ဖြူလွှနှင်းဆီချစ်၏ သို့သော်...

Oleh putulay9999

5.2K 463 106

မြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်... Lebih Banyak

အပိုင်း ၁ (Z/U)
အပိုင်း ၃(Z/U)
အပိုင်း ၄ (Z/U)
အပိုင်း ၅ (Z/U)
အပိုင်း ၆ (Z/U)
အပိုင်း ၇ (Z /U)
အပိုင်း ၈ (U/Z)
အပိုင်း ၉ (Z/U)
စာရေးသူရဲ့ရင်ဖွင့်ချက်
အပိုင်း ၁၀ (Z/U)
အပိုင်း ၁၁ (Z/U)
အပိုင်း ၁၂ (Z/U)
အပိုင်း ၁၃ (Z/U)
အပိုင်း ၁၄ (Z/U)
အပိုင်း ၁၅ (Z/U)
အပိုင်း ၁၆ (Z/U)
အပိုင်း ၁၇ (Z/U)
အပိုင်း ၁၈ (Z/U)
အပိုင်း ၁၉ (Z/U)
အပိုင်း ၂၀ (Z/U)

အပိုင်း ၂ (Z/U)

296 34 2
Oleh putulay9999

Zawgyi

ကိုတာရိုးတို႔ ျပန္သြားေတာ့ တိုးတစ္ေယာက္ ကိုတာရိုးတို႔ယူလာတဲ့ႏွင္းဆီျဖဴေတြကိုယူၿပီး အိမ္ေရ႔ွအုတ္ကန္တြင္ ဘုရားပန္းလဲရန္ျပင္ဆင္ေနသည္။ထိုအခ်ိန္တြင္တစ္ကိုယ္လံုး အရက္နံ႔တေထာင္းေထာင္းထေနေသာ အေဖျဖစ္သူ ၪီးေအးလြင္တစ္ေယာက္ၿခံထဲသို႔ ဝင္လာေလသည္။ဘယ္ေလာက္မူးလဲမမူးလဲဆိုတာ ​ေျမၾကီးကိုေတာင္အိပ္ယာလုပ္ေတာ့မည့္ပံုႏွင့္ တယိမ္းတယိုင္းေလ်ာက္လာပံုၾကည့္ရံုႏွင့္သိႏိုင္ပါသည္။အရင္က အရက္ေသစာမေသာက္စားတတ္သည့္သူက အေမဆံုးသြားသည့္အခ်ိန္မွစၿပီး အခုလိုျဖစ္လာျခင္းျဖစ္သည္။အင္ အေမ့ကိုေတာ့ေတာ္ေတာ္ခ်စ္ခဲ့ပံု ေပၚပါသည္။ဒါမဲ့သားသမီးေတြရဲ့မ်က္ႏွာကိုေတာ့မၾကည့္တတ္သည့္ ဖခင္လဲျဖစ္သည္။တစ္ေန့တစ္ေန့အရက္ကိုသာအေဖာ္လုပ္တတ္သည္။ဖခင္ျဖစ္ေနသည္မို႔ မၿငီးျငဴမိပင္မဲ့က်န္းမာေရးအတြက္ေတာ့စိတ္ပူမိပါသည္။ထို႔ေၾကာင့္ လဲက်မလိုလိုျဖစ္ေနေသာ အေဖျဖစ္သူကိုတိုးတစ္ေယာက္သြားကူတြဲကာ ေျပာမိေလသည္။

"အေဖရယ္ အရက္ကို နည္းနည္းေလာက္ေလ်ာ့ေသာက္ပါလား"

တိုးက ထိုသို႔ေျပာေတာ့ အေဖကတြဲကူေနတဲ့တိုးကို တြန္းထုတ္လာေလသည္။ထို႔ေနာက္ တစ္ကိုယ္လံုးနံေစာ္ၿပီး အရက္သမားျဖစ္သည့္သူက သူ႔အက်ႌနဲ႔ပုဆိုးကို ရြံရွာသလိုမ်ိဳး တယိုင္ယိုင္နဲ႔ ပုတ္ထုတ္ကာ ​တိုးကို လက္ၫွိုးတစ္ထိုးထိုးနဲ႔ေျပာဆိုလာေလသည္။

"အေျခာက္မကမ်ား ရာရာစစငါ့အသားကို ထိလို႔ ငါ့မွာမင္းလို႔း အေျခာက္လိုသားမရိွဘူး ေနာက္ၿပီး ငါ့ကို ဟိုလာလုပ္ပါ ဒီဟာလုပ္ပါေျပာရေအာင္ မင္းက ဘာ​ေကာင္မို႔လဲ ၾကည့္ေတာ့ေယာက်ာ္းတန္မဲ့ သနပ္ခါးပါးကြက္ ျမန္မာဝမ္းစက္ဝတ္စားထားတဲ့ေကာင္ကမ်ား အဲ့ေၾကာင့္မို႔လဲ မင္းတို႔သားအမိကို မင္းအေဖက ပစ္ထားခဲ့တာေနမယ္ ငါကသနားလို႔သာ မင္းအေမကိုယူခဲ့တာ မင္းလိုေကာင္မ်ိဳး ငါကလြဲၿပီးဘယ္သူမွမလိုခ်င္ဘူးကြသိရဲ့လား အခုေတာင္ပတ္ဝန္းက်င္မွာဆို မင္းအတင္းေတြႀကီးပဲ သိလား"

အေဖကသာ ထိုသို႔ေျပာေနတာ အေမနဲ႔ယူကတည္းက ဘာအလုပ္မွမလုပ္ပဲအေမစီးပြားေရးနဲ႔သာ ထိုင္စားခဲ့တဲ့သူမဟုတ္တဲ့အတိုင္းပဲ။ထိုသို႔စကားမ်ား ၾကားပါမ်ားေနေတာ့လဲ တိုးအတြက္ေတာ့ရိုးအီေနပါၿပီေလ။ကိုယ့္အေဖမဟုတ္ေသာ္လည္း အငယ္ႏွစ္ေယာက္ရဲ့ အေဖမ်ားျဖစ္ေနသျဖင့္ကိုယ္မွာ အျပစ္မတင္ရက္  သူရိွလို႔သာ အငယ္ေလးတို႔ႏွင့္ ေတြ့စံုရသည္မဟုတ္ပါလား။အေျခာက္ျဖစ္တာ ဘယ္သူ႔ထမင္းစားလို႔ ဘယ္သူ႔ကို ထိခိုက္ေစလည္း ဆိုတာ အေဖ့ကိုေမးလိုက္ခ်င္ပါသည္။ကိုယ့္ဘဝနဲ႔ ကိုယ္ေနပင္မဲ့ သူမ်ားအရိပ္အေျခၾကည့္ၿပီးေနရေအာင္လဲ တိုးက ပတ္ဝန္းက်င္ကိုဂရုမစိုက္တတ္သလိုစိတ္ဓာတ္ေပ်ာ့ညံ့သူလည္းမဟုတ္ပါ။ေနာက္ၿပီး အမူးသမားအေဖကိုလည္း မရွင္းျပခ်င္ပါ။အေဖ့အသံၾကားေတာ့ အိမ္ေပၚကေန ေဝယံကဆင္းလာခါ အေဖကိုလာတြဲၿပီး ေျပာလာေလသည္။

"အေဖတို႔မ်ားေနာ္ အရက္ေသာက္လာၿပီး အိမ္ေရာက္တာနဲ႔ျပသာနာရွာေတာ့တာပဲ မမတိုးေျပာတာလဲ မွန္ေနတာပဲကို  အေဖအရက္ကိုေလ်ာ့မေသာက္ရင္ အေဖၾကာလာရင္ေနမေကာင္းျဖစ္လိမ့္မယ္သိလား"

ေဝယံကထိုသို႔ေျပာေတာ့ အမူးသမားအေဖက သတိေတာ့ရိွေသးဟန္ ေဝယံ့ကို ၾကည့္ကာ မူးမူးရူးရူးနဲ႔ေျပာလာေလသည္။

"ေအ ငါေသလဲေအးတာပဲေဟ့ ၿပီးေတာ့မင္းလဲ ၾကပ္ၾကပ္သတိထား သူ႔ကိုၾကည့္ၿပီး မင္းလဲ သူ႔လိုျဖစ္လာလိမ့္မယ္ ျမင့္ျမတ္တဲ့ေယာက်ာ္းသားဘဝကို သူမို႔လို႔မလိုခ်င္တာ အတုမမွားေစနဲ႔"

အေဖကထို႔သို႔ေျပာေတာ့ တိုးျပန္ေျပာလိုက္ခ်င္ပါသည္။အခုလိုျဖစ္ေနတဲ့ အေဖပံုစံကေကာျမင့္ျမတ္ေနတဲ့ပံုမ်ားေပါက္ေနသလားလို႔ဆိုၿပီးေတာ့ ေျပာခ်င္စိတ္ကိုၿမိဳခ်ကာ ေဝယံ့ကိုၾကည့္ၿပီးေမးလိုက္သည္။

"ေဝယံ အေဖကိုအိမ္ေပၚေခၚသြားလိုက္ေတာ့ၿပီးရင္ အဝတ္အစားလဲေပးၿပီး ထမင္းေကြၽးလိုက္ေတာ့ ေဝယံေလးေကာစားၿပီးၿပီလား"

"မစားရေသးဘူး မမတိုး"

"အာ့ဆိုအေဖနဲ႔တစ္ခါတည္းစားလိုက္ေတာ့ ေနာက္ၿပီးရင္က်ူရွင္သြားရအံုးမွာ မွတ္လား ေနာက္က်ေနအံုးမယ္ မမတိုးကေတာ့အလုပ္ေလးေတြၿပီးမွစားလိုက္မယ္ေနာ္"

"ဟုတ္မမတိုး"

ထို႔ေနာက္ေဝယံက အေဖျဖစ္သူကိုတြဲကာ အိမ္ေပၚသို႔တက္သြားေလသည္။တိုးလဲ ခုနက လုပ္လက္စအလုပ္ကိုျပန္လုပ္ေနလိုက္ေတာ့သည္။ဒီလိုေန့မ်ိဳးဆိုတာေနတိုင္းလိုလိုျဖစ္ေနတတ္ေသာေၾကာင့္စိတ္ထဲေတာ့ထားမေနေတာ့ေခ်။

~~~___________________

သတို႔မေဟာ္ မနက္ေစာေစာကုမၸဏီသြားရန္ျပင္ေနစဥ္  အေမျဖစ္သူလာေရာက္ပူဆာလြန္းတာေၾကာင့္ကုမၸဏီသို႔မသြားရပဲ ၿမိဳ႔အနီးတြင္ရိွေသာဒီပါ့ရပ္ကြက္ေက်းရြာကိုေရာက္လာျခင္းျဖစ္သည္။အလုပ္သမားေတြကိုခိုင္းလို႔ရရဲ့သားႏွင့္ စိတ္မခ်လို႔ပါဆိုၿပီး ကုမၼဏီအလုပ္ျဖင့္အလုပ္ရႈပ္ေနေသာ သားျဖစ္သူကိုကိုယ္တိုင္သြားေစခ်င္ေနေသာအေမ့ကို မေဟာ္ဘယ္လိုနားလည္ရမည္ကိုပင္မသိေတာ့ပါ။အခုလဲ ရပ္ကြက္ထဲသာ ေရာက္လာတယ္ သြားခ်င္ေသာအိမ္ကို မသိသျဖင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနသည္။သြားပါဆိုၿပီး ရပ္ကြက္နာမည္သာေျပာၿပီး လိပ္စာအျပည့္အစံုကို မေျပာလိုက္ေသာအေမ့ကို ဖုန္းလွမ္းဆက္ၿပီးလဲ မေမးခ်င္ေတာ့ပါ။ထို႔ေၾကာင့္ေရာက္ရာေနရာမွာ ကားရပ္လိုက္ကာ  ကားမွန္ခ်ၿပီး ကားေဘးနားျဖတ္သြားေသာလူတစ္ေယာက္ကိုလွမ္းေမးလိုက္သည္။

"ဒီမွာဗ် တစ္ခ်က္ေလာက္ကူညီေပးပါအံုး"

"ဟုတ္ကဲ့ဗ်"

"ဒီရပ္ကြက္ထဲမွာေလ တိုးေက်ာ္တို႔အိမ္ကိုသိလား မသိဘူးဗ်"

"ေအာ္ တိုးတို႔အိမ္ကိုေျပာတာထင္တယ္
အဲ့တာဆို ဒီလမ္းအတိုင္းဆက္ေမာင္းၿပီးလမ္းဆံုးေရာက္ရင္ညာဘက္ေကြ့လိုက္ ႏွစ္အိမ္ေျမာက္အိမ္ပဲ ေသခ်ာခ်င္ရင္ ပ်ဥ္ေတာင္အိမ္အႀကီးႀကီးကိုသာရွာလိုက္ဗ်ာက်ဳပ္တို႔ရပ္ကြက္မွာ သူတို႔အိမ္က အႀကီးဆံုးပဲ"

"ဟုတ္ကဲ့ ေက်းဇူးပါ"

သတို႔မေဟာ္လဲ လမ္းၫႊန္ရာအတိုင္း ေမာင္းလာရာ ၿခံအက်ယ္ႀကီးထဲ ႀကီးမားစြာတည္ေဆာက္ထားေသာ ပ်ဥ္ေထာင္အိမ္ႀကီးကိုေတြ့ရေလသည္။ျခမစားေစရန္ တစ္အိမ္လံုးကိုလည္း ေရနံဆီတိုက္ထားသည္မွာ မဲေမွာင္ေတာက္ေျပာင္ေနသည္။အိမ္၏အေရ႔ွမ်က္ႏွာတြင္လဲ အုတ္ကန္က်ယ္ႀကီးနဲ႔ ပန္းပင္အခ်ိဳ႕ကိုလဲေတြ့ရသည္။အိမ္ေဘးတြင္လဲအရိပ္ရသစ္ပင္ႀကီးႏွစ္ပင္ကိုလဲေတြ့ရေသးသည္။ထို႔မွတစ္ပါး လူဟူ၍တစ္ေယာက္မွမေတြ့ေပ။သတို႔မေဟာ္လဲ ကားေပၚကဆင္းကာ ၿခံဝသို႔သြားၾကည့္လိုက္ေလသည္။လူမေတြ့သျဖင့္ လူေခၚဖို႔ရန္ဘဲလ္ႏိုပ္ဖို႔ကလည္း ဒီလိုအိမ္မ်ိဳးေတြက အဲ့လိုရိွႏိုင္မည္မထင္။ထို႔ေၾကာင့္ သတို႔မေဟာ္လဲ အသံက်ယ္က်ယ္နဲ႔တာ ေအာ္ေခၚလိုက္လိုက္ေလသည္။

"အိမ္ရွင္တို႔"

တစ္ခါေခၚ၍ လူထြက္လာျခင္းမရိွသျဖင့္ ဒုတိယ အႀကိမ္ထပ္ေခၚလိုက္ေလသည္။

"အိမ္ရွင္တို႔"

ထိုအခါမွ အိမ္ႀကီးေပၚကေန အမ်ိဳးသမီးတစ္ေယာက္ဆင္းလာေလသည္။ထိုအမ်ိဳးသမီးသည္ သနပ္ခါးပါးကြက္နဲ႔ ပါတိတ္ဝမ္းဆက္ကိုဝတ္ဆင္ထားၿပီးဝတ္စံုသည္ခႏၲာကိုယ္နဲ႔အကိုက္ျဖစ္ေနတာေၾကာင့္ထိုအမ်ိဳးသမီးရဲ့ ရိွရင္းခႏၲာကိုယ္ပံုစံကိုပိုၿပီးအခ်ိဳးအစားက်ေစကာ အလြန္လွပလွပါသည္။အင္သတို႔မေဟာ္ဘဝတြင္ ဒီေလာက္ယဥ္ယဥ္ေလးနဲ႔ လွပတဲ့အမ်ိဳးသမီးကို တစ္ခါမွမေတြ့ဖူးေသးေပ။သတို႔မေဟာ္ အေငးလြန္ေနရင္း တစ္ဖက္လူက အေရ႔ွတည့္တည့္ေရာက္၍ အသံထြက္ေမးလာမွသာ သတိဝင္လာေလသည္။အသက္ ၃၄ႏွစ္အရြယ္ေရာက္တဲ့အခ်ိန္အထိ ဘဝမွာအမ်ိဳးသမီးတစ္ေယာက္ကို အၾကာႀကီးေငးဖူးသည္မွာဒီတစ္ခါပထမဆံုးပင္။ထိုအခ်ိန္တြင္ အေရ႔ွတြင္ရိွေနေသာအမ်ိဳးသမီးက ထပ္ေမးလာေလသည္။

"ဘယ္သူနဲ႔ေတြ့ခ်င္တာလဲ"

သတို႔မေဟာ္လည္းအရွက္ေျပတစ္ခ်က္ရယ္လိုက္ရင္း ေျပာလိုက္ေလသည္။

"ကြၽန္ေတာ္ တိုးေက်ာ္ဆိုတဲ့လူနဲ႔ေတြ့ခ်င္လို႔ပါဗ်"

"ေအာ္ဟုတ္ကဲ့ပါ ဘာကိစၥရိွလို႔လဲမသိဘူး"

သတို႔မေဟာ္သည္ အေရ႔ွကအမ်ိဳးသမီးနားၾကားလြဲေနၿပီး မၾကားဘူးထင္၍ထပ္ေျပာလိုက္ေလသည္။

"အလုပ္ကိစၥေျပာမလို႔ပါ အဲ့ေၾကာင့္တိုးေက်ာ္ကိုေခၚေပးလို႔ရမလား"

"ဒီကလူႀကီးမင္း တစ္ခုခုမ်ား လြဲေနသလားလို႔ပါ တိုးက တိုးေက်ာ္ပါပဲ တျခားဘယ္သူ႔ကိုေတြ့ခ်င္ေနေသးတာလဲမသိဘူး"

"မဟုတ္ဘူးေလ ကြၽန္ေတာ္ေျပာတာက ............ဗ်ာ မင္းကတိုးေက်ာ္လား"

သတို႔မေဟာ္ အလန္႔တၾကားေျပာမိေလသည္။တိုးေက်ာ္ဆိုတာ ေယာက်ာ္းေလးနာမည္မဟုတ္ဘူးလား။မေဟာ္ေသခ်ာေအာင္ထပ္ေမးလိုက္ေလသည္။

"မင္းကတကယ္တိုးေက်ာ္လား"

"ဟုတ္ပါတယ္"
 
ေအာ္ထူးဆန္းလိုက္တာ အခုေခတ္က မိန္းကေလးေတြလဲေယာက်ာ္းေလးနာမည္မွည့္တတ္ၾကတယ္ထင္သည္။
သတို႔အေရ႔ွက အမ်ိဳးသမီးကိုေတာင္းပန္ဟန္ၾကည့္လိုက္ၿပီး ေျပာလိုက္ေလသည္။

"sorry ပါဗ်ာ ကြၽန္ေတာ္က တိုးေက်ာ္ကိုေယာက်ာ္းေလးထင္လိုက္လို႔ပါ "

"ဟုတ္ကဲ့တိုးက ေယာက်ာ္းေလးပါပဲ"

"ဗ်ာ ၾကည့္ရတာေတာ့မိန္းကေလးပါပဲ"

"ဒါမဲ့တိုးကတကယ္ေယာက်ာ္းေလးပါ"

ထိုအမ်ိဳးသမီးေသခ်ာသလိုေျပာေနသျဖင့္ သတိထားၾကည့္မိေတာ့မွ ထိုအမ်ိဳးသမီးရဲ့အသံကေယာက်ာ္းသံအနည္းငယ္ေပါက္ေနမွန္းအခုမွသိေတာ့သည္။မေဟာ္တစ္ေန့တည္းနဲ႔တင္အထိတ္တလန္႔အံ့ၾသရသည္မွာ ႏွစ္ခါေလာက္ရိွေနေလၿပီ။အေရ႔ွက လွပတဲ့အမ်ိဳးသမီးေလးက သူ႔ကိုယ္သူ ေယာက်ာ္းေလးလို႔ အေသအခ်ာေျပာေနသည္မွာ မေဟာ္နားၾကားမွားေနျခင္းလည္းမျဖစ္ႏိုင္ေပ။မေဟာ့္ရဲ့ျဖစ္အင္ေနပံုကိုၾကည့္၍ ထိုအမ်ိဳးသမီး မဟုတ္ပါဘူး ထိုအမ်ိဳးသားက သေဘာက်သလိုရယ္လာေလသည္။သူ႔ရယ္ပံုေလးက ျမတ္ႏိုးဖို႔ေကာင္းလိုက္တာ။ခနေနေတာ့ထိုသူက မေဟာ့္ကိုစကားေျပာလာေလသည္။

"ဒီလိုပါတိုးကေယာက်ာ္ေလးပါ အမ်ိဳးသမီးဝတ္စံုေတြကိုဝတ္ရတာႀကိဳက္လို႔ အထူးသျဖင့္ျမန္မာဝတ္စံုေလးေတြေပါ့ အရပ္ေျပာ ေျပာရရင္ အေျခာက္လို႔ေျပာရမလားပဲ အင္းးးးးအဲ့လိုပဲ​သတ္မွတ္ရမွာေပါ့ ဘာပဲျဖစ္ျဖစ္ပါ အလုပ္ကိစၥေျပာမလို႔ဆို"

"ေအာ္ဟုတ္ကဲ့ ခင္မ်ား အင္းးးးး တိုးေက်ာ္ ......."

"တိုးလို႔ပဲေခၚပါ"

"ဟုတ္ၿပီးကြၽန္ေတာ္ၾကားတာတိုးက ႏွင္းဆီေရာင္းတယ္ဆို ဟုတ္ပါသလား"

"ဟုတ္ပါတယ္ ႏွင္းဆီဝယ္မလို႔လား"

"ဟုတ္ပါတယ္"

"အာ့ဆိုဟိုနားကစားပြဲစီသြားၾကတာေပါ့ ထိုင္ၿပီး ေရႏြေးေလးေသာက္ရင္းလြတ္လြတ္လပ္လပ္ေျပာဆိုဝယ္ယူလို႔ရပါတယ္"

"ေအာ္ဟုတ္ ေက်းဇူးပါ"

"အာ့ဆို ႂကြပါ"

တိုးတို႔ေနရာတက်ထိုင္ၿပီးေနာက္တိုးကစားပြဲေပၚရိွေရႏြေးအိုးထဲက ေရႏြေးကို ဖန္ခြက္ႏွစ္ခုထဲထည့္ၿပီးေနာက္တစ္ခြက္ကို ဧည့္သည္ေရ႔ွခ်ေပးလိုက္သည္။ထို႔ေနာက္ အၿပံဳးေလးျဖင့္ေမးလိုက္ေလသည္။

"ဒီကဧည့္သည္က တိုး ႏွင္းဆီျဖဴပဲေရာင္းတာေတာ့သိတယ္မို႔လား"

မေဟာ္ေရ႔ွတြင္ထိုင္ကာ လွပစြာၿပံဳးျပေနေသာ အမ်ိဳးသားေလးကိုၾကည့္ၿပီးေျပာလိုက္ေလသည္။

"သိပါတယ္ ေမေမကိုယ္တိုင္ကြၽန္ေတာ္ကိုၫႊန္းလိုက္တာ  အလုပ္သမားေတြကို ခိုင္းလို႔ရရဲ့သားနဲ႔ ကြၽန္ေတာ္ကိုယ္တိုင္လာဝယ္ရတဲ့အထိပဲဆိုပါေတာ့ဗ်ာ သူယၾတာေခ်ဖို႔ပါဆိုၿပီးေတာ့ေလ ေနာက္ၿပီးတိုးရဲ့ႏွင္းဆီျဖဴေတြကနာမည္ႀကီးလို႔ တိုးဆီကပဲဝယ္ေပးပါဆိုလို႔လာခဲ့ရတာပါပဲ"

"ဟုတ္ပါၿပီ ႏွင္းဆီဘယ္ေလာက္မ်ားလိုခ်င္သလဲ"

white rose 2 part 2
"ကြၽန္ေတာ္အပြင့္တစ္ေသာင္းေလာက္လိုခ်င္တာပါ အဲ့ေလာက္ပမာဏာရိွလားမသိဘူး မဟုတ္လဲကြၽန္ေတာ္ေနရာခြဲဝယ္ရမွာေပါ့"

"အဲ့လိုလုပ္စရာမလိုပါဘူး တိုးၿခံထဲမွာလိုတာထပ္ပိုရိွပါတယ္ တိုးကႏွင္းဆီျဖဴပဲစိုက္တာမို႔ပါ ဒါမွမဟုတ္တစ္ခါတည္း ၿခံထဲလိုက္ၾကည့္လိုက္ပါလား ပိုအဆင္ေျပတာေပါ့ ဟိုေရာက္ရင္ လိုခ်င္တဲ့ဟာကို တိုးအလုပ္သမားေတြခူးေပးပါလိမ့္မယ္"

"အာ့ဆိုပိုအဆင္ေျပတာေပါ့ဗ်ာ"

ထို႔ေနာက္တိုးတို႔ႏွစ္ေယာက္ တိုးရဲ့ႏွင္းဆီခင္းဆီသို႔ထြက္လာၾကသည္။တိုးရဲ့ၿခံေတြက ရပ္ကြက္နဲ႔ သက္သက္ျဖစ္ေနတာမို႔ ၿခံသို႔ေရာက္ရန္၁၅မိနစ္ေလာက္ေလ်ာက္ရပါသည္။ၿခံသို႔ေရာက္ေတာ့ မေဟာ္တစ္ေယာက္ ႏွင္းဆီခင္းရဲ့ လွပမႈေၾကာင့္ တအံ့တၾသျဖစ္ရျပန္ပါသည္။မေဟာ့္စိတ္ထဲတြင္ အျဖဴေရာင္ပင္လယ္ျပင္ႀကီးကိုေရာက္ေနသလို႔ခံစားရသည္။ဒီအမ်ိဳးသားႏွင့္ေတြ့မွပဲဘဝမွာ မေတြ့ႀကံဳဖူးတဲ့အေတြ့အႀကံဳေတြကို ေတြ့ႀကံဳရပါသည္။

တိုးရဲ့ေဘးနားတြင္ႏွင္းဆီခင္းကိုေငးေမာၾကည့္ေနေသာ လူကို တိုးကျပန္ၿပီးေငးေမာၾကည့္ေနမိပါသည္။ထိုအခ်ိန္ ကိုတာရိုးက တိုးတို႔ရဲ့ အနားေရာက္လာေလသည္။

"မတိုး ဘာကိစၥရိွလို႔ၿခံထဲေရာက္လာတာလဲ"

တိုး ကိုတာရိုးေခၚသံၾကားမွ သတိဝင္လာသည္။ထို႔ေနာက္ကိုတာရိုးနဲ႔ထိုလူ႔ကိုမိတ္ဆက္ဖို႔ရန္ျပင္ၿပီးမွပဲ အခုထိ ထိုလူ႔ရဲ့နာမည္ကိုမသိေသးမွန္းသတိရေလသည္။

"ဒါနဲ႔ဒီကဧည့္သည္ရဲ့နာမည္ကဘယ္လိုေခၚလဲတိုးမသိေသးဘူးေနာ္"

တိုးေမးေတာ့မွထိုသူလဲ သူ႔ကိုယ္သူမိတ္ဆက္ဖို႔ေမ့ေနမွန္းသိသြားဟန္တူပါသည္။တိုးကိုၿပံဳးျပကာ သူ႔နာမည္ကို ေျပာလာေလသည္။

"ေတာင္းပန္ပါတယ္ဗ်ာ ကြၽန္ေတာ့္နာမည္ သတို႔မေဟာ္ပါ"

"ဟုတ္ၿပီး ကိုသတို႔မေဟာ္"

"ကိုမေဟာ္လို႔ေခၚလည္းရပါတယ္ဗ်ာ"

"ဟုတ္ပါၿပီး ကိုမေဟာ္ ဒါကတိုးရဲ့အလုပ္သမား ကိုတာရိုးတဲ့"

ဟုဆိုကာ တိုးကေဘးနားတြင္ရိွေနေသာ ကိုတာရိုးကိုၫႊန္ျပကာ မိတ္ဆက္ေပးလိုက္ၿပီးေနာက္ ထပ္ၿပီးေျပာလိုက္ေလသည္။

"သူက ကိုမေဟာ္လိုခ်င္တဲ့ပန္းေတြကို သူနဲ႔က်န္တဲ့အလုပ္သမားေတြကခူးေပးပါလိမ့္မယ္"

မေဟာ္က လက္ခံေၾကာင္းေခါင္းညိတ္ျပလိုက္သည္။ထိုအခါတိုးက ကိုတာရိုးကိုၾကည့္ကာ ၫႊန္ၾကားလိုက္ေလသည္။

"ဒီကအစ္ကို ကသတို႔မေဟာ္တဲ့ သူက ႏွင္းဆီျဖဴတစ္ေသာင္းလိုခ်င္တာမို႔ ကိုတာရိုးနဲ႔တျခားသူေတြက ခူးေပးပါအံုးေသခ်ာေလးလဲဂရုစိုက္ေပးပါအံုးေနာ္အလွဆံုးေလးေတြခူးထည့္ေပးလိုက္ပါေနာ္"

တိုးက ေျပာေတာ့ကိုတာရိုးက စိတ္ခ်စမ္းပါဆိုတဲ့သေဘာနဲ႔ရင္ဘက္ကို ပုတ္ျပကာေျပာလာေလသည္။

"ကိုတာရိုးပါ ေျပာတဲ့အတိုင္းျဖစ္ေစရပါမယ္ဗ်ာ"

တိုးက သေဘာက်သလိုနဲ႔ၿပံဳးလိုက္ၿပီးေနာက္ ကိုမေဟာ္ကိုၾကည့္ကာ ေျပာလိုက္ေလသည္။

"ကိုမေဟာ္လဲ လိုက္ၾကည့္အံုးမလား"

"ရပါၿပီ ကြၽန္ေတာ္တိုးကိုယံုပါတယ္ဗ်ာ မလိုေတာ့ပါဘူး"

မေဟာ္ေျပာၿပီးသည့္ေနာက္ တိုးလဲကိုတာရိုးကိုအလုပ္သြားလုပ္ေတာ့ရန္ ခိုင္းလိုက္ေလသည္။ကိုတာရိုးထြက္သြားၿပီးေနာက္ တိုးက မေဟာ္ကိုတိုးတို႔ၿခံရဲ့ တဲေလးဆီသို႔ေခၚသြားလိုက္ေလသည္။တဲေလးထဲရိွ စားပြဲဝိုင္းတြင္ဝင္ထိုင္ၾကကာ တိုးက ကိုမေဟာ့္ကိုစကားစလိုက္သည္။

"ကိုမေဟာ္ဒီမွာ ခနနားပါအံုးေနာ္ ပန္းခူးဖို႔ကခနေတာ့ေစာင့္ရမယ္ ႀကိဳမမွာထားေတာ့ အခုမွခူးရမွာမို႔ပါ"

မေဟာ္က ပန္းခင္းျဖဴျဖဴကိုတစ္ခ်က္ၾကည့္ၿပီးေနာက္တိုးကိုၾကည့္ကာေျပာလာေလသည္။

"ရပါတယ္ ဒါနဲ႔ထူးဆန္းတယ္ေနာ္ ႏွင္းဆီျဖဴေတြပဲစိုက္ထားတာကိုေတြ့ရၿပီးက်န္တဲ့ အေရာင္ပါႏွင္းဆီပန္းေတြက်မေတြ့ပါလား"

မေဟာ္ရဲ့စကားကိုၾကားေသာ တိုးက တစ္ခ်က္ရယ္လိုက္ေလသည္။ဒီလိုေမးခြန္းကိုလူတိုင္းကတိုးကိုေမးတတ္သည္မဟုတ္ပါလား။ထိုသို႔ေမးတိုင္းတိုးေျဖေနက်အတိုင္းပဲျပန္ေျဖလိုက္ေလသည္။

"ဒါကေတာ့ တိုးရဲ့ ဝါသနာလို႔ေျပာရမလားပဲတိုးကအေရာင္ပါႏွင္းဆီေတြကိုမႀကိဳက္ပဲႏွင္းဆီျဖဴကိုပဲသေဘာက်လို႔ပါ အစက တိုးဒီတိုင္းဝါသနာအရစိုက္တာပဲ  တျဖည္းျဖည္းစိုက္ရင္းစိုက္ရင္း မ်ားလာတာနဲ႔ဘယ္လို႔မွမတက္ႏိုင္တဲ့အဆံုး ထုတ္ေရာင္းရတဲ့အထိပဲဆိုပါေတာ့ ေႂကြက်တာကိုျမင္ေနတာထက္စာရင္ သူမ်ားေတြအတြက္မ်ွေဝတာက ပိုေကာင္းသလားလို႔ပါ"

"စိတ္ဝင္စားစရာပဲ  ဒါဆိုတျခားစီပြားေရးေတြလဲရိွေသးတာလား"

တိုးက ကိုမေဟာ္ကိုၾကည့္ၿပီး ၿပံဳးကာဆိုေလသည္။

"တိုးမွာမကလာနဲ႔ သရက္စီးပြားေရးရိွပါေသးတယ္ ဒီႏွင္းဆီခင္းရဲ့ ေဘးတစ္ဖက္တစ္ခ်က္ကၿခံေတြကတိုးရဲ့ၿခံေတြေလ"

"အာ့ဆိုတိုးက သူေဌးပဲေပါ့"

"ကိုမေဟာ္နဲ႔ယွဥ္ရင္ဒါကပါးပါးေလးထင္ပါတယ္ ကိုယ္မေဟာ္စီးလာတဲ့ကားနဲ႔တင္တိုးသိေနပါၿပီ"

"တိုးက အျမင္စူးရွတာပဲ"

တိုးတို႔စကားေျပာကာ အခ်ိန္ကုန္ေနရင္းေနာက္ဆံုးေတာ့ကိုတာရိုးက ၿပီးစီးေၾကာင္းတိုးကိုလာအေၾကာင္းၾကားေလသည္။
ပန္းေတြကမ်ားလြန္းတာေၾကာင့္ တိုးတို႔ဘက္က ပို႔ေပးမည္ဟု ေျပာေသာအခါ ကိုမေဟာ္က လက္ခံေလသည္။အေရာင္းအဝယ္ အကုန္ၿပီးစီးၿပီးေနာက္ ကိုမေဟာ္ကားေပၚသို႔တက္ခံနီးတြင္ တိုးကတားလိုက္ေလသည္။

"ကိုမေဟာ္"

"ဘာမ်ားရိွေသးလို႔လဲ တိုး"

"ဘာမွမဟုတ္ပါဘူး လက္ေဆာင္အေနနဲ႔ မကလာေလးထည့္ေပးခ်င္လို႔ပါ"

ဟုဆိုကာ တိုးက လက္ထဲမွမကလာသီးေတြထည့္ထားေသာအိတ္ေလးကိုလွမ္းေပးလိုက္ေလသည္။ထိုအခါ ကိုမေဟာ္က အၿပံဳးနဲ႔လက္ခံယူကာ ေျပာလာေလသည္။

"အားနာစရာတိုးရယ္"

"ရပါတယ္ စားၾကည့္ၾကည့္ေနာ္တိုးရဲ့အသီးေတြက တအားခ်ိဳတာ"

"တိုးရဲ့အၿပံဳးေတြကိုၾကည့္တာနဲ႔တင္ ဘယ္ေလာက္ခ်ိဳမွန္းကြၽန္ေတာ္ခံစားမိပါတယ္ဗ်ာ"

"ကိုမေဟာ္က ေနာက္ေနပါၿပီ"

"မေနာက္ရပါဘူးဗ်ာ ကြၽန္ေတာ္အမွန္ေတြေျပာတာ ဒါနဲ႔ကြၽန္ေတာ္တို႔မိတ္ေဆြေတျြဖစ္လို႔ရမလား"

"ရပါတယ္ ကိုမေဟာ္"

"အာ့ဆိုကြၽန္ေတာ့္ကို ဖုန္းနံပါတ္ေလးေပးလို႔ရမလား ေနာက္လဲအားေပးလို႔ရေအာင္လို႔ပါ"

တိုးကသေဘာက်သလို ရယ္လိုက္ၿပီး ျပန္ေျဖလိုက္ေလသည္။

"ရပါတယ္"

တိုးတို႔ႏႈတ္ဆက္ၿပီးသည့္ေနာက္ကိုမေဟာ္က ကားေပၚတက္ကာထြက္ခြာသြားေလသည္။တိုး ျမင္ကြင္းကေန တျဖည္းျဖည္းေဝးကြာသြားေသာကားေနာက္ပိုင္းကို ေငးေမာၾကည့္ေနမိသည္။တိုးၿခံဝမွာရပ္ေနရာကေန အိမ္ေပၚသို႔တက္လာခဲ့သည္။အခုထိ ကိုမေဟာ္က တိုးမ်က္လံုးထဲကမထြက္ေသးေပ။တိုး ရင္ဘက္ကိုလက္တင္လိုက္ၿပီး ကိုမေဟာ္ရဲ့ သြင္ျပင္ကိုျပန္လည္စဥ္းစားေနမိသည္။ရွပ္အျဖဴနဲ႔နက္ျပာပုဆိုးကိုအရပ္ ၆ေပေလာက္ရိွၿပီးေတာင့္တင္းေသာခႏၲာကိုယ္ေပၚဝတ္ဆင္ထားေသာကိုမေဟာ္က တိုးမ်က္လံုးထဲတြင္ အလြန္ကိုခန္႔ညားၿပီးက်က္သေရရိွလွပါသည္။မ်က္ႏွာမွာလဲ ေမးရိုးမွာေလးေထာင့္ဆန္ဆန္ျဖစ္ၿပီး ႏွာတံတို႔ေျဖာင့္ဆင္းေနသည္။ပို၍ထူးရွားေနသည္မွာ မ်က္လံုးတစ္စံုထက္ရိွ ဇင္ေရာ္ မ်က္ခံုးတို႔ပဲျဖစ္သည္။မ်က္လံုးမ်ားကေမွးစင္းေနပံုေပၚၿပီး ပါးလႊာတဲ့ႏႈတ္ခမ္းတစ္စံုေၾကာင့္ လူကိုၫွိုယူသလိုခံစားမိေစပါသည္။တိုးဘဝမွာ လူတစ္ေယာက္ကိုစိတ္ဝင္စားဖူးသည္မွာပထမဆံုးျဖစ္သည္။အသားညိုညိုနဲ႔ေခ်ာေမာခန္႔ညားလွသည့္ထိုလူက တိုးကိုခ်စ္မိေစၿပီလားဆိုတာတိုးကိုယ္တိုင္ေတာင္မသိေတာ့ပါ။ေသခ်ာတာကေတာ့ ကိုမေဟာ္ရဲ့အ​ၿပံဳးေတြကတိုးရဲ့ရင္ခုန္သံေတြကိုျမန္ေနေစပါသည္။

####################
Unicode

ကိုတာရိုးတို့ ပြန်သွားတော့ တိုးတစ်ယောက် ကိုတာရိုးတို့ယူလာတဲ့နှင်းဆီဖြူတွေကိုယူပြီး အိမ်ရှေ့အုတ်ကန်တွင် ဘုရားပန်းလဲရန်ပြင်ဆင်နေသည်။ထိုအချိန်တွင်တစ်ကိုယ်လုံး အရက်နံ့တထောင်းထောင်းထနေသော အဖေဖြစ်သူ ဦးအေးလွင်တစ်ယောက်ခြံထဲသို့ ဝင်လာလေသည်။ဘယ်လောက်မူးလဲမမူးလဲဆိုတာ ​မြေကြီးကိုတောင်အိပ်ယာလုပ်တော့မည့်ပုံနှင့် တယိမ်းတယိုင်းလျောက်လာပုံကြည့်ရုံနှင့်သိနိုင်ပါသည်။အရင်က အရက်သေစာမသောက်စားတတ်သည့်သူက အမေဆုံးသွားသည့်အချိန်မှစပြီး အခုလိုဖြစ်လာခြင်းဖြစ်သည်။အင် အမေ့ကိုတော့တော်တော်ချစ်ခဲ့ပုံ ပေါ်ပါသည်။ဒါမဲ့သားသမီးတွေရဲ့မျက်နှာကိုတော့မကြည့်တတ်သည့် ဖခင်လဲဖြစ်သည်။တစ်နေ့တစ်နေ့အရက်ကိုသာအဖော်လုပ်တတ်သည်။ဖခင်ဖြစ်နေသည်မို့ မငြီးငြူမိပင်မဲ့ကျန်းမာရေးအတွက်တော့စိတ်ပူမိပါသည်။ထို့ကြောင့် လဲကျမလိုလိုဖြစ်နေသော အဖေဖြစ်သူကိုတိုးတစ်ယောက်သွားကူတွဲကာ ပြောမိလေသည်။

"အဖေရယ် အရက်ကို နည်းနည်းလောက်လျော့သောက်ပါလား"

တိုးက ထိုသို့ပြောတော့ အဖေကတွဲကူနေတဲ့တိုးကို တွန်းထုတ်လာလေသည်။ထို့နောက် တစ်ကိုယ်လုံးနံစော်ပြီး အရက်သမားဖြစ်သည့်သူက သူ့အင်္ကျီနဲ့ပုဆိုးကို ရွံရှာသလိုမျိုး တယိုင်ယိုင်နဲ့ ပုတ်ထုတ်ကာ ​တိုးကို လက်ညှိုးတစ်ထိုးထိုးနဲ့ပြောဆိုလာလေသည်။

"အခြောက်မကများ ရာရာစစငါ့အသားကို ထိလို့ ငါ့မှာမင်းလို့း အခြောက်လိုသားမရှိဘူး နောက်ပြီး ငါ့ကို ဟိုလာလုပ်ပါ ဒီဟာလုပ်ပါပြောရအောင် မင်းက ဘာ​ကောင်မို့လဲ ကြည့်တော့ယောကျာ်းတန်မဲ့ သနပ်ခါးပါးကွက် မြန်မာဝမ်းစက်ဝတ်စားထားတဲ့ကောင်ကများ အဲ့ကြောင့်မို့လဲ မင်းတို့သားအမိကို မင်းအဖေက ပစ်ထားခဲ့တာနေမယ် ငါကသနားလို့သာ မင်းအမေကိုယူခဲ့တာ မင်းလိုကောင်မျိုး ငါကလွဲပြီးဘယ်သူမှမလိုချင်ဘူးကွသိရဲ့လား အခုတောင်ပတ်ဝန်းကျင်မှာဆို မင်းအတင်းတွေကြီးပဲ သိလား"

အဖေကသာ ထိုသို့ပြောနေတာ အမေနဲ့ယူကတည်းက ဘာအလုပ်မှမလုပ်ပဲအမေစီးပွားရေးနဲ့သာ ထိုင်စားခဲ့တဲ့သူမဟုတ်တဲ့အတိုင်းပဲ။ထိုသို့စကားများ ကြားပါများနေတော့လဲ တိုးအတွက်တော့ရိုးအီနေပါပြီလေ။ကိုယ့်အဖေမဟုတ်သော်လည်း အငယ်နှစ်ယောက်ရဲ့ အဖေများဖြစ်နေသဖြင့်ကိုယ်မှာ အပြစ်မတင်ရက်  သူရှိလို့သာ အငယ်လေးတို့နှင့် တွေ့စုံရသည်မဟုတ်ပါလား။အခြောက်ဖြစ်တာ ဘယ်သူ့ထမင်းစားလို့ ဘယ်သူ့ကို ထိခိုက်စေလည်း ဆိုတာ အဖေ့ကိုမေးလိုက်ချင်ပါသည်။ကိုယ့်ဘဝနဲ့ ကိုယ်နေပင်မဲ့ သူများအရိပ်အခြေကြည့်ပြီးနေရအောင်လဲ တိုးက ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်သလိုစိတ်ဓာတ်ပျော့ညံ့သူလည်းမဟုတ်ပါ။နောက်ပြီး အမူးသမားအဖေကိုလည်း မရှင်းပြချင်ပါ။အဖေ့အသံကြားတော့ အိမ်ပေါ်ကနေ ဝေယံကဆင်းလာခါ အဖေကိုလာတွဲပြီး ပြောလာလေသည်။

"အဖေတို့များနော် အရက်သောက်လာပြီး အိမ်ရောက်တာနဲ့ပြသာနာရှာတော့တာပဲ မမတိုးပြောတာလဲ မှန်နေတာပဲကို  အဖေအရက်ကိုလျော့မသောက်ရင် အဖေကြာလာရင်နေမကောင်းဖြစ်လိမ့်မယ်သိလား"

ဝေယံကထိုသို့ပြောတော့ အမူးသမားအဖေက သတိတော့ရှိသေးဟန် ဝေယံ့ကို ကြည့်ကာ မူးမူးရူးရူးနဲ့ပြောလာလေသည်။

"အေ ငါသေလဲအေးတာပဲဟေ့ ပြီးတော့မင်းလဲ ကြပ်ကြပ်သတိထား သူ့ကိုကြည့်ပြီး မင်းလဲ သူ့လိုဖြစ်လာလိမ့်မယ် မြင့်မြတ်တဲ့ယောကျာ်းသားဘဝကို သူမို့လို့မလိုချင်တာ အတုမမှားစေနဲ့"

အဖေကထို့သို့ပြောတော့ တိုးပြန်ပြောလိုက်ချင်ပါသည်။အခုလိုဖြစ်နေတဲ့ အဖေပုံစံကကောမြင့်မြတ်နေတဲ့ပုံများပေါက်နေသလားလို့ဆိုပြီးတော့ ပြောချင်စိတ်ကိုမြိုချကာ ဝေယံ့ကိုကြည့်ပြီးမေးလိုက်သည်။

"ဝေယံ အဖေကိုအိမ်ပေါ်ခေါ်သွားလိုက်တော့ပြီးရင် အဝတ်အစားလဲပေးပြီး ထမင်းကျွေးလိုက်တော့ ဝေယံလေးကောစားပြီးပြီလား"

"မစားရသေးဘူး မမတိုး"

"အာ့ဆိုအဖေနဲ့တစ်ခါတည်းစားလိုက်တော့ နောက်ပြီးရင်ကျူရှင်သွားရအုံးမှာ မှတ်လား နောက်ကျနေအုံးမယ် မမတိုးကတော့အလုပ်လေးတွေပြီးမှစားလိုက်မယ်နော်"

"ဟုတ်မမတိုး"

ထို့နောက်ဝေယံက အဖေဖြစ်သူကိုတွဲကာ အိမ်ပေါ်သို့တက်သွားလေသည်။တိုးလဲ ခုနက လုပ်လက်စအလုပ်ကိုပြန်လုပ်နေလိုက်တော့သည်။ဒီလိုနေ့မျိုးဆိုတာနေတိုင်းလိုလိုဖြစ်နေတတ်သောကြောင့်စိတ်ထဲတော့ထားမနေတော့ချေ။

~~~___________________

သတို့မဟော် မနက်စောစောကုမ္ပဏီသွားရန်ပြင်နေစဥ်  အမေဖြစ်သူလာရောက်ပူဆာလွန်းတာကြောင့်ကုမ္ပဏီသို့မသွားရပဲ မြို့အနီးတွင်ရှိသောဒီပါ့ရပ်ကွက်ကျေးရွာကိုရောက်လာခြင်းဖြစ်သည်။အလုပ်သမားတွေကိုခိုင်းလို့ရရဲ့သားနှင့် စိတ်မချလို့ပါဆိုပြီး ကုမ္မဏီအလုပ်ဖြင့်အလုပ်ရှုပ်နေသော သားဖြစ်သူကိုကိုယ်တိုင်သွားစေချင်နေသောအမေ့ကို မဟော်ဘယ်လိုနားလည်ရမည်ကိုပင်မသိတော့ပါ။အခုလဲ ရပ်ကွက်ထဲသာ ရောက်လာတယ် သွားချင်သောအိမ်ကို မသိသဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။သွားပါဆိုပြီး ရပ်ကွက်နာမည်သာပြောပြီး လိပ်စာအပြည့်အစုံကို မပြောလိုက်သောအမေ့ကို ဖုန်းလှမ်းဆက်ပြီးလဲ မမေးချင်တော့ပါ။ထို့ကြောင့်ရောက်ရာနေရာမှာ ကားရပ်လိုက်ကာ  ကားမှန်ချပြီး ကားဘေးနားဖြတ်သွားသောလူတစ်ယောက်ကိုလှမ်းမေးလိုက်သည်။

"ဒီမှာဗျ တစ်ချက်လောက်ကူညီပေးပါအုံး"

"ဟုတ်ကဲ့ဗျ"

"ဒီရပ်ကွက်ထဲမှာလေ တိုးကျော်တို့အိမ်ကိုသိလား မသိဘူးဗျ"

"အော် တိုးတို့အိမ်ကိုပြောတာထင်တယ်
အဲ့တာဆို ဒီလမ်းအတိုင်းဆက်မောင်းပြီးလမ်းဆုံးရောက်ရင်ညာဘက်ကွေ့လိုက် နှစ်အိမ်မြောက်အိမ်ပဲ သေချာချင်ရင် ပျဥ်တောင်အိမ်အကြီးကြီးကိုသာရှာလိုက်ဗျာကျုပ်တို့ရပ်ကွက်မှာ သူတို့အိမ်က အကြီးဆုံးပဲ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

သတို့မဟော်လဲ လမ်းညွှန်ရာအတိုင်း မောင်းလာရာ ခြံအကျယ်ကြီးထဲ ကြီးမားစွာတည်ဆောက်ထားသော ပျဥ်ထောင်အိမ်ကြီးကိုတွေ့ရလေသည်။ခြမစားစေရန် တစ်အိမ်လုံးကိုလည်း ရေနံဆီတိုက်ထားသည်မှာ မဲမှောင်တောက်ပြောင်နေသည်။အိမ်၏အရှေ့မျက်နှာတွင်လဲ အုတ်ကန်ကျယ်ကြီးနဲ့ ပန်းပင်အချို့ကိုလဲတွေ့ရသည်။အိမ်ဘေးတွင်လဲအရိပ်ရသစ်ပင်ကြီးနှစ်ပင်ကိုလဲတွေ့ရသေးသည်။ထို့မှတစ်ပါး လူဟူ၍တစ်ယောက်မှမတွေ့ပေ။သတို့မဟော်လဲ ကားပေါ်ကဆင်းကာ ခြံဝသို့သွားကြည့်လိုက်လေသည်။လူမတွေ့သဖြင့် လူခေါ်ဖို့ရန်ဘဲလ်နိုပ်ဖို့ကလည်း ဒီလိုအိမ်မျိုးတွေက အဲ့လိုရှိနိုင်မည်မထင်။ထို့ကြောင့် သတို့မဟော်လဲ အသံကျယ်ကျယ်နဲ့တာ အော်ခေါ်လိုက်လိုက်လေသည်။

"အိမ်ရှင်တို့"

တစ်ခါခေါ်၍ လူထွက်လာခြင်းမရှိသဖြင့် ဒုတိယ အကြိမ်ထပ်ခေါ်လိုက်လေသည်။

"အိမ်ရှင်တို့"

ထိုအခါမှ အိမ်ကြီးပေါ်ကနေ အမျိုးသမီးတစ်ယောက်ဆင်းလာလေသည်။ထိုအမျိုးသမီးသည် သနပ်ခါးပါးကွက်နဲ့ ပါတိတ်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီးဝတ်စုံသည်ခန္တာကိုယ်နဲ့အကိုက်ဖြစ်နေတာကြောင့်ထိုအမျိုးသမီးရဲ့ ရှိရင်းခန္တာကိုယ်ပုံစံကိုပိုပြီးအချိုးအစားကျစေကာ အလွန်လှပလှပါသည်။အင်သတို့မဟော်ဘဝတွင် ဒီလောက်ယဥ်ယဥ်လေးနဲ့ လှပတဲ့အမျိုးသမီးကို တစ်ခါမှမတွေ့ဖူးသေးပေ။သတို့မဟော် အငေးလွန်နေရင်း တစ်ဖက်လူက အရှေ့တည့်တည့်ရောက်၍ အသံထွက်မေးလာမှသာ သတိဝင်လာလေသည်။အသက် ၃၄နှစ်အရွယ်ရောက်တဲ့အချိန်အထိ ဘဝမှာအမျိုးသမီးတစ်ယောက်ကို အကြာကြီးငေးဖူးသည်မှာဒီတစ်ခါပထမဆုံးပင်။ထိုအချိန်တွင် အရှေ့တွင်ရှိနေသောအမျိုးသမီးက ထပ်မေးလာလေသည်။

"ဘယ်သူနဲ့တွေ့ချင်တာလဲ"

သတို့မဟော်လည်းအရှက်ပြေတစ်ချက်ရယ်လိုက်ရင်း ပြောလိုက်လေသည်။

"ကျွန်တော် တိုးကျော်ဆိုတဲ့လူနဲ့တွေ့ချင်လို့ပါဗျ"

"အော်ဟုတ်ကဲ့ပါ ဘာကိစ္စရှိလို့လဲမသိဘူး"

သတို့မဟော်သည် အရှေ့ကအမျိုးသမီးနားကြားလွဲနေပြီး မကြားဘူးထင်၍ထပ်ပြောလိုက်လေသည်။

"အလုပ်ကိစ္စပြောမလို့ပါ အဲ့ကြောင့်တိုးကျော်ကိုခေါ်ပေးလို့ရမလား"

"ဒီကလူကြီးမင်း တစ်ခုခုများ လွဲနေသလားလို့ပါ တိုးက တိုးကျော်ပါပဲ တခြားဘယ်သူ့ကိုတွေ့ချင်နေသေးတာလဲမသိဘူး"

"မဟုတ်ဘူးလေ ကျွန်တော်ပြောတာက ............ဗျာ မင်းကတိုးကျော်လား"

သတို့မဟော် အလန့်တကြားပြောမိလေသည်။တိုးကျော်ဆိုတာ ယောကျာ်းလေးနာမည်မဟုတ်ဘူးလား။မဟော်သေချာအောင်ထပ်မေးလိုက်လေသည်။

"မင်းကတကယ်တိုးကျော်လား"

"ဟုတ်ပါတယ်"
 
အော်ထူးဆန်းလိုက်တာ အခုခေတ်က မိန်းကလေးတွေလဲယောကျာ်းလေးနာမည်မှည့်တတ်ကြတယ်ထင်သည်။
သတို့အရှေ့က အမျိုးသမီးကိုတောင်းပန်ဟန်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"sorry ပါဗျာ ကျွန်တော်က တိုးကျော်ကိုယောကျာ်းလေးထင်လိုက်လို့ပါ "

"ဟုတ်ကဲ့တိုးက ယောကျာ်းလေးပါပဲ"

"ဗျာ ကြည့်ရတာတော့မိန်းကလေးပါပဲ"

"ဒါမဲ့တိုးကတကယ်ယောကျာ်းလေးပါ"

ထိုအမျိုးသမီးသေချာသလိုပြောနေသဖြင့် သတိထားကြည့်မိတော့မှ ထိုအမျိုးသမီးရဲ့အသံကယောကျာ်းသံအနည်းငယ်ပေါက်နေမှန်းအခုမှသိတော့သည်။မဟော်တစ်နေ့တည်းနဲ့တင်အထိတ်တလန့်အံ့သြရသည်မှာ နှစ်ခါလောက်ရှိနေလေပြီ။အရှေ့က လှပတဲ့အမျိုးသမီးလေးက သူ့ကိုယ်သူ ယောကျာ်းလေးလို့ အသေအချာပြောနေသည်မှာ မဟော်နားကြားမှားနေခြင်းလည်းမဖြစ်နိုင်ပေ။မဟော့်ရဲ့ဖြစ်အင်နေပုံကိုကြည့်၍ ထိုအမျိုးသမီး မဟုတ်ပါဘူး ထိုအမျိုးသားက သဘောကျသလိုရယ်လာလေသည်။သူ့ရယ်ပုံလေးက မြတ်နိုးဖို့ကောင်းလိုက်တာ။ခနနေတော့ထိုသူက မဟော့်ကိုစကားပြောလာလေသည်။

"ဒီလိုပါတိုးကယောကျာ်လေးပါ အမျိုးသမီးဝတ်စုံတွေကိုဝတ်ရတာကြိုက်လို့ အထူးသဖြင့်မြန်မာဝတ်စုံလေးတွေပေါ့ အရပ်ပြော ပြောရရင် အခြောက်လို့ပြောရမလားပဲ အင်းးးးးအဲ့လိုပဲ​သတ်မှတ်ရမှာပေါ့ ဘာပဲဖြစ်ဖြစ်ပါ အလုပ်ကိစ္စပြောမလို့ဆို"

"အော်ဟုတ်ကဲ့ ခင်များ အင်းးးးး တိုးကျော် ......."

"တိုးလို့ပဲခေါ်ပါ"

"ဟုတ်ပြီးကျွန်တော်ကြားတာတိုးက နှင်းဆီရောင်းတယ်ဆို ဟုတ်ပါသလား"

"ဟုတ်ပါတယ် နှင်းဆီဝယ်မလို့လား"

"ဟုတ်ပါတယ်"

"အာ့ဆိုဟိုနားကစားပွဲစီသွားကြတာပေါ့ ထိုင်ပြီး ရေနွေးလေးသောက်ရင်းလွတ်လွတ်လပ်လပ်ပြောဆိုဝယ်ယူလို့ရပါတယ်"

"အော်ဟုတ် ကျေးဇူးပါ"

"အာ့ဆို ကြွပါ"

တိုးတို့နေရာတကျထိုင်ပြီးနောက်တိုးကစားပွဲပေါ်ရှိရေနွေးအိုးထဲက ရေနွေးကို ဖန်ခွက်နှစ်ခုထဲထည့်ပြီးနောက်တစ်ခွက်ကို ဧည့်သည်ရှေ့ချပေးလိုက်သည်။ထို့နောက် အပြုံးလေးဖြင့်မေးလိုက်လေသည်။

"ဒီကဧည့်သည်က တိုး နှင်းဆီဖြူပဲရောင်းတာတော့သိတယ်မို့လား"

မဟော်ရှေ့တွင်ထိုင်ကာ လှပစွာပြုံးပြနေသော အမျိုးသားလေးကိုကြည့်ပြီးပြောလိုက်လေသည်။

"သိပါတယ် မေမေကိုယ်တိုင်ကျွန်တော်ကိုညွှန်းလိုက်တာ  အလုပ်သမားတွေကို ခိုင်းလို့ရရဲ့သားနဲ့ ကျွန်တော်ကိုယ်တိုင်လာဝယ်ရတဲ့အထိပဲဆိုပါတော့ဗျာ သူယတြာချေဖို့ပါဆိုပြီးတော့လေ နောက်ပြီးတိုးရဲ့နှင်းဆီဖြူတွေကနာမည်ကြီးလို့ တိုးဆီကပဲဝယ်ပေးပါဆိုလို့လာခဲ့ရတာပါပဲ"

"ဟုတ်ပါပြီ နှင်းဆီဘယ်လောက်များလိုချင်သလဲ"

white rose 2 part 2
"ကျွန်တော်အပွင့်တစ်သောင်းလောက်လိုချင်တာပါ အဲ့လောက်ပမာဏာရှိလားမသိဘူး မဟုတ်လဲကျွန်တော်နေရာခွဲဝယ်ရမှာပေါ့"

"အဲ့လိုလုပ်စရာမလိုပါဘူး တိုးခြံထဲမှာလိုတာထပ်ပိုရှိပါတယ် တိုးကနှင်းဆီဖြူပဲစိုက်တာမို့ပါ ဒါမှမဟုတ်တစ်ခါတည်း ခြံထဲလိုက်ကြည့်လိုက်ပါလား ပိုအဆင်ပြေတာပေါ့ ဟိုရောက်ရင် လိုချင်တဲ့ဟာကို တိုးအလုပ်သမားတွေခူးပေးပါလိမ့်မယ်"

"အာ့ဆိုပိုအဆင်ပြေတာပေါ့ဗျာ"

ထို့နောက်တိုးတို့နှစ်ယောက် တိုးရဲ့နှင်းဆီခင်းဆီသို့ထွက်လာကြသည်။တိုးရဲ့ခြံတွေက ရပ်ကွက်နဲ့ သက်သက်ဖြစ်နေတာမို့ ခြံသို့ရောက်ရန်၁၅မိနစ်လောက်လျောက်ရပါသည်။ခြံသို့ရောက်တော့ မဟော်တစ်ယောက် နှင်းဆီခင်းရဲ့ လှပမှုကြောင့် တအံ့တသြဖြစ်ရပြန်ပါသည်။မဟော့်စိတ်ထဲတွင် အဖြူရောင်ပင်လယ်ပြင်ကြီးကိုရောက်နေသလို့ခံစားရသည်။ဒီအမျိုးသားနှင့်တွေ့မှပဲဘဝမှာ မတွေ့ကြုံဖူးတဲ့အတွေ့အကြုံတွေကို တွေ့ကြုံရပါသည်။

တိုးရဲ့ဘေးနားတွင်နှင်းဆီခင်းကိုငေးမောကြည့်နေသော လူကို တိုးကပြန်ပြီးငေးမောကြည့်နေမိပါသည်။ထိုအချိန် ကိုတာရိုးက တိုးတို့ရဲ့ အနားရောက်လာလေသည်။

"မတိုး ဘာကိစ္စရှိလို့ခြံထဲရောက်လာတာလဲ"

တိုး ကိုတာရိုးခေါ်သံကြားမှ သတိဝင်လာသည်။ထို့နောက်ကိုတာရိုးနဲ့ထိုလူ့ကိုမိတ်ဆက်ဖို့ရန်ပြင်ပြီးမှပဲ အခုထိ ထိုလူ့ရဲ့နာမည်ကိုမသိသေးမှန်းသတိရလေသည်။

"ဒါနဲ့ဒီကဧည့်သည်ရဲ့နာမည်ကဘယ်လိုခေါ်လဲတိုးမသိသေးဘူးနော်"

တိုးမေးတော့မှထိုသူလဲ သူ့ကိုယ်သူမိတ်ဆက်ဖို့မေ့နေမှန်းသိသွားဟန်တူပါသည်။တိုးကိုပြုံးပြကာ သူ့နာမည်ကို ပြောလာလေသည်။

"တောင်းပန်ပါတယ်ဗျာ ကျွန်တော့်နာမည် သတို့မဟော်ပါ"

"ဟုတ်ပြီး ကိုသတို့မဟော်"

"ကိုမဟော်လို့ခေါ်လည်းရပါတယ်ဗျာ"

"ဟုတ်ပါပြီး ကိုမဟော် ဒါကတိုးရဲ့အလုပ်သမား ကိုတာရိုးတဲ့"

ဟုဆိုကာ တိုးကဘေးနားတွင်ရှိနေသော ကိုတာရိုးကိုညွှန်ပြကာ မိတ်ဆက်ပေးလိုက်ပြီးနောက် ထပ်ပြီးပြောလိုက်လေသည်။

"သူက ကိုမဟော်လိုချင်တဲ့ပန်းတွေကို သူနဲ့ကျန်တဲ့အလုပ်သမားတွေကခူးပေးပါလိမ့်မယ်"

မဟော်က လက်ခံကြောင်းခေါင်းညိတ်ပြလိုက်သည်။ထိုအခါတိုးက ကိုတာရိုးကိုကြည့်ကာ ညွှန်ကြားလိုက်လေသည်။

"ဒီကအစ်ကို ကသတို့မဟော်တဲ့ သူက နှင်းဆီဖြူတစ်သောင်းလိုချင်တာမို့ ကိုတာရိုးနဲ့တခြားသူတွေက ခူးပေးပါအုံးသေချာလေးလဲဂရုစိုက်ပေးပါအုံးနော်အလှဆုံးလေးတွေခူးထည့်ပေးလိုက်ပါနော်"

တိုးက ပြောတော့ကိုတာရိုးက စိတ်ချစမ်းပါဆိုတဲ့သဘောနဲ့ရင်ဘက်ကို ပုတ်ပြကာပြောလာလေသည်။

"ကိုတာရိုးပါ ပြောတဲ့အတိုင်းဖြစ်စေရပါမယ်ဗျာ"

တိုးက သဘောကျသလိုနဲ့ပြုံးလိုက်ပြီးနောက် ကိုမဟော်ကိုကြည့်ကာ ပြောလိုက်လေသည်။

"ကိုမဟော်လဲ လိုက်ကြည့်အုံးမလား"

"ရပါပြီ ကျွန်တော်တိုးကိုယုံပါတယ်ဗျာ မလိုတော့ပါဘူး"

မဟော်ပြောပြီးသည့်နောက် တိုးလဲကိုတာရိုးကိုအလုပ်သွားလုပ်တော့ရန် ခိုင်းလိုက်လေသည်။ကိုတာရိုးထွက်သွားပြီးနောက် တိုးက မဟော်ကိုတိုးတို့ခြံရဲ့ တဲလေးဆီသို့ခေါ်သွားလိုက်လေသည်။တဲလေးထဲရှိ စားပွဲဝိုင်းတွင်ဝင်ထိုင်ကြကာ တိုးက ကိုမဟော့်ကိုစကားစလိုက်သည်။

"ကိုမဟော်ဒီမှာ ခနနားပါအုံးနော် ပန်းခူးဖို့ကခနတော့စောင့်ရမယ် ကြိုမမှာထားတော့ အခုမှခူးရမှာမို့ပါ"

မဟော်က ပန်းခင်းဖြူဖြူကိုတစ်ချက်ကြည့်ပြီးနောက်တိုးကိုကြည့်ကာပြောလာလေသည်။

"ရပါတယ် ဒါနဲ့ထူးဆန်းတယ်နော် နှင်းဆီဖြူတွေပဲစိုက်ထားတာကိုတွေ့ရပြီးကျန်တဲ့ အရောင်ပါနှင်းဆီပန်းတွေကျမတွေ့ပါလား"

မဟော်ရဲ့စကားကိုကြားသော တိုးက တစ်ချက်ရယ်လိုက်လေသည်။ဒီလိုမေးခွန်းကိုလူတိုင်းကတိုးကိုမေးတတ်သည်မဟုတ်ပါလား။ထိုသို့မေးတိုင်းတိုးဖြေနေကျအတိုင်းပဲပြန်ဖြေလိုက်လေသည်။

"ဒါကတော့ တိုးရဲ့ ဝါသနာလို့ပြောရမလားပဲတိုးကအရောင်ပါနှင်းဆီတွေကိုမကြိုက်ပဲနှင်းဆီဖြူကိုပဲသဘောကျလို့ပါ အစက တိုးဒီတိုင်းဝါသနာအရစိုက်တာပဲ  တဖြည်းဖြည်းစိုက်ရင်းစိုက်ရင်း များလာတာနဲ့ဘယ်လို့မှမတက်နိုင်တဲ့အဆုံး ထုတ်ရောင်းရတဲ့အထိပဲဆိုပါတော့ ကြွေကျတာကိုမြင်နေတာထက်စာရင် သူများတွေအတွက်မျှဝေတာက ပိုကောင်းသလားလို့ပါ"

"စိတ်ဝင်စားစရာပဲ  ဒါဆိုတခြားစီပွားရေးတွေလဲရှိသေးတာလား"

တိုးက ကိုမဟော်ကိုကြည့်ပြီး ပြုံးကာဆိုလေသည်။

"တိုးမှာမကလာနဲ့ သရက်စီးပွားရေးရှိပါသေးတယ် ဒီနှင်းဆီခင်းရဲ့ ဘေးတစ်ဖက်တစ်ချက်ကခြံတွေကတိုးရဲ့ခြံတွေလေ"

"အာ့ဆိုတိုးက သူဌေးပဲပေါ့"

"ကိုမဟော်နဲ့ယှဥ်ရင်ဒါကပါးပါးလေးထင်ပါတယ် ကိုယ်မဟော်စီးလာတဲ့ကားနဲ့တင်တိုးသိနေပါပြီ"

"တိုးက အမြင်စူးရှတာပဲ"

တိုးတို့စကားပြောကာ အချိန်ကုန်နေရင်းနောက်ဆုံးတော့ကိုတာရိုးက ပြီးစီးကြောင်းတိုးကိုလာအကြောင်းကြားလေသည်။
ပန်းတွေကများလွန်းတာကြောင့် တိုးတို့ဘက်က ပို့ပေးမည်ဟု ပြောသောအခါ ကိုမဟော်က လက်ခံလေသည်။အရောင်းအဝယ် အကုန်ပြီးစီးပြီးနောက် ကိုမဟော်ကားပေါ်သို့တက်ခံနီးတွင် တိုးကတားလိုက်လေသည်။

"ကိုမဟော်"

"ဘာများရှိသေးလို့လဲ တိုး"

"ဘာမှမဟုတ်ပါဘူး လက်ဆောင်အနေနဲ့ မကလာလေးထည့်ပေးချင်လို့ပါ"

ဟုဆိုကာ တိုးက လက်ထဲမှမကလာသီးတွေထည့်ထားသောအိတ်လေးကိုလှမ်းပေးလိုက်လေသည်။ထိုအခါ ကိုမဟော်က အပြုံးနဲ့လက်ခံယူကာ ပြောလာလေသည်။

"အားနာစရာတိုးရယ်"

"ရပါတယ် စားကြည့်ကြည့်နော်တိုးရဲ့အသီးတွေက တအားချိုတာ"

"တိုးရဲ့အပြုံးတွေကိုကြည့်တာနဲ့တင် ဘယ်လောက်ချိုမှန်းကျွန်တော်ခံစားမိပါတယ်ဗျာ"

"ကိုမဟော်က နောက်နေပါပြီ"

"မနောက်ရပါဘူးဗျာ ကျွန်တော်အမှန်တွေပြောတာ ဒါနဲ့ကျွန်တော်တို့မိတ်ဆွေတွေဖြစ်လို့ရမလား"

"ရပါတယ် ကိုမဟော်"

"အာ့ဆိုကျွန်တော့်ကို ဖုန်းနံပါတ်လေးပေးလို့ရမလား နောက်လဲအားပေးလို့ရအောင်လို့ပါ"

တိုးကသဘောကျသလို ရယ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"ရပါတယ်"

တိုးတို့နှုတ်ဆက်ပြီးသည့်နောက်ကိုမဟော်က ကားပေါ်တက်ကာထွက်ခွာသွားလေသည်။တိုး မြင်ကွင်းကနေ တဖြည်းဖြည်းဝေးကွာသွားသောကားနောက်ပိုင်းကို ငေးမောကြည့်နေမိသည်။တိုးခြံဝမှာရပ်နေရာကနေ အိမ်ပေါ်သို့တက်လာခဲ့သည်။အခုထိ ကိုမဟော်က တိုးမျက်လုံးထဲကမထွက်သေးပေ။တိုး ရင်ဘက်ကိုလက်တင်လိုက်ပြီး ကိုမဟော်ရဲ့ သွင်ပြင်ကိုပြန်လည်စဥ်းစားနေမိသည်။ရှပ်အဖြူနဲ့နက်ပြာပုဆိုးကိုအရပ် ၆ပေလောက်ရှိပြီးတောင့်တင်းသောခန္တာကိုယ်ပေါ်ဝတ်ဆင်ထားသောကိုမဟော်က တိုးမျက်လုံးထဲတွင် အလွန်ကိုခန့်ညားပြီးကျက်သရေရှိလှပါသည်။မျက်နှာမှာလဲ မေးရိုးမှာလေးထောင့်ဆန်ဆန်ဖြစ်ပြီး နှာတံတို့ဖြောင့်ဆင်းနေသည်။ပို၍ထူးရှားနေသည်မှာ မျက်လုံးတစ်စုံထက်ရှိ ဇင်ရော် မျက်ခုံးတို့ပဲဖြစ်သည်။မျက်လုံးများကမှေးစင်းနေပုံပေါ်ပြီး ပါးလွှာတဲ့နှုတ်ခမ်းတစ်စုံကြောင့် လူကိုညှိုယူသလိုခံစားမိစေပါသည်။တိုးဘဝမှာ လူတစ်ယောက်ကိုစိတ်ဝင်စားဖူးသည်မှာပထမဆုံးဖြစ်သည်။အသားညိုညိုနဲ့ချောမောခန့်ညားလှသည့်ထိုလူက တိုးကိုချစ်မိစေပြီလားဆိုတာတိုးကိုယ်တိုင်တောင်မသိတော့ပါ။သေချာတာကတော့ ကိုမဟော်ရဲ့အ​ပြုံးတွေကတိုးရဲ့ရင်ခုန်သံတွေကိုမြန်နေစေပါသည်။





































Lanjutkan Membaca

Kamu Akan Menyukai Ini

589K 67.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023