ျမတ္ (မြတ် )

By WaiLwin016

19.7K 971 408

စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာရဲ႕ေအးခ်မ္းတဲ့ပံုရိပ္အခ်ိဳ႕ကို လက္ေတြ႔ဘဝရဲ႕ အျဖစ္အပ်က္အခ်ိဳ႕အေပၚအေျခတည္ၿပီးေရးဖြဲ႔ထား... More

Intro(Z & U)
Start (Z & U)
Ep 1(Z & U)
Ep.2(Z & U)
Ep...3(Z & U)
Ep...4(Z & U)
Ep. ..5(Z & U)
Ep...6(Z &. U)
Ep....7(Z & U)
Ep...9(Z & U)
Ep...10(Z & U)
Ep. ..11(Z & U)
Ep...12(Z & U)
Ep...13(Z & U)
14(Z & U)
15(Z & U)
16(Z & U)
17(Z & U)
18(Z & U)
19(Z & U)
20(Z & U)
21(Z & U)
22(Z & U)
23(Z & U)
Ep...24(Z & U)
Ep. .25(Z & U)
Ep...26(Z & U)
ဇာတ္သိမ္း(Z & U)
ေက်းဇူးတင္လႊာ(Z & U)
Extra(Z & U)

Ep....8(Z & U)

380 33 11
By WaiLwin016

Zawgyi

စာေမးပြဲက နီးလာေလ၊ျမတ္ရဲ႕ျပသနာ႐ွာမႈေလးေတြက ပိုမ်ားလာေလပင္။စာမက်က္လို႔၊စာေမးပြဲေသခ်ာမေျဖလို႔ဆိုတဲ့အေၾကာင္းအရာေလးေတြကလည္း မနည္းမေနာ။ဒီၾကားထဲ နာမည္ထြက္ေနသည့္မိန္းကေလးက တစ္ေယာက္မက၊ႏွစ္ေယာက္။စာေမးပြဲမေအာင္မွာစိတ္ပူေနရသည့္အထဲ ဒါေတြအထိပါ ၾကားၾကားေနရေတာ့ ကိုယ္တကယ္စိတ္ပ်က္လာသည္။

အရင္လို တတြတ္တြတ္ေျပာေနဖို႔ရာကလည္း အေျခအေနကမေပး။အျမဲတမ္းလိမၼာလာသည့္ကေလးက အေရးႀကီးပါသည္ဆိုေသာႏွစ္မွ ေကာက္ခါငင္ခါကို ေျပာမေကာင္းျဖစ္လို႔ေနသည္။

''ဘာလို႔ေျပာစကားနားမေထာင္တာလဲ ျမတ္။ငါကနင့္အတြက္ ဘာမွမဟုတ္ေတာ့ဘူးလား။ဟုတ္လား။ဒီေလာက္ေတာင္ေကာင္မေလးေတြနဲ႔႐ႈပ္ခ်င္လဲ စာေမးပြဲၿပီးတဲ့အထိေတာ့ေစာင့္ဦးေလ။ခုဟာက အိမ္ကစိတ္ပူေနရတဲ့သူက အာပလာကိုျဖစ္လို႔။နင္နဲ႔ငါ သူစိမ္းေတြလိုပဲေနလိုက္ၾကစို႔။ငါလဲ ငါ့အိမ္ငါျပန္ေတာ့မယ္။နင့္ဆီ တစ္သက္လံုးျပန္မလာေတာ့ဘူး''

အထက္ပါအေၾကာင္းအရာမ်ားပါေသာစာကို ျမတ္ဆီပို႔ခိုင္းလိုက္ၿပီး ကိုယ္လည္း သူ႔က်ဴ႐ွင္ေ႐ွ႕ကမျဖတ္ေတာ့ေပ။သူ အိမ္ေ႐ွ႕ကျဖတ္ရင္ေတာင္ ကိုယ္မသိဟန္ျပဳထားလိုက္၏။ေနာက္ရက္မွာေတာ့ ျမတ္ဆီကေန ကိုယ့္အတြက္ စာေလးတစ္ေစာင္ေရာက္လာခဲ့သည္။

စာကေတာ့အ႐ွည္ႀကီးဆိုေပမဲ့ အဓိကအေၾကာင္းအရာက ကိုယ္နဲ႔ေဝးၿပီး သူမေနႏိုင္ဘူးဆိုတာရယ္၊သူဘယ္သူနဲ႔မွ မ႐ႈပ္ခဲ့ေၾကာင္းရယ္သာ ထပ္ခါထပ္ခါေျဖ႐ွင္းထားေလသည္။ခုခ်ိန္မွာ ကိုယ္တကယ္စိတ္ပူေနတာက သူတျခားသူကိုႀကိဳက္လိုက္တာကိုမဟုတ္ဘဲ စာေမးပြဲမွာ အမွားအယြင္းျဖစ္သြားမွာကိုသာ စိုးေၾကာက္ေနျခင္းျဖစ္၏။သူသာ ေပ်ာ္မယ္ဆို ကိုယ့္ကိုပစ္ထားခဲ့လည္း ကိုယ္ကေက်နပ္ေနမွာပင္။ကိုယ့္ကိုဘယ္ေလာက္ထိခ်စ္သလဲသိေနသည့္တိုင္ ဒါဟာဆယ္ေက်ာ္သက္အရြယ္မို႔ စိတ္ကစားေနတာဆိုေသာအသိက ကိုယ့္အာရံုထဲ ပိုမ်ားေနခဲ့သည္မဟုတ္လား။

''အစ္မ..အစ္မကို ကိုႀကီးျမတ္က စာေပးလို႔ဆို''

ေဘးအိမ္ကကေလးမေလးက ကိုယ့္နားကပ္ရင္း ခပ္တိုးတိုးေမးလာေလသည္။ကိုယ့္စိတ္ေတြေထြျပားသြားၿပီး ဘာျပန္ေျပာရမလဲ ဆြ႔ံအေနမိ၏။တကယ္ဆို ကိုယ့္ဆီေရာက္လာေသာ စာမ်ားဟာ ျမတ္ညီေလးဆီမွတဆင့္မို႔ သူစိမ္းသိစရာလံုးဝမ႐ွိ။ခုဟာက...။

''ဘယ္သူေျပာတာလဲ''

''သမီးတို႔ဆရာမကေျပာတာ။ဆရာမအတြက္ဆိုၿပီးစာေရးေနတာကိုသူကိုယ္တိုင္ေတြ႔တာတဲ့။အဲ့ဒါ ကိုႀကီးျမတ္ကို သူ႔က်ဴ႐ွင္ဆရာဆီတိုင္ေပးပါဆိိုလို႔။''

ဆရာမလို႔ေခါင္းစဥ္တပ္တယ္ဆိုကတည္းက သတင္းကအမွားျဖစ္ရင္ျဖစ္၊သို႔မဟုတ္ တျခားဆရာမတစ္ေယာက္ကို ျမတ္သေဘာက်ေနျခင္းေလာ။ဘာေၾကာင့္ဆို ကိုယ့္ကို စာေရးလာတိုင္း ဆရာမရယ္လို႔မွမသံုးႏူန္းခဲ့ဖူးတာေလ။

''သြားတိုင္ၿပီးၿပီလား''

''ဟင့္အင္း။သူ႔ဆရာက သမီးရည္းစားကိစၥနဲ႔အဲ့လိုအတိုင္ခံရရင္ ေက်ာမွာအ႐ိႈးရာထပ္ေအာင္ေဆာ္တာအစ္မရ။ဟုတ္လားမဟုတ္လား မေသခ်ာဘဲ မတိုင္ခ်င္ပါဘူး။အဲ့ဒါဘယ္သူ႔ကိုမွမေျပာခင္ အစ္မကိုအရင္လာေျပာျပတာ။ကိုႀကီးျမတ္ကိုေမးၾကည့္ၿပီး ေျပာလိုက္ပါဦးေနာ္''

''ေအးေအး...ေက်းဇူးပဲေနာ္ သမီး''

ျမတ္...ျမတ္။ဒီႏွစ္မွ ေတာ္ေတာ္ကို ဂယက္ထေနတာပဲ။ခုလည္းၾကည့္ဦး။ဘာေတြ႐ႈပ္ထားျပန္သည္ကိုမသိ။

''သားေရ...နင့္အကိုကို အိမ္ခဏျပန္ခဲ့လို႔ ''

အိမ္ေ႐ွ႕အိမ္ကသူ႔ညီေလးကိုအမွာစကားပါးခိုင္းၿပီး ကိုယ့္အိမ္ကေနသာေစာင့္ေနလိုက္သည္။ညေနဘက္ ေရခ်ိဳးထမင္းစားခ်ိန္ဆို အိမ္ျပန္ခြင့္ေပးထားေသာ ဒါေတြေမးဖို႔ရာ ခဏေတာ့အခ်ိန္ရမည္။

''ကိုယ့္ကို ေခၚတယ္ဆို''

''အင္း..ေမးစရာ႐ွိလို႔။လာထိုင္ဒီနားကို''

ကိုယ့္မ်က္ႏွာခပ္တည္တည္ျဖစ္ေနျခင္းအတြက္ အရိပ္အကဲၾကည့္ရင္း ကိုယ့္ေဘးမွာအသာဝင္ထိုင္သည္၊

''နင္ ငါ့ကိုေပးဖို႔စာေရးခဲ့ေသးလား''

''ဒီရက္ပိုင္းမေရးဘူးေလ။ဟိုေန႔ကမွ စိတ္ဆိုးေနလို႔ ေခ်ာ့ထားရတာကို''

''တျခားဆရာမတစ္ေယာက္ကိုေရာ နင္သေဘာက်ေနေသးလား''

''အာ..ေပါက္ေပါက္႐ွာ႐ွာ။ဘယ္ဆရာမကို သြားသေဘာက်ရမွာလဲ။ကိုယ့္မွာ တစ္ေယာက္ပဲ႐ွိတယ္။''

''ဆရာမဆိုတဲ့နာမည္တပ္ၿပီး အတန္းထဲမွာစာမေရးဖူးတာ ေသခ်ာတယ္ေနာ္''

''ဟုတ္...တကယ္ေသခ်ာတယ္''

''ရၿပီ..ျပန္ေတာ့''

''ေဟာဗ်ာ..လူကို စိတ္ဆိုးေနတုန္းပဲကိုး။ကိုယ္ေတာင္းပန္ပါတယ္ဆို''

''မဆိုးေတာ့ပါဘူး။စိတ္နည္းနည္း႐ႈပ္ေနလို႔ပါ။သြားသြား..ျပန္ေတာ့။စာေသခ်ာက်က္..ၾကားလား''

ုျမတ္ ျပန္သြားၿပီးေပမဲ့ ကိုယ့္စိတ္ထဲေတာ့ အေတြးမ်ားစြာ။ဟိုကလည္း အတိအက်တိုင္ခိုင္းသည္။ျမတ္ကလည္း ကိုယ့္ကိုလိမ္ညာေျပာမည့္သူမဟုတ္။ဒီကိစၥကို ဒီအတိုင္းထားလို႔ကေတာ့ မျဖစ္ေရးခ်မျဖစ္။တကယ္ဆိုရင္သာ ျမတ္ကိုကိုယ္ဆူမွာဆိုေပမဲ့ ခုကေက်ာင္းသားတစ္ေယာက္အေပၚ မဟုတ္တာယိုးစြပ္ၿပီး အဆူအ႐ိုက္ခံရေအာင္၊နာမည္ပ်က္ေအာင္ တမင္ရည္ရြယ္ၿပီးလုပ္တာမို႔ ကိုယ္သည္းခံမေနႏိုင္။

ေနာက္မနက္မွာ ကိုယ့္ေက်ာင္းကို ခြင့္တိုင္ထားၿပီး တစ္ဖက္အိမ္မွကေလးမေလး၏ အတန္းကို ဦးစြာဝင္ခဲ့လိုက္သည္။ကေလးမေလးဆီမွ ၾကားသည္ဆိုလ်ွင္ မာန္မဲေနမွာလည္း စိုးရေလေတာ့ သတင္းၾကားလို႔ဆိုသည့္အေျခအေနမ်ိဳးျဖင့္ ကိုယ္စံုစမ္းရမည္။

''လာလည္တာလား ညီမေလး''

ကိုယ့္ကို သိေနေလေတာ့ ျမင္တာနဲ႔ ထြက္လာၿပီးႏူတ္ဆက္ေလသည္။

''အိမ္က ကေလးအေၾကာင္း သတင္းၾကားလို႔ လိုက္လာတာအစ္မေရ။ဘာတဲ့ အတန္းထဲမယ္ရည္းစားစာေရးလို႔ဆို''

''ဟုတ္တယ္..ဟုတ္တယ္။ဆရာမဆိုၿပီးေခါင္းစဥ္တပ္ေရးထားေတာ့ ညီမဆီပဲထင္တာ။တစ္အိမ္တည္းလည္းအတူေနတာႏွစ္ကၾကာၿပီဆိုေတာ့ေလ''

''ကြၽန္မအတြက္ဆိုၿပီး ကြၽန္မဆီလဲ ေရာက္မလာပါလား။ေနပါဦး။ကြၽန္မမဟုတ္တဲ့ တျခားဆရာမငယ္ငယ္တစ္ေယာက္ကိုမ်ားေပးဖို႔ေရးသလား။ဒါနဲ႔ အစ္မကိုယ္တိုင္ေတြ႔တာလား သူ႔အဲ့စာေရးေနတာကို''

ကိုယ္ေမးလိုက္ေတာ့ ေခါင္းကိုႏွစ္ခ်က္မွကုတ္လိုက္ၿပီး...

''မဟုတ္ဘူး ။သူ႔အတန္းပိုင္ကေတြ႔တာ။အဲ့ဒါနဲ႔ အစ္မကိုေျပာျပလို႔''

''ဟုတ္လား။ဒါဆို သူ႔အတန္းပိုင္ဆီ ကြၽန္မတစ္ခ်က္လိုက္သြားဦးမယ္၊ဟုတ္ေနရင္ေတာ့ ခပ္နာနာေလးကိုဆူပစ္လိုက္ရမယ္အစ္မေရ''

''ေအးေအး..''

မ်က္စိမ်က္ႏွာမပ်က္တမ္းေျဖေနပံုရရင္ ျမတ္က လိမ္ေနတာမ်ားလားလို႔ေတာင္ ကိုယ့္စိတ္ထဲအေတြးဝင္လာမိသည္။သို႔ေပသိ ျမတ္က အဲ့လိုလူစားမဟုတ္ေရးခ်မဟုတ္။

''အစ္မ..ကြၽန္မဝင္လာမယ္ေနာ္''

ျမတ္ရဲ႕အတန္းပိုင္က ဒီေန႔ေက်ာင္းမတက္ဘဲ ခြင့္ယူထားသည္ဆိုျခင္းေၾကာင့္ သူ႔အိမ္ထိ ကိုယ္လိုက္သြားရသည္။ကိုယ္က သူတို႔ေက်ာင္းမွမဟုတ္ေသာ္ျငား မ်က္မွန္းေတာ့တန္းမိၾကသည္။

''မလာစဖူးပါလား ညီမေလး၊ကိစၥ႐ွိလို႔လား''

''အိမ္ကကေလးကိစၥပါအစ္မရယ္။ေနမေကာင္းေနတဲ့သူကို အေႏွာင့္အယွက္ေပးမိလို႔ေတာင္းပန္တယ္ေနာ္''

''အာ...ရပါတယ္။လာထိုင္ညီမေလး''

ထိုအစ္မေပးေသာ ေနရာမွာဝင္ထိုင္လိုက္ၿပီး ကိုယ့္ကိုအျမင္ၾကည္ေစရန္အလို႔ငွါလည္း ျပံဳးျပေနရေသးသည္။

''ညီမအိမ္က ကေလးဆိုတာ''

''ျမတ္ေလ အစ္မ။အစ္မအတန္းကလို႔ေျပာတယ္''

ျဗဳန္းခနဲမွာ စဥ္းစားေနရပံုေထာက္ရင္ ျမတ္ကို ေသခ်ာသိပံုမရ။ထိုအခ်က္နဲ႔တင္ ရည္းစားစာေရးပါတယ္ဆိုၿပီး မွတ္မွတ္ရရႀကီးတိုင္ဖို႔ရာက ပိုလို႔ေတာင္မျဖစ္ႏိုင္ေပ။

''ေအး..အစ္မမ်က္စိထဲသိပ္မေပၚဘူး။အစ္မ အတန္းကေရာ ဟုတ္ရဲ႕လားမသိ''

''ဟုတ္ အစ္မ။အဲ့ဒါေလ ျမတ္က အတန္းထဲမွာ ရည္းစာစာထိုင္ေရးေနတယ္ဆိုၿပီးအစ္မကတိုင္တယ္ဆိုလို႔လာေမးရတာ''

''ဟယ္..မဟုတ္တာ။အစ္မက သူ႔ကိုေတာင္မသိတာ။ရည္းစာစာေရးတယ္ဘာညာလဲ အစ္မဘယ္သိပါ့မလဲ။တိုင္လဲ မတိုင္ခိုင္းပါဘူး ညီမရယ္။အဲ့ဒါဘယ္သူေျပာတာတုန္း''

''ေမသူထက္တို႔ဆရာမေျပာတာ။အစ္မက ျမင္ၿပီး သူ႔ကိုလာအတိုင္ခိုင္းတာတဲ့ေလ''

''မဟုတ္ဘူး..မဟုတ္ဘဴး။အစ္မက ဒီတစ္ႏွစ္လံုး က်န္းမာေရးေၾကာင့္ ေက်ာင္းေတာင္ေသခ်ာမတက္ႏိုင္ခဲ့ဘူး။ဘာလို႔အဲ့လိုေလ်ွာက္ေျပာတာလဲမသိပါဘူး။''

''ဟုတ္ကဲ့..ဟုတ္ကဲ့။ေမးတာေလးေျဖေပးလို႔ေက်းဇူးပါအစ္မရယ္။ကြၽန္မကလဲ ကေလးကိုမဟုတ္တာေျပာတာက်မျဖစ္သင့္ဘူးထင္လို႔ပါ။''

''ေအးေပါ့ ဟုတ္တာေပါ့''

ဒီလိုနဲ႔ပဲ အေျဖကေပၚသြားခဲ့ေလၿပီ။ၾကားထဲကနာမည္တပ္ခံရသည့္ဆရာမကို အားနာစြာျဖင့္ အႀကိမ္ႀကိမ္ေက်းဇူးတင္ေၾကာင္းေျပာခဲ့ၿပီး မူလသတင္းလာရာဆရာမဆီေတာ့မျဖစ္မေနဝင္ေျပာခဲ့မိေသးသည္။

''အင္းအင္း...သူမ်က္စိမွားတာေနမွာေပါ့''

လိမ္ေနတာမွန္းေပၚေနတာေတာင္ ဝန္မခံဘဲ လွည့္ပတ္ေနဆဲ ဆရာမကို ကိုယ္တကယ္အံ႔ျသသည္။မ်က္နွာေျပာင္ တိုက္တာ လြန္​ေပစြ။ေသခ်ာတာတစ္ခုကေတာ့ ေနာက္တစ္ရက္မွာ ဟိုဆရာမဆီမွအေျပာအဆိုကို သူခံရေတာ့ေပမည္။ခံပါေစ။ဒါသူနဲ႔တန္တာသူျပန္ရတာပဲ။ကိုယ္ကေတာ့ ကိုယ့္ျမတ္ မလိမ္ခဲ့ဘူးဆိုတာနဲ႔တင္ ဝမ္းသာလို႔မဆံုး။

#

ညေနေစာင္းေတာ့ ကိုယ့္ဆီကို ျမတ္ေရာက္လာခဲ့သည္။မနက္ျဖန္ က်ဴ႐ွင္တစ္ရက္ပိတ္ေပးလို႔ အိမ္ျပန္လာအိပ္တာတဲ့ေလ။ဒီေတာ့ ထံုးစံအတိုင္း ကိုယ့္အခန္းထဲဝင္ကာ စာက်က္မည္အေၾကာင္းျပေတာ့သည္ေပါ့။အခန္းထဲေရာက္ေရာက္ခ်င္း ကိုယ့္ကိုအသာေလးဆြဲဖက္ထားၿပီး..

''ကိုယ့္ heroေလး။ဘယ္တုန္းက ဒီေလာက္သတၱိ႐ွိသြားရတာလဲ..ဟင္''

''သိသြားၿပီေပါ့''

အင္းေပါ့ဆိုေသာေလသံေလးနဲ႔အတူ သူ႔ရင္ခြင္ထဲေရာက္ေနသည့္ကိုယ့္ေခါင္းေလးကို အသာေလးပြတ္သပ္ေပးေနေလသည္။ကိုယ့္ရဲ႕မူလပံုစံကအေနေအးၿပီး ေၾကာက္တတ္သလို၊ကိုယ့္ကိုျပသနာ႐ွာလာရင္ေတာင္ တံု႔ျပန္တတ္သူမဟုတ္မွန္း အျမဲကာကြယ္ေပးေနက် ျမတ္ကေတာ့ ေကာင္းေကာင္းသိသည္။

''ဘယ္က သတၱိေတြေရာက္လာမွန္းေတာ့မသိဘူး။ဒီလိုပဲ လုပ္သင့္တာကိုလုပ္ခဲ့ရံုပဲ''

''အခ်စ္ရာ...ျပသနာ႐ွာမဲ့႐ွာေတာ့လဲ သူမ်ားရြာအထိ တစ္ေယာက္တည္းသြား႐ွာတာေနာ္။ကိုယ့္ကို နည္းနည္း​ေတာင္ မတိုင္ပင္ဘဲနဲ႔ကြာ။တစ္ခုခုသာေျပာဆိုခံရရင္ ဘယ္လိုလုပ္မလဲ။ဒီေလာက္ထိ ကိုယ့္ကိုခ်စ္လား။''

ကိုယ္နဲ႔မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ သူ႔ခါးေလးကိုအနည္းငယ္ကိုင္းၫႊတ္ၿပီး ကိုယ့္ပခံုးႏွစ္ဖက္ကို အသာဆုပ္ကိုင္ရင္း ေမးလာသည့္ျမတ္ေလသံက တကယ္ကိုႏူးႏူးညံ႔ညံ႔ေလး။

''မခ်စ္ဘူး။ဒီတိုင္း တျခားဆရာမကိုရည္းစားစာေပးတာလားသိခ်င္လို႔ လိုက္သြားတာ''

''ေဟာ...ညာျပန္ၿပီ ၾကည့္။ခ်စ္လားမခ်စ္ဘူးလား.အမွန္အတိုင္းေျဖေနာ္။မဟုတ္ရင္ ဖက္နမ္းမွာကိုယ္က''

''ျမတ္...''

ျမတ္ဆီမွ ထိုသို႔စကားမ်ားၾကားရလ်ွင္ ကိုယ္အင္မတန္႐ွက္သည္။ခုဆို ကိုယ့္အသက္က၂၃ေက်ာ္ေနၿပီျဖစ္ေသာ္လည္း ကိုယ့္ထိေတြ႔ဖူးသည့္ေယာက်ာ္းေလးက ျမတ္သာ႐ွိသည္မဟုတ္လား။ဒါတင္မကေသး ကိုယ့္ရဲ႕အခ်စ္ဦးသည္လည္း ဒီတစ္ေယာက္သာေလ။

''မေအာ္နဲ႔ေလ..ဘာမွေတာင္မလုပ္ရေသးဘဲနဲ႔။ေတာ္ၾကာ အေမ့ႏိုးသြားလို႔ ခ်က္ခ်င္းယူေနရမယ္ေနာ္''

အေမ့ၾကားရင္ဆိုေသာစကားအတြက္ေတာ့ ကိုယ့္ရင္ထဲေတြးပူေနေသာအရာတစ္ခုကို ခလုတ္လာတိုက္လိုက္သည့္ႏွယ္။အန္တီတို႔အရိပ္မွာ မွီခိုေနရင္း သူတို႔သားအငယ္ေလးကိုမွ ကိုယ္ကပတ္သက္ခဲ့မိတာဆိုေတာ့ သိသြားတဲ့တစ္ေန႔ ကိုယ့္ကိုအျမင္မၾကည္မွာမ်ိဳးကိုယ္တကယ္ေၾကာက္သည္။

''ဘာလို႔မ်က္ႏွာေလးငယ္သြားတာလဲ..ကိုယ္စလိုက္လို႔လား''

''အန္တီတို႔သိသြားရင္ ငါ့ကို သေဘာက်ပါ့မလား။နင္နဲ႔အမ်ားႀကီးကြာေတာ့ေလ''

''အာ..အဲ့ဒါေတြမေတြးပါနဲ႔။ကိုယ္ အခုႀကိဳးစားေနတယ္ေလ။ဒီတစ္ႏွစ္ၿပီးလို႔ ကိုယ္တကၠသိုလ္တက္ရင္ အလုပ္တစ္ခုမယ္မယ္ရရ ျဖစ္ၿပီဆို က်န္တာကညိွယူရမွာေပါ့ခ်စ္ရ။အေမ့ကလဲ ခ်စ္တာပဲဟာကို။ဘာပူစရာလိုလဲ။''

''ျမတ္ရယ္...ဒါေတြမေျပာခင္ ျမတ္ကိုျမတ္ အရင္စဥ္းစားပါဦး။ခုကဆယ္ေက်ာ္သက္ေလးမို႔ ငါ့ကိုစိတ္ကစားေနတာလားလို႔ေလ။ၿပီးေတာ့ ငယ္ငယ္ကတည္းက အတူေနလာတာမို႔ သံေယာဇဥ္ကို အခ်စ္လို႔ထင္ေနတာမ်ိဳးလားဆိုတာ...''

ကိုယ့္ပါးျပင္မွာ ပူေႏြးသြားသည့္အထိအေတြ႔။ေယာက်ာ္းတစ္ေယာက္ဆီမွ ပထမရသည့္အနမ္းမို႔ ကိုယ့္ရင္ေတြေပါက္ကြဲမတတ္ပင္။

''ေတာ္ေလာက္ၿပီ။ဒီေန႔ ကိုယ့္အတြက္heroျဖစ္ေပးထားလို႔ ဒီေလာက္ပဲ အျပစ္ေပးေတာ့မယ္။အမ်ားႀကီးမေတြးပါနဲ႔။အဆင္ေျပသြားမွာပါ''

''အင္း...ငါ...''

ဘယ္လိုပဲ အဆံုးသတ္ပါေစ၊လက္႐ွိအေျခအေနမွာ ကိုယ့္အတြက္အေကာင္းဆံုးေတြခ်ည္းေပးခဲ့တာနဲ႔တင္ ကိုယ္ေက်နပ္ေနပါၿပီ။

#

''ဟိုေန႔က အစ္မသြားေျပာလိုက္လို႔ သမီးကိုဆူေသးလား''

''မဆူဘူးအစ္မ။မေက်မနပ္ေတာ့ျဖစ္ေနပံုပဲ။ဟိုဆရာမကလဲ ေျပာဆိုသြားပံုရတယ္''

ေဘးအိမ္ကကေလးမေလးကိုလည္း သတိတရေမးရေသးသည္။သူ လာေျပာျပလို႔ ကိုယ္ေျဖ႐ွင္းလို႔ရခဲ့သည္မဟုတ္လား။

''တစ္ခုေတာ့ေျပာတယ္''

ဘာမ်ားလဲဆိုေသာသေဘာျဖင့္ ကိုယ္ေမးေငါ့ျပလိုက္ရင္း ေလာင္းလက္စေရကိုပါ ခဏရပ္တန္႔ထားလိုက္သည္။

''အစ္မက ကိုႀကီးျမတ္ကိုထိရင္မခံဘူးတဲ့''

ထိုစကားေၾကာင့္ ကိုယ္ရယ္မိလိုက္သည္။ကိုယ္က ျမတ္ကိုအထိမခံတာ သူတို႔ခုမွသိသြားတာေပါ့။

''အင္း..ဟုတ္ပါ့။အစ္မက အစ္မကိုလာထိရင္သာ သည္းခံႏိုင္တာ။ျမတ္ကိုေတာ့ ပိစိေလးေတာင္လာမထိမိေစနဲ႔လို႔။ေနာက္တစ္ခါအဲ့လိုထပ္ျဖစ္ရင္ လူႀကီးနဲ႔တိုင္မွာလို႔ပါျပန္ေျပာလိုက္။သိလား''

''ဟုတ္..ဟုတ္။အစ္မက ကိုႀကီးျမတ္ကို ေတာ္ေတာ္ခ်စ္တာပဲေနာ္''

''အင္း...ငယ္ငယ္ကတည္းက အတူတူ႐ွိလာခဲ့တာကိုး သမီးရယ္''

ကိုယ့္စိတ္ထဲေတာ့ ျမတ္ဟာ ကိုယ့္ရဲ႕ခ်စ္ဦးသူအေနနဲ႔ျဖစ္တည္ေနေသာ္လည္း လူအမ်ားေ႐ွ႕မွာခ်ျပဖို႔ရာေတာ့ ထင္သေလာက္မလြယ္ကူမွန္းသိႏွင့္ေနသည္။ထို႔ေၾကာင့္သာပဲ...ေတြးမိေလတိုင္း ရင္ေလးလာရစျမဲ။ျမတ္ကသာ စိတ္မကစား႐ိုးအမွန္ဆို ကိုယ္ရင္ဆိုင္ရမည့္ကိစၥေတြအလြန္လြန္ကိုမ်ားသည္။

မိဘ၊ေဆြမ်ိဳးအသိုင္းအဝိုင္း၊ေနာက္ၿပီးပတ္ဝန္းက်င္။ကိုယ္ရင္ဆိုင္ႏိုင္ပါ့မလား။မဟုတ္ဘူး ကိုယ္ရင္ဆိုင္ႏိုင္ေတာင္ ျမတ္ကိုေရာ ရင္ဆိုင္ေစလို႔ျဖစ္ပါ့မလား။

#
မၾကာမီဆို ျမတ္တစ္ေယာက္ စာေမးပြဲေျဖရေတာ့မည္။ကာယကံ႐ွင္က မည္သို႔ေနသည္မသိေသာ္လည္း ကိုယ္ကေတာ့ဘုရားစင္ေ႐ွ႕မွာ ရသမ်ွဂါထာေပါင္းစံုကို ၾကက္တူေရြးႏႈတ္တိုက္ရြတ္ေနမိေတာ့သည္။

''ဟဲ့..ဒီအိုးကဘာလဲ..''

''ေမ့ သြားမလုပ္နဲ႔၊အဲ့ဒါျမတ္အတြက္လုပ္ေပးထားတာ"

အိမ္မွာလည္း ကိုယ့္ေမာင္ေလးက ျမတ္နဲ႔တစ္ရြယ္တည္းမို႔ စာေမးပြဲေျဖခ်ိန္လည္းတူၾကေလသည္၊ဒီေတာ့ ေမေမက ေမာင္ေလးအတြက္ လုပ္ၿပီး ကိုယ္ကေတာ့ျမတ္အတြက္ဟုဆိုကာ အိမ္ဘုရားစင္လည္းပန္းေပါင္းစံုျဖင့္ ေဝဆာေန၏။ေတြးၾကည့္ရင္ ရယ္စရာေတာ့အေကာင္းသား။ကိုယ္လုပ္မွ ကိုယ္ရတာ ဘာယၾတာမွေခ်မေနႏိုင္ဘူးဟု ေလလံုးထြားခဲ့သည့္ကိုယ္ ခုေတာ့ ေဗဒင္ဆရာေဟာသမ်ွကို တေသြမတိမ္းလိုက္လုပ္ေနမိေတာ့တာပင္။

ျမတ္က သိပၸံတြဲမို႔ ၆ရက္တာေျဖဆိုၿပီးသည္ႏွင့္ ၿပီးစီးသြားခဲ့ေလသည္။ကိုယ္က ရန္ကုန္ျပန္ေရာက္ေနခ်ိန္မို႔ ျမတ္ဆီကဆက္လာမည့္ဖုန္းကိုေစာင့္ရင္းရင္တမမ။

''. ......''

ျမတ္နာမည္နဲ႔မွတ္စရာဖုန္းနံပါတ္မ႐ွိေသးေသာ္လည္း ေဘးအိမ္လို႔ျမင္ရံုျဖင့္ ျမတ္ဆီကမွန္းကိုယ္သိသည္။

''ေအး...ျမတ္။ေျဖႏိုင္လား''

''ဟုတ္..ေျဖဖို႔တာဝန္ေတာ့ၿပီးခဲ့ၿပီ''

''ေအးပါ..ေအးပါ။နားလိုက္ေတာ့ေနာ္။ျပန္လာမွေတြ႔မယ္သိလား''

''ျမန္ျမန္ျပန္လာခဲ့ေနာ္''

''အင္းပါ..သၾကၤန္က်ရင္ျပန္ခဲ့မယ္။ဒါပဲေနာ္ ျမတ္။နားလိုက္ဦး''

''အင္း...ဟို...ခ်စ္တယ္ေနာ္''

တစ္ဖက္က ခပ္တိုးတိုးေျပာလိုက္တာဆိုေပမဲ့ ကိုယ္ကတာ့ အေမတို႔မ်ားၾကားသြားမလားလို႔ စိတ္ထဲပူၿပီး ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္မိေတာ့သည္။ခပ္လွမ္းလွမ္းမွာ သူ႔အလုပ္သူေအးေဆးထိုင္လုပ္ေနၾကတာျမင္မွ သက္မ ဖြဖြေလးခ်လိုက္ရင္း ဖုန္းနားကိုအသာကပ္လို႔..

''Me too ျမတ္''

တစ္ဖက္က ရယ္ရင္းဖုန္းခ်သြားခဲ့ေလၿပီ။ဘယ္ေတာ့မွမ်ား ခုလိုတိုးတိုးတိတ္တိတ္ဘဝကလြတ္မွာပါလိမ့္။

#

A/N

ဒီေန႔အတြက္ပါေနာ္။ျမတ္ကို ခ်စ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။စာလံုးအမွားေတြအတြက္လည္း ကိုယ္တကယ္ကိုအားနာမိပါတယ္။ကိုယ့္ဖုန္းကေတာ္ေတာ္ကို ေၾကာင္ေနတာမို႔လို႔ပါေနာ္။

Unicode

စာမေးပွဲက နီးလာလေ၊မြတ်ရဲ့ပြသနာရှာမှုလေးတွေက ပိုများလာလေပင်။စာမကျက်လို့၊စာမေးပွဲသေချာမဖြေလို့ဆိုတဲ့အကြောင်းအရာလေးတွေကလည်း မနည်းမနော။ဒီကြားထဲ နာမည်ထွက်နေသည့်မိန်းကလေးက တစ်ယောက်မက၊နှစ်ယောက်။စာမေးပွဲမအောင်မှာစိတ်ပူနေရသည့်အထဲ ဒါတွေအထိပါ ကြားကြားနေရတော့ ကိုယ်တကယ်စိတ်ပျက်လာသည်။

အရင်လို တတွတ်တွတ်ပြောနေဖို့ရာကလည်း အခြေအနေကမပေး။အမြဲတမ်းလိမ္မာလာသည့်ကလေးက အရေးကြီးပါသည်ဆိုသောနှစ်မှ ကောက်ခါငင်ခါကို ပြောမကောင်းဖြစ်လို့နေသည်။

''ဘာလို့ပြောစကားနားမထောင်တာလဲ မြတ်။ငါကနင့်အတွက် ဘာမှမဟုတ်တော့ဘူးလား။ဟုတ်လား။ဒီလောက်တောင်ကောင်မလေးတွေနဲ့ရှုပ်ချင်လဲ စာမေးပွဲပြီးတဲ့အထိတော့စောင့်ဦးလေ။ခုဟာက အိမ်ကစိတ်ပူနေရတဲ့သူက အာပလာကိုဖြစ်လို့။နင်နဲ့ငါ သူစိမ်းတွေလိုပဲနေလိုက်ကြစို့။ငါလဲ ငါ့အိမ်ငါပြန်တော့မယ်။နင့်ဆီ တစ်သက်လုံးပြန်မလာတော့ဘူး''

အထက်ပါအကြောင်းအရာများပါသောစာကို မြတ်ဆီပို့ခိုင်းလိုက်ပြီး ကိုယ်လည်း သူ့ကျူရှင်ရှေ့ကမဖြတ်တော့ပေ။သူ အိမ်ရှေ့ကဖြတ်ရင်တောင် ကိုယ်မသိဟန်ပြုထားလိုက်၏။နောက်ရက်မှာတော့ မြတ်ဆီကနေ ကိုယ့်အတွက် စာလေးတစ်စောင်ရောက်လာခဲ့သည်။

စာကတော့အရှည်ကြီးဆိုပေမဲ့ အဓိကအကြောင်းအရာက ကိုယ်နဲ့ဝေးပြီး သူမနေနိုင်ဘူးဆိုတာရယ်၊သူဘယ်သူနဲ့မှ မရှုပ်ခဲ့ကြောင်းရယ်သာ ထပ်ခါထပ်ခါဖြေရှင်းထားလေသည်။ခုချိန်မှာ ကိုယ်တကယ်စိတ်ပူနေတာက သူတခြားသူကိုကြိုက်လိုက်တာကိုမဟုတ်ဘဲ စာမေးပွဲမှာ အမှားအယွင်းဖြစ်သွားမှာကိုသာ စိုးကြောက်နေခြင်းဖြစ်၏။သူသာ ပျော်မယ်ဆို ကိုယ့်ကိုပစ်ထားခဲ့လည်း ကိုယ်ကကျေနပ်နေမှာပင်။ကိုယ့်ကိုဘယ်လောက်ထိချစ်သလဲသိနေသည့်တိုင် ဒါဟာဆယ်ကျော်သက်အရွယ်မို့ စိတ်ကစားနေတာဆိုသောအသိက ကိုယ့်အာရုံထဲ ပိုများနေခဲ့သည်မဟုတ်လား။

''အစ္မ..အစ္မကို ကိုကြီးမြတ်က စာပေးလို့ဆို''

ဘေးအိမ်ကကလေးမလေးက ကိုယ့်နားကပ်ရင်း ခပ်တိုးတိုးမေးလာလေသည်။ကိုယ့်စိတ်တွေထွေပြားသွားပြီး ဘာပြန်ပြောရမလဲ ဆွ့ံအနေမိ၏။တကယ်ဆို ကိုယ့်ဆီရောက်လာသော စာမ်ားဟာ မြတ်ညီလေးဆီမှတဆင့်မို့ သူစိမ်းသိစရာလုံးဝမရှိ။ခုဟာက...။

''ဘယ်သူပြောတာလဲ''

''သမီးတို့ဆရာမကပြောတာ။ဆရာမအတွက်ဆိုပြီးစာရေးနေတာကိုသူကိုယ်တိုင်တွေ့တာတဲ့။အဲ့ဒါ ကိုကြီးမြတ်ကို သူ့ကျူရှင်ဆရာဆီတိုင်ပေးပါဆိိုလို့။''

ဆရာမလို့ခေါင်းစဉ်တပ်တယ်ဆိုကတည်းက သတင်းကအမှားဖြစ်ရင်ဖြစ်၊သို့မဟုတ် တခြားဆရာမတစ်ယောက်ကို မြတ်သဘောကျနေခြင်းလော။ဘာကြောင့်ဆို ကိုယ့်ကို စာရေးလာတိုင်း ဆရာမရယ်လို့မှမသုံးနူန်းခဲ့ဖူးတာလေ။

''သွားတိုင်ပြီးပြီလား''

''ဟင့်အင်း။သူ့ဆရာက သမီးရည်းစားကိစ္စနဲ့အဲ့လိုအတိုင်ခံရရင် ကျောမှာအရှိုးရာထပ်အောင်ဆော်တာအစ်မရ။ဟုတ်လားမဟုတ်လား မေသခ်ာဘဲ မတိုင်ချင်ပါဘူး။အဲ့ဒါဘယ်သူ့ကိုမှမပြောခင် အစ်မကိုအရင်လာပြောပြတာ။ကိုကြီးမြတ်ကိုမေးကြည့်ပြီး ပြောလိုက်ပါဦးနော်''

''အေးအေး...ကျေးဇူးပဲနော် သမီး''

မြတ်...မြတ်။ဒီနှစ်မှ တော်တော်ကို ဂယက်ထနေတာပဲ။ခုလည်းကြည့်ဦး။ဘာတွေရှုပ်ထားပြန်သည်ကိုမသိ။

''သားရေ...နင့်အကိုကို အိမ်ခဏပြန်ခဲ့လို့ ''

အိမ်ရှေ့အိမ်ကသူ့ညီလေးကိုအမှာစကားပါးခိုင်းပြီး ကိုယ့်အိမ်ကနေသာစောင့်နေလိုက်သည်။ညနေဘက် ရေချိုးထမင်းစားချိန်ဆို အိမ်ပြန်ခွင့်ပေးထားသော ဒါတွေမေးဖို့ရာ ခဏတော့အချိန်ရမည်။

''ကိုယ့်ကို ခေါ်တယ်ဆို''

''အင်း..မေးစရာရှိလို့။လာထိုင်ဒီနားကို''

ကိုယ့်မျက်နှာခပ်တည်တည်ဖြစ်နေခြင်းအတွက် အရိပ်အကဲကြည့်ရင်း ကိုယ့်ဘေးမှာအသာဝင်ထိုင်သည်၊

''နင် ငါ့ကိုပေးဖို့စာရေးခဲ့သေးလား''

''ဒီရက်ပိုင်းမရေးဘူးလေ။ဟိုနေ့ကမှ စိတ်ဆိုးနေလို့ ချော့ထားရတာကို''

''တခြားဆရာမတစ်ယောက်ကိုရော နင်သဘောကျနေသေးလား''

''အာ..ပေါက်ပေါက်ရှာရှာ။ဘယ်ဆရာမကို သွားသဘောကျရမှာလဲ။ကိုယ့်မှာ တစ်ယောက်ပဲရှိတယ်။''

''ဆရာမဆိုတဲ့နာမည်တပ်ပြီး အတန်းထဲမှာစာမရေးဖူးတာ သေချာတယ်နော်''

''ဟုတ်...တကယ်သေချာတယ်''

''ရပြီ..ပြန်တော့''

''ဟောဗျာ..လူကို စိတ်ဆိုးနေတုန်းပဲကိုး။ကိုယ်တောင်းပန်ပါတယ်ဆို''

''မဆိုးတော့ပါဘူး။စိတ်နည်းနည်းရှုပ်နေလို့ပါ။သွားသွား..ပြန်တော့။စာသေချာကျက်..ကြားလား''

ုမြတ် ပြန်သွားပြီးပေမဲ့ ကိုယ့်စိတ်ထဲတော့ အတွေးများစွာ။ဟိုကလည်း အတိအကျတိုင်ခိုင်းသည်။မြတ်ကလည်း ကိုယ့်ကိုလိမ်ညာပြောမည့်သူမဟုတ်။ဒီကိစ္စကို ဒီအတိုင်းထားလို့ကတော့ မဖြစ်ရေးချမဖြစ်။တကယ်ဆိုရင်သာ မြတ်ကိုကိုယ်ဆူမှာဆိုပေမဲ့ ခုကကျောင်းသားတစ်ယောက်အပေါ် မဟုတ်တာယိုးစွပ်ပြီး အဆူအရိုက်ခံရအောင်၊နာမည်ပျက်အောင် တမင်ရည်ရွယ်ပြီးလုပ်တာမို့ ကိုယ်သည်းခံမနေနိုင်။

နောက်မနက်မှာ ကိုယ့်ကျောင်းကို ခွင့်တိုင်ထားပြီး တစ်ဖက်အိမ်မှကလေးမလေး၏ အတန်းကို ဦးစွာဝင်ခဲ့လိုက်သည်။ကလေးမလေးဆီမှ ကြားသည်ဆိုလျှင် မာန်မဲနေမှာလည်း စိုးရေလေတာ့ သတင်းကြားလို့ဆိုသည့်အခြေအနေမျိုးဖြင့် ကိုယ်စုံစမ်းရမည်။

''လာလည်တာလား ညီမေလး''

ကိုယ့်ကို သိနေလေတော့ မြင်တာနဲ့ ထွက်လာပြီးနူတ်ဆက်လေသည်။

''အိမ္က ကလေးအကြောင်း သတင်းကြားလို့ လိုက္လာတာအစ္မေရ။ဘာတဲ့ အတန်းထဲမယ်ရည်းစားစာရေးလို့ဆို''

''ဟုတ်တယ်..ဟုတ်တယ်။ဆရာမဆိုပြီးခေါင်းစဉ်တပ်ရေးထားတော့ ညီမဆီပဲထင်တာ။တစ်အိမ်တည်းလည်းအတူနေတာနှစ်ကကြာပြီဆိုတော့လေ''

''ကျွန်မအတွက်ဆိုပြီး ကျွန်မဆီလဲ ရောက်မလာပါလား။နေပါဦး။ကျွန်မမဟုတ်တဲ့ တခြားဆရာမငယ်ငယ်တစ်ယောက်ကိုများပေးဖို့ရေးသလား။ဒါနဲ့ အစ်မကိုယ်တိုင်တွေ့တာလား သူ့အဲ့စာရေးနေတာကို''

ကိုယ်မေးလိုက်တော့ ခေါင်းကိုနှစ်ချက်မှကုတ်လိုက်ပြီး...

''မဟုတ္ဘူး ။သူ့အတန်းပိုင်ကတွေ့တာ။အဲ့ဒါနဲ့ အစ်မကိုပြောပြလို့''

''ဟုတ္လား။ဒါဆို သူ့အတန်းပိုင်ဆီ ကျွန်မတစ်ချက်လိုက်သွားဦးမယ်၊ဟုတ်နေရင်တော့ ခပ်နာနာလေးကိုဆူပစ်လိုက်ရမယ်အစ်မရေ''

''အေးအေး..''

မျက်စိမျက်နှာမပျက်တမ်းဖြေနေပုံရရင် မြတ်က လိမ်နေတာများလားလို့တောင် ကိုယ့်စိတ်ထဲအတွေးဝင်လာမိသည်။သို့ပေသိ မြတ်က အဲ့လိုလူစားမဟုတ်ရေးချမဟုတ်။

''အစ္မ..ကျွန်မဝင်လာမယ်နော်''

မြတ်ရဲ့အတန်းပိုင်က ဒီနေ့ကျောင်းမတက်ဘဲ ခွင့်ယူထားသည်ဆိုခြင်းကြောင့် သူ့အိမ်ထိ ကိုယ်လိုက်သွားရသည်။ကိုယ်က သူတို့ကျောင်းမှမဟုတ်သော်ငြား မျက်မှန်းတော့တန်းမိကြသည်။

''မလာစဖူးပါလား ညီမလေး၊ကိစ္စရှိလို့လား''

''အိမ်ကကလေးကိစ္စပါအစ်မရယ်။နေမကောင်းနေတဲ့သူကို အနှောင့်အယှက်ပေးမိလို့တောင်းပန်တယ်နော်''

''အာ...ရပါတယ်။လာထိုင်ညီမလေး''

ထိုအစ်မပေးသော နေရာမှာဝင်ထိုင်လိုက်ပြီး ကိုယ့်ကိုအမြင်ကြည်စေရန်အလို့ငှါလည်း ပြုံးပြနေရသေးသည်။

''ညီမအိမ္က ကေလးဆိုတာ''

''မြတ်လေ အစ်မ။အစ်မအတန်းကလို့ပြောတယ်''

ဗြုန်းခနဲမှာ စဉ်းစားနေရပုံထောက်ရင် မြတ်ကို သေချာသိပုံမရ။ထိုအချက်နဲ့တင် ရည်းစားစာရေးပါတယ်ဆိုပြီး မှတ်မှတ်ရရကြီးတိုင်ဖို့ရာက ပိုလို့တောင်မဖြစ်နိုင်ပေ။

''အေး..အစ်မမျက်စိထဲသိပ်မပေါ်ဘူး။အစ်မ အတန်းကရော ဟုတ်ရဲ့လားမသိ''

''ဟုတ် အစ်မ။အဲ့ဒါလေ မြတ်က အတန်းထဲမှာ ရည်းစာစာထိုင်ရေးနေတယ်ဆိုပြီးအစ်မကတိုင်တယ်ဆိုလို့လာမေးရတာ''

''ဟယ်..မဟုတ္တာ။အစ္မက သူ့ကိုတောင်မသိတာ။ရည်းစာစာရေးတယ်ဘာညာလဲ အစ်မဘယ်သိပါ့မလဲ။တိုင်လဲ မတိုင်ခိုင်းပါဘူး ညီမရယ်။အဲ့ဒါဘယ်သူပြောတာတုန်း''

''မေသူထက်တို့ဆရာမပြောတာ။အစ်မက မြင်ပြီး သူ့ကိုလာအတိုင်ခိုင်းတာတဲ့လေ''

''မဟုတ္ဘူး..မဟုတ်ဘူး။အစ်မက ဒီတစ်နှစ်လုံး ကျန်းမာရေးကြောင့် ကျောင်းတောင်သေချာမတက်နိုင်ခဲ့ဘူး။ဘာလို့အဲ့လိုလျှောက်ပြောတာလဲမသိပါဘူး။''

''ဟုတ်ကဲ့..ဟုတ်ကဲ့။မေးတာလေးဖြေပေးလို့ကျေးဇူးပါအစ်မရယ်။ကျွန်မကလဲ ကလေးကိုမဟုတ်တာပြောတာကျမဖြစ်သင့်ဘူးထင်လို့ပါ။''

''အေးပေါ့ ဟုတ်တာပေါ့''

ဒီလိုနဲ့ပဲ အဖြေကပေါ်သွားခဲ့လေပြီ။ကြားထဲကနာမည်တပ်ခံရသည့်ဆရာမကို အားနာစွာဖြင့် အကြိမ်ကြိမ်ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး မူလသတင်းလာရာဆရာမဆီတော့မဖြစ်မနေဝင်ပြောခဲ့မိသေးသည်။

''အင်းအင်း...သူမျက်စိမှားတာနေမှာပေါ့''

လိမ်နေတာမှန်းပေါ်နေတာတောင် ဝန္မခံဘဲ လှည့်ပတ်နေဆဲ ဆရာမကို ကိုယ်တကယ်အံ့သြသည်။မျက်နှာပြောင် တိုက္တာ လွန်ပေစွ။သေချာတာတစ်ခုကတော့ နောက်တစ်ရက်မှာ ဟိုဆရာမဆီမှအပြောအဆိုကို သူခံရတော့ပေမည်။ခံပါစေ။ဒါသူနဲ့တန်တာသူပြန်ရတာပဲ။ကိုယ်ကတော့ ကိုယ့်မြတ် မလိမ်ခဲ့ဘူးဆိုတာနဲ့တင် ဝမ်းသာလို့မဆုံး။

#

ညနေစောင်းတော့ ကိုယ့်ဆီကို မြတ်ရောက်လာခဲ့သည်။မနက်ဖြန် ကျူရှင်တစ်ရက်ပိတ်ပေးလို့ အိမ်ပြန်လာအိပ်တာတဲ့လေ။ဒီတော့ ထုံးစံအတိုင်း ကိုယ့်အခန်းထဲဝင်ကာ စာကျက်မည်အကြောင်းပြတော့သည်ပေါ့။အခန်းထဲရောက်ရောက်ချင်း ကိုယ့်ကိုအသာလေးဆွဲဖက်ထားပြီး..

''ကိုယ့် heroလေး။ဘယ်တုန်းက ဒီလောက်သတ္တိရှိသွားရတာလဲ..ဟင်''

''သိသွားပြီပေါ့''

အင်းပေါ့ဆိုသောလေသံလေးနဲ့အတူ သူ့ရင်ခွင်ထဲရောက်နေသည့်ကိုယ့်ခေါင်းလေးကို အသာလေးပွတ်သပ်ပေးနေလေသည်။ကိုယ့်ရဲ့မူလပုံစံကအနေအေးပြီး ကြောက်တတ်သလို၊ကိုယ့်ကိုပြသနာရှာလာရင်တောင် တုံ့ပြန်တတ်သူမဟုတ်မှန်း အမြဲကာကွယ်ပေးနေကျ မြတ်ကတော့ ကောင်းကောင်းသိသည်။

''ဘယ္က သတ္တိတွေရောက်လာမှန်းတော့မသိဘူး။ဒီလိုပဲ လုပ်သင့်တာကိုလုပ်ခဲ့ရုံပဲ''

''အချစ်ရာ...ပြသနာရှာမဲ့ရှာတော့လဲ သူများရွာအထိ တစ်ယောက်တည်းသွားရှာတာနော်။ကိုယ့်ကို နည်းနည်းတောင် မတိုင်ပင်ဘဲနဲ့ကွာ။တစ်ခုခုသာပြောဆိုခံရရင် ဘယ်လိုလုပ်မလဲ။ဒီလောက်ထိ ကိုယ့်ကိုချစ်လား။''

ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် သူ့ခါးလေးကိုအနည်းငယ်ကိုင်းညွှတ်ပြီး ကိုယ့်ပခုံးနှစ်ဖက်ကို အသာဆုပ်ကိုင်ရင်း မေးလာသည့်မြတ်လေသံက တကယ်ကိုနူးနူးညံ့ညံ့လေး။

''မချစ်ဘူး။ဒီတိုင်း တခြားဆရာမကိုရည်းစားစာပေးတာလားသိချင်လို့ လိုက္သြားတာ''

''ဟော...ညာပြန်ပြီ ကြည့်။ချစ်လားမချစ်ဘူးလား.အမှန်အတိုင်းဖြေနော်။မဟုတ်ရင် ဖက်နမ်းမှာကိုယ်က''

''မြတ်...''

မြတ်ဆီမှ ထိုသို့စကားများကြားရလျှင် ကိုယ်အင်မတန်ရှက်သည်။ခုဆို ကိုယ့်အသက်က၂၃ကျော်နေပြီဖြစ်သော်လည်း ကိုယ့်ထိတွေ့ဖူးသည့်ယောကျာ်းလေးက မြတ်သာရှိသည်မဟုတ်လား။ဒါတင်မကသေး ကိုယ့်ရဲ့အချစ်ဦးသည်လည်း ဒီတစ်ယောက်သာလေ။

''မအော်နဲ့လေ..ဘာမှတောင်မလုပ်ရသေးဘဲနဲ့။တော်ကြာ အမေ့နိုးသွားလို့ ချက်ချင်းယူနေရမယ်နော်''

အမေ့ကြားရင်ဆိုသောစကားအတွက်တော့ ကိုယ့်ရင်ထဲတွေးပူနေသောအရာတစ်ခုကို ခလုတ်လာတိုက်လိုက်သည့်နှယ်။အန်တီတို့အရိပ်မှာ မှီခိုနေရင်း သူတို့သားအငယ်လေးကိုမှ ကိုယ်ကပတ်သက်ခဲ့မိတာဆိုတော့ သိသွားတဲ့တစ်နေ့ ကိုယ့်ကိုအမြင်မကြည်မှာမျိုးကိုယ်တကယ်ကြောက်သည်။

''ဘာလို့မျက်နှာလေးငယ်သွားတာလဲ..ကိုယ်စလိုက်လို့လား''

''အန်တီတို့သိသွားရင် ငါ့ကို သဘောကျပါ့မလား။နင်နဲ့အများကြီးကွာတော့လေ''

''အာ..အဲ့ဒါတွေမတွေးပါနဲ့။ကိုယ် အခုကြိုးစားနေတယ်လေ။ဒီတစ်နှစ်ပြီးလို့ ကိုယ်တက္ကသိုလ်တက်ရင် အလုပ်တစ်ခုမယ်မယ်ရရ ဖြစ်ပြီဆို ကျန်တာကညှိယူရမှာပေါ့ချစ်ရ။အမေ့ကလဲ ခ်စ္တာပဲဟာကို။ဘာပူစရာလိုလဲ။''

''မြတ်ရယ်...ဒါတွေမပြောခင် မြတ်ကိုမြတ် အရင်စဉ်းစားပါဦး။ခုကဆယ်ကျော်သက်လေးမို့ ငါ့ကိုစိတ်ကစားနေတာလားလို့လေ။ပြီးတော့ ငယ်ငယ်ကတည်းက အတူနေလာတာမို့ သံယောဇဉ်ကို အချစ်လို့ထင်နေတာမျိုးလားဆိုတာ...''

ကိုယ့်ပါးပြင်မှာ ပူနွေးသွားသည့်အထိအတွေ့။ယောကျာ်းတစ်ယောက်ဆီမှ ပထမရသည့်အနမ်းမို့ ကိုယ့်ရင်တွေပေါက်ကွဲမတတ်ပင်။

''တော်လောက်ပြီ။ဒီနေ့ ကိုယ့်အတွက်heroဖြစ်ပေးထားလို့ ဒီလောက်ပဲ အပြစ်ပေးတော့မယ်။အများကြီးမတွေးပါနဲ့။အဆင်ပြေသွားမှာပါ''

''အင်း...ငါ...''

ဘယ္လိုပဲ အဆုံးသတ်ပါစေ၊လက်ရှိအခြေအနေမှာ ကိုယ့်အတွက်အကောင်းဆုံးတွေချည်းပေးခဲ့တာနဲ့တင် ကိုယ်ကျေနပ်နေပါပြီ။

#

''ဟိုနေ့က အစ်မသွားပြောလိုက်လို့ သမီးကိုဆူသေးလား''

''မဆူဘူးအစ်မ။မကျေမနပ်တော့ဖြစ်နေပုံပဲ။ဟိုဆရာမကလဲ ပြောဆိုသွားပုံရတယ်''

ဘေးအိမ်ကကလေးမလေးကိုလည်း သတိတရမေးရသေးသည်။သူ လာပြောပြလို့ ကိုယ်ဖြေရှင်းလို့ရခဲ့သည်မဟုတ်လား။

''တစ်ခုတော့ပြောတယ်''

ဘာများလဲဆိုသောသဘောဖြင့် ကိုယ်မေးငေါ့ပြလိုက်ရင်း လောင်းလက်စရေကိုပါ ခဏရပ်တန့်ထားလိုက်သည်။

''အစ္မက ကိုကြီးမြတ်ကိုထိရင်မခံဘူးတဲ့''

ထိုစကားကြောင့် ကိုယ်ရယ်မိလိုက်သည်။ကိုယ်က မြတ်ကိုအထိမခံတာ သူတို့ခုမှသိသွားတာပေါ့။

''အင်း..ဟုတ်ပါ့။အစ်မက အစ်မကိုလာထိရင်သာ သည်းခံနိုင်တာ။မြတ်ကိုတော့ ပိစိလေးတောင်လာမထိမိစေနဲ့လို့။နောက်တစ်ခါအဲ့လိုထပ်ဖြစ်ရင် လူကြီးနဲ့တိုင်မှာလို့ပါပြန်ပြောလိုက်။သိလား''

''ဟုတ်..ဟုတ်။အစ်မက ကိုကြီးမြတ်ကို တော်တော်ချစ်တာပဲနော်''

''အင်း...ငယ်ငယ်ကတည်းက အတူတူရှိလာခဲ့တာကိုး သမီးရယ်''

ကိုယ့်စိတ်ထဲတော့ မြတ်ဟာ ကိုယ့်ရဲ့ချစ်ဦးသူအနေနဲ့ဖြစ်တည်နေသော်လည်း လူအများရှေ့မှာချပြဖို့ရာတော့ ထင်သလောက်မလွယ်ကူမှန်းသိနှင့်နေသည်။ထို့ကြောင့်သာပဲ...တွေးမိလေတိုင်း ရင်လေးလာရစမြဲ။မြတ်ကသာ စိတ်မကစားရိုးအမှန်ဆို ကိုယ်ရင်ဆိုင်ရမည့်ကိစ္စတွေအလွန်လွန်ကိုများသည်။

မိဘ၊ဆွေမျိုးအသိုင်းအဝိုင်း၊နောက်ပြီးပတ်ဝန်းကျင်။ကိုယ်ရင်ဆိုင်နိုင်ပါ့မလား။မဟုတ်ဘူး ကိုယ်ရင်ဆိုင်နိုင်တောင် မြတ်ကိုရော ရင်ဆိုင်စေလို့ဖြစ်ပါ့မလား။

#
မကြာမီဆို မြတ်တစ်ယောက် စာမေးပွဲဖြေရတော့မည်။ကာယကံရှင်က မည်သို့နေသည်မသိသော်လည်း ကိုယ်ကတော့ဘုရားစင်ရှေ့မှာ ရသမျှဂါထာပေါင်းစုံကို ကြက်တူရွေးနှုတ်တိုက်ရွတ်နေမိတော့သည်။

''ဟဲ့..ဒီအိုးကဘာလဲ..''

''မေ့ သွားမလုပ်နဲ့၊အဲ့ဒါမြတ်အတွက်လုပ်ပေးထားတာ"

အိမ်မှာလည်း ကိုယ့်မောင်လေးက မြတ်နဲ့တစ်ရွယ်တည်းမို့ စာမေးပွဲဖြေချိန်လည်းတူကြလေသည်၊ဒီတော့ မေမေက မောင်လေးအတွက် လုပ်ပြီး ကိုယ်ကတော့မြတ်အတွက်ဟုဆိုကာ အိမ်ဘုရားစင်လည်းပန်းပေါင်းစုံဖြင့် ဝေဆာနေ၏။တွေးကြည့်ရင် ရယ်စရာတော့အကောင်းသား။ကိုယ်လုပ်မှ ကိုယ်ရတာ ဘာယတြာမှချေမနေနိုင်ဘူးဟု လေလုံးထွားခဲ့သည့်ကိုယ် ခုတော့ ဗေဒင်ဆရာဟောသမျှကို တသွေမတိမ်းလိုက်လုပ်နေမိတော့တာပင်။

မြတ်က သိပ္ပံတွဲမို့ ၆ရက်တာဖြေဆိုပြီးသည်နှင့် ပြီးစီးသွားခဲ့လေသည်။ကိုယ်က ရန်ကုန်ပြန်ရောက်နေချိန်မို့ မြတ်ဆီကဆက်လာမည့်ဖုန်းကိုစောင့်ရင်းရင်တမမ။

''. ......''

မြတ်နာမည်နဲ့မှတ်စရာဖုန်းနံပါတ်မရှိသေးသော်လည်း ဘေးအိမ်လို့မြင်ရုံဖြင့် မြတ်ဆီကမှန်းကိုယ်သိသည်။

''အေး...မြတ်။ဖြေနိုင်လား''

''ဟုတ်..ဖြေဖို့တာဝန်တော့ပြီးခဲ့ပြီ''

''အေးပါ..အေးပါ။နားလိုက်တော့နော်။ပြန်လာမှတွေ့မယ်သိလား''

''မြန်မြန်ပြန်လာခဲ့နော်''

''အင်းပါ..သင်္ကြန်ကျရင်ပြန်ခဲ့မယ်။ဒါပဲနော် မြတ်။နားလိုက်ဦး''

''အင်း...ဟို...ချစ်တယ်နော်''

တစ္ဖက္က ခပ်တိုးတိုးပြောလိုက်တာဆိုပေမဲ့ ကိုယ္ကတာ့ အမေတို့များကြားသွားမလားလို့ စိတ်ထဲပူပြီး ဟိုကြည့်ဒီကြည့်လိုက်ကြည့်မိတော့သည်။ခပ်လှမ်းလှမ်းမှာ သူ့အလုပ်သူအေးဆေးထိုင်လုပ်နေကြတာမြင်မှ သက်မ ဖွဖွလေးချလိုက်ရင်း ဖုန်းနားကိုအသာကပ်လို့..

''Me too မြတ်''

တစ္ဖက္က ရယ်ရင်းဖုန်းချသွားခဲ့လေပြီ။ဘယ်တော့မှများ ခုလိုတိုးတိုးတိတ်တိတ်ဘဝကလွတ်မှာပါလိမ့်။

#

A/N

ဒီနေ့အတွက်ပါနော်။မြတ်ကို ချစ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။စာလုံးအမှားတွေအတွက်လည်း ကိုယ်တကယ်ကိုအားနာမိပါတယ်။ကိုယ့်ဖုန်းကတော်တော်ကို ကြောင်နေတာမို့လို့ပါနော်။

Continue Reading

You'll Also Like

675K 27.8K 50
ကျွန်မပျော့ညံ့တာမဟုတ်ဘူးမောင် မောင်မို့လို့ အလျှော့ပေးထားရုံပါ
149K 5.2K 34
"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ...
136K 152 1
(U+ Z) (ညှို့သခင် + ပျိုမဒီ) " ချာတိတ် ...." " မင်းကိုယ့်ကိုသေချာကြည့်ပါ မင်းရှေ့မှာရှိနေတဲ့ဒီလူသားကို သေချာကြည့်ပါ ချာတိတ် " ရုပ်ဆိုးအကျဥ်းတန်စေတဲ့...