ကိုယ္ကေတာ့ သည္းငယ္ကိုပဲ ရေအာင္ယူမယ္"
"ထင္ ငါဗိုက္ဆာၿပီ"
ဘယ္ေလာက္ေၾကာက္တယ္ေျပာေျပာအစားအေသာက္နဲ႕ ပတ္သတ္ရင္ အကုန္ေမ့ေပ်ာက္နိုင္တဲ့အစြမ္းရွိတဲ့ ႏွိုင္းေဝလွ်ံထြန္းရဲ႕အသံျဖစ္သည္။
"ဪ အင္း"
"ရတယ္ ထင္ ေျပာစရာရွိတာ ၿပီးေအာင္ေျပာခဲ့ ေဝလွ်ံက အစာအိမ္ရွိေတာ့ စားတာေနာက္က်လိဳ႕မရဘူး ငါပဲေခၚသြားလိုက္ေတာ့မယ္"
"Ok"
ႏွိုင္းေဝလွ်ံထြန္းကေျပာလိုက္ေတာ့ ထင္ကလိုက္ဖို႔လုပ္ေပမယ့္ ဦးသက္ဘုန္းနိုင္ရဲ႕မ်က္ႏွာအခ်ိဳးကိုရိပ္စားမိတဲ့ ပိုင္ျမတ္မႉးခန႔္က ထင့္ကို၀င္ေျပာလိုက္သည္။ဒါေတာင္ျပန္ေျဖသူက ေအးစက္စက္ေလသံျဖင့္ Okတစ္လုံးပဲေျပာလိုက္သည့္ ဦးသက္ဘုန္းနိုင္။ပိုင္ျမတ္မႉးခန႔္ ႏွိုင္းေဝလွ်ံထြန္းကိုသာ ဆြဲေခၚလာရေတာ့သည္။
"ဇြတ္ကြာ မင္းကလဲ ငါ့အသားကပိုးသားေလးလို ႏူးညံ့ေနတာ နာတယ္ နီကုန္ေတာ့မွာပဲ"
"ငါဆြဲတာက မင္းအမဲဆင္ေပၚမွာ နီတာ မသိသာဘူး ဦးသက္ဘုန္းနိုင္ရဲ႕အၾကည့္ေၾကာင့္ မဲေနတာကေန ျပာက်ခ်င္သြားမယ္ လာ"
"ေအး ေအး ျမန္ျမန္သြားမယ္ ဗိုက္အရမ္းဆာတယ္"
"ကြၽန္ေတာ္လဲ သြားေတာ့မယ္"
ဘယ္လိုလူစားမ်ိဳးေရွ႕မွာမဆို ေအာက္က် ေနာက္က်ခံၿပီး ေျပာဖို႔ေနေနသာသာ အၿပဳံးအရယ္မရွိတဲ့ကိုယ္က သူေလးေရွ႕ဆို မ်က္ႏွာေလးတစ္ခ်က္ပ်က္မွာ မ်က္ေစာင္းေလး႐ြယ္လာမွာကို ေသမွာထက္ေတာင္ ေၾကာက္ေပမယ့္ စြာစိေလးက မိမိဆို ခပ္ေခ်ေခ်ပင္။သူေလးစြာရင္ ႀကီးတာငယ္တာ ဘာမွမခြဲျခားေတာ့ ဒါေပမယ့္လဲ အဲ့တာေလးကို ၾကည့္ၿပီး တစ္ေန႕တစ္ေန႕ ခ်စ္မ၀ျဖစ္ေနတာကလဲ ကိုယ္ပါပဲ။
မိမိကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနေသာ ေရွ႕ကလူႀကီးကို အေတာ္အျမင္ကပ္ေနၿပီျဖစ္သည္။ခုေတာင္ ဘာေတြစဥ္းစားၿပီး ၿပဳံးေနမွန္းမသိ။ဒီေလာက္ ေယာက္်ားခ်င္း မႀကိဳက္နိုင္ပါဘူးလို႔ ဘူးခံျငင္းတာကို ဇြတ္အတင္းတြယ္ကပ္ေနတာ ေက်ာင္းဖြင့္စကထဲက ခုဆို အတန္းတင္စာေမးပြဲ ေျဖဖို႔ေတာင္ ဘယ္ေလာက္မွ မလိုေတာ့ေပ။အေတာ္လဲ ဇြဲႀကီးနိုင္ပါေပ့။သူဇိမ္ခံၾကည့္ေနတာကို ဆက္မၾကည့္နိုင္ေတာ့ ဗိုက္ကလဲဆာၿပီမို႔ Canteenကိုသာ ဦးတည္ဖို႔ ျပင္ရေတာ့သည္။
"ဪ သည္းငယ္ ဘယ္လဲ"
မ်က္စိေရွ႕က ေကာင္ေလးထြက္သြားေတာ့မွာမို႔ အျမန္တားလိုက္ရသည္။
"ဒါ ထမင္းစားခ်ိန္ေလ ခင္ဗ်ားအၿမဲလာေနၿပီး မသိဘူးလား 2ရက္ေလာက္မလာတာနဲ႕ အသက္ႀကီေတာ့ ေမ့သြားပုံပဲ"
"အဟက္ ကိုယ့္သည္းငယ္က ခ်စ္စရာေလး ကိုယ္မလာတဲ့ ရက္ေတြကိုေတာင္ ေရတြက္တတ္ေနၿပီ"
"ေပ်ာ္လြန္းလို႔ က်က္သေရရွိတဲ့ ေန႕ေတြကို မွတ္မိေနတာပါ"
"စြာစိေလးကြာ ဒီမွာ ကိုယ္သည္းငယ္အတြက္ မာလာရွမ္းေကာ၀ယ္လာတယ္ ပင္လယ္စာအစုံေနာ္ ရွယ္ပဲ သည္းငယ္ေလးအႀကိဳက္"
"အဲ့တာႀကီး မစားခ်င္ပါဘူးကြၽန္ေတာ္က အခုေန႕ခင္းေၾကာင္ေတာင္ႀကီး ယူနန္ေဟာ့ေပါ့ စားခ်င္ေနတာ"
"သိတယ္ သိတယ္ ကိုယ္တို႔က ႏွလုံးသားခ်င္း နီးစပ္ေနေတာ့ သည္းငယ္ဘာစားခ်င္လဲဆိုတာ ဒီမွာၾကည့္ ပူပူေလး"
ကားေနာက္ဖုံးကို ဖြင့္ၿပီး ထင္စားတတ္တဲ့ ထင့္အႀကိဳက္ေတြ အကုန္ကို အျပည့္ထည့္လာတဲ့လူႀကီး။ဒီလိုအလိုက္သိတဲ့သူကို ကြၽန္ေတာ္သာမိန္းကေလးသာဆို ႀကိဳက္မိမွာအမွန္ေပမယ့္ ခုကေယာက္်ားတစ္ေယာက္။ၿပီးေတာ့ မိန္းမပဲ ယူခ်င္တဲ့ ေယာက္်ားတစ္ေယာက္။
"သည္းငယ္ ဟိုစားပြဲဝိုင္းေလးမွာ ထိုင္ရေအာင္ေနာ္"
သစ္ပင္တန္းေအာက္က စာၾကည့္စားပြဲေလးေတြစီထားတဲ့ေနရာကို ဇြတ္အတင္းဆြဲေခၚတဲ့လူႀကီး။ပုံမွန္ဆိုရင္ ဒီေနရာက အစားအေသာက္ေတြစားခြင့္မရွိေပမယ့္ ေက်ာင္းရဲ႕ရွယ္ယာ80%ေလာက္ ပိုင္ဆိုင္ထားတဲ့ ဦးသက္ဘုန္းနိုင္အတြက္ ချွင်းချက်ဖြစ်ခဲ့တာလချိီခဲ့ပြီဖြစ်သည်။ကိုယ်ကလဲ တကယ္စားခ်င္ေနတာဆိုေတာ့ ျငင္းမေနေတာ့ေပ။
"ေအာင္ေက်ာ္ ယူခဲ့"
ဦးသက္ဘုန္းနိုင္တစ္ေယာက္ 3ရက္နီးနီးမေတြ႕ရေသးေသာ မ်က္ႏွာေလးကို အပီအျပင္ထိုင္ေငးေနေတာ့သည္။မိန္းကေလးေတြလို ပဲမ်ားၿပီးစားတာ ဟန္ေဆာင္မႈမရွိပါးစပ္ထဲၾကက္ဥလိပ္ႀကီးထည့္လိုက္ ပူလို႔ပါးစပ္ေလးဟႀကီး အေငြ႕ထုတ္စားေနတဲ့ ကြၽန္ေတာ့္သည္းငယ္ေလး။ကိုယ္ကသူပူမွာ နင္မွာ သီးမွာ စိုးရိမ္ေနေပမယ္ သူ႕ေျပာလိုက္တဲ့စကားေၾကာင့္ အေတာ္သေဘာက်ရယ္မိသည္။
"ေကာင္းလိုက္တာ ဟိုႏွစ္ေကာင္လဲ မ်ိဳခ်င္မွာ ငါ့မေစာင့္ခ်င္တာကို ငတ္ေပါ့"