"သား၊ မျက်တွင်းတွေကျနေသလိုပဲ။ ညဘက်တွေအရမ်းနက်တဲ့အထိမနေပါနဲ့လား"
screenတစ်ဖက်မှ မေမေ့၏အစိုးရိမ်ပိုသည့်စကားများကြောင့် ဟိုဆော့ရင်ဘက်ထဲမှ ဟာလှပ်နေသောနေရာလေးသည် နွေးထွေးမှုဖြင့်ပြည့်လွှမ်းသွားသည်။ ပက်လှန်အနေအထားမှခေါင်းအုံးပေါ်မှောက်လိုက်ရင်း ဖုန်းကိုခုတင်ခေါင်းရင်းနံရံနှင့်မှီထားလိုက်သည်။
"ဒီတစ်ပတ်အတွက် အစီရင်ခံစာကနည်းနည်းအရေးကြီးလို့ပါ။ ဒါသာပြီးရင်တော့ အဆင်ပြေသွားပါပြီ"
"အော် ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာဝန်ဆိုတာက စက်ရုပ်မှမဟုတ်ပဲ သားရယ်။ နားနားနေနေလုပ်မှပေါ့"
စကားပြောနေရင်ပေါ်လာတဲ့ ပါးချိုင့်သေးသေးလေးက အရေးအကြောင်းတွေကြားမှ မေမေ့ပါးပြင်ထက်တွင် လှမ်းမြင်နေရသည်။ သူ့ထံတွင်လည်း မေမေ့ထံမှအမွေရထားသည့် ပါးချိုင့်ပိစိလေးများရှိသည်။
"ဟုတ်ကဲ့ပါဗျာ၊ ဒါနဲ့ ဖေဖေရော"
"ထုံးစံအတိုင်း အိမ်ရှေ့မှာရွာကလူကြီးတွေနဲ့အာလူးဖုတ်နေတယ်"
သူ့ကို ဆိုလ်းမှာမွေးပေမယ့် ဖေဖေနှင့်မေမေ၏ဇာတိက ဂျယ်ဂျူမှာဖြစ်သည်။ သူဆေးကျောင်းတက်တဲ့အချိန်အထိ ဆိုးလ်မှာအတူနေခဲ့ပေမယ့် ဘွဲ့ရပြီးအလုပ်သေချာရပြီးချိန်မှာတော့ ဖေဖေရော၊မေမေရောက ဂျယ်ဂျူကိုသာပြန်သွားကြသည်။ ကျန်းမာရေးသိပ်မကောင်းသည့်အဘွားလည်းရှိတာကြောင့် အနီးကပ်ဂရုစိုက်ပေးချင်သည်ဟုပြောသည်။ သူလည်း ပိတ်ရက်ကိုပင် နားချိန်မရှိတာကြောင့် မေမေတို့ဆီ မပြန်ဖြစ်သည်မှာကြာပြီ။ သားရဲ့အကြောင်းကိုအပြည့်အဝနားလည်သည့်မေမေက မေမေတို့ဆီလာပါတစ်ခွန်းမပြောဘဲ ဒီမှာကျန်းမာရေးနှင့် အစစအရာရာဂရုစိုက်ဖို့သာ အမြဲမှာသည်။
"ဒီကြားထဲအချိန်ရရင် မေမေတို့ဆီသားလာခဲ့မယ်"
"နေပါ သားရယ်၊ ဆေးရုံမှာလည်း ပင်ပန်းတာနဲ့၊ အဲ့မှာပဲ နေပါ"
အနောက်မှ တံခါးဖွင့်သံအရ ယိုဟန်အခန်းထဲဝင်လာမှန်း ဟိုဆော့သိလိုက်သည်။
"အန်တီရေ၊ ဒီတစ်ခါ ဟိုဆော့လာရင် ဂုံးတွေထည့်ပေးလိုက်ပါ။ အဲ့က လတ်လတ်ဆတ်ဆတ်ဆိုတော့ အရမ်းစားကောင်းတာ"
"အငတ်ကတစ်မျိုး၊ သွား သွား မင်းအပေါ်ထပ် မင်းသွား။ မေမေ ဒါဆို သားဖုန်းချလိုက်တော့မယ်၊ ကျန်းမာရေးလည်းဂရုစိုက်အုန်း"
ခုတင်ခြေရင်းမှာအခန့်သားဝင်ထိုင်သည့်ယိုဟန်ကို တွန်းလွှတ်ရင်း မေမေကိုနှုတ်ဆက်လိုက်သည်။ နောက်မို့ လေရှည်သည့်ယိုဟန်က မဟုတ်ဟုတ်ကတွေပြောပြီး သူ့ကိုအချွန်နဲ့မတော့မည်ဖြစ်သည်။ ဖုန်းကိုခေါင်းအုံးဘေးထားပြီး အပြီးမသတ်သေးသည့်reportအတွက် ဟိုဆော့ ခုတင်ပေါ်မှဆင်းပြီး စာကြည့်စားပွဲသို့သွားရသည်။
"နေ့လည်က မင်းဒီကိုတစ်ယောက်ယောက်ခေါ်လာသေးလား။ ငါ ဟိုဘက်အဆောင်သွားတော့ မင်းနဲ့လူတစ်ယောက်ကို ဒီထဲမှာတွေ့လိုက်လို့"
"အေး ဟုတ်တယ်။ သူ့လက်ကဒဏ်ရာကို ဆေးထည့်ပေးတာ"
စာကြည့်မျက်မှန်ကိုတပ်ပြီး စာရွက်စာရွက်တွေကိုလှန်လှောရင်းပင် ဟိုဆော့ ပြန်ဖြေလိုက်သည်။ တစ်ဖက်က တိတ်ဆိတ်နေသည့်ယိုဟန်ကြောင့် ခေါင်းလှည့်ကြည့်တော့ သူ့ကိုစိတ်ဝင်စားမှုတို့ယိုစိမ့်နေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။ အခုချိန် ယိုဟန့်ခေါင်းထဲ ဘာတွေတွေးနေမလဲ သူသိသည်။
"သူက မင်းကိုဟိုတစ်ခါပြောပြတဲ့ ရှေ့နေလေ"
"အော် သူလား"
ထိုမှသာ ခေါင်းတငြိမ့်ငြိမ့်နှင့် မျက်နှာလွှဲသွားသော်လည်း ပြုံးစိစိမျက်နှာက အပိုးမသေသေး။
ထိုနေ့က အဘိုးနှင့်ထိုကောင်လေးထွက်သွားပြီးနောက် ယိုဟန်က သူ့ရုံးခန်းထဲတန်းရောက်လာသည်။ မျက်နှာပျက်နေသည့်သူ့ကိုမြင်သွားပြီး မေးမြန်းလာ၍ သူအကြောင်းစုံပြောပြလိုက်ရသည်။
"ငါတောင် သူ့ကိုတွေ့လိုက်သေးတယ်။ ခလေးလေးတစ်ယောက်ကို ကားတိုက်မိမလိုဖြစ်ရာက ကယ်လိုက်တယ်ပြောတယ်"
"မင်းက ဘယ်လိုသိလဲ"
"အဲ့ခလေးလေးရဲ့အမေက အရမ်းစိုးရိမ်နေတာ။ ခလေးလေးရဲ့ခေါင်းထဲတစ်ခုခုဖြစ်မှာဆိုးလို့ဆိုပြီး ငါ့ဆီရောက်လာတာပဲ။ သူတို့ပြောတာတွေကြားပြီး ငါလည်းအဖြစ်အပျက် အစအဆုံးသိလိုက်ရတာ။ အဲ့ရှေ့နေ့ရဲ့လက်ကဒဏ်ရာကိုလည်း ငါတွေ့တယ်။ အောက်ထပ်က အထွေထွေမှာဆေးသွားထည့်လိုက်ပါပြောတာကို သူကရတယ်ဆိုပြီး အပြင်ထွက်သွားတာကွ။ မင်းနဲ့ကျမှပဲ ကြည်ကြည်ဖြူဖြူ ဆေးအထည့်ခံတော့တယ်"
reportစာရွက်တွေကို မျက်နှာမူထားသော်လည်း ယိုဟန်၏ပြီတီတီမျက်နှာထားကို ဟိုဆော့ မြင်ယောင်နေပြီဖြစ်သည်။ သူက ဆရာဝန်တစ်ယောက်အနေနဲ့ ဒဏ်ရာရနေသူအပေါ်ဆေးကုပေးလိုက်တာကလွဲ တခြားဘာမှထူးထူးခြားခြားမရှိပေ။ သို့သော် ယိုဟန်၏စကားအသွားအလာက သူ့ကိုဘယ်အထိပို့ချင်နေမှန်း သူရိပ်မိသည်။
"မင်း အိပ်တော့ ယိုဟန်ရာ။ ဒီတစ်ခါ အစီရင်ခံစာကမှားလို့မဖြစ်ဘူး။ မင်းစကားပြောနေတာနဲ့ငါအာရုံစိုက်လို့မရတော့ဘူး"
"အေးပါကွာ အိပ်ပါ့မယ်။ မင်းလည်း ညနက်ထိလုပ်မနေနဲ့အုန်း"
ယိုဟန် အပေါ်ခုတင်ပေါ်တက်သွားမှ ဟိုဆော့အခန်းမီးပိတ်လိုက်သည်။ ပြီးမှ စာကြည့်စားပွဲမှမီးကိုဖွင့်ပြီး သူအလုပ်ဆက်ရသည်။ များပြားလှသည့်အချက်အလက်တွေအရတော့ သူဒီည၊ညလုံးပေါက်လောက်သည်။ စာရွက်ပေါ်မှအချက်တစ်ချို့ကိုမှတ်ရန် ဘောပင်ခြင်းထဲမှhighlight penကိုယူတော့ ဇကာပေါက်ခြင်းမှဖောက်မြင်နေရသည့် အပြာရင့်ရောင်ကတ်ပြားလေးကိုသတိထားမိသွားသည်။ ဟိုဆော့ ထိုကတ်ပြားလေးကိုခေတ္တငေးကြည့်မိရင်း သူအတွေးတစ်ခုဝင်သွားသည်။
"အရိုင်းအစိုင်းလို့တော့ မခေါ်သင့်တော့ဘူးပဲ"
..................
ညနေပိုင်းနားချိန်ရှိတာကြောင့် ဟိုဆော့ အထွေထွေဘက်ဆင်းချိန် ကောင်တာမှသူနာပြုလေးက သူ့ကိုမြင်တော့ အပြုံးတစ်ခုနှင့်အတူ မှာထားသော သစ်သီးခြင်းကို ထုတ်ပေးသည်။
"ဒေါက်တာ၊ ဒီတစ်ခါနွေသစ်သီးတွေသိပ်မရတော့ဘူး"
ပလတ်စတစ်အကြည်ဖြင့် သပ်ရပ်စွာထုပ်ပိုးထားသောခြင်းတောင်းထဲမှ သစ်သီးများကို ဟိုဆော့ အကဲခတ်လိုက်သည်။ သူနာပြုလေး၏စကားအတိုင်းပင် သစ်သီးအမျိုးအစားတော့မစုံတော့ပဲ ရတဲ့သစ်သီးကိုသာ အရေအတွက်များများထည့်ပေးထားသည်။
"ရပါတယ်...ကျေးဇူးပါပဲ၊ ကျွန်တော် အမြဲအလုပ်ရှုပ်စေသလိုဖြစ်မိပြီ"
"မလိုပါဘူး ဒေါက်တာရဲ့။ လမ်းလည်းကြုံနေတာပဲ"
သူနာပြုလေးက ရှက်ပြုံးလေးဖြင့် ပြန်ပြောလာသည်။ သူနာပြုလေးက အပတ်တိုင်းအိမ်ပြန်လေ့ရှိသည်။ အော်ဂဲနစ်စိုက်ခင်းနှင့်နီး၍ သစ်သီးတွေက လတ်လတ်ဆတ်ဆတ်ရသည်ကြောင့် ထိုသူနာပြုလေးကိုသာ ဟိုဆော့ အမြဲမှာဖြစ်သည်။ လိပ်စာသိသော်လည်း သူကအားလပ်ချိန်က မရှိသလောက်မို့ သူများကိုသာ ဒုက္ခပေးနေရသည်။ သစ်သီးခြင်းမှာရသည့်အကြောင်းပြချက်ကို သိနေတာကြောင့် တခါတလေ သစ်သီးခြင်းဖိုးမယူသည့်အခါမျိုးတွင် သူနာပြုလေးကို သူ ပိုပြီးအားနာရသည်။
"ဒီညနေ သွားတွေ့မှာလား ဒေါက်တာ"
"ဟုတ်တယ်၊ အရင်တစ်ပတ်က သွားမလို့ပဲ၊ meetingနဲ့တိုက်သွားလို့"
တစ်လမှာ တစ်ပတ်လောက်တော့ သောကြာနေ့ညနေတိုင်း အားလပ်ချိန်ရတတ်သည်။ ဒါလည်း ယိုဟန်နဲ့သူ တစ်ယောက်တစ်လှည့်ဆီယူရသည့် အားလပ်ချိန်ဟုပြော၍ရသည်။ တခါတရံ ခွဲစိတ်မှုတွေအချိန်ကိုက်ဖြစ်လာသည့်အခါတွင်တော့ သူတို့ရဲ့ မရှိမယ့်ရှိမယ့် နားချိန်လေးက ပျောက်ကွယ်သွားတတ်သည်။
"ဒေါက်တာ့ချစ်သူလေးကို ဒေါက်တာကအရမ်းချစ်တာပဲနော်"
"ဂရုစိုက်ပေးမယ့်သူက ကျွန်တော်ပဲရှိတာမဟုတ်လား"
"ဟုတ်ပါပြီ"
ပြုံးစိစိနှင့်ပြောလာသည့်သူနာပြုလေးက အကြောင်းစုံသိထားသော်လည်း သူ့ကိုအမြဲတမ်းလိုလို စနောက်တတ်သည်။ ဟိုဆော့ ကောင်တာပေါ်မှသစ်သီးခြင်းကိုယူပြီး အပေါ်ပြန်တက်ဖို့ပြင်လိုက်ချိန် တစ်စုံတစ်ခုကို သတိရသွားကာ ကောင်တာသို့ ပြန်ပြီးမျက်နှာမူလိုက်သည်။
"ဒေါက်တာ ဘာလိုလို့လဲ"
ကွန်ပျူတာကိုကြည့်ဖို့ပြင်နေသည့်သူနာပြုလေးက သူ့လှည့်လာတာမြင်တော့ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
"မှာစရာလေးရှိလို့ပါ။ တကယ်လို့ ကျွန်တော်မရှိတဲ့အချိန် လက်ကပတ်တီးနဲ့ကျွန်တော့်ကိုမေးလာတဲ့သူရှိရင် ကျွန်တော့်ဆီမလွှတ်ပဲ သူ့အတွက်လိုအပ်တဲ့ဆေးတွေကို အထွေထွေမှာပဲလုပ်ပေးလိုက်ပါနော်"
"အော်၊ ဟုတ်ကဲ့ပါ ဒေါက်တာ"
နားမလည်တဲ့ပုံစံဖြစ်သွားသော်လည်း သူနာပြုလေးက သူ့ကိုဘာမှပြန်မမေးဘဲ ခေါင်းသာငြိမ့်သည်။
ဟိုဆော့ သစ်သီးခြင်းလေးကိုဆွဲပြီးကောင်တာမှထွက်သွားချိန် ကျန်ရစ်ခဲ့သောသူနာပြုလေး ကွန်ပြူတာပေါ် အာရုံပြန်စိုက်လိုက်သည်။
"ဒေါက်တာဟိုဆော့မှာ ချစ်သူရှိတာလား"
ခုနကတစ်ချိန်လုံး ကွန်ပျူတာနဲ့ခေါင်းနဲ့မခွာတဲ့ သူငယ်ချင်းက အခုမှ ထိုင်ခုံလေးရွှေ့ကာ သူ့အနားရောက်လာသည်။
"အေးလေ၊ မသိဘူးလား"
"ဟုတ်လား၊ နှမြောစရာကြီး"
ဆူပုပ်သွားသောသူငယ်ချင်းမလေး၏မျက်နှာကိုကြည့်ကာ သူနာပြုလေးက သဘောကျစွာရယ်မောလိုက်သည်။
"နင်ကတော့လေ လုပ်ပြီ။ ဒီဆေးရုံမှာ နင်စိတ်ကူးယဉ်တဲ့ဒေါက်တာစာရင်းထဲ ဒေါက်တာဟိုဆော့ ပါသွားပြန်ပြီလား"
သူငယ်ချင်းဖြစ်သူအကြောင်းကို သိသိရက်နဲ့ကလိလိုက်တော့ သူ့လက်မောင်းကို ရှက်ကိုးရှက်ကန်းနဲ့ လာရိုက်၏။
"နင်ကလည်း ဒေါက်တာက ရယ်လိုက်ရင် အရမ်းကြည့်ကောင်းတာ။ ဦးနှောက်ဌာနရဲ့sunshineလို့တောင် ခေါ်ကြတာကို"
"အင်းပါ အင်းပါ"
သူငယ်ချင်းမလေး၏စကားသည်လည်း အမှန်ပင်။ ဒေါက်တာက သွားတန်းတွေပေါ်သည်အထိရယ်လိုက်ရင် ဒေါက်တာ့နှုတ်ခမ်းတွေက အသည်းပုံဆန်ဆန်လေးဖြစ်သွားသည်။ လူနာတွေအပေါ်တော့ အပြုံးရက်ရောသလောက် ပုံမှန်အချိန်ဆို ဒေါက်တာက အေးဆေးသာနေတတ်သည်။ ဒေါက်တာ့သူငယ်ချင်းဖြစ်သည့် ဒေါက်တာယိုဟန်နဲ့တော့ တော်တော်လေးကွာခြားသည်။
"ပြောပါအုန်း၊ ဒေါက်တာ့ချစ်သူကချောလား။ နင်မြင်ဖူးတယ်မလား"
သူ့အမေးကိုမဖြေဘဲရယ်နေတော့ သူငယ်ချင်းမလေးက စိတ်မရှည်တော့ပဲ သူ့ပုခုံးကိုကိုင်လှုပ်ပြီးအတင်းမေးလာ၏။
"ပြောပြပါ့မယ်။ ဒီလိုဟ၊ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ဒေါက်တာက ကားအက်ဆီးဒန့်တစ်ခုကို မျက်မြင်ကြုံလိုက်ရတာ။ အဲ့ဒီ့မှာ ကားတိုက်ခံလိုက်ရတဲ့အန်တီကြီးကို ဆေးရုံတွေဘာတွေပို့တာကအစ ဒေါက်တာက သူပဲကူညီပေးလိုက်တာ ။ ဖြစ်ချင်တော့ အဲ့ဒီ့အန်တီက တခြားဒဏ်ရာတွေမရပဲ ခေါင်းကိုပဲထိသွားတာ။ သတိလည်းပြန်ရလာတော့ အဲ့အန်တီရဲ့မှတ်ဉာဏ်က ဟိုးအရင်နှစ်သုံးဆယ်လောက်ကို ပြန်ရောက်သွားတာ။ အဲ့မှာ ကူညီပေးတဲ့ဒေါက်တာ့ကို သူ့ချစ်သူကောင်လေးလို့ ထင်သွားတာပဲ"
"ဟယ်"
"အန်တီကြီးကို အခုစိတ်ကျန်းမာရေးဆေးရုံကိုပို့ထားပေမယ့် သူ့ကိုလာတွေ့မယ့်မိသားစုလည်းမရှိတော့ ဒေါက်တာကပဲစောင့်ရှောက်ပေးထားတာ။ အခုလည်း ညနေကျ အဲ့အန်တီကိုသွားတွေ့သွားမှာလေ။ သစ်သီးတွေကလည်း အန်တီ့အတွက်ဆိုပြီး ငါ့ကိုမှာတာ"
စကားအဆုံး သူငယ်ချင်းမလေးက သက်ပြင်းမျှင်းမျှင်းချလိုက်ရင်း
"ဒေါက်တာက စိတ်ထားလေးကလည်းကောင်း၊ ရုပ်လေးကလည်းချော၊ အမလေး...ငါ့ကောင်လေးသာဖြစ်လိုက်ရင်တော့"
ဒုန်း!
အနောက်မှအသံကြောင့် ကောင်တာကိုကျောပေးထိုင်ထားသည့် သူနာပြုလေးနှစ်ယောက်လုံး လန့်ကာ ကျောလေးပင်မတ်သွားသည်။ ခပ်သွက်သွက်ထရင်း ကောင်တာကိုမျက်နှာမူလိုက်တော့ ညာဘက်လက်ဖျံတွင်ပတ်တီးနှင့်လူက သူ့တို့ကိုမျက်ခုံးကြီးကြုံ့ပြီးကြည့်နေသည်။
"ဘာလိုလို့လဲ မသိဘူး"
"ဦးနှောက်နဲ့အာရုံကြောဌာနက ဒေါက်တာနဲ့တွေ့ချင်လို့"
"ဘယ်သူလဲမသိဘူး"
"ဒေါက်တာဂျောင်ဟိုဆော့"
မာဆတ်ဆတ်လေသံကိုကြားမှ သူနာပြုမလေးသည် ခုနကဒေါက်တာမှာခဲ့သည့်စကားကို သတိရသွားသည်။ လက်မှာပတ်တီးနဲ့၊ ပြီးတော့ ဒေါက်ဝာာ့ကိုလာရှာတဲ့သူဆိုတော့ ဒီလူနာပဲဖြစ်လောက်သည်။
"ဒါဆိုရင်တော့ ကျွန်မနောက်လိုက်ခဲ့ပေးပါ လူနာ"
ကောင်တာထဲမှထွက်ပြီး အထွေထွေဘက်သို့ လမ်းပြတော့ ကောင်တာကိုမှီထားသူက မကြားသလိုပင်။ ကြုံ့ထားသည့်မျက်ခုံးနှစ်ဖက်နှင့် တမင်သက်သက်ကို ကျဉ်းမြောင်းထားသည့်မျက်လုံးတွေက ဘာကိုအလိုမကျမှန်းမသိ။ ဆေးရုံအုပ်တောင် သူ့လောက်မျက်နှာကြောမတင်းပါဘူး။
"ဘယ်ခေါ်သွားမလို့လဲ! ဦးနှောက်နဲ့အာရုံကြောဌာနက ဒီဘက်မဟုတ်ဘူးလား"
"ဟုတ်ပါတယ်။ ဒါပေမယ့် ဒေါက်တာကမှာထားလို့ပါ။ လူနာလာရင် အထွေထွေကိုခေါ်သွားလိုက်ပါဆိုလို့"
ဆရာမလေး၏စကားကြောင့် ဂျောင်ကု မျက်လုံးပြူးသွားပြီး ကောင်တာကိုအရိုးမရှိသလိုမှီထားရာမှ ချက်ချင်း မတ်မတ်ရပ်လိုက်မိသည်။
"ဗျာ! မဟုတ်သေးပါဘူး။ ဒီက ဆရာမတို့လူမှားနေတာနေမယ်"
"မမှားပါဘူးရှင်။ လက်ကပတ်တီးနဲ့ဦးနှောက်ဌာနကိုမေးတာဆိုလို့ ဒီကလူနာတစ်ယောက်ပဲ ရှိပါတယ်"
ဆရာမလေး၏အကျိုးအကြောင့်သင့်စကားအဆုံး ဂျောင်ကု လက်နက်ချကာ ဆရာမလေးနောက်လိုက်သွားရသည်။ ခုနကကြားလိုက်ရတဲ့သူနာပြုလေး၏စကားကိုရော၊ အခုကိစ္စကိုပါ မကျေမနပ်ဖြစ်ကာ ဂျောင်ကု၏မျက်နှာက သုန်မှုန်လို့နေသည်။ ဘယ့်နှယ့် သူ့ကောင်လေးဆိုပြီးပြောနေတာများ သူ့ရဲ့ဒေါက်တာလေးက ပြည်သူပိုင်ပစ္စည်းကျနေရော။ ဒါ့အပြင်ကို ဒေါက်တာဆီလာလို့ရတယ်ပြောပြီး အခုလိုသူများဆီလွှဲခဲ့တာကြောင့် ဂျောင်ကု မကျေမနပ်ဖြင့်တွေးလိုက်မိသည်။
ဒေါက်တာက ကတိမတည်ပါ။
* * * * *
31.01.2022
.................
A/N - တနင်္လာနေ့နဲ့သောကြာနေ့တိုင်း updateရှိပါမယ်နော် အချော်တို့ :-D
Episode 4 :
"သား၊ မ်က္တြင္းေတြက်ေနသလိုပဲ၊ ညဘက္ေတြအရမ္းနက္တဲ့အထိမေနပါနဲ႔လား"
screenတစ္ဖက္မွ ေမေမ့၏အစိုးရိမ္ပိုသည့္စကားမ်ားေၾကာင့္ ဟိုေဆာ့ရင္ဘက္ထဲမွ ဟာလွပ္ေနေသာေနရာေလးသည္ ေႏြးေထြးမႈျဖင့္ျပည့္လႊမ္းသြားသည္။ ပက္လွန္အေနအထားမွေခါင္းအုံးေပၚေမွာက္လိုက္ရင္း ဖုန္းကိုခုတင္ေခါင္းရင္းနံရံႏွင့္မွီထားလိုက္သည္။
"ဒီတစ္ပတ္အတြက္ အစီရင္ခံစာကနည္းနည္းအေရးႀကီးလို႔ပါ၊ ဒါသာၿပီးရင္ေတာ့ အဆင္ေျပသြားပါၿပီ"
"ေအာ္ ဘယ္လိုပဲျဖစ္ျဖစ္၊ ဆရာဝန္ဆိုတာက စက္႐ုပ္မွမဟုတ္ပဲ သားရယ္၊ နားနားေနေနလုပ္မွေပါ့"
စကားေျပာေနရင္ေပၚလာတဲ့ ပါးခ်ိဳင့္ေသးေသးေလးက အေရးအေၾကာင္းေတြၾကားမွ ေမေမ့ပါးျပင္ထက္တြင္ လွမ္းျမင္ေနရသည္။ သူ႕ထံတြင္လည္း ေမေမ့ထံမွအေမြရထားသည့္ ပါးခ်ိဳင့္ပိစိေလးမ်ား႐ွိသည္။
"ဟုတ္ကဲ့ပါဗ်ာ၊ ဒါနဲ႔ ေဖေဖေရာ"
"ထုံးစံအတိုင္း အိမ္ေ႐ွ႕မွာ႐ြာကလူႀကီးေတြနဲ႔အာလူးဖုတ္ေနတယ္"
သူ႕ကို ဆိုလ္းမွာေမြးေပမယ့္ ေဖေဖႏွင့္ေမေမ၏ဇာတိက ဂ်ယ္ဂ်ဴမွာျဖစ္သည္။ သူေဆးေက်ာင္းတက္တဲ့အခ်ိန္အထိ ဆိုးလ္မွာအတူေနခဲ့ေပမယ့္ ဘြဲ႕ရၿပီးအလုပ္ေသခ်ာရၿပီးခ်ိန္မွာေတာ့ ေဖေဖေရာ၊ေမေမေရာက ဂ်ယ္ဂ်ဴကိုသာျပန္သြားၾကသည္။ က်န္းမာေရးသိပ္မေကာင္းသည့္အဘြားလည္း႐ွိတာေၾကာင့္ အနီးကပ္ဂ႐ုစိုက္ေပးခ်င္သည္ဟုေျပာသည္။ သူလည္း ပိတ္ရက္ကိုပင္ နားခ်ိန္မ႐ွိတာေၾကာင့္ ေမေမတို႔ဆီ မျပန္ျဖစ္သည္မွာၾကာၿပီ။ သားရဲ႕အေၾကာင္းကိုအျပည့္အဝနားလည္သည့္ေမေမက ေမေမတို႔ဆီလာပါတစ္ခြန္းမေျပာဘဲ ဒီမွာက်န္းမာေရးႏွင့္ အစစအရာရာဂ႐ုစိုက္ဖို႔သာ အၿမဲမွာသည္။
"ဒီၾကားထဲအခ်ိန္ရရင္ ေမေမတို႔ဆီသားလာခဲ့မယ္"
"ေနပါ သားရယ္၊ ေဆး႐ုံမွာလည္း ပင္ပန္းတာနဲ႔၊ အဲ့မွာပဲ ေနပါ"
အေနာက္မွ တံခါးဖြင့္သံအရ ယိုဟန္အခန္းထဲဝင္လာမွန္း ဟိုေဆာ့သိလိုက္သည္။
"အန္တီေရ၊ ဒီတစ္ခါ ဟိုေဆာ့လာရင္ ဂုံးေတြထည့္ေပးလိုက္ပါ၊ အဲ့က လတ္လတ္ဆတ္ဆတ္ဆိုေတာ့ အရမ္းစားေကာင္းတာ"
"အငတ္ကတစ္မ်ိဳး၊ သြား သြား မင္းအေပၚထပ္ မင္းသြား၊ ေမေမ ဒါဆို သားဖုန္းခ်လိုက္ေတာ့မယ္၊ က်န္းမာေရးလည္းဂ႐ုစိုက္အုန္း"
ခုတင္ေျခရင္းမွာအခန္႔သားဝင္ထိုင္သည့္ယိုဟန္ကို တြန္းလႊတ္ရင္း ေမေမကိုႏႈတ္ဆက္လိုက္သည္။ ေနာက္မို႔ ေလ႐ွည္သည့္ယိုဟန္က မဟုတ္ဟုတ္ကေတြေျပာၿပီး သူ႕ကိုအခြၽန္နဲ႔မေတာ့မည္ျဖစ္သည္။ ဖုန္းကိုေခါင္းအုံးေဘးထားၿပီး အၿပီးမသတ္ေသးသည့္reportအတြက္ ဟိုေဆာ့ ခုတင္ေပၚမွဆင္းၿပီး စာၾကည့္စားပြဲသို႔သြားရသည္။
"ေန႔လည္က မင္းဒီကိုတစ္ေယာက္ေယာက္ေခၚလာေသးလား၊ ငါ ဟိုဘက္အေဆာင္သြားေတာ့ မင္းနဲ႔လူတစ္ေယာက္ကို ဒီထဲမွာေတြ႕လိုက္လို႔"
"ေအး ဟုတ္တယ္၊ သူ႕လက္ကဒဏ္ရာကို ေဆးထည့္ေပးတာ"
စာၾကည့္မ်က္မွန္ကိုတပ္ၿပီး စာ႐ြက္စာ႐ြက္ေတြကိုလွန္ေလွာရင္းပင္ ဟိုေဆာ့ ျပန္ေျဖလိုက္သည္။ တစ္ဖက္က တိတ္ဆိတ္ေနသည့္ယိုဟန္ေၾကာင့္ ေခါင္းလွည့္ၾကည့္ေတာ့ သူ႕ကိုစိတ္ဝင္စားမႈတို႔ယိုစိမ့္ေနသည့္မ်က္လုံးမ်ားျဖင့္ ၾကည့္ေနသည္။ အခုခ်ိန္ ယိုဟန္႔ေခါင္းထဲ ဘာေတြေတြးေနမလဲ သူသိသည္။
"သူက မင္းကိုဟိုတစ္ခါေျပာျပတဲ့ ေ႐ွ႕ေနေလ"
"ေအာ္ သူလား"
ထိုမွသာ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ မ်က္ႏွာလႊဲသြားေသာ္လည္း ျပဳံးစိစိမ်က္ႏွာက အပိုးမေသေသး။
ထိုေန႔က အဘိုးႏွင့္ထိုေကာင္ေလးထြက္သြားၿပီးေနာက္ ယိုဟန္က သူ႕႐ုံးခန္းထဲတန္းေရာက္လာသည္။ မ်က္ႏွာပ်က္ေနသည့္သူ႕ကိုျမင္သြားၿပီး ေမးျမန္းလာ၍ သူအေၾကာင္းစုံေျပာျပလိုက္ရသည္။
"ငါေတာင္ သူ႕ကိုေတြ႕လိုက္ေသးတယ္၊ ခေလးေလးတစ္ေယာက္ကို ကားတိုက္မိမလိုျဖစ္ရာက ကယ္လိုက္တယ္ေျပာတယ္"
"မင္းက ဘယ္လိုသိလဲ"
"အဲ့ခေလးေလးရဲ႕အေမက အရမ္းစိုးရိမ္ေနတာ၊ ခေလးေလးရဲ႕ေခါင္းထဲတစ္ခုခုျဖစ္မွာဆိုးလို႔ဆိုၿပီး ငါ့ဆီေရာက္လာတာပဲ၊ သူတို႔ေျပာတာေတြၾကားၿပီး ငါလည္းအျဖစ္အပ်က္ အစအဆုံးသိလိုက္ရတာ၊ အဲ့ေ႐ွ႕ေန႔ရဲ႕လက္ကဒဏ္ရာကိုလည္း ငါေတြ႕တယ္၊ ေအာက္ထပ္က အေထြေထြမွာေဆးသြားထည့္လိုက္ပါေျပာတာကို သူကရတယ္ဆိုၿပီး အျပင္ထြက္သြားတာကြ၊ မင္းနဲ႔က်မွပဲ ၾကည္ၾကည္ျဖဴျဖဴ ေဆးအထည့္ခံေတာ့တယ္"
reportစာ႐ြက္ေတြကို မ်က္ႏွာမူထားေသာ္လည္း ယိုဟန္၏ၿပီတီတီမ်က္ႏွာထားကို ဟိုေဆာ့ ျမင္ေယာင္ေနၿပီျဖစ္သည္။ သူက ဆရာဝန္တစ္ေယာက္အေနနဲ႔ ဒဏ္ရာရေနသူအေပၚေဆးကုေပးလိုက္တာကလြဲ တျခားဘာမွထူးထူးျခားျခားမ႐ွိေပ။ သို႔ေသာ္ ယိုဟန္၏စကားအသြားအလာက သူ႕ကိုဘယ္အထိပို႔ခ်င္ေနမွန္း သူရိပ္မိသည္။
"မင္း အိပ္ေတာ့ ယိုဟန္ရာ၊ ဒီတစ္ခါ အစီရင္ခံစာကမွားလို႔မျဖစ္ဘူး၊ မင္းစကားေျပာေနတာနဲ႔ငါအာ႐ုံစိုက္လို႔မရေတာ့ဘူး"
"ေအးပါကြာ အိပ္ပါ့မယ္၊ မင္းလည္း ညနက္ထိလုပ္မေနနဲ႔အုန္း"
ယိုဟန္ အေပၚခုတင္ေပၚတက္သြားမွ ဟိုေဆာ့အခန္းမီးပိတ္လိုက္သည္။ ၿပီးမွ စာၾကည့္စားပြဲမွမီးကိုဖြင့္ၿပီး သူအလုပ္ဆက္ရသည္။ မ်ားျပားလွသည့္အခ်က္အလက္ေတြအရေတာ့ သူဒီည၊ညလုံးေပါက္ေလာက္သည္။ စာ႐ြက္ေပၚမွအခ်က္တစ္ခ်ိဳ႕ကိုမွတ္ရန္ ေဘာပင္ျခင္းထဲမွhighlight penကိုယူေတာ့ ဇကာေပါက္ျခင္းမွေဖာက္ျမင္ေနရသည့္ အျပာရင့္ေရာင္ကတ္ျပားေလးကိုသတိထားမိသြားသည္။ ဟိုေဆာ့ ထိုကတ္ျပားေလးကိုေခတၱေငးၾကည့္မိရင္း သူအေတြးတစ္ခုဝင္သြားသည္။
"အ႐ိုင္းအစိုင္းလို႔ေတာ့ မေခၚသင့္ေတာ့ဘူးပဲ"
..................
ညေနပိုင္းနားခ်ိန္႐ွိတာေၾကာင့္ ဟိုေဆာ့ အေထြေထြဘက္ဆင္းခ်ိန္ ေကာင္တာမွသူနာျပဳေလးက သူ႕ကိုျမင္ေတာ့ အျပဳံးတစ္ခုႏွင့္အတူ မွာထားေသာ သစ္သီးျခင္းကို ထုတ္ေပးသည္။
"ေဒါက္တာ၊ ဒီတစ္ခါေႏြသစ္သီးေတြသိပ္မရေတာ့ဘူး"
ပလတ္စတစ္အၾကည္ျဖင့္ သပ္ရပ္စြာထုပ္ပိုးထားေသာျခင္းေတာင္းထဲမွ သစ္သီးမ်ားကို ဟိုေဆာ့ အကဲခတ္လိုက္သည္။ သူနာျပဳေလး၏စကားအတိုင္းပင္ သစ္သီးအမ်ိဳးအစားေတာ့မစုံေတာ့ပဲ ရတဲ့သစ္သီးကိုသာ အေရအတြက္မ်ားမ်ားထည့္ေပးထားသည္။
"ရပါတယ္၊ ေက်းဇူးပါပဲ၊ ကြၽန္ေတာ္ အၿမဲအလုပ္႐ႈပ္ေစသလိုျဖစ္မိၿပီ"
"မလိုပါဘူး ေဒါက္တာရဲ႕၊ လမ္းလည္းၾကဳံေနတာပဲ"
သူနာျပဳေလးက ႐ွက္ျပဳံးေလးျဖင့္ ျပန္ေျပာလာသည္။ သူနာျပဳေလးက အပတ္တိုင္းအိမ္ျပန္ေလ့႐ွိသည္။ ေအာ္ဂဲနစ္စိုက္ခင္းႏွင့္နီး၍ သစ္သီးေတြက လတ္လတ္ဆတ္ဆတ္ရသည္ေၾကာင့္ ထိုသူနာျပဳေလးကိုသာ ဟိုေဆာ့ အၿမဲမွာျဖစ္သည္။ လိပ္စာသိေသာ္လည္း သူကအားလပ္ခ်ိန္က မ႐ွိသေလာက္မို႔ သူမ်ားကိုသာ ဒုကၡေပးေနရသည္။ သစ္သီးျခင္းမွာရသည့္အေၾကာင္းျပခ်က္ကို သိေနတာေၾကာင့္ တခါတေလ သစ္သီးျခင္းဖိုးမယူသည့္အခါမ်ိဳးတြင္ သူနာျပဳေလးကို သူ ပိုၿပီးအားနာရသည္။
"ဒီညေန သြားေတြ႕မွာလား ေဒါက္တာ"
"ဟုတ္တယ္၊ အရင္တစ္ပတ္က သြားမလို႔ပဲ၊ meetingနဲ႔တိုက္သြားလို႔"
တစ္လမွာ တစ္ပတ္ေလာက္ေတာ့ ေသာၾကာေန႔ညေနတိုင္း အားလပ္ခ်ိန္ရတတ္သည္။ ဒါလည္း ယိုဟန္နဲ႔သူ တစ္ေယာက္တစ္လွည့္ဆီယူရသည့္ အားလပ္ခ်ိန္ဟုေျပာ၍ရသည္။ တခါတရံ ခြဲစိတ္မႈေတြအခ်ိန္ကိုက္ျဖစ္လာသည့္အခါတြင္ေတာ့ သူတို႔ရဲ႕ မ႐ွိမယ့္႐ွိမယ့္ နားခ်ိန္ေလးက ေပ်ာက္ကြယ္သြားတတ္သည္။
"ေဒါက္တာ့ခ်စ္သူေလးကို ေဒါက္တာကအရမ္းခ်စ္တာပဲေနာ္"
"ဂ႐ုစိုက္ေပးမယ့္သူက ကြၽန္ေတာ္ပဲ႐ွိတာမဟုတ္လား"
"ဟုတ္ပါၿပီ"
ျပဳံးစိစိႏွင့္ေျပာလာသည့္သူနာျပဳေလးက အေၾကာင္းစုံသိထားေသာ္လည္း သူ႕ကိုအၿမဲတမ္းလိုလို စေနာက္တတ္သည္။ ဟိုေဆာ့ ေကာင္တာေပၚမွသစ္သီးျခင္းကိုယူၿပီး အေပၚျပန္တက္ဖို႔ျပင္လိုက္ခ်ိန္ တစ္စုံတစ္ခုကို သတိရသြားကာ ေကာင္တာသို႔ ျပန္ၿပီးမ်က္ႏွာမူလိုက္သည္။
"ေဒါက္တာ ဘာလိုလို႔လဲ"
ကြန္ပ်ဴတာကိုၾကည့္ဖို႔ျပင္ေနသည့္သူနာျပဳေလးက သူ႕လွည့္လာတာျမင္ေတာ့ ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္သည္။
"မွာစရာေလး႐ွိလို႔ပါ၊ တကယ္လို႔ ကြၽန္ေတာ္မ႐ွိတဲ့အခ်ိန္ လက္ကပတ္တီးနဲ႔ကြၽန္ေတာ့္ကိုေမးလာတဲ့သူ႐ွိရင္ ကြၽန္ေတာ့္ဆီမလႊတ္ပဲ သူ႕အတြက္လိုအပ္တဲ့ေဆးေတြကို အေထြေထြမွာပဲလုပ္ေပးလိုက္ပါေနာ္"
"ေအာ္၊ ဟုတ္ကဲ့ပါ ေဒါက္တာ"
နားမလည္တဲ့ပုံစံျဖစ္သြားေသာ္လည္း သူနာျပဳေလးက သူ႕ကိုဘာမွျပန္မေမးဘဲ ေခါင္းသာၿငိမ့္သည္။
ဟိုေဆာ့ သစ္သီးျခင္းေလးကိုဆြဲၿပီးေကာင္တာမွထြက္သြားခ်ိန္ က်န္ရစ္ခဲ့ေသာသူနာျပဳေလး ကြန္ျပဴတာေပၚ အာ႐ုံျပန္စိုက္လိုက္သည္။
"ေဒါက္တာဟိုေဆာ့မွာ ခ်စ္သူ႐ွိတာလား"
ခုနကတစ္ခ်ိန္လုံး ကြန္ပ်ဴတာနဲ႔ေခါင္းနဲ႔မခြာတဲ့ သူငယ္ခ်င္းက အခုမွ ထိုင္ခုံေလးေ႐ႊ႕ကာ သူ႕အနားေရာက္လာသည္။
"ေအးေလ၊ မသိဘူးလား"
"ဟုတ္လား၊ ႏွေျမာစရာႀကီး"
ဆူပုပ္သြားေသာသူငယ္ခ်င္းမေလး၏မ်က္ႏွာကိုၾကည့္ကာ သူနာျပဳေလးက သေဘာက်စြာရယ္ေမာလိုက္သည္။
"နင္ကေတာ့ေလ လုပ္ၿပီ၊ ဒီေဆး႐ုံမွာ နင္စိတ္ကူးယဥ္တဲ့ေဒါက္တာစာရင္းထဲ ေဒါက္တာဟိုေဆာ့ ပါသြားျပန္ၿပီလား"
သူငယ္ခ်င္းျဖစ္သူအေၾကာင္းကို သိသိရက္နဲ႔ကလိလိုက္ေတာ့ သူ႕လက္ေမာင္းကို ႐ွက္ကိုး႐ွက္ကန္းနဲ႔ လာ႐ိုက္၏။
"နင္ကလည္း ေဒါက္တာက ရယ္လိုက္ရင္ အရမ္းၾကည့္ေကာင္းတာ၊ ဦးေႏွာက္ဌာနရဲ႕sunshineလို႔ေတာင္ ေခၚၾကတာကို"
"အင္းပါ အင္းပါ"
သူငယ္ခ်င္းမေလး၏စကားသည္လည္း အမွန္ပင္။ ေဒါက္တာက သြားတန္းေတြေပၚသည္အထိရယ္လိုက္ရင္ ေဒါက္တာ့ႏႈတ္ခမ္းေတြက အသည္းပုံဆန္ဆန္ေလးျဖစ္သြားသည္။ လူနာေတြအေပၚေတာ့ အျပဳံးရက္ေရာသေလာက္ ပုံမွန္အခ်ိန္ဆို ေဒါက္တာက ေအးေဆးသာေနတတ္သည္။ ေဒါက္တာ့သူငယ္ခ်င္းျဖစ္သည့္ ေဒါက္တာယိုဟန္နဲ႔ေတာ့ ေတာ္ေတာ္ေလးကြာျခားသည္။
"ေျပာပါအုန္း၊ ေဒါက္တာ့ခ်စ္သူကေခ်ာလား၊ နင္ျမင္ဖူးတယ္မလား"
သူ႕အေမးကိုမေျဖဘဲရယ္ေနေတာ့ သူငယ္ခ်င္းမေလးက စိတ္မ႐ွည္ေတာ့ပဲ သူ႕ပုခုံးကိုကိုင္လႈပ္ၿပီးအတင္းေမးလာ၏။
"ေျပာျပပါ့မယ္၊ ဒီလိုဟ၊ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္က ေဒါက္တာက ကားအက္ဆီးဒန္႔တစ္ခုကို မ်က္ျမင္ၾကဳံလိုက္ရတာ၊ အဲ့ဒီ့မွာ ကားတိုက္ခံလိုက္ရတဲ့အန္တီႀကီးကို ေဆး႐ုံေတြဘာေတြပို႔တာကအစ ေဒါက္တာက သူပဲကူညီေပးလိုက္တာ ၊ ျဖစ္ခ်င္ေတာ့ အဲ့ဒီ့အန္တီက တျခားဒဏ္ရာေတြမရပဲ ေခါင္းကိုပဲထိသြားတာ၊ သတိလည္းျပန္ရလာေတာ့ အဲ့အန္တီရဲ႕မွတ္ဉာဏ္က ဟိုးအရင္ႏွစ္သုံးဆယ္ေလာက္ကို ျပန္ေရာက္သြားတာ၊ အဲ့မွာ ကူညီေပးတဲ့ေဒါက္တာ့ကို သူ႕ခ်စ္သူေကာင္ေလးလို႔ ထင္သြားတာပဲ"
"ဟယ္"
"အန္တီႀကီးကို အခုစိတ္က်န္းမာေရးေဆး႐ုံကိုပို႔ထားေပမယ့္ သူ႕ကိုလာေတြ႕မယ့္မိသားစုလည္းမ႐ွိေတာ့ ေဒါက္တာကပဲေစာင့္ေ႐ွာက္ေပးထားတာ၊ အခုလည္း ညေနက် အဲ့အန္တီကိုသြားေတြ႕သြားမွာေလ၊ သစ္သီးေတြကလည္း အန္တီ့အတြက္ဆိုၿပီး ငါ့ကိုမွာတာ"
စကားအဆုံး သူငယ္ခ်င္းမေလးက သက္ျပင္းမွ်င္းမွ်င္းခ်လိုက္ရင္း
"ေဒါက္တာက စိတ္ထားေလးကလည္းေကာင္း၊ ႐ုပ္ေလးကလည္းေခ်ာ၊ အမေလး...ငါ့ေကာင္ေလးသာျဖစ္လိုက္ရင္ေတာ့"
ဒုန္း!
အေနာက္မွအသံေၾကာင့္ ေကာင္တာကိုေက်ာေပးထိုင္ထားသည့္ သူနာျပဳေလးႏွစ္ေယာက္လုံး လန္႔ကာ ေက်ာေလးပင္မတ္သြားသည္။ ခပ္သြက္သြက္ထရင္း ေကာင္တာကိုမ်က္ႏွာမူလိုက္ေတာ့ ညာဘက္လက္ဖ်ံတြင္ပတ္တီးႏွင့္လူက သူ႕တို႔ကိုမ်က္ခုံးႀကီးၾကဳံ႕ၿပီးၾကည့္ေနသည္။
"ဘာလိုလို႔လဲ မသိဘူး"
"ဦးေႏွာက္နဲ႔အာ႐ုံေၾကာဌာနက ေဒါက္တာနဲ႔ေတြ႕ခ်င္လို႔"
"ဘယ္သူလဲမသိဘူး"
"ေဒါက္တာေဂ်ာင္ဟိုေဆာ့"
မာဆတ္ဆတ္ေလသံကိုၾကားမွ သူနာျပဳမေလးသည္ ခုနကေဒါက္တာမွာခဲ့သည့္စကားကို သတိရသြားသည္။ လက္မွာပတ္တီးနဲ႔၊ ၿပီးေတာ့ ေဒါက္ဝာာ့ကိုလာ႐ွာတဲ့သူဆိုေတာ့ ဒီလူနာပဲျဖစ္ေလာက္သည္။
"ဒါဆိုရင္ေတာ့ ကြၽန္မေနာက္လိုက္ခဲ့ေပးပါ လူနာ"
ေကာင္တာထဲမွထြက္ၿပီး အေထြေထြဘက္သို႔ လမ္းျပေတာ့ ေကာင္တာကိုမွီထားသူက မၾကားသလိုပင္။ ၾကဳံ႕ထားသည့္မ်က္ခုံးႏွစ္ဖက္ႏွင့္ တမင္သက္သက္ကို က်ဥ္းေျမာင္းထားသည့္မ်က္လုံးေတြက ဘာကိုအလိုမက်မွန္းမသိ။ ေဆး႐ုံအုပ္ေတာင္ သူ႕ေလာက္မ်က္ႏွာေၾကာမတင္းပါဘူး။
"ဘယ္ေခၚသြားမလို႔လဲ၊ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဌာနက ဒီဘက္မဟုတ္ဘူးလား"
"ဟုတ္ပါတယ္၊ ဒါေပမယ့္ ေဒါက္တာကမွာထားလို႔ပါ၊ လူနာလာရင္ အေထြေထြကိုေခၚသြားလိုက္ပါဆိုလို႔"
ဆရာမေလး၏စကားေၾကာင့္ ေဂ်ာင္ကု မ်က္လုံးျပဴးသြားၿပီး ေကာင္တာကိုအ႐ိုးမ႐ွိသလိုမွီထားရာမွ ခ်က္ခ်င္း မတ္မတ္ရပ္လိုက္မိသည္။
"ဗ်ာ! မဟုတ္ေသးပါဘူး၊ ဒီက ဆရာမတို႔လူမွားေနတာေနမယ္"
"မမွားပါဘူး႐ွင္၊ လက္ကပတ္တီးနဲ႔ဦးေႏွာက္ဌာနကိုေမးတာဆိုလို႔ ဒီကလူနာတစ္ေယာက္ပဲ ႐ွိပါတယ္"
ဆရာမေလး၏အက်ိဳးအေၾကာင့္သင့္စကားအဆုံး ေဂ်ာင္ကု လက္နက္ခ်ကာ ဆရာမေလးေနာက္လိုက္သြားရသည္။ ခုနကၾကားလိုက္ရတဲ့သူနာျပဳေလး၏စကားကိုေရာ၊ အခုကိစၥကိုပါ မေက်မနပ္ျဖစ္ကာ ေဂ်ာင္ကု၏မ်က္ႏွာက သုန္မႈန္လို႔ေနသည္။ ဘယ့္ႏွယ့္ သူ႕ေကာင္ေလးဆိုၿပီးေျပာေနတာမ်ား သူ႕ရဲ႕ေဒါက္တာေလးက ျပည္သူပိုင္ပစၥည္းက်ေနေရာ။ ဒါ့အျပင္ကို ေဒါက္တာဆီလာလို႔ရတယ္ေျပာၿပီး အခုလိုသူမ်ားဆီလႊဲခဲ့တာေၾကာင့္ ေဂ်ာင္ကု မေက်မနပ္ျဖင့္ေတြးလိုက္မိသည္။
ေဒါက္တာက ကတိမတည္ပါ။
* * * * *
31.01.2022
.................
A/N - တနလၤာေန႔နဲ႔ေသာၾကာေန႔တိုင္း update႐ွိပါမယ္ေနာ္ အေခ်ာ္တို႔ :-D