Zawgyi
ျမတ္ကိုေရြးခ်ယ္မိလို႔ ျဖစ္လာမည့္အက်ိဳးဆက္ဟာ အဆိုးဘက္ကိုေရာက္ေနဦးေတာ့ ကိုယ္ကေတာ့ ေနာက္မဆုတ္လိုေပ။ျမတ္အေပၚတည္႐ွိေနေသာ စိတ္ခံစားမႈမွာ အခ်စ္တစ္ခုတည္းကို အေျခခံထားျခင္းမဟုတ္ဘဲ ေမတၱာတရားကအရင္းခံေပမို႔ ျဖစ္လိုသည့္အတၱ၊မာနမ်ားစြာတို႔ ကိုယ့္ဆီမွာ မ႐ွိ။ျမတ္ လို႔ေတြးလိုက္ရင္ကို ကိုယ့္စိတ္ကအလိုလိုေအးခ်မ္းေနၿပီးသားျဖစ္သည္။
''ဒီမွာထိုင္ေန။ကိုယ္ခ်က္ျပဳတ္ေနတာကိုထိုင္ၾကည့္''
''ငါမကူရဘူးလား''
''မကူရပါဘူးဗ်ာ။ဒီတိုင္းေလးထိုင္ၾကည့္ေန''
လယ္အလုပ္၊ျခံအလုပ္မ်ားစြာျဖင့္ မအားလပ္သည့္ ျမတ္တစ္ေယာက္ အေဝးသင္သာတက္ျဖစ္ခဲ့သည္။ရထားေသာ လိုင္းေကာင္းေလးက အလဟသျဖစ္သြားေပမဲ့ ျမတ္ကေတာ့ အျပံဳးမပ်က္ပါေပ။
''ဒီကိုလာတာ အိမ္ကဘာေျပာေသးလဲ''
ၾကက္သြန္လွီးေနရင္းမွ ကိုယ့္ကိုလွည့္ေမးလာေလသည္။အိမ္က ဘာေျပာေျပာ ကိုယ္လုပ္ခ်င္တာ ကိုယ္လုပ္မည့္သူဆိုတာ ျမတ္ကိုေတာ့မသိလို။
''ဘာေျပာမွာလဲ။လာလည္တာပဲဟာကို''
လာခါနီးေတာ့ နားေတြညည္းေအာင္ အဆူအေျပာခံခဲ့ရသည္။မိန္းမႀကိဳက္ေတာ့ေမ်ွာ္လိုက္တာ၊ေယာက်ာ္းႀကိဳက္ေတာ့ ဆိုက္ဆိုက္လာဆိုေသာ စကားပံုကို ေျပာင္းျပန္လုပ္မိသည့္အက်ိဳးဆက္က အေတာ္ႀကီး၏။တကယ္ေတာ့ မိန္းမကေမ်ွာ္ပဲေမ်ွာ္ရမယ္ဆိုတာႀကီးကို ကိုယ္လက္မခံႏိုင္။မိန္းမလည္း ေျခေထာက္ႏွစ္ေခ်ာင္းပါတာပဲမို႔ ေမ်ွာ္မေနဘဲ လိုက္လာလိုက္ေတာ့ ဘာျဖစ္ေသးလဲ။
''ေမ့...ဟင္းစားသြားၾကည့္တယ္၊ဘာရလာမယ္မသိ''
ျမတ္တို႔ဆီမွာက ေစ်းကအတန္ငယ္လွမ္းၿပီး ေခါင္းရြက္ေစ်းသည္ကိုသာ ေစာင့္ကာဝယ္ၾကရသည္။သို႔မဟုတ္ပါက ေလွဆိပ္၊သေဘာၤဆိပ္မွာ ေစ်းသည္အတင္အခ်ကို အမွီသြားဝယ္ႏိုင္မွ ဟင္းစာအဆင္ေျပ၏။အသားဆိုလည္းေပၚၿပီးေရာင္းၾကတာျဖစ္သလို၊ငါးဆိုလည္း ကမ္းနားဘက္ကမို႔ တကယ္ကို လတ္လတ္ဆတ္ဆတ္။အသီးအရြက္ကေတာ့ အျပင္ကဝယ္ရတာ႐ွိသလို ျမတ္တို႔ျခံထဲလည္း အေတာ္အသင့္စိုက္ပိ်ဳးထားသည္။
ျမတ္တို႔အိမ္ရဲ႕တည္ေဆာက္ပံုဟာ အိမ္မႀကီးဘက္ကေနေလွကားနဲ႔ဆင္းမွ မီးဖိုခန္းထဲကိုေရာက္သည္။ထိုအကူးအေျပာင္းေလွကားထစ္မ်ားမွ ကိုယ္ကထိုင္ေနၿပီး ျမတ္ကေတာ့ကိုယ္နဲ႔မ်က္ႏွာခ်င္းဆိုင္စားပြဲမွာ ဟင္းခ်က္ဖို႔ျပင္ဆင္ေနျခင္းျဖစ္သည္။
''ဆြမ္းေတာ္ကပ္ရမယ္။''
မနက္ေစာေစာဆိုတာနဲ႔ ထမင္းပူပူက က်က္ႏွင့္ေနၿပီး အဆင္ေျပသည့္ဟင္းျဖင့္ ဘုရားဆြမ္းေတာ္အရင္ကပ္တတ္တာ ျမတ္တို႔ေဒသ၏ အေလ့အက်င့္လို႔ေတာင္ေျပာရေပမည္။ဘုရားကိစၥ၊ဘုန္းႀကီးေက်ာင္းဆြမ္းကိစၥ ၿပီးမွသာ လူစားဖို႔ကို ခ်က္ျပဳတ္တတ္ၾက၏။
''ထိုင္ေနတာေလးက ခ်ီေပြ႔ေျပးခ်င္စရာ''
အိမ္ေပၚမွာဆြမ္းေတာ္ကပ္ၿပီး ျပန္လာေတာ့ ကိုယ့္ေနာက္ေက်ာဘက္ကေန ခါးကိုင္းကာ ရပ္ရင္း ကိုယ့္ပခံုးေပၚ လက္ႏွစ္ဖက္ျဖင့္ဖိကိုင္လာသည္။ကိုယ္ေမာ့ၾကည့္မိခိုက္ ကိုယ့္နဖူးကေႏြးခနဲ။
''ကိုယ့္ကို ဖယ္ေပးဦး''
''အင္း''
ျမတ္နဲ႔ကိုယ့္ၾကားမွာ႐ွိေသာ ခ်စ္ျခင္းတရားကို ေဖာ္ျပရမွာ နမ္းျခင္းကလည္းတစ္ခုအပါအဝင္ျဖစ္ေလာက္မည္။ကိုယ့္ပါး၊ကိုယ့္နဖူးကို ခပ္သာသာဖိနမ္းရျခင္းကို ျမတ္အလြန္ႏွစ္သက္သလို မၾကာခဏလည္း ျပဳလုပ္တတ္၏။အရင္ကေတာ့ အျမဲေတြ႔ေနက်မို႔ဆိုေပမဲ့ ခုအေျခအေနက ကိုယ္လာမွေတြ႔ရသည္မဟုတ္လား။
''သားေလးေရ...ငါးလာယူေဟ့''
''ေနေန..ျမတ္။ငါသြားယူလိုက္မယ္''
အန္တီလက္ထဲမွာကိုင္ထားေသာ ငါးက ကေလးငယ္တစ္ကိုယ္စာခန္႔႐ွိၿပီး ကေလးခ်ီေပြ႔သလိုေပြ႔လာရသည္။ငါးႀကိဳက္သည့္ကိုယ့္အတြက္ေတာ့ အဆင္ေျပေလၿပီ။
''ငါးက အႀကီးႀကီးပဲ ျမတ္''
''ႏိုင္လို႔လား။ေလ်ွာက္သယ္လာတာ။ေပး..ဒီကို''
''အေၾကးထိုးေပးမယ္ေလ''
''မလုပ္တတ္ဘဲနဲ႔ဗ်ာ။ထိုင္ပဲ ၾကည့္ေနပါ''
ငါးအေၾကးမထိုးတတ္တာမဟုတ္ဘဲ ကိုင္းခုတ္ဓားအ႐ွည္နဲ႔ငါးကိုင္ၾကတာကို ကိုယ္မကြၽမ္းက်င္ျခင္းသာ။ဒီမွာေနစဥ္ကဆို မိုးႏြယ္နဲ႔အတူခ်က္ျပဳတ္ရင္း လက္ကို မၾကာခဏ ဓားထိ၏။
''ကိုယ္ဗိုက္ဆာတယ္''
ကိုယ္က အိပ္ရာႏိုးႏိုးခ်င္း မုန္႔ဟင္းခါးစားထားၿပီးၿပီျဖစ္ေသာ္လည္း မိုးမလင္းခင္ လယ္ထဲထသြားရေသာ ျမတ္ကေတာ့ ခုထိဘာဆိုဘာမွမစားရေသး။
''ဘူးသီးက်က္ေနၿပီေလ။စားမလား။ငါထည့္ေပးမယ္''
''လက္မွမအားတာ ကိုယ္ငါးကိုင္ေနရတယ္ေလ''
ဒီေလာက္ဆို ကိုယ္သေဘာေပါက္ၿပီ။ပန္းကန္ထဲ ထမင္းထည့္ၿပီး ဘူးသီးခ်က္ကို ထမင္းေပၚဆမ္းလို႔ ဇြန္း႐ွည္ပါတပ္ကာ ျမတ္အနားကိုယ္ဝင္ထိုင္လ္ိုက္သည္။
''ဟ...''
''အင္း.''
ျမတ္က ထမင္းစားလ်ွင္ အလုတ္ႀကီးႀကီးထိုးသြင္းတတ္သူမဟုတ္ေတာ့ တစ္ဇြန္းစာကို ေသခ်ာထည့္ေပးရသည္။
''လိမၼာလိုက္တာဗ်ာ''
''ငါကအျမဲလိမၼာပါတယ္ေနာ္''
''ေရေသာက္ခ်င္တယ္''
''ေအးေအး..ခပ္ေပးမယ္။ခဏေလး။ေရာ့ ဒီတစ္လုတ္ပါးစပ္ထဲမွာဝါးေန''
ျမတ္ပါးစပ္ထဲကို ထမင္းတစ္လုတ္ထည့္ၿပီးမွ အိမ္ေပၚျပန္တက္လို႔ ေရခပ္ရသည္။ကိုယ္ကခ်ည္း အျမဲတမ္းအယုအယခံခဲ့ရလို႔လားမသိ။ျမတ္ဆီမွ တစ္စံုတစ္ခုလုပ္ေပးဖို႔ ေတာင္းဆိုလာတိုင္း ကိုယ့္မွာ သေဘာတက်။
''ျဖည္းျဖည္းေသာက္''
ျမတ္ရဲ႕ႏူတ္ခမ္းဝမွာဖန္ခြက္ေလးကိုအသာေစာင္းေတ့ေပးေတာ့ တစ္ဝက္ေလာက္ကုန္ေအာင္ ေသာက္ခ်ပစ္လိုက္သည္။
''ထမင္းေတာ္ၿပီ''.
''မကုန္ေသးဘူးေလ''
''အင္း..ကိုယ္အဆာခံသြားတာေနမယ္။မစားႏိုင္ေတာ့ဘူး''
ဒီလိုဆိုေတာ့လည္း ပန္းကန္ေလးအသာျပန္သိမ္းၿပီး ျမတ္အနားမွာသာ ဖင္ထိုင္ခံုအပုေလးျဖင့္ ဟန္မပ်က္ဆက္ထိုင္ေနလိုက္ေတာ့သည္။ျမတ္အနားမွာ ေနရသည့္အခ်ိန္က တစ္ရက္ၿပီးတစ္ရက္ကုန္သြားမွာမို႔ တန္ဖိုးထားရေပမည္။
''ငါးကဘာလုပ္မွာလဲ''
''ဗိုက္သားကိုခ်က္ေပးမယ္ေလ။က်န္တာကေၾကာ္ထားမွာ။''
အေကာင္ကအႀကီးႀကီးဆိုေတာ့မေၾကာ္ထားဘဲလည္း အဆင္မေျပ။ကိုယ္ေတြဆီကလို ေရခဲေသတၱာလည္း႐ွိတာမဟုတ္ဆိုေတာ့။
''သိပ္ခ်စ္ခဲ့တဲ့ ေမ့တစ္ေယာက္တည္းသာ ေမာင့္ရဲ႕ဘဝပါပဲ။အသိုင္းအဝိုင္းမ်ားက ကန္႔ကြက္ေနၾကလဲ။အတားအဆီးအားလံုးျဖတ္ေလ်ွာက္ၾကမယ္ ေမ့ရဲ႕လက္ကိုတြဲ။အခ်စ္တစ္ခုတည္းနဲ႔ အားလံုးျပည့္စံုတယ္....
ေျပာပါေစ...လူေတြဝိုင္းေျပာပါေစ။သိပ္ခ်စ္လြန္းလို႔ ေမ့ေနာက္လိုက္ခဲ့မယ္။''
ငါးခုတ္ရင္း ဆိုေနသည့္သီခ်င္းက ေဂးေဂးရဲ႕ေမာင့္ေနာက္လိုက္ခဲ့မယ္သီခ်င္း။ဒါကိုပဲ ျမတ္က အမ်ိဳးသားဗား႐ွင္းျဖင့္ ေျပာင္းဆိုေနျခင္းျဖစ္သည္။ဘယ္လိုဆိုဆိုပါေလ...ျမတ္ႏူတ္ကထြက္လာသည့္ သီခ်င္းသံတိုင္းကို ကိုယ္ႏွစ္သက္၏။မၾကားဖူးတဲ့သီခ်င္းျဖစ္ေနရင္ေတာင္ ျမတ္ဆိုျပလိုက္ၿပီဆိုရင္ ဘာသီခ်င္းလဲ၊ဘယ္သူဆိုတာလဲ လိုက္ေမးၿပီး ေသခ်ာနားေထာင္လိုက္ရမွ။
''ကြင္းထဲလိုက္ခ်င္လို႔''
''ေနပူတယ္ေလ..အေဒၚရယ္။''
''အာ..လိုက္ခ်င္ပါတယ္ဆို''.
''အင္းအင္း.. ဟုတ္ၿပီ။လိုက္ရမယ္။''
ျမတ္နဲ႔ဆိုရင္ အသက္အရြယ္ဆိုတာေတြကို သတိမရေတာ့ဘဲ ဆိုးခ်င္၊ခြၽဲခ်င္မိသည့္ အခိုက္အတန္႔ကမၾကာခဏဆိုသလို ေပၚေပၚလာတတ္သည္။ထိုသို႔ဆိုတိုင္းလည္း ျမတ္က အႀကီးတစ္ေယာက္သဖြယ္ ကိုယ့္ကိုအလိုလိုက္ျမဲ။
#
''ေရာ့..''
ကိုယ့္ဆီကမ္းေပးလာသည္က ျမတ္ရဲ႕႐ွပ္အက်ႌတစ္ထည္။ကြင္းထဲသြားရင္ ေလတအားတိုက္ၿပီး ေန႐ွိန္ေသာေၾကာင့္ ဝတ္ခိုင္းျခင္းျဖစ္သည္။
''ေမ့...သားတို႔ ကြင္းထဲသြားဦးမယ္''
''ဆရာမပါလိုက္သြားမလို႔လား။ဒီေလာက္ေနပူေနတာကို။''
''လိုက္ပါေစ။သား ေနေအးမွျပန္လာမွာ''
အန္တီကိုေျပာၿပီးတာနဲ႔ ကိုယ့္ဘက္လွည့္ၾကည့္ကာ လာဖို႔ေခါင္းညိတ္ျပရင္း ကိုယ့္ေခါင္းေပၚကိုပါ ခေမာက္တစ္ခုေဆာင္းေပးလာေလသည္။အန္တီတို႔အေ႐ွ႕မွာမို႔ ကိုယ့္ခႏၶာကိုယ္ထဲမွ ေသြးေၾကာတစ္ခ်ိဳ႕ေတာင့္တင္းသြားေသာ္လည္း ျမတ္ကေတာ့ ေအးရာေအးေၾကာင္းပင္။ျမတ္နဲ႔ကိုယ့္ၾကားမွာ တူညီေသာအခ်က္က ထိုအရာအဓိကျဖစ္သည္။ကိုယ့္ပတ္ဝန္းက်င္မွာဆို ကိုယ္ကျမတ္ေ႐ွ႕မွာ မားမားရပ္ေလ့႐ွိၿပီး ျမတ္ပတ္ဝန္းက်င္မွာဆိုရင္ေတာ့ျမတ္က ကိုယ့္ေ႐ွ႕မွာေရာ ကိုယ့္ေဘးမွာပါ အျမဲ႐ွိခဲ့သည္။
ကြင္းထဲသြားေသာလမ္းက ကန္သင္း႐ိုးမ်ားေပၚမွ ျဖတ္သြားရတာျဖစ္ၿပီး ခ်ိဳင့္ေတြ၊ေျမစိုင္ခဲေတြက ေနရာအႏွံ႔မို႔ လမ္းေလ်ွာက္ရအေတာ္ခက္သည္။
''လာခ်င္ဦးေလ..ကြင္းထဲ''
''ဘာျဖစ္လဲ..လာမယ္''
''ေအးေအး..ဘယ္ေတာ့မွလဲ စကားနားမေထာင္နဲ႔သိလား။လူႀကီးကို အျမဲျပန္ေျပာ''
သူ႔ကိ္ုယ္သူမ်ား လူႀကီးဆိုပါလား။ကိုယ္ အသံထြက္ၿပီးရယ္ေတာ့ ကိုယ့္ကို ေစာင္ေပေပလွည့္ၾကည့္လာရင္း ကယိမ္းကပါးလမ္းေလ်ွာက္ေနသည့္ကိုယ့္လက္တစ္ဖက္ကိုပါ လွမ္းကိုင္လာေလသည္။
''သူမ်ားျမင္မယ္''
''ျမင္ပါေစေလ။သူမ်ားကိုဂ႐ုစိုက္ၿပီး ေခ်ာ္လဲခံမလို႔လား''
ဆယ္မိနစ္ခန္႔လမ္းေလ်ွာက္ရေသာ္လည္း ထိုအခိုက္အတန္႔ကို ကိုယ္အလြန္ေပ်ာ္သည္။ေလကလည္း တျဖဴးျဖဴးျဖင့္ ႐ွပ္လက္႐ွည္ဝတ္ထားတာေတာင္ တစ္ခ်က္တစ္ခ်က္ ေအးစိမ့္လာဆဲ။
''ဒီမြာ ၿငိမ္ၿငိမ္ေလးထိုင္ေနေနာ္။ကိုယ္ ေရပတ္ဦးမယ္''
ျမတ္တို႔ျခံထဲမွာ ခရမ္းသီးပင္က ျခံတစ္ဝက္၊ပန္းေဂၚဖီပင္က ျခံတစ္ဝက္ျဖစ္သည္။ဟိုဘက္ျခံကေတာ့ ကြမ္းစိုက္ခင္းျဖစ္ၿပီး ခုမွအၫႊန္႔ခ်ည္ထားရံု။
''အပင္ေတြလိုက္ၾကည့္မလို႔''
''ေခ်ာ္လဲမယ္လို႔ အဖြားရဲ႕''
ကိုယ့္ကိုေခၚေသာ အမည္နာမေတြကလည္း မကုန္ႏိုင္။ေခ်ာ္လဲမယ္ေျပာလည္း အပင္ေတြၾကည့္ခ်င္လို႔လိုက္လာပါတယ္ဆိုမွေတာ့ ထိုင္ေနဖို႔စိတ္ကူးမ႐ွိ။
''ခရမ္းသီးေတြ ႀကီးေနၿပီ..ခူးခ်င္လိုက္တာ''
''မေတာ္ေသးဘူးေလ။မခူးနဲ႔ဦး''
အသီးျမင္ ခူးခ်င္ေသာ လက္က ျမတ္အေျပာကိုမေစာင့္ႏိုင္။အသီးႀကီးႀကီးတစ္လံုးက ကိုယ့္လက္ထဲေစြ႔ခနဲ။
''ဟီး...ခူးၿပီးၿပီ''
''ခူးခူး..အေဒၚေရ။ပိစိေလးေတြေတာ့မလုပ္နဲ႔ေနာ္။ၿပီးေတာ့အမ်ားႀကီးမခူးနဲ႔။အိမ္မွာစားမဲ့သူမ႐ွိဘူး''
''အင္း...''
ျမတ္က ေရပိုက္တစ္ခုကို ဟိုဘက္ေျပာင္းလိုက္ဒီဘက္ေရြ႔လိုက္ျဖင့္ အလုပ္႐ႈပ္ေနသလို ကိုယ္ကလည္း ျခံႏွစ္ျခံၾကား ဟိုကူးဒီကူး။ကိုယ္လိုက္ၾကည့္လို႔ ဝကာမြ ျခံေထာင့္တစ္ေနရာမွာထိုင္ၿပီး ျမတ္ လႈပ္႐ွားသမ်ွကို ထိုင္ၾကည့္ေနလိုက္ေတာ့သည္။အေတာ္ေလးၾကာမွ ျမတ္အလုပ္ၿပီးသြားၿပီး ေသာက္ေရဘူးႏွစ္ဘူးကိုကိုင္ကာ ကိုယ့္အနားေရာက္လာေလသည္။
''ေရာ့ ဒါကိုင္ထား။အဲ့အတိုင္းထိုင္ေနေနာ္၊မလႈပ္နဲ႔။''
ဘုမသိဘမသိျဖင့္ ၿငိမ္ေနမိေသာ ကိုယ့္ခႏၶာကိုယ္က ျမတ္လက္ထဲမွာ ေပြ႔ရက္သား။လက္ထဲမွာ ဘူးႏွစ္ဘူးကလည္းကိုင္ထားရေသး၊ခုလိုလည္းအခ်ီမခံဘူးေတာ့ ခနၶာကိုယ္ကေအးစက္သြားတာမ်ား ေရခဲ႐ိုက္လိုက္သည့္ႏွယ္။
''ကိုယ့္ကို နည္းပါးကိုင္ထားဦးေလ။ခ်ီထားရတဲ့လူက''
''ျပန္ခ်...ျပန္ခ်။ငါေၾကာက္တယ္။''
''မက်ပါဘူး။လႈပ္မွ ျပဳတ္က်မွာ။အေ႐ွ႕ေရာက္ရင္ခ်ေပးမယ္။ခ်ီႏိုငိလား မခ်ီႏိုငိလားစမ္းၾကည့္တာ။တစ္ခုခုဆို ခ်ီေျပးရေအာင္လို႔''
ျမတ္က ရယ္ရယ္ေမာေမာေျပာေနသေလာက္ ကိုယ့္မွာေတာ့ ရင္တုန္ပန္းတုန္႐ွိလိုက္တာမ်ား လႈပ္ေတာင္မလႈပ္ရဲေပ။ကေလးေလးလို႔ ကိုယ္သတ္မွတ္ခဲ့သူက ကိုယ့္ကိုပင္ ခ်ီေပြ႔ႏိုင္ေနခဲ့ၿပီမို႔ ့ၾကာခဲ့ၿပီးသည့္အခ်ိန္မ်ားစြာက အိမ္မက္ေတာ့မဟုတ္ခဲ့တာ ေသခ်ာပါသည္။
#
Unicode
မြတ်ကိုရွေးချယ်မိလို့ ဖြစ်လာမည့်အကျိုးဆက်ဟာ အဆိုးဘက်ကိုရောက်နေဦးတော့ ကိုယ္ကေတာ့ နောက်မဆုတ်လိုပေ။မြတ်အပေါ်တည်ရှိနေသော စိတ်ခံစားမှုမှာ အချစ်တစ်ခုတည်းကို အခြေခံထားခြင်းမဟုတ်ဘဲ မေတ္တာတရားကအရင်းခံပေမို့ ဖြစ်လိုသည့်အတ္တ၊မာနများစွာတို့ ကိုယ့်ဆီမှာ မရှိ။မြတ် လို့တွေးလိုက်ရင်ကို ကိုယ့်စိတ်ကအလိုလိုအေးချမ်းနေပြီးသားဖြစ်သည်။
''ဒီမှာထိုင်နေ။ကိုယ်ချက်ပြုတ်နေတာကိုထိုင်ကြည့်''
''ငါမကူရဘူးလား''
''မကူရပါဘူးဗျာ။ဒီတိုင်းလေးထိုင်ကြည့်နေ''
လယ်အလုပ်၊ခြံအလုပ်များစွာဖြင့် မအားလပ်သည့် မြတ်တစ်ယောက် အဝေးသင်သာတက်ဖြစ်ခဲ့သည်။ရထားသော လိုင်းကောင်းလေးက အလဟသဖြစ်သွားပေမဲ့ မြတ်ကတော့ အပြုံးမပျက်ပါပေ။
''ဒီကိုလာတာ အိမ်ကဘာပြောသေးလဲ''
ကြက်သွန်လှီးနေရင်းမှ ကိုယ့်ကိုလှည့်မေးလာလေသည်။အိမ်က ဘာပြောပြော ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မည့်သူဆိုတာ မြတ်ကိုတော့မသိလို။
''ဘာပြောမှာလဲ။လာလည်တာပဲဟာကို''
လာခါနီးတော့ နားတွေညည်းအောင် အဆူအပြောခံခဲ့ရသည်။မိန်းမကြိုက်တော့မျှော်လိုက်တာ၊ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက်လာဆိုသော စကားပုံကို ပြောင်းပြန်လုပ်မိသည့်အကျိုးဆက်က အတော်ကြီး၏။တကယ်တော့ မိန်းမကမျှော်ပဲမျှော်ရမယ်ဆိုတာကြီးကို ကိုယ်လက်မခံနိုင်။မိန်းမလည်း ခြေထောက်နှစ်ချောင်းပါတာပဲမို့ မျှော်မနေဘဲ လိုက်လာလိုက်တော့ ဘာဖြစ်သေးလဲ။
''မေ့...ဟင်းစားသွားကြည့်တယ်၊ဘာရလာမယ်မသိ''
မြတ်တို့ဆီမှာက ဈေးကအတန်ငယ်လှမ်းပြီး ခေါင်းရွက်ဈေးသည်ကိုသာ စောင့်ကာဝယ်ကြရသည်။သို့မဟုတ်ပါက လှေဆိပ်၊သဘောၤဆိပ်မှာ ဈေးသည်အတင်အချကို အမှီသွားဝယ်နိုင်မှ ဟင်းစာအဆင်ပြေ၏။အသားဆိုလည်းပေါ်ပြီးရောင်းကြတာဖြစ်သလို၊ငါးဆိုလည်း ကမ်းနားဘက်ကမို့ တကယ္ကို လတ်လတ်ဆတ်ဆတ်။အသီးအရွက်ကတော့ အပြင်ကဝယ်ရတာရှိသလို မြတ်တို့ခြံထဲလည်း အတော်အသင့်စိုက်ပိျုးထားသည်။
မြတ်တို့အိမ်ရဲ့တည်ဆောက်ပုံဟာ အိမ်မကြီးဘက်ကနေလှေကားနဲ့ဆင်းမှ မီးဖိုခန်းထဲကိုရောက်သည်။ထိုအကူးအပြောင်းလှေကားထစ်များမှ ကိုယ်ကထိုင်နေပြီး မြတ်ကတော့ကိုယ်နဲ့မျက်နှာချင်းဆိုင်စားပွဲမှာ ဟင်းချက်ဖို့ပြင်ဆင်နေခြင်းဖြစ်သည်။
''ဆွမ်းတော်ကပ်ရမယ်။''
မနက်စောစောဆိုတာနဲ့ ထမင်းပူပူက ကျက်နှင့်နေပြီး အဆင်ပြေသည့်ဟင်းဖြင့် ဘုရားဆွမ်းတော်အရင်ကပ်တတ်တာ မြတ်တို့ဒေသ၏ အလေ့အကျင့်လို့တောင်ပြောရပေမည်။ဘုရားကိစ္စ၊ဘုန်းကြီးကျောင်းဆွမ်းကိစ္စ ပြီးမှသာ လူစားဖို့ကို ချက်ပြုတ်တတ်ကြ၏။
''ထိုင်နေတာလေးက ချီပွေ့ပြေးချင်စရာ''
အိမ်ပေါ်မှာဆွမ်းတော်ကပ်ပြီး ပြန်လာတော့ ကိုယ့်နောက်ကျောဘက်ကနေ ခါးကိုင်းကာ ရပ်ရင်း ကိုယ့်ပခုံးပေါ် လက်နှစ်ဖက်ဖြင့်ဖိကိုင်လာသည်။ကိုယ်မော့ကြည့်မိခိုက် ကိုယ့်နဖူးကနွေးခနဲ။
''ကိုယ့်ကို ဖယ်ပေးဦး''
''အင်း''
မြတ်နဲ့ကိုယ့်ကြားမှာရှိသော ချစ်ခြင်းတရားကို ဖော်ပြရမှာ နမ်းခြင်းကလည်းတစ်ခုအပါအဝင်ဖြစ်လောက်မည်။ကိုယ့်ပါး၊ကိုယ့်နဖူးကို ခပ်သာသာဖိနမ်းရခြင်းကို မြတ်အလွန်နှစ်သက်သလို မကြာခဏလည်း ပြုလုပ်တတ်၏။အရင်ကတော့ အမြဲတွေ့နေကျမို့ဆိုပေမဲ့ ခုအခြေအနေက ကိုယ်လာမှတွေ့ရသည်မဟုတ်လား။
''သားလေးရေ...ငါးလာယူဟေ့''
''နေနေ..မြတ်။ငါသွားယူလိုက်မယ်''
အန်တီလက်ထဲမှာကိုင်ထားသော ငါးက ကလေးငယ်တစ်ကိုယ်စာခန့်ရှိပြီး ကလေးချီပွေ့သလိုပွေ့လာရသည်။ငါးကြိုက်သည့်ကိုယ့်အတွက်တော့ အဆင်ပြေလေပြီ။
''ငါးက အကြီးကြီးပဲ မြတ်''
''နိုင်လို့လား။လျှောက်သယ်လာတာ။ပေး..ဒီကို''
''အကြေးထိုးပေးမယ်လေ''
''မလုပ်တတ်ဘဲနဲ့ဗျာ။ထိုင်ပဲ ကြည့်နေပါ''
ငါးအကြေးမထိုးတတ်တာမဟုတ်ဘဲ ကိုင်းခုတ်ဓားအရှည်နဲ့ငါးကိုင်ကြတာကို ကိုယ်မကျွမ်းကျင်ခြင်းသာ။ဒီမှာနေစဉ်ကဆို မိုးနွယ်နဲ့အတူချက်ပြုတ်ရင်း လက္ကို မကြာခဏ ဓားထိ၏။
''ကိုယ်ဗိုက်ဆာတယ်''
ကိုယ္က အိပ်ရာနိုးနိုးချင်း မုန့်ဟင်းခါးစားထားပြီးပြီဖြစ်သော်လည်း မိုးမလင်းခင် လယ်ထဲထသွားရသော မြတ်ကတော့ ခုထိဘာဆိုဘာမွမစားရေသး။
''ဘူးသီးကျက်နေပြီလေ။စားမလား။ငါထည့်ပေးမယ်''
''လက်မှမအားတာ ကိုယ်ငါးကိုင်နေရတယ်လေ''
ဒီလောက်ဆို ကိုယ်သဘောပေါက်ပြီ။ပန်းကန်ထဲ ထမင်းထည့်ပြီး ဘူးသီးခ်က္ကို ထမင်းပေါ်ဆမ်းလို့ ဇွန်းရှည်ပါတပ်ကာ မြတ်အနားကိုယ်ဝင်ထိုင်လ်ိုက်သည်။
''ဟ...''
''အင်း.''
မြတ်က ထမင်းစားလျှင် အလုတ်ကြီးကြီးထိုးသွင်းတတ်သူမဟုတ်တော့ တစ်ဇွန်းစာကို သေချာထည့်ပေးရသည်။
''လိမ္မာလိုက်တာဗျာ''
''ငါကအမြဲလိမ္မာပါတယ်နော်''
''ရေသောက်ချင်တယ်''
''အေးအေး..ခပ်ပေးမယ်။ခဏလေး။ရော့ ဒီတစ်လုတ်ပါးစပ်ထဲမှာဝါးနေ''
မြတ်ပါးစပ်ထဲကို ထမင်းတစ်လုတ်ထည့်ပြီးမှ အိမ်ပေါ်ပြန်တက်လို့ ရေခပ်ရသည်။ကိုယ်ကချည်း အမြဲတမ်းအယုအယခံခဲ့ရလို့လားမသိ။မြတ်ဆီမှ တစ်စုံတစ်ခုလုပ်ပေးဖို့ တောင်းဆိုလာတိုင်း ကိုယ့်မှာ သေဘာတက်။
''ဖြည်းဖြည်းသောက်''
မြတ်ရဲ့နူတ်ခမ်းဝမှာဖန်ခွက်လေးကိုအသာစောင်းတေ့ပေးတော့ တစ်ဝက်လောက်ကုန်အောင် သောက်ချပစ်လိုက်သည်။
''ထမင်းတော်ပြီ''.
''မကုန်သေးဘူးလေ''
''အင်း..ကိုယ်အဆာခံသွားတာနေမယ်။မစားနိုင်တော့ဘူး''
ဒီလိုဆိုတော့လည်း ပန်းကန်လေးအသာပြန်သိမ်းပြီး မြတ်အနားမှာသာ ဖင်ထိုင်ခုံအပုလေးဖြင့် ဟန်မပျက်ဆက်ထိုင်နေလိုက်တော့သည်။မြတ်အနားမှာ နေရသည့်အချိန်က တစ်ရက်ပြီးတစ်ရက်ကုန်သွားမှာမို့ တန်ဖိုးထားရပေမည်။
''ငါးကဘာလုပ်မှာလဲ''
''ဗိုက်သားကိုချက်ပေးမယ်လေ။ကျန်တာကကြော်ထားမှာ။''
အကောင်ကအကြီးကြီးဆိုတော့မကြော်ထားဘဲလည်း အဆင်မပြေ။ကိုယ်တွေဆီကလို ရေခဲသေတ္တာလည်းရှိတာမဟုတ်ဆိုတော့။
''သိပ်ချစ်ခဲ့တဲ့ မေ့တစ်ယောက်တည်းသာ မောင့်ရဲ့ဘဝပါပဲ။အသိုင်းအဝိုင်းများက ကန့်ကွက်နေကြလဲ။အတားအဆီးအားလုံးဖြတ်လျှောက်ကြမယ် မေ့ရဲ့လက်ကိုတွဲ။အချစ်တစ်ခုတည်းနဲ့ အားလုံးပြည့်စုံတယ်....
ပြောပါစေ...လူတွေဝိုင်းပြောပါစေ။သိပ်ချစ်လွန်းလို့ မေ့နောက်လိုက်ခဲ့မယ်။''
ငါးခုတ်ရင်း ဆိုနေသည့်သီချင်းက ဂေးဂေးရဲ့မောင့်နောက်လိုက်ခဲ့မယ်သီချင်း။ဒါကိုပဲ မြတ်က အမျိုးသားဗားရှင်းဖြင့် ပြောင်းဆိုနေခြင်းဖြစ်သည်။ဘယ်လိုဆိုဆိုပါလေ...မြတ်နူတ်ကထွက်လာသည့် သီချင်းသံတိုင်းကို ကိုယ်နှစ်သက်၏။မကြားဖူးတဲ့သီချင်းဖြစ်နေရင်တောင် မြတ်ဆိုပြလိုက်ပြီဆိုရင် ဘာသီချင်းလဲ၊ဘယ်သူဆိုတာလဲ လိုက်မေးပြီး သေချာနားထောင်လိုက်ရမှ။
''ကွင်းထဲလိုက်ချင်လို့''
''နေပူတယ်လေ..အဒေါ်ရယ်။''
''အာ..လိုက်ချင်ပါတယ်ဆို''.
''အင်းအင်း.. ဟုတ်ပြီ။လိုက်ရမယ်။''
မြတ်နဲ့ဆိုရင် အသက်အရွယ်ဆိုတာတွေကို သတိမရေတာ့ဘဲ ဆိုးချင်၊ချွဲချင်မိသည့် အခိုက်အတန့်ကမကြာခဏဆိုသလို ပေါ်ပေါ်လာတတ်သည်။ထိုသို့ဆိုတိုင်းလည်း မြတ်က အကြီးတစ်ယောက်သဖွယ် ကိုယ့်ကိုအလိုလိုက်မြဲ။
#
''ရော့..''
ကိုယ့်ဆီကမ်းပေးလာသည်က မြတ်ရဲ့ရှပ်အကျႌတစ်ထည်။ကွင်းထဲသွားရင် လေတအားတိုက်ပြီး နေရှိန်သောကြောင့် ဝတ်ခိုင်းခြင်းဖြစ်သည်။
''မေ့...သားတို့ ကွင်းထဲသွားဦးမယ်''
''ဆရာမပါလိုက်သွားမလို့လား။ဒီလောက်နေပူနေတာကို။''
''လိုက်ပါစေ။သား နေအေးမှပြန်လာမှာ''
အန်တီကိုပြောပြီးတာနဲ့ ကိုယ့်ဘက်လှည့်ကြည့်ကာ လာဖို့ခေါင်းညိတ်ပြရင်း ကိုယ့်ခေါင်းပေါ်ကိုပါ ခမောက်တစ်ခုဆောင်းပေးလာလေသည်။အန်တီတို့အရှေ့မှာမို့ ကိုယ့်ခန္ဓာကိုယ်ထဲမှ သွေးကြောတစ်ချို့တောင့်တင်းသွားသော်လည်း မြတ်ကတော့ အေးရာအေးကြောင်းပင်။မြတ်နဲ့ကိုယ့်ကြားမှာ တူညီသောအချက်က ထိုအရာအဓိကဖြစ်သည်။ကိုယ့်ပတ်ဝန်းကျင်မှာဆို ကိုယ်ကမြတ်ရှေ့မှာ မားမားရပ်လေ့ရှိပြီး မြတ်ပတ်ဝန်းကျင်မှာဆိုရင်တော့မြတ်က ကိုယ့်ရှေ့မှာရော ကိုယ့်ဘေးမှာပါ အမြဲရှိခဲ့သည်။
ကွင်းထဲသွားသောလမ်းက ကန်သင်းရိုးများပေါ်မှ ဖြတ်သွားရတာဖြစ်ပြီး ချိုင့်တွေ၊မြေစိုင်ခဲတွေက နေရာအနှံ့မို့ လမ်းလျှောက်ရအတော်ခက်သည်။
''လာချင်ဦးလေ..ကွင်းထဲ''
''ဘာဖြစ်လဲ..လာမယ်''
''အေးအေး..ဘယ်တော့မှလဲ စကားနားမထောင်နဲ့သိလား။လူကြီးကို အမြဲပြန်ပြော''
သူ့ကိ်ုယ်သူများ လူကြီးဆိုပါလား။ကိုယ် အသံထွက်ပြီးရယ်တော့ ကိုယ့်ကို စောင်ပေပေလှည့်ကြည့်လာရင်း ကယိမ်းကပါးလမ်းလျှောက်နေသည့်ကိုယ့်လက်တစ်ဖက်ကိုပါ လှမ်းကိုင်လာလေသည်။
''သူများမြင်မယ်''
''မြင်ပါစေလေ။သူများကိုဂရုစိုက်ပြီး ချော်လဲခံမလို့လား''
ဆယ်မိနစ်ခန့်လမ်းလျှောက်ရသော်လည်း ထိုအခိုက်အတန့်ကို ကိုယ်အလွန်ပျော်သည်။လေကလည်း တဖြူးဖြူးဖြင့် ရှပ်လက်ရှည်ဝတ်ထားတာတောင် တစ်ချက်တစ်ချက် အေးစိမ့်လာဆဲ။
''ဒီမြာ ငြိမ်ငြိမ်လေးထိုင်နေနော်။ကိုယ် ရေပတ်ဦးမယ်''
မြတ်တို့ခြံထဲမှာ ခရမ်းသီးပင်က ခြံတစ်ဝက်၊ပန်းဂေါ်ဖီပင်က ခြံတစ်ဝက်ဖြစ်သည်။ဟိုဘက်ခြံကတော့ ကွမ်းစိုက်ခင်းဖြစ်ပြီး ခုမှအညွှန့်ချည်ထားရုံ။
''အပင်တွေလိုက်ကြည့်မလို့''
''ချော်လဲမယ်လို့ အဖွားရဲ့''
ကိုယ့်ကိုခေါ်သော အမည်နာမတွေကလည်း မကုန်နိုင်။ချော်လဲမယ်ပြောလည်း အပင်တွေကြည့်ချင်လို့လိုက်လာပါတယ်ဆိုမှတော့ ထိုင်နေဖို့စိတ်ကူးမရှိ။
''ခရမ်းသီးတွေ ကြီးနေပြီ..ခူးချင်လိုက်တာ''
''မတော်သေးဘူးလေ။မခူးနဲ့ဦး''
အသီးမြင် ခူးချင်သော လက္က မြတ်အပြောကိုမစောင့်နိုင်။အသီးကြီးကြီးတစ်လုံးက ကိုယ့်လက်ထဲစွေ့ခနဲ။
''ဟီး...ခူးပြီးပြီ''
''ခူးခူး..အဒေါ်ရေ။ပိစိလေးတွေတော့မလုပ်နဲ့နော်။ပြီးတော့အများကြီးမခူးနဲ့။အိမ်မှာစားမဲ့သူမရှိဘူး''
''အင်း...''
မြတ်က ရေပိုက်တစ်ခုကို ဟိုဘက်ပြောင်းလိုက်ဒီဘက်ရွေ့လိုက်ဖြင့် အလုပ်ရှုပ်နေသလို ကိုယ်ကလည်း ခြံနှစ်ခြံကြား ဟိုကူးဒီကူး။ကိုယ်လိုက်ကြည့်လို့ ဝကာမြ ခြံထောင့်တစ်နေရာမှာထိုင်ပြီး မြတ် လှုပ်ရှားသမျှကို ထိုင်ကြည့်နေလိုက်တော့သည်။အတော်လေးကြာမှ မြတ်အလုပ်ပြီးသွားပြီး သောက်ရေဘူးနှစ်ဘူးကိုကိုင်ကာ ကိုယ့်အနားရောက်လာလေသည်။
''ရော့ ဒါကိုင်ထား။အဲ့အတိုင်းထိုင်နေနော်၊မလှုပ်နဲ့။''
ဘုမသိဘမသိဖြင့် ငြိမ်နေမိသော ကိုယ့်ခန္ဓာကိုယ်က မြတ်လက်ထဲမှာ ပွေ့ရက်သား။လက်ထဲမှာ ဘူးနှစ်ဘူးကလည်းကိုင်ထားရသေး၊ခုလိုလည်းအချီမခံဘူးတော့ ခန္ဓာကိုယ်ကအေးစက်သွားတာများ ရေခဲရိုက်လိုက်သည့်နှယ်။
''ကိုယ့်ကို နည်းပါးကိုင်ထားဦးလေ။ချီထားရတဲ့လူက''
''ပြန်ချ...ပြန်ချ။ငါကြောက်တယ်။''
''မကျပါဘူး။လှုပ်မှ ပြုတ်ကျမှာ။အရှေ့ရောက်ရင်ချပေးမယ်။ချီနိုငိလား မချီနိုငိလားစမ်းကြည့်တာ။တစ်ခုခုဆို ချီပြေးရအောင်လို့''
မြတ်က ရယ်ရယ်မောမောပြောနေသလောက် ကိုယ့်မှာတော့ ရင်တုန်ပန်းတုန်ရှိလိုက်တာများ လှုပ်တောင်မလှုပ်ရဲပေ။ကလေးလေးလို့ ကိုယ်သတ်မှတ်ခဲ့သူက ကိုယ့်ကိုပင် ချီပွေ့နိုင်နေခဲ့ပြီမို့ ့ကြာခဲ့ပြီးသည့်အချိန်များစွာက အိမ်မက်တော့မဟုတ်ခဲ့တာ သေချာပါသည်။
#