Zawgyi
ကြင္းထဲမွ ျပန္လာၾကေတာ့ အခ်ိန္ကညေနေစာင္းေနေလၿပီ။ႏွစ္ေယာက္သား ေအးေအးလူလူ လမ္းေလ်ွာက္ျပန္လာၾကရင္း လမ္းမွာေတြ႔ေသာ အသိမိတ္ေဆြအခ်ိဳ႕ကိုလည္း ႏူတ္ဆက္ရေသး၏။တခ်ိဳ႕က အေကာင္းႏူတ္ဆက္သည္။တခ်ိဳ႕ကေတာ့ ႏွစ္ေယာက္ကို ထစ္ေငါ့ခ်င္သည့္ပံုစံျဖင့္ ႏူတ္ဆက္ၾကသည္။လူအမ်ိဳးမ်ိဳး၊စိတ္အေထြေထြပါေလ။
''အုန္းရည္ေသာက္ခ်င္လား''
''အာ...အပူကန္မယ္''
''ေပါက္ကရ။အပူအပုပ္စင္ေအာင္ ေသာက္ရတာဗ်။ေသာက္မယ္ဆို ဟိုေ႐ွ႕မွာထိုင္ေန''
ကြင္းထဲကေန အိမ္ကိုျပန္သည့္လမ္းခုလတ္မွာ စီတန္းေနေသာ အုန္းပင္မ်ား၏ ေအာက္ဘက္ခပ္လွမ္းလွမ္းတြင္ ကိုယ္ဝင္ထိုင္လိုက္သည္။ဒီျခံက ျမတ္ရဲ႕ ႀကီးေတာ္ျခံျဖစ္ၿပီး တစ္ခါတရံလည္း ကြင္းထဲကအျပန္ ကိုယ္တို႔ဝင္ထိုင္တတ္သည္။
''နင္ တက္မလို႔လား''
''ကိုယ္မတက္လို႔ အုန္းသီးကသူ႔အလိုလိုက်လာမလား''
''နင္တက္ရမွာဆို ငါမေသာက္ေတာ့ဘူး။ျပန္ၾကစို႔''
သိပ္အျမင့္စား မဟုတ္ေပမဲ့လို႔ အကိုင္းမ႐ွိ၊အခက္မ႐ွိ တစ္ေျဖာင့္တည္းပင္စည္ႀကီးကို တြယ္တက္ရမွာမို႔ ကိုယ္စိတ္မခ်ေပ။
''ခဏေလးေစာင့္ေနပါ။ကိုယ့္ကိုၾကည့္မေနနဲ႔။ခဏေလးေနရင္ ကိုယ္ျပန္လာမယ္''
ျမတ္ေစာင့္ခိုင္းသည့္အနား ရင္တထိတ္ထိတ္ျဖင့္ ထိုင္ေနရင္း ခဏအၾကာမွာေတာ့ အုန္းသီးတြဲႏွင့္အတူ ျမတ္ျပန္ေရာက္လာေလသည္။႐ွပ္အက်ႌက ၾကယ္သီးေတြကို အကုန္ျဖဳတ္ထားျခင္းေၾကာင့္ ျမတ္ရဲ႕ က်စ္လစ္ေနေသာ ခႏၶာကိုယ္ေပၚရွိ ပြန္းပဲ့ရာအခ်ိဳ႕ကို ကိုယ္ျမင္လိုက္ရသည္။
''ရင္ဘတ္ဟျပဲနဲ႔တက္တာ အသားေတြပြန္းကုန္ၿပီ ၾကည့္''
''အက်ႌျပဲမွာစိုးလို႔ ။ဘာမွမျဖစ္ပါဘူး။ဒီေလာက္ပြန္းတာက။ထ...အိမ္ျပန္ၾကမယ္''
ေနေစာင္းစျပဳေနသည့္အခ်ိန္ကိုမွ ရာသီဥတုကလည္းမပူမခ်မ္း၊ဒီလိုကာလက ေနလို႔အေကာင္းဆံုးပင္။ျမတ္တို႔အိမ္ျခံေလးက ဝင္လာတာနဲ႔အပင္ရိပ္ေအာက္မို႔ ပံုမွန္ထက္ကိုပိုေအးသည္။သို႔ေပသိ ေႏြရာသီဆိုရင္ေတာ့ျဖင့္ အိမ္ေပၚမေနႏိုင္ဘဲ အိမ္ေဘးက ကြပ္ပ်စ္မွာ စတည္းခ်ရသည္က မ္ား၏။
''ေရခ်ိဳးမွာမလား''
''ခ်ိဳးမယ္ေလ..ေရေသာက္ဦးမယ္''
''အင္း..ကိုယ့္လည္းတစ္ခြက္ေပး''
ေရေသာက္ၿပီးသည္ႏွင့္ ျမတ္က ေရခ်ိဳးသည့္ေနရာသြားကာ ေရနင္းႏွင့္သည္။ကိုယ္ကေတာ့မိန္းမေပမို႔ အဝတ္အစားခြၽတ္ရ၊လဲဖယ္ရ အလြန္ပင္မလြယ္။ကိုယ္ၿပီးစီး၍ ေအာက္ဆင္းသြားေသာ ျမတ္ကအဝတ္ပင္ေရစိမ္ေနေခ်ၿပီ။
''နင္ေလ်ွာ္ၿပီးရင္ ငါ့ကိုပံုးေပးဦး''
''အဝတ္ေလ်ွာ္မလို႔မဟုတ္လား။ေပး ဒီကို''
''အာ...မလုပ္ပါနဲ႔..ငါ့ဟာအက်ႌတစ္ခုပဲမဟုတ္ဘူး''
ကိုယ္လက္ထဲလံုးကိုင္ထားသည့္အဝတ္လံုးကို ဆြဲယူသြားၿပီး သူေလ်ွာ္လက္စပံုးထဲအတူထည့္ကာေရာစိမ္သည္။ၿပီးမွ တစ္ထည္ခ်င္း စိမ္ေျပနေျပ ပြတ္တိုက္၊ေရေဆးျခင္းအမႈကို ျမတ္ ျပဳေန၏။
''ငါ့အတြင္းခံေတြေရာပါေနလို႔''
''ပါပါေစေလကြာ..ဘာျဖစ္လို႔လဲ။ခႏၶာကိုယ္ေပၚဝတ္တာခ်င္းအတူတူပဲဟာကို။ဘာမွမျဖစ္ဘူး။ေရခ်ိဳးစရာ႐ွိတာခ်ိဳး။မေလာက္ရင္ ကိုယ္ထပ္နင္းေပးမယ္''
ဘုန္းနိမ့္ကံနိမ့္ဆိုတဲ့အယူအဆမ်ိဴးကို လူႀကီးေတြအေျပာမ်ားၾကၿပီး မိန္းမထမီေလ်ွာ္ေပးရင္ေတာင္ ဒီေယာက်ာ္းက ဘုန္းကံမ႐ွိေတာ့သလို စြဲခ်က္ႀကီးလွသည္။ျမတ္တို႔ေနသည့္ပတ္ဝန္းက်င္ေလးမွာေတာ့ မိန္းမမီးေနသည္၏အညစ္အေၾကးအေပအစြန္းကအစ အမ်ိဳးသားကသာေလ်ွာ္ဖြပ္ေဆးေၾကာေပးတတ္ေၾကာင္း ကိုယ္ၾကားဖူးသည္။လုပ္ေပးမည့္ေဆြမ်ိဴးသားခ်င္းအကူအညီ႐ွိေသာ အမ်ိဴးသားနွင့္ အခ်ိဳ႕ဘုန္းကံအစြဲ႐ွိေသာအမ်ိဳးသားမ်ားကေတာ့ ခြၽင္းခ်က္ဟု ေျပာရေပမည္။
ဒါတင္မကေသး။ကိုယ္တို႔ၿမိဳ႕က အိမ္ေထာင္သည္အမ်ားစုမွာဆို ထမင္းပြဲေ႐ွ႕ေရာက္လက္ေဆးစားၿပီး ပန္းကန္ေဆးျခင္းကအစဇနီးသည္၏ အလုပ္ျဖစ္ကာ တစ္အိမ္ရွိလုပ္ငန္းတာဝန္သည္ဇနီးမယားအေပၚ၌သာ မွီတည္ေနသည္။ဒါေၾကာင့္ပဲ မွီခိုဆိုၿပီး အိမ္ေထာင္စုစာရင္းသြင္းရျခင္းလားေတာ့ကိုယ္မေျပာတတ္။
ဒီမွာကေတာ့ ထမင္းစားၿပီး ကိုယ့္ပန္းကန္ကိုယ္ေဆး၊ေရခ်ိဴးရင္းနဲ႔ကိုယ့္အဝတ္ကိုယ္ေလ်ွာ္၊တစ္အိမ္လံုးအလုပ္ကို လင္ရယ္မယားရယ္မခြဲဘဲ အဆင္ေျပသူက လုပ္သြားတတ္သည့္ထံုးစံ။သားသမီးေတြကိုဆံုးမရာတြင္လည္း ေအာ္ဟစ္ဆံုးမျခင္းထက္ နားလည္ေအာင္ေျပာဆိုဆံုးမတတ္သည္ကို ကိုယ္အင္မတန္သေဘာက်သည္။
ေယာက်ာ္း၊မိန္းမမေရြးဘဲ မီးဖိုေခ်ာင္ ႏိုင္နင္းေအာင္ ပ်ိဳးေထာင္ေပးထားပံုမ်ား ေယာက်ာ္းမွန္ရင္မီးဖိုေခ်ာင္ကိစၥဝင္မကူရဟူေသာအစြဲျဖင့္ မိဘအခ်္ိဳ႕ကို ကိုယ္ ေခၚသာျပလိုက္ခ်င္သည္။တကယ္တမ္းေတာ့အိမ္ရဲ႕တာဝန္ဟာ ဒီအိမ္မွာေနသူအကုန္လံုးနဲ႔သက္ဆိုင္တာပဲ မဟုတ္လား။
#
ကိုယ့္ကို တားမရတာေရာ၊ကိုယ့္ရဲ႕စိတ္အားထက္သန္ေနမႈေၾကာင့္ပါ အကုန္ေပါင္းၿပီး ျမတ္နဲ႔ပတ္သက္လို႔ တားျမစ္ပိတ္ပင္မည့္သူမ႐ွိ။သို႔ေသာ္လည္း စကားလက္ဆံုက်လ်ွင္ေတာ့ အသက္ငယ္ငယ္ေယာက်ာ္းကို ယူျခင္းက မသင့္ေတာ္ေၾကာင္းေတာ့မၾကာခဏဆိုသလိုကို ၾကားေနရေလသည္။
ရြာသြားမယ္ဆိုတိုင္းလည္း ''နင္ကခ်ည္း လိုက္လိုက္သြားေနရသလား''ဆိုေသာစကားျဖင့္ ကိုယ့္ကိုတားျမစ္ၾကသည္။ျမတ္ကလည္း သူ႔ေက်ာင္းတစ္ဖက္၊အလုပ္တစ္ဖက္ႏွင့္ ရန္ကုန္ဆိုေသာေနရာကို မ်က္ေစာင္းပင္လွည့္မထိုးႏိုင္။ဒီေတာ့ ကိုယ္မွ မသြားလ်ွင္ မေတြ႔ႏိုင္သည့္အေျခအေန။
''မမ...''
အျပင္ေက်ာင္းတစ္ခုမွာဝင္ေလ်ွာက္ဖို႔အတြက္ လိုအပ္သည့္အခ်က္အလက္မ်ားကိုေလ့လာေနရင္း အိမ္ရဲ႕အငယ္ဆံုးေကာင္ဆီမွ ေခၚသံေၾကာင့္ ကိုယ္လွည့္ၾကည့္လိုက္သည္။သူက ဒီႏွစ္မွဆယ္တန္းေျဖမည့္ေက်ာင္းသား။
''သား စာေမးပြဲၿပီးရင္ ေလ်ွာက္သြားမို႔ မုန္႔ဖိုးေပးေနာ္''
ေနာက္တစ္ပတ္ဆို စာေမးပြဲၿပီးၿပီဆိုေတာ့ ယခုကတည္းက ႀကိဳတင္၍ကမ္းလွမ္းေနျခင္းျဖစ္သည္။ကိုယ္ကလည္း ျမတ္ဆီထပ္ၿပီးသြားခ်င္ေနသည့္အခ်ိန္ဆိုေတာ့...။
''ရတယ္။ေပးမယ္။မမနဲ႔ ရြာလိုက္ခဲ့ေပးမလား''
''အာ...ပ်င္းစရာႀကီး။စာေမးပြဲၿပီးကာစ ေလ်ွာက္လည္ခ်င္တာပါဆို''
''လုပ္စမ္းပါ။အမ်ားႀကီးမေနဘူးဟာ။၃ရက္ပဲ။အဲ့ကျပန္လာရင္ နင္လိုခ်င္သေလာက္ေပးမယ္။''
ေခါင္းတခါခါလုပ္ေနရာကေန လိုခ်င္သေလာက္ရမယ္ဆိုေသာစကားေၾကာင့္ အနည္းငယ္အင္တင္တင္ျဖစ္လာေလသည္။
''ဟိုမြာ ပ်င္းေနရင္ ဘယ္လိုလုပ္မလဲ။''
''ငါ့ဖုန္းေပးထားေပးမယ္ေလ''
အင္တင္တင္ကေန အနည္းငယ္လိုလားဟန္ျဖစ္လာေလသည္။
''ဟိုမွာေနတဲ့ရက္အကုန္လံုးေနာ္။''
''ေအး..''
''ဒါဆိုၿပီးေရာ..ေမေမ့ကို သားေျပာထားမယ္။မမ စကားနဲ႔မမေနာ္''
မ်က္စိတစ္ဖက္မွိတ္ျပၿပီး လက္မနဲ႔လက္ညိဳးကို ဝိုင္းျပကာ လက္ခံေၾကာင္း အမူအရာျပလိုက္ေတာ့ အငယ္ေကာင္ကလည္း ေခါင္းညိတ္ျပလာသည္။အဆင္ေျပေလၿပီ။ေနာက္အပတ္ဆို ျမတ္နဲ႔ေတြ႔ရေပဦးမည္။
#
''ညီေလး...ပ်င္းေနလား''
အလတ္ေကာင္ကိုေတာ့ ေယာက္ဖခ်င္းထပ္ေအာင္ေခၚခဲ့ေသာ္လည္း အငယ္ေကာင္ကိုေတာ့ ညီေလးဟုသာ ျမတ္သံုးႏူန္းသည္။
''မမက ဒီေရာက္ရင္ဖုန္းေပးမယ္ေျပာၿပီး ခုက် သူ႔fb အေကာင့္ကိုမဖ်က္ဘဲ သံုးတဲ့''
ကိုယ့္အေကာင့္ကို ဖ်က္လိုက္လ်ွင္ ျပန္ဝင္မရမည္စိုး၍ တားျမစ္ခဲ့ျခင္းသာ။ျမတ္ကေတာ့ ကိုယ့္ဖုန္းကို အငယ္ေကာင္လက္ထဲမွ လွမ္းယူလိုက္ၿပီး..
''ညီေလး အေကာင့္႐ွိတယ္မဟုတ္လား။အကို fbကို ပြားေပးမယ္။အဲ့မွာသံုး။ဒါဆို မင္းမမအေကာင့္လည္းမပ်က္ေတာ့ဘူး။ဒီမွာ ရၿပီ။မင္းအေကာင့္ထည့္လိုက္ေတာ့..''
''ဟုတ္..ဟုတ္။ေက်းဇူးပဲ အကို''
အိမ္မွာဆို အငယ္ဆံုးပီပီ အာက်ယ္က်ယ္ျဖင့္ ဆိုးခ်င္သေလာက္ သူ႔မေတာ္ရေသးေသာေယာက္ဖနဲ႔က် အလြန္ လိမၼာယဥ္ေက်းျပေနေသာ အငယ္ေကာင္ရယ္ပါ။ကိုယ္ကေတာ့ သူတို႔ခ်င္းအဆင္ေျပေလ ေက်နပ္ေလေပါ့။
''ညီေလး..မင္းသြားခ်င္တဲ့ေနရာ႐ွိရင္ေျပာေနာ္၊အစ္ကိုလိုက္ပို႔ေပးမယ္။ဖုန္းပဲၾကည့္မေနနဲ႔ကြ''
''ဟုတ္...ကြ်န္ေတာ္ ပ်င္းလို႔''
''လာ..။အကို ဝက္သားတုတ္ထိုးလုပ္ေနတာ ရၿပီ။မင္း မမကိုပါသြားေခၚ။အိမ္ေ႐ွ႕မွာ အကို႔ မမနဲ႔ေလေပးေျဖာင့္ေနတာ။သူ ေန႔လည္စာကို လာမစားေသးဘူး''
မိုးႏြယ္ လာလည္သည့္အခ်ိန္ႏွင့္ၾကံဳႀကိဳက္တုန္းမို႔ စကားေကာင္းေနသည္ကို ေနာက္ေဖးကေန အေခၚေတာ္လႊတ္ေနေၾကာင္း ကိုယ္အတိုင္းသားၾကားေနရသည္။
''မမ...အကိုက ထမင္းစားမယ္တဲ့''
''ဟယ္..ဟယ္..ငါကပါးစပ္မပါဘူးလား အငယ္ေကာင္ ငျမတ္''
''ဪ...လာစားေပါ့။အိုးထဲမွာ႐ွိေသးတယ္.ဒါကေတာ့ ဧည့္သည္ေတြဟာ လာမထိနဲ႔''
အသံျပဲျဖင့္ ေအာ္ဟစ္ၿပီးေနာက္ေဖးကိုဦးစြာဝင္သြားေသာမိုးႏြယ္ႏွင့္ ကိုယ့္အတြက္ျပင္ထားေပးသည္ကို ိုစားမည္စိုး၍တားေနေသာ ျမတ္တို႔အၾကား ကိုယ့္မွာ မ်က္ႏွာလည္းပူသလို၊ရယ္လည္းရယ္ခ်င္သည္။
''အမ်ားႀကီးပါ ျမတ္ရယ္။စားပါေစ''
''အိုးထဲမွာလည္းအမ်ားႀကီးပဲ။မမရာ..နင္မရစ္စမ္းနဲ႔။ျပန္ရင္ ေယာက္ဖအတြက္ပါထည့္သြား။ဒီမွာ ဧည့္သည္ေတြစားလို႔မေျဖာင့္ေတာ့ဘူး''
အစားဆို တကယ္မက္ေသာ ကိုယ့္ေမာင္ေလးခမ်ာ ခက္ရင္းေလးကိုင္ၿပီး ဆက္ပဲစားရႏိုး၊ရပ္ပဲထားရႏိုးနဲ႔ မ်က္လံုးအဝိုင္းသား။
''ေအးပါ..ေအးပါ။အိမ္ကိုထည့္ေပးမယ္ဆိုလို႔ ခြင့္လႊတ္လိုက္မယ္''
အိမ္မႀကီးဘက္ကို မိုးႏြယ္ျပန္တက္သြားမွ လွီးလက္စကလီစာအခ်ိဳ႕ကိုဆက္လွီးျဖတ္ၿပီး..
''စား..ညီေလး။ႀကိဳက္တယ္မလား။မင္းမမကေတာ့ သိပ္ႀကိဳက္တာ''
''အကိုကလည္း မမခ်ည္းပဲ။ကြၽန္ေတာ္လည္း ႀကိဳက္ပါတယ္''
''ဟားဟား...ေအးပါကြာ။မမကေတာ့ မမေပါ့ကြ။မင္းက ေယာက္ဖပဲေတာ္တာေလ။မမကက် အကို႔မိန္းမျဖစ္လာမွာကိုး''
''ဟဲ့..ျမတ္..ကေလးေ႐ွ႕မွာ''
ျမတ္ရဲ႕လက္ေမာင္းကို မနာေအာင္ ႐ိုက္လိုက္ၿပီးဟန္႔တားမိေတာ့ ျမတ္ရဲ႕မ်က္ႏွာေပၚမွာျဖစ္တည္လာေသာ အျပံဳးသည္ အလြန္ပင္ ျမတ္ႏိုးဖြယ္ေကာင္းေပစြ။ကိုယ္ ဒီလူသားကို တကယ္ခ်စ္သည္။ဒီလူသားကို ေရြးခ်ယ္ထားမိျခင္းအတြက္လည္း ဘယ္ေသာအခါမွ ေနာင္တရလိမ့္မည္မဟုတ္ေပ။
#
၃ရက္ျပည့္ေလၿပီ၊အငယ္ေကာင္က ဒီမွာမေပ်ာ္တာမဟုတ္ေသာ္ျငား စာေမးပြဲၿပီးခါစကို အေပါင္းအသင္းေတြနဲ႔သြားခ်င္လာခ်င္ေသးေတာ့ အဟမ္း၊အဟြန္းျဖင့္ အသံစံုထြက္ေနေတာ့သည္။
''ငါ မျပန္ခ်င္ေသးဘူး ျမတ္''
''မျပန္နဲ႔ေလ.. ဘယ္သူကႏွင္လႊတ္ေနလို႔လဲ''
''အငယ္ေကာင္ကျပန္ခ်င္ေနၿပီ။သူ႔ကို ၃ရက္လို႔ပဲေျပာလာတာ''
ထိုသို႔ဆိုေတာ့ ကိုယ့္ေဘးမွာ ထိုင္ေနရာကေန အငယ္ေကာင္႐ွိရာ စားပြဲဆီထသြားေလသည္။
''ညီေလး''
''ဗ်ာ..''
ကိုယ္ေတြေခၚရင္ ခုလိုထူးဖို႔ေနေနသာ ေမာ့ၾကည့္ေစလိုရင္ေတာင္ အနားသြားရပ္မွရသည္။
''မင္းက ဒီမွာမေပ်ာ္ဘူးလားကြ''
''ေပ်ာ္ေတာ့ေပ်ာ္ပါတယ္၊ဒါေပမဲ့ သူငယ္ခ်င္းေတြနဲ႔လည္ခ်င္ေသးတယ္''
''သူငယ္ခ်င္းေတြနဲ႔က ျပန္ေရာက္မွလည္လည္းရပါတယ္ကြာ။မင္း မမကေနခ်င္ေသးတယ္ကြ။အကိုလည္း ျပန္မလႊတ္ခ်င္ေသးဘူး။ေနာက္ထပ္ႏွစ္ရက္ေလာက္ေနေပးလို႔မရဘူးလား''
ကိုယ္ေတြေျပာရင္ ကလန္ကဆန္လုပ္ျခင္းဟာ ျမတ္ကဲ့သို႔နားဝင္ေအာင္မေျပာႏိုင္ျခင္းေၾကာင့္ျဖစ္လိမ့္မည္ထင္သည္။
''အင္းပါ..ဒါဆို မမဖုန္းကိုကြၽန္ေတာ္ဆက္ယူထားခ်င္တယ္၊အကိုေျပာေပး''
''ဒီမွာဆက္ေနခ်င္တယ္ဆို ကေလးကို ဖုန္းေပးထားလိုက္ေလ။''
''အင္း''
''စိတ္ခ်မ္းသာၿပီ မဟုတ္လား''
ဒီတစ္ႀကိမ္မွာေတာ့ ကိုယ့္ကိုလွည့္ေမးလာျခင္းျဖစ္သည္။ကိုယ္ ေခါင္းညိတ္ျပလိုက္ေတာ့ ျပံဳးကာၾကည့္ရင္း ကိုယ့္ေခါင္းကိုပါ အသာေလးဖိကိုင္လာေတာ့သည္။
''လူျကီးေခါင္းကို လိုက္ကိုင္ျပန္ၿပီ''
''လူႀကီးမွ မဟုတ္ဘဲ။အတင္းကို စြတ္ႀကီးခ်င္ေနေတာ့တာေနာ္။ထ...ေရသြားခ်ိဳးေတာ့။ခဏေနရင္ ၿမိဳ႕ျပင္ကဘုရားကိုပို႔ေပးမယ္။အငယ္ေကာင္လည္းေရာက္ဖူးေအာင္လို႔''
#
ဆိုင္ကယ္နဲ႔ အသြားႏွစ္နာရီအျပန္ႏွစ္နာရီခရီးမို႔ စီးရသူေရာ ေမာင္းရသူပါ မသက္သာ။ဒီၾကားထဲ ျမတ္က လမ္းမွာသြားေနရင္းကိုယ္ေငြ႔ကတက္လာေတာ့ သိပ္ပင္ အခ်ိန္ၾကာၾကာမေနခဲ့လိုက္ရ။အိမ္ေရာက္ေတာ့လည္း ေရမခ်ိဴးရန္တားေနသည့္ၾကားမွ ပူလို႔ဆိုကာ မရမကခ်ိဳးသည္။ခုေတာ့ ကိုယ္ပူေတြႀကီးၿပီး အိပ္ရာထဲ ပက္လက္။
''ငါေျပာတယ္ ျမတ္ရယ္။ေရမခ်ိဳးပါနဲ႔ဆို။ၿပီးေတာ့ ေနမေကာင္းရင္ ေနမေကာင္းဘူး ေျပာပါလား''
''ဘာမွမျဖစ္ပါဘူး။''
နယ္မွာက တစ္ခုၡဳခုဆို ေဆးခန္းတန္းေျပးလ္ို႔လြယ္တာလည္းမဟုတ္။ျမတ္ရဲ႕မူလကိုယ္ေငြ႔ကလည္း အပူဘက္ကိုသြားတာဆိုေတာ့ ယခုဖ်ားခ်ိန္က် ပံုမွန္ထက္ကိုလြန္ကဲေနျခင္းျဖစ္သည္။
''ေဆးေသာက္ၿပီးခဏေန သက္သာလိမ့္မယ္။''
ျမတ္တို႔အိမ္ကေတာ့ ျဖစ္ေနက်လို ေအးေအးလူလူပင္။ကိုယ္ကသာ ျမတ္နဖူးကိုစမ္းလိုက္၊လက္ကေလးကိုင္ၾကည့္လိုက္ျဖင့္ ဂဏွာမၿငိမ္ႏိုင္။
''အန္တီ ေရပတ္တင္လို႔ရမဲ့အဝတ္ေလးေပးပါဦး။အငယ္ေကာင္..မမကိုေရေလးလုပ္ေပး''
ျမတ္အခန္းကို အလင္းေရာင္ရေအာင္ဟထားေပမဲ့ေလစိမ္းမဝင္ေအာင္လည္း ကြယ္ထားရေသးသည္။
''ေရပတ္တိုက္ရေအာင္ေနာ္..ျမတ္။''
အျပင္ကျပန္လာသည့္အက်ႌကခုထိဒီအတိုင္း။ပက္လက္အေနအထားကေန မ်က္စိကိုမွိတ္ထားရင္း အက်ႌၾကယ္သီးေတြကို ျဖဳတ္ေပး႐ွာသည္။
''ေန..ျမတ္။ငါ့ဘာငါျဖဳတ္မယ္။နည္းနည္းအလိုက္သင့္ေလးပဲေနေပး''
''အင္း''
ျမတ္ရဲ႕ ရင္ဘတ္၊ေက်ာ၊လည္တိုင္နဲ႔ခ်ိဳင္းၾကားဘက္ အစ႐ွိတဲ့ေနရာေတြကို ေရစိုဝတ္နဲ႔ေသခ်ာေလးသုတ္ဖယ္ေပးၿပီး သပတ္နဲ႔တစ္ခါျပန္သုတ္ေပးရေသးသည္။ေရက်န္ေနလို႔ ပိုဖ်ားေနမွအခက္မဟုတ္လား။
''အက်ႌျပန္ဝတ္ေပးမယ္။ၿပီးရင္ နဖူးကိုေရပတ္တင္ေပးမယ္ေနာ္။''
နဖူးေပၚကို ေရပတ္ဝတ္တင္လိုက္၊ျပန္လဲလိုက္ျဖင့္ ဆယ့္ငါးမိနစ္ေလာက္ကိုအခ်ိန္ေပးလိုက္ရသည္၊ထိုအခါမွ ကိုယ္ပူကအနည္းကယ္က်သေယာင္ခံစားလာရၿပီး ျမတ္လည္း တအင္းအင္း ညည္းမေနေတာ့။
''ကိုယ့္နားမွာပဲေန..''
ကိုယ့္လက္တစ္ဖက္ကို ျမတ္လက္ေခ်ာင္းမ်ားက ဆုပ္ကိုင္ထားၿပီး ရင္ဘတ္ေပၚဖိတင္ထားေလသည္။အန္တီတို႔ျမင္လ်ွင္ တစ္မ်ိဴးတစ္မည္ထင္မွာေၾကာက္ေသာ္ျငား ျမတ္ဖ်ားေနခ်ိန္ထက္ေတာ့ ကိုယ္ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ႏိုင္။အတန္ၾကာေတာ့ ထိုအေနအထားေလးအတိုင္းပင္ ျမတ္အိပ္ေပ်ာ္သြားခဲ့ေတာ့သည္။
''ျမတ္အနားမွာ..ငါအျမဲ႐ွိခ်င္တာပါ''
#
Unicode
ကွင်းထဲမှ ပြန်လာကြတော့ အချိန်ကညနေစောင်းနေလေပြီ။နှစ်ယောက်သား အေးအေးလူလူ လမ်းလျှောက်ပြန်လာကြရင်း လမ်းမှာတွေ့သော အသိမိတ်ဆွေအချို့ကိုလည်း နူတ်ဆက်ရသေး၏။တချို့က အကောင်းနူတ်ဆက်သည်။တချို့ကတော့ နှစ်ယောက်ကို ထစ်ငေါ့ချင်သည့်ပုံစံဖြင့် နူတ်ဆက်ကြသည်။လူအမျိုးမျိုး၊စိတ်အထွေထွေပါလေ။
''အုန်းရည်သောက်ချင်လား''
''အာ...အပူကန်မယ်''
''ပေါက်ကရ။အပူအပုပ်စင်အောင် သောက်ရတာဗျ။သောက်မယ်ဆို ဟိုရှေ့မှာထိုင်နေ''
ကွင်းထဲကနေ အိမ်ကိုပြန်သည့်လမ်းခုလတ်မှာ စီတန်းနေသော အုန်းပင်များ၏ အောက်ဘက်ခပ်လှမ်းလှမ်းတွင် ကိုယ်ဝင်ထိုင်လိုက်သည်။ဒီခြံက မြတ်ရဲ့ ကြီးတော်ခြံဖြစ်ပြီး တစ်ခါတရံလည်း ကွင်းထဲကအပြန် ကိုယ်တို့ဝင်ထိုင်တတ်သည်။
''နင် တက်မလို့လား''
''ကိုယ်မတက်လို့ အုန်းသီးကသူ့အလိုလိုကျလာမလား''
''နင်တက်ရမှာဆို ငါမသောက်တော့ဘူး။ပြန်ကြစို့''
သိပ်အမြင့်စား မဟုတ်ပေမဲ့လို့ အကိုင်းမရှိ၊အခက်မရှိ တစ်ဖြောင့်တည်းပင်စည်ကြီးကို တွယ်တက်ရမှာမို့ ကိုယ်စိတ်မချပေ။
''ခဏလေးစောင့်နေပါ။ကိုယ့်ကိုကြည့်မနေနဲ့။ခဏလေးနေရင် ကိုယ်ပြန်လာမယ်''
မြတ်စောင့်ခိုင်းသည့်အနား ရင်တထိတ်ထိတ်ဖြင့် ထိုင်နေရင်း ခဏအကြာမှာတော့ အုန်းသီးတွဲနှင့်အတူ မြတ်ပြန်ရောက်လာလေသည်။ရှပ်အကျႌက ကြယ်သီးတွေကို အကုန်ဖြုတ်ထားခြင်းကြောင့် မြတ်ရဲ့ ကျစ်လစ်နေသော ခန္ဓာကိုယ်ပေါ်ရှိ ပွန်းပဲ့ရာအချို့ကို ကိုယ်မြင်လိုက်ရသည်။
''ရင်ဘတ်ဟပြဲနဲ့တက်တာ အသားတွေပွန်းကုန်ပြီ ကြည့်''
''အကျႌပြဲမှာစိုးလို့ ။ဘာမှမဖြစ်ပါဘူး။ဒီလောက်ပွန်းတာက။ထ...အိမ်ပြန်ကြမယ်''
နေစောင်းစပြုနေသည့်အချိန်ကိုမှ ရာသီဥတုကလည်းမပူမချမ်း၊ဒီလိုကာလက နေလို့အကောင်းဆုံးပင်။မြတ်တို့အိမ်ခြံလေးက ဝင်လာတာနဲ့အပင်ရိပ်အောက်မို့ ပုံမှန်ထက်ကိုပိုအေးသည်။သို့ပေသိ နွေရာသီဆိုရင်တော့ဖြင့် အိမ်ပေါ်မနေနိုင်ဘဲ အိမ်ဘေးက ကွပ်ပျစ်မှာ စတည်းချရသည်က မ်ား၏။
''ရေချိုးမှာမလား''
''ချိုးမယ်လေ..ရေသောက်ဦးမယ်''
''အင်း..ကိုယ့်လည်းတစ်ခွက်ပေး''
ရေသောက်ပြီးသည်နှင့် မြတ်က ရေချိုးသည့်နေရာသွားကာ ရေနင်းနှင့်သည်။ကိုယ်ကတော့မိန်းမပေမို့ အဝတ်အစားချွတ်ရ၊လဲဖယ်ရ အလွန်ပင်မလွယ်။ကိုယ်ပြီးစီး၍ အောက်ဆင်းသွားသော မြတ်ကအဝတ်ပင်ရေစိမ်နေချေပြီ။
''နင်လျှော်ပြီးရင် ငါ့ကိုပုံးပေးဦး''
''အဝတ်လျှော်မလို့မဟုတ်လား။ပေး ဒီကို''
''အာ...မလုပ်ပါနဲ့..ငါ့ဟာအကျႌတစ်ခုပဲမဟုတ်ဘူး''
ကိုယ်လက်ထဲလုံးကိုင်ထားသည့်အဝတ်လုံးကို ဆွဲယူသွားပြီး သူလျှော်လက်စပုံးထဲအတူထည့်ကာရောစိမ်သည်။ပြီးမှ တစ်ထည်ချင်း စိမ်ပြေနပြေ ပွတ်တိုက်၊ရေဆေးခြင်းအမှုကို မြတ် ပြုနေ၏။
''ငါ့အတွင်းခံတွေရောပါနေလို့''
''ပါပါစေလေကွာ..ဘာဖြစ်လို့လဲ။ခန္ဓာကိုယ်ပေါ်ဝတ်တာချင်းအတူတူပဲဟာကို။ဘာမှမဖြစ်ဘူး။ရေချိုးစရာရှိတာချိုး။မလောက်ရင် ကိုယ်ထပ်နင်းပေးမယ်''
ဘုန်းနိမ့်ကံနိမ့်ဆိုတဲ့အယူအဆမျိူးကို လူကြီးတွေအပြောများကြပြီး မိန်းမထမီလျှော်ပေးရင်တောင် ဒီယောကျာ်းက ဘုန်းကံမရှိတော့သလို စွဲချက်ကြီးလှသည်။မြတ်တို့နေသည့်ပတ်ဝန်းကျင်လေးမှာတော့ မိန်းမမီးနေသည်၏အညစ်အကြေးအပေအစွန်းကအစ အမျိုးသားကသာလျှော်ဖွပ်ဆေးကြောပေးတတ်ကြောင်း ကိုယ်ကြားဖူးသည်။လုပ်ပေးမည့်ဆွေမျိူးသားချင်းအကူအညီရှိသော အမျိူးသားနှင့် အချို့ဘုန်းကံအစွဲရှိသောအမျိုးသားများကတော့ ချွင်းချက်ဟု ပြောရပေမည်။
ဒါတင်မကသေး။ကိုယ်တို့မြို့က အိမ်ထောင်သည်အများစုမှာဆို ထမင်းပွဲရှေ့ရောက်လက်ဆေးစားပြီး ပန်းကန်ဆေးခြင်းကအစဇနီးသည်၏ အလုပ်ဖြစ်ကာ တစ်အိမ်ရှိလုပ်ငန်းတာဝန်သည်ဇနီးမယားအပေါ်၌သာ မှီတည်နေသည်။ဒါကြောင့်ပဲ မှီခိုဆိုပြီး အိမ်ထောင်စုစာရင်းသွင်းရခြင်းလားတော့ကိုယ်မပြောတတ်။
ဒီမွာကေတာ့ ထမင်းစားပြီး ကိုယ့်ပန်းကန်ကိုယ်ဆေး၊ရေချိူးရင်းနဲ့ကိုယ့်အဝတ်ကိုယ်လျှော်၊တစ်အိမ်လုံးအလုပ်ကို လင်ရယ်မယားရယ်မခွဲဘဲ အဆင်ပြေသူက လုပ်သွားတတ်သည့်ထုံးစံ။သားသမီးတွေကိုဆုံးမရာတွင်လည်း အော်ဟစ်ဆုံးမခြင်းထက် နားလည်အောင်ပြောဆိုဆုံးမတတ်သည်ကို ကိုယ်အင်မတန်သဘောကျသည်။
ယောကျာ်း၊မိန်းမမရွေးဘဲ မီးဖိုချောင် နိုင်နင်းအောင် ပျိုးထောင်ပေးထားပုံများ ယောကျာ်းမှန်ရင်မီးဖိုချောင်ကိစ္စဝင်မကူရဟူသောအစွဲဖြင့် မိဘအချ်ို့ကို ကိုယ် ခေါ်သာပြလိုက်ချင်သည်။တကယ်တမ်းတော့အိမ်ရဲ့တာဝန်ဟာ ဒီအိမ်မှာနေသူအကုန်လုံးနဲ့သက်ဆိုင်တာပဲ မဟုတ္လား။
#
ကိုယ့်ကို တားမရတာရော၊ကိုယ့်ရဲ့စိတ်အားထက်သန်နေမှုကြောင့်ပါ အကုန်ပေါင်းပြီး မြတ်နဲ့ပတ်သက်လို့ တားမြစ်ပိတ်ပင်မည့်သူမရှိ။သို့သော်လည်း စကားလက်ဆုံကျလျှင်တော့ အသက်ငယ်ငယ်ယောကျာ်းကို ယူခြင်းက မသင့်တော်ကြောင်းတော့မကြာခဏဆိုသလိုကို ကြားနေရလေသည်။
ရွာသွားမယ်ဆိုတိုင်းလည်း ''နင်ကချည်း လိုက်လိုက်သွားနေရသလား''ဆိုသောစကားဖြင့် ကိုယ့်ကိုတားမြစ်ကြသည်။မြတ်ကလည်း သူ့ကျောင်းတစ်ဖက်၊အလုပ်တစ်ဖက်နှင့် ရန်ကုန်ဆိုသောနေရာကို မျက်စောင်းပင်လှည့်မထိုးနိုင်။ဒီတော့ ကိုယ်မှ မသွားလျှင် မတွေ့နိုင်သည့်အခြေအနေ။
''မမ...''
အပြင်ကျောင်းတစ်ခုမှာဝင်လျှောက်ဖို့အတွက် လိုအပ်သည့်အချက်အလက်များကိုလေ့လာနေရင်း အိမ်ရဲ့အငယ်ဆုံးကောင်ဆီမှ ခေါ်သံကြောင့် ကိုယ်လှည့်ကြည့်လိုက်သည်။သူက ဒီနှစ်မှဆယ်တန်းဖြေမည့်ကျောင်းသား။
''သား စာမေးပွဲပြီးရင် လျှောက်သွားမို့ မုန့်ဖိုးပေးနော်''
နောက်တစ်ပတ်ဆို စာမေးပွဲပြီးပြီဆိုတော့ ယခုကတည်းက ကြိုတင်၍ကမ်းလှမ်းနေခြင်းဖြစ်သည်။ကိုယ်ကလည်း မြတ်ဆီထပ်ပြီးသွားချင်နေသည့်အချိန်ဆိုတော့...။
''ရတယ်။ပေးမယ်။မမနဲ့ ရွာလိုက်ခဲ့ပေးမလား''
''အာ...ပျင်းစရာကြီး။စာမေးပွဲပြီးကာစ လျှောက်လည်ချင်တာပါဆို''
''လုပ်စမ်းပါ။အများကြီးမနေဘူးဟာ။၃ရက်ပဲ။အဲ့ကပြန်လာရင် နင်လိုချင်သလောက်ပေးမယ်။''
ခေါင်းတခါခါလုပ်နေရာကနေ လိုချင်သလောက်ရမယ်ဆိုသောစကားကြောင့် အနည်းငယ်အင်တင်တင်ဖြစ်လာလေသည်။
''ဟိုမြာ ပျင်းနေရင် ဘယ္လိုလုပ္မလဲ။''
''ငါ့ဖုန်းပေးထားပေးမယ်လေ''
အင်တင်တင်ကနေ အနည်းငယ်လိုလားဟန်ဖြစ်လာလေသည်။
''ဟိုမှာနေတဲ့ရက်အကုန်လုံးနော်။''
''အေး..''
''ဒါဆိုပြီးရော..မေမေ့ကို သားပြောထားမယ်။မမ စကားနဲ့မမနော်''
မျက်စိတစ်ဖက်မှိတ်ပြပြီး လက်မနဲ့လက်ညိုးကို ဝိုင်းပြကာ လက်ခံကြောင်း အမူအရာပြလိုက်တော့ အငယ်ကောင်ကလည်း ခေါင်းညိတ်ပြလာသည်။အဆင်ပြေလေပြီ။နောက်အပတ်ဆို မြတ်နဲ့တွေ့ရပေဦးမည်။
#
''ညီလေး...ပျင်းနေလား''
အလတ်ကောင်ကိုတော့ ယောက်ဖချင်းထပ်အောင်ခေါ်ခဲ့သော်လည်း အငယ်ကောင်ကိုတော့ ညီလေးဟုသာ မြတ်သုံးနူန်းသည်။
''မမက ဒီရောက်ရင်ဖုန်းပေးမယ်ပြောပြီး ခုက် သူ့fb အကောင့်ကိုမဖျက်ဘဲ သုံးတဲ့''
ကိုယ့်အကောင့်ကို ဖျက်လိုက်လျှင် ပြန်ဝင်မရမည်စိုး၍ တားမြစ်ခဲ့ခြင်းသာ။မြတ်ကတော့ ကိုယ့်ဖုန်းကို အငယ်ကောင်လက်ထဲမှ လှမ်းယူလိုက်ပြီး..
''ညီလေး အကောင့်ရှိတယ်မဟုတ်လား။အကို fbကို ပွားပေးမယ်။အဲ့မှာသုံး။ဒါဆို မင်းမမအကောင့်လည်းမပျက်တော့ဘူး။ဒီမှာ ရပြီ။မင်းအကောင့်ထည့်လိုက်တော့..''
''ဟုတ်..ဟုတ်။ကျေးဇူးပဲ အကို''
အိမ်မှာဆို အငယ်ဆုံးပီပီ အာကျယ်ကျယ်ဖြင့် ဆိုးချင်သလောက် သူ့မတော်ရသေးသောယောက်ဖနဲ့ကျ အလွန် လိမ္မာယဉ်ကျေးပြနေသော အငယ်ကောင်ရယ်ပါ။ကိုယ်ကတော့ သူတို့ချင်းအဆင်ပြေလေ ကျေနပ်လေပေါ့။
''ညီလေး..မင်းသွားချင်တဲ့နေရာရှိရင်ပြောနော်၊အစ်ကိုလိုက်ပို့ပေးမယ်။ဖုန်းပဲကြည့်မနေနဲ့ကွ''
''ဟုတ်...ကျွန်တော် ပျင်းလို့''
''လာ..။အကို ဝက်သားတုတ်ထိုးလုပ်နေတာ ရပြီ။မင်း မမကိုပါသွားခေါ်။အိမ်ရှေ့မှာ အကို့ မမနဲ့လေပေးဖြောင့်နေတာ။သူ နေ့လည်စာကို လာမစားသေးဘူး''
မိုးနွယ် လာလည်သည့်အချိန်နှင့်ကြုံကြိုက်တုန်းမို့ စကားကောင်းနေသည်ကို နောက်ဖေးကနေ အခေါ်တော်လွှတ်နေကြောင်း ကိုယ်အတိုင်းသားကြားနေရသည်။
''မမ...အကိုက ထမင်းစားမယ်တဲ့''
''ဟယ်..ဟယ်..ငါကပါးစပ္မပါဘူးလား အငယ်ကောင် ငမြတ်''
''ဪ...လာစားပေါ့။အိုးထဲမှာရှိသေးတယ်.ဒါကေတာ့ ဧည့်သည်တွေဟာ လာမထိနဲ့''
အသံပြဲဖြင့် အော်ဟစ်ပြီးနောက်ဖေးကိုဦးစွာဝင်သွားသောမိုးနွယ်နှင့် ကိုယ့်အတွက်ပြင်ထားပေးသည်ကို ိုစားမည်စိုး၍တားနေသော မြတ်တို့အကြား ကိုယ့်မှာ မျက်နှာလည်းပူသလို၊ရယ်လည်းရယ်ချင်သည်။
''အများကြီးပါ မြတ်ရယ်။စားပါစေ''
''အိုးထဲမှာလည်းအများကြီးပဲ။မမရာ..နင်မရစ်စမ်းနဲ့။ပြန်ရင် ယောက်ဖအတွက်ပါထည့်သွား။ဒီမှာ ဧည့်သည်တွေစားလို့မဖြောင့်တော့ဘူး''
အစားဆို တကယ်မက်သော ကိုယ့်မောင်လေးခမျာ ခက်ရင်းလေးကိုင်ပြီး ဆက်ပဲစားရနိုး၊ရပ်ပဲထားရနိုးနဲ့ မျက်လုံးအဝိုင်းသား။
''အေးပါ..အေးပါ။အိမ်ကိုထည့်ပေးမယ်ဆိုလို့ ခွင့်လွှတ်လိုက်မယ်''
အိမ်မကြီးဘက်ကို မိုးနွယ်ပြန်တက်သွားမှ လှီးလက်စကလီစာအချို့ကိုဆက်လှီးဖြတ်ပြီး..
''စား..ညီလေး။ကြိုက်တယ်မလား။မင်းမမကတော့ သိပ်ကြိုက်တာ''
''အကိုကလည်း မမချည်းပဲ။ကျွန်တော်လည်း ကြိုက်ပါတယ်''
''ဟားဟား...အေးပါကွာ။မမကတော့ မမပေါ့ကွ။မင်းက ယောက်ဖပဲတော်တာလေ။မမကကျ အကို့မိန်းမဖြစ်လာမှာကိုး''
''ဟဲ့..မြတ်..ကလေးရှေ့မှာ''
မြတ်ရဲ့လက်မောင်းကို မနာအောင် ရိုက်လိုက်ပြီးဟန့်တားမိတော့ မြတ်ရဲ့မျက်နှာပေါ်မှာဖြစ်တည်လာသော အပြုံးသည် အလွန်ပင် မြတ်နိုးဖွယ်ကောင်းပေစွ။ကိုယ် ဒီလူသားကို တကယ်ချစ်သည်။ဒီလူသားကို ရွေးချယ်ထားမိခြင်းအတွက်လည်း ဘယ်သောအခါမှ နောင်တရလိမ့်မည်မဟုတ်ပေ။
#
၃ရက်ပြည့်လေပြီ၊အငယ်ကောင်က ဒီမှာမပျော်တာမဟုတ်သော်ငြား စာမေးပွဲပြီးခါစကို အပေါင်းအသင်းတွေနဲ့သွားချင်လာချင်သေးတော့ အဟမ်း၊အဟွန်းဖြင့် အသံစုံထွက်နေတော့သည်။
''ငါ မပြန်ချင်သေးဘူး မြတ်''
''မပြန်နဲ့လေ.. ဘယ်သူကနှင်လွှတ်နေလို့လဲ''
''အငယ်ကောင်ကပြန်ချင်နေပြီ။သူ့ကို ၃ရက်လို့ပဲပြောလာတာ''
ထိုသို့ဆိုတော့ ကိုယ့်ဘေးမှာ ထိုင်နေရာကနေ အငယ်ကောင်ရှိရာ စားပွဲဆီထသွားလေသည်။
''ညီလေး''
''ဗ်ာ..''
ကိုယ်တွေခေါ်ရင် ခုလိုထူးဖို့နေနေသာ မော့ကြည့်စေလိုရင်တောင် အနားသွားရပ်မှရသည်။
''မင်းက ဒီမွာမေပ်ာ္ဘူးလားကြ''
''ပျော်တော့ပျော်ပါတယ်၊ဒါပေမဲ့ သူငယ်ချင်းတွေနဲ့လည်ချင်သေးတယ်''
''သူငယ်ချင်းတွေနဲ့က ပြန်ရောက်မှလည်လည်းရပါတယ်ကွာ။မင်း မမကနေချင်သေးတယ်ကွ။အကိုလည်း ပြန်မလွှတ်ချင်သေးဘူး။နောက်ထပ်နှစ်ရက်လောက်နေပေးလို့မရဘူးလား''
ကိုယ်တွေပြောရင် ကလန်ကဆန်လုပ်ခြင်းဟာ မြတ်ကဲ့သို့နားဝင်အောင်မပြောနိုင်ခြင်းကြောင့်ဖြစ်လိမ့်မည်ထင်သည်။
''အင်းပါ..ဒါဆို မမဖုန်းကိုကျွန်တော်ဆက်ယူထားချင်တယ်၊အကိုပြောပေး''
''ဒီမှာဆက်နေချင်တယ်ဆို ကေလးကို ဖုန်းပေးထားလိုက်လေ။''
''အင်း''
''စိတ်ချမ်းသာပြီ မဟုတ္လား''
ဒီတစ်ကြိမ်မှာတော့ ကိုယ့်ကိုလှည့်မေးလာခြင်းဖြစ်သည်။ကိုယ် ခေါင်းညိတ်ပြလိုက်တော့ ပြုံးကာကြည့်ရင်း ကိုယ့်ခေါင်းကိုပါ အသာလေးဖိကိုင်လာတော့သည်။
''လူကြီးခေါင်းကို လိုက်ကိုင်ပြန်ပြီ''
''လူကြီးမှ မဟုတ်ဘဲ။အတင်းကို စွတ်ကြီးချင်နေတော့တာနော်။ထ...ရေသွားချိုးတော့။ခဏနေရင် မြို့ပြင်ကဘုရားကိုပို့ပေးမယ်။အငယ်ကောင်လည်းရောက်ဖူးအောင်လို့''
#
ဆိုင်ကယ်နဲ့ အသွားနှစ်နာရီအပြန်နှစ်နာရီခရီးမို့ စီးရသူရော မောင်းရသူပါ မသက်သာ။ဒီကြားထဲ မြတ်က လမ်းမှာသွားနေရင်းကိုယ်ငွေ့ကတက်လာတော့ သိပ်ပင် အချိန်ကြာကြာမနေခဲ့လိုက်ရ။အိမ်ရောက်တော့လည်း ရေမချိူးရန်တားနေသည့်ကြားမှ ပူလို့ဆိုကာ မရမကချိုးသည်။ခုတော့ ကိုယ်ပူတွေကြီးပြီး အိပ်ရာထဲ ပက်လက်။
''ငါပြောတယ် မြတ်ရယ်။ရေမချိုးပါနဲ့ဆို။ပြီးတော့ နေမကောင်းရင် နေမကောင်းဘူး ပြောပါလား''
''ဘာမှမဖြစ်ပါဘူး။''
နယ်မှာက တစ်ခု္ခုခုဆို ဆေးခန်းတန်းပြေးလ်ို့လွယ်တာလည်းမဟုတ်။မြတ်ရဲ့မူလကိုယ်ငွေ့ကလည်း အပူဘက်ကိုသွားတာဆိုတော့ ယခုဖျားချိန်ကျ ပုံမှန်ထက်ကိုလွန်ကဲနေခြင်းဖြစ်သည်။
''ဆေးသောက်ပြီးခဏနေ သက်သာလိမ့်မယ်။''
မြတ်တို့အိမ်ကတော့ ဖြစ်နေကျလို အေးအေးလူလူပင်။ကိုယ်ကသာ မြတ်နဖူးကိုစမ်းလိုက်၊လက်ကလေးကိုင်ကြည့်လိုက်ဖြင့် ဂဏှာမငြိမ်နိုင်။
''အန္တီ ရေပတ်တင်လို့ရမဲ့အဝတ်လေးပေးပါဦး။အငယ်ကောင်..မမကိုရေလေးလုပ်ပေး''
မြတ်အခန်းကို အလင်းရောင်ရအောင်ဟထားပေမဲ့လေစိမ်းမဝင်အောင်လည်း ကွယ်ထားရသေးသည်။
''ရေပတ်တိုက်ရအောင်နော်..မြတ်။''
အပြင်ကပြန်လာသည့်အကျႌကခုထိဒီအတိုင်း။ပက်လက်အနေအထားကနေ မျက်စိကိုမှိတ်ထားရင်း အကျႌကြယ်သီးတွေကို ဖြုတ်ပေးရှာသည်။
''နေ..မြတ်။ငါ့ဘာငါဖြုတ်မယ်။နည်းနည်းအလိုက်သင့်လေးပဲနေပေး''
''အင်း''
မြတ်ရဲ့ ရင်ဘတ်၊ကျော၊လည်တိုင်နဲ့ချိုင်းကြားဘက် အစရှိတဲ့နေရာတွေကို ရေစိုဝတ်နဲ့သေချာလေးသုတ်ဖယ်ပေးပြီး သပတ်နဲ့တစ်ခါပြန်သုတ်ပေးရသေးသည်။ရေကျန်နေလို့ ပိုဖျားနေမှအခက်မဟုတ်လား။
''အကျႌပြန်ဝတ်ပေးမယ်။ပြီးရင် နဖူးကိုရေပတ်တင်ပေးမယ်နော်။''
နဖူးပေါ်ကို ရေပတ်ဝတ်တင်လိုက်၊ပြန်လဲလိုက်ဖြင့် ဆယ့်ငါးမိနစ်လောက်ကိုအချိန်ပေးလိုက်ရသည်၊ထိုအခါမှ ကိုယ်ပူကအနည်းကယ်ကျသယောင်ခံစားလာရပြီး မြတ်လည်း တအင်းအင်း ညည်းမနေတော့။
''ကိုယ့်နားမှာပဲနေ..''
ကိုယ့်လက်တစ်ဖက်ကို မြတ်လက်ချောင်းများက ဆုပ်ကိုင်ထားပြီး ရင်ဘတ်ပေါ်ဖိတင်ထားလေသည်။အန်တီတို့မြင်လျှင် တစ်မျိူးတစ်မည်ထင်မှာကြောက်သော်ငြား မြတ်ဖျားနေချိန်ထက်တော့ ကိုယ်ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်။အတန်ကြာတော့ ထိုအနေအထားလေးအတိုင်းပင် မြတ်အိပ်ပျော်သွားခဲ့တော့သည်။
''မြတ်အနားမှာ..ငါအမြဲရှိချင်တာပါ''
#