Zawgyi
"ဒါက အဲ့ဒီလူပဲ!"
Damn it!
Monroeသည် အလွန်စိတ်မကောင်းဖြစ်ရသည်။ Maryကို ပြန်ကြည့်ဖို့ ခေါင်းငုံ့လိုက်တယ်။ ဒီမိန်းကလေးက သူ့ကို အံ့အားသင့်စေတုန်းပဲ။
သူစိမ်းတစ်ယောက်ကို အိမ်ပြန်ပို့ပြီး... သူစိမ်းတစ်ယောက်နဲ့ တစ်ယောက်တည်း ရန်ဖြစ်ခဲ့တယ်...
သူမ ဒဏ်ရာအနည်းငယ်ရခဲ့ပေမဲ့ မိုးသည်းထန်စွာရွာနေတဲ့ သူမအဖွဲ့ကို သူမတွေ့လိုက်သေး။
သူမက သေနတ်ဘယ်လိုပစ်ရမယ်၊ စနိုက်ပါကို ဘယ်လိုရှောင်ရမယ် ဆိုတာတောင် သိတယ်။
သာမာန်မိန်းကလေးက ဒါတွေ ဘယ်လိုလုပ်သိမှာလဲ! သူ မသိသေးတဲ့ သူမရဲ့လျှို့ဝှက်စွမ်းရည် ဘယ်လောက်ရှိတာလဲ။
ထို့အပြင် သူမလက်က ဒဏ်ရာနှင့် ပတ်သတ်၍ သူမ နာကျင်နေသော်လည်း သူမ မငိုခဲ့။ အဲဒီအစား သူမဟာ ပုံမှန်အတိုင်းပဲ သူနဲ့ စကားပြောနေတယ်။
သူမသည် သူမ၏နာကျင်မှုခံစားနိုင်တဲ့အစိတ်ပိုင်းကို ထိခိုက်မိထားတာလား။
Monroeသည် အနာကပ်ပလတ်စတာကို ကပ်လိုက်တဲ့အခါ အနည်းငယ် ကြမ်းတမ်းသွားပြီး Mary နည်းနည်း မျက်မှောင်ကြုတ်သွားသည်။
Monroeက "တောင်းပန်ပါတယ်။ မင်း နာကျင်မှုကို မကြောက်ဘူးလို့ ငါထင်ခဲ့တာ"
Maryက ဝမ်းနည်းတဲ့မျက်နှာနဲ့ "အိုး အရမ်းနာတယ် Monroe..."
Monroe မျက်လုံးကိုအပေါ်လှန်ကြည့်လိုက်သည်။(🙄🙄 ဒီလိုလေးပါ)
Hughပြောတာမှန်တယ်။ ဒီကောင်မလေးက drama queenပဲ။
ဒဏ်ရာကို ကုသပြီးနောက် Maryသည် ရောင်ရမ်းမှု သက်သာစေသော ဆေးများနှင့် ပဋိဇီဝဆေးများကို သောက်ကာ ခဏအကြာတွင် တစ်စုံတစ်ဦးမှ စွပ်ပြုတ်ပူပူနှင့် ထမင်းပူပူကို ယူလာခဲ့သည်။
Monroeက တံခါးကို ပြင်းပြင်းထန်ထန် ပိတ်လိုက်သည်။
Maryသည် ဆိုဖာပေါ်တွင် ထိုင်ကာ လည်ပင်းကို ငုံ့ထားသည်။ Monroeယူလာမည့်ဗန်းကို စောင့်ရင်း သူမ မလှုပ်ဝံ့။
Monroeသည် Mary၏ပါးစပ်ထဲသို့ ပူပူနွေးနွေး ပြောင်းဖူးစွပ်ပြုတ်ကို ကိုယ်တိုင် ခွံ့လိုက်သည်။ "မင်းပါးစပ်ဟ!"
Maryသည် နာခံမှုဖြင့် တစ်ဇွန်းစားလိုက်ပြီး ချက်ချင်းပင် နှာခေါင်းကို ရှုံ့လိုက်သည်။ သူမ ပါးစပ်ကိုဖွင့်လိုက်ပြီးပြောလိုက်တယ်။ "အရမ်းပူတယ်..."
Monroe၏လက်သည် ခဏရပ်သွားပြီး သူ၏အမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။ ဒါက တစ်စုံတစ်ယောက်ကို ခွံ့ကျွေးတာ ပထမဆုံးအကြိမ်ပဲ။
Maryက သူမဘာသာ စားလို့ရတယ်လို့ ပြောချင်တယ်။ သူမလက်တစ်ဖက်က အဆင်ပြေပေမယ့် Monroeက စွပ်ပြုတ်ကိုဇွန်းအပြည့် ခပ်လိုက်ပြီး မှုတ်လိုက်တယ်။
Maryက ဘာကြောင့်မှန်း မသိပေမယ့် Monroeရဲ့ဒီလိုပုံစံကို မြင်တော့ ချစ်စရာကောင်းတယ်လို့ ထင်ပြီး ပါးစပ်ကို နာခံပြီး ပြန်ဖွင့်လိုက်တယ်။
"Mmm... အရသာရှိလိုက်တာ! ကျေးဇူးတင်ပါတယ် Monroe" လခြမ်းနှစ်စင်းလို ကွေးနေသော မျက်လုံးနှင့်အတူ Mary ပြုံးလိုက်သည်။
Monroeက သူမရဲ့ အပြုံးကို ကြည့်ပြီး ဒီအချိန်မှာ သူ့ရင်ထဲက ဒေါသတွေ ပြေပျောက်သွားတယ်...
နောက်ဆုံးမှာတော့ Maryဟာ ပြောင်းဖူးစွပ်ပြုတ်ပန်းကန်လုံးတစ်လုံးကို စားပြီးသွားခဲ့ပြီး ခရမ်းချဉ်သီးဆော့စ်ပါစတာနည်းနည်းကိုလည်း စားခဲ့တယ်။
စားသောက်ပြီးနောက် Maryက ပြန်အိပ်ချင်လာသည်။
ထို့ကြောင့် Monroeထ၍ ထမင်းစားပွဲပေါ်ရှိ ဇွန်းခက်ရင်းကို ယူလိုက်တယ်။ သူလှည့်ကြည့်လိုက်တော့ Maryက ခေါင်းစောင်းပြီး ငုတ်တုတ်လေး ဆိုဖာပေါ်တွင် အိပ်ပျော်နေပြီ။
Monroeက Maryကို သူမအခန်းထဲပြန်ခေါ်သွားပြီး ကုတင်ပေါ်တင်လိုက်တယ်။
စောင်ကို သူမအပေါ်မှ ခြုံပေးခါနီးတွင် Monroe၏အကြည့်သည် Mary၏ အနည်းငယ်ပွင့်နေသော ရင်ဘတ်ပေါ်သို့ ရောက်သွားသည်။
သူ့မျက်လုံးများ ပြူးလာပြီး အာဒံပန်းသီးသည် ထိန်းမနိုင်သိမ်းမရ အပေါ်အောက်လှုပ်ရှားသွားသည်။ သူ ကုတင်ဘေးမှာ ထိုင်ပြီး Maryရဲ့လှပတဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်တယ်။
သူ့လက်ကိုဆန့်ကာ Mary၏မျက်နှာပေါ်ရှိ ဆံပင်များကို ညင်သာစွာ သပ်သည်။ သူ့လက်သည် နှင်းဆီနီများကဲ့သို့ လှပသော Mary၏နှုတ်ခမ်းဆီသို့ ရောက်လာသည်။
သူ့လက်ချောင်းများက နှုတ်ခမ်းပေါ်သာသာလေး ပွတ်လိုက်သည်။ သူမ၏နူးညံ့မှုကို ခံစားလိုက်ရသည်။ Monroe၏ခန္ဓာကိုယ်အောက်ပိုင်းသည် ဖောင်းလာပြီး နာကျင်လာသည်။ သူ့ဘောင်းဘီက ပိုတင်းကြပ်လာသည်...
ဒီကမ္ဘာတွင် သူလိုချင်သော အမျိုးသမီးတိုင်းကို သူ့လက်ချောင်းလေး တစ်ချောင်း လှုပ်လိုက်ရုံနဲ့တင် ရတယ်။
Maryကလွဲလို့ တခြားလူတစ်ယောက်ကို ငြင်းပယ်ဖို့ ဘယ်တုန်းကမှ ခက်ခက်ခဲခဲ မကြိုးစားခဲ့ရဘူး။
သို့သော် သူသည် သူမအား နှလုံးသားအောက်ခြေကနေ ငြင်းပယ်ကာ သူမနှင့်ဝေးဝေးနေလေလေ သူသည် သူမ၏ဆွဲဆောင်ခြင်းကို ခံရလေလေဖြစ်သည်။
ဒါက ဘယ်လိုlogicမျိုးလဲ။
သူ ဒီကောင်မလေးကို တကယ်ကြိုက်နေတာလား။
**********