Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒...
By May_Lin2003
479K 21.5K 889
🔹Unicode🔹 အသက်26နှစ်နဲ့မလိုက်အောင် မာကျောခက်ထန်တဲ့လုပ်ငန်းရှင်သူဌေးတစ်ယောက်က 15နှစ်အရွယ်9တန်းကျောင်းသားလေးက... More
Part - 1⚡
Part - 2 ⚡
Part - 4⚡
Part - 5⚡
Part - 6⚡
Part - 7⚡
Part - 8⚡
Part - 9⚡
Part - 10⚡
Part - 11⚡
Part - 12⚡
Part - 13⚡
Part - 14⚡
Part - 15⚡
Part - 16 🔞🔞🔞
Part - 17⚡
Part - 18⚡
Part - 19⚡
Part - 20⚡
Part - 21⚡
Part - 22⚡
Part - 23⚡
Part - 24⚡
Part - 25⚡
Part - 26⚡
Part - 27⚡
Part - 28⚡
Part - 29⚡
Part - 30🔞🔞🔞
Part - 31⚡
Part - 32⚡
Part - 33⚡
Part - 34⚡Final
New Fic 🤩
Part - 3⚡
19.3K 994 113
By May_Lin2003
🔹Unicode🔹
.
.
.
.
.
"ဟုတ်ပါတယ် မင်္ဂလာပါ အဖေ"
"အမ် ဗျာ"
"အဖေ သားအ၀တ်သွားလဲလိုက်အုံးမယ်"
"အေး သား ရေပြန်ချိုးလိုက်အုံး မိုးမိထားတော့ ဖျားလိမ့်မယ် အဖေခဏနေ မိချိုကို ကြက်စွပ်ပြုတ်ပူပူလေး လာပို့ခိုင်းလိုက်မယ်"
"အမဲသားစွပ်ပြုတ်သောက်ချင်တာ အဖေ သေချာပေါင်းခိုင်းထားပေး သားခဏနေဆင်းစားမယ်"
"အေး သား"
အပေါ်ထပ်တက်သွားသော ထင်ကို မမြင်ရတော့သည်အထိလိုက်ကြည့်နေသည့် အမျိုးသားနှစ်ဦး။ဒီနေ့မှ စတွေ့သည့် အမျိုးသားက ပို၍ဆိုးသည်။ဦးဇေယျာထင်လဲ သူ့သားကိုဦးသက်ဘုန်းနိုင်တစ်ယောက်မျက်လုံးကျွတ်ကျမတက်လိုက်ကြည့်နေသည်ကို သတိထားမိသောကြောင့်
"အဟွတ် ထိုင်ပါအုံး ဦးသက်ဘုန်းနိုင်"
"ဟုတ် အဖေ"
"မိချို ဧည့်သည်အတွက် ကော်ဖီပူပူလေးလုပ်လိုက်ပါအုံး ပြီတော့ နင်တို့အကိုလေးအတွက် အမဲစွပ်ပြုတ်ကိုနူးနူးလေး မြန်မြန်လုပ်ထားလိုက်"
"ဟုတ်ကဲ့ပါ ဦးလေး"
"ရပါတယ် ကျွန်တော် မသောက်တော့ပါဘူး အဖေ
ဖျော်မလာနဲ့တော့ ထင်လေးအတွက်ပဲ သွားလုပ်လိုက်"
"အမ် အာ ရပါတယ် ဦးသက်ဘုန်းနိုင် ဦးဇေယျာလို့ပဲ ရင်းရင်းနှီးနှီးခေါ်ရပါတယ်"
"ကျွန်တော့်ကိုလဲ သားလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ ဦးသက်ဘုန်းနိုင်ကျတော့ ခပ်တန်းတန်းကြီးဖြစ်နေလို့ပါ အဖေ"
"ဒါက ဦးသက်ဘုန်းနိုင်ရဲ့ အရည်အချင်းကို ရိုသေတမှုနဲ့ခေါ်ဝေါ်လိုက်တာပါ"
"ဒါဆို အဖေ သားလို့သာ ရဲရဲခေါ်ချလိုက်ပါ ဒါကကျွန်တော့်စိတ်ကို ပိုချမ်းမြေ့စေပါလိမ့်မယ်"
*နေအုံး အခုငါ့အိမ်မှာ ရောက်နေတာ သေမင်းကတောင် မော်မကြည့်ရဲအောင် အရှိန်အဝါကြီးတယ်လို့ နာမည်ကြီးတဲ့ ဦးသက်ဘုန်းနိုင်ဆိုတာဟုတ်ရဲ့လား*
"အဟမ်း သားကို အိမ်အထိ လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်"
"ဟုတ် ရပါတယ် အဖေ"
"ဧည့်သည်ရောက်နေတာလား"
"သားကို ကျူရှင်သွားမကြိုဘူးလား နီလာ"
"အယ် မသန္တာဆီ စိန်ထည်အသစ်လေးတွေရောက်နေတယ်ဆိုလို့ သွားကြည့်နေတာ သားdriverဒီနေ့ခွင့်ယူထားတာကို နီလာမေ့သွားတာအကို နီလာပြန်ရောက်တော့ သားကိုခါတိုင်းလို အခန်းထဲရှိနေတယ်ထင်လိုက်တာ"
"နီလာကလဲ ပေါ့ဆလိုက်တာ သားကခုဦးသက်ဘုန်းနိုင်ကျေးဇူးကြောင့် ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်လာတာ"
"ကျေးဇူးတင်လိုက်တာ ဒီကမောင်သက်..."
"ကျွန်တော်က Treasure Groupရဲ့CEO သက်ဘုန်းနိုင်ပါအမေ သားတစ်ယောက်လို စောင့်ရှောက်ပေးပါအုံး"
"ဪ Treasure Groupကဦးသက်ဘုန်းနိုင်ဆိုတာလား ဒါကြောင့် အကိုပြောတော့ အဲ့နာမည်က ကြားဖူးသလိုလိုရှိနေတာကို လူလေးကလဲ အရည်အချင်းရှိ လူတစ်ဖက်သားကို ကူညီချင်တဲ့စိတ်ထားလေးကလဲ မွန်မြတ်လိုက်တာကွယ်"
"ဟုတ် အမေ
အမေ့ကိုကြည့်ရတာ ရတနာပစ္စည်းတွေ နှစ်ခြိုက်ပုံပဲ Treasure က လက်၀တ်ရတနာပြပွဲတွေနဲ့ စိန်တိုက်ကို လာဖို့ ဖိတ်ခေါ်ချင်ပါတယ် အမေကြိုက်တာလေးတွေ တွေ့ရင်လဲ သားကိုပြောလို့ရပါတယ်"
ဦးသက်ဘုန်းနိုင်တစ်ယောက် သဘောကောင်းလှသောထင့်အမေကို အမေဟုခေါ်လိုက် ဇွတ်အမှတ်တွေ ၀င်ယူနေတော့သည်။
"ဟုတ်ပါပြီသားရေ Treasure ကလုပ်တဲ့ရတနာပြပွဲက ပိုက်ဆံရှိတဲ့သူတိုင်းတောင် တက်ခွင့်ရှိတဲ့ပွဲမှမဟုတ်တာ လာရမှာပေါ့ သားလဲ အိမ်ကိုတံခါးမရှိ ဓားမရှိ ၀င်နိုင်ထွက်နိုင်ပါတယ်နော်"
"ဟုတ် ကျေးဇူးတင်ပါတယ် အမေ"
"နီလာရေ ဦးသက်ဘုန်းနိုင်က မိုးမိလာတာလေ ညလဲမိုးချုပ်နေပြီ အလုပ်ရှုပ်တဲ့သူမို့ ပြန်ချင်ရောပေါ့"
ဦးသက်ဘုန်းနိုင် မိုးရေအနည်းငယ်စိုလာတာကို သတိထားမိသောကြောင့် ဦးဇေယျာထင်၀င်ပြောလိုက်သည်။
"ဟုတ်သားပဲ စကားကောင်းနေတာနဲ့ အားနာလိုက်တာ သားရယ်"
"ရပါတယ် အမေ"
"ဒါဆို နောက်ဆုံရင် သားနဲ့စကားပြောချင်ပါသေးတယ်ကွယ်"
"ဟုတ် ဒါဆိုခွင့်ပြုပါအုံး အဖေနဲ့အမေ
ထင်လေးကိုလဲ နှုတ်ဆက်ခဲ့တယ်လို့ ပြောပေးပါအုံး"
"အေးပါကွယ် အမေပြောလ်ိုက်ပါ့မယ်"
ထင့်အမေဆီက အမှတ်60လောက်ရခဲ့ပြီမို့ ဦးသက်ဘုန်းနိုင် သဘောတော် အတော်ခွေ့နေမိသည်။ယောက္ခထီးအဖေကတော့ အင်း ကြိုးစားရအုံးမည်။
"အမေတွေ သားတွေနဲ့ပါလား နီလာ"
"အကိုကလဲ ဒီကလေးက ဒီလောက်ယဥ်‌ကျေးတာကိုတော်"
"အကိုကတော့ စိတ်ထဲတစ်မျိုးပဲ ဦးသက်ဘုန်းနိုင်ရဲ့ စီးပွားရေးလှည့်ကွက်တစ်ခုများဖြစ်နေမလား မသိဘူး"
"တွေးပူမနေပါနဲ့ရှင် နီလာကတော့ စိတ်ထဲအလိုလိုကို သိနေတာ ဒီကလေးက နီလာတို့အိမ်အတွက် ကောင်းကျိုးအများကြီး ယူဆောင်လာမယ်ဆိုတာ"
ဇနီးဖြစ်သူကတော့ အေးချမ်းနေပေမယ့် ဦးသက်ဘုန်းနိုင်ဆိုတဲ့လူအကြောင်းကို သိတဲ့ကိုယ့်အတွက်တော့ ရင်မအေးနိုင်ပေ။ပြီးတော့ ဦးသက်ဘုန်းနိုင်ဆိုတဲ့လူရဲ့ သရုပ်မှန်က ဘယ်လောက်ခက်ထန်ပြီး မာကျောလဲဆိုတာ ကိုယ်အသိဆုံး။Dinnerတစ်ခုမှာလဲ ဆုံဖူးတာကြောင့် ဖြစ်သည်။အဲ့အချိန်တုန်းကဆို မိမိသည်လဲ ခေသူမဟုတ်ပါဘဲ အခုလိုအဖေလို့ခေါ်ဖို့နေနေသာသာ ချေမိုးနေတာကို ဘေးကကြင်ဖော်ဇနီးဒေါ်နီလာကို မြင်စေ့ချင်ပါဘိ။
->->->->->->->->->->->->->->->->->->
'ဘယ်လို ဘယ်လို မင်းက ဥက္ကာကိုထိုးခဲ့လိုက်တယ်ဟုတ်လား' ‌{ဝေလျှံ}
'‌အေး ငါလဲ ဘာလုပ်ရမှန်းမသိတော့လို့ လုပ်မိလုပ်ရာ လုပ်လိုက်တာ'{ထင်}
'ဟိုကမင်းကို ပြန်မထိုးဘူးလားကွ'{မြတ်မှူး}
ဒါကတော့ Chat box groupကနေ ထင် ၊ နှိုင်းဝေလျှံထွန်းနဲ့ ပိုင်မြတ်မှူးခန့်တို့ ဖုန်းပြောနေကြခြင်း။
'‌အေး‌လေ ဟိုကောင့်အားနဲ့ဆို မင်းတော့တစ်ချက်လောက်နဲ့‌မေ့လောက်တယ်'{ဝေလျှံ}
'ငါလဲ ယောက်ျားအားပါကွ ငါတစ်ချက်ထိုးလိုက်တော့ အဲ့ကောင်က ဟန်ချက်ပျက်သွားရော အဲ့ကြားထဲက လုပြေးလာရတာ'{ထင်}
'ဟား ဟား'{မြတ်မှူး}
'ဟား ဟား ထင်ရာ မင်းလုပ်လိုက်မှ အဆန်းကြီးတွေကြည့်ပဲ ယောက်ျားချင်းကို ပြန်ပြေးလာရတယ်လို့'{ဝေလျှံ}
'‌အေး ဝေလျှံ မင်းအားမှ အဲ့ကောင်နဲ့ယှဉ်ထိုးကြည့်လိုက် နေရာတင်မဂိရင် ကံကောင်း'{ထင်}
'ဘာမှမဆိုင်တာ'{ဝေလျှံ}
'အဲ့တာဆိုလဲ ဒါပဲဟျောင်တွေ ငါညစာမျိုမလို့'{ထင်}
'ငါလဲစာလုပ်တော့မယ်ကွာ'{မြတ်မှူး}
'ဟား ဟား အိပ်ခါနီးမြတ်မှူးတစ်ယောက်က ဟာသပြောသွားသေးတယ်'{ထင်}
'ဒါပဲကွာ ခွေးကောင်တွေ see you'{မြတ်မှူး}
'အေး အေး'{ထင်}
'Bye'{ဝေလျှံ}
ထင် ခေါင်းဆံပင်သုတ်လာရင်းကနေ ‌ဖုန်းချပြီး ဧည့်ခန်းထဲရောက်တော့ ဦးသက်ဘုန်းနိုင်ကို ‌မတွေ့တော့လို့ မေးလိုက်ခြင်းဖြစ်သည်။
"ဟိုလူကြီး ပြန်သွားပြီလား"
"အခုလေးတင် ပြန်သွားတာ သားရေ
သားကိုလဲ နှုတ်ဆက်ခဲ့ပါတယ်တဲ့"
"သား ဦးသက်ဘုန်းနိုင်နဲ့ သိတာကြာပြီလား"
"အခုမှမြင်ဖူးတာအဖေ နာမည်တောင်အဖေပြောမှသိတယ် ဘာလို့လဲအဖေ"
"သူက မြန်မာတစ်နိုင်ငံလုံး အချမ်းဆုံး Top 3ထဲကတစ်ယောက်ပဲ အဲ့တာထက် သူ့ပုံစံက သားခေါ်လာကာမှ တစ်မျိုးပြောင်းနေလို့"
"သားတော့ မသိဘူး အမဲသားစွပ်ပြုတ်ရပြီလားမသိဘူး သွားစားလိုက်အုံးမယ်"
"အကိုရယ် လူတစ်ဖက်သားကိုသေချာမသိဘဲ သံသယစိတ်နဲ့ဘာမှရှောက်တွေးမနေနဲ့"
"အေးပါ နီလာရယ်"
××××××××××××××××××××××××××××
🔹Zawgyi🔹
.
.
.
.
.
"အမ် ဗျာ"
"အေး သား"
"ဟုတ် အဖေ"
"ဟုတ်ကဲ့ပါ ဦးလေး"
"ဟုတ် ရပါတယ် အဖေ"
"ဧည့်သည်ရောက်နေတာလား"
"ဟုတ် အမေ
"ရပါတယ် အမေ"
"အေးပါကွယ် အမပွေောလျိုကျပါ့မယျ"
->->->->->->->->->->->->->->->->->->
'ဟား ဟား'{မြတ်မှူး}
'ဘာမှမဆိုင်တာ'{ဝေလျှံ}
'အေး အေး'{ထင်}
'Bye'{ဝေလျှံ}
"အေးပါ နီလာရယ်"
Continue Reading
You'll Also Like
87.1K 12.1K 85
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
363K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
254K 27.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.7M 69.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...